10/07/2025
တော်လှန်ရေးခေါင်းဆောင်များ ပြန်လည်သုံးသပ်ကြဖို့လိုပြီ......
တော်လှန်ရေးမှာ အရေးကြီးဆုံးက ဘယ်သူတွေလဲ???
ဘယ်သူတွေကို ဗဟိုပြုကြမလဲ???
တော်လှန်ရေးအစိုးရဟာ ပြည်သူကို ဗဟိုပြုရမယ်.....
ဘာလို့လည်းဆိုတော့ ပြည်သူ့ကိုယ်စားပြု အစိုးရအဖြစ် အမည်ခံပြီး အလုပ်လုပ်နေလို့.....
တော်လှန်ရေးတပ်တွေ ဟာ ရဲဘော်ကို ဗဟိုပြုရမယ်.....
ရဲဘော်တွေရဲ့ သွေးနဲ့ချွေးနဲ့
ကိုယ်လက်အင်္ဂါ တွေနဲ့ ခင်းထားလို့.....
တလရ ခရီးကြမ်းမှာ အကျိုးမမျှော်ဘဲနဲ့ ပေးဆပ်ခဲ့ကြတဲ့နေရာမှာ ရဲဘော်တွေကို ဘယ်သူမှ မမှီဘူး.....
ဒါဟာ အရှိတရားပဲ.....
အမှန်တရားပဲ.....
COC နှစ်ရပ်ဆိုပြီး ပါးစပ်က ခဏခဏ ပြောကြပြီး.....
စကစ လို အချိုးတွေနဲ့ ဗိုလ်ရူးတွေများလာရင် တလရ ကြာမှာပဲ.....
တလရ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေသူတွေအနေနဲ့......
ရဲဘော်တွေကို ကျွန်လို သဘောထားလို့မရဘူး.....
ထားရာနေ စေရာသွား ခိုင်းတာလုပ် ပေးတာစား....
ဖြစ်ချင်ရာဖြစ် ပစ်ထားလို့မရဘူး.....
ရဲဘော်တွေဆိုတာ စကစ ကို မကျေနပ်လို့ ကိုယ့်အသိစိတ်နဲ့ကိုယ် ဝင်လာကြတဲ့သူများတယ်.....
အခွင့်အရေး ရာထူး အာဏာ အတွက် ဆိုတဲ့စိတ်မရှိကြဘူး.....
စကစ ကိုတိုက်မယ်....
ပြီးရင် ကိုယ့်အလုပ် ကိုယ်လုပ်ကြမယ်
ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ကြမယ်.....
ဒီလောက်ပဲ.....
စစ်ပုံကျရမယ်ဆိုတာ
စစ်ရေး စစ်ရာအတွက်ပဲ....
တွေ့ရာနေရာမှာအလေးပြု ခိုင်းတာ.....
အလေးပြုခံချင်နေတာ....
ရာထူးဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီး လက်ပါတာ.....
ရဲဘော်တွေရဲ့ personalတွေထိ ထိန်းချုပ်ကန့်သတ်တာ.....
ရဲဘော်တွေကို တဆင့်နိမ့် တဲ့ သူတွေလို သဘောထားတာ.....
ဒါတွေပြင်ရမှာ.....
စစ်ရေးစစ်ရာ မှာကလွဲရင်
တခြားနေရာတွေမှာ စကစ လို ဗိုလ်ရူးတွေလုပ်လို့မရဘူး....
ဒီခေတ်က Gen Z ခေတ်.....
ဥပမာ
စစ်တိုက်တဲ့နေရာ အမိန့်မနာခံရင် အပြစ်ပေးလို့ရတယ်.....
ကျန်တဲ့အချိန်မှာတော့ ညီအစ်ကိုတွေလို တသွေးထဲ တသားထဲဖြစ်နေရမယ်.....
ရပိုင်ခွင့်တွေ ခံစားခွင့်တွေ အရမ်းကွာခြားနေလို့မရဘူး....
အဲလို ကွာခြားနေရင် စကစနဲ့မခြား ဖြစ်လာလိမ့်မယ်....
လူကြီးတွေက အရက်ဝိုင်း ဘီယာဝိုင်း အမြဲလုပ်.....
ရှေ့တန်းက ရဲဘော်တွေက စုတ်ပြတ်သတ်နေရင်
တခုခုတော့မှားနေပြီဆိုတာ သဘောပေါက်ရမယ်.....
ပြည်သူကို အမှန်တကယ် ဗဟိုပြုရမယ်.....
တကယ်အသက်ပေးတဲ့ရဲဘော်တွေကို ချစ်မြတ်နိုးရမယ်.....
ဒီလိုရေးတာ ဘယ်သူ့ကိုမှ အမုန်းတရားရှိလို့မဟုတ်ပါ....
တချို့ကတော့ သိပ်ကြိုက်မှာ မဟုတ်ဘူး.....
မကြိုက်လည်း မတတ်နိုင်ဘူး.....