05/08/2023
.
#တုနှိုင်းမမှီ
Like no others.
( ၅ )
( #ဒီပို့စ်တင်ပြီးနာရီပိုင်းမှာဖျက်ချခံလိုက်ရလို့
#ပြန်တင်ပေးလိုက်ပါတယ် )
1️⃣
"အတုမရှိပညာကြီးသော" ဆိုတာ
သိချင်လို့ ဆင်ခြင်လိုက်တာနဲ့ အကုန်အစင်
သိမြင်နိုင်တဲ့ ဉာဏ်တော်ကို ရည်ညွှန်းပါတယ်၊
အခြေခံအကျဆုံးဖြစ်တဲ့ "စိတ်" ကို
ခေတ်သစ်မှာ များစွာ မခွဲခြားနိုင်သေးပေမဲ့
လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ထဲက ဗုဒ္ဓက
စိတ်အကျဉ်း (၈၉)၊ စိတ်အကျယ် (၁၂၁) ရယ်လို့
ခွဲခြမ်းစိတ်ဖြာပေးခဲ့ပါပြီ၊
စိတ်အကျဉ်း (၈၉) မှာ
- လောကီစိတ် (၈၁)
- လောကုတ္တရာစိတ် (၈)
စိတ်အကျယ်က လောကီစိတ်မှာမရှိပါ
လောကုတ္တရာစိတ်မှာ အကျယ် (၄၀) ဖြစ်လာတယ်၊
............
2️⃣
ကံ-ကံ၏ အကျိုးတရား၊ ကုသိုလ်-အကုသိုလ်
နောက်ဘဝ စတာတွေအားလုံးဟာ စိတ်ပေါ်မှာ
အခြေခံဖြစ်လာကြတယ်၊ " စေတနာဘိက္ခဝေ"
လို့ ဘုရားဟောတာ စိတ်ကိုသတိထားကြဖို့
ဘုရားက သတိပေးခဲ့ခြင်းပါ၊
Mind လို့ခေါ်တဲ့ စိတ်ဟာ စေတသိက်နဲ့
တွဲပြီးဖြစ်တယ်၊ စိတ်နဲ့စေတသိက်အပေါင်းကို
နာမ် လို့သတ်မှတ်တယ်၊
လွယ်လွယ်ပြောတော့ စိတ်
ဗုဒ္ဓက စိတ်ပေါင်း အကျဉ်း-အကျယ်ကို
(၁၂၁) အထိ ခွဲပေးလိုက်တယ်၊
အဲ့ဒီအထဲမှာ ဘဝတွေအဖန်ဖန်ဖြစ်ပြီး
သံသရာထဲ တဝဲလည်လည်ဖြစ်စေတဲ့
ကာမ (၁၁) ဘုံကို ချည်တိုင်လိုချည်ထားတဲ့
#ကာမာဝစရစိတ် (၅၄) ပါးကို (၃) မျိုး
ထပ်ခွဲပေးထားပြန်သေးတယ်၊
- အကုသိုလ်စိတ် (၁၂) ပါး
- အဟိတ်စိတ် (၁၈)
- ကာမသောဘနစိတ် (၂၄)
#အကုသိုလ်စိတ်
- လောဘမူစိတ် (၈) ပါး
- ဒေါသမူစိတ် (၂)
- မောဟမူစိတ် (၂)
အိပ်ယာထ ကနေ၊ အိပ်ယာဝင်ချိန်အထိ
လူတွေအဖြစ်အများဆုံးက #လောဘမူစိတ်
ဆိုတာကိုတွေ့ရလိမ့်မယ်၊
Reverse theory နဲ့ပြန်တွက်ရင်
လောဘလျော့နိုင်လေ အကုသိုလ်နည်းလေ
အကုသိုလ်နည်းရင် ကုသိုလ်များတယ်ပေါ့ ၊
လောဘ ဆိုတာ လိုချင်၊ တပ်မက်ခြင်းပဲ
( တော်လောဘ - မတော်လောဘ ရှိ )
..............
3️⃣
ဘဝမပြတ်မချင်း (၃၁) ဘုံမှာလည်တယ်
သိပ္ပံက (၃၁) ဘုံကိုရှာမတွေ့နိုင်သေးဘူး
Ghost လို့သူတို့ပြောတဲ့ သရဲက ပေတ ဆိုတဲ့
ပြိတ္တာဘဝသားတွေ၊
သူတို့ပြောတဲ့ God ဆိုတဲ့ နတ်ဘုရားတွေက
နတ်ဘုံ (၆) ထပ်ကဖြစ်လိမ့်မယ်၊
တမာန်တော်တွေ ဆိုတာလဲ ဗြဟ္မာဘုံသားတွေ
ဖြစ်ဖို့များတယ်၊ ထားတော့
ဘုံပိုင်းမှာလဲ ဘုရားက (၃၁) ဘုံကို
တိတိကျကျ ဖွင့်ဆိုပြထားပေးပြီးပါပြီ
( အလွန်စိတ်ဝင်စားစရာပါ )
- #ဗွဟ်မာဘုံ ( ၂၀)
* အရူပ (၄)
* ရူပ (၁၆)
- #ကာမဘုံ (၁၁)
* နတ် (၆)
* လူ (၁)
* အပ္ပါယ် (၄)
လောကုတ္တရာကို မကူးနိုင်သေးသမျှ
(၃၁) ဘုံမှာ ထက်-အောက် စံ-ဆန်နေကြရတာ
မှန်ပေမဲ့လဲ.... နတ်ပြည် (၆) ထပ်နဲ့ လူ့ဘုံက
သုဂတိ ဘုံဖြစ်ပြီး....
အပ္ပါယ် (၄) ဘုံက ဒုဂ္ဂတိ ဘုံဖြစ်လို့
အပ္ပါယ်မကျရေးက အသိရှိ၊ တရားလဲကျင့်နိုင်တဲ့
လူ့ဘုံရခိုက် အင်မတန်အရေးကြီးလှပါတယ်၊
ဒါကြောင့် အကုသိုလ်စိတ်နည်းနိုင်သမျှနည်းအောင်နဲ့
ကုသိုလ်များနိုင်သမျှများအောင် ကျင်သုံးနိုင်ဖို့က
အသိတရားထဲမှာ သတိရှိရှိ ဖြစ်နေဖို့လိုလာတယ်၊
............
4️⃣
ဗုဒ္ဓရဲ့ထူးခြားပြီး ကြည်ညိုဖွယ်ရာက
သူ့ကိုယ်သူ ဂုဏ်မဖေါ်တာပဲ ၊
" ငါ ဘုရားဟောလို့ မှန်တာ မဟုတ်ဘူး
လောကနိယာမ၊ ဓမ္မနိယာမ တွေကို
အမှန်တွေ့ရှိပြီး ဟောကြားမှုသာဖြစ်တယ် "
- စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်အကြား
အကြားအလပ်မရှိဘူး၊
- စုတိစိတ်က အင်မတန်အရေးကြီးတယ်၊
- သေခါနီးလူကို အစွဲ မမှားစေနဲ့
အဲ့ဒါတွေကို ငယ်စဉ်က သိပ်အဓိပ္ပါယ်
မရှိလှဘူးလို့ လက်ခံခဲ့ဘူးတယ်၊
ဘုရားဟောတွေက သိပ္ပံနဲ့ အတိုင်းခံနိုင်တာချည့်ပါ
ကိုယ်တွေ ဉာဏ်အတွေးတိမ်၊ မမှီမကမ်းဖြစ်လို့သာ
ရုတ်တရက် လက်မခံနိုင်ကြတာသာ ဖြစ်ပါတယ်၊
တဘဝ စုတိကျပြီးတာနဲ့ နောက်ဘဝမှာ
ပဋိသန္ဓေစိတ်တန်းဖြစ်တယ်၊
စိတ်ဟာ အာရုံကိုမှီတွယ်တတ်တဲ့ သဘာဝရှိနေတယ်
အဲ့ဒီ (၂) ချက်ကိုဆက်စပ်တွေးလိုက်ရင်
လက္ခံနိုင်သွားပါမယ်၊
နယူတန်ရဲ့ Inertia သဘော ( နေမြဲနေလိုခြင်း ) ကို
နားလည်ရင် စုတိ-ပဋိသန္ဓေ ဆက်စပ်ဖြစ်ပျက်ခြင်း
အင်အား ဆက်လက်ပါသွားခြင်းကို
လက္ခံလာပါလိမ့်မယ်၊
ဒါကြောင့် ကုသိုလ်များများလုပ်
ကုသိုလ်စိတ်များများထားခြင်းဟာ
စုတိကျကာနီးမှာ စိတ်ထားစေမဲ့
အလေ့အကျင့်ကောင်း ဖြစ်လာစေပါမယ်။
.............
5️⃣
#ဟိတ်နဲ့စိတ်
ဘယ်စိတ် ဘယ်ဟိတ် ဆိုတာကလဲ
အရေးပါပြန်တယ်၊ #ဟိတ် ဆိုတာက
အကြောင်းတရား၊ မူလအရင်းအမြစ်
ခိုင်မြဲတဲ့သဘောပါ၊
ဥပမာ- ကြေးကို ဘယ်လိုအထည်မျိုးခတ်ခတ်
ကြေးဟာ ကြေးပါပဲ၊ ကြေးရဲ့သတ္တိက ရှိနေမြဲ
သဘောတရားပါ၊ ကြေးကို ရွှေဖြစ်စေချင်ရင်
အက်တမ်တလုံး ထုတ်ရတယ်၊
( Atom လို့ထင်ပါတယ်၊ ၉ တန်းကစာဆိုတော့
မေ့သွားပါပြီ၊ မှားရင်ပြင်ပေးကြပါ )
✅ အဟိတ်စိတ် (၁၈) ( ဟိတ်လုံးဝမယှဉ်စိတ် )
✅ ဧကဟိတ်စိတ် ( ဟိတ်တပါးယှဉ် )
✅ ဒွိဟိတ်စိတ် ( ဟိတ်နှစ်ပါးယှဉ်)
✅ တိဟိတ်စိတ် ( ဟိတ်သုံးပါးယှဉ်)
(၃ မျိုး - ၇၁) ( ပေါင်း-၈၉)
( လောဘ၊ ဒေါသ၊ မောဟ ကိုအခြေခံပါတယ် )
တရားထူး တရားမြတ်ရဖို့ တိဟိတ် ဖြစ်ဖို့လိုတယ်
ဆိုတဲ့ ရေးသားမှုတွေဟာ အလကားမဟုတ်ပါ
တ်ဟိတ်စိတ်ရှိမှု လောဘ၊ ဒေါသအပြင်
အရေးကြီးတဲ့ မောဟကို ထိမ်းချုပ်နိုင်ပါတယ်၊
............
6️⃣
နာမ် ဆိုတဲ့စိတ် စေတသိက် အရေးပါပုံကို
ဗုဒ္ဓမတိုင်မီကထဲက သိရှိပြီးကြပါပြီ၊
အတ္တအခြေခံ ကျင့်ကြံခြင်းလို့ ယျေဘူယျ
ဆိုကြပါစို့၊ ဗုဒ္ဓလက်ထက်ကျမှ အတ္တအခြေံကနေ
အနတ္တအခြေခံပြီး၊ မစ္ဇျိမပဋိပဒါ နဲ့ကျင့်မှ
ဘုရားဖြစ်ခဲ့တာပါ၊
အများသုံးစိတ်ဟာ
အားလုံးရဲ့ အခြေခံအကျဆုံးဖြစ်ပါတယ်
ဒီစိတ်တွေရဲ့ လက်ခံမှုကြောင့်
ကောင်းဆိုး နှစ်ဖြာနဲ့ သံသရာကို
ကျင်လည်နေကြရတာလဲဖြစ်ပါတယ်၊
အမှတ်မထင်ရော အမှတ်ထင်ထင်ရော
ဒီစိတ်တွေရဲ့ လက်ခံစုစည်းကြောင့်
ချမ်းသာ ဆင်းရဲ ကွာခြားကြပြီး
လောကရဲ့ သုခနဲ့ ဒုက္ခ ခံစားရမှုတွေ
ကွဲပြားလာကြရတယ်၊
ဉာဏ် ဆိုတဲ့ပညာဟာ
အင်မတန်အရေးကြီးတာကိုတွေ့ရမှာပါ
အဲ့ဒီ ဉာဏ်ပညာကပဲ
လူတွေကို ဧကစိတ်၊ ဒွီစိတ်ကနေ
တိဟိတ်စိတ် ဖြစ်အောင် ပြောင်းလဲပေးပြီး
တိဟိတ်ဘဝကနေ သံသရာလွတ်အောင်
ကြိုးစားနိုင်ခွင့် ( အနည်းဆုံး အပ္ပါယ်လွတ်)
ရှိကြမှာဖြစ်လို့ အားလုံးကို
ပညာမနည်းကြဖို့ စေတနာပြုလိုက်ရပါတယ် ။
Nay Zin Latt ( 3.8.23 ) 🙏