SA law firm

SA law firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SA law firm, Property lawyer, Thanlyin.

၂၀၂၅အကောက်ခွန်ဥပဒေ
24/04/2025

၂၀၂၅အကောက်ခွန်ဥပဒေ

၁.၄.၂၀၂၅ ရက်နေ့မှစ၍ တရားရုံးများတွင် တရားမအမှုများ တရားစွဲဆိုသည့်အခါ ထမ်းဆောင်ရမည့် တရားရုံးခွန်များ ပြောင်းလဲသွားပါပြီ
19/02/2025

၁.၄.၂၀၂၅ ရက်နေ့မှစ၍ တရားရုံးများတွင် တရားမအမှုများ တရားစွဲဆိုသည့်အခါ ထမ်းဆောင်ရမည့် တရားရုံးခွန်များ ပြောင်းလဲသွားပါပြီ

17/02/2025

**** မိသားစု စီမံမှုဆိုတာ****

" မိသားစုစီမံမှု" တစ်ခုကို ပြုလုပ်ကြမယ်ဆိုပါရင် အမွေဆိုင်အားလုံးရဲ့သဘောတူညီချက် ရရှိဖို့ကတော့ အထူးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အမွေဆိုင်တွေထဲက တစ်ယောက်ကျန်၊ နှစ်ယောက်ကျန်နဲ့ စီမံမှု ကို လုပ်လို့မရပါဘူး။ (တောင်မင်းနှင့် ရန်ကူမာရမ်၊အေအိုင်အာ၊ ၁၉၁၄။ရန်ကုန်-၁၇၆)

သဘောတူညီမှုစုံလျှင် ပြီးပါသည်။ လူစုံရန် မလိုပါ။
ဒီကိစ္စကို ဥပမာနှင့်ပြောရရင်တော့ မိသားစုတစ်စုမှာ အမွေဆိုင်(၅)ဦးရှိတယ် ဆိုပါစို့ " မိသားစုစီမံမှု " ပြုလုပ်ကြတဲ့အခါ (၄)ဦးပဲ ရှိတယ် ။ကျန် (၁) ဦးကပြည်ပမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုရင်လည်း ရပါတယ်။
ဒါပေမဲ့ အဲ့ဒိတစ်ယောက်က သူရရှိမယ့် ခွဲဝေမှု (‌မြေနှင့်တိုက်) ကို သဘောတူ လက်ခံဖို့နဲ့ ကျန်သူ(၄)ဦးရယူကြမယ့် မြေနှင့်တိုက်(အမွေ) တွေကို သိရှိ သဘောတူဖို့တော့ လိုပါတယ်။ ဒါမျိုးကို သဘောတူပါတယ်လို့ စာနဲ့လက်မှတ်ရေးထိုးပေးပို့ရင်လည်း ရပါတယ်။ တကယ်လို့ တယ်လီဖုန်းနှင့် ပြည့်ပြည့်စုံ စုံပြောမယ်ဆိုရင်လည်း လက်ခံနားထောင်သူကတရားရုံးကျမ်းကျိန်လွှာနှင့်ဖော်ပြပြီး ပါဝင်ချုပ်ဆိုလို့ ရပါတယ်။ (ဖြစ်နိုင်ရင် အမွေဆိုင်တဲ့အထဲက သူက နားထောင်/ကျမ်းကျိန်လျှင် ပိုပြီး အဆင်ပြေပါတယ်။
(ဦးထွန်းရင်ပါ-၂ နှင့် မဝင်းရီပါ-၈ ၊၁၉၉၄၊ မတစ-၇၄)

အမွေဆိုင်မဟုတ်သူ ပါဝင်ချုပ်ဆို၍ မရပါ။
"မိသားစုစီမံမှု " စာချုပ်စာတမ်းပြုလုပ်ချုပ်ဆိုကြတဲ့အခါမှာ တရားဝင် အမွေဆိုင် မဟုတ်ဘူး၊ တစ်ဦးတစ်ယောက်က ပါဝင်ချုပ်ဆို အမွေခွဲဝေမှု ခံယူခြင်း ပြုလုပ်ခဲ့ရင် မိသားစုစိမံမှု (သဘောတူစာချုပ်) ဟာ ပျက်ပျယ်ပါတယ်။
အမွေဆိုင် မဟုတ်သူကို အမွေခွဲဝေ ပေးလို့ မရဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
(ညွှန့်မောင်နှင့် ဒေါ်မြရွှေ ၊ ၁၉၇၄၊ တရားမအယူခံ-၃၃)

အမွေရှင်မသေမီ တရားစွဲတောင်းဆို၍ မရပါ။
" မိသားစု စီမံမှု " တစ်ခုကို မည်မျှပင် ခိုင်မာအောင် ပြုလုပ်ထားပါစေ ထိုခိုင်မာသော မိသားစုစိမံမှုမှာ " သဘောတူစာချုပ်" (သို့) စိမံမှုတွင် ပါရှိချက်များကို အမွေရှင်သေဆုံးပြီးမှသာ စီမံခန့်ခွဲကြရမည်ဖြစ်ပါတယ်။ " အမွေရှင် " မသေမီ အချိန်မှာ အမွေဆိုင်ထဲက တစ်ဦးတစ်ယောက်ဖြစ်စေ တစ်ဦးတစ်ယောက်ထပ်ပိုပြီးဖြစ်စေ၎င်းတို့က မိမိရရှိမယ့် အမွေပုံကို ကြိုတင်တောင်းခံပိုင်ခွင့် မရှိပါဘူး။ မသေမီ အမွေကြိုတောင်းလို့ မရဘူး။
(မအေးမြနှင့် မကွန်း ၊ ၂ ယူဘီအာ ၁၈၉၂/၁၈၉၆-၁၀၂)

အမွေရှင် သေဆုံးပြီးချိန်၌ ပယ်ဖျက်နိုင်ခွင့် မရှိပါ။
" မိသားစု စီမံမှု" ကို ပြုလုပ်သည့်အမွေရှင် သေဆုံးပြီးချိန်တွင် ထိုမိသားစုစီမံမှု( သဘောတူစာချုပ်) ပါ အချက်အလက်များကို ပယ်ဖျက်လိုပါသည်ဟု တင်ပြတောင်းဆိုခွင့်မရှိပါဘူး။ ဒိအချက်က အရေးကြီးပါသည်။ အမွေဆိုင်အားလုံးသဘောတူညီထားပြီးလည်းဖြစ်၊ အမွေရှင်က ကျေနပ်ထားပြီးလည်း ဖြစ်တဲ့ " မိသားစုစီမံမှု" တစ်ခုကို အမွေရှင် ကွယ်လွန်ချိန်မှာ ပယ်ဖျက်ကြမည်ဆို၍ မရနိုင်ပါ။
(မအေးမြနှင့် မကွန်း ၊ ၂ ယူဘီအာ ၁၈၉၂/၁၈၉၆-၁၀၂) စီရင်ထုံး၌ပင်။

" မိသားစုစီမံမှု" အရ ခွဲဝေမှုပြုပြီးလျှင်ဖောက်ဖျက်/ငြင်းဆို၍ မရပါ။
အမွေရှင်ကွယ်လွန်ပြီး မိသားစုစီမံမှုအရ အမွေဆိုင်များကို အမွေခွဲဝေပြီး ဖြစ်လျှင် ထိုခွဲဝေမှုကို မကျေနပ်ပါဟူ၍ ဖောက်ဖျက်လိုခြင်း၊ ငြင်းဆိုခြင်းစသည်တို့ ပြုလုပ်ခွင့် မရှိပါ၊ ကိုယ့်မိသားစုတစ်စုထဲမှာ မိမိတို့ သဘောဖြင့် ပြုလုပ်ထားသော " မိသားစုစီမံမှု" တစ်ခုသာဖြစ်သော်လည်း တရားဥပဒေအရ အလွန်ခိုင်မာသော အစီအမံတစ်ခု ဖြစ်နေပါသည်ဆိုတာကိုတော့ သတိထားကြရပါသည်။
(မပန်းစိနှင့် မလှရင်၊ ၁၉၆၃ ၊ မတစ -၈၀၀/၈၀၈)

"မိသားစုစီမံမှု" တစ်ခု၏ ခွဲဝေမှုမှာ ဥပဒေနှင့် မညီသော်လည်း ခိုင်မာသည်။
မိသားစုစီမံမှုဆိုသည်မှာ မိမိမိသားစု အချင်းချင်း ကျေနပ်သဘောတူကြ၍ မိသားစုတစ်စုအတွင်း ပြုလုပ်ကြသည့် စီမံမှု(ခွဲဝေမှု)သာဖြစ်ပါသည်။ သို့ပါ၍ ဥပဒေအရ /ဥပဒေပညာရှင်များဖြင့် ခွဲဝေသည့်အမွေပုံ အချိုးကျရရှိခြင်းနှင့်တော့ တူညီမည် မဟုတ်ပါ။
ထိုသို့ တူညီမှုရှိနေရန် မလိုပါ။မိသားစုတစ်စုအတွင်း ကျေနပ်စွာ ခွဲဝေမှု ပြုလုပ်ပြီး ဖြစ်သည့်အတွက် "မိသားစုစီမံ"မှာ ခိုင်မာမှုအပြည့်အဝရှိပါသည်။
(ဦးမြတ်ဖြုနှင့် မစောရှင် ၊ ၁၉၄၉ မတစ(လွှတ်တော်)၄၉၂)

" မိသားစုစီမံမှု" အရ ခွဲဝေပြီးလျှင် မိသားစုအတွင်း အမွေမှု မဖြစ်တော့ပါ။

အထက်ကရေးသားဖော်ပြခဲ့တဲ့ ခိုင်မာမှု အလွန်ပြည့်စုံပါတဲ့ " မိသားစုစီမံမှု" ဖြင့် အမွေပုံကို ခွဲဝေပြီးဖြစ်သွားပါလျှင် ထိုမိသားစုအတွင်း အမွေမှု ထပ်မံဖြစ်ပွားရန်အကြောင်းမရှိတော့ပါ။ဒီလောက်ကို ခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။(ဦးထွန်းမြင့်နှင့် ဒေါ်ငွေကြည် ၊ ၁၉၈၃ ၊မတစ ၁၀၁ )

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ကြရပါမည်။

"မိသားစုစီမံမှု" တစ်ခုပြုလုပ်ရာမှာ " မရွေ့မပြောင်းနိုင်သောပစ္စည်း" များအပြင် ရွေ့ပြောင်းနိုင်သော ပစ္စည်းများကိုပါ ထည့်သွင်းစီမံ၍ ရပါသည်။ သို့သော် တကယ့်လက်တွေ့တွင် ရွေ့ပြောင်းနိုင်သောစိန်၊ ရွှေ ကဲ့သို့ ပစ္စည်းများမှာ လက်ရောက်ပေးအပ် အမွေပေးကြမည်ကသာ များပါသည်။
" မရွေ့မပြောင်းနိုင်သောပစ္စည်း" ဖြစ်သည့် အိမ်ခြံမြေတိုက်ခန်းတို့ကို အမွေပေးကြရသည် ဖြစ်ပါ၍ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ(၁၇) အရ စာချုပ်စာတမ်း မှတ်ပုံတင်ကြဖို့မှာ မေ့လျော့၍ မဖြစ်သော အကြောင်းအရာတစ်ခုဖြစ်ပါကြောင်း အထူးသတိပေးလိုပါသည်။
(ဦးအောင်ညွှန့်နှင့် မောင်အုန်းမြင့် ၊ ၁၉၈၁၊ မတစ ၁၂၁)

အမွေရှင်သေဆုံးပြီးမှ " မိသားစုစီမံမှု" ပြုလုပ်လိုပါသလား။
ရပါတယ်။အမွေဆိုင်အားလုံး၏ သဘောတူညီမှု ရရှိဖို့ လိုအပ်ပါတယ်။သို့သော် အခြားဥပဒေများကို ဆန့်ကျင်၍ မရတော့ပါ။ ဒါကြောင့် အမွေရှင်မသေဆုံးမှီပြုလုပ်သော " မိသားစုစီမံမှု" ကဲ့သို့ ခိုင်မာမှု မရှိတော့ပါ။
(၁၉၃၇၊ မြန်မာ၊ ဗုဒ္ဓဘာသာဥပဒေ ၊စာ-၁၁၉)

copy #
Credit-မူရင်း

1-4-2025 မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာကြေညာခနှုန်းထားများ
17/02/2025

1-4-2025 မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာကြေညာခနှုန်းထားများ

Address

Thanlyin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SA law firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share