အဓိပတိ-တောင်ကြီး Legal Group

အဓိပတိ-တောင်ကြီး Legal Group မြမြင့်မိုရ် Law Firm
အဓိပတိ(တောင်ကြီး)Legal Group Company
Limited.

05/06/2026
နိုတြီပဗ္ဗလစ်လုပ်ငန်းများအား ဂရုပြုဆောင်ရွက်ကြရန်ကြေညာချက်နေပြည်တော်၊ မေ ၂၅ရည် ညွှန်း ချက်။       (၁) တရားရုံးချုပ်၏၂၀-၄...
27/05/2026

နိုတြီပဗ္ဗလစ်လုပ်ငန်းများအား ဂရုပြုဆောင်ရွက်ကြရန်ကြေညာချက်
နေပြည်တော်၊ မေ ၂၅

ရည် ညွှန်း ချက်။ (၁) တရားရုံးချုပ်၏၂၀-၄-၁၉၈၉ ရက်စွဲပါစာအမှတ် ၁၀၇/၅/တရခ

(၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၂-၅-၂၀၂၆ ရက်စွဲပါစာအမှတ် ၁၈/၁၂၂/ပတခ(၈၇၅/၂၀၂၆)

နိုတြီပဗ္ဗလစ်များသည် တရားမဝင်အဖွဲ့အစည်းများက ထုတ်ပေးသည့် စာမှတ်စာတမ်းများကို ထောက်ခံချက်ပြုလုပ်ပေးခြင်း၊ မှားယွင်းစွာဘာသာပြန်ဆိုခြင်း၊ ကွာရှင်းစာချုပ်တွင်ဖော်ပြထားသည့်နေ့ရက်၌ ရန်ကုန်တိုင်းတရားရုံး တည်ရှိခြင်းမရှိဘဲ ရန်ကုန်တိုင်း‌ဒေသကြီး တရားလွှတ်တော်အဖြစ်တည်ရှိနေသည်ကို သိရှိလျက်‌မမှန်ကန်သည့် ကွာရှင်းစာချုပ်ကိုထောက်ခံချက်ပြုလုပ်ပေးခြင်း၊ နိုတြီဆိုင်များမှ ယူလာသောစာချုပ်များကိုလက်ခံ၍ တစ်နေ့လျှင် စောင်ရေ ၂၀၀ ကျော် ၃၀၀ နီးပါး လက်မှတ်ရေးထိုးပေးနေခြင်းမှာ စိစစ်မှုအားနည်းစေနိုင်ခြင်းတို့ကြောင့် အရေးယူခဲ့ရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိပါသည်။

အချို့သော နိုတြီပဗ္ဗလစ်များသည် မိမိတို့အသုံးပြုသော သက်ဆိုင်ရာပုံစံများတွင် လက်မှတ်များကြိုတင်ရေးထိုးလျက် ‌လျှောက်လွှာစာရေးအစရှိသည့် ပုဂ္ဂိုလ်များအားတာဝန်မဲ့စွာပေးထားကြခြင်း၊ ဆိုင်ရာပုံစံများပါ ဖြည့်သွင်းမှုကို ကိုယ်တိုင်စစ်ဆေးမှုမရှိသဖြင့် မသမာမှုများပေါ်‌ပေါက်ခြင်းတို့ကြောင့် နိုတြီပဗ္ဗလစ်များအပေါ် အထင်အမြင်မှားစေမည့်လုပ်ရပ်များရှောင်ရှားကြရန်နှင့် ယင်းကိစ္စများပေါ်ပေါက်လာပါကနိုတြီပဗ္ဗလစ်၏တာဝန်များကို ပြန်လည်ရုပ်သိမ်းမည့်ပြင်ရှေ့နေကျင့်ဝတ်ဖောက်ဖျက်မှုဖြင့်လည်းအရေးယူမည်ဖြစ်ကြောင်း ဖော်ပြညွှန်ကြားသည့် ရည်ညွှန်း (၁) စာကို နိုတြီပဗ္ဗလစ်ခန့်အပ်သည့် အမိန့်ကြော်ငြာစာနှင့် ပူးတွဲ၍ပေးပို့ထားပါသည်။

နိုတြီပဗ္ဗလစ်များသည် သာမန်တရားလွှတ်တော်ရှေ့နေများထက် ပို၍ကြီးလေးသောတာဝန်များကို ထမ်းဆောင်သူများဖြစ်သည်နှင့်အညီ မိမိလက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းများ၏ စစ်မှန်မှုကို တာဝန်ယူစိစစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန်နှင့် ဂရုပြုဆောင်ရွက်သွားကြရန်၊ အလားတူကိစ္စများ ပေါ်ပေါက်လာပါကထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရည်ညွှန်း (၂) စာကို ထပ်မံထုတ်ပြန် ပေးပို့ထားကြောင်း အသိပေးကြေညာပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

▒▓█▇▅▃ အမှုခေါ်စာရင်း  ▃▅▇█▓▒🄰 ⚜ 🄳 ⚜  🄸 ⚜ 🄿 ⚜  🄰 ⚜  🅃 ⚜ 🄸 ပြည်ထောင်စုတရားလွှတ်တော်ချုပ်                        ၏        ...
24/04/2026

▒▓█▇▅▃ အမှုခေါ်စာရင်း ▃▅▇█▓▒

🄰 ⚜ 🄳 ⚜ 🄸 ⚜ 🄿 ⚜ 🄰 ⚜ 🅃 ⚜ 🄸

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကြို တင် အ မှု ခေါ် စာ ရင်း

🗂 ရာဇဝတ် 🗂 တရားမ

🗓 (၁၁-၅-၂၀၂၆ ရက်နေ့မှ ၁၅-၅-၂၀၂၆ ရက်နေ့အထိ)‌
📁 ဖြည့်စွက်လျာထားခြင်းများ

➖➖ 🅢🅞🅤🅡🅒🅔 > USC ➖➖
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် Website မှ ကူးယူဖော်ပြသည်။)


#အမှုခေါ်စာရင်း

(၁၂-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရ...
22/04/2026

(၁၂-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်
နေပြည်တော်၊ ဧပြီ ၂၁

🄰 ⚜ 🄳 ⚜ 🄸 ⚜ 🄿 ⚜ 🄰 ⚜ 🅃 ⚜ 🄸

(၁၂-၅-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၁၃၈) ဦးသည် အခမ်းအနားတက်ရောက် ရမည်ဖြစ်ပါသည်။

အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၃၈) ဦးသည် (၁၁-၅-၂၀၂၆) ရက်နေ့တွင်ပြုလုပ်မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာ‌ပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကိုလည်းကောင်း၊ (၁၂-၅-၂၀၂၆) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

➖➖ 🅢🅞🅤🅡🅒🅔 > USC ➖➖
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် Website မှ ကူးယူဖော်ပြသည်။)

▒▓█▇▅▃ အမှုခေါ်စာရင်း  ▃▅▇█▓▒🄰 ⚜ 🄳 ⚜  🄸 ⚜ 🄿 ⚜  🄰 ⚜  🅃 ⚜ 🄸 ပြည်ထောင်စုတရားလွှတ်တော်ချုပ်                        ၏        ...
10/04/2026

▒▓█▇▅▃ အမှုခေါ်စာရင်း ▃▅▇█▓▒

🄰 ⚜ 🄳 ⚜ 🄸 ⚜ 🄿 ⚜ 🄰 ⚜ 🅃 ⚜ 🄸

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကြို တင် အ မှု ခေါ် စာ ရင်း

🗂 ရာဇဝတ် 🗂 တရားမ

🗓 (၄-၅-၂၀၂၆ ရက်နေ့မှ ၈-၅-၂၀၂၆ ရက်နေ့အထိ)‌

➖➖ 🅢🅞🅤🅡🅒🅔 > USC ➖➖
(ပြည်ထောင်စုတရားလွှတ်တော်ချုပ် Website မှ ကူးယူဖော်ပြသည်။)


#အမှုခေါ်စာရင်း

Address

Circular Road, Kyaung Gyi Su Qtr
Taunggyi

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Telephone

+959954337973

Alerts

Be the first to know and let us send you an email when အဓိပတိ-တောင်ကြီး Legal Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အဓိပတိ-တောင်ကြီး Legal Group:

Share