The Road To Success

  • Home
  • The Road To Success

The Road To Success Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Road To Success, Legal, phyoe@useless, .

“အတိတ်ကို အတိတ်မှာပဲ မထားခဲ့နိုင်ဘူးဆိုရင် ဒီပုံပြင်လေးက သင့်အတွက်ပါပဲ”တခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်တောကြီးတစ်ခုမှာ ...
16/06/2025

“အတိတ်ကို အတိတ်မှာပဲ မထားခဲ့နိုင်ဘူးဆိုရင် ဒီပုံပြင်လေးက သင့်အတွက်ပါပဲ”

တခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်တောကြီးတစ်ခုမှာ ချစ်စရာကောင်းတဲ့ ငှက်ကလေးတစ်ကောင် နေထိုင်ခဲ့ပါတယ်။ သူ့မှာ တောက်ပတဲ့ အမွေးအတောင်တွေနဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိပါတယ်။

ဒါပေမယ့် သူ့မှာ ထူးဆန်းတဲ့ အလေ့အကျင့်တစ်ခု ရှိတယ်။ သူဟာနေ့တိုင်း မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှကို ကျောက်စရစ်ခဲလေးတစ်ခုပေါ်မှာ ရေးမှတ်ထားပါတယ်။ ပျော်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ နာကျင်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ ဘယ်အခိုက်အတန့်ကိုမဆို မှတ်သားထားသင့်တယ်လို့ သူကယုံကြည်တယ်။

ပျော်ရွှင်ဖွယ်အမှတ်တရတွေက ကျွန်တော်တို့ကို ပြုံးပျော်ရွှင်စေတာကြောင့် အမြဲတမ်းသတိရနေဖို့အတွက် ရေးမှတ်သင့်ပြီး ၊ မကောင်းတဲ့အရာတွေကိုတော့ နှလုံးသားထဲမှာ မထားဘဲ ရေးမှတ်ပြီး လွှတ်ချသင့်တယ်လို့ သူထင်ပါတယ်။

ဒါကြောင့် နေ့တိုင်း ကျောက်စရစ်ခဲအသစ်တစ်ခုကို ကောက်ယူ၊ သူ့နှုတ်သီးနဲ့ သူ့အတွေးတွေကို အပေါ်မှာရေးပြီး၊ သူပျံသန်းတဲ့နေရာတိုင်းမှာ သယ်ဆောင်သွားတဲ့ အဝတ်အိတ်ကလေးထဲ ထည့်ပြီးသယ်သွားလေ့ရှိတယ်။

အစပိုင်းမှာတော့ ဒါဟာအရမ်းကိုလှပတဲ့ခံစားချက်
တစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာအမှတ်တရတွေကို စုဆောင်းရတာ နှစ်သက်ပြီး၊ ဒါတွေက သူ့အနာဂတ်အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

အဲဒီအိတ်ကလေးဟာလည်း သူ့ဘဝရဲ့ အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ဘဏ္ဍာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် နေ့တွေကြာလာတာနဲ့အမျှ သူ့အိတ်က ပိုလေးလာပါတယ်။

ကျောက်တွေများလာတာနဲ့အမျှ အလေးချိန်တိုးလာပြီး တဖြည်းဖြည်းနဲ့ သူ့အတောင်ပံတွေကို ထိခိုက်လာပါတော့တယ်။ သူပျံသန်းနှုန်းက နှေးကွေးလာပြီး၊
အရင်လို မြင့်မြင့်မပျံနိုင်တော့တာကို ငှက်ကလေးက သတိမထားမိဘဲ ကျောက်တွေကိုသာဆက်ပြီး စုဆောင်းနေခဲ့ပါတယ်။

တစ်နေ့မှာတော့ သူက အတွေ့အကြုံရှိတဲ့ ဇီးကွက်ကြီးတစ်ကောင်နဲ့ တွေ့ပါတယ်။ ဇီးကွက်ကြီးက "ဘာကြောင့် အဲဒီအိတ်ကို သယ်နေတာလဲ ငှက်ကလေး" လို့ မေးတော့ ငှက်ကလေးက ပြုံးပြီး "ဒါက ကျွန်မဘဝကို သယ်ထားတာပါ။ ပျော်စရာ၊ နာကျင်စရာ၊ သင်ခန်းစာတိုင်းပါပဲ။" လို့ပြန်ဖြေပါတယ်။

ဇီးကွက်ကြီးက နဖူးတွန့်ပြီး "ဒါဆို မင်းက အခုလက်ရှိအချိန်မှာရော နေရဲ့လား။ ဒါမှမဟုတ် မနေ့ကအရာတွေကို ကျောပေါ်မှာတင်ပြီး ပျံနေတာလား" လို့ထပ်မေးတော့ ငှက်ကလေးက ဇီးကွက်ကြီးရဲ့အမေးကိုနားမလည်တာကြောင့် အဖြေမပေးဘဲ အဝေးတစ်နေရာကို ပျံထွက်သွားခဲ့ပါတယ်။

အချိန်တွေကြာလာတော့ သူ့အိတ်က အပြည့်ဖြစ်လာပြီး ကျောက်တွေက ထွက်ကျလာပါတယ်။ မြေကြီးပေါ်ကနေ ပျံတက်ဖို့တောင် သူခက်ခဲနေပါပြီ။ သူ့အတောင်တွေက နာကျင်နေပြီး၊ အားအင်တွေ ကုန်ခမ်းသွားခဲ့ပါတယ်။

မိုးရွာတဲ့ညနေခင်းတစ်ခုမှာ ဘေးကင်းစွာ ပျံသန်းဖို့ကြိုးစားနေစဉ်သူမြေပြင်ပေါ်ကို အရှိန်နဲ့ကျဆင်းသွားခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ အမှတ်တရကျောက်တွေရဲ့ အလေးချိန်က သူ့ရဲ့နုနယ်တဲ့ခန္ဓာကိုယ်ကို ဖိမိပြီး ငှက်ကလေးဟာ အဆုံးသတ်မလှစွာနဲ့ ကြေမွသွားခဲ့ပါတယ်။

သူအသက်ရှင်ဖို့ အထောက်အကူဖြစ်မယ်လို့ ထင်ခဲ့တဲ့ အမှတ်တရတွေကပဲ သူ့အသက်ကို နှုတ်ယူသွားခဲ့ပါတယ်။

အဲဒီညမှာပဲ ဇီးကွက်ကြီးက သူ့ကို ထပ်ပြီးလာတွေ့ပါတယ်။ သူဟာလဲကျနေတဲ့ ငှက်ကလေးကို ကြည့်ရင်း "အမှတ်တရတွေက လမ်းပြဖို့သာ ရည်ရွယ်တာ၊ မင်းကို နောက်ပြန်ဆွဲဖို့ မဟုတ်ဘူး" လို့ ဝမ်းနည်းစွာ တိုးတိုးလေးပြောလိုက်ပါတယ်။

ငှက်ကလေးဟာ အရာအားလုံးကို သယ်ဆောင်ဖို့ ကြိုးစားရင်း ဘဝကို ရှင်သန်ဖို့ မေ့သွားခဲ့တယ်။

တခါတလေ ငှက်ကလေးလိုပဲအမှတ်တရတွေကို စုဆောင်းမိပြီး အကောင်းနဲ့အဆိုးကို အမြဲတမ်းတွေးနေတတ်ကြပါတယ်။ အကယ်၍ အတိတ်တွေကို နေ့တိုင်းသယ်ဆောင်ထားမယ်ဆိုရင် စိတ်အတွင်းထဲမှာ သေချာပေါက်ပင်ပန်းလာပါလိမ့်မယ်။

ဒါ့အပြင်အမြဲတမ်းအတိတ်မှာပဲ နေထိုင်နေတာကြောင့် ဒီနေ့ကို မခံစားနိုင်တော့တဲ့အပြင် အနာဂတ်ဆီကိုပျံသန်းဖို့လည်း မတတ်နိုင်တော့ပါဘူး။

ငှက်ကလေးလိုပဲ လူတွေအတော်များများဟာ အတိတ်ရဲ့နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေကို အချိန်အကြာကြီး သယ်ဆောင်ထားတတ်ကြပါတယ်။ ဒါပေမယ့် တကယ့်ဘဝဆိုတာ လွှတ်ချတတ်ဖို့ပါပဲ။ ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်ပြောင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ကိုတော့ လှပအောင် ဖန်တီးနိုင်ပါတယ်။

ဒါကြောင့် ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ၊ ရှေ့ဆက်သွားပါ။ အသစ်တွေကို အတွေ့အကြုံရယူပါ၊ အသစ်တွေဆီကို ခြေလှမ်းလှမ်းပါ၊ ပေါ့ပါးတဲ့နှလုံးသားနဲ့ နေထိုင်ပါ။ ကျေးဇူးတင်တတ်ပါ၊ သည်းခံပါ၊ အမြဲတမ်း ရှေ့ဆက်သွားပါ။

ကလေးက အမေ ဒီဟင်းနဲ့မစားချင်ဘူး ဟိုဟင်းနဲ့စားမယ်အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင် နားအေးတာပဲ လို့ မြင်ကေ...
20/04/2025

ကလေးက အမေ ဒီဟင်းနဲ့မစားချင်ဘူး
ဟိုဟင်းနဲ့စားမယ်

အမေ့အမြင်မှာ သူ တောင်းဆိုတဲ့ ဟင်းနဲ့ ကျွေးလိုက်ရင်
နားအေးတာပဲ လို့ မြင်ကောင်းမြင်နိုင်ပါတယ်
ဒါပေမယ့် ခလေးစိတ်ထဲမှာ
စားချင်သလို စားခွင့် ရှိတယ်
စားချင်သလောက် စားမယ်ဆိုတာမျိုး

ဘယ်အရာကိုမှ ကန့်သတ် (စည်းကမ်း)
ထားစရာမလိုဘူး ဆိုတဲ့
ခံယူချက်ကလေးတွေ တဖြည်းဖြည်းနဲ့
ဝင်လာနေတာကို ဒီအမေ သတိ မထားမိလိုက် ပါဘူး

အမေ သားဒီနေ့ကျောင်းမသွားချင်ဘူး
အေး အေး အမေခွင့်တိုင်ပေးမယ်

ဒီအမေ အတွေးထဲမှာ ဒီနေ့ တစ်ရက်ကျောင်း
မသွားတာနဲ့ ဘာမှမထူးပါဘူးလို့ ထင်မှတ်နေတာပါ.

တကယ်တော့ ကျောင်းပုံမှန် သွားရမယ်ဆိုတဲ့
စည်းကမ်းကို အလွယ်တကူ ချိုးဖောက်ဖို့
အားပေးကူညီ လိုက်တာပါ

ကျောင်းတစ်ရက် ပျက်တာ
ဘာမှမဖြစ်ပေမယ့်
ကလေးစိတ်ထဲမှာ
ငါမတက်ချင်လည်းရတာပဲ
ဆိုတဲ့ဘယ်အရာကိုမဆို

အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က
တဖြည်းဖြည်း အားကောင်းလာတတ်ပါတယ်
ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး

အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်
အေး ဦးအောင်သာပြန်ဆော်ခဲ့ လုံးဝ မခံခဲ့နဲ့
ဖြစ်လာသမျှ အမေလိုက်ရှင်းမယ်

ဒီအမေ အမြင်မှာ ဒီလိုပြဿနာတွေကို
သားနိုင်ကိုနိုင်ရမယ် ငါလိုက်ရှင်းမယ်
ဘာဖြစ်ဖြစ်ဆိုတာမျိုး.

တကယ်တော့ ကလေးဟာ
ပြသနာတခုခုကို သူ့အရွယ်နဲ့သူ
မဆုံးဖြတ်နိုင်တော့ပဲ

ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး ဘာလုပ်လုပ် ငါ့မိဘရှင်းမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို တဖြည်းဖြည်း
ဖန်တီးယူလာတာပါ

ဒါကို ဒီအမေ သတိမထားမိလိုက် ပါဘူး
ကြီးလာရင် တဖြည်းဖြည်း သင်ယူသွားလိမ့်မယ်
ဆိုတာ မဟုတ်ပါဘူး။

ခလေးဆိုတာ သွေးတိုးစမ်းတတ်ပါတယ်*
(ပထမအရွယ်မှာ ချော့ရပါတယ်
ဒုတိယအရွယ်မှာ ခြောက်ရပါတယ် ၊
တတိယအရွယ်မှာချော့တစ်ခါ
ခြောက်တစ်လှည့် လုပ်ရပါတယ်)

ငယ်စဉ်ကတည်းက သင်ကြားပေးလို့ရတဲ့
ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိပါတယ်

သူ့ဖိနပ်ကိုသူ စနစ်တစ်ကျ ချွတ်ခိုင်းပါ
ထမင်းစားတာကို မဖိတ်မစင်အောင် စားခိုင်းပါ..
(ကိုယ် ကြွေးချင်တဲ့ အစာအဟာရကို မဖြစ်မနေ
ခလေးစားအောင် ကြိုးစားပါ)

သူ ကစားပြီးသား ကစားစရာကို
သူကိုယ်တိုင် စနစ်တစ်ကျသိမ်းခိုင်းပါ
(မသိမ်းရင် နောက်ထပ်သူ့ရဲ့ဆန္ဒကို လုံးဝခွင့်မပြုပါနဲ့)
ငယ်စဉ်ထဲက စနစ်တကျ တဖြည်းဖြည်းခြင်း
ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်

ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့
ခလေးဟာ ကြီးလာရင်လည်း
ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ
မလိုက်နာဖို့များပါတယ်

ကလေးတွေကိုပေးရမယ့်
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ
ပူဆာသမျှအရုပ်တွေ ဝယ်ပေးတာမျိုး
ပို့ခိုင်းသမျှ ကစားကွင်းတွေ အမြဲတစေ
လိုက်ပို့တာမျိုးရယ်တော့ မဟုတ်ပါဘူး

လက်ရှိရှိနေတဲ့ အနေအထားမှာ
ရှိနေတဲ့ပတ်ဝန်းကျင် ရောက်နေတဲ့အသက်အရွယ်မှာ သူ့ကိုယ်ပိုင်အသိတရား
လေးနဲ့ စည်းကမ်းတကျလေး
ပျော်ရွှင်စေရမှာဖြစ်ပါတယ်

ကလေးအိပ်နေလို့ မနှိုးချင်လို့
ကျောင်းပျက်တာကိုအရေးမကြီးသလို
ယူဆနေတဲ့မိဘတွေ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့
မခွာတဲ့ ခလေးတွေကို ပြောမရဘူး
ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့
ခွင့်ပြုထားတဲ့ မိဘတွေ

ဖုန်းတစ်လုံးမှာ ငါတို့တောင်မသိတာတွေ
သူသိတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘတွေ
တစ်နေ့ ၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး

ကြီးလာရင်တော့ သေချာပေါက် ပညာတတ်ဖြစ်မှာပဲလို့ စိတ်ကူးယဉ်နေတဲ့ မိဘတွေ

ခလေးလေးက လူကြီးလောက်နီးနီး
ဆဲတတ်တာကို စကားတတ်တယ်ဆိုပြီး
ဂုဏ်ယူနေကြတဲ့ မိဘတွေ

ခလေးလေးက ဘီယာဝိုင်း
လိုက်ထိုင်သောက်တတ်တာကို
ဆရာကြီးကွဆိုပြီးကြံဖန်ဂုဏ်ဆာနေကြတဲ့
မိဘမျိုးတွေပတ်ဝန်းကျင်မှာ
အများကြီးတွေ့နေရပါတယ်

ကိုယ့်ခလေး ကိုယ်ကြိုက်တာလုပ်နိုင်ပါတယ်
ကိုယ့်သားသမီး ကိုယ်ကြိုက်သလိုပုံသွင်း
နိုင်ပေမယ့်တစ်ခုတော့ သတိပေးချင်ပါတယ်

ပစ်ချင်သလို ပစ်ထားတဲ့မျိုးစေ့
ပေါက်ချင်သလိုပေါက်မှာပဲဆိုတာ
မမေ့ပါနဲ့နော်.။( ချစ်ခြင်းကို နှစ်ခြင်းဖြင့် အနိုင်မယူမိပါစေနှင့် )

ကျွန်တော်  ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ။ ကြောင်လေးက မြွေဟောက်ရဲ့အမြီးကိုကြွက်လို့ထင်ပြီး ဖမ်းဖို့ပ...
18/09/2024

ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းက
သဘောရိုးပဲတွေးမြင်ခဲ့တာပါ။
ကြောင်လေးက မြွေဟောက်ရဲ့အမြီးကို
ကြွက်လို့ထင်ပြီး ဖမ်းဖို့ပြင်နေတဲ့ ပုံပေါ့။

သေချာလေ့လာကြည့်မှ ဒါဟာ
အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့
Mr.Marco Melgrati ရေးဆွဲခဲ့တဲ့
သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။

မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး
ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ
မင်းလုံးဝမသိသေးပဲ လွယ့်လင့်တကူ မကစားပါနဲ့..
သူများက မင်းအကြောင်း အကုန်လုံးကို
မြင်ပြီး သိပြီးသားပါ မင်းကို မသတ်ချင်သေးလို့
ကြည့်နေတယ် ဆိုတာ မှတ်ပါ။

ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့
လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။
မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့
နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အ မြဲ သတိရပါ။
ဒါကြောင့် လူတိုင်းကို လွယ်လွယ်နဲ့
ပေါ့ပေါ့တန်တန်တွေးပြီး မဆက်ဆံပါနဲ့ လေးစားမှုရှိပါ။

🛑 မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။🛑 မင်းရဲ့အခက်အခဲတွေ...
09/05/2024

🛑 မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

🛑 မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

🛑 မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

🛑 ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

🛑 သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

🛑 ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့။

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်...☺☺☺

 #ကိုယ့်ကိုယ်ကိုဆုံးမခြင်း*****************************အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အပြောင်းအလဲမြန်၏။စိတ်တို့သ...
06/05/2024

#ကိုယ့်ကိုယ်ကိုဆုံးမခြင်း
*****************************

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ်
မင်းအနားမှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက်
အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself !!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Dont feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။

12/01/2024

ဆရာဗေလုဝ 📚

သဘောကျလို့ စာသားလေးတွေကို 😍📖
01/01/2024

သဘောကျလို့ စာသားလေးတွေကို 😍📖

"စကား နှင့် တန်ဖိုး* စကားဆိုတာ သာမန်ကြည့်ရင်လူတစ်ယောက်ရဲ့တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့ထင်ရပေမယ့် လူတစ်ယောက်ရဲ့အဆင့်အတန်း...
21/12/2023

"စကား နှင့် တန်ဖိုး

* စကားဆိုတာ သာမန်ကြည့်ရင်
လူတစ်ယောက်ရဲ့တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့
ထင်ရပေမယ့် လူတစ်ယောက်ရဲ့အဆင့်အတန်း
ကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့
ရတတ်တယ်။

* စကားဆိုတာ
"စကားစကားပြောပါများ စကားထဲကဇာတိပြ"
ဆိုသလို စကားလုံးကြမ်းတွေက လူ့တန်ဖိုးကို
နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်
ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်
ဆိုတာကလည်းအမှန်ပါ။

* စကားဆိုတာ
ချစ်ခင်မှူကို ဖန်တီးပေးတတ်သလို
နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်
ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်
သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။

* စကားကြောင့် အားဖြစ်စေသလို
စကား ကြောင့်ပဲ စိတ်ဓာတ်ကျစေတတ်တယ်
အသွားမတော်တစ်လှမ်း
အစားမတော်ရင်တစ်လုတ်"ဆိုသလို
အပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲ
အရမ်းချစ်ရသူတောင်
ရန်သူဖြစ်သွားစေတတ်ပါတယ်။

* စကားဆိုတာ
အောင်မြင်မှူတွေရဲ့ ပထမခြေလှမ်းဖြစ်သလို
ဆုံးရူံးမှူတွေရဲ့ အဓိကရန်သူဖြစ်နေတတ်ပြန်တယ်
ချစ်သူတွေပေါင်းစည်းခြင်းအတွက်မြှားနတ်မောင်
ဖြစ်နေတတ်သလို အရမ်းချစ်ခဲ့ပြီးမှ ကျောခိုင်းစေ
တတ်တဲ့ တရားခံသည်လည်းပဲ စကားဖြစ်နေတတ်
ပြန်ပါတယ်။

* စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို
စကားကြောင့်ပဲ မိတ်ဆွေ ကနေ သူစိမ်းတွေဖြစ်သွား
တတ်ကြပါတယ်

* စကားဆိုတာ .......
အပြောမတတ်ရင် နှစ်ပေါင်းများစွာထိမ်းသိမ်းလာတဲ့
ဂုဏ်သိက္ခာတွေတောင် စကားတစ်ခွန်းကြောင့်
ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။

* မပြော မဖြစ်လို့ ပြောပြန်ရင်လည်း အမှားမပါစေပဲ
"ဓါး"တစ်လက်လို အကျိုးရှိစေတဲ့နေရာမှာ အသုံးချ
တတ်နိုင်ဖို့ရာ

ကိုယ်နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ်
လက်နက်"ဓါး"တစ်လက်တော့ မဖြစ်ကြပါစေနဲ့ ။
လို့ တိုက်တွန်း ဆန္ဒ ပြုလိုက်ပါရစေ။



♦️ဘဝနေနည်း ဖီလိုဆိုဖီ ♦️----------------------------------------------“မောင်ကျော်စွာ လာဟေ့”“ဒီမှာဆရာရေ ... ဆရာ့အတွက် နွာ...
19/12/2023

♦️ဘဝနေနည်း ဖီလိုဆိုဖီ ♦️
----------------------------------------------
“မောင်ကျော်စွာ လာဟေ့”

“ဒီမှာဆရာရေ ... ဆရာ့အတွက် နွားနို့လာပို့တာ”

“ဘယ်ကရလို့လဲကွ”

“ခေါင်းရင်းခြံကနွားမ နွားကျပြီလေဆရာ။ အဲဒါ ဈေးကို နို့သွားရောင်းမယ်ဆိုလို့ တစ်ပုလင်းဆွဲထား လိုက်တာ”

“အတော်ပဲကွာ ... ဒီနေ့ နွားနို့နဲ့ထမင်းသောက်ရတော့မှာပေါ့”

“ဆရာ ဖတ်စရာစာအုပ်တစ်အုပ်ယူသွားဦးမယ်။ ဒီနေ့ အလုပ်နားလို့”

“ယူသွားလေကွာ”

သူက စာအုပ်စင်မှ စာအုပ်များသွားရွေးသည်။ ထို့နောက် ဆရာဆန်းလွင်၏ “ဖီလိုဆိုဖီ ကကြီးခခွေး” စာအုပ်ကို ယူလာသည်။

“ဒီစာအုပ်ကောင်းသလားဆရာ”

“ငါ့စာအုပ်စင်မှာ မကောင်းတဲ့စာအုပ် တစ်အုပ်မှ မရှိပေါင်ကွယ်။ အကုန်ကောင်းတာတွေချည်းပဲ”

“ဆရာက ဖီလိုဆိုဖီနဲ့ကျောင်းပြီးတာနော်”

“အေးလေ”

“ဖီလိုဆိုဖီဆိုတာ နည်းနည်းလောက်ရှင်းပြပါလားဆရာ”

“ဖီလိုဆိုဖီဆိုတာက အင်္ဂလိပ်လိုတော့ Philosophy ပေါ့ကွာ။ ဂရိဘာသာစကားက “Philein” နဲ့ “Sophia” ကို ပေါင်းထားတာကွယ့်။ “Philein” ဆိုတာက နှစ်သက်မြတ်နိုးခြင်း (to Love) ပေါ့။ “Sophia” ဆိုတာက ဉာဏ်ပညာ (Wisdom) ကိုပြောတာ။ ဒါကြောင့် Philosophy ဆိုတာကို အသိပညာကို နှစ်သက်မြတ်နိုးခြင်း (Love of Wisdom) လို့ပြောနိုင်တယ်”

“ဒဿနိကဗေဒလို့လည်း ပြောသေးတယ်မဟုတ်လားဆရာ။ အဲဒါကရော ဘာအဓိပ္ပာယ်လဲ”

“ဒဿနိကဗေဒ ဆိုတာက ပါဠိဝေါဟာရ ဒဿန (Darsana) ကဆင်းသက်လာတာ။ အဓိပ္ပာယ်ကတော့ သစ္စာတရားကို သိမြင်ခြင်း (Vision of Truth) လို့ အဓိပ္ပာယ်ရတယ်”

“ခုမှ ဒီစာအုပ်တွေကိုဖတ်လို့ နားလည်ပါ့မလားဆရာ”

“အင်း ... ဖတ်ကြည့်ပေါ့ကွာ တစ်မျက်နှာဖတ်ကြည့်လို့ တစ်ကြောင်းလောက် သဘောပေါက်ရင် မဆိုးပါဘူး။ ဒီလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်ဖတ်သွားရမှာပဲ”

“ဖီလိုဆိုဖီကို ဆရာရှင်းပြတာ ပိုပြီးနားထောင်ချင်တယ်ဆရာ”

“ငါကတော့ ဖီလိုဆိုဖီဆိုတာကို လေးလေးနက်နက်ကြီးတွေ ဖတ်ပြီးတွေးတာထက် ပေါ့ပေါ့ပါးပါး ဘဝနဲ့ယှဉ်ပြီး တွေးတာမျိုးကို ပိုသဘောကျတယ်ကွ”

“ဘယ်လိုမျိုးလဲဆရာ”

“ဘဝမှာ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ဖီလိုဆိုဖီနည်းကျကျ တည်ဆောက်နေထိုင်ခြင်းမျိုးကို ပြောတာ”

“ဘယ်လိုနေထိုင်နည်းလဲဆရာ”

“ဖီလိုဆိုဖီကို အင်္ဂလိပ်လို စာလုံးပေါင်းရင် PHILOSOPHY ဆိုပြီး စာလုံး ၁၀ လုံးရတယ်ကွယ့်။ အဲဒီ စာလုံး တစ်လုံးချင်းမှာလည်း အဓိပ္ပာယ်ကိုယ်စီ ရှိနေတယ်”

“ပြောပြပါဆရာ”

“P ဆိုတာက Present Moment ကိုပြောတာ။ အတိတ်ကိုမလွမ်းနဲ့။ အနာဂတ်ကို အရမ်းမမှန်းနဲ့။ ပစ္စုပ္ပန်တည့်တည့်ရှုပြီး အကောင်းဆုံးလုပ်ဖို့ပြောတာ”

“H ဆိုတာက Health ကိုပြောတာ။ ကျန်းမာရေး ဂရုစိုက်။ ကျန်းမာအောင်နေ၊ ကျန်းမာအောင်စား”

“I ဆိုတာက Ignite the Happiness ကိုပြောတာ။ အပျော်တွေကို မီးရှို့လိုက်တဲ့။ ပျော်သင့်မှပျော်”

“L ဆိုတာက Love Unconditionally ကိုပြောတာ။ အကြွင်းမဲ့ချစ်ပါတဲ့။ ဘယ်သူတွေကို ချစ်ရမလဲ။ ချစ်သင့် ချစ်ထိုက်သူတွေကို ချစ်ပေါ့။ ဘယ်သူတွေကို ချစ်ရမယ်ဆိုတာ မင်းနားလည်မှာပါ”

“O ဆိုတာက Open to Learning ကိုပြောတာ။ စာဖတ်ပါ။ စာဖတ်ဖို့ စိတ်တံခါးကို အမြဲ ဖွင့်ပေးထားပါ။ စာဖတ်သူတွေဟာ စာမဖတ်သူတွေထက် အစစ အရာရာ သာနေပါလိမ့်မယ်”

“S ဆိုတာကာ Self-Audit ကိုပြောတာ။ ကိုယ့်ကိုယ်ကိုယ် ပိုင်းဖြတ်ဝေဖန်သုံးသပ်နိုင်အောင် ကြိုးစား။ ဒီနေ့ ငါဆိုတာ မနေ့က ငါထက် ပိုပြီးတော့ အကောင်းဆုံး လုပ်နိုင်တဲ့သူလို့ မှတ်ထား”

“O နောက် O တစ်လုံးကတော့ Optimism ကိုပြောတာ။ အကောင်းမြင်စိတ်မွေးကြည့်။ အကောင်းမြင်သမား တွေဟာ အရာရာကို အဆိုးမြင်နေသူတွေထက် စိတ်ဖိစီးသောကကင်းတယ်ဆိုတာ တွေ့ရလိမ့်မယ်"

“P ဆိုတာက Power of Now ကိုပြောတာ။ ဘာကိုမှ အချိန်ဆွဲ၊ နှောင့်နှေးမနေနဲ့။ ခုချက်ချင်း ကောက်လုပ် လိုက်”

“H ဆိုတာက High Gratitude ကိုပြောတာ။ ကျေးဇူးတရားဆိုတာ ရှိတယ်ကွယ့်။ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်နိုင်အောင် ကြိုးစားရမယ်။ အဆုံးစွန်ပြောမယ်ကွယ် ကျေးဇူးမတင်ချင်နေ ကျေးဇူးတော့ မကန်းမိစေနဲ့”

“Y ဆိုတာက Yes to Change ကိုပြောတာ။ ခေတ်ပြောင်းနေတယ်။ ကမ္ဘာသိ မြင်အောင်ကြည့်နိုင်ရမယ်။ ခေတ် နောက်ပြန်ဆွဲပြီး အဟောင်းကို ကောင်းပါတယ်ဆိုပြီး မသာယာနေသင့်ဘူး။ ပြောင်းလဲတာတွေကို သတိထားရမယ်။ ကိုယ်တိုင်လည်း လိုက်ပြောင်းနိုင်အောင် ကြိုးစားရမယ်။ မပြောင်းလဲသေးရင်လည်း ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်စွမ်းသူဖြစ်အောင် ကြိုးစားရမယ်”

“ဆရာရယ် ... အားလုံး တန်ဖိုးရှိပါတယ်။ ဖီလိုဆိုဖီဆိုတာကို ကျွန်တော်က ပေါ့ပေါ့လေးတွေးမိလိုက်တာကိုး”

“ပေါ့ပေါ့လေးပါကွာ။ ငါက ပေါ့ပေါ့လေးပဲ မင်းကို ပြောတာပါ။ တစ်ချက်ချင်းရှင်းရင် တစ်နေကုန်တာတောင် ပြီးမှာ မဟုတ်ဘူး။ အဲဒီ အကျဉ်းချုပ်လေးပဲ မှတ်ထားလိုက်။ ဖီလိုဆိုဖီနည်းကျကျ နေနိုင်အောင် ကြိုးစား အကျိုးများပါလိမ့်မယ်ကွာ”

“အဲဒီတော့ ပြန်ချုံ့ပြောမယ်ကွယ် ဖီလိုဆိုဖီနည်းကျကျ ဘဝနေနည်းလေး ၁၀ ချက်ပေါ့”

၁ - ပစ္စုပ္ပန်တည့်တည့်ရှုပြီး အကောင်းဆုံးလုပ်

၂ - ကျန်းမာရေး ဂရုစိုက်

၃ - အပျော်တွေကို မီးရှို့လိုက်

၎ - ချစ်သင့် ချစ်ထိုက်သူတွေကို ချစ်

၅ - စာဖတ်ဖို့ စိတ်တံခါးကို အမြဲ ဖွင့်ပေးထား

၆ - ကိုယ့်ကိုယ်ကိုယ် ပိုင်းဖြတ်ဝေဖန်သုံးသပ်နိုင်အောင် ကြိုးစား

၇ - အကောင်းမြင်စိတ်မွေးကြည့်

၈ - အချိန်မဆွဲနဲ့ ခုချက်ချင်းလုပ်

၉ - ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်

၁၀ - ပြောင်းလဲနိုင်အောင်ကြိုးစား။

“အဲဒါ ဖီလိုဆိုဖီနည်းကျကျ ဘဝနေနည်းပဲကွ”

(စာကြွင်း - Ignite Happiness ဆိုသည်မှာ You give it, you get it. ဆိုသည့် သဘောဖြင့် ရေးခြင်းဖြစ်ပါသည်။ Give happiness, get happiness ဆိုသည့် သဘောဖြစ်သည်။ ပေးနိုင်မှရမည်။ ယခုလိုအချိန်ကာလမျိုးတွင် အပျော်တွေကို မည်သူမျှမပေးလည်း မပေးနိုင်၊ မရလည်း မရနိုင်သဖြင့် မောင်ကျော်စွာကို မီးရှို့ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။)


#အရမ်းကောင်းလို့ဖတ်စေချင်

🗨️ ကမ္ဘာမှာ အလွယ်ဆုံးက စကားပြောတာပါ။🗨️ အခက်ဆုံးကလည်း စကားပြောရတာပါပဲ။💁‍♀️ ဘာလို့လဲဆိုရင် စကားပြောခြင်းဟာ Soft skill ထဲမှာ...
17/11/2023

🗨️ ကမ္ဘာမှာ အလွယ်ဆုံးက စကားပြောတာပါ။
🗨️ အခက်ဆုံးကလည်း စကားပြောရတာပါပဲ။

💁‍♀️ ဘာလို့လဲဆိုရင် စကားပြောခြင်းဟာ Soft skill ထဲမှာပါတဲ့ စွမ်းရည်တစ်ခုမို့လို့ ဖြစ်ပါတယ်။ ကျွမ်းကျင်စွာ စကားပြောတတ်ချင်တယ်ဆိုရင် လေ့လာရမဲ့ နည်းစနစ်တွေဆိုတာ ရှိပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ 🗣️ စကားပြောကောင်းသူဖြစ်ချင်ရင် ပြင်ဆင်ရမဲ့ အချက် (၅) ချက်ကို 📖 𝗕𝗲𝘁𝘁𝗲𝗿 𝗦𝗺𝗮𝗹𝗹 𝗧𝗮𝗹𝗸 စာအုပ်ထဲကနေ ထုတ်နုတ်ပြီး ရီဒါတွေအတွက် မျှဝေပေးလိုက်ပါတယ်ဗျ။

Address

Phyoe@useless

Website

Alerts

Be the first to know and let us send you an email when The Road To Success posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Law Practice?

Share