LegalShield

LegalShield Rule in Law and Law Lab Program LegalShield provider law firms will be there to offer advice or assistance on a variety of legal issues.

မလှခင် (အယူခံတရားလို) နှင့် ဦးသိန်းမောင် (အယူခံတရားခံ) 1969 ၊ B.L.R ၊ P - 164ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၈၈ --- မယားစရိတ်လျှ...
04/03/2023

မလှခင် (အယူခံတရားလို) နှင့် ဦးသိန်းမောင် (အယူခံတရားခံ) 1969 ၊ B.L.R ၊ P - 164
ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၈၈ --- မယားစရိတ်လျှောက်ထားမှုများတွင် လက်ထပ်ထိမ်းမြားခြင်းကို စံနှုန်းစံ၍ ပြသရန်မလိုခြင်း။

ချေးငွေရလိုမှု တရားစွဲဆိုနည်း⚖️⚖️⚖️⚖️⚖️⚖️⚖️===================ချေးငွေရလိုကြောင်း စွဲဆိုမှုတွင် ရလိုသောချေးငွေပေါ်တွင် ငွ...
04/03/2023

ချေးငွေရလိုမှု တရားစွဲဆိုနည်း⚖️⚖️⚖️⚖️⚖️⚖️⚖️
===================

ချေးငွေရလိုကြောင်း စွဲဆိုမှုတွင် ရလိုသောချေးငွေပေါ်တွင် ငွေပမာဏအလျောက် ရုံးခွန်ထမ်းဆောင်ရသည်။

တရားလိုက သက်သေပြရန်အချက်များ
------------------------------------------------

၁ ။ တရားပြိုင်သည် တရားလိုထံမှ ငွေချေးယူကြောင်း၊ ၂ ။ တရားပြိုင်သည် တရားလိုအားချေးငွေကို အကျေအလည်ပေးဆပ်ခြင်းမပြုကြောင်း ၊

ချေးငွေအတွက် ချုပ်ဆိုသောစာချုပ် (ဥပမာ အော်ဒီမံစာချုပ်) အရ စွဲဆိုသောအမှုမျိုးမှာ ငွေချေးစာချုပ်ချုပ်ဆိုရာတွင် ချေးငွေအလိုက် ချေးယူသူက တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုးရသည်။ကျသင့်သောတံဆိပ် ခေါင်းပေါ်တွင် လက်မှတ်ရေးထိုးခြင်းမပြုလျင် ၄င်းငွေ ချေးစာချုပ်သည် သက်သေခံမ၀င်။
(မှတ်ချက်၊ စာချုပ်ကို ဒဏ်တပ်ရိုက်ပြီး (တနည်းအားဖြင့် သိမ်းချုပ် လုပ်ပြီး)သက်သေခံအဖြစ် လက်ခံခွင့်မရှိ၊တံဆိပ်ခေါင်းဥပဒေပုဒ်မ ၃၅ ခြွင်းချက် (က) )

ထိုအခါ မြီရှင်ဖြစ်သူ တရားလိုသည် ငွေချေးစာချုပ်အပေါ် မှီငြိမ်းပြု၍ တရားစွဲဆိုခွင့်မရှိ ၊ တရားပြိုင်က ငွေချေးယူကြောင်း တရားလိုကအခြားနည်းဖြင့် သက် သေ ထူရသည် ။ ( ဥပမာ ငွေချေးခြင်းကို သိသူအား သက်သေထူခြင်း)၊ ငွေချေးစာချုပ်ကို မှီး၍ တရားစွဲဆိုရာ၌ ငွေချေးစာချုပ်သည် သက်သေခံမ၀င်ကြောင်းတွေ့ရှိရသည့်အခါ တရားလိုအား မူလချေး ငွေရလိုကြောင်း စွဲဆိုနိုင်ရန်အဆိုလွှာကို လိုအပ်သလိုပြင်ဆင်စေ၍ စီရင်ဆုံးဖြတ်နိုင်သည်၊
(အေအိုင်အာ ၁၉၂၅ ရန်ကုန် စာ ၂၈၂ မောင်ရွှေမြတ်နှင့်မောင်ဘိုးဆင်း ပါ ၂ )

ပျက်ပြယ်သော ငွေချေးစာချုပ်များ
------------------------------------

ငွေချေးသူငွေရှင်က ချေးယုသူမြီစားထံမှ အတိုးနှုန်းယူရန် မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျင် စာချုပ်တခုလုံး ပျက်ပြယ်သည် ၊ယင်းစာချုပ်ကိုသာ မှီခိုအားထားကာ ငွေရှင်က တရားစွဲဆိုပိုင်ခွင့်မရှိ၊
(၁၉၇၁ မတစ (တရားမ) စာ ၃၈ ကာစီပရာဆပ် နှင့် ဒလစ်ဆင်း)

မြီရှင်တစ်ဦးသည် မြီစားထံမှချေးငွေအတိအကျဖြင့် ရေးသားဖေါ်ပြခြင်း၊အတိုးနှုန်း၊ချုပ်သည့်ရက် စသည် တို့အတွက် ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်ထားရှိသည့်အော်ဒီမံစာချုပ်ကို ယူမထားနိုင်၊ယင်းသို့ကွက်လပ်များ ပါသောစာချုပ်မှာ ပျက်ပြယ်သည်၊
(၁၉၇၀ မတစ စာ ၁၁၆ ကာမလင်ဆင်း ပါ ၂ နှင့် ယူစီပေါလ်)

စည်းကမ်းသတ်ကာလ
----------------------

သာမန်အားဖြင့် ငွေချေးသည့်နေ့မှ ၃ နှစ် အတွင်တရား စွဲရမည်။ ငွေချေးသည့်နေ့မှ ၃ နှစ်မကုန်မှီ ငွေချေးယူသူက စာဖြင့်ရေးသားထားချက်အပေါ်တွင် ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုး၀န်ခံထားလျင် ထိုသို့၀န်ခံ လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ၃ နှစ် အတွင်းတရားစွဲဆိုခွင့်ရှိသည်။

ငွေချေးသည့်နေ့မှ ၃ နှစ်မကုန်မှီ ငွေချေးယူသူက ကြွေးမြီအတွက် ငွေရင်းအချို့ကိုဖြစ်စေ၊အတိုးကိုဖြစ်စေ၊ပေး ဆပ်ပြီး ထိုသို့ပေးဆပ်ကြောင်းကို ၄င်းကိုယ်တိုင်စာဖြင့်ရေးသားခဲ့လျင် သို့မဟုတ် စာဖြင့်ရေးသားထားချက် အ ပေါ်တွင် ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့လျင် ထိုသို့ပေးဆပ်သည့်နေ့မှစ၍ ၃ နှစ်အတွင်း တရားစွဲဆိုခွင့်ရသည်။ ငွေချေးယူသူက ငွေဆပ်ရုံဖြင့် ထိုနေ့မှစည်းကမ်း သတ်ကာလကို အသစ်ထပ်မံရေတွက်ခွင့်မရချေ။
(၁၉၄၀ ရန်ကုန်စာ ၆၀၃ ယူဆွတ်ကားရဝါး အများနှင့် မစ္စစ်နီမေးရာ ပါ အများ )

ငွေဆပ်ကြောင်း ငွေချေးယူသူ က ကိုယ်တိုင်စာဖြင့်ရေး ရန် လိုသေးသည်။ (လက်မှတ်ရေးထိုးရန်မလို)သို့မဟုတ် အခြားသူတစ်ဦးက ငွေဆပ်ကြောင်းရေးသားထားချက်ပေါ်တွင် ငွေချေးယူသူက ကိုယ်တိုင်လက်မှတ်ရေးထိုးရန် လိုသေးသည်။

တရားလိုသည် ငွေတိုးချစားသူဖြစ်လျင် ဒီကရီ ချမှတ် မပေးရ။

ဤအမှုများတွင် တရားပြိုင်ဘက်မှ တရားလိုသည် ငွေတိုးချစားသူဖြစ်သဖြင့် ဒီကရီချမှတ်မပေးသင့် ကြောင်း ထုချေတတ်သည်၊ ထိုသို့ထုချေလာလျင် တရားလိုသည်
၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ ဥပဒေပုဒ်မ ၂ (၆) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့်ငွေထုတ်ချေးသောအလုပ် ကို လုပ်ကိုင်သည့် ငွေတိုးချစားသူ ဟုတ်/မဟုတ် စုံစမ်းဆုံးဖြတ်ရသည်၊

ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခုအနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည်ဖြစ် သည်၊လုပ်ငန်းအနေဖြင့် မဟုတ်ဘဲမိတ်ဆွေတစ်ဦးဦးအား ကူညီသည့်အနေဖြင့် တခါတရံသာ ငွေထုတ်ချေးခြင်း ဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူဖြစ်သည်ဟု သတ်မှတ်ခြင်းမပြုနိုင်၊တဘက်မှလည်း ငွေချေးသည့်လုပ်ငန်းတခုတည်းကို အသက်မွေး၀မ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်စားသောက်သူကိုမှသာ ငွေတိုးချစားသူဖြစ်သည်ဟု ဆိုနိုင်မည်၊
(ဥပမာ လူတစ်ယောက်သည် ကုန်သည်အလုပ်ကိုလည်း လုပ်ကိုင်သည့်အပြင်ငွေထုတ်ချေးခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်နေပါမူ ထိုသူသည် ငွေတိုးချေးစားသူဖြစ် သည်၊ သာမန်ကုန်သည်တစ်ယောက်ဖြစ်သည်ဟုမယူဆ နိုင်ပေ၊ ၁၉၆၇ မတစ စာ ၁၄၅ ဦးထွန်းရွှေနှင့်ဦး၀င်း )

အခြားလုပ်ငန်း လုပ်ကိုင်စဉ် မိမိမိတ်ဆွေများအား တစ်နှစ်လျင် နှစ်ကြိမ်၊သုံးကြိမ်ငွေချေးသောသူသည် ငွေတိုးချစားသူဖြစ်သည် ဟု မယူဆနိုင်ပေ၊
(၁၉၄၀ မတစ စာ ၄၄၉ ဘစ်ရ်ှဝါးနတ်ရိုင်း နှင့် ကာရှီနတ်ရိုင်း)

တရားလိုသည် ငွေချေးစားသူဖြစ်ပါက ငွေချေးစားသူအဖြစ် မှတ်ပုံတင်လက်မှတ်မတင်ပြနိုင်လျင် ဒီကရီ ချမှတ်ပေးခြင်းမပြုရ၊ သို့သော်အမှုကို မပယ်ရ၊ တရား လိုအား မှတ်ပုံတင်လက်မှတ်တင်ပြရန် သင့်လျော်လုံ လောက်သော အချိန်ပေးပြီး လက်မှတ်တင်ပြနိုင်သောအခါမှသာ ဒီကရီချပေးရန်ဖြစ်သည်၊
(၁၉၇၀ မတစ စာ ၁၈၅ ဦးထွန်းလှိုင် နှင့် ဦးချစ်လှ)

အရစ်ကျ ပေးဆပ်ခွင့်ပြုခြင်း
-----------------------------

တရားပြိုင်က လျှောက်ထားလျင် ချေးငွေကို အရစ်ကျပေးရန်ခွင့်ပြုနိုင်သည်၊ချေးငွေးပေးဆပ်ရန် အမိန့်ချ ရာ၌ အရစ်ကျပေးဆပ်ခွင့်ပြုကြောင်းလည်း ဆုံးဖြတ်နိုင်သည်၊
(တရားမကျင့်ထုံးအမိန့် ၂၀ နည်း ၁၁)

ချေးငွေပေးဆပ်ရန် အမိန့်ချပြီးမှ လျောက်ထားလျင်လည်း ခွင့်ပြုနိုင်သည်၊သို့ သော် အမိန့်ချပြီး ၆ လအတွင်း လျောက်ထားရန်လိုသည်။
(တရားမကျင့်ထုံးအမိန့် ၂၀ နည်း ၁၁)

မူလရုံး၏ ဆုံးဖြတ်ချက်ကိုအယူခံ၀င်လျင် အယူခံရုံး ဒီကရီ ချမှတ်သည့်နေ့မှ ၆ လအတွင်း လျောက်ထားရမည်။
(၁၉၆၅မတစ စာ၁၉၂ (ရုံးချုပ်) မောင်ဘုဒင် နှင့် ဦးခင်မောင် ၊ ၁၉၆၅ မတစ စာ ၉၉၈ (ရုံးချုပ်) ဦးဘိုနီ ပါ ၂ နှင့် ဦးထွန်း ပါ ၂)

ဒီကရီကို အရစ်ကျပေးဆပ်ရန် အမိန့်ချရာ၌ အမှု အ ကြောင်းခြင်းရာ ပတ်၀န်းကျင်အခြေအနေများကို သုံး သပ်ရန်လိုသည် ၊သူတပါး၏ငွေကို ချေးသောသူသည် ချေးယူသည့်ငွေပြေလည်အောင်ပေးဆပ်ရန် တာ၀န်ရှိ သည်၊အရစ်ကျပေးဆပ်ခွင့်ရနိုင်ရန် သက်သေပြရမည်။
(၁၉၆၄ မတစ စာ ၂၂၇ အေအင်အဗဒူကရင် နှင့် အက်စ် ရှိတ်အီဘရာဟင် )

အမှုအကြောင်းခြင်းရာနှင့် သက်ဆိုင်ရာဥပဒေကို လေ့ လာသုံးသပ်ပြီး ဆုံးဖြတ်ချက်ချသော ဒီကရီငွေကို သာအရစ်ကျပေးသွင်းရန် အမိန့်ချမှတ်နိုင်သည်၊နှစ်ဦးနှစ်ဘက်သဘောတူညီချက်ဖြင့် တရားပြိုင်က တရားလို သို့ပေးဆပ်ရန်ရှိသော ငွေများကို မည်သည့်အရစ်ဖြင့်ပေးဆပ်ရမည် ၊အရစ်ကျ ငွေတစ်ရပ်ရပ်ပေးဆပ်ရန် တရားပြိုင်က ပျက်ကွက်လျင် မပြေကျန်ငွေအားလုံးကို ရရှိရန်အတွက် တရားလိုက ဇာရီပြုလုပ်နိုင်သည်ဟု ဒိကရီချမှတ်ထားရာတွင် တရားပြိုင်က အရစ်ကျငွေတရစ်ပေးရန် ပျက်ကွက်သဖြင့် တရားလိုက မပြေကျန်ငွေအားလုံးရ ရှိရန် ဇာရီပြုလုပ်သည့်အခါ တရားပြိုင်က အရစ်ကျပေးဆောင်ရန် လျောက်ထားခွင့်မရှိတော့ချေ၊
(၁၉၆၂ မတစ စာ ၇၀ (ရုံးချုပ်) ဘရမာနန်ဒီဘီယာရာ နှင့် ရမ်ဆမှုဂျီချောင်ဒရီ ပါ ၂)

's Handbook
မြိုင်_ဥပဒေရေးရာ
lawyer_yuzana

26/02/2023

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး
သတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ
သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက် အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ❓ (တွေ့ရှိချက် အသစ်တဲ့)👍

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ် နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...
မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ် မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

14/02/2023

ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ?

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါ။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး၊ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ “အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ”..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။

သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit : DVB

19/12/2022

မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင်

(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

လူတစ်ယောက်အတွက်၊ မိသားစုအတွက် နေထိုင်စရာ ကျောတစ်ခင်းစာ နေရာဟာ မရှိမဖြစ် ဖန်တီးဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးအသပြာလေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်။
Ra Wai

01/12/2022

ကျွန်တော်က သိန်းနှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံထားပါတယ် ။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင်ဦးစီးက ကျန်းမာရေးသိပ်မကောင်းပါဘူး ။ ကိုယ့်ငွေ မဆုံးရှုံးရလေအောင် ပေါင်နှံစာချုပ်အပြင် အရောင်းအဝယ်စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီအိမ်က ဂရန်မရှိပါ။ စပယ်ရှယ်ပါဝါပဲ ရထားပါတယ် ။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။
=========================

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်တော့ စာချုပ်ပျက်ပြယ်သွားနိုင်သလား..။ ပေါင်နှံသူ ကွယ်လွန်သွား မယ်ဆိုရင် စာချုပ်မပျက်ပြယ်ပါဘူး။ မပျက်ပြယ်ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိသလဲဆိုတော့ တရားမ ဥပဒေမှာက တရားဝင်ကိုယ်စားလှယ်ဆိုတာက ရှိတယ်။ အရပ်စကားဆိုရင်တော့ သေသူရဲ့အမွေဆက်ခံသူ ပေါ့။ သားသမီးတို့၊ တူ၊တူမတို့ Legal representative ခေါ်တာပေါ့ ။ အဲ့ဒီလို တစ်ကယ်လို့သေသွားရင် တရားဝင်ကိုယ်စားလှယ်အပေါ်မှာဘဲ တရားစွဲဆိုနိုင်တဲ့အတွက်ကြောင့် ပေါင်နှံထားသူကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သလားဆိုတဲ့အချက်က.. မပျက်ပြယ်ပါဘူး။

ကျွန်တော်ပထမဆုံးမေးခွန်းကို ဖြေပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ် သက်လို့ ဥပဒေအကြံဉာဏ် ပေးချင်ပါတယ်။ သူရဲ့မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့။ ပြဿနာမရှိပါဘူး။ special power ပဲဆိုတော့ special power တို့ general power တို့ဆိုတာလဲ ပေးတဲ့သူကွယ်လွန်သွားရင် အော်တိုမစ်တစ် ပျက်သွားတဲ့အတွက်ကြောင့် ဒါလဲသိပ်မလိုပါဘူး၊ သိပ်အရာမရောက်ပါဘူး။ သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့အခါကျတော့ သိန်း၁၀၀၀ တန်ကို ၅၀၀ ပေးထားလိုက်တယ်ပေါ့၊ အဲ့တော့ ဒီ၅၀၀ က ဒီစာချုပ်သက်တမ်းကြည့်တစ်ချက်ကြည့်ရမယ်။ သူက နေမကောင်းဘူးလို့ပြောထားပြန်တယ်။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူးထင်တယ်။ မပြည့်သေးတော့ စိတ်ပူနေတာ အဲ့တော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲရှိမလားဆိုပြီး စိတ်ပူတာပေါ့။

အဲဒါက ပြဿနာမရှိနိုင်ဘူး။ သူက ပထမ စာချုပ်က သိန်း ၅၀၀နဲ့ပေါင်ထားတယ်။ ပေါင်ထားတာကို သူက ပေါင်နှံစာချုပ် ချုပ်လိုက်သေးတယ်။ ပေါင်တဲ့အကြောင်းကို စာချုပ်ချုပ်ထားတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ရှေ့နေနဲ့လည်း အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့လိုဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး။ သို့သော် လုပ်ရမဲ့အနေအထားက.. အကယ်၍များ ပေါင်နှံသူကွယ်လွန်သွားရင် ဆိုရင် အခုသူပေါင်နှံထား တဲ့ငွေသိန်း၅၀၀ ပြန်ရလိုမှု အပေါင်စာချုပ်အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ်။ ပေါင်ထားကြောင်းကို အထောက်အထားအဖြစ် ကျွန်တော်တို့ အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့တော့ နှစ်ခုမှာ တစ်ခုပဲ တောင်းခွင့်ရှိတယ်။ အပေါင်နဲ့တောင်းမလား…. ကျွန်တော်တို့ အရောင်းနဲ့တောင်းမလား။ သို့သော် တရားမျှတ စွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲတောင်းပြီးတော့ ဒီရှေ့နဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ်ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထားတာဆိုရင် သူ့ကိုပံ့ပိုးပေးရမယ်။ အပေါင်စာချုပ်ကို အရောင်းက ပံ့ပိုးပေးမယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ရမှာပါ။ မဆုံးရှုံးပါဘူး လို့ဖြေကြားလိုပါတယ်။

#ပေါင်နှံခြင်း

30/07/2022

#မြေစာရင်းလက်စွဲဥပဒေအရ
မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ The Burma Land Record Manual ၏ အပိုဒ် ၅၅၂ တွင် အောက်ပါအတိုင်း ဖေါ်ပြသတ်မှတ်ထားခြင်းအား တွေ့ရပါသည်-
“၅၅၂။ အပြောင်းအလွှဲများကို အထက်က ဖေါ်ပြခဲ့သော ပြဌာန်းချက်များအရ ပြုလုပ်မပေးနိုင်သော်လည်း၊ မှတ်ပုံစာရင်းတွင် လက်ရှိအခြေအနေ အမှန်အတိုင်း ဖြစ်စေရန် အလို့ငှာ ခရိုင်ဝန်က ပြောင်းလွှဲပေးရန် အမိန့်ပေးလျှင် ပြောင်းလွှဲပေးနိုင်သည်။

ဤသို့ဆိုပါက ---Act v. Manual ကိစ္စ ပါလာပြီ

X######x ????

30/03/2022

ဓါတ်ပုံမိတ္တူ သက်သေခံဆင်ခြင်ပါ
••••••••••••••••••••••••••••••••••••••••
တရားရုံးအချို့က မူရင်းစာတမ်းအမှတ်အသားကို အမှုတွဲ၌ထားရှိရန် တာဝန်ကြီးသည်ဟုဆိုသောအကြောင်းပြချက်အရလည်းကောင်း၊စာတမ်းအမှတ်အသား သက်သေခံတင်သွင်းလိုသူကလည်း မိမိလက်ဝယ်ရှိ မူရင်းစာတမ်းအမှတ်အသားကို လက်မဲ့ မဖြစ်လို၍လည်းကောင်း၊ ရုံးတော်က စာတမ်းအမှတ်အသားမူရင်းအစား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးဓါတ်ပုံမိတ္တူကို သက်သေခံအဖြစ် တင်သွင်း၊လက်ခံသည့် အလေ့အထဖြစ်ပွားနေသည်ကို ကြီးကြပ်ကွပ်ကဲရန် လမ်းညွှန်မှုကင်းမဲ့နေပါသည်။

■အီလက်ထရောနစ် သက်သေခံချက်မှအပ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး ဓါတ်ပုံမိတ္တူကို သက်သေခံအဖြစ် လက်ခံနိုင်ကြောင်း ဒုတိယတဆင့်သက်သေခံချက်ဆိုင်ရာ သက်သေခံအက်ဥပဒေပုဒ်မ၆၅တွင် ပြဌာန်းထားပါသလား။

■ဒုတိယတဆင့်သက်သေခံချက်နှင့်သက်ဆိုင်သော သက်သေခံအက်ဥပဒေပုဒ်မ၆၅နှင့်အကျုံးမဝင်ဘဲ(အီလက်ထရောနစ် စာမှတ်စာတမ်းသက်သေခံချက်မှအပ) မည်သည့်ပြဌာန်းချက်အရ ဓာတ်ပုံ မိတ္တူကို သက်သေခံ လက်ခံနေကြပါသလဲ။

■အဆို အချေနှင့်ဖြစ်စေ၊တရားမကျင့်ထုံးအမိန့်၁၃နည်းဥပဒေ၁အရဖြစ်စေ တင်သွင်းသော စာမှတ်စာတမ်းသည် ဒုတိယတဆင့်သက် သေခံချက်သာဖြစ်နေသည့်အခြေအနေတွင် တစ်ဘက်က ဝန်ခံမထားသော ဒုတိယတဆင့်သက်သေခံချက်စာတမ်းအမှတ်အသား(ဓါတ်ပုံမိတ္တူ)ကို ပဏာမငြင်းချက်ဖြေဆိုရာတွင်ထည့်သွင်းစဥ်းစားနိုင်ပါသလား။

■ထိုအခြေအနေတွင် ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေ ၂၀၁၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး စာ - ၁၂၃(၁၃၄)ညွှန်ပြချက်အရ ဒုတိယတဆင့်သက် သေခံချက်ကို အဆိုအချေ၏တစ်စိတ်တစ်ဒေအဖြစ် ထည့်သွင်းစဥ်းစားနိုင်ပါမည်လား။

■တရားမကျင့်ထုံးဥပဒေအမိန့်၁၃ နည်းဥပဒေ ၁ အရ တင်ပြရမည့် စာမှတ်စာတမ်းအမျိုးအစားသည် အဘယ်နည်း။

နှစ်ဖက်အမှုသည်များ အငြင်းမပွားသော စာရွက်စာတမ်း၊ သက်သေခံချက်ရယူရန် မလိုအပ်သောစာရွက်စာတမ်းနှင့် မူရင်းစာတမ်းအမှတ်အသားများဖြစ်မှသာ အဆိုအချေနှင့်ပူးတွဲထားသော တရားမကျင့်ထုံးဥပဒေအမိန့်၁၃နည်းဥပဒေ ၁အရတင်သွင်းထားသော စာရွက်စာတမ်းများ(တနည်းအားဖြင့် ငြင်းဆန်မရသောစာမှတ်စာတမ်း)ကို ပဏာမငြင်းချက်ဖြေဆိုရာတွင် ထည့်သွင်းစဉ်းစားနိုင်ပါမည်။

တဖန် အချို့သောအငြင်းပွားပြဿနာများတွင် ဓါတ်ပုံမိတ္တူကိုချင့်ချိန် ၍မရဘဲ မူရင်းစာတမ်းအမှတ်အသားကိုသာ ချင့်ချိန် အဆုံးအဖြတ်ပြုရန်အခြေအနေများရှိနေသည့်အတွက်ဓါတ်ပုံမိတ္တူ သက်သေခံတင်သွင်းခြင်း၊လက်ခံခြင်းအမှုကို ရှောင်ကြဥ်စေလိုပါသည်။

Ref
လူဦးမင်း
၂၀၂၂ခုနှစ်၊မတ်လ(၂၉)ရက်

26/03/2022

အ‌ဆိုလွှာတွင် ကာလစည်းကမ်းသတ်အတွင်း ကျရောက်ကြောင်း အဆိုပြုစေသည့်ကိစ္စ ဆင်ခြင်နိုင်ရန်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ပြဿနာမှာ အဆိုလွှာတွင် စွဲဆိုမှုသည် ကာလစည်းကမ်းသတ်အတွင်းကျရောက်ကြောင်း အဆိုပြုနေကြသည့်အချက်ဖြစ်သည်။ထိုသို့ အဆိုပြုရန် ပျက်ကွက်လျှင်လည်း ပြင်ဆင် အဆိုပြုစေပြီးမှ အချို့သောတရားရုံးများက အဆိုလွှာလက်ခံမည်ဟုဆိုသည်။

ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃ပြဌာန်းချက်အရစည်းကမ်းသတ်ကာလကုန်ဆုံးပြီးမှစွဲဆိုတင်သွင်းသောတရားမကြီးမှုကိုပလပ်ရမည်ဖြစ်သည်။ယင်းသို့ ကျင့်သုံး‌ဆောင်ရွက်ရာတွင် ယင်းဥပဒေပုဒ်မ၄မှပုဒ်မ၂၅(အပါအဝင်)တို့တွင်ပါရှိသောပြဌာန်းချက်များနှင့်မဆန့်ကျင်စေရပါ။

အဆိုလွှာတွင်ပါရှိရမည့်အချက်များကို ပြဌာန်းထားသည့်တရားမကျင့်ထုံးဥပဒေအမိန့်‌၇နည်း၁(က)မှ(စျ)ထိတို့တွင် စွဲဆိုမှုသည် စည်းကမ်းသတ်ကာလအတွင်း ကျရောက်ကြောင်းဖော်ပြအဆိုပြုရမည်ဟုမပါရှိပါ။

တရားမမှုကို ကာလစည်းကမ်းသတ်အက်ဥပဒေအရ သတ်မှတ်ထားသောအချိန်ကာလကုန်ဆုံးပြီးနောက် တနည်းအားဖြင့်စည်းကမ်းသတ်ကာလကျော်လွန်ပြီးနောက်မှ စွဲဆိုသောအခါ ယင်းဥပဒေမှ ကင်းလွတ်ခွင့်ပြုရန်တောင်းဆိုရခြင်းအတွက်အကြောင်းပြချက်ကို ဆိုလွှာတွင်ဖော်ပြရမည်ဆိုသောတရားမကျင့်ထုံးဥပဒေအမိန့်‌‌၇နည်း၆ပြဌာန်းချက်ကို ဂရုပြုရပါမည်။

စည်းကမ်းသတ်ကာလကျော်လွန်ပြီးမှ စွဲဆိုသောအဆိုလွှာတွင်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်‌မ၄မှ၂၅ထိ ပြဌာန်းချက်လာ တစ်ချက်ချက်အရ ကာလစည်းကမ်းသတ်ဥပဒေမှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုရခြင်းအတွက်အကြောင်းပြချက်ကို အဆိုလွှာတွင် ဖော်ပြရပါမည်။

ထို့ကြောင့် အ‌ဆိုလွှာတွင် ကာလစည်းကမ်းသတ်အတွင်း ကျရောက်ကြောင်း အဆိုပြုစေသည့်ကိစ္စအပေါ် ဆင်ခြင်စေလိုပါသည်။

အဆိုလွှာတွင်••
ကာစည်းကျော်လျှင်အကြောင်းပြ အဆိုပြုရမည်။
ကာစည်းမကျော်လျှင် အဆိုပြုရန်မလို။

လူ‌ဦးမင်း
‌၂၀၂၂ခုနှစ်၊မတ်လ(၂၅)ရက်

စာအုပ်(pdf)များ အက္ခရာအစဉ်လိုက် ရှာဖွေပြီးရယူလိုက်ပါ.......................................................................
11/03/2021

စာအုပ်(pdf)များ အက္ခရာအစဉ်လိုက် ရှာဖွေပြီးရယူလိုက်ပါ.........................................................................................

က

ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX
ကပ္ပိယကောင်းတစ်ယောက်.pdf
https://yadi.sk/i/k50U7iCBiQGGy
ကျွန်းရွာတောရဆရာတော်ကြီး...သိမ်မျိုးစုံမဟာဋီကာကျမ်း.pdf
https://yadi.sk/i/NnqsJQI8jE9zZ
ကလေးစာစောင်များ ၁
https://yadi.sk/d/nSRpv0_Lk8Xmd
ကလေးစာစောင်များ ၂
https://yadi.sk/d/hUVTUiSIk8Xmj
ကလေးစာစောင်များ ၃
https://yadi.sk/d/mOkGdlk5k8Xmn
ကလေးစာစောင်များ ၄
https://yadi.sk/d/UXL7hcZ0k8Xmr
ကလေးစာစောင်များ ၅
https://yadi.sk/d/EQZytVkJk8Xmx
ကံချွန်
https://yadi.sk/d/BdJcgi0Egx97j
ကျော်ထူး
https://yadi.sk/d/ZnGqoYAOk5xKD
ကျော်မြသန်း
https://yadi.sk/d/VrqOPQ_jiEwGC
ကျော်အောင်
https://yadi.sk/d/YqxzCEYSiEwGG
ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX
ကြေးမုံဦးသောင်း
https://yadi.sk/d/Jqb9CXN7fQXQW
ကျီးသဲလေးထပ်ဆရာတော်
https://yadi.sk/d/J1KW1Tgdmcgyb
ကြူမွှေး
https://yadi.sk/d/GqUc6v3Xk78eX
ကျောက်မျက်ဆိုင်ရာ
https://yadi.sk/d/I8j0mPX2k8Xo8



ခင်မျိုးချစ်
https://yadi.sk/d/6WPrkHFPiEwCx
ခင်ဆွေဦး
https://yadi.sk/d/SAXauAPSiEwD3
ခင်မောင်ဇော်
https://yadi.sk/d/Yjo7Jmjbk5xFo
ခင်နှင်းယု
https://yadi.sk/d/vuJGlEqngVPFW
ခင်စောတင့်
https://yadi.sk/d/y7sRpBpVmcgye
ခင်ခင်ထူး
https://yadi.sk/d/KtKuAcbXgVNmj
ချစ်စံဝင်း
https://yadi.sk/d/BU2XKZbugx9Ex
ချစ်ဦးညို
https://yadi.sk/d/rU4MkOd1gApsz
ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ



ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ
ဂျာနယ်ကျော် မမလေး
https://yadi.sk/d/HtaT5oeSiEwDB



ငြိမ်းကျော်
https://yadi.sk/d/xTIeW5iek78f5
ငွေဥဒေါင်း...ဗုဒ္ဓစာပန်းချီ
https://yadi.sk/d/vIlpyYVyfQXbZ



စပ်စု
https://yadi.sk/d/i4yJ56s8eut8i
စာအုပ်ပေါင်းစုံ
https://yadi.sk/d/70hWsKVTfQXPf
စွယ်စုံကျမ်း
https://yadi.sk/d/FoE5markfQXPj
စွယ်စုံကျမ်း နှစ်ချုပ်များ
https://yadi.sk/d/axWglZXZk8Xmz
စိုက်ပျိုးရေး စာအုပ်များ
https://yadi.sk/d/J9NKBW4ok8Xn5
စစ်ကိုင်း ဦးဘိုးသင်း
https://yadi.sk/d/iz4KU2oIgUUpd
စာစီစာရိုက်လေ့ကျင့်နည်းစာအုပ်
https://yadi.sk/d/SKJQmdG9hEoc7
စောမုံညင်း
https://yadi.sk/d/iG3WpwdWk8Xo9



ဆန်းထွန်း
https://yadi.sk/d/gz2ajtJak8XnB
ဆယ်စောင်တွဲကျမ်းများ
https://yadi.sk/d/OzzNK39dk8XnD
ဆုံးမစာပေါင်းချုပ်ကြီး.pdf
https://yadi.sk/i/9fmr9uCajE9zf
ဆင်ဖြူကျွန်း အောင်သိန်း
https://yadi.sk/d/Pe0KNZ9Wgx97m
ဆောင်းလုလင်
https://yadi.sk/d/q7sRcRs8hEocV



ဇာဂနာ
https://yadi.sk/d/mZnPo9MafQXPm
ဇဝန
https://yadi.sk/d/ufcTZjzagVPFa
ဇင်သန့်
https://yadi.sk/d/qCRT4n71k8XnH
ဇော်ဂျီ
https://yadi.sk/d/MUg6o6E3k8XoA



ညီညီနိုင်
https://yadi.sk/d/ZB2ojyXkmcgyg
ညီသစ်
https://yadi.sk/d/0p1Gluoimcgyi
ညီပုလေး
https://yadi.sk/d/Ef2a3HtKk5xGC
ညောင်ကန်ဆရာတော်ကြီး ၅၅၀ စာအုပ်များ
https://yadi.sk/d/f8T11D3PmcgzW



တည်တောဆရာတော်
https://yadi.sk/d/aI2X_w6Dk8XnJ
တက္ကသိုလ်စိန်တင်
https://yadi.sk/d/WRxYfpNLmcgyn
တင်နိုင်တိုး
https://yadi.sk/d/j98l1GRYmcgyq
တိုက္စိုး
https://yadi.sk/d/ZO16cL-3mcgyt
တက္ကသိုလ် နန္ဒမိတ်
https://yadi.sk/d/n4SqkaAsiEwDV
တက္ကသိုလ်နေဝင်း
https://yadi.sk/d/54VMVw9diEwDZ
တက္တိုး
https://yadi.sk/d/FGc2vh4OiEwDb
တင့်တယ်
https://yadi.sk/d/KzaBuMeCk5xGa
တင်မောင်မြင့်
https://yadi.sk/d/DZEpFPSihEoc9
တက္ကသိုလ်ဘုန်းနိုင်
https://yadi.sk/d/8f3aw1u3fQXap
တာရာမင်းဝေ
https://yadi.sk/d/HnHuiehUfQXar



ထင်လင်း
https://yadi.sk/d/gzS403k4k5xGp



ဒဂုန်ရွှေမျှား
https://yadi.sk/d/zsjJwRs7fhdsq
ဒါနကြေးမုံ(ဒါနရှုခင်း).pdf
https://yadi.sk/i/-dvcGfnciQGH6
ဒဂုန္တာရာ
https://yadi.sk/d/eH68CxHWk8XnK
ဒေါက်တာ မတင်ဝင်း
https://yadi.sk/d/FXwll4h8hEocX



ဓမ္မပဒဝတ္ထု ၅ တွဲ
https://yadi.sk/d/Wk8SSDY6iEwDm
ဓမ္မာစရိယဦးဌေးလှိုင်
https://yadi.sk/d/pWMQM8YviEwDq



နီကိုရဲ
https://yadi.sk/d/Lf9SowV0gVPFc
နန္ဒ
https://yadi.sk/d/tRPQGbP6k5xHB
နန္ဒာသိန်းဇံ
https://yadi.sk/d/jzb0LgIbgVPFk
နတ်နွယ်
https://yadi.sk/d/arnJ0mCBfQXPq
နေဝင်းမြင့်
https://yadi.sk/d/kMATHCuRgVPGF
နိုင်ဝင်းဆွေ
https://yadi.sk/d/xlTXf9gmmcgzs
နေနော်
https://yadi.sk/d/gXzVbfXCiEwGN
နုနုရည် (အင်းဝ)
https://yadi.sk/d/BgcSYkkwiEw3



ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu
ပျို့လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn
ပျို့လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn
ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu
ပီမိုးနင်း
https://yadi.sk/d/0vl8nWw9fQXav
ပုံပြင် စာအုပ်များ
https://yadi.sk/d/fOBZgOdGfQXax



ဖားအောက်တောရဆရာတော်တရားစာအုပ်များ
https://yadi.sk/d/8K3-VrINiEvoW
ဖိုးကျော့
https://yadi.sk/d/J9bA2LG9fQXb3
ဖေမြင့်
https://yadi.sk/d/60GpdLLDew5hd



ဗန်းမော်တင်အောင်
https://yadi.sk/d/TXUwMqsogVPFr
ဗိုလ်တာရာ
https://yadi.sk/d/qcdQupnek5xHM



မဟာဗုဒ္ဓဝင်စာအုပ်များ
https://yadi.sk/d/8w3fDw5Kmcgyy
မင်းကွန်းဆရာတော်ကြီး
https://yadi.sk/d/4wW2LqvDk8XnM
မြင့်စိုးလှိုင်
https://yadi.sk/d/NTgHq--imcgz4
မြတ်ငြိမ်း
https://yadi.sk/d/qsuqPv5-mcgz8
မြန်မာစာပေဆိုင်ရာ စာအုပ်များ
https://yadi.sk/d/T0EULiToeqNQE
မြန်မာနိင်ငံ ရဟန္တာနှင့်ရဟန်းထူးများ ၂တွဲ
https://yadi.sk/d/_f-KTy9VetZFZ
မြသန်းတင့်
https://yadi.sk/d/Fk5bKmJ_fQXbj
မောင်ဝံသ
https://yadi.sk/d/xJslVfDTmcgzZ
မောင်သာရ
https://yadi.sk/d/7yjBSnM-mcgza
မောင်ဖေငယ်
https://yadi.sk/d/VGwrfQ3Qmcgze
မောင်ခင်မင်(ဓနုဖြူ)
https://yadi.sk/d/nzRMdTtEk8XoG
မောင်မြင့်ကြွယ်
https://yadi.sk/d/9omL9nCvk8XoJ
မောင်နေဝင်း
https://yadi.sk/d/6Xy0h9EFk8XoM
မော်စီတုန်း
https://yadi.sk/d/qBZmljWik8XoR
မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG
မောင်ပေါ်ထွန်း
https://yadi.sk/d/eXcXKE3WgU9Ay
မင်းသိင်္ခ
https://yadi.sk/d/zseaLkxtfQXb7
မြင့်ဆွေ
https://yadi.sk/d/yp4fl4LZk8XnR
မြန်မာ့စွယ်စုံကျမ်းများ အတွဲ ၁၀-၁၅
https://yadi.sk/d/4X-XIGWdk8XnS
မင်းယုဝေ
https://yadi.sk/d/zHd3t8jpiEwE6
မင်းမြတ်သူရ
https://yadi.sk/d/S8IPSpz1iEwEC
မင်းလူ
https://yadi.sk/d/iFT7pZGlgVPFv
မင်းသုဝဏ်
https://yadi.sk/d/GX-P-Kp_iEwEG
မစန္ဒာ
https://yadi.sk/d/5LO18pr2gx97s
မန်းတင်
https://yadi.sk/d/aq8MM_kciEwEN
မိချမ်းဝေ
https://yadi.sk/d/w0SPF8SAhEocD
မိုးမိုး(အင်းလျား)
https://yadi.sk/d/qpB7jN8zgx97y
မိုးဝေ
https://yadi.sk/d/XV4E1HINiEwEY
မြန်မာ့မဟာဂီတစာအုပ်များ
https://yadi.sk/d/8hB1Vo8_hEocF
မြန်မာ့နိုင်ငံရေးဆိုင်ရာစာအုပ်များ
https://yadi.sk/d/fXhlcBBeiEwDH
မြသန်းစံ
https://yadi.sk/d/ySRhOsqwhEocH
မောင်စိန်ဝင်း(ပုတီးကုန်း)
https://yadi.sk/d/4QkKbIDviEwGU
မောင်မိုးသူ
https://yadi.sk/d/CsENcsaDiEwGc
မောင်လှမျိုး(ချင်းချောင်းခြံ)
https://yadi.sk/d/3q-8NE1piEwGi
မောင်သာချို
https://yadi.sk/d/x6B5X9BriEwGn
မောင်သိန်းဆိုင်
https://yadi.sk/d/vo2hRFxBiEwGt
မောင်ပေါ်ထွန်း
https://yadi.sk/d/eXcXKE3WgU9Ay
မေတ္တာရှင်(ရွှေပြည်သာ)
https://yadi.sk/d/pz7gs_XWfQXbb
မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG
မောင်ထွန်းသူ
https://yadi.sk/d/X5zKnscefQXbd



ယုဝတီဂျင်းဖောမယ်
https://yadi.sk/d/4zxy8yTxk8XnP



ရွှေဥဒေါင်း
https://yadi.sk/d/2vtz2qn2fQXQJ
ရဟန်းတော်များထေရုပ္ပတ္တိဆိုင်ရာစာအုပ်များ
https://yadi.sk/d/i8T46pQpgApts
ရန်အောင်
https://yadi.sk/d/jvakPK76k8XnW
ရန်ကုန်ဘဆွေ
https://yadi.sk/d/IdlKkeuFiEwEn
ရွှေဝယ်ဧ
https://yadi.sk/d/O4sfYHsNk8XoT
ရွှေကူမေနှင်း
https://yadi.sk/d/RnJOUew-k5xKd



လူ့စည်းကမ်းဥပဒေတော်ကြီး.pdf
https://yadi.sk/i/GD4yP6HpjE9zo
လင်းယုန်မောင်မောင်
https://yadi.sk/d/YGUAEVnImcgz9
လင်္ကာရည်ကျော်
https://yadi.sk/d/osXlEv37iEwEr
လင်းယုန်သစ်လွင်
https://yadi.sk/d/fyTrQtUHk5xJ4
လင်းဝေမြိုင်
https://yadi.sk/d/rZ5Q3uSCiEwEx
လယ်တီဒီပနီစာအုပ်များ
https://yadi.sk/d/pFi-lsi-hEocK
လူထု စိန်ဝင်း
https://yadi.sk/d/OCKvLtHqhEocM
လူထု ဦးလှ အမှတ်တရ
https://yadi.sk/d/9iokaOwOhEocP
လူထု ဒေါ်အမာ
https://yadi.sk/d/oZVpKi55hEocR
လယ်တွင်းသားစောချစ်
https://yadi.sk/d/ddpA-OC8gx9Fs



ဝတ္ထုတိုပေါင်းချုပ်များ
https://yadi.sk/d/NA1V879igx982



သာဓု
https://yadi.sk/d/Ru_zDFD0k8XnZ
သာသနာဝင်စာအုပ်များ
https://yadi.sk/d/qTPfjxMLk8Xni
သပြေကန်ဆရာတော်
https://yadi.sk/d/JVMiVsFrk8Xnp
သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်
https://yadi.sk/d/apHDXIVYmcgzD
သောင်းထိုက်
https://yadi.sk/d/Z46ajlqJmcgzh
သောင်းဝေဦး
https://yadi.sk/d/DWuJOf70mcgzn
သခင် ဘသောင်း
https://yadi.sk/d/2cyqitajiEwFF
သစ္စာနီ
https://yadi.sk/d/0B1XIP5DiEwFM
သိပ္ပံမောင်ဝ
https://yadi.sk/d/ZLu84u2oiEwFX
သိန်းဖေမြင့်
https://yadi.sk/d/r1Mv3rrUfQXQ2
သုမောင်
https://yadi.sk/d/Dl79Kcb0gx9Fu
သော်တာဆွေ
https://yadi.sk/d/Lun8JdxSepWS5



ဟိန်းလတ်
https://yadi.sk/d/5s9PqcPGk8Xnt
ဟာသ
https://yadi.sk/d/D2eMrbcOk5xJJ



အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၄
https://yadi.sk/d/piXLKvJUgx984
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၃
https://yadi.sk/d/WZz9csP3fauQf
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၁
https://yadi.sk/d/-3k8njRHfVbrk
အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၂
https://yadi.sk/d/-lbs87odfYWoR
အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4
အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6
အကြည်တော်
https://yadi.sk/d/j-RpWwyvgVPFz
အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ
အထွေထွေဝတ္ထု များ
https://yadi.sk/d/M4kwO2OmmcgzL
အထွေထွေကျမ်းစာများ
https://yadi.sk/d/rJY2dHISk8Xnw
အထွေထွေဝတ္ထု နှင့် ဆောင်းပါးများးး
https://yadi.sk/d/wRjIPbKMk8Xny
အထွေထွေစာအုပ်များ
https://yadi.sk/d/vzRSNbb0iEwFd
အထွေထွေ
https://yadi.sk/d/CM4lUbCCfSfLf
အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၄
https://yadi.sk/d/tVkDeU32gVNnc
အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၅
https://yadi.sk/d/wN7vqdWhgVNne
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၁
https://yadi.sk/d/WV943ctXgVNnk
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၂
https://yadi.sk/d/QBv7Ue-cgVNnp
အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၃
https://yadi.sk/d/t3sEgYd-gVNnv

အဖျောက်ဆရာတော်
https://yadi.sk/d/3wL3Pz-6k8Xnz
အရှင်သံဝရာဘိဝံသ
https://yadi.sk/d/mzFqdiHKk5xJY
အရှင်ဓမ္မဿာမီဘိဝံသ
https://yadi.sk/d/TnzHcMeCmcgzG
အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4
အရှင်နန္ဒမာလာ
https://yadi.sk/d/OKVjg8nOgApuA
အထောက်တော်လှအောင်
https://yadi.sk/d/-ai_45iMiEwFh
အဏ္ဏဝါ စိုးမိုး
https://yadi.sk/d/j4jds1jbfQXbR
အရိုး
https://yadi.sk/d/OlTVATGtfQXbV
အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6
အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ
အောင်ခန့်
https://yadi.sk/d/3cioTuBbiEwGv



ဦးလှဝင်း
https://yadi.sk/d/GEm3ZRVffQXQ8
ဥေပဒ
https://yadi.sk/d/vmxy-ipYgVPG3
ဦးဆန်းလွင်
https://yadi.sk/d/-cfxbwx_hEocT
ဦးဖိုးကျား
https://yadi.sk/d/hYujuIiViEwFw
ဦးဘုန်း
https://yadi.sk/d/jYt-14BEgx98A
ဦးကြင်ရွှေ
https://yadi.sk/d/StG1D-numcgzT
ဦးအေးမောင်
https://yadi.sk/d/q6atP84Ak8Xo3
ဦးတင်ဦး
https://yadi.sk/d/sViM3qzkk78gN
ဦးဝင်းတင်
https://yadi.sk/d/7pP21N2Lk78gV
ဦးသုခ
https://yadi.sk/d/itUXggIPgApuJ
ဦးနု
https://yadi.sk/d/daHkAKfhgApuL

၂၀ရာစုစာရေးဆရာများနှင့်စာစုများ
https://yadi.sk/d/mTiyrTOemcgyW
E pub စာအုပ်များ
https://yadi.sk/d/76tVdC3CmcgyX
၅၅၀ ဇာတ်ဝတ္ထုများ
https://yadi.sk/d/cs9p1Q5piEwCe
MCM books
https://yadi.sk/d/mfleWBuWiEwCk
Mmteashop
https://yadi.sk/d/hg7i4zTtiEwCp
No.1
https://yadi.sk/d/ukUvzAmjk5xFR

#မူရင်းဖန်တီးရှင်များအားလုံးကိုလေးစားစွာဖြင့်

View and download from Yandex.Disk

Address

Taunggyi

Alerts

Be the first to know and let us send you an email when LegalShield posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LegalShield:

Share