03/10/2026
ဂျပန်မှာအိမ်ငှါးမယ်ဆိုရင် ပထမဆုံးပေးရတဲ့ ကနဦးစရိတ် (初期費用) ထဲမှာ ဘာတွေပါလဲ
- 礼金 (ကျေးဇူးတင်ငွေ)
- 敷金 (စပေါ်ငွေ)
- 仲介手数料 (agent fee)
- 前家賃 (ပထမလရဲ့အိမ်လခ)
- 保証会社費用 (အာမခံကုမ္မဏီသို့ပေးရငွေ)
- 火災保険 (မီးဘေးအာမခံ)
- 鍵交換代 (သော့လဲခ)
- 掃除費 (သန့်ရှင်းရေးခ)
✅ 礼金 (ကျေးဇူးတင်ငွေ)
အိမ်ရှင်ကို အိမ်ခန်းငှါးပေးလို့ ကျေးဇူးတင်တဲံအနေနဲ့ ပေးရတဲ့ငွေပါ။ အိမ်ကထွက်တဲ့အခါ ပြန်မရပါဘူး။ အိမ်အဝင်မှာ 1ヶ月 (or) 2ヶ月 ပေးရတာမျိုးရှိသလို လုံးဝ မပေးရတဲ့ 無しအခန်းတွေလဲရှိပါတယ်။
✅ 敷金 (စပေါ်ငွေ)
အိမ်ရှင်ဆီမှာ အာမခံအနေနဲ့ ထားတဲ့ငွေပါ။ အိမ်ကထွက်တဲ့အခါ အခန်းအတွင်း ကြမ်းခင်း၊နံရံမှာ ကြီးကြီးမားမား ပျက်ဆီးနေတာမျိုးရှိရင် ဒီထဲက နုတ်ပါတယ်။ အိမ်ကထွက်အခါ ပြန်ရတာမျိုးလဲရှိသလို ပြန်မရတာမျိုးလဲရှိပါတယ်။ 礼金လိုမျိုးပဲ အိမ်အဝင်မှာ 1ヶ月 (or) 2ヶ月 ပေးရတာမျိုးရှိသလို လုံးဝ မပေးရတဲ့ 無しအခန်းတွေလဲရှိပါတယ်။
✅ 仲介手数料 (agent fee)
အိမ်ရှာပေးတဲ့ agency company တွေကို ပေးရတဲ့ငွေပါ။ အခုနောက်ပိုင်းမှာ အိမ်ငှါးတဲ့သူဆီက 仲介手数料 မယူတဲ့ company တွေအများကြီးရှိပါတယ်။
✅ 前家賃 (ပထမလရဲ့အိမ်လခ)
အိမ်ဝင်မယ့်လရဲ့ အိမ်လခကို ကြိုပေးရတာပါ။
ဥပမာ - May 20မှာ အိမ်ပြောင်းမယ်ဆိုရင်
May လက်ကျန်ရက်စာ + June လစာ
👉 ဝင်မယ့်နေ့ပေါ် မူတည်ပြီး amount ပြောင်းတတ်ပါတယ်။
✅ 保証会社費用 (အာမခံကုမ္မဏီသို့ပေးရငွေ)
ဂျပန်မှာအိမ်ငှါးတဲ့အခါ အာမခံလူ(保証人)မရှိရင် အာမခံကုမ္မဏီ(保証会社) ကို အသုံးပြုပြီး အိမ်ငှါးရပါတယ်။ အများအားဖြင့် အိမ်လခရဲ့ 50% ကနေ 100%အထိ ပေးရပါတယ်။ နှစ်တိုင်း renewal fee လဲ ရှိတတ်ပါတယ်။
✅ 火災保険 (မီးဘေးအာမခံ)
မီးလောင်မှု၊ ရေယိုမှု၊ စတဲ့အရာတွေအတွက် ပေးရတဲ့ insurance ကြေးပါ။ အများအားဖြင့် 2နှစ်စာကို ¥15,000 ~ ¥25,000 လောက်ရှိပါတယ်။
✅ 鍵交換代 (သော့လဲခ)
အရင်လူနေခဲ့တဲ့ သော့ကို အသစ်ပြောင်းတဲ့အတွက် ပေးရတဲ့ငွေပါ။ အများအားဖြင့် ¥10,000 ~ ¥30,000 လောက်ရှိပါတယ်။
✅ 掃除費 (သန့်ရှင်းရေးခ)
အခန်းကို သန့်ရှင်းရေးလုပ်တဲ့အတွက် ပေးရတဲ့ငွေပါ။ တချို့အခန်းတွေက အိမ်အဝင်မှာပေးရပြီးတော့ အိမ်အထွက်မှာ ပေးစရာမလိုပါဘူး။
တချို့အခန်းကျတော့ အိမ်အဝင်မှာ ပေးစရာမလိုဘဲ အိမ်အထွက်မှ ပေးရတာမျိုးရှိပါတယ်။ အများအားဖြင့် ¥20,000 ~ ¥40,000 လောက်ရှိပါတယ်။
ကနဦးစရိတ်သက်သာအောင်ဘယ်လိုအိမ်ရှာရမလဲ
🎯 礼金 - 無し
🎯 敷金- 無し
🎯 仲介手数料 - 無し
ဒီစရိတ် (3)မျိုး မရှိတဲ့ အိမ်ကို ရှာဖို့ အကြံပေးပါတယ်။
သိချင်တာတွေ၊ မေးချင်တာတွေရှိရင်လဲ လွတ်လွတ်လပ်လပ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Crd:
____________☆☆☆☆☆ ___________
~~~~~~~~~
取引態様 : 一般媒介
株式会社Happy Home
🏠〒114-0015
東京都北区中里1-3-3 アオヤマビル4F
🙆♀️担当者-Phyu