IBJ Myanmar

IBJ Myanmar Working to ensure adequate legal representation for every man, woman and child since 2000.

**မြန်မာနှစ်သစ်ကူးရုံးပိတ်ရက် ကြေညာခြင်း**(၁၁-၄-၂၀၂၆) မှ (၁၉-၄-၂၀၂၆) ရက်နေ့များသည် မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များ၍ ထို...
10/04/2026

**မြန်မာနှစ်သစ်ကူးရုံးပိတ်ရက် ကြေညာခြင်း**

(၁၁-၄-၂၀၂၆) မှ (၁၉-၄-၂၀၂၆) ရက်နေ့များသည် မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များ၍ ထိုရက်များအတွင်း IBJ Myanmar ၏စင်တာရုံးများကို ပိတ်ထားမည်ဖြစ်ပြီး (၂၀-၄-၂၀၂၆)ရက်နေ့မှ စ၍ ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကာလများအတွင်း ဥပဒေရေးရာကိစ္စရပ်များအတွက် Legal Helpline ဖုန်းများကို ဆက်သွယ်အကူအညီရယူနိုင်ပါသည်။

IBJ Myanmar-Legal Helpline
မန္တလေး- 09-94 1000 771 | တောင်ငူ- 09-94 1000 772 | ဘားအံ- 09-94 1000 773 | တောင်ကြီး- 09-94 1000 774 | နေပြည်တော်- 09-94 1000 775 | အထွေထွေစုံစမ်းမှုများအတွက်- 09-94 1000 776

မြန်မာနှစ်သစ်အခါသမယတွင် ကျန်းမာပျော်ရွှင်ကြပါစေကြောင်း IBJ Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#မြန်မာနှစ်သစ်အခါသမယတွင်
#မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ

03/04/2026
IBJ MYANMAR Students Internship Program - Call for Application (In-person)ဥပဒေကျောင်းသူ/သားများအတွက် အတွေ့အကြုံရှိသော ဝါ...
24/03/2026

IBJ MYANMAR Students Internship Program - Call for Application (In-person)

ဥပဒေကျောင်းသူ/သားများအတွက် အတွေ့အကြုံရှိသော ဝါရင့်ရှေ့နေကြီးများထံမှ အနီးကပ် စာတွေ့၊ လက်တွေ့လေ့လာသင်ယူခြင်းဖြင့် လုပ်ငန်းအတွေ့အကြုံကောင်းများ ရရှိနိုင်မည့်အခွင့်အရေး ရောက်ရှိလာပါပြီ….

စိတ်ပါဝင်စားသူ ဥပဒေကျောင်းသူ/သားများသည် မန္တလေး၊ တောင်ငူ၊ ဘားအံ၊ တောင်ကြီးနှင့် နေပြည်တော် တည်နေရာ (၅) ခုအနက် လူကိုယ်တိုင် (In-person) တက်ရောက်လိုသည့် စင်တာတည်နေရာကိုဖော်ပြ၍ မိမိ၏ ကိုယ်ရေးအချက်အလက်များကိုပြည့်စုံစွာဖြင့် အောက်ဖော်ပြပါ Google Form ကိုဖြည့်သွင်း၍ဖြစ်စေ၊ https://forms.gle/dSDsPRRFRLizriq88

သက်ဆိုင်ရာ IBJ စင်တာရုံးများထံ လူကိုယ်တိုင်လျှောက်ထား၍ဖြစ်စေ၊

IBJ Myanmar ၏အီးမေးလ် [email protected] သို့ပေးပို့၍ဖြစ်စေ၊

(၃၀-၃-၂၀၂၆) ရက်နေ့ ၊ ညနေ (၅) နာရီ နောက်ဆုံးထား၍လျှောက်ထားနိုင်ပါသည်။

အသေးစိတ်ဖတ်ကြည့်ရှုနိုင်ရန်-

https://bit.ly/3NXRi7q

ဆက်သွယ်ရန် - 09 94 1000 774/ 09 94 1000 776

အသစ်ပြန်လည်ဖြည့်စွက်ချက်။ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်သင်တန်းအစီအစဥ်ကို မျှဝေပြီး ၂၄ နာရီအတွင်း အွန်လိုင်းမှ လျှောက်ထားသူ ...
11/03/2026

အသစ်ပြန်လည်ဖြည့်စွက်ချက်။

ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်သင်တန်းအစီအစဥ်ကို မျှဝေပြီး ၂၄ နာရီအတွင်း အွန်လိုင်းမှ လျှောက်ထားသူ ၂၀၀ ကျော် လက်ခံရရှိခဲ့ပါသည်။ ဤအစီအစဥ်တွင် စိတ်ပါဝင်စားသော ရှေ့နေရှေ့ရပ်များ၊ ဥပဒေပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ ဤမျှများပြားသည်ကို တွေ့ရပါသဖြင့် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
သင်တန်းလျှောက်ထားသူဦးရေမှာ မူလရည်ရွယ်ထားသည့် သင်တန်းသားအရေအတွက်ထက် များစွာ ကျော်လွန်နေပါသဖြင့် ဤသင်တန်းအစီအစဥ်ကို တတ်နိုင်သမျှ တိုးချဲ့ လက်ခံဆောင်ရွက်ပေးနိုင်ရန် စီစဥ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မူလ Google Form တွင် ပါဝင်ဖြည့်စွက်ထားပြီးသော လျှောက်ထားသူများနှင့် အသစ်ထပ်မံလျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ Google Form အသစ်တွင် ပြန်လည်၍ ဖြည့်စွက်ပေးပို့နိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

လျှောက်လွှာပိတ်ရက်။ ။ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့

အသစ်ပြန်လည်ဖြည့်သွင်းရန် Link: https://forms.gle/hLwt4HkCHqtSAWH1A

Disclaimer: အသိပေးကြေညာခြင်း။
လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်၊ မှတ်တမ်းများကို IBJ Myanmar ၏ သင်တန်းရေးရာစီမံအဖွဲ့ကသာ လက်ခံဆောင်ရွက်ပြီး၊ သင်တန်းတွင် ထိထိရောက်ရောက် ပါဝင်တက်ရောက်လိုသူများကို ရွေးချယ်ပေးနိုင်စေရန်အလို့ငှာ အသုံးပြုရန်သာဖြစ်ပါသည်။ လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို IBJ ၏ အချက်အလက်လုံခြုံရေးဆိုင်ရာ စည်းမျဥ်းများနှင့်အညီ လုံခြုံစွာစီမံထားရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Edited: အသစ်ပြန်လည်ဖြည့်စွက်ချက်။ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်သင်တန်းအစီအစဥ်ကို မျှဝေပြီး ၂၄ နာရီအတွင်း အွန်လိုင်းမှ လျှော...
10/03/2026

Edited: အသစ်ပြန်လည်ဖြည့်စွက်ချက်။

ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်သင်တန်းအစီအစဥ်ကို မျှဝေပြီး ၂၄ နာရီအတွင်း အွန်လိုင်းမှ လျှောက်ထားသူ ၂၀၀ ကျော် လက်ခံရရှိခဲ့ပါသည်။ ဤအစီအစဥ်တွင် စိတ်ပါဝင်စားသော ရှေ့နေရှေ့ရပ်များ၊ ဥပဒေပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ ဤမျှများပြားသည်ကို တွေ့ရပါသဖြင့် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သင်တန်းလျှောက်ထားသူဦးရေမှာ မူလရည်ရွယ်ထားသည့် သင်တန်းသားအရေအတွက်ထက် များစွာ ကျော်လွန်နေပါသဖြင့် ဤသင်တန်းအစီအစဥ်ကို တတ်နိုင်သမျှ တိုးချဲ့ လက်ခံဆောင်ရွက်ပေးနိုင်ရန် စီစဥ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မူလ Google Form တွင် ပါဝင်ဖြည့်စွက်ထားပြီးသော လျှောက်ထားသူများနှင့် အသစ်ထပ်မံလျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါ Google Form အသစ်တွင် ပြန်လည်၍ ဖြည့်စွက်ပေးပို့နိုင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

လျှောက်လွှာပိတ်ရက်။ ။ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့

အသစ်ပြန်လည်ဖြည့်သွင်းရန် Link: https://forms.gle/hLwt4HkCHqtSAWH1A

Disclaimer: အသိပေးကြေညာခြင်း။
လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်၊ မှတ်တမ်းများကို IBJ Myanmar ၏ သင်တန်းရေးရာစီမံအဖွဲ့ကသာ လက်ခံဆောင်ရွက်ပြီး၊ သင်တန်းတွင် ထိထိရောက်ရောက် ပါဝင်တက်ရောက်လိုသူများကို ရွေးချယ်ပေးနိုင်စေရန်အလို့ငှာ အသုံးပြုရန်သာဖြစ်ပါသည်။ လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို IBJ ၏ အချက်အလက်လုံခြုံရေးဆိုင်ရာ စည်းမျဥ်းများနှင့်အညီ လုံခြုံစွာစီမံထားရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

-----------------------------------------------------------------

သင်တန်းသားများ ခေါ်ယူခြင်း။

IBJ Myanmar သည် ရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့် ဥပဒေကျောင်းသူ/သားများအတွက် ပြစ်မှုဆိုင်ရာခုခံချပေရေးအခြေခံနည်းစနစ်များဆိုင်ရာရက်ရှည်သင်တန်းအစီအစဥ်ကို ၂၀၂၆ ခုနှစ် မတ်လ မှ ဇွန်လ အတွင်း အွန်လိုင်းမှ ပြုလုပ်သွားမည်ဖြစ်ပါသည်။
သင်တန်းတွင် ပြစ်မှုဆိုင်ရာဥပဒေ၏ အခြေခံကျွမ်းကျင်မှုဆိုင်ရာ နည်းစနစ်ဗျူဟာများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် သက်သေခံဥပဒေ၊ အထူးဥပဒေများနှင့် ပြစ်မှုတစ်ခု၏ အင်္ဂါရပ်များ၊ ပြစ်မှုဆိုင်ရာတာဝန်ကျရောက်မှုနှင့် သက်သေခံအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ IBJ မှ အတွေ့အကြုံရှိသော ဝါရင့်ရှေ့နေကြီးများ၊ နိုင်ငံတကာ ရှေ့နေများက ပို့ချမည့် ပြစ်မှုဆိုင်ရာခုခံချေပရေးနှင့် အမှုသည်ဗဟိုပြု ဥပဒေအထောက်အကူပြုရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်သည့် နည်းဗျူဟာများကို သင်ယူလေ့လာနိုင်မည်ဖြစ်ပါသည်။

သင်တန်းကာလ - ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ

သင်တန်းအချိန် - နှစ်ပတ် (၁) ကြိမ် စနေနေ့များတွင် နံနက် ၉း၀၀ မှ ညနေ ၄း၀၀ နာရီ အထိ

လျှောက်ထားနိုင်သူများ - ရှေ့နေရှေ့ရပ်များ၊ အလုပ်သင်ရှေ့နေများနှင့် ဥပဒေ ကျောင်းသူ/ကျောင်းသားများ။

လျှောက်ထားရန် (Link Updated) - https://forms.gle/hLwt4HkCHqtSAWH1A သို့မဟုတ် IBJ Myanmar ၏ အီးမေးလ် [email protected] သို့ပေးပို့၍ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

အစီအစဥ်အသေးစိတ်နှင့် စည်းကမ်းသတ်မှတ်ချက်များကို - https://bit.ly/4rVQOgQ တွင်ဖတ်ရှုနိုင်ပါသည်။

IBJ MYANMAR recognizes the dedication and courage of women lawyers who give their time and knowledge to support women in...
06/03/2026

IBJ MYANMAR recognizes the dedication and courage of women lawyers who give their time and knowledge to support women in need of justice.
IBJ MYANMAR’s lawyers continue to give legal assistance and protection to female clients who face injustice. Through their work, IBJ MYANMAR’s lawyers not only defend the rights of women in court but also support their families and children, helping them regain dignity, stability, and hope for the future. By empowering women through justice, stronger families and communities can grow.

IBJ MYANMAR သည် တရားမျှတမှု လိုအပ်နေသော အမျိုးသမီးများအား ကူညီရန်အတွက် မိမိတို့၏ အချိန်နှင့် ပညာကိုရင်း၍ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် အမျိုးသမီး ရှေ့နေများ၏ ကြိုးပမ်းမှုနှင့် သတ္တိကို အသိအမှတ်ပြု ဂုဏ်ပြုပါသည်။

IBJ MYANMAR မှ ရှေ့နေများသည် မတရားမှုနှင့် ရင်ဆိုင်နေရသော အမျိုးသမီး အမှုသည်များအား ဥပဒေရေးရာ အကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုများကို ဆက်လက် ပေးအပ်လျက်ရှိပါသည်။

IBJ MYANMAR မှ ရှေ့နေများသည် တရားရုံးတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးရုံသာမက ၎င်းတို့၏ မိသားစုများနှင့် ကလေးငယ်များကိုပါ ကူညီပံ့ပိုးပေးခြင်းဖြင့် ဂုဏ်သိက္ခာရှိသော၊ တည်ငြိမ်ပြီး မျှော်လင့်ချက်ရှိသော အနာဂတ်ကို ပြန်လည် ရရှိစေရန် ကူညီပေးနေပါသည်။

တရားမျှတမှုမှတစ်ဆင့် အမျိုးသမီးများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြင့် ပိုမိုခိုင်မာသည့် မိသားစုများနှင့် လူ့အဖွဲ့အစည်းများကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

IBJ Myanmar-Legal Helpline
မန္တလေး - 09 94 1000 771 | တောင်ငူ - 09 94 1000 772 | ဘားအံ - 09 94 1000 773 တောင်ကြီး - 09 94 1000 774 | နေပြည်တော် - 09 94 1000 775 | အထွေထွေစုံစမ်းမှုများအတွက် - 09 94 1000 776


.

IBJ Myanmar (ဘားအံစင်တာ)မှ ဥပဒေအထောက်အကူပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လိုသော ရှေ့နေများအတွက် အခွင့်အလမ်းတစ်...
16/01/2026

IBJ Myanmar (ဘားအံစင်တာ)မှ ဥပဒေအထောက်အကူပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လိုသော ရှေ့နေများအတွက် အခွင့်အလမ်းတစ်ခုဖော်ဆောင်လာခဲ့ပါပြီ။

အတွေ့အကြုံရင့်သန်သော စီနီယာရှေ့နေများထံမှသင်ယူလေ့လာခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့် စသည့်တိုးတက်အောင်မြင်စေမည့်အခွင့်အလမ်းများ သင့်ရှေ့မှာရောက်ရှိနေပါပြီ။

အခွင့်အလမ်းများကို သင်ကိုယ်တိုင်ရယူဖို့ အခုပဲလျှောက်ထားလိုက်ပါ။

အသေးစိတ်ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါတယ်။
http://bit.ly/3YF1io3

အခြားသိရှိလိုသည်များရှိပါက… 09 94 1000 776 သို့လည်းကောင်း၊ [email protected] သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

IBJ Myanmar (တောင်ငူစင်တာ)တွင် အရည်ချင်းပြည့်ဝသော၊ စိတ်အားထက်သန်သော၊ ဥပဒေအထောက်အကူပြုရေးအခန်းကဏ္ဍတွင် စိတ်ပါဝင်စားသော Pr...
17/12/2025

IBJ Myanmar (တောင်ငူစင်တာ)တွင် အရည်ချင်းပြည့်ဝသော၊ စိတ်အားထက်သန်သော၊ ဥပဒေအထောက်အကူပြုရေးအခန်းကဏ္ဍတွင် စိတ်ပါဝင်စားသော Program Officer- Team Member အသစ်ခေါ်ယူလျက်ရှိပါသည်။

IBJ Myanmar (တောင်ငူစင်တာ) အဖွဲ့ဝင်များနှင့်အတူ သင့်ရဲ့အရည်အချင်းတွေ ထုတ်ဖော်မြှင့်တင်သွားဖို့ အခွင့်အရေးက သင့်ရှေ့ရောက်ရှိလာပါပြီ….

အခုပဲ လျှောက်ထားလိုက်ပါ……✍️✍️

အလုပ်ခေါ်စာ အသေးစိတ်ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါတယ်။
https://bit.ly/4alWFGy

အခြားသိရှိလိုသည်များရှိပါက…
09 94 1000 776 သို့လည်းကောင်း၊ [email protected] သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

“Human Rights: Our Everyday Essentials.”လူသားအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာကွယ်ကို ခြားနားခြင်း မခံရစ...
10/12/2025

“Human Rights: Our Everyday Essentials.”

လူသားအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏အကာကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်။
(အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်-၇)

IBJ Myanmar သည် ကလေးသူငယ်များ၊ LGBT များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ တန်းတူအခွင့်အရေး မရရှိသူများ၊ ငွေကြေးမတတ်နိုင်သူများအတွက် အခမဲ့ရှေ့နေအကျိုးဆောင်ပေးခြင်းအားဖြင့် တရားမျှတမှုလက်လှမ်းမီရရှိစေရန်အတွက် တဖက်တလမ်းမှ ကူညီဆောင်ရွက်လျက်ရှိပါသည်။
ဥပဒေရေးရာကိစ္စများအတွက် IBJ Myanmar-Legal Helpline များကို အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မန္တလေး - 09 94 1000 771 | တောင်ငူ - 09 94 1000 772 | ဘားအံ - 09 94 1000 773 တောင်ကြီး - 09 94 1000 774 | နေပြည်တော် - 09 94 1000 775 | အထွေထွေစုံစမ်းမှုများအတွက် - 09 94 1000 776



“အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တယ်” အရိုးကွဲအောင်ရိုက်တာက ဥပဒေနဲ့ညီရဲ့လား?ခင်ပွန်းသည်က ဇနီးမယားကို ရိုက်နှက်ခွင့် ...
06/12/2025

“အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တယ်”

အရိုးကွဲအောင်ရိုက်တာက ဥပဒေနဲ့ညီရဲ့လား?ခင်ပွန်းသည်က ဇနီးမယားကို ရိုက်နှက်ခွင့် မရှိသလို၊ ဇနီးမယားကလည်း ခင်ပွန်းသည်ကို ရိုက်နှက်ခွင့် မရှိပါဘူး။ “အရိုးကွဲအောင်/အရိုးကျိုးအောင် ရိုက်နှက်ခြင်းသည်“အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၂၅အရ အရေးယူခြင်းခံရနိုင်ပါတယ်။

ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်(၇)နှစ်ထိ ချမှတ်ခြင်းခံရနိုင်ပါတယ်။ “ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှု” ဖြစ်လို့ သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူအနေဖြင့် “ကြီးလေသောရက်စက်မှု”ကို ကျူးလွန်ခြင်းဖြစ်လို့ ဇနီးဖြစ်သူမှာ လင်မယား ကွာရှင်းပြတ်စဲခွင့်ကို ရရှိတဲ့အပြင် “ကြီးလေသော ရက်စက်မှု”ကို ကျူးလွန်သူမှာ ပါရင်းပစ္စည်းအပါအဝင် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ ဝေစုအားလုံးကို ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒေါ်ပု နှင့် မောင်ထွန်းခ၊ ၁၉၄၆ ခုနှစ်၊ မတစ(ရန်ကုန်)၊ စာ ၁၂၅။

အိမ်ထောင်ရေးပြဿနာများနှင့်ပတ်သက်၍ ဥပဒေအကြံဥာဏ်များရယူရန် IBJ Myanmar-Legal Helpline များကို အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မန္တလေး - 09 94 1000 771 | တောင်ငူ - 09 94 1000 772 | ဘားအံ - 09 94 1000 773တောင်ကြီး - 09 94 1000 774 | နေပြည်တော် - 09 94 1000 775 | အထွေထွေစုံစမ်းမှုများအတွက် - 09 94 1000 776

မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုတို့မရှိစေရဘဲ မွေးရာပါ အခွင့်အရေးများ၊ အသက်ရှင်သန်ခွင့်၊ နိ...
03/12/2025

မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုတို့မရှိစေရဘဲ မွေးရာပါ အခွင့်အရေးများ၊ အသက်ရှင်သန်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာလေးစားမှုတို့ကို ခံစားခွင့်ရှိသည်။ (မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၈၊ ၉)
IBJ Myanmar-Legal Helpline
မန္တလေး - 09 94 1000 771 | တောင်ငူ - 09 94 1000 772 | ဘားအံ - 09 94 1000 773 တောင်ကြီး - 09 94 1000 774 | နေပြည်တော် - 09 94 1000 775 | အထွေထွေစုံစမ်းမှုများအတွက် - 09 94 1000 776

Promoting Access to Justice is Ending Sexual and Gender Based Violence against Women. (IBJ MYANMAR)တရားမျှတမှု လက်လှမ်းမ...
25/11/2025

Promoting Access to Justice is Ending Sexual and Gender Based Violence against Women. (IBJ MYANMAR)
တရားမျှတမှု လက်လှမ်းမီရေးကို မြှင့်တင်ခြင်းအားဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဂျန်ဒါ အခြေပြု အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ပါသည်။ (IBJ - မြန်မာ)

IBJ Myanmar-Legal Helpline
မန္တလေး - 09 94 1000 771 | တောင်ငူ - 09 94 1000 772 | ဘားအံ - 09 94 1000 773 တောင်ကြီး - 09 94 1000 774 | နေပြည်တော် - 09 94 1000 775 | အထွေထွေစုံစမ်းမှုများအတွက် - 09 94 1000 776


Address

Room No. (1), YMCA Building, Bogyoke Aung San Road, Thit Taw Quarter
Taunggyi
06011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959771000990

Alerts

Be the first to know and let us send you an email when IBJ Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IBJ Myanmar:

Share

Category