Burmese Entertainment

Burmese Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burmese Entertainment, Entertainment Lawyer, Myingyan.

ငါးတွေက ရေသောက်ကြလားဒီမေးခွန်းကို ကပ်သီးကပ်သပ်မေးကြတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းပါ ၊ ငါးတွ...
28/04/2026

ငါးတွေက ရေသောက်ကြလား

ဒီမေးခွန်းကို ကပ်သီးကပ်သပ်မေးကြတယ်လို့ ထင်ရ
ပေမဲ့ တကယ်တမ်းက စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်း
ပါ ၊ ငါးတွေက ရေသောက်လားဆိုတာကို သက်သက်
ဖြေပေးတာထက် ရေနေသတ္တဝါတွေက ရေသောက်ကြ
လားလို့ပြောတာက ပိုပြီးပြည့်စုံမယ်လို့ထင်လို့ လေ့လာ
ဖတ်မှတ်ထားသလောက် ဒီနေရာမှာအပိုင်း(၃)ပိုင်းခွဲပြီး
ပြောပြချင်ပါတယ်။

၁။ ပင်လယ်ငါးများနဲ့ ရေငံသတ္တဝါများ
၂။ ရေချိုငါးများနဲ့ ရေချိုသတ္တဝါများ
၃။ ရေနေနို့တိုက်သတ္တဝါများ ဆိုပြီးပြောပြပါ့မယ်

ရေနေသတ္တဝါတွေရဲ့သဘာဝအရ သူတို့ရဲ့ရေသောက်
၏ ၊ မသောက်၏ဆိုတာက ကွဲပြားနေတာဖြစ်လို့ခွဲပြော
မှဖြစ်မှာမလို့ပါ

#ပင်လယ်ငါးများနဲ့ရေငံသတ္တဝါများ
ပင်လယ်နေငါးတွေက ရေသောက်ကြလားဆိုရင် ရေကို
အများကြီးသောက်ကြပါတယ် ပါးစပ်က‌နေပဲ စုပ်ယူပြီး
သောက်ကြတာပါ ၊ ဒီလောက်ငန်နေတဲ့ရေကို ငါးတွေ
သောက်ကြတာဖြစ်နိုင်ပါ့မလားလို့တွေးမိကြပါလိမ့်မယ်
ဟုတ်ပါတယ် သောက်ကြပါတယ် ၊ သိကြတဲ့အတိုင်းပဲ
ပင်လယ်ရေက ပင်လယ်ငါးတွေရဲ့ခန္ဓာကိုယ်ထဲကအရည်
တွေထက်ပိုငန်ပါတယ်

သဘာဝအရ ရေဟာအငန်ဓာတ်ပေါ့တဲ့ဆီကနေ အငန်
ဓာတ်များတဲ့ဆီကို စိမ့်ထွက်တတ်တဲ့အတွက် ပင်လယ်
ငါးတွေရဲ့ခန္ဓာကိုယ်ထဲက အငန်ဓာတ်ပေါ့ ရေတွေက
အငန်ဓာတ်များတဲ့ပင်လယ်ရေထဲကို အမြဲစိမ့်ထွက်နေပါ
တယ် ၊ ဒါကြောင့် ပင်လယ်နေငါးတွေဟာ ရေဓာတ်မခမ်း
ခြောက်သွားအောင် ပင်လယ်ရေကိုအဆက်မပြတ်ဆိုတဲ့
အတိုင်းသောက်နေရပါတယ် သောက်လိုက်တဲ့ ရေထဲက
ပိုနေတဲ့ ဆားဓာတ်တွေကိုတော့ ပါးဟက်နဲ့ ဆီးကနေ
တစ်ဆင့် အပြင်ကိုပြန်လည်စွန့်ထုတ်ပစ်ပါတယ်

ဒီနေရာမှာ တခြားသော ရေနေသတ္တဝါများဖြစ်ကြတဲ့
ရေဘဝဲနဲ့ ကင်းမွန်တွေလို သတ္တဝါတွေမှာကျ တစ်မျိုးကွဲ
သွားကြပြန်ပါတယ် ၊ သူတို့တွေကျတော့ သဘာဝအရ
ခန္ဓာကိုယ်ထဲမှာရှိတဲ့အငန်ဓာတ်ကို အပြင်က ပင်လယ်
ရေရဲ့အငန်ဓာတ်နဲ့ အမြဲတမ်းညီမျှနေအောင် ထိန်းညှိ
ထားနိုင်ကြပါတယ် ဒါကြောင့်လည်း ရေကိုပါးစပ်ကနေ
တကူးတကသောက်စရာမလိုဘဲ သူတို့ရဲ့ အရေပြားက
နေတစ်ဆင့် လိုအပ်တဲ့ရေဓာတ်ကို အလိုလိုစုပ်ယူရရှိနေ
တာပါ ၊ ဒီလိုသတ္တဝါတွေကိုတော့ Osmoconformers
လို့ခေါ်ကြပြီး လူသိများတဲ့အကောင်တချို့ကတော့
အောက်ပါအတိုင်းပါပဲ။
(ရေဘဝဲ ၊ ကင်းမွန် ၊ ကြယ်ငါး ၊ ပုစွန်၊ ဂဏန်း ၊ ကျောက်ပုစွန်များ ၊ ပင်လယ်မျှော့နဲ့ ဂျယ်လီငါးများ ၊ ငါမန်းများ..စသဖြင့်)

#ရေချိုငါးများနဲ့ရေချိုသတ္တဝါများ
ရေချိုမှာနေတဲ့ ငါးတွေကတော့လည်း တစ်မျိုးကွဲသွား
ကြပြန်ပါတယ် ၊ တည့်တည့်ပြောရရင် ရေချိုငါးတွေက
ရေမသောက်ကြပါဘူး ၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေထဲကရေက ငါးတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်ထက်ကို အငန်ဓာတ် ပိုပေါ့လို့ပါ ၊ ဒါကြောင့် ရေတွေက သူတို့ရဲ့အရေပြားနဲ့ ပါးဟက်တွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို
အလိုလိုစိမ့်ဝင်နေလို့ ရေကို တကူးတကသောက်စရာ
မလိုကြပါဘူး ၊ တစ်ဖက်မှာလည်း သူတို့က ရေသောက်
စရာမလိုတဲ့အပြင် ခန္ဓာကိုယ်ထဲကို အလိုလိုဝင်လာတဲ့
ရေပိုတွေကိုတောင် ဖယ်ရှားဖို့လိုအပ်တာမျိုးရှိပါတယ်

ဒါကြောင့် ရေချိုငါးတွေက သူတို့က်ိုယ်ထဲကရေပိုတွေ
ထွက်သွားအောင် ဆီးကိုအမြဲတမ်း တစိမ့်စိမ့်သွားပေး
နေကြရပါတယ် ၊ ဒီနေရာမှာ ဖားနဲ့ ဖားလောင်းတွေက
တော့ ရေချိုငါးနဲ့အတူတူပါပဲ ၊ ရေမသောက်ကြပါဘူး

ဒီ့ပြင် ရေချိုမှာနေတဲ့ တခြားသော သတ္တဝါတွေဖြစ်တဲ့
လိပ်၊ မိကျောင်းနဲ့ ဖျံလို Osmoregulators အကောင်တွေ
ကတော့ သူတို့မှာ ရေစိမ့်မဝင်နိုင်တဲ့အကြေးခွံနဲ့ထူထဲတဲ့
ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အရေပြားကနေရေကို
စုပ်ယူမပေးနိုင်ပါဘူး ၊ ဒီ့အတွက် ပါးစပ်နဲ့ရေကိုသောက်
ကြရပါတယ် ဒါပေမဲ့ အမြဲတမ်းတော့ သောက်နေရတာ
မဟုတ်ပါဘူး လိုအပ်တဲ့အခါမှပါ။

#ရေနေနို့တိုက်သတ္တဝါများ
ဒီလိုသတ္တဝါတွေကတော့ ပင်လယ်ရေငံထဲမှာနေပေမဲ့
ပင်လယ်ရေကို တိုက်ရိုက်သောက်လေ့မရှိပါဘူး ဘာလို့
လဲဆိုတော့ ရေနေနို့တိုက်သတ္တဝါတွေမှာကျ ပင်လယ်
ရေကို သောက်လိုက်ရင်ပါလာတဲ့အငန်ဓာတ်တွေကို ပြန်
စွန့်ထုတ်ဖို့ သူတို့ရဲ့ကျောက်ကပ်က အလုပ်အရမ်းလုပ်ရ
မှာဖြစ်တဲ့အတွက် ရေကိုတမင်တကာ စုပ်ယူသောက်ကြ
လေ့မရှိကြပါဘူး အဲ့ဒီအတွက် သူတို့လိုအပ်တဲ့ ရေဓာတ်
ကို သူတို့စားတဲ့အစာဖြစ်တဲ့ငါး ၊ ရေဘဝဲနဲ့ ကင်းမွန်တို့လို
Osmoconformers အကောင်တွေဆီကနေပဲ အဓိကရယူ
ကြပါတယ်

ဒီတော့ အပေါ်ကအချက်သုံးချက်ကို အတိုပြန်ချုပ်ရရင်

- ပင်လယ်ငါးနဲ့ ရေငံသတ္တဝါအများစုက ရေကိုပါးစပ်နဲ့
စုပ်ယူသောက်ကြတယ် ၊ Osmoconformers အကောင်
တွေကျ ရေဓာတ်ကိုအလိုလိုထိန်းထားနိုင်ကြလို့ သောက်
စရာမလိုဘူး

- ရေချိုငါးနဲ့ ရေချိုသတ္တဝါအများစုက သူတို့ရဲအရေပြား
နဲ့ ပါးဟက်တွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို အလိုလို
စိမ့်ဝင်နေတတ်လို့ ရေကိုစုပ်ယူသောက်စရာမလိုကြဘူး
ဒါပေမဲ့ ရေချိုနေ Osmoregulators အကောင်တွေကျတော့ ရေကိုပါးစပ်နဲ့ စုပ်ယူသောက်ကြရတယ်

- ရေနေနို့တိုက်သတ္တဝါတွေမှာကျပြန်လည်း ပင်လယ်ရေ
ငန်မှာနေကြပေမဲ့ ရေမသောက်ကြပဲ လိုအပ်တဲ့ရေဓာတ်ကို သူတို့ရဲ့စားတဲ့အစာဖြစ်တဲ့ Osmoconformers လို သတ္တဝါတွေကနေ ရရှိကြပါတယ်

ဒီလောက်ဆို အနည်းငယ် ရှင်းသွားလောက်ပြီလို့
မျှော်လင့်မိပါတယ်။


16/03/2026

✅ကွီးနေထူးနိုင်လာပီလေ🤣🤣

#ဝမ်းမိုး #ဆိုင်း #ဟာသ

07/03/2026

✅စွယ်စုံရဝမ်းမိုး ဂစ်တာကြီးနဲ့ လုပ်ချလိုက်ပြန်ပီ😅

#ဆိုင်း #ဟာသ #မြန်မာ့ #ဝမ်းမိုး

01/03/2026

✅ဇာတ်မင်းသား "အောင်ဇမ္ဗူ"ရဲ့
စံပယ်ပန်း တကယ်နမ်းမယ့်😂
#အောင်ဇမ္ဗူ #ဆိုင်း #ဟာသ #ဇာတ်

28/02/2026

✅အောင်ဇမ္ဗူအား (၁)နှစ်ရပ်ဆိုင်းခြင်း
ထုတ်ပြန်စာအပေါ် "ဉက္ကဌ ဦးဖိုးချစ်"မှ ဖြေရှင်းချက်

#အောင်ဇမ္ဗူ #ဇာတ်

28/02/2026

✅ကျန်စစ်သားနဲ့ ငပိနန္ဒာ 😂 😂 ersreels #ဆိုင်း #ဝမ်းမိုး #ဟာသ #

24/02/2026

✅စွယ်စုံဝမ်းမိုးနဲ့ ဆိတ်မိသားစု အရှုပ်တော်ပုံ

#ဝမ်းမိုး #ဟာသ #မြန်မာ့ #ဆိုင်း

24/02/2026

ပြီးခဲ့တဲ့အပတ်မှာ reaction ၅၀၀+ ရခဲ့ပါတယ် 🎉
အားပေးကြတဲ့ လူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 🙏
ဒီထက်ပိုကောင်းတဲ့ content တွေ ဆက်တင်မယ် — ဆက်ပြီး support လုပ်ပေးပါနော် 💙

I got over 500 reactions on my posts last week! Thanks everyone for your support! 🎉

21/02/2026

✅ရွဲကုန်သည် ဝမ်းမိုး နှင့် ဖိုးချစ်အက
⭐Page ကို Like and Follow ဖြင့်ကူညီပေးနိုင်ပါတယ်
#ဝမ်းမိုး #ဆိုင်း #ဟာသ

19/02/2026

✅ပုပ္ပါးသမိုင်း
မနားတမ်းရီရမယ့် ဝမ်းမိုးဟာသ 🤣🤣
#ဝမ်းမိုး #ဆိုင်း #ဟာသ

✅ညအိပ်မသွားခင် အချိန်လေးဗုဒ္ဓဟောခဲ့သလို👉 မကောင်းတာတွေကို မတွေးနဲ့👉 ကောင်းတာတွေကို လုပ်ဖို့ မလျှော့နဲ့👉 ကိုယ့်စိတ်ကို သန့...
18/02/2026

✅ညအိပ်မသွားခင် အချိန်လေး

ဗုဒ္ဓဟောခဲ့သလို
👉 မကောင်းတာတွေကို မတွေးနဲ့
👉 ကောင်းတာတွေကို လုပ်ဖို့ မလျှော့နဲ့
👉 ကိုယ့်စိတ်ကို သန့်ရှင်းအောင် ထိန်းထားပါ

ဒီနေ့ မပြီးသေးတဲ့အရာတွေရှိလည်း စိတ်မပူပါနဲ့။
မနက်ဖြန်မှာ ကောင်းတဲ့စိတ်နဲ့ ပြန်စနိုင်ပါတယ်။
အေးချမ်းစွာ အိပ်စက်နိုင်ပါစေ 🙏

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when Burmese Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share