Lawer

Lawer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lawer, Lawyer & Law Firm, Ayarwady, Pathein.

CRDTelegram channel https://t.me/shweyaminayeLaw #လင်နှင့်မယားကြားကပြစ်မှုဆိုင်ရာဥပဒေများ1)လက်မထပ်မီနှင့်2)လက်ထပ်ပြီးနှစ...
22/04/2023

CRD
Telegram channel
https://t.me/shweyaminayeLaw
#လင်နှင့်မယားကြားကပြစ်မှုဆိုင်ရာဥပဒေများ
1)လက်မထပ်မီနှင့်
2)လက်ထပ်ပြီး
နှစ်ပိုင်းခွဲဖော်ပြပါမည်

1)
(1) #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ417
-မည်သူမဆိုလိမ်လည်မှုကျုးလွန်လျှင်ထိုသူအား
သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်
(ပစ္စည်းကိုယ်စိတ်ဂုဏ်သရေတစ်ခုခုပျက်စီး
နစ်နာစေအန္တရာယ်ဖြစ်စေသောလိမ်လည်မှု)
-စီရင်ထုံး
ဒေါ်ဟောက်ခန့်ကြောင်နှင့်ဦးနိန်ခိုရှန်1988မတစ53၌မိန်းကလေးအားလိမ်လည်လှည့်ဖြားပေါင်းသင်း၍ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ417အရတရားစွဲဆိုရာပြစ်ဒဏ်စီရင်ခံရပြီးသော်လည်းမွေးဖွားလာသောကလေးသည်ထိုသူနှင့်ရရှိလာသောကလေးဖြစ်ကြောင်းတရားလိုဘက်မှအခိုင်အမာတရားရုံးကိုတင်ပြနိုင်လျှင်ကလေးစရိတ်ရသင့်သည်

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ363
မည်သူမဆိုတစ်ဦးတစ်ယောက်သောသူအားပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေဥပဒေ
နှင့်အညီအုပ်ထိန်းသူထံမှဖြစ်စေခိုးယူလျှင်ထိုသူကို
7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်
ငွေဒဏ်လည်းချမှတ်နိုင်သည်
-​​ကျင့်ထုံးဥပ​ေဒအရ ရဲအရေးပိုင်သည် ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်
ကျေအေးခွင့်မရှိပါ
-စီရင်ထုံး
မောင်ခင်ဆက်နှင့်(1)ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော်
(2)ဦးလှမောင်1981မတစ4၌ အသက်(16)နှစ်အောက်မိန်းကလေးအား၎င်း၏သဘောတူညီချက်ဖြင့်
ခိုးယူစေကာမူအုပ်ထိန်းသူကသဘောမတူလျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ363အရအပြစ်ရှိခြင်း- မိန်းကလေး၏အသက်သည်အချင်းဖြစ်ချိန်က
16နှစ်အောက်ဖြစ်ကြောင်းသက်သေပြရန်တာဝန်မှာတရားလိုအပေါ်ကျရောက်ခြင်းဖြစ်သည်ဟု၎င်း
လမ်းညွှန်ထုံးဖွဲ့ထားသည်

2)လက်ထပ်ပြီး

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ494
မည်သူမဆိုအသက်ရှင်သောလင်ဖြစ်စေမယားဖြစ်စေရှိသည်ဖြစ်၍နောက်ထပ်ထိမ်းမြားရာတွင်ထိုလင်ဖြစ်စေ
ထိုမယားဖြစ်စေအသက်ရှင်လျှက်ရှိခြင်းကြောင့်ထိမ်းမြားခြင်းသည်အတည်မဖြစ်သောကိစ္စမျိုး၌နောက်ထပ်ထိမ်းမြားလျှင်ထိုသူကိုထောင်7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်
-ကျင့်ထုံးဥပဒေမှာရဲအရေးမပိုင် ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်တရားရုံးခွင့်ပြုချက်အရကျေအေးနိုင်သည်
-စီရင်ထုံး
1)အက်စ်ရှမ်နှင့်ပြည်ထောင်စု1957မြန်မာပြည်စီရင်ထုံး55(လွှတ်တော်)
2)မအေးစိန်နှင့်မောင်လှမင်းအတွဲ3ရန်ကုန်455
3)မခင်ရီနှင့်မောင်ချစ်ပို1966မြန်မာပြည်စီရင်ထုံး376

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ495
မည်သူမဆိုနောက်ထပ်ထိမ်းမြားသည့်သူအားအထက်ထိမ်းမြားခြင်းအကြောင်းကိုထိမ်ချန်၍တဆက်တည်းဖြစ်သောအထက်ပုဒ်မ၌ဖော်ပြထားသည်ကိုကျုးလွန်လျှင်တိုသူကိုထောင်10နှစ်အထိထောင်ဒဏ်တမျိုးမျိုး
ချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်
-ကျင့်ထုံးအရ
ရဲအရေးမပိုင် ကနဦးကပင်ဝရမ်းထုတ်ပေးရမည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိ
-စီရင်ထုံး
1)စူဘရာမန်နီယန်းနှင့်ဆာကား1958မြန်မာပြည်စီရင်ထုံး541(လွှတ်တော်)
2)မောင်ကျော်မြင့်နှင့်ပြည်ထောင်စု1979မြန်မာပြည်စီရင်ထုံး10
3)ကိုစိုးသိန်းနှင့်ပြည်ထောင်စု1973မြန်မာပြည်စီရင်ထုံး10

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ496
မည်သူမဆိုမရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေလိမ်လည်လှည့်ဖျားလိုသောအကြံဖြင့်ဖြစ်စေ
တရားဝင်ထိမ်းမြားခြင်းမမြောက်သည်ကိုသိလျက်ထိမ်းမြားခြင်းအခမ်းအနားကိုခံယူလျှင်ထိုသူကို
7နှစ်ထိထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင်
ငွေဒဏ်လည်းချမှတ်နိုင်သည်
-ကျင့်ထုံးအရ
ရဲအရေးမပိုင်ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံပေးနိုင်သည်ကျေအေးခွင့်မရှိ
-စီရင်ထုံး
ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်သန်းမြင့်
2000ပြည့်နှစ်မြန်မာပြည်စီရင်ထုံးစာ10

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ497
မည်သူမဆိုလင်ရှိမယားဖြစ်ကြောင်းမိမိသိသည်လည်းဖြစ်သော(သို့)ထိုသို့ဖြစ်စေမိမိယုံကြည်ရန်အကြောင်း
ရှိသည်လည်းဖြစ်သောမိန်းမကိုလင်ဖြစ်သူသဘော
မတူဘဲသော်လည်းအလိုတူရာရောက်ခြင်းမရှိဘဲသော်လည်းကောင်းကာမစပ်ယှက်ခြင်းပြုရာ၌
မုဒိန်းမှုမမြောက်လျှင်မယားခိုးမှုကျုးလွန်သည်ဖြစ်၍
ထိုသူကို5နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ
ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်
-ထိုအမှုမျိုးတွင်မယားဖြစ်သူကိုအားပေးကူညီသူအဖြစ်ပြစ်ဒဏ်မထိုက်စေရ
-ကျင့်ထုံး
ရဲအရေးမပိုင်ကနဦးကပင်ဝရမ်းထုတ်ပေးနိုင်သည်အာမခံမပေးနိုင်ပါကျေအေးခွင့်ရှိသည်
-စီရင်ထုံး
1)နိုင်ငံတော်နှင့်မောင်အောင်သိန်း1966ရုံးချုပ်စာ-368
2)မောင်ထွန်းမြင့်နှင့်နိုင်ငံတော်အမှု1966ရုံးချုပ်စာ-449(454)
3)ဦးပဏ္ဍိရွှေနှင့်နိုင်ငံတော်1974-ဗဟိုစာ45
4)ကပ္ပတိန်အာရ်ဘီဒီဗတ်(စ်)နှင့်မစ္စ်ဆယ်လီနာဒီဗတ်(စ်)1947ရန်ကုန်စာ-292

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ376
မုဒိန်းကျင့်ခံရသောမိန်းမသည်မိမိမယားဖြစ်၍အသက်12နှစ်အောက်မဟုတ်လျှင်မူကား
မုဒိန်းကျင့်သောလင်ကိုပြစ်ဒဏ်2နှစ်ထိထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်
-ကျင့်ထုံး
ကျင့်ကြံခံရသူသည်ဇနီးဖြစ်ပြီးအသက်12နှစ်အောက်မဟုတ်လျှင်ရဲအရေးမပိုင်ကနဦးကပင်သမ္မာန်စာထုတ်ပေးသင့်သည်အာမခံပေးနိုင်သည်
ကျေအေးခွင့်မရှိ
-စီရင်ထုံး
မောင်တင်လှိုင်ပါ5နှင့်ပြည်ထောင်စု

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ320
အောက်ပါနာကျင်စေမှုများသာလျှင်အပြင်းအထန်
နာ ကျင်စေမှုဖြစ်သည်
1)လူကို သင်းကွပ်ခြင်း
2) လူ၏မျက်စိတဘက်ကို အမြဲမမြင်အောင်ပြုခြင်း
3)လူ၏နားတဘက်ကိုအမြဲမကြားအောင်ပြုခြင်း
4)ကိုယ်အဂါ်အဆစ်အမျက်တစ်ခုခုကျိုးပဲ့
ပျက်စီးအောင်ပြုခြင်း
5)ကိုယ်အဂ်ါအဆစ်အမျက်တစ်ခုခု၏အင်အားကို
ဖျ က် ဆီးခြင်းသို့မဟုတ်အမြဲ ချို့တဲ့အောင်ပြုခြင်း
6)ဦး ခေါင်း ကိုဖြစ်စေမျက်စိကိုဖြစ်စေအမြဲ
ရုပ်စင်းပျက်အောင်ပြုခြင်း
7)အရိုးကိုသို့မဟုတ်သွားကို ကျိုး အက်ကွဲ​/တိမ်းလွှဲ
8)အသက် အန္တရယ် ဖြစ်စေအောင်(သို့)ရက်ပေါင်
နှစ်ဆယ်အတွင်းအပြင်းအထန်ဝေဒ နာခံရအောင်
မိမိလုပ်မြဲအလုပ်မလုပ်နိုင်အောင်ပြုခြင်းတို့ပါဝင်သည်

*အပြင်းအထန်နာကျင်စေမှုသည်လင်နှင့်
မယားကြားတွင်ရက်စက်မှုဖြစ်သည်
*နစ်နာသူကဖော်ထုတ်တိုင်ကြားခြင်းမရှိဘဲ
လင်မယားနှစ်ဦးသဘောတူကွာလိုက်ပါကပစ္စည်း
ဝေစုခွဲပေးရမည်
*ရက် စက် မှုတိုင်ကြား​ပါကအရေးယူခံရလျှင်
လင်မယားနှစ်ဦးပိုင်ပစ္စည်းမရတော့ပါ

#တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေမှကောက်နှုတ်ချက်များ
-မြန်မာနိုင်ငံတွင်နေထိုင်သူများပြည်ပရောက်
မြန်မာနိုင်ငံသားများမြန်မာနိုင်ငံတွင်နေစဥ်
နိုင်ငံခြားသားနှင့်လက်ထပ်ထားသော
နိုင်ငံခြားသားများနှင့်သက်ဆိုင်သူတို့ပါဝင်သည်
-ပုဒ်မ14 အရတည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေကိုးကွယ်ရာဘာသာအရဖြစ်စေဓလေ့ထုံးတမ်းအရဖြစ်စေထိမ်းမြားမှုအတည်ဖြစ်နေစဥ်လင်သို့မဟုတ်မယားသည်အခြားသူနှင့်ထပ်မံထိမ်းမြားလျှင်
-2015ခုသြဂုတ်လ31ရက်နေ့မှပြဌာန်းသဖြင့်ယင်းနောက်ပိုင်းတွင်ဖြစ်လျှင်
-ထိမ်းမြားမှုတည်မြဲနေစဥ်အတွင်းထမ်မံထိမ်းမြားလျှင်အဆိုပါဥပဒေအရပြစ်ဒဏ်7နှစ်ထက်မပိုသောထောင်ဒဏ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်
-ကျုးလွန်သူပြစ်ဒဏ်ခံရပြီးနောက်ပိုင်း
လင်မယားအဖြစ်ဆက်တည်ရှိနေမည်
-ထပ်မံကျုးလွန်လျှင်ထပ်မံတရားစွဲနိုင်သည်
*အိမ်ထောင်ရေးပြစ်မှုကျုးလွန်သူသည်
လင်မယားနှစ်ဦးပိုင်ပစ္စည်းလက်လွတ်ဆုံးရှုံးမည်
*တရားမဝင်ထိမ်းမြားခြင်းပြုသူသည်
အမွေဆက်ခံပိုင်ခွင့်မရှိစေရ
*နစ်နာသူကတရားမကြောင်းအရလျော်ကြေး
တောင်းနိုင်သည်

နစ်နာသူများဥပဒေအခွင့်အရေးအကာအကွယ်
တို့ရရှိနိုင်ရန်စုစည်းမျှဝေပါသည်။

It is a legal knowledge sharing channel.

လောင်းကစားဥပဒေCrd
28/08/2022

လောင်းကစားဥပဒေ

Crd

17/08/2022
ဆရာမခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ...
14/08/2022

ဆရာမခင်ဗျား ။ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု နဲ့ လိမ်လည်မှု ဆိုတာကို ရှင်းသလိုလိုနဲ့ မရှင်းမလင်းဖြစ် နေပါတယ် ။ အဲဒီနှစ်ခု ဘယ်လိုကွဲပြားခြားနားသလဲ ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ ။
============================

🚫ယုံကြည်အပ်နှံတယ်ဆိုတာက လူတစ်ယောက်က ကိုယ်စားငွေသွားထည့်ခိုင်းတာကို မထည်ဘဲနဲ့ အလွဲသုံးစား လုပ်ရင် ၄၀၆ ၊ စီမံခန့်ခွဲမှုအတိုင်း မဆောင်ရွက်တာလို့ ပြောလို့ရပါတယ်။ ၄၀၆ နဲ့ ၄၂၀ နဲ့က ဘာကွာသလဲ ဆိုတော့ ဥပမာ- ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့အတွက်ဆိုပြီး ရွှေ၊ငွေ လက်ဝတ်ရတနာ တွေကို ငှားတယ်။ နောက်ပြန်မပေးဘူး။ သူပြန်မပေးရင် ပုဒ်မ ၄၀၆ ပါ။ သူက ဖောက်ဖျက်တယ်၊ ပြန်မပေးဘူး၊ ၄၀၆ ရဲ့ သဘာဝ ပါ။

🙅၄၂၀ ရဲ့သဘာဝကတော့ ရှင်ပြုအလှူတစ်ခုမှာ ဝတ်ဖို့ဆိုပြီးငှားတယ်။ ဒါပေမယ့် ရှင်ပြုအလှူက တကယ် မရှိဘူး။ လုပ်လည်း မလုပ်ဘူး၊ ယုံအောင်လို့ တမင်ပြောပြီး ယူသွားတာ။ ဒါက ၄၂၀ ပါ။ ဘာကွာသလဲဆိုတော့ ပစ္စည်းကို ယူစဉ်တုန်းက မရိုးမဖြောင့်တဲ့ သဘောက ၄၂၀ မှာပါနေတာ။ ၄၀၆ မှာက မရိုးမဖြောင့်တဲ့ သဘော မပါဘူး။ မရိုးမဖြောင့်တာကို ရာဇသတ်ကြီး ဥပဒေ ၂၃ မှာ အဓိက ဖွင့်ထားတာက လူတစ်ယောက်က မရိုးမ ဖြောင့်တဲ့ သဘောနဲ့ မတရားရယူရန် အကြံနဲ့ ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံနဲ့ ဖြစ်စေ ပြုမှုရင် လိမ်လည်မှု မြောက်တယ်လို့ ဖွင့်ထားပါတယ်။ အဲတော့ သူက မတရားရယူရန် အကြံရှိတယ်၊ ဆုံးရှုံးစေရန် အကြံလည်း ရှိနေတယ်ဆိုတော့ လိမ်လည်မှုမြောက်ပါတယ်။ ၄၂၀ က ထောင်ဒဏ် ၇ နှစ်ထိရှိပါတယ်။ ၄၀၆ က ထောင်ဒဏ် ၃ နှစ်ရှိပါတယ်။

#လိမ်လည်မှု

Crd

 #ကလေးသူငယ်ဥပဒေ    pic
10/08/2022

#ကလေးသူငယ်ဥပဒေ


pic

ရာဇသတ်ကြီး ပုဒ်မ (၄၉၃)"တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်ယောကျာ်းက မိန်းမကို သွေးဆောင်လှည့်ဖြား၍ကာမရယူမှု" (သို့) "...
05/08/2022

ရာဇသတ်ကြီး ပုဒ်မ (၄၉၃)
"တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်
ယောကျာ်းက မိန်းမကို သွေးဆောင်လှည့်ဖြား၍ကာမရယူမှု" (သို့) "ကာမလိမ်လည်မှု"

ချစ်ရတဲ့ SHE ရဲ့ မောင်နှစ်မတို့ ရေ

အပတ်စဥ် သောကြာနေ့တိုင်း ပြောပြပေးနေတဲ့ "ဒို့အမျိုးသမီးများနှင့် ဥပဒေရေးရာ"ဆိုတဲ့ ဥပဒေရေးရာနဲ့ ဆက်စပ်တဲ့အကြောင်းလေးတွေ၊ ဗဟုသုတရဖွယ်တွေကို မျှဝေပေးနေတဲ့ အချိန်​လေးကို ရောက်ရှိလို့လာ​ပြန်ပြီနော်။

ဒီတစ်ခေါက်မှာတော့ မိန်းကလေးတစ်ယောက်ကို ယောကျ်ားတစ်ယောက်က တရားဝင်လက်ထပ်ထားမယ်ဆိုပြီး သွေးဆောင်လှည့်ဖြားပြီးတော့ ကာမလိမ်လည်ရယူမှုအကြောင်းနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ (၄၉၃)မှာ ဖော်ပြထားတာကတော့.....

"မည်သည့်ယောကျ်ားမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင်၊ ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"

ဒါကိုသေချာရှင်းပြရမယ်ဆိုရင်.....

ဘယ်ယောကျာ်းမဆို မိန်းကလေးတစ်ယောက်ကို အစတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာလှည့်ဖြား သွေးဆောင်စကားများပြောပြီး သူမ ယုံကြည်မှုကိုရအောင်လုပ်ပြီး မိန်းကလေးသဘောတူ တရားဝင်လက်ထပ်ယူမဲ့ ပုံစံပေါက်အောင်လုပ်ပြီး ကာမရယူမယ်ဆိုရင် ဒါဟာ လိမ်လည်သွေးဆောင်ပြီး ကာမရယူမှုမြောက်ပါတယ်။ ဒီတော့...မိန်းကလေးတစ်ဦးကို ယောကျာ်းတစ်ဦးက နည်းလမ်းတစ်မျိုးမျိုးသုံး၍ အတုအယောင်လိမ်လည်လက်ထပ်ပြီး ပေါင်းသင်းအိပ်စက်သွားတာဆိုရင် သူဟာရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုးလက်ထပ်ထိမ်းမြားခြင်းကို ခုတုံးလုပ်၍ ယောကျာ်းတစ်ဦးက မိန်းမတစ်ဦးကို သွေးဆောင်လှည့်ဖြား၍ ကာမရယူမယ်ဆိုရင်တော့ ရာဇသတ်ကြီးပုဒ်မ (၄၉၃) အရ ဒီလူကို ဆယ်နှစ်ထိထောင်ဒဏ်ရော ငွေဒဏ်သတ်မှတ်၍ရော ပြစ်ဒဏ်ပေးလို့ရတာပဲဖြစ်ပါတယ်။

ဒီပြစ်မှုဟာ ယောကျ်ားနဲ့မိန်းကလေးကြားကပက်သက်မှုဖြစ်ပြီး မျက်မြင်သက်သေလည်း နည်းပါးနိုင်တာကြောင့် မိန်းကလေးများ အထူးသတိထားဖို့လိုအပ်ပါတယ်။ ဒီလိုကာမလိမ်လည်မှုကို တိုင်တန်းမယ်ဆိုရင်လည်း နစ်နာသူမိန်းကလေးက တိုင်တန်းမှသာ တရားရုံးက အရေးယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အကယ်၍ ကာယကံရှင်မိန်းကလေးက စိတ်ပေါ့သွပ်သူ၊ ငယ်ရွယ်တဲ့သူ၊ မသန်စွမ်းသူ၊ နာမကျန်းသူဖြစ်နေရင်တော့ တခြားသူက တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်စား တိုင်ကြားပေးနိုင်ပါတယ်။

ကဲ..ဒီလောင်ဆို ချစ်မောင်နှမတို့လည်း 'တရားဝင်ထိမ်းမြားကြောင်း
ယုံအောင်လှည့်ဖြား၍ ကာမရယူမှု' အကြောင်းကို တီးမိခေါက်မိရှိလောက်ပြီနော်။ ဒီလိုလုပ်ရပ်ကျူးလွန်သူကို ဥပဒေအရ အပြစ်ပေးလို့ရတယ်ဆိုတာ သိထားသင့်ပါတယ်နော်။

Creditshe
လေးစားစွာဖြင့်ကူးယူတင်ပြသည်

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ...**********************************ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ်တာဝန်မယူ...
31/07/2022

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ...
**********************************

ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ်တာဝန်မယူ၊ သူတစ်ပါးကိုပြစ်တင်ဝေဖန်၊ ဆဲဆိုစော်ကား၊ အသရေဖျက်နေတဲ့ ကာလမှာ လူတိုင်းသိထားသင့်ပါတယ်။

၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။

(က) ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန်ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း။

(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း။

(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း၊

နားရှင်အောင်ပြောရရင်...
(က) Facebook/ Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။
(ခ) Link အတုတွေကတဆင့် အချက်အလတ် Password ခိုးယူခြင်းပါ။
(ဂ) Online Shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။
(ဃ) Facebook ကတဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ Mention ခေါ်ဆဲခြင်း၊ ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ Tag တွဲခြင်း၊ Post ကို Share အပြစ်တင်ခြင်း စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်ကအမှု့ဖွင့်ပေးရုံနဲ့ အာမခံမရှိေ ထာင် (၃) နှစ်ချလို့ရပါတယ်။ Screenshot သက်သေအထောက်အထားသာ စုထားပါ၊ ကျိန်းသေထောင်ကျအောင်ချလို့ရတယ်။

ပုဒ်မ ၆၆ (ဃ) ကို ယနေ့ Facebook ပေါ်မှာ
ကျူးလွန်နေသူတွေ အများကြီးပါ။
ဥပဒေ က အားလုံးကို အကာကွယ်ပေးပြီးသားပါ။
ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ကောင်းတယ်နော်။

( စာတစ်ကြောင်းနဲ့ ထောင် (၃) နှစ်ကျတယ် )

crd

30/07/2022

"​လေ့လာလိုသူ/သိထားလိုသူများ"အ​ရေးကြုံက ဖတ်/မှတ် ထားနိုင်ပါသည်ရှင့်။

ခရစ်ယာန်ဘာသာ၀င်များလင်မယားကွာရှင်းခြင်း
သားသမီးများအုပ်ထိနိးခြင်း
***********************************


ခရစ်ယာန်ဘာသာ၀င်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်းပြုလုပ်ခွင့်မရှိပေ။
ခရစ်ယာန်ဘာသာ၀င်များအတွက်ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာကွာရှင်းခွင့်ရခြင်းဖြစ်ပါသည်။
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း။
၃။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း။ စသည်အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီးတရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။

ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -

အောက်ပါအကြောင်းပြချက်များဖြင့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
(၁) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး ယောကျာ်းနှင့်ဖောက်ပြားကျူးလွန်ပါသည်ဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၃) သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်းအကြောင်းပြချက်ဖြင့်ဖြစ်စေ ၊
(၄) နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၅) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
(၆) မုဒိမ်းမှု၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၇) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှုကျူးလွန်ခြင်းဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၈) မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်းအပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့်အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်ပါသည်။

ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -

အောက်ပါအကြောင်းများဖြင့် ထိမ်းမြားမှုပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါရှိနေကြောင်း ၊
(၂) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
(၃) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့သူဖြစ်ကြောင်း၊
(၄) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက်ရှိကြောင်း၊ စသည့်အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှုပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက်ရရန်လိုအပ်ပါသည်။

တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း -

အောက်ပါအကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) လင်ယောကျာ်း(သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း၊
(၂) ရက်စက်မှုကျူးလွန်ခြင်း
(၃) လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂) နှစ်သို့မဟုတ် (၂) နှစ်အထက်စွန့်ပစ် ထားခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။

#ခရစ်ယာန်ဘာသာ၀င်များလင်မယားအဖြစ်ပြန်လည်ပေါင်းသင်းခြင်းနောက်ထပ်ထိမ်းမြားခြင်း ခင်ပွန်းသည်နှင့်
ခွဲနေထိုင်ရန် ဒီကရီကိုပယ်ဖျက်ခြင်း #

ခင်ပွန်းသည်နှင့် ခွဲနေထိုင်ရန် ဒီကရီကို ပယ်ဖျက်ခြင်း -

လင်ယောကျာ်း (သို့) မယားဖြစ်သူသည် ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို ဒီကရီချမှတ်သည့် တရားရုံးသို့ ယင်းဒီကရီကို ပယ်ဖျက်ပေးရန် အောက် ပါအကြောင်းပြချက်ဖြင့်လျှောက်ထားနိုင်ပါသည်။
သူ(သို့)သူမ၏ မျက်ကွယ်ရာတွင် ဒီကရီရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းပြင်စွန့်ပစ်သည်ဟူ သောအကြောင်းပြချက်ဖြင့် ရရှိသောဒီကရီဖြစ်လျှင် ယင်းကဲ့သို့စွန့်ပစ်ရန် လုံလောက်သော အကြောင်း ရှိကြောင်း ဟူသော အကြောင်းပြချက်ဖြင့်ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။

လင်မယား ပြန်လည်ပေါင်းသင်းခြင်း -

လင်ယောကျာ်း သို့မဟုတ် မယားဖြစ်သူသည် လုံလောက်သောအကြောင်း တစ်စုံတစ်ရာ မရှိဘဲ၊ မိမိအိမ်ထောင်ဖက်နှင့်ခွဲခွာနေလျှင်၊ မယားဖြစ်သူသည် (သို့) လင်ယောကျာ်းသည် ခရိုင်တရားမတရားရုံး (သို့) တရားလွှတ်တော်သို့ လင်မယားပြန်လည်ပေါင်းသင်းရန် လျှောက် လွှာဖြင့် လျှောက်ထားနိုင်သည်။ တရားရုံးသည် လျှောက်လွှာတွင်ဖော်ပြထားသည့် အဆိုပြုချက် များမှန်ကန်သည်ဟုကျေနပ်လျှင် ၊ ၄င်းပြင်လျှောက်လွှာကို ခွင့်မပြုနိုင်သေယ ဥပဒေ အကြောင်း အချက် တစ်စုံတစ်ရာမရှိလျှင် လင်မယားပြန်လည်ပေါင်းသင်းရန်ဒီကရီချမှတ်နိုင်သည်။

နောက်ထပ် ထိမ်းမြားခြင်း -

ခရိုင်တရားမတရားသူကြီး ချမှတ်ခဲ့သည့် ထိမ်းမြားမှုကို ဖျက်သိမ်းသည့်ဒီကရီကို တရား လွှတ်တော်က အမိန့်ဖြင့် အတည်ပြုပြီးနောက် (၆)လကျော်လွန်ခဲ့လျှင်၊ ၄င်းပြင်အယူခံစီရင်ပိုင်ခွင့်၊ ၄င်း၏အာဏာကို ကျင့်သုံးရန် ယင်းဒီကရီကိုအယူခံခြင်းမရှိလျှင်၊ သို့မဟုတ် ယင်းသို့အယူခံခြင်းကို ပလပ်ခဲ့ပြီး၊ (သို့) ယင်းသို့အယူခံရာ၌ထိမ်းမြားမှု ဖျက်သိမ်းကြောင်း ကြေညာခဲ့လျှင် ထိမ်းမြားမှု နှင့်သက်ဆိုင်သူ နှစ်ဦးစလုံးသည် ယခင်ထိမ်းမြားမှုများ သေဆုံးခြင်းဖြင့်ဖျက်သိမ်းပြီး ဖြစ်သကဲ့သို့ နောက်ထပ် တရား၀င်ထိမ်းမြားခြင်းပြုလုပ်နိုင်ရမည်။ သို့ရာတွင် ထိုအချိန်ကာလထက်စော၍ ထိမ်းမြားခြင်းမပြုနိုင်ချေ။
သို့ရာတွင် ယင်းအမိန့် သို့မဟုတ် ဒီကရီကို တရားလွှတ်တော်ချုပ်သို့ အယူခံခြင်းမပြုမှသာ လျှင် ဖြစ်ရမည်။
ယင်းအယူခံကို ပလပ်ခဲ့ပြီးဖြစ်လျှင် သို့မဟုတ် အယူခံရာတွင် ထိမ်းမြားမှုဖျက်သိမ်းကြောင်း မြွတ်ဟကြေညာခဲ့လျှင် ထိမ်းမြားမှုနှင့်သက်ဆိုင်သူ နှစ်ဦးစလုံးသည် ယခင်ထိမ်းမြားမှုမှာ သေဆုံး ခြင်းဖြင့် ဖျက်သိမ်းပြီးဖြစ်သကဲ့သို့ နောက်ထပ်တရား၀င်ထိမ်းမြားခြင်းပြုလုပ်နိုင်သည်။ သို့ရာတွင် ထိုအချိန်ကာလထက်စော၍ ထိမ်းမြားခြင်း မပြုလုပ်နိုင်ချေ။

#ခရစ်ယာန်ဘာသာ၀င်များစားစရိတ်အကြောင်း ...

မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေအရ လျှောက်ထားသည့် အမှုတိုင်းတွင် လင် ယောကျာ်းက လျှောက်ထားသည်ဖြစ်စေ၊ မယားကလျှောက်ထားသည်ဖြစ်စေ၊ မယားဖြစ်သူ သည် အမှုအတောအတွင်း စားစရိတ်တောင်းရန်လျှောက်လွှာတင်သွင်းနိုင်သည်။
တရားရုံးသည်လျှောက်လွှာတွင်ပါရှိသော အဆိုပြုချက်များ မှန်ကန်ကြောင်း ကြေညာလျှင် လင်ယောကျာ်းအား အမှုအတောအတွင်းမယားသို့ စားစရိတ်ပေးရန် သင့်မြတ်သလို အမိန့်ချမှတ် နိုင်သည်။
သို့ရာတွင် အမှုအတောအတွင်းပေးရန် ချမှတ်သည့် စားစရိတ်သည် တရားရုံးအမိန့်ချမှတ် သည့်နေ့မှ လွန်ခဲ့သည့် ၃ နှစ်အတွင်းလင်ယောက်ျားရရှိသည့်အသားတင်၀င်ငွေ၏ ၅ ပုံ ၁ပုံထက် ကျော်လွန်ခြင်းမရှိစေရ။ ယင်းအမိန့်သည် ထိမ်းမြားမှုပယ်ဖျက်သည့် ဒီကရီမှဖြစ်လျှင် အပြီးအပြတ် ဒီကရီချမှတ်သည့် အချိန်အထိ အတည်ဖြစ်စေရမည်။ ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီဖြစ်လျှင် အတည်ပြုသည့် အချိန်အထိ အတည်ဖြစ်စေရမည်။
တရားလွှတ်တော်သည် သင့်တော်သည်ထင်မြင်လျှင်၊ ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီ ဖြစ်လျှင် အပြီးအပြတ် ဒီကရီချမှတ်သည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် မယားဖြစ်သူ ရရှိထား သည့် ခင်ပွန်းနှင့်ခွဲနေထိုင်ရန်ဒီကရီဖြစ်လျှင်လည်းကောင်း၊ ထိုနည်းတူ ခရိုင်တရားမတရားသူကြီး သည်သင့်လျော်သည်ထင်မြင်လျှင်၊မိမိချမှတ်ခဲ့သည့်ထိမ်းမြားမှု ပယ်ဖျက်သည့်ဒီကရီကို အတည် ပြုသည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် မယားဖြစ်သူက ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီရရှိထား လျှင်လည်းကောင်း၊ လင်ယောကျာ်းအား ၄င်းတက်နိုင်စွမ်းရှိသလောက် ငွေအလုံးအရင်း၊ (သို့) မယားအသက်ရှင်လျက်ရှိသည့်အချိန် ထက်မကျော်လွန်ဘဲ သူမအား နှစ်စဉ်စားစရိတ်ထောက်ပံ့ ရန်ငွေပမာဏကို သတ်မှတ်ပေးပြီး သင့်လျော်သည်ထင်မြင်လျှင် ယင်းသတ်မှတ်သည့်ငွေပေးရန် အတွက် စာချုပ်တစ်ခုကို သူတို့အတွင်း ချုပ်စေရန် အမိန့်ချမှတ်နိုင်သည်။
ပစ္စည်းခွဲဝေပေးခြင်း
တရားရုံးသည် ယင်းသို့ဆောင်ရွက်ရန် လင်ဖြစ်သူက မယားဖြစ်သူအား လစဉ်၊ သို့မဟုတ် အပတ်စဉ် စားစရိတ်ထောက်ပံ့ငွေကို တရားရုံးကသင့်လျော်သည်ဟု ယူဆသလိုပေးစေရန် အမိန့်ချမှတ်နိုင်သည်။
သို့ရာတွင် လင်ယောကျာ်းသည် နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် ထောက်ပံ့ ကြေးပေးရန် မတက်နိုင်လျှင် ၊ တရားရုံးသည်အမိန့်ကို ပယ်ဖျက်နိုင်သည်။ သို့မဟုတ် ပြင်ဆင်နိုင် သည်။ သို့မဟုတ် ထောက်ပံ့ကြေးတစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဆိုင်းငံ့ထားနိုင် သည်။ ၄င်းပြင်တရားရုံးက သင့်လျော်သည်ထင်မြင်သည့် ထောက်ပံ့ကြေးကို ပြန်လည်ပေးစေရန် အမိန့်ချမှတ်နိုင်သည်။

#ခရစ်ယာန်ဘာသာ၀င်များသားသမီးအုပ်ထိန်းရေး အကြောင်း...
ခင်ပွန်းနှင့်ခွဲနေထိုင်ရန် လျှောက်ထားသည့်အမှုတွင် တရားရုံးသည် ဒီကရီမချမှတ်မီ၊ ယင်း အိမ်ထောင်မှ အရွယ်မရောက်သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်စပ်လျဉ်း၍ သင့်လျော်သလို ကြားဖြတ်အမိန့်များ ချမှတ်နိုင်သည်။
သင့်လျော်သည်ထင်မြင်လျှင် ယင်းကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက် တွင် ထားရှိနိုင်ရန် အရေးယူဆောင်ရွက်နိုင်သည်။
ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီချမှတ်ပေးပြီးနောက်တွင် ယင်းအိမ်ထောင်မှ အရွယ် မရောက် သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်ပတ်သက်၍ လျှောက်ထားသည့်အခါအားလျော်စွာ အမိန့်ချမှတ်နိုင်သည်။ သို့မဟုတ် ကလေးများကို တရားရုံး ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်။
တရားလွှတ်တော်တွင် စွဲဆိုသည့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် အမှုတွင် (သို့) ထိမ်းမြားမှု ပျက်ပြယ်ကြောင်း စွဲဆိုသည့်အမှုတွင်၊ (သို့) တရားလွှတ်တော်သို့ စစ်ဆေးရန် ပြောင်းရွှေ့ပေး သည့်အမှုတွင် တရားလွှတ်တော်သည် အပြီးသတ်ဒီကရီမချမှတ်မီ (သို့) ၄င်းဒီကရီမချမှတ်မီ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ ခရိုင်တရားမရုံးတွင် စွဲဆိုသောအမှုတွင် အပြီးအပြတ် ဒီကရီ မချမှတ်မီ အခါအားလျော်စွာ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ တရားလွှတ် တော်(သို့) ခရိုင်တရားမရုံးသည်လည်းကောင်း၊ အိမ်ထောင်မှအရွယ်မရောက်သေးသည့်ကလေး များ အုပ်ထိန်းမှု၊ စားစရိတ်၊ပညာသင်ကြားရေးတို့နှင့် ပတ်သက်၍ ကြားဖြတ်အမိန့်များ ချမှတ် နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့် ချမှတ်နိုင်သည်။
တရားလွှတ်တော်သည် ထိမ်းမြားမှု ပယ်ဖျက်ကြောင်း စွဲဆိုသည့်အမှုတွင် အပြီးအပြတ် ဒီကရီချမှတ်သည့်အခါ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီချမှတ်သည့်အခါ တရားမတရား ရုံးသည် မိမ၏ထိမ်းမြားမှု ပယ်ဖျက်ကြောင်း ဒီကရီ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီကို အတည်ပြုလိုက်သည့်အခါ အရွယ်မရောက်သေးသည့်ကလေးများအတွက် လျှောက်လွှာနှင့် လျှောက်ထားလာလျှင် အခါအားလျော်စွာ ကလေးများအုပ်ထိန်းမှု၊ စားစရိတ်၊ ပညာသင်ကြားရေး တို့နှင့် ပတ်သက်၍ အမိန့်များချမှတ်နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက် မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်။

Credit -
လေးစားစွာဖြင့်ကူးယူတင်ပြသည်

မယားကို ရိုက်နှက်ခြင်းကိစ္စသိကောင်းစရာ             ဆွေးနွေးချက်များ👩‍⚖️👩‍⚖️👩‍⚖️   လေးစားစွာဖြင့်ကူးယူတင်ပြသည်
29/07/2022

မယားကို ရိုက်နှက်ခြင်းကိစ္စသိကောင်းစရာ
ဆွေးနွေးချက်များ👩‍⚖️👩‍⚖️👩‍⚖️



လေးစားစွာဖြင့်ကူးယူတင်ပြသည်

 #လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာအလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစုသိချင်သည့်မေးခွန်းအား......
25/07/2022

#လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်
မလုပ်ပါက နှစ်ဘယ်လောက်ကြာအလိုအလျောက်
ပြတ်ဆဲပါသလဲ ဟူသောအများစုသိချင်သည့်
မေးခွန်းအား........အချက်အလက်အစုံအလင်နှင့်
သိစေရန်ပြန်လည်မျှဝေပေးလိုက်ပါသည်။

⚖⚖⚖ လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

⚖⚖⚖ လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု့ တစ်ကြိမ် ကျူးလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။

⚖⚖⚖ ကျိူးကြောင်းဆီလျော်မှု့ မရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြိုးစားလျင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်ရင်သော်၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်)။

⚖⚖⚖ လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ယုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။

⚖⚖⚖ ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။

⚖⚖⚖ သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

⚖⚖⚖ viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့ မရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။ active ဖြစ်တဲ့ video file သာလျင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။

⚖⚖⚖ ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာ အရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ (အချု ပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်းထြင်း ကိစ္စများ၌စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာ ကြုံ တွေ့ရမှာဖြစ်၏။ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။

⚖⚖⚖ လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစု သိချင်သည့် မေးခွန်းအား....
၎င်းလင်မယား ၂ ယောက်ထဲမှတစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလို ပျက်ဆဲနိုင်ပါသည်။

( လေးစားလျက်)



လေးစားစွာဖြင့်ကူးယူတင်ပြသည်

ပိုင်နက်ကျူးလွန်မှု(သို့)ကျော်နင်းမှု နေအိမ်ရှေ့ စောင်းမြောင်းဆဲဆိုမှု၊ အသရေ ဖျက်မှု၊ ခြိမ်းခြောက်မှု၊ "ပုဒ်မ များ နှင့်...
22/07/2022

ပိုင်နက်ကျူးလွန်မှု(သို့)ကျော်နင်းမှု နေအိမ်ရှေ့ စောင်းမြောင်းဆဲဆိုမှု၊ အသရေ ဖျက်မှု၊ ခြိမ်းခြောက်မှု၊ "ပုဒ်မ များ နှင့် ပြစ်ဒဏ်” များ
✏✏✏✏✏✏✏✏✏✏✏✏✏✏
.အမေးများ လာမှုနှင့် လက်တွေ့ ဘဝများတွင် အများအားဖြင့် ဖြစ်တတ်သည့် ပြစ်မှုများ ဖြစ်သည့် အရပ်စကားဖြင့် ပြောရလျှင် စောင်းမြောင်းဆဲဆိုတာ ပိုနက်ကျူးလွန်တာ အသရေဖျက်တာ ခြိမ်းခြောက်တာ တွေက တိုင်လို့ရပါသလား ဘယ်မှာ
တိုင်ရသလဲ ဥပဒေ ပုဒ်မ ဘယ်လောက် နဲ့ ပြစ်ဒဏ်တွေက ဘယ်လောက်အထိရွိလဲ မေးကြသူများအား လေ့လာ သိရှိသမျှ မျှဝေ ပေးလိုက်ပါသည်။

ရာဇသတ်ကြီး ပုဒ်မ-၂၉၄

မည်သူမဆို အျခားသူမ်ား စိတ်ငြိုငြင်အောင် ညစ်ညမ်းသောပြုလုပ်မှုများနှင့် ညစ်ညမ်းသော သီချင်းမ်ား ပြုလုပ်လျှင်

(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် သို့တည်းမဟုတ်

(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ဖြစ်စေ ၊ အနီးအနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗ်ာ ၊ လင်္ကာ ၊ သီချင်း ၊ စကားတစ်မျိုးမျိုးကို ရွတ်ခြင်း ၊ သီဆိုခြင်း ၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ဖြင့် ရဲစခန်း/တရားရုံး တွင် အမှုဖွင့်နိုင်ပြီး ပြစ်ဒဏ် အဖြစ် ပြုလုပ်သူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၅၁

ထောင်ဒဏ် ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အလို့ငှာ အိမ်ကျော်နင်းမှု(အရပ်စကားဖြင့် ပိုင်နက်ကျူးလွန်မှု)ကိုကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနှစ်နှစ်အထိ တိုး၍ ချမှတ်နိုင်သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၀

အသရေပျက်မှု အတွက် ပြစ်ဒဏ် မည်သူမဆို အခြားသူတစ်ဦး ၏ အသရေကို ဖျက်လျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဌာန်းထားသည်။

နစ်နာသူ ကာယိကံရှင် မွ ပြစ်မှု ကျူးလွန်သူကို တရားရုံးမွ ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ သော်လည်း လည်းကောင်း ၏ နစ်နာမှု အတွက် နစ်နာကြေးရလိုမှု ဖြစ်သည့် တရာမမှု နှင့်လည်း အမှုထပ်ဖွင့်ခြင်း များလည်းရှိဘူးသည်

ရာဇသတ်ကြီး ပုဒ်မ ၅၀၆

ရာဇဝတ်မကင်းသော ခြောက်လှန့်မှုအတွက်ပြစ်ဒဏ်
မည်သူမဆို ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်

မှတ်ချက်

တယ်လီဖုန်း facebook အစရှိသည့် ဆက်သွယ်ရေးကရိယာ တစ်ခုခုကို အသုံးပြု၍ ခြိမ်းခြောက်လျှင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ များဖြင့် လည်း အရေးယူနိုင်သည်။

မူခင်းအသိပညာမ်ား ဥပဒေ မ်ားလေ့လာ မှတ်သား၍ တရားဥပဒေ စိုးမိုးမှု ပြစ်မှု့မှုခင်းမ်ား ကျဆင်းရေးကို ရည်ရွယ်၍ တင်ပြအပ်ပါသည်။

အမှုအခင်းများကင်းဝေးကြပါစေ

Crd by
Crd

 #တစ်လင်တစ်မယားဥပဒေ ►►►►►►►►►►►►►►►လူပြောများပြီး ခေတ်ကာလအခြေအနေအရ သိထားသင့်တဲ့ တစ်လင်တစ်မယားဥပဒေ အကြောင်းအရာ 31/8/2015တ...
21/07/2022

#တစ်လင်တစ်မယားဥပဒေ
►►►►►►►►►►►►►►►
လူပြောများပြီး ခေတ်ကာလအခြေအနေအရ သိထားသင့်တဲ့ တစ်လင်တစ်မယားဥပဒေ အကြောင်းအရာ

31/8/2015တွင်အတည်ပြု ပြဌာန်းလိုက်သော တစ်လင်တစ်မယား ဥပဒေအသစ်နှင့်အမျိုးသမီးများ၏ ခံစားခွင့်များ

အတည်ပြုပြီး ရက်ဖြစ်သော ၃၁.၈.၂၀၁၅ နေ့စွဲ နောက်ပိုင်းတွင် အိမ်ထောင်ရှိသူများ နောက်အိမ်ထောင်ထားခဲ့၇င် အပြစ်ဒဏ် ခံ၇ပါမယ်
ဥပဒေ ခြွင်းချက်အရ ၃၁.၈.၂၀၁၅ မတိုင်မီ နောက်အိမ်ထောင်ပြုထားသူများအား မတိုင်ကြားနိုင်ပါ
တစ်လင်တစ်မယား ဥပဒေ

1-အိမ်ထောင်ရှိသူ (ယောက်ျားမိန်းမ) အိမ်ထောင်ရှိလျက်ဖြင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လုံးဝ နောက်အိမ်ထောင်ပြုခွင့်မရှိ

2-အိမ်ထောင်ရှိနေဆဲဖြင့် နောက်အိမ်ထောင်ပြုလျှင် ထောင်(၇) နှစ် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်

3-နောက်အိမ်ထောင်ပြုသူကို ကျန်တဦး (ယောက်ျား/မိန်းမ)က ကွာရှင်းခွင့်တောင်းနိုင်သည်

4-နောက်အိမ်ထောင်ပြုသူ(ယောက်ျား/မိန်းမ)သည် နှစ်ဦးသားပိုင်ဆိုင်မှုကို ခံစားခွင့်မရှိစေရ

5-နောက်အိမ်ထောင်ပြုသူထံ အမွေဆက်ခံခွင့် မရှိစေရ

6-ကလေးများမှာ အမွေဆက်ခံခွင့်ရှိသည်

7-အိမ်ထောင်ရှိခြင်းကို ထိန်ချန်၍ လက်ထပ်လျှင် ထောင်ဒဏ်၁၀နှစ် ကျခံနိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်ံနိုင်သည်

8-အိမ်ထောင်ရှိခြင်း ကို ကိုးကွယ်ရာဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ သတ်မှတ်သည်
-------------×------------×-------------
ပြဌာန်းလိုက်သော ဥပဒေသစ်အရ

(က) ပထမအိမ်ထောင်ရှင်အမျိုးသမီး(မယားကြီး) အနေဖြင့်
1- နောက်အိမ်ထောင်ပြုသော ယောက်ျားအား ကွာရှင်းခွင့် တောင်းခံလာနိုင်သည်
2- မိမိအား လက်ဖွဲ့ထားသော အရာမှန်သမျှ မိမိတို့နှစ်ဦးရှာဖွေထားသော ပိုင်ဆိုင်မှု (ကလေးများအုပ်ထိန်းခွင့်ပါ/မပါ မသေချာ) အားလုံး ပိုင်ဆိုင်ခွင့်ရှိလာသည်
3- ယောက်ျားဖြစ်သူရော နောက်မယားဖြစ်သူကိုပါ တရားစွဲ ထောင်ချခွင့်ရှိလာသည်

(ခ) ဒုတိယအိမ်ထောင်အမျိုးသမီး (မယားပြိုင်)သည်
မိမိနှင့်ငြိစွန်းသူ အိမ်ထောင်သည်အမျိုးသားအား
၁- အိမ်ထောင်ရှိလျက် ကာမလိမ်လည်ရယူမှုဖြင့် တိုင်တောထောင်ချနိုင်လာသည်
၂- ပထမအိမ်ထောင်အား ကွာရှင်းစေကာ မိမိအား လက်ထပ်ရန် တောင်းဆိုလာနိုင်သည်
၃- ပထမအိမ်ထောင်အမျိုးသမီးထံ ယောက်ျားဖြစ်သူ၏ အ်မ်ထောင်ရှိလျက် ဖောက်ပြန်မှု ထောင်၁၀နှစ်ဖြင့် ခြိမ်းခြောက်ပြီး ပစ္စည်းရွှေငွေ တောင်းခံနိုင်ရုံမျှ တပါး အိမ်ထောင်ရှင်အမျိုးသားဖြင့်စပ်လျဉ်း၍ အခြားသော အမွေဆက်ခံခွင့် မရှိပါ

(ဂ) နောက်ယောက်ျား(လင်ငယ်) မှာ
မူလရှိရင်းစွဲဥပဒေပြဌာန်းချက် အတိုင်းပင် မယားခိုးမှုဖြင့် ထောင်ကျနိုင်သည်။

________________\\_________________//________________

(၁) မပြဌာန်းခင်က ပြုလုပ်မှုများ သည် အဆိုပါ ဥပဒေ နှင့် အကျုံးမ၀င်ပါ။ တရား၀င် အိမ်ထောင်ရှိသူက နောက်ထပ်ထပ်မံထိမ်းမြားလျှင် သို့မဟုတ် တရားမ၀င်ပေါင်းသင်းလျှင် ပုဒ်မ ၁၃ အရ (၇) နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်းတပ်ရိုက်နိုင်ပါတယ်။
ယခင်ထိမ်းမြားမှုကို ထိန်ချန်ပြီး ကျူးလွန်တယ်ဆိုရင် ပုဒ်မ ၁၇ အရ (၁၀) နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းတပ်ရိုက်နိုင်ပါတယ်။
ပုဒ်မ ၁၄ အရ တရား၀င်အိမ်ထောင်ဖက်က ကျူးလွန်သူကို ကွာရှင်းခွင့်ရှိပါတယ်။ ပုဒ်မ ၁၅ အရ ကွာရှင်းလျှင် ကျူးလွန်သူအနေနဲ့ နှစ်ဦးပိုင်ပစ္စည်းထဲက ၄င်းရဲ့ အခွင့်အရေးကို ဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။
ပုဒ်မ ၁၆ အရ နောက်မိန်မ (အဲ့ဒီမှာ ကျူးလွန်သူကို ယျောက်ျားလို့ပဲပြောတာထူးဆန်းတယ်) ဟာ ယေက်ျားရဲ့ အမွေကို ဆက်ခံခွင့်မရှိသလို ကျူးလွန်သူယောက်ျားဟာ ပထမမယားနဲ့နောက်မိန်းတို့ရဲ့ အမွေကို ဆက်ခံခွင့်မရှိပါဘူး

(၂) တရား၀င်အိမ်ထောင်မရှိသူများအနေဖြင့် မည်သည့် အဆိုပါဥပဒေမှ မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ရာမရောက်ပါ။

(၃) ငွေညစ်လာသူများပေါ်ပေါက်ခြင်းမပေါ်ပေါက်ခြင်းက အကြောင်းခြင်းရာ ပြဿနာဖြစ်ပါတယ် ။ဥပမာ သုံးလုံးဒိုင်ကိုင်သလိုပါပဲ။

(၄) အိမ်ထောင်သည် ဖြစ်လျှင် ကို တရားမ၀င်ပေါင်းသင်းခြင်း လို့ပါတဲ့ အတွက် အိမ်ထောင်သည်မှာ အပြစ်ရှိပါတယ်။ အပျိုလူပျိုမှာ အပြစ်မရှိပါ။

(၅) မယားကြီးမယားငယ်လို့ အဲ့ဒီဥပဒေမှာ မသုံးပါဘူး။ ပထမ မယားနှင့် နောက်မယားလို့သုံးပါတယ်။ ဥပဒေအရဖြစ်စေ၊ ဘာသာဓလေ့ထုံးတမ်းအရဖြစ်စေ ပထမဦးစွာ ပေါင်းသင်းနေထိုင်သူကို ပထမ မယားလို့သတ်မှတ်ပါတယ်။ နောက်မယားကို ပြစ်ဒဏ်သတ်မှတ်ခြင်းမဟုတ်ပါ။ အိမ်ထောင်တရား၀င်ရှိသူကိုသာ ပြစ်ဒဏ်သတ်မှတ်ခြင်းဖြစ်ပါတယ်။

(၆) မေးခွန်းပါ အကြောင်းအရာများကို ဥပဒေအရ နှင့် ဘာသာဓလေ့ထုံးစံ များအရ ဆုံးဖြတ်ရပါမည်။

(၇) ကျူးလွန်သူအမွေဆက်ခံခွင့်မရှိကြောင်းအထက်မှာ ဖြေပြီးဖြစ်ပါတယ်။ သားသမီး ကိစ္စမှာ တော့ ပုဒ်မ ၂၀ မှာ ကလေးသူငယ်အခွင့်အရေး မထိခိုက်စေ ရလို့ ပဲပါပြီး အခြား ပြဌာန်းချက် မပါပါ။

#ကိုးကားချက်
သာကီသွေးဂျာနယ်

Crd

Address

Ayarwady
Pathein

Website

Alerts

Be the first to know and let us send you an email when Lawer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share