Yangon Law Firm

Yangon Law Firm Legal services

08/09/2025

# အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်း #

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော အရောင်းမြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄) မြေကွက်၏မျက်နှာစာ၊ဘယ်၊ညာ ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး ကျသင့်အခွန်
အပေါ် တံဆိပ်ခေါင်း ကပ်ရပါတယ်။

ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့
၄ % ဖိုးတံဆိပ်ခေါင်းဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။

ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောခြင်းပါ။
ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊
သိန်း ၃၀၀၀၀ အထက်- ၃၀% စသဖြင့် ဝယ်ခွန်အဖြစ်ပေးဆောင်ရပါတယ်။

တံဆိပ်ခေါင်းရဖို့ ရောင်းသူက10%အခွန်ဆောင်ထားမှတံဆိပ်ခေါင်းရမယ်။မဟုတ်ရင်တံဆိပ်ခေါင်းမရ၍ဝယ်ယူချိန်မှာတစ်ခါတည်းညှိသင့်ပါတယ်။

📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲
================================

၁ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး (၁၆၃/၁၆၇)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၅၄၃

၂ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၈)၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃

၃ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၆၂၅)၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၄ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အခန်း(၁၀၁/၁၀၂)၊ပထမထပ်၊သီရိရတနာအိမ်ရာ၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၈၅၆၀၄၈၈

၅ ဒဂုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၃)၊အခန်း(၅)၊ဦးဝိစာရအိမ်ရာ၊မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၉၃၁၇

၆ သာကေတမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၆၄၄

၇ ကျောက်တန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရွှေညောင်ပင်လမ်း၊စံချိန်မီရပ်ကွက်၊ကျောက်တန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၅၀၆၄

၈ သုံးခွမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၂၊လေးကျွန်းမာန်အောင်ဘုရားလမ်း၊(၆)ရပ်ကွက်၊သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၄၀၄၁၆

၉ ခရမ်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အောင်မေတ္တာလမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၃၀၀၂၂

၁၀ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁)၊ရုံးရှေ့၊(၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၅၀၃၅

၁၁ ပန်းပဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၆၈/၁၈၈)၊(၂၇)လမ်း၊(၅)ရပ်ကွက်၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၀၈၇၉

၁၂ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂)၊အိုးစု(၃)လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၄၁၆၄

၁၃ အလုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၁)၊ဒုတိယထပ်၊အခန်းအမှတ်(၁၄/၁၅)၊အလုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၂၁၇၄၆

၁၄ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ​အမှတ်(၇၄)၊ဒုတိယထပ်၊ကျွန်းတောလမ်း၊ကျွန်းတောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၀၀၆၁၅

၁၅ တွံတေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဘုရင့်နောင်တပ်လမ်း၊ရွှေဆံတော်ရပ်ကွက်၊တွံတေးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၄၅-၅၀၀၁၁

၁၆ သန်လျင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၇)၊ကျိုက်ခေါက်ဘုရားလမ်း၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၁၀၃၆

၁၇ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မင်းလမ်း၊မြို့မရပ်ကွက်၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၉၀၂၆

၁၈ ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀

၁၉ ​လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၉)/ဒုတိယထပ်၊အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်၊(၄)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၃၄၆

၂၀ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
(၂/၀၀၁/၀၀၂/၀၀၃/၁၀၁)၊ဝေဇယန္တာအိမ်ရာ၊ဝေဇယန္တာလမ်း၊ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၈၅၆၀၈၁၇

၂၁ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး စုပေါင်းရုံးဝင်း၊ရန်ကင်းလမ်း(၂)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂

၂၂ ​မင်္ဂလာတောင်ညွန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၄၃)/ဒုထပ်(ဝဲ+ယာ)၊ကျီတော်လမ်း၊ကျီတော်ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၀၄၂

၂၃ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ShortHouse၊(၈)ခန်းတွဲအိမ်ရာ၊ခရေပင်ရိပ်မွန်၊ချစ်တီးကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၃၅၂၄၄

၂၄ ဆိပ်ကမ်း/ဆိပ်ကြီးခနောင်တိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၈)၊အခန်း(၂၀၁)၊ဒုတိယထပ်၊(၃၉)လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၈၃၁၆

၂၅ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၇၆)၊ဗိုလ်တထောင်ဘုရားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၉၃၁

၂၆ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၄/၅/၁၂)၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်ကွက်၊ ကမာရွက်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၃၆၄၄၀

၂၇ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၃)/အေးရိပ်မွန်လမ်း၊(၄)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၂၈ မရမ်းကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်-၉/၁၁၊ဗိုလ်ချုပ်လမ်း၊(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၁၈၆၂

၂၉ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၀)၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၃၁၇၂၉၂

၃၀ တိုက်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဆေးရုံလမ်း၊ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၅-၂၀၁၁၅

၃၁ မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးပေါက်လမ်း၊တပ်ကြီးကုန်းကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၀၀၅၃

၃၂ ထန်းတပင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသောကလမ်း၊(၂)ရပ်ကွက်၊ထန်းတပင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၉၂၁၂

၃၃ ရွှေပြည်သာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၁၄/၁၆(က)၊မဲခေါင်လမ်း၊(၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၁၀၆၇

၃၄ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၀၀/၂၀၈)၊(၃၅)လမ်း၊အထက်ဘလောက်၊(၃)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၄၆၁၁

၃၅ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၁/၈၅)၊တိုက်(၁၁)၊အနော်ရထာလမ်း၊ (၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၉၀၄၇၂

၃၆ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၈၀/၈၂)၊ဘိုကလေးစျေးလမ်း၊(၈)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၆၉၉၇

၃၇ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉)၊ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း(၃)လမ်းထောင့်၊ မြို့မရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၀၉၁၀

၃၈ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၅၄)၊မဏ္ဏိုင်လမ်း၊(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၆၉၉၄၀၆

၃၉ ကွမ်းခြံကုန်း/ကော့မှူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်( ၃၆)၊ဗဟိုလမ်း၊စျေးပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၆၅၃၁၆

၄၀ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၈/၁၅)၊စုပေါင်းရုံလမ်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၈၀၆၂၆

၄၁ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၆+၁၁၁)၊ပြည်ထောင်စုလမ်း၊(၆၄)ရပ်ကွက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈
#တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည် ex

21/07/2023
10/11/2020

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုအတွက် ကောက်ခံလျက်ရှိသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်တွင်းအခွန်များကို တာဝန်ယူကောက်ခံလျက်ရှိသည့် ဌာနများမှ ချမှတ်သည့် အခွန်ဆိုင်ရာ အမိန့်ကို မကျေနပ်၍သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ချမှတ်သည့် အခွန်ဆိုင်ရာအမိန့်ကို မကျေနပ်၍သော်လည်းကောင်း၊ အစိုးရအဖွဲ့ကအခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်းခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုက ချမှတ်သည့် အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက် တစ်ခုခုအပေါ် မကျေနပ်၍သော်လည်းကောင်း အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အခွန်အယူခံ ခုံအဖွဲ့ထံ တင်ပြလျှောက်ထားနိုင်ပါပြီ

အခွန်ဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး/ ဌာနမှူး ၊ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး /ဒုတိယ ဌာနမှူး ၊ အငြိမ်းစား လက်ထောက်ညွန်ကြားရေးမှူး များ နှင့် အငြိမ်းစား ဦးစီးအရာရှိများ ဖြင့် ဖွဲ့စည်းထားသော မြန်မာ့ ထိပ်တန်း Tax Law Firm မှ သင့်အခွန်ဆိုင်ရာအခက်အခဲ များအား ကူညီရန်အသင့်ရှိနေပါပြီ။

30/07/2020

[Myanmar]
ဒီနေ့ဟာဆိုရင် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ကျရောက်ပါတယ်။ လူကုန်ကူးခြင်းဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်းလည်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ သူတို့နိုင်ငံတွင်းနဲ့ ပြည်ပမှာ လူကုန်ကူးသူတွေရဲ့လက်တွင်း သက်ဆင်း နေကြရပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ဖို့ ရှေ့တန်းကနေ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ ဒါဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တိုက်ရိုက်ကျကျ ပါဝင်ဆောင်ရွက်နေသူတွေ အထူးသဖြင့် ဥပဒေစိုးမိုးရေး အရာရှိတွေ၊ လူမှုရေးဖူလုံရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေနဲ့ ထိခိုက် လွယ်သူတွေကို ကာကွယ်ပေးနေသူတိုင်းရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုဖို့ ရည်ရွယ်ပါတယ်။ ဒီဝန်ဆောင်မှု တွေရရှိဖို့ အကန့်အသတ်တွေရှိလာတဲ့ COVID-19 အချိန်ကာလအတွင်းမှာ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ လူကုန်ကူးခံရသူတွေဟာ ရောဂါပိုးကူးစက်ခံနိုင်ချေ မြင့်မားသကဲ့သို့ သူတို့အတွက်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရယူ ရာမှာလည်း စိန်ခေါ်မှုများစွာကြုံလာနိုင်တာကြောင့် ထိခိုက်လွယ်ကြပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုဖြစ်ပွားရခြင်းရဲ့ အခြေခံဇစ်မြစ်ဖြစ်တဲ့ လူ့အဖွဲ့အစည်းအတွင်းက စနစ်ကျနှင့်ပြီး မညီမျှမှုတွေကို COVID-19 က ဖွင့်ဟပြခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)နဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (CRC) တွေက အစိုးရတွေအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ လူကုန်ကူးခံရခြင်းကနေ တားဆီးကာကွယ်ဖို့ သင့်တော်တဲ့အစီအမံမှန်သမျှ ချမှတ်ဆောင်ရွက် ရမယ်လို့ ပြဌာန်းတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံဟာ အဆိုပါ နိုင်ငံတကာ သဘောတူစာချုပ်နှစ်ခုစလုံးမှာ ပါဝင် လက်မှတ်ရေးထိုးသဘောတူထားတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုလည်း ပြဌာန်းခဲ့ပါတယ်။ ဒီမှာ http://un-act.org/publication/view/myanmars-anti-trafficking-in-persons-law-2005/ ကြည့်ရှု့လေ့လာနိုင်ပါတယ်။ သို့ပေမယ့်လည်း မြန်မာ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ရဲ့အဆိုအရ ၂၀၁၉ မှာ လူကုန်ကူးခံရသူဦးရေ ၃၅၈ ဦး ရှိပါတယ်။

လူကုန်ကူးမှုကနေ ပြန်လည်လွတ်မြောက်လာပြီး ထိုင်းနိုင်ငံတွင်းက ကလေးလူကုန်ကူးဂိုဏ်းတစ်ခု ဖြိုခွင်းနိုင်ဖို့ သက်သေအထောက်အထားတွေ ပေးခဲ့တဲ့ စန္ဒာ့ရဲ့အံအားသင့်စရာအကြောင်းကို ဒီမှာ https://www.facebook.com/thisiseden.jewelry/videos/970944629998016/?t=42. ကြည့်နိုင်ပါတယ်။

[English]
Today marks World Day against Trafficking in Persons. Trafficking in persons is a serious crime and a violation of human rights. Every year, thousands of men, women and children fall into the hands of traffickers, in their own countries and abroad. This year theme is “Working on the Frontline to End Human Trafficking”. It will focus on recognizing the work of first responders to end human trafficking particularly law enforcement officers, social workers, healthcare professionals, NGO staff and others working to protect the vulnerable. This is particularly important during the covid-19 pandemic when access to these services is even more restricted. Trafficking victims are particularly vulnerable, as they are not only at risk of infection but also will face more challenges in accessing services and support that they might need. In addition, COVID-19 has revealed some of the systemic inequalities in our societies which are the root cause of trafficking in persons.

The Convention on the Elimination of All Forms of Discrimination against Women (CEDAW) and the Convention on the Rights of the Child (CRC) require governments to take all appropriate measures to prevent trafficking in women and children. Myanmar is a party to both these international treaties and has enacted Anti-trafficking legislation, available here: http://un-act.org/publication/view/myanmars-anti-trafficking-in-persons-law-2005/. Nonetheless, in 2019, there were 358 people trafficked according to Myanmar's Anti-human-trafficking police force.

Watch the amazing story of Sandar, a survivor who gave evidence to take down a child trafficking ring in Thailand here: https://www.facebook.com/thisiseden.jewelry/videos/970944629998016/?t=42.

22/06/2020

"အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်"

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့် သက် ဆိုင်ပါသည်။

- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက်ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့်အိမ်ငှားတို့က အိမ်ငှားပဋိညာဉ်စာချုပ်ကိုချုပ်ဆို၍ ဆောင် ရွက်ကြပါသည်။

- အင်္ဂလိပ် လ၊ ရက်ဖြင့် ငှားရမ်းခြင်းလား သို့မဟုတ် မြန်မာလ၊ ရက်ဖြင့်ငှားရမ်းခြင်းလား အိမ်ငှား စာချုပ်တွင်တိတိကျကျ ဖော်ပြချုပ်ဆိုရန် ဖြစ်ပါသည်။

- အင်္ဂလိပ်လ ( ၁ )ရက်နေ့မှစတင်၍ လအလိုက် ငှားရမ်းခြင်းဖြစ်ပါက ( ၃၀ ) သို့မဟုတ် ( ၃၁ ) ရက်နေ့တွင် တစ်လဟု သတ်မှတ်ပါသည်။ လကုန်ရက်မှာ ( ၃၀ )ဖြစ်ပါက ( ၃၀ ) ရက်နေ့ကို တစ်လ ဟု သတ်မှတ်ပါသည်။

- အိမ်ငှားသေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏တရားဝင်ကိုယ်စား လှယ်မှာ အိမ်ငှားဟု ဥပဒေက ( By Operation of law ) အသိ အမှတ်ပြုသည်။

- အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူ နေသော အမွေစား၊ အမွေခံတု့ိသည် ဥပဒေအရ တရား ဝင်အိမ်ငှား ဖြစ်သွားပါသည်။

- ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၅ တွင် “ A lease of immoveable property is the tranfer of the right to enjoy ” ဟု ဖွင့်ဆိုထားပါသည်။

- မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စွဲ( terminate ) လိုပါက အိမ်ငှားထံ ရက်သတ္တပတ် ( ၃ ) ပတ် ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရမည်။ ငှားရမ်းသည့်လကုန်ဆုံးသည့် နေ့ရက်နှင့် လည်း ကိုက်ညီမှု ရှိရန်လိုပါသည်။ မြို့ပြဒေသမဟုတ်သောနေရာဒေသအတွက် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ အရ ( ၁၅ ) ရက် ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရပါမည်။

- အိမ်ရှင်ရရန်ရှိသော ငှားရမ်းခများအနက် ( ၃ ) နစ်ကျော်လွန်သောငှားရမ်းခများကိုတောင်းဆိုရန် ကာလစည်းကမ်းသတ်ဥပဒေအရ ဆုံးရှုံးသွားပြီးဖြစ်၍ တောင်းခံနိုင်ခွင့်ရှိမည်မဟုတ်ပါ။

- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်းပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါသည်။ အိမ်မီးလောင်သွားသော် လည်းအိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်းမရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေကို ပြန်လည်ချထားပေးရာတွင် နေထိုင် ခွင့်ပြုမည်ဖြစ်ပါသည်။ အိမ်ရှင်က မီးလောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး အိမ်ငှားအား လက်မဲ့ဖြစ် စေရန် ဆောင်ရွက်နိုင်ခွင့်မရှိပါ။

- အိမ်ကိုပြန်လည်ဆောက်လုပ်ရန် အကြောင်းပြချက်ပေးပြီး အိမ်ငှားက ဖယ်ရှားပေးရန် တရားရုံးက ဒီကရီချမှတ်ပေးသည့် အမှုတွင် အိမ်ကိုတရားရုံးက သတ်မှတ်ပေးသည့်ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီးဆောက်လုပ်ရပါမည်။ အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအား ပြန်တင် ပေး ရပါမည်။ အိမ်ငှားအား ပြန်မတင်ပါက တရားရုံးက ဒီကရီအရ မလွှဲမသွေ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုရမည့်အပြင် ခံဝန်ချုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်စေရ မည်ဟု အမိန့်ချမှတ်ရပါမည်။ ( ပုဒ်မ ၁၂ ( ၁ ) ( ဂ ) ကိုကြည့်ပါ )

- အိမ်ရှင်အိမ်ငှားစာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု အတိအလင်းပါရှိသည့် ကိစ္စတွင် အိမ်ငှားသည် တစ်ဆင့်ခံ အိမ်ငှား ( Sub – tenant ) ချထားပါက အိမ်ရှင်သည်အိမ်ငှားအပေါ် အိမ်ငှား စာချုပ်ပါ စည်းကမ်းချက်ဖောက်ဖျက်မှုအရ အိမ်နှင့်လိုမှုစွဲဆိုနိုင်ခွင့်ရှိပါသည်။ ( ပုဒ်မ ၁၂ ( ၁ ) ( က ) ဒုတိယပိုင်း ကိုကြည့်ပါ )

- အိမ်ငှားအပေါ်ငှားရမ်းသည့်နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင် တစ်ဆင့်ခံအိမ်ငှားအား အမှုသည် အဖြစ် ထည့်သွင်းစွဲဆိုရန်လိုအပ်မည်မဟုတ်ပါ။ အကြောင်းမှာ တရားရှုံးအိမ်ငှားကို အကြောင်းပြုပြီး နေထိုင်သူအားလုံး ( မိသားစုအပါအဝင် ) ဒီကရီတွင် အကျုံးဝင်မည် ( bound by the decree ) ဖြစ်၍ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

- ကြွေးကျန်အိမ်ငှားခများရလိုမှုအရ အိမ်ငှားအပေါ်စွဲဆိုသည့် အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိ သော ငှားရမ်းခကြွေးကျန်များကို အမှုအတွင်းဖြစ်စေ၊ တရားရုံးကသတ်မှတ်ပေးသည့် ကာလအတွင်း အပြေအကျေပေးသွင်းပါက အိမ်ငှားရမ်းအားဖယ်ရှားခြင်းမပြုနိုင်ပါ။

- ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၅ ( ၁ ) အရ ဒီကရီအရ အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျပေးဆောင်ခြင်းပြုရန် တရားရုံးတွင် လျှောက်ထား နိုင်ခွင့်ရှိပါသည်။ တရားရုံးကလည်း အရစ်သတ်မှတ်ပေးပြီးပေးသွင်းရမည်ဟု အမိန့်ချမှတ်နိုင်ခွင့်ရှိပါ သည်။ တရားရုံးက အရစ်ကျပေးဆပ်ရန် သတ် မှတ်ပေးသည့် အမိန့်ကိုအိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှဖယ်ရှားပေးရန် တရားရုံးကဆောင်ရွက်ပေးရပါမည်။

- အိမ်ရှင်အိမ်ငှားအမှုတွင် တရားရုံးအဆင့်ဆင့်၌ အိမ်ငှား အမှုရှုံးနိမ့်ခဲ့ပြီးနောက် ငှားရမ်းခကြီးကြပ် ရေး အက်ဥပဒေပုဒ်မ ၁၃ ( ၁ ) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ် အသိအမှတ်ပြု၍ ယင်းဥပစာတွင် ဆက်လက်နေထိုင်ခွင့်ပြုရန် လျှောက်ထားလာပါက ငှားရမ်းခကြီးကြပ်ရေးဝန်က တရားရှုံးအိမ်ငှားအား အချင်းဖြစ်အိမ်ခန်းတွင် ဆက် လက်နေထိုင်ခွင့်ပြုပါက ဥပဒေနှင့်ညီညွတ်သော အမိန့်ဖြစ်မည်မဟုတ်ပါ။ အကြောင်းမှာ ပုဒ်မ ၁၃ ( ၁ ) တွင် “အိမ်ငှားမဟုတ်စေကာမူ” ဆိုသည့် စကားရပ်တွင် အိမ်ငှားမပါဝင်ကြောင်း ယခင်နိုင်ငံတော်ကောင်စီ က အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဖြစ်ပါသည်။

- ငှားရမ်းခြင်းသက်တမ်းကုန်ဆုံးပြီးနောက် အိမ်ငှားကဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ။ အချို့အမှုတွင် ငှားရမ်းခြင်းကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှားမပေးသဖြင့် နှစ်ဘက်ညှိနှိုင်းရာ ( ၆ )လ သို့မဟုတ် ( ၁ ) နှစ်အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြု သည့်ကတိစာချုပ်ကို ချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ ( ၆ )လ ၊ ( ၁ ) နှစ် အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့် ကတိ စာချုပ်ကို ချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ ( ၆ ) လ ၊ ( ၁ ) နှစ် အခွင့်အမိန့်ဖြင့်နေထိုင်ခွင့်ပြုပြီးနောက် အိမ်ငှားက ဖယ် ရှားမပေးပါက အခွင့် အမိန့် ဖြင့် ဖယ်ရှားပေးစေလိုမှုမစွဲဆိုနိုင်ပါ။ အိမ်ရှင်အိမ်ငှားဥပဒေအရ အိမ်ငှားအားဖယ်ရှားပေးစေလိုမှုသာ စွဲဆိုလျှင် form of suit မှန်ကန်ပေမည်။

Credit( အညွှန်း- ဦးဗကြိုင် (B.A , B.L ) ၊ လူတိုင်းအတွက်တရားမမှုဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ စာ ၁)

(⊙.⊙(☉_☉)⊙.⊙)


အရောင်းစာချုပ်အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို လွှဲပြောင်းရောင်းချပြီး ယင်း အရောင်းစာချုပ်တွင်ပင် ရောင်းသူက ပြန်ဝယ်လိုက ဝယ်ယူသည် ရောင်းသူအား ပြန်ရောင်းမည်ဟု ကတိပြုချက်ရှိလျှင် ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်အရ ထိုစာချုပ်သည် အပေါင်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်သော ကြောင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရာတွင် ရောင်းသောပစ္စည်းကို ရောင်းသူက ပြန်ဝယ်လိုက ဝယ်ယူသည် ရောင်းသူအား ပြန်ရောင်းမည်ဟူသော အချက်များ ထည့်သွင်းချုပ် ဆိုမည်ဆိုက ယင်းအချက်ကို သတိ ပြုရန် လိုပါသည်။

အဆိုပါ အဖြစ်အပျက်မျိုးနှင့် ဆင်ဆင်တူသော်လည်း လုပ်နည်းလုပ်ဟန် ကွဲပြားသော အဖြစ်အပျက်တစ်ခုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်တစ်ဦးက ဥပဒေအရ မည်သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ယင်းအဖြစ်အပျက်တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အရောင်းစာချုပ်ဖြင့် ရောင်းပါသည်။ ထို့နောက် အခြားစာချုပ်တစ်ခုဖြင့် ရောင်းသူက ပြန်ဝယ်မည်ဆိုပါက ပြန်ရောင်းမည်ဟု သီးခြားစာချုပ်တစ်ရပ် ပြုလုပ် ထားပါသည်။ ထိုကဲ့သို့ ပြုလုပ်ချုပ်ဆိုထားပါက ယင်းသီးခြားစာချုပ် သည် အပေါင်စာချုပ်ဟူ၍ မှတ်ယူနိုင်ပါ သလား မေးမြန်းခြင်းဖြစ်ပါ သည်။

ယင်းမေးမြန်းချက်နှင့် ပတ်သက်၍ ၁၉၈၇ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၅၉ ချက်တွင် ထုံးဖွဲ့လမ်း ညွှန်းထားသည့်အချက်ကို အောက်ပါ အတိုင်း ကိုးကားတင်ပြ ဖြေကြားလိုက်ရပါသည်။

( ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်၌ အရောင်းစာချုပ်အရ မရွှေ့ ပြောင်းနိုင်သည့် ပစ္စည်းကို လွှဲပြောင်းရောင်းချပြီး ယင်းအရောင်းစာချုပ်တွင်ပင် ရောင်းသူက ပြန်ဝယ်လိုက ဝယ်သူသည် ရောင်းသူအား ပြန်ရောင်းမည်ဟု ကတိပြုချက်ရှိလျှင် အပေါင်ဖြစ်သည်ဟု ပြဋ္ဌာန်းထား သည်။ ဤအမှုတွင် သက်သေခံအမှတ် ( ၃ ) အရ အချင်းဖြစ်အိမ်ကို ဦးနုရမြားတို့က ဦးမြင့်ဆွေအား ငွေကျပ် ၁၁၀၀၀ိ/ - နှင့် အပြီးအပိုင် ရောင်းချလွှဲပြောင်းခဲ့သည်။ ( ၂ ) နှစ် နှင့် ( ၆ ) လအတွင်း ဦးနုရမြားတို့က ပြန်ဝယ် လျှင် ရောင်းမည်ဟု ဦးမြင့်ဆွေ၏ ကတိပြုချက်သည် သက်သေခံအမှတ် ( ၃ ) စာချုပ်တွင် မပါရှိချေ။ သီးခြား စာချုပ်ဖြစ်သည့် သက်သေခံအမှတ် ( ၄ ) ဖြင့် ရောင်းမည်ဟု ကတိပြုထားကြောင်း တွေ့ရသည်။ ထို့ကြောင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ကြောင့် ဦးနုရမြားတို့က ဦးမြင့်ဆွေထံမှ ငွေချေးပြီး အပေါင်အဖြစ်ဖြင့် အိမ်ကိုလွှဲပြောင်းပေးခြင်းသာဖြစ်ပါသည်ဟူသော ထုချေချက်ကို လက်ခံနိုင်မည်မဟုတ်ပေ။ )

ဦးနုရမြားပါ - ၂ နှင့် ဦးမြင့်ဆွေ ပါ - ၅။ ၁၉၈၂ ၊ မတစ ၊ စာ -၅၉ ။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၁၉၉ ) ။ #


(⊙.⊙(☉_☉)⊙.⊙)

ယေဘုယျအားဖြင့် သဘောတူစာချုပ်တစ်ခုတွင် မည်သူမဆိုလက်မှတ်ရေးထိုးစာချုပ်ပြုလုပ်ခွင့်ရှိသည်ဟု ဆိုနိုင်သော်လည်း ထိုသို့ ပြုလုပ်ခွင့်မရှိသူများနှင့် ပတ်သက်၍ ဥပဒေက သတ်မှတ်ပေးထားသည်ကို သိသူလွန် စွာ နည်းပါးကြပါသည်။

တစ်နည်းဖြင့်ဆိုသော ထိုသူများကို အရည်အချင်း ပျက်ယွင်မှုဖြင့် ဥပဒေ သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်များ သဘောတူစာချုပ် ပြုလုပ်ခွင့် မရှိ။ အကယ်၍ ပြုလုပ်ခဲ့သော် ထိုသဘောတူစာချုပ်သည် ပျက်ပြယ်သည်ပင် ဖြစ်ပါသည်။

အရည်အချင်း ပျက်ယွင်းမှုနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်း ရှိပါသည်။ တစ်ပိုင်းမှာ စိတ်ချို့မှုအပိုင်း ဖြစ်ပြီး ၊ အခြားတစ်ပိုင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်၏ လူနေမှုအဆင့်အတန်း ရာထူးအခြေအနေအရ ပေါ်ပေါက်မှုအပိုင်း ဖြစ် ပါသည်။

စိတ်ချို့တဲ့မှုအပိုင်းတွင် အရွယ်မရောက်သေးသူဖြစ်ခြင်းနှင့် စိတ်ရူးသွပ်သူ၊ မူးယစ်သူနှင့် ကျပ်မပြည့်သူများ ပါဝင်ပါသည်။

ပဋိညာဉ်ဥပဒေအရ လူတစ်ယောက်သည် အသက် ( ၁၈ ) ပြည့်ပါမှ အရွယ်ရောက်ပါသည်။ အရွယ်မရောက် သေးသူဖြစ်ပါက ( သို့မဟုတ် ) အသက်ပြည့်သေးသူ မဟုတ်ပါက ပဋိညာဉ်စာချုပ် မပြုလုပ်နိုင်ဟု ဆိုရပါမည်။ ၎င်းသည် ပဋိညာဉ်စာချုပ်ပြုလုပ်ပိုင်ခွင့် အရည်အချင်း မရှိသေးသည့်အတွက် အသာစီးရရှိပြီး ၎င်း၏ အကျိုး စီးပွား အလို့ငှာ ပြုလုပ်ထားသည့် ပဋိညာဉ် ဖြစ်စေဦး တရားမဝင်ဟု ဆိုရပါမည်။

ထို့အတူ ရူးသွပ်သူ ၊ မူးယစ်သူ၊ ကျပ်မပြည့်သူများသည်လည်း အရည်အချင်း ပျက်ယွင်းမှုဖြစ်၍ အထက်ပါ အတိုင်း သဘောတူစာချုပ် ပြုလုပ်ခွင့် မရှိဟု ဆိုရပါမည်။

ယခု ဆက်လက်ပြီး သက်ဆိုင်ရာ လူနေမှုအဆင့်အတန်း ရာထူး အခြေအနေအရ ပေါ်ပေါက်မှုအပိုင်းကို တင်ပြပါမည်။

တည်ထောင်ဖွဲ့စည်းထားသော သို့မဟုတ် လုပ်ယူဖန်တီးထားသောအနေအထားအရ ပေါ်ပေါက်သော အရည်အချင်းပျက်ယွင်းမှု - - - - - ။

ကုမ္ပဏီတစ်ခုသည် အသင်းအဖွဲ့ ဥပဒေကို ကျော်လွန်ပြီး ပဋိညာဉ် မပြုလုပ်ရန် ကုမ္ပဏီများ အက်ဥပဒေက တားမြစ်ထားပါသည်။ ထိုသို့ တားမြစ်ထားပါလျက် ကျော်လွန်ပြီး ပဋိညာဉ်စာချုပ် ပြုလုပ်ပါလျှင် ထိုစာချုပ် ပျက်ပြယ်ပါသည်။

နိုင်ငံရေး၊ လူမှုရေး အခြေအနေအရ ပေါ်ပေါက်သော အရည်အချင်းပျက်ယွင်းမှု ---။ ဥပမာ - - လူမွဲအဖြစ် စီရင်ဆုံးဖြတ် ကြေညာခံရသူတစ်ဦးသည် အရည်အချင်း ပျက်ယွင်းသူစာရင်တွင် အကြုံးဝင်သည်ဖြစ်၍ ပဋိ ညာဉ် စာချုပ် မပြုလုပ်နိုင်။ ပြုလုပ်ပါက ထိုစာချုပ်ပျက်ပြယ်ပါသည်။

ထိမ်မြားလက်ထပ် ( သို့မဟုတ် ) အိမ်ထောင်ပြုသူအနေအထားအရ အရည်အချင်း ပျက်ယွင်းမှု။

၁၈၈၈ ခုနှစ် မတိုင်မီက အင်္ဂလိပ် ဥပဒေတစ်ရပ် ရှိခဲ့ဖူးပါသည်။ ထိုဥပဒေအရဆိုပါလျှင် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုလိုက်သည်နှင့် တစ်ပြိုင်တည်း ၎င်း၏ ပိုင်ဆိုင်မှုအားလုံးသည် ခင်ပွန်းသည်ထံသို့ ပြောင်းလဲ ရောက်ရှိသွားပါသည်။ ထို့ကြောင့် အိမ်ထောင်သည် အမျိုးသမီးများသည် မည်သည့် ပိုင်ဆိုင်မှုမှ မရှိတော့ သည်ဖြစ်ခြင်းကြောင့် ပစ္စည်းနှင့် ပတ်သက်၍ ပဋိညာဉ်စာချုပ် ပြုလုပ်ခွင့်မရှိဟု ဆိုပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများ လွန်စွာ ကံကောင်းကြပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုကဲ့သို့ အရည်အချင်း ပျက်ယွင်းမှုမျိုး မရှိသောကြောင့် ဖြစ်ပါသည်။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၉၁ ) ။ #

(⊙.⊙(☉_☉)⊙.⊙)

စာချုပ်ပုံစံများ ရိုက်နှိပ်ရောင်းချလျက်ရှိသူဟု ယူဆရသော နယ်မှ ပုဂ္ဂိုလ်တစ်ဦးထံမှ စာတစ်စောင်ရောက် ရှိလာသည် ။ ၎င်းစာနှင့်အတူ ‘ နှစ်ဦးသဘောတူ ငွေယုံကြည်အပ်နှံခြင်းစာချုပ်’ ဟု ခေါင်းစဉ်ပါသော စာချုပ် ပုံစံနမူနာ ( ၃ ) ခု ပူးတွဲပါရှိပါသည်။ ၎င်း၏စာတွင် အောက်ပါ အတိုင်း မေးမြန်းထားပါသည်။

ဤစာချုပ်( ၃ ) မျိုးနှင့် တရားစွဲပါက ရနိုင်ပါသလား။ တရားဝင်စာချုပ်များကော ဖြစ်ပါသလားဟူ၍ ဖြစ်ပါသည်။

၎င်းက ဆက်လက်၍ စာချုပ်တွင် ပါရှိသော ကွက်လပ်များတွင် ငွေယူသူ ( အမည်၊ မှတ်ပုံတင်၊ နေရပ်၊ ရက် စွဲ ၊ ယူငွေ ) စသည်တို့ကို ငွေပေးသူက ဖြည့်စွက်၍ စာချုပ် ချုပ်မည်ဆိုပါက တရားဝင်စာချုပ် ဖြစ်ပါသလားဟူ၍ မေးမြန်းထားပါသည်။

ငွေပေး၊ ငွေယူ၊ ငွေယုံကြည်အပ်နှံခြင်းနှင့်ပတ်သက်၍ ရာဇဝတ်မှုမြောက်သည့် စာချုပ်နမူနာများရှိပါက သိ လိုပါ၍ အကောင်းဆုံး စာချုပ်နမူနာရှိလျှင် ရလိုပါကြောင်းနှင့် ပူးတွဲစာချုပ်နမူနာများ ကောင်း မကောင်း ဆို သည် ကို သုံးသပ်ပေးစေလိုကြောင်း ၊ တချို့ပုဂ္ဂိုလ်များက ငွေယူပြီး ပြန်ပေးချင်စိတ်မရှိကြောင်း ၊ ငွေပေး ငွေယူ လုပ်ခြင်းသည် တရားမမှု ဟုတ်မဟုတ် သိလိုပါကြောင်း စသည်ဖြင့် မေးမြန်းပါသည်။

‘ ငွေကြေးခေတ္တအပ်နှံသည်ဆိုသည်ကိစ္စ ‘ အကြောင်းကို စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့် ရှောင်ရန်များ စာချုပ်ပထမတွဲ ၊ အခန်း ( ၁၉ ) တွင်ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုအခန်းပါအချက်များကို ဖတ်ရှုမည်ဆို က ငွေကြေးခေတ္တအပ်နှံသည်ဆိုသည့်ကိစ္စရပ် အကြောင်းနှင့်ပတ်သက်၍ အတန်အသင့် နားလည်လိမ့်မည်ဟု ယူဆမိပါသည်။

ငွေချေးသည့်ကိစ္စသည် ရာဇဝတ်မှုမဖြစ်နိုင်ပါ။

ငွေချေးသည့်ကိစ္စကို ယုံကြည်အပ်နှံသယောင် စာချုပ်ချုပ်ဆိုလျှင်လည်း ရာဇဝတ်မှု မဖြစ်နိုင်ပါ။ အဘယ် ကြောင့်ဆိုသော် မည်သူမှ မိမိငွေကို အခြားသူထံ အကြောင်းမဲ့ အပ်နှံမည်မဟုတ်ပါ ။ မိမိငွေကို မိမိဇနီးမယား ထံ အပ်နှံခြင်း ၊ မိဘထံအပ်နှံခြင်း၊ သားသမီးထံအပ်နှံခြင်း၊ ဘဏ်တွင်အပ်နှံခြင်း စသည်တို့သာ သဘာဝကျပါ သည်။

ငွေချေးသည်ကို ယုံကြည်အပ်နှံသည့်သဘော ချုပ်ခြင်းမှာ တရားမဝင်ပါ။

သို့ဖြစ်ပါ၍ အမှန်တကယ်ယုံကြည်၍ အပ်နှံခြင်းဖြစ်ပါက မည်သို့ပင်ချုပ်ချုပ် ရာဇဝတ်ကြောင်းအရ တရားစွဲနိုင် သည်သာ။ အမှန်တကယ် အပ်နှံခြင်းမဟုတ်ဘဲ ငွေချေးသည်ကို အပ်နှံသည်ဟု စာချုပ်ချုပ်ပါက မည်သို့ပင် ချုပ်ချုပ် ရာဇဝတ်မှု မမြောက်နိုင်ပါ။

စာချုပ်ပုံစံသည် အဓိကမဟုတ်ပါ။ အမှန်တကယ်အပ်နှံတာလား၊ ငွေချေးတာလားဆိုသည့်အချက်သာ အဓိကဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၂၀၁ ) ။ #

(⊙.⊙(☉_☉)⊙.⊙)


"စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်၏ အတွဲအဖက်များကိစ္စ"

အချို့သောစာချုပ်များသည် စာချုပ်တစ်ခုတည်းပြုလုပ်ရုံနှင့် လုံလောက်မှုမရှိဘဲ အခြားတွဲဖက်လုပ်တောင်ရ သည့်အရာများရှိတတ်ပါသည်။

ဥပမာ - ကန့်သတ်ထားသော ဆိုင်ခန်းများကို ရောင်းခြင်း ဝယ်ခြင်း မပြုလုပ်ရဟူသော စည်းကမ်းချက်ဖြင့် ဆိုင် ခန်းချထားပေးခြင်းခံရသူတစ်ဦးက အကြောင်းကောင်းသောအကြောင်းတို့ကြောင့် ရရှိသည့်ဆိုင်ခန်းကို လွဲှ ပြောင်းရောင်းချမည်ဆိုလျှင် ဝယ်သူအား အရောင်းစာချုပ်သက်သက်ပြုလုပ်ပေးရုံနှင့် လုံလောက်မှုမရှိနိုင်ပေ။ အခြားတွဲဖက်လုပ်ဆောင်ပေးရမည့် အရာများ ရှိပေသည်။ ယင်းမှာ ရောင်းသော ဆိုင်ခန်းနှင့် ပတ်သက် ၍ ဝယ်ယူသူသို့ ပြန်လည်ရုပ်သိမ်းခွင့်မပြုနိုင်သည့် အထူးကိုယ်စားလှယ်လွဲှစာတစ်ရပ် ပြုလုပ်ပေးရန်ဖြစ်ပေသည်။

သို့သော် ယင်းအထူးကိုယ်စားလှယ်လွဲှစာမှာ လွဲှသူသေဆုံးပါက သက်ဝင်ရှင်သန်မှုမရှိတော့ပါ။ သို့ဖြစ်ရာ လွဲှစာ ပေးအပ်သူ မရှိတော့ သည့်အခါတွင် ယင်းဆိုင်ခန်းနှင့် ပတ်သတ်၍ တရားဝင်ဆက်ခံသူများက ဝယ်ယူသူသို့ နောက်ထပ်တဖန် ယင်းဆိုင်ခန်းနှင့် ပတ်သက်သော အထူးကိုယ်စားလှယ်လွဲှစာတစ်ရပ်ကို ဝယ်သူ၏ ကုန်ကျ စရိတ်ဖြင့် ပြုလုပ်ပေးပါမည်ဟူသော စည်းကမ်းချက်ကို အရောင်းစာချုပ်တွင် တစ်ပါတည်း ထည့်သွင်းချုပ်ဆို ထားရန် လိုအပ်ပါကြောင်း အကြံပေးတင်ပြအပ်ပေသည်။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ၊ စာ ၂၀၅)

(⊙.⊙(☉_☉)⊙.⊙)

"စာချုပ်ချုပ်မည်ဆိုလျှင်စာချုပ်တွင်ဝန်ခံရုံဖြင့်
ပိုင်ရေးဆိုင်ခွင့်လွှဲပြောင်းရာရောက်မရောက်"

မြေအမည်ပေါက်သူမှာ ဒေါ်ဂျမ်းဆိုသူဖြစ်ပါသည်။ ၎င်းဒေါ်ဂျမ်းက ဒေါ်ညွန့်နှင့် ဒေါ်အမီနာတို့ နှစ်ဦးကို ယင်း မြေနှင့် ပတ်သက်၍ ပေးကမ်းခြင်း စာချုပ်အရ အပိုင်းပေးကမ်းခဲ့သည်။ ထို့ကြောင့် ဒေါ်ညွန့်နှင့် ဒေါ်အမီနာ ပိုင် ဆိုင်လာခဲ့သည်။

နောက်ပိုင်းတွင် အမီနာက ဒေါ်ညွှန့်ကို ငွေ ၃၂၅၀၀ိ/ -ပေးပါသည်။ ထိုသို့ပေးသည့်အတွက် ဒေါ်ညွန့်က အဆိုပါမြေနှင့် အဆောက်အဦတွင် မိမိပိုင်ဆိုင်ခွင့်မရှိတော့ကြောင်း၊ အမီနာတစ်ဦးတည်းသာ မိမိ၏ဝေစုအပြင် ၎င်း၏ဝေစုကိုပါ ရရှိသဖြင့် မြေနှင့် အဆောက်အဦးအားလုံး၏ ပိုင်ရှင်ဖြစ်ကြောင်း ဝန်ခံကတိပြုထားလိုက်သည်။

ဒေါ်ညွန့်က မိမိအနေနှင့် ဝေစုထက်ဝက်၏ အချိုးကျငွေ ခံစားပြီးဖြစ်၍ အဆိုပါ မြေ၊ အဆောက်အဦးများနှင့် ပတ်သက်၍ နောက်နောင်တောင်းခံပြောဆိုရန် မရှိတော့ကြောင်း ဝန်ခံကတိပြုသည်။

ဤသို့ ဝန်ခံရုံဖြင့် ပိုင်ရေးပိုင်ခွင့် လွှဲပြောင်းရာ ရောက်မရောက် ပြဿနာတက်ပါသည်။

ဖော်ပြပါ ဝန်ခံချက်အရဆိုလျှင် ဒေါ်ညွန့်သည် အချင်းဖြစ် ပစ္စည်းများတွင် ဆိုင်ရေးဆိုင်ခွင့်များကို စွန့်လွှတ်ရာ ရောက်နေပါသည်။

စာချုပ်စာတမ်း မှတ်ပုံတင်ရေးအက်ဥပဒပေုဒ်မ ၁၇ ( ၁ ) ( ခ) အရ လိုအပ်သည့်အတိုင်း စွန့်လွှတ်စာချုပ်ကို မှတ်ပုံတင်ထားခြင်း မရှိပါက ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၄၉ အရ စွန့်လွှတ်ခြင်းမှာ အထ မြောက် မည် မဟုတ်။

အချင်းဖြစ်စာချုပ်တွင် ဒေါ်ညွန့်က အချင်းဖြစ်မြေနှင့် အဆောက်အဦမှာ ဒေါ်အမီနာတစ်ဦးတည်းပိုင် ဖြစ်သည်ဟု ဝန်ခံထားရုံဖြင့် ဒေါ်အမီနာ သည် အချင်းဖြစ်ပစ္စည်းများ၏ တစ်ဦးတည်းသော ပိုင်ရှင်အဖြစ်သို့ မရောက်ရှိနိုင်။ ဝန်ခံရုံသက်သက်ဖြင့် ပိုင်ရေးဆိုင်ခွင့်ကို လွှဲပြောင်းခြင်းမပြုနိုင်။ ဝန်ခံရုံဖြင့် ပိုင်ရေးဆိုင်ခွင့်များ တရားဝင် လွှဲပြောင်းပေးရာရောက်မည်ဆိုလျှင် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေနှင့် စာချုပ်စာတမ်း မှတ်ပုံ တင် ရေး အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ အဟောသိကံ ဖြစ်ပေမည်။ သို့ဖြစ်၍ ပိုင်ရေးဆိုင်ခွင့်ကို လွှဲပြောင်းပေး မည်ဆိုလျှင် သို့မဟုတ် စွန့်လွှတ်မည်ဆိုလျှင် ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေနှင့် စာချုပ်စာတမ်း မှတ်ပုံ တင် ရေး အက်ဥပဒေအရ စာချုပ် စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ် ပုံတင်ရန် လိုအပ်ပါကြောင်း တင်ပြရပေသည်။

ရည်ညွန်းစီရင်ထုံး။ ဒေါ်ညွန့်နှင့် ဒေါ်အမီနာ၊ ၁၉၈၉ ခုနှစ် ၊ မတစ ၊ စာ ၂၈။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၁၉၇ ) ။ #

(⊙.⊙(☉_☉)⊙.⊙)

အရောင်းအဝယ်သဘောတူစာချုပ်တစ်ခုကိုအခြေပြု၍ ပေါ်ပေါက်တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။

မြေအမည်ပေါက်သူထံမှ အဆိုပါမြေကို လူတစ်ဦးက ဝယ်ပါသည်။ အရောင်းအဝယ် သဘောတူစာချုပ် ပြုလုပ် ချုပ်ဆိုသော နေ့မှာပင် အပိုင်ဝယ်ယူသူက ရောင်းဖိုးငွေကို တစ်လက်စတည်း အပြီးပေးချေပါသည် ။
အပိုင် ရောင်းသူက မြေကို အပြီးလက်ရောက် လွှဲပြောင်းပေးအပ်ပါသည်။

အပိုင်ရောင်းသူက အပိုင်ဝယ်ယူသူ ကြိုက်နှစ်သက်သလို စာချုပ်ချုပ်ဟုပြောသည်။ ထု့ိကြောင့် အပိုင်ဝယ်ယူ သူက ၎င်းစိတ်ကြိုက် စာချုပ်ချုပ်ပါသည်။

စာချုပ်ရေးသားချုပ်ဆိုရာတွင် အပိုင်ဝယ်ယူသူသည် မိမိအတွက် အသာရလိမ့်မည်ဟု ထင်မြင်သည့် အချက် အလက်မှန်သမျှကို စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုပါသည်။ ထိုကဲ့သို့ ထည့်သွင်းချုပ်ဆိုသည့်အထဲတွင် အောက်ပါအချက် ပါဝင်လာပါသည်။

အပိုင်ဝယ်ယူသူဘက်က ရောင်းဖိုးငွေကို ယနေ့ပင်အပြီး အကြေပေးချေပြီးဖြစ်သောကြောင့် အပိုင်ရောင်း သူသည် ရောင်းသော မြေကွက်နှင့် ပတ် သက်၍ ဆိုင်ရေးဆိုင်ခွင့်အရ လည်းကောင်း ၊ ပိုင်ရေးပိုင်ခွင့်အရ လည်း ကောင်း တစ်စုံတစ်ရာ စပ်ဆိုင်မှုမရှိတော့ဟူသော အချက်ကို လက်ခံ သဘောတူပါသည်ဟု ဖော်ပြပါရှိ သည်။ ထိုစာချုပ်ကို နှစ်ဖက်သက်သေများ ရှေ့မှောက်တွင် ရောင်းသူနှင့်ဝယ်သူနှစ်ဦး လက်မှတ်ရေးထိုး သဘော တူထားခဲ့ကြသည်။

စာချုပ်အရဆိုပါက ရောင်းဖိုးငွေလည်းကြေပြီး ဝယ်သူဘက်ကလည်း မြေကို အပြီးလက်ရောက် လွှဲပြောင်းပေး ထားပြီးပြီးဟူသော အချက် ထင်ရှား၍နေပါသည်။ သို့သော် ဥပဒေအရမူ ရောင်းသူက ဝယ်သူကို စာချုပ် စာတမ်းများမှတ်ပုံတင်ရုံးတွင် အရောင်းစာချုပ်ကြီး ပြုလုပ်၍ လွှဲပြောင်းပေးရဦးမည်ဖြစ်သည်။

ထိုအချက်ကို နောက်ပိုင်းတွင် အပိုင်ဝယ်ယူသူဘက်က သတိရပြီး စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် လိုက် ပါလွှဲပြောင်းပေးပါရန် အပိုင်ရောင်းသူကိုပြောသည်။

အပိုင်ရောင်းသူက အပိုင်ဝယ်ယူသူ တောင်းဆိုချက်ကို မည်သို့မျှမလုပ်ဆောင်ပေးဘဲနေသည်။ အပိုင်ဝယ် ယူသူက မျက်နှာစုံညီ လာရောက်ပြောဆိုသောအခါတွင်မှ အပိုင်ရောင်းသူက အပိုင်ဝယ်ယူသူစိတ်ကြိုက် ရေးသားချုပ်ဆိုထားသည့် သဘောတူစာချုပ်၏ ဖော်ပြချက်ကို ထောက်ပြသည်။

‘ အပိုင်ဝယ်ယူသူဘက်က ရောင်းဖိုးငွေကို ယနေ့ပင် အပြီးအကြေပေးချေခြင်းဖြစ်သောကြောင့် အပိုင်ရောင်း သူသည် ရောင်းသော မြေ ကွက်နှင့် ပတ်သက်၍ ဆိုင်ရေးဆိုင်ခွင့်အရလည်ကောင်း ၊ ပိုင်ရေးဆိုင်ခွင့်အရ လည်းကောင်း တစ်စုံတစ်ရာ စပ်ဆိုင်မှုမရှိတော့ ‘ ဟု အပိုင်ဝယ်ယူသူက စည်းကမ်းချက် သတ်မှတ်ချုပ် ဆိုပေးထားသည့် စာချုပ်ပါအချက်ကြောင့် ၎င်းအနေဖြင့် ယင်းမြေနှင့်ပတ်သက်၍ နောက်ထပ် ဘာမှမပတ် သက်တော့ ပါကြောင်းနှင့် မလုပ်ဆောင်ပေးနိုင်ပါကြောင်း တင်ပြငြင်းဆိုသည်။

ဤသို့ဖြစ်ရသည်မှာ သဘောတူစာချုပ်တွင် ထည့်မရေးသင့် သည်ကို ဆန္ဒစောစွာ ထည့်ရေးခဲ့မိ၍ ဖြစ်ပေသည်။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၂၀၃ ) ။ #

(⊙.⊙(☉_☉)⊙.⊙)

အချို့သောစာချုပ်များသည် စာချုပ်တစ်ခုတည်းပြုလုပ်ရုံနှင့် လုံလောက်မှုမရှိဘဲ အခြားတွဲဖက်လုပ်တောင်ရ သည့်အရာများရှိတတ်ပါသည်။

ဥပမာ - ကန့်သတ်ထားသော ဆိုင်ခန်းများကို ရောင်းခြင်း ဝယ်ခြင်း မပြုလုပ်ရဟူသော စည်းကမ်းချက်ဖြင့် ဆိုင် ခန်းချထားပေးခြင်းခံရသူတစ်ဦးက အကြောင်းကောင်းသောအကြောင်းတို့ကြောင့် ရရှိသည့်ဆိုင်ခန်းကို လွဲှ ပြောင်းရောင်းချမည်ဆိုလျှင် ဝယ်သူအား အရောင်းစာချုပ်သက်သက်ပြုလုပ်ပေးရုံနှင့် လုံလောက်မှုမရှိနိုင်ပေ။ အခြားတွဲဖက်လုပ်ဆောင်ပေးရမည့် အရာများ ရှိပေသည်။ ယင်းမှာ ရောင်းသော ဆိုင်ခန်းနှင့် ပတ်သက် ၍ ဝယ်ယူသူသို့ ပြန်လည်ရုပ်သိမ်းခွင့်မပြုနိုင်သည့် အထူးကိုယ်စားလှယ်လွဲှစာတစ်ရပ် ပြုလုပ်ပေးရန်ဖြစ်ပေသည်။

သို့သော် ယင်းအထူးကိုယ်စားလှယ်လွဲှစာမှာ လွဲှသူသေဆုံးပါက သက်ဝင်ရှင်သန်မှုမရှိတော့ပါ။ သို့ဖြစ်ရာ လွဲှစာ ပေးအပ်သူ မရှိတော့ သည့်အခါတွင် ယင်းဆိုင်ခန်းနှင့် ပတ်သတ်၍ တရားဝင်ဆက်ခံသူများက ဝယ်ယူသူသို့ နောက်ထပ်တဖန် ယင်းဆိုင်ခန်းနှင့် ပတ်သက်သော အထူးကိုယ်စားလှယ်လွဲှစာတစ်ရပ်ကို ဝယ်သူ၏ ကုန်ကျ စရိတ်ဖြင့် ပြုလုပ်ပေးပါမည်ဟူသော စည်းကမ်းချက်ကို အရောင်းစာချုပ်တွင် တစ်ပါတည်း ထည့်သွင်းချုပ်ဆို ထားရန် လိုအပ်ပါကြောင်း အကြံပေးတင်ပြအပ်ပေသည်။

Credit(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၂၀၅ )

(⊙.⊙(☉_☉)⊙.⊙)

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95973199550

Website

Alerts

Be the first to know and let us send you an email when Yangon Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share