LibertyVisa

LibertyVisa Welcome to Liberty Visa, a top U.S. and European service in Myanmar with over a decade of experience.
(2)

Non-Immigrant Visas: F1/F2, B1, B2, O1, J1
Immigrant Visas: EB1, EB2, EB3, EB5
Consultation for Employment in Europe.

Visa Ban ဖြစ်နေတဲ့အချိန်မှာတောင် EB-3 Unskilled ကို ဘာကြောင့် ဆက်လျှောက်နေကြတာလဲ?ဒီမေးခွန်းကို အရင်ကတည်းက ကျွန်မ ခဏ ခဏစဉ...
23/08/2026

Visa Ban ဖြစ်နေတဲ့အချိန်မှာတောင် EB-3 Unskilled ကို ဘာကြောင့် ဆက်လျှောက်နေကြတာလဲ?

ဒီမေးခွန်းကို အရင်ကတည်းက ကျွန်မ ခဏ ခဏစဉ်းစားမိနေခဲ့တာပါ။
မြန်မာလူမျိုးတွေရဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ သတိထားမိတဲ့ အကျင့်တစ်ခုရှိပါတယ်။ ကိုယ့်အိမ်နီးချင်း ဘာလုပ်လဲ၊ ဘယ်သူ့သားသမီးတွေကတော့ ဘယ်ကျောင်းမှာတက်တာလဲ၊ ဘယ်သူက ဘာနဲ့အောင်မြင်လာတာလဲဆိုတာတွေကို စူးစမ်းလေ့လာတတ်ကြပါတယ်။

တစ်ယောက်က ဒီလမ်းကြောင်းနဲ့ အဆင်ပြေတယ်ဆိုရင် ကိုယ်တိုင်လည်း လိုက်လုပ်ကြည့်ချင်လာတတ်ပါတယ်။

ဒါပေမယ့် တစ်ခါတလေ “သူလုပ်လို့ အောင်မြင်တယ်” ဆိုတဲ့အချက်တစ်ခုတည်းကို ကြည့်ပြီး “ဘာကြောင့် အောင်မြင်တာလဲ၊ သူ့အခြေအနေက ကိုယ့်အခြေအနေနဲ့ တူရဲ့လား၊ ဒီလမ်းကြောင်းမှာ ဘယ်လိုအန္တရာယ်တွေရှိလဲ” ဆိုတာကို ကိုယ်တိုင်ပြန်စဉ်းစားဖို့ မေ့သွားတတ်ကြပါတယ်။

အထူးသဖြင့် ဒီခေတ်မှာ Social Media နဲ့ Influencer တွေရဲ့ သက်ရောက်မှုက အရမ်းကြီးပါတယ်။

Facebook ပေါ်မှာ အောင်မြင်လာတဲ့သူတစ်ယောက်ရဲ့ အောင်မြင်ပြီးတဲ့အပိုင်း ကိုပဲ မြင်ကြပါတယ်။

သူဘယ်လောက်ကြာအောင် ကြိုးစားခဲ့ရလဲ၊ ဘယ်လောက်ငွေကုန်ခဲ့လဲ၊ ဘယ်လောက်အခက်အခဲတွေကြုံခဲ့ရလဲ၊ မအောင်မြင်ခဲ့တဲ့အကြိမ်တွေ ဘယ်လောက်ရှိလဲ၊ ဘယ်လိုအန္တရာယ်တွေကို ဖြတ်သန်းခဲ့ရလဲဆိုတာကိုတော့ အပြည့်အစုံ မမြင်ရပါဘူး။

ဒါကြောင့် Social Media ပေါ်က Story တစ်ခုကိုကြည့်ပြီး “သူအောင်မြင်တယ် → ငါလည်း ဒီလိုလုပ်ရင် အောင်မြင်မယ်” လို့ တိုက်ရိုက်ဆုံးဖြတ်တာထက် ကိုယ့်အခြေအနေနဲ့ ကိုယ်ပြန်တွက်ချက်ဖို့ အရေးကြီးပါတယ်။

ကဲဒါဆို EB-3 ကိုပဲ ပြန်ကြည့်ရအောင်။

ကျွန်မအမြင်ကတော့ Immigrant Program တစ်ခုကို လုပ်မယ်ဆိုရင် Facebook ပေါ်က လူတစ်ယောက်ပြောတာ၊ Group တစ်ခုမှာ လူအများပြောတာကိုပဲ အားကိုးမနေသင့်ပါဘူး။

အမေရိကန် Immigrant System ရဲ့ သမိုင်းကြောင်း၊ Visa Category တစ်ခုချင်းစီရဲ့ သဘောသဘာဝ၊ ကိုယ့် Case ရဲ့ အားသာချက်/အားနည်းချက်၊ Processing Time၊ ကုန်ကျစရိတ်၊ Risk တွေ၊ အောင်မြင်နိုင်ခြေတွေကို ကိုယ်တိုင် လေ့လာသင့်ပါတယ်။

အထူးသဖြင့် “ဒါက အာမခံချက်ရှိတယ်” ဆိုတဲ့စကားကို ပိုပြီးသတိထားသင့်ပါတယ်။

Immigrant မှာ ဘယ်လမ်းကြောင်းမဆို ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အခြားသူရဲ့အတွေ့အကြုံကို Reference အဖြစ်သုံးလို့ရပေမယ့် ကိုယ့်ဆုံးဖြတ်ချက်အဖြစ်တော့ မယူသင့်ပါဘူး။

ကျွန်မတွေ့ဖူးတာတစ်ခုကတော့ အမေရိကန်ကို နှစ်ပေါင်း ၂၀၊ ၃၀ ကျော်နေထိုင်လာတဲ့သူတချို့တောင် Immigrant လမ်းကြောင်းတချို့ကို မကြားဖူးတာတွေ ရှိပါတယ်။

ဒါကလည်း မဆန်းပါဘူး။

ဘာကြောင့်လဲဆိုတော့ အမေရိကန်ကို ရောက်လာတဲ့လမ်းကြောင်းတွေက လူတစ်ယောက်နဲ့တစ်ယောက် မတူကြလို့ပါ။

တချို့က Refugee နဲ့ ရောက်လာကြတယ်။

တချို့က DV နဲ့ ရောက်လာကြတယ်။

တချို့က မိသားစု Immigrant နဲ့ ရောက်လာကြတယ်။

တချို့က အမေရိကန်ရောက်ပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကို ပြန်ခေါ်လာကြတယ်။

တချို့က အိမ်ထောင်ရေးကနေတစ်ဆင့် ရောက်လာကြတယ်။

တချို့ကတော့ ကိုယ့်ပညာ၊ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ့်အရည်အချင်းပေါ်မူတည်ပြီး Immigrant လမ်းကြောင်းတွေကို ရွေးချယ်ခဲ့ကြတယ်။

ဒါကြောင့် “ငါ အမေရိကန်မှာ နှစ် ၂၀ နေပြီးပြီ၊ ဒီလမ်းကြောင်းကို မကြားဖူးဘူးဆိုတော့ မရှိဘူး” လို့ ဆုံးဖြတ်လို့ မရပါဘူး။

ကိုယ်မသိတာဟာ မရှိတာနဲ့ မတူပါဘူး။

ကျွန်မပြောချင်တဲ့ အဓိကအချက်က ဒီနေရာမှာပါ။

အမေရိကန်ကို ကိုယ့်ငွေ၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လာချင်တဲ့သူတွေ ရှိပါတယ်။

EB-1 ကနေ EB-5 အထိ Employment-Based Immigrant Category တွေမှာလည်း ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းရှိမရှိ ကိုယ်တိုင်လေ့လာဖို့ လိုပါတယ်။

ဒါပေမယ့် Category တစ်ခုက တစ်ခုထက် “ပိုကောင်းတယ်” လို့ အလွယ်တကူသတ်မှတ်လို့ မရပါဘူး။

ကိုယ့်အခြေအနေ၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ဘတ်ဂျက်၊ ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းက ဘာလဲ ဆိုတာကိုပဲ ရှာဖို့လိုပါတယ်။

ဒါကြောင့် Visa Ban ဖြစ်နေတဲ့အချိန်မှာ EB-3 လုပ်နေတဲ့သူတွေကိုလည်း “ဘာလို့လုပ်နေတာလဲ” ဆိုပြီး တစ်ဖက်သတ်မေးလို့မရဘူးလို့ ကျွန်မထင်ပါတယ်။

သူတို့မှာ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ရှိနိုင်ပါတယ်။

တစ်ချို့က စောင့်ရမယ့်အချိန်ကို သိပြီး ဆက်လက်ပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်။

တစ်ချို့က ကိုယ့် Case ရဲ့ အခြေအနေအရ ဆက်လုပ်သင့်တယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်နိုင်တယ်။

တစ်ချို့ကတော့ အချက်အလက်ကို သေချာမလေ့လာဘဲ Social Media ပေါ်က စကားတွေကိုယုံပြီး ဆုံးဖြတ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထက် ကိုယ့်ဘဝအတွက် ကိုယ်တိုင် သေချာဆုံးဖြတ်နိုင်ဖို့ပါ။

Visa Ban ဖြစ်တဲ့အချိန်တုန်းက Social Media ပေါ်မှာ
“EB-3 မလုပ်နဲ့”
“Case မတင်နဲ့”
“တင်ရင် မရဘူး”
“Case Withdraw လုပ်လိုက်”
ဆိုတဲ့ အကြံပြုချက်တွေ အများကြီးတွေ့ခဲ့ရပါတယ်။

တချို့လူတွေက အဲဒီစကားတွေကို ယုံပြီး Case ကို Withdraw လုပ်ခဲ့ကြပါတယ်။

တချို့ကတော့ ဆက်လုပ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ကျွန်မ စဉ်းစားမိတာက—

Social Media ပေါ်မှာ လူတစ်ယောက်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကိုယ့်ဘဝရဲ့ နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းမချသင့်ဘူး။

အထူးသဖြင့် Immigrant လို ကိုယ့်ဘဝ၊ ကိုယ့်ငွေ၊ ကိုယ့်မိသားစုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စမှာ ပိုပြီးသတိထားသင့်ပါတယ်။

နောက်ဆုံးပြောချင်တာက—

သူများလုပ်လို့ လိုက်လုပ်တာထက်
“ငါ့အတွက် တကယ်သင့်တော်ရဲ့လား?”

သူများပြောလို့ မလုပ်တော့တာထက်
“သူပြောတာကို အထောက်အထားနဲ့ စစ်ပြီးပြီလား?”

သူများအောင်မြင်လို့ အောင်မြင်မယ်ထင်တာထက်
“သူ့အခြေအနေနဲ့ ငါ့အခြေအနေ တူရဲ့လား?”

ဆိုတာကို ကိုယ်တိုင်ပြန်မေးကြည့်သင့်ပါတယ်။

Immigrants ဆိုတာ Facebook Post တစ်ပုဒ်ဖတ်ပြီး ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။

ကိုယ့်ဘဝနဲ့ ကိုယ့်မိသားစုရဲ့ အနာဂတ်ကို သက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် Information ကို များများယူပါ။ Source ကို စစ်ပါ။ မေးခွန်းတွေ မေးပါ။ ကိုယ့် Case ကို ကိုယ်နားလည်အောင် လေ့လာပါ။ ပြီးမှ ဆုံးဖြတ်ပါ။

သူများရဲ့အမြင်နဲ့ ကိုယ့်ဘဝကို မဆုံးဖြတ်ပါနဲ့။
ကိုယ့်ဘဝအတွက် ကိုယ်တိုင် စဉ်းစားပြီး ဆုံးဖြတ်နိုင်တာက အရေးကြီးဆုံးပါ။

Yi Mon Oo
(Liberty Visa Founder)

🇲🇹 Malta နိုင်ငံမှာ Hotel ပိုင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူများအတွက် 🇲🇹ဥရောပရဲ့ အလှပဆုံးကျွန်းနိုင်ငံတစ်ခုဖြစ်...
22/08/2026

🇲🇹 Malta နိုင်ငံမှာ Hotel ပိုင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူများအတွက် 🇲🇹

ဥရောပရဲ့ အလှပဆုံးကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ Malta မှာ Hotel ပိုင်းနဲ့အသက်မွေးဝမ်းကျောင်းပြုချင်သူများအတွက် Liberty Visa မှ Consultant လုပ်ပေးပြီးလျှောက်ထားပေးနေပါပြီ။

Malta နိုင်ငံရဲ့ လုပ်ငန်းခွင်စနစ်ဟာ အခြားနိုင်ငံများလို Job Position တစ်ခုတည်းကို တိုက်ရိုက်ခေါ်ယူခြင်းမဟုတ်ဘဲ လျှောက်ထားသူရဲ့ CV Form ကို အရင်ဆုံး စိစစ်ပြီးမှသာ မိမိ Skill နဲ့ အသင့်တော်ဆုံး အလုပ်ရှင်ထံ တိုက်ရိုက်ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

လိုအပ်သည့် အရည်အချင်းများ (Requirements)
✅Language: အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်စွာ ပြောဆို/ရေးသားနိုင်သူ

✅Experience: သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ခိုင်မာစွာ ရှိသူ

✅Certificate: သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်း လက်မှတ်များ ရှိသူ

✅ Skill Test: Malta နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား ဝန်ထမ်းများအတွက်သာ သီးသန့် သတ်မှတ်ထားသော တရားဝင် အရည်အချင်းစစ် စာမေးပွဲ (Skill Test) ကို ဖြေဆိုနိုင်သူ ဖြစ်ရပါမည်။

အလုပ်အကိုင် စနစ်နှင့် ခံစားခွင့်များ
မိမိ အရည်အချင်း (Skill) နဲ့ ကိုက်ညီမည့် အလုပ်နေရာကို အရင်ဆုံး ရှာဖွေအတည်ပြုပြီးမှသာ ရရှိမည့် ရပိုင်ခွင့် လစာ တိတိကျကျနှင့် အခြား ခံစားခွင့် (Benefits) များကို အသေးစိတ် သီးသန့် ပြန်လည် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။

လုပ်ငန်းခွင်ခိုင်မာပြီး ဥရောပမှာ အနာဂတ်
အတွက် လမ်းစဖော်ချင်သူများ Liberty Visa သို့ အမြန်ဆုံး ဆက်သွယ်တိုင်ပင်
ဆွေးနွေးနိုင်ပါပြီ။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇺🇸အမေရိကန်အိပ်မက် ခရီးလမ်း Episode (1)🇺🇸 အမေရိကန်မှာ တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Green Card) ရဖို့ ဘယ်လမ်းကြောင်းတွေရှ...
22/08/2026

🇺🇸အမေရိကန်အိပ်မက် ခရီးလမ်း Episode (1)

🇺🇸 အမေရိကန်မှာ တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Green Card) ရဖို့ ဘယ်လမ်းကြောင်းတွေရှိလဲ?

အမေရိကန်မှာ တရားဝင် ရေရှည်အခြေချနေထိုင်ပြီး မိသားစုနဲ့အတူ အနာဂတ်သစ်ကို တည်ဆောက်ချင်သူတွေအတွက် အဓိက သော့ချက်ကတော့ Green Card (Permanent Resident Card) ပဲ ဖြစ်ပါတယ်။
Green Card ရရှိနိုင်တဲ့ ပင်မ လမ်းကြောင်းကြီး ၄ ခု ရှိပါတယ်။

✅မိသားစုမှတစ်ဆင့် လျှောက်ထားခြင်း (Family-Based): အမေရိကန် နိုင်ငံသား သို့မဟုတ် Green Card ကိုင်ဆောင်ထားသူ မိသားစုဝင် (ဇနီး/ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမ) များမှ အာမခံပေးပြီး လျှောက်ထားသည့် လမ်းကြောင်း။

✅အလုပ်အကိုင်မှတစ်ဆင့် လျှောက်ထားခြင်း (Employment-Based - EB-1 to EB-5): အမေရိကန် အလုပ်ရှင်မှ အာမခံပေးခြင်း သို့မဟုတ် မိမိ၏ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ ရင်းနှီးမြှုပ်နှံမှု အလိုက် လျှောက်ထားသည့် လမ်းကြောင်း။ (အထူးသဖြင့် Skilled သို့မဟုတ် Unskilled Worker များအတွက် EB-3 လမ်းကြောင်း သည် အဆင်ပြေဆုံး ပင်မလမ်းကြောင်းတစ်ခု ဖြစ်ပါသည်)

✅ဒီဗီ ထီ ပရိုဂရမ် (Diversity Visa / DV Lottery): အမေရိကန် အစိုးရမှ မဲဖောက်ပေးသည့် ကံစမ်းမဲ စနစ်ဖြစ်ပြီး ရွေးချယ်ခံရပါက သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ခြင်း။

✅ဒုက္ခသည်နှင့် ခိုလှုံခွင့် လမ်းကြောင်းများ (Refugee / Asylee Status): ဘေးအန္တရာယ်များကြောင့် ခိုလှုံခွင့် ရရှိထားသူများအတွက် တရားဝင် လျှောက်ထားနိုင်သည့် လမ်းကြောင်း။

အထူးသဖြင့် အမေရိကန်မှာ မိသားစု သို့မဟုတ် ဆွေမျိုး အသိုင်းအဝိုင်း မရှိသူများအတွက် EB-3 (Employment-Based Third Preference) လမ်းကြောင်းသည် တရားဝင် Green Card ရရှိနိုင်သည့် အမှန်ကန်ဆုံးနှင့် အခွင့်အရေး အရှိဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

နောက်ထပ် Episode 2 မှာတော့ အမေရိကန်မှာ ဆွေမျိုး မရှိသူတွေအတွက် Employment-Based (အထူးသဖြင့် EB-3) လမ်းကြောင်းကနေ Green Card ဘယ်လို လျှောက်လို့ရမလဲဆိုတာကို အသေးစိတ် ဆွေးနွေးပေးသွားပါမယ်။

Liberty နဲ့အတူ အမေရိကန် အိပ်မက်ကို စနစ်တကျ စတင်လိုက်ပါ

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇺🇸 EB3 Unskilled Job Offers (Interview Required)အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားနိုင်...
22/08/2026

🇺🇸 EB3 Unskilled Job Offers (Interview Required)
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားနိုင်မယ့် EB3 Unskilled အလုပ်အကိုင်သစ်များ လျှောက်ထားနိုင်ပါပြီ။
Unskilled ရာထူးများ ဖြစ်သော်လည်း ယခု အလုပ်အကိုင်များ အားလုံးအတွက် Interview (လူတွေ့စစ်ဆေးခြင်း) ဖြေဆိုရန် လိုအပ်ပါသည်။
📌 ရရှိနိုင်သည့် အလုပ်အကိုင်နှင့် တည်နေရာများ
🍔 1. Crew Member (Fast Food Franchisee)
Location: Homer, Kenai, Soldotna, Alaska
Starting Salary: $14 / Hour
PERM Filing Date: November 2026
🍹 2. Crew Person (Fast Food Franchisee)
Location: Juneau and Ketchikan, Alaska
Starting Salary: $14 / Hour
PERM Filing Date: November 2026
🍟 3. Crew Member (Fast Food Franchisee)
Location: Yanceyville, North Carolina
Starting Salary: $12 / Hour (Full time)
PERM Filing Date: October 2026
🍟 4. Crew Member (Fast Food Franchisee)
Location: Danville, Virginia
Starting Salary: $26,562 / Year
PERM Filing Date: October 2026
⚠️ အချက်အလက်များ
Recruitment Status: Open (လက်ရှိ လျှောက်လွှာများ လက်ခံနေပါပြီ)
Interview Requirement: ရာထူးအားလုံးအတွက် အင်တာဗျူး မဖြစ်မနေ ဖြေဆိုရပါမည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

https://news.bloomberglaw.com/litigation/state-departments-75-country-green-card-freeze-deemed-unlawfulသတင်းအမှန် ဖြစ်ပါ...
22/08/2026

https://news.bloomberglaw.com/litigation/state-departments-75-country-green-card-freeze-deemed-unlawful

သတင်းအမှန် ဖြစ်ပါစေ... Immigrants program တင်ထားတဲ့ မိသားစု တိုင်း အမြန်ဆုံး စုံစည်း ကြပါစေ..

Immigrants Program တင်ထားတဲ့ သူတိုင်းဇွဲ မလျော့ ပါနဲ့ US Green Card သေချာ ဆုံး program ကို တင်ထားတဲ့ သူတိုင်း မှန် ကန်သော နည်းလမ်း နဲ့ US မြေပေါ် ရောက် ကြပါစေ....

The State Department’s sweeping suspension of immigrant visas to nationals from 75 countries violated federal immigration law and exceeded Secretary of State Marco Rubio’s statutory authority, a district court ruled Friday.

21/08/2026

Italy ကခေါ်တဲ့ Caregiver နဲ့ Nurse အတွက် လိုအပ်ချက်များ…

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

**US EB-3 Unskilled (Direct Green Card)**အမေရိကန်နိုင်ငံမှာ မိသားစုလိုက် အနာဂတ်ကို ခိုင်ခိုင်မာမာ စိန်ခေါ်/တည်ဆောက်ချင်သ...
20/08/2026

**US EB-3 Unskilled (Direct Green Card)**
အမေရိကန်နိုင်ငံမှာ မိသားစုလိုက် အနာဂတ်ကို ခိုင်ခိုင်မာမာ စိန်ခေါ်/တည်ဆောက်ချင်သူတွေအတွက် **EB-3 (Unskilled / Other Workers) Visa** ဟာ အကောင်းဆုံးနဲ့ အသေချာဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဧည့်သည်ဗီဇာ၊ ကျောင်းသားဗီဇာတွေလို ယာယီနေထိုင်ခွင့်မဟုတ်ဘဲ **US သို့ မထွက်ခွာမီကတည်းက Direct Green Card (အမြဲတမ်းနေထိုင်ခွင့်)** ရရှိမယ့် ဗီဇာအမျိုးအစား ဖြစ်ပါတယ်။

**EB-3 ရဲ့ ထူးခြားတဲ့ အားသာချက်များ**

* **မိသားစုပါ တစ်ပါတည်း ရရှိခြင်း:** လျှောက်ထားသူနဲ့အတူ ဇနီး/ခင်ပွန်း နှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသေးသော သားသမီးများပါ **Green Card** တစ်ခါတည်း ရရှိပါမည်။

* **ပညာအရည်အချင်းနှင့် အတွေ့အကြုံ မလိုအပ်ခြင်း:** Unskilled category ဖြစ်သည့်အတွက် ဘွဲ့၊ လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် အထူးကျွမ်းကျင်မှု ပိုင်ဆိုင်ထားရန် မလိုပါ။

* **အလုပ်အကိုင် အာမခံချက်ပါရှိခြင်း:** အမေရိကန်ရှိ တရားဝင် ကုမ္ပဏီ/စက်ရုံများတွင် အလုပ်အကိုင် ရရှိပြီးသားအဖြစ် သွားရောက်ရခြင်း ဖြစ်သည်။

* **ကလေးများ၏ အနာဂတ်:** ကလေးများအတွက် အခမဲ့ ကျောင်းတက်ခွင့်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ အပြည့်အဝ ရရှိမည်။

**လက်ရှိ EB-3 Process အခြေအနေ**
EB-3 လျှောက်ထားမှု Process များသည်

**ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်လျက်** ရှိပါသည်။ Process အဆင့်ဆင့် (Labor Certification, I-140 Approval, NVC & Visa Interview) ဆောင်ရွက်ရသည့်အတွက်
**အချိန်ကာလတစ်ခု ထောင့်ချင့်စောင့်ဆိုင်းရမည်** ဖြစ်သည်။
သို့သော် အဆိုပါ စောင့်ဆိုင်းရသည့် အချိန်သည် လက်ရှိ မိမိတို့၏ ပုံမှန်နေ့စဉ်ဘဝ (အလုပ်/စီးပွားရေး/ပညာရေး) ကို လုပ်ကိုင် ရင်းဖြင့်
**မသိလိုက်မသိဘာသာ ကုန်လွန်သွားမည်** ဖြစ်ရာ၊ စောစော စတင်ထားသူများအတွက် အချိန်မနှောင်းဘဲ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

**လျှောက်ထားရန် လိုအပ်ချက်များ**
* အသက် ၁၈ နှစ်နှင့်အထက် ရှိရမည်။
* ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။
* ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
* အခြေခံ အင်္ဂလိပ်စာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည် (English Test Target - Basic)
အမေရိကန်နိုင်ငံတွင် မိသားစုနှင့်အတူ အခြေချနေထိုင်ပြီး တရားဝင် Green Card ဖြင့် အနာဂတ်သစ်ကို စတင်လိုပါက Process များကို စောစီးစွာ စတင်ထားရန် အကြံပြုအပ်ပါသည်။

ဒေသအလိုက် လက်ရှိရရှိနိုင်သည့် အလုပ်အကိုင်များနှင့် အသေးစိတ် Process အဆင့်ဆင့်ကို ဆွေးနွေးလိုပါက Liberty Visaသို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

အမေရိကန်မှာ မိသားစုလိုက် တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Direct Green Card) ရရှိမယ့် US EB-3 Unskilled Visa အတွက် လက်ရှိ လ...
19/08/2026

အမေရိကန်မှာ မိသားစုလိုက် တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Direct Green Card) ရရှိမယ့် US EB-3 Unskilled Visa အတွက် လက်ရှိ လျှောက်ထားနိုင်သည့် အလုပ်အကိုင်အသစ်များ ရရှိနေပြီ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှု မလိုဘဲ လျှောက်ထားနိုင်သည့် Job Offers များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ရရှိနိုင်သော EB-3 Unskilled အလုပ်အကိုင်များ

၁။ Fast-Food Restaurant (Crew Member)
Work Locations: U.S. ပြည်နယ် ၁၀ ခု (Michigan, North Dakota, South Dakota, Ohio, Indiana, Utah, New Mexico, Arizona, Alaska, Nevada)
Note: တိကျသော အလုပ်နေရာ (Location) ကို Job Offer ထွက်ရှိချိန်မှသာ အကြောင်းကြားပေးမည်ဖြစ်ပြီး စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၂။ Hotel in Casino
Positions: Housekeeping, Server, Kitchen Assistant
Family Size: မိသားစုဝင် ၄ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and 2 children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၃။ Fish Farm – Louisiana
Positions: Packer, Trimmer, General Labor
Family Size: မိသားစုဝင် ၄ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and 2 children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၄။ Chicken Farm – Georgia
Positions: Packer, Trimmer, General Labor
Family Size: မိသားစုဝင် ၃ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

EB-3 Unskilled ရဲ့ ထူးခြားချက်များ
လျှောက်ထားသူနှင့်အတူ ဇနီး/ခင်ပွန်း နှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသေးသော သားသမီးများပါ Direct Green Card တစ်ပါတည်း ရရှိပါမည်။
လုပ်ငန်းခွင် အတွေ့အကြုံ၊ ဘွဲ့နှင့် အထူးကျွမ်းကျင်မှု ပိုင်ဆိုင်ထားရန် မလိုပါ။
တရားဝင် အလုပ်အကိုင် အာမခံချက်ဖြင့်
သွားရောက်ရခြင်းဖြစ်ပါသည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇺🇸 US EB-2 Visa ဆိုတာဘာလဲ? ဘယ်သူတွေ လျှောက်ထားနိုင်လဲ?အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်အခြေပြု Green Card ရရှိနိုင်တဲ့ လမ်း...
19/08/2026

🇺🇸 US EB-2 Visa ဆိုတာဘာလဲ? ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်အခြေပြု Green Card ရရှိနိုင်တဲ့ လမ်းကြောင်းတွေထဲက တစ်ခုကတော့ EB-2 (Employment-Based Second Preference) ဖြစ်ပါတယ်။

EB-2 ဟာ ရိုးရိုး Temporary Work Visa မဟုတ်ဘဲ Permanent Residence (Green Card) ရရှိရန် ရည်ရွယ်တဲ့ Immigrant Visa Category တစ်ခု ဖြစ်ပါတယ်။

🔹 EB-2 ကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

အဓိကအားဖြင့် Advanced Degree Professional နှင့် Exceptional Ability ရှိသူတွေလျှောက်ထားနိုင်ပါတယ်။

🎓 Advanced Degree Professional
🏆 Exceptional Ability
⭐ EB-2 NIW (National Interest Waiver)

ဆိုပြီး အဓိကလမ်းကြောင်းတွေရှိပါတယ်။

ကိုယ့်ရဲ့ အသက်၊ ပညာအရည်အချင်း၊ ဘွဲ့အမျိုးအစား၊ အလုပ်အတွေ့အကြုံ၊ လက်ရှိအလုပ်၊ US Job Offer ရှိ/မရှိ၊ Publication/Certification/Award စတာတွေ အပေါ်မူတည်ပြီး EB-2 သို့မဟုတ် EB-2 NIW အတွက် သင့်တော်မှုက ကွာခြားနိုင်ပါတယ်။

Advanced Degree Professional

အောက်ပါအခြေအနေတစ်ခုရှိရပါမယ်—

🎓 US Master’s Degree သို့မဟုတ် အလားတူ Foreign Degree ရှိသူ

သို့မဟုတ်

🎓 US Bachelor’s Degree နှင့် သက်ဆိုင်ရာ Field မှာ Bachelor’s degree ရပြီးနောက် Progressive Professional Work Experience အနည်းဆုံး ၅ နှစ် ရှိသူ သက်ဆိုင်ရာ Degree + Experience ရှိသူတွေ ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက Degree တစ်ခုရှိရုံနဲ့ EB-2 အလိုအလျောက်ရတာ မဟုတ်ဘဲ အလုပ်ရာထူး၊ Degree နဲ့ Experience တို့ရဲ့ ဆက်စပ်မှု ကိုလည်း သက်သေပြရပါတယ်။

Exceptional Ability

Science, Arts သို့မဟုတ် Business နယ်ပယ်တွေထဲမှာ ပုံမှန်အဆင့်ထက် ထူးခြားတဲ့ ကျွမ်းကျင်မှု/အရည်အချင်း ရှိသူတွေလည်း EB-2 လျှောက်ထားနိုင်ပါတယ်။

Exceptional Ability ကို သက်သေပြဖို့ သတ်မှတ်ထားတဲ့ Evidence အမျိုးအစားတွေထဲက အနည်းဆုံး ၃ မျိုးကို သက်ဆိုင်ရာအခြေအနေအရ တင်ပြရနိုင်ပါတယ်။

ဒါပေမယ့် Evidence ၃ ခုတင်ပြနိုင်ရုံနဲ့ အလိုအလျောက် Exceptional Ability ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ USCIS က Case တစ်ခုချင်းစီအလိုက် သုံးသပ်ပါတယ်။

⭐ EB-2 NIW ဆိုတာကရော?

EB-2 ထဲမှာ လူသိများတဲ့ လမ်းကြောင်းတစ်ခုက NIW (National Interest Waiver) ဖြစ်ပါတယ်။

ပုံမှန် EB-2 မှာ အလုပ်ရှင် (Employer) က Sponsor လုပ်ပေးရပြီး PERM Labor Certification လုပ်ရတဲ့ လုပ်ငန်းစဉ် ရှိနိုင်ပါတယ်။

ဒါပေမယ့် EB-2 NIW မှာတော့ သတ်မှတ်ချက်တွေကို ပြည့်မီရင် အလုပ်ရှင် Sponsor နဲ့ PERM Labor Certification ကို Waive လုပ်ပေးရန် တောင်းဆိုနိုင်ပါတယ်။

ဒါ့အပြင် NIW ဟာ Self-Petition လုပ်နိုင်တဲ့ လမ်းကြောင်းဖြစ်တာကြောင့် ကိုယ်တိုင် Petition တင်နိုင်တဲ့ အားသာချက်ရှိပါတယ်။

NIW မှာ Applicant ရဲ့ Proposed Endeavor, အဲဒီလုပ်ငန်းရဲ့ National Importance နဲ့ Applicant ကိုယ်တိုင်က အဲဒီ Endeavor ကို ဆက်လက်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိကြောင်း စတဲ့အချက်တွေကို အလေးထားစစ်ဆေးပါတယ်။

💡 EB-2 ရဲ့ အားသာချက်တွေကတော့

✅ Green Card ရရှိရန် လမ်းကြောင်းဖြစ်ခြင်း
✅ Advanced Degree Professionals တွေအတွက် သင့်တော်ခြင်း
✅ Exceptional Ability ရှိသူတွေအတွက် လမ်းကြောင်းရှိခြင်း
✅ NIW မှာ သတ်မှတ်ချက်ပြည့်မီပါက Employer Sponsor မလိုဘဲ Self-Petition လုပ်နိုင်ခြင်း
✅ မိသားစုဝင်များကို Derivative Beneficiary အဖြစ် ထည့်သွင်းနိုင်ခြင်း တို့ဘဲဖြစ်ပါတယ်။

⚠️ အရေးကြီးတဲ့အချက်အနေနဲ့က

EB-2 ဟာ “Degree ရှိတာနဲ့ Green Card အာမခံရတဲ့ Visa” မဟုတ်ပါဘူး။

Applicant ရဲ့—

📌 Education
📌 Work Experience
📌 Job Position
📌 Employer
📌 Salary
📌 Professional Background
📌 Evidence
📌 NIW ဖြစ်ပါက Proposed Endeavor နှင့် National Interest

စတဲ့အချက်တွေကို Case အလိုက် သေချာစစ်ဆေးရပါတယ်။

ဒါ့အပြင် Visa Bulletin နဲ့ USCIS Processing Times တွေဟာ အချိန်နှင့်အမျှ ပြောင်းလဲနိုင်တာကြောင့် လျှောက်ထားမယ့်အချိန်မှာ USCIS နဲ့ U.S. Department of State ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကို ပြန်လည်စစ်ဆေးဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင်တော့ EB2 Visa နဲ့ပတ်သတ်ပြီးနားလည် သဘောပေါက်မယ်လို့ထင်ပါတယ်။ ဒီထက်ပိုပြီးအသေးစိတ် သိရှိလိုပါက Liberty Visa Company သို့တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ
တယ်ရှင်။
𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇦🇱 ALBANIA SKILLED JOBS 🇦🇱✈️ Albania နိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် Liberty Visa Co., Ltd. မှ လက်ရှိ...
17/08/2026

🇦🇱 ALBANIA SKILLED JOBS 🇦🇱
✈️ Albania နိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် Liberty Visa Co., Ltd. မှ လက်ရှိရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ Consultation & Application Support ပြုလုပ်ပေးနေပါပြီ။

မိမိ၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် ကိုက်ညီနိုင်မည့် Position များအတွက် လိုအပ်ချက်များ၊ Document များနှင့် လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမေးမြန်းနိုင်ပါသည်။

🛠️ SKILLED / TECHNICAL POSITIONS

👨‍🍳 1. KITCHEN ASSISTANT
Restaurant / Kitchen တွင် Food Preparation နှင့် Kitchen Support လုပ်ငန်းများ ဆောင်ရွက်ရန်
✅ Kitchen အတွေ့အကြုံ ၅ နှစ်နှင့်အထက် ရှိသူများအတွက် သင့်တော်
✅ Teamwork ကောင်းမွန်ရန်
✅ Basic Food Handling နားလည်ရန်

🧵 2. TAILOR
Garment Factory / Tailoring လုပ်ငန်းများတွင် စက်ချုပ်လုပ်ငန်း ဆောင်ရွက်ရန်
✅ Tailor / Garment Factory အတွေ့အကြုံရှိရန်
✅ Single Needle / Double Needle / Overlock စက်များ အသုံးပြုနိုင်ရန်
✅ Quality & Production Standard လိုက်နာနိုင်ရန်

🔧 3. MAINTENANCE TECHNICIAN
Electrical, Plumbing & Construction Maintenance ပိုင်း Technical Position
✅ Electrical + Plumbing + Construction အတွေ့အကြုံ
✅ Category B Driving Licence
✅ Basic English ပြောဆိုနိုင်ရန်
✅ Passport + PCC ရှိရန်
✅ Maintenance / Repair Technical Skill ရှိရန်

🍽️ 4. HOSPITALITY STAFF
Hotel / Restaurant / Hospitality ပိုင်းတွင် တာဝန်ထမ်းဆောင်ရန်
✅ သက်ဆိုင်ရာအတွေ့အကြုံရှိရန်
✅ English CV တင်ပြနိုင်ရန်
✅ Introduction Video + Working Video တင်ပြနိုင်ရန်
✅ Customer Service & Teamwork ကောင်းမွန်ရန်

☕ 5. BARISTA
Coffee & Beverage များ ပြင်ဆင်ခြင်း၊ Customer Order လက်ခံခြင်းနှင့် Coffee Station စီမံခြင်း
✅ Barista / Beverage အတွေ့အကြုံရှိပါက ပိုမိုသင့်တော်
✅ Coffee & Non-Alcoholic Beverage ပြင်ဆင်နိုင်ရန်
✅ Customer Service ကောင်းမွန်ရန်
✅ Hygiene ကို ဂရုစိုက်နိုင်ရန်

🍔 6. PIT STOP COOK / FAST FOOD COOK
Burger, Sandwich, Pizza, Fries, Wraps စသည့် Fast Food များ ပြင်ဆင်ရန်
✅ Fast Food / Kitchen အတွေ့အကြုံရှိရန်
✅ Food Preparation & Cooking Skill
✅ Food Hygiene & Safety လိုက်နာနိုင်ရန်
✅ Busy Kitchen Environment တွင် အလုပ်လုပ်နိုင်ရန်

⚙️ 7. CHROME PLANT ENGINEER
Chrome Ore Processing Plant ၏ Operation, Maintenance & Production System များကို ကြီးကြပ်ရန်
✅ သက်ဆိုင်ရာ Engineering Qualification / Experience
✅ Plant Operation & Maintenance နားလည်ရန်
✅ Industrial Equipment & Production Process အတွေ့အကြုံ
✅ Safety & Environmental Regulations နားလည်ရန်

🔧 8. CHIEF MECHANIC / WELDING SUPERVISOR
Welding & Mechanical Maintenance လုပ်ငန်းများကို စီမံကြီးကြပ်ရန်
✅ Welding / Mechanical Maintenance အတွေ့အကြုံ
✅ Welding Team ကို ကြီးကြပ်နိုင်ရန်
✅ Technical Drawing / Specification နားလည်ရန်
✅ Welding Equipment & Tools အသုံးပြုနိုင်ရန်

🏋️ 9. FITNESS EQUIPMENT TECHNICIAN
Gym / Fitness Equipment များကို စစ်ဆေး၊ ပြုပြင်နှင့် Maintenance ပြုလုပ်ရန်
✅ Mechanical / Electrical / Electronic / Maintenance Skill
✅ Equipment Repair & Troubleshooting လုပ်နိုင်ရန်
✅ Technical Certificate / Training ရှိပါက ပိုမိုသင့်တော်
✅ သက်ဆိုင်ရာအတွေ့အကြုံ ၅ နှစ်နှင့်အထက် ရှိသူများအတွက် ပိုမိုသင့်တော်

📌 မိမိ၏ အတွေ့အကြုံနှင့် ကိုက်ညီသည့် Position ရှိပါသလား?

Albania 🇦🇱 တွင် တရားဝင်အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက
📩 Liberty Visa Co., Ltd. သို့ ဆက်သွယ်ပြီး အသေးစိတ် Consultation ရယူနိုင်ပါသည်။

⚠️ မှတ်ချက် — Position တစ်ခုချင်းစီအလိုက် အလုပ်ရှင်၏ လိုအပ်ချက်များ၊ အရည်အချင်းနှင့် Document လိုအပ်ချက်များ ကွဲပြားနိုင်ပါသည်။ လျှောက်ထားမည့်အခါ သက်ဆိုင်ရာ Position အတွက် နောက်ဆုံးလိုအပ်ချက်များကို သေချာစွာ စစ်ဆေးပါ။

Albania 🇦🇱 တွင် Skilled / Unskilled Position မည်သည့်အလုပ်မဆို အလုပ်ရှင်ဘက်မှ သတ်မှတ်ထားသော သက်ဆိုင်ရာ Certificate / Qualification နှင့် လုပ်ငန်းအတွေ့အကြုံ ရှိမှသာ အလုပ်ခန့်အပ်နိုင်ပါသည်။

ဒါကြောင့် Liberty Visa Co., Ltd. မှလည်း လျှောက်ထားသူတိုင်းကို အလွယ်တကူ Processing မလုပ်ပေးပါ။ ❌

✅ English Communication Skill
✅ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံ
✅ Certificate / Qualification
✅ လိုအပ်သော Documents အပြည့်အစုံ

စသည့်အချက်များကို သေချာစစ်ဆေးပြီးမှသာ သင့်တော်သော Position အတွက် လျှောက်ထားပေးပါသည်။

Liberty မှာ ပြီးပြီးရော မလုပ်ပါ။
လာရောက်ဆွေးနွေး → အရည်အချင်းစစ်ဆေး → လိုအပ်ချက်များရှင်းပြ → Documents စစ်ဆေး → အဆင့်ဆင့်ပြင်ဆင် → သင့်တော်မှသာ လျှောက်ထားပေးပါသည်။ 📋

👉 အချိန်ယူရသော်လည်း သေချာစနစ်တကျ လုပ်ဆောင်ပေးခြင်းက Liberty ရဲ့ အားသာချက်ပါ။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇦🇱

Address

No 162 5B Sanchaung Street
Sanchaung
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959941579980

Alerts

Be the first to know and let us send you an email when LibertyVisa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LibertyVisa:

Shortcuts

Share