ဘေဘီဝမ်းနှင့်ရွှေမြို့သူကုမ္ပဏီလီမိတက်

  • Home
  • Myanmar
  • Myawadi
  • ဘေဘီဝမ်းနှင့်ရွှေမြို့သူကုမ္ပဏီလီမိတက်

ဘေဘီဝမ်းနှင့်ရွှေမြို့သူကုမ္ပဏီလီမိတက် လုပ်ငန်းကိစ္စနှင့်ပတ်သက်၍
09777455988,09782956791,09786493081သို့ဆက်သွယ်နိုင်သည်။

အိမ်၊ခြံ၊မြေ၊ကား ရောင်းဝယ်ငှားလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

🏡 မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခြံကျယ်ကျယ် Smart House အဆင့်မြင့်လုံးချင်းအိမ် ရောင်းမည် ✨မြဝတီမြို့ရဲ့ အချက်အချာကျတဲ့...
16/01/2026

🏡 မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခြံကျယ်ကျယ် Smart House အဆင့်မြင့်လုံးချင်းအိမ် ရောင်းမည် ✨
မြဝတီမြို့ရဲ့ အချက်အချာကျတဲ့ စိုက်ဇုန် မှာ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ (၂)ထပ် Smart House ရောင်းဖို့ရှိပါတယ်ခင်ဗျာ။ ခြံဝန်းကျယ်ကျယ်နဲ့ အေးအေးဆေးဆေး နေချင်သူများအတွက် အထူးသင့်လျော်ပါတယ်။
📍 တည်နေရာ: မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ စိုက်ဇုန်။
🌉 သွားလာရေး: ထိုင်း-မြန်မာချစ်ကြည်ရေးတံတား (၂) သို့ ကားဖြင့် (၃) မိနစ် ခရီးသာ ဝေးပါသည်။
✅ အိမ်၏အင်္ဂါရပ်များ:
• မြေအကျယ်: ၁၀၀ ပေ x ၁၀၀ ပေ (ပတ်လည်) - ခြံဝန်းအလွန်ကျယ်ဝန်းပါသည်။
• မြေအမျိုးအစား: မွေးဇုန်ပါမစ်။
• အိပ်ခန်းများ: Master Bedroom (၅) ခန်း ပါဝင်ပြီး အခန်းတိုင်းတွင် တန်ဖိုးမြင့် ရေချိုးကန် (Bathtub) များ ထည့်သွင်းပေးထားပါသည်။
• ဧည့်ခန်း: ခေတ်မီပြီး ခန့်ညားထည်ဝါသော Interior Design ဖြင့် ပြင်ဆင်ထားသော ဧည့်ခန်း။
• မီးဖိုချောင်: အိမ်ရှင်မများ အကြိုက်တွေ့စေမယ့် Smart Kitchen စနစ်။
💰 ရောင်းဈေး: သိန်း ၂၅,၀၀၀ (ညှိနှိုင်း)
နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံထားဖို့ပဲဖြစ်ဖြစ် တကယ့်ကို တန်ဖိုးရှိတဲ့ အိမ်ကောင်းတစ်လုံး ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။
📞 ဆက်သွယ်ရန်ဖုန်း:
• 09-777455988
• 09-786493081
📧 Email: [email protected]

https://maps.app.goo.gl/AaVM4SiSp9sgdnx29?g_st=ic

#မြဝတီအိမ်ခြံမြေ #အိမ်ခြံမြေရောင်းရန်

🏗️ မြဝတီမြို့၊ အာရှလမ်းမကြီးအနီး ဂိုဒေါင်အမြန်ငှားရန်ရှိသည်မြဝတီမြို့ရဲ့ စီးပွားရေးအချက်အခြာကျတဲ့ Hotel Zone နဲ့ Bar Zon...
02/01/2026

🏗️ မြဝတီမြို့၊ အာရှလမ်းမကြီးအနီး ဂိုဒေါင်အမြန်ငှားရန်ရှိသည်
မြဝတီမြို့ရဲ့ စီးပွားရေးအချက်အခြာကျတဲ့ Hotel Zone နဲ့ Bar Zone အနီးမှာ တည်ရှိပြီး သွားလာရလွယ်ကူတဲ့ ဂိုဒေါင်အသစ်ကို ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းပေးပါမည်။
📍 တည်နေရာနှင့် အချက်အလက်များ
• တည်နေရာ: မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီး “ရွှေကမ္ဘာဟိုတယ်”အရှေ့မှ ပေ ၃၀၀ အကွာ (Hotel Zone & Bar Zone အနီး)
မြေအကျယ်အဝန်း 60’ x 80’ ပေါ်၌ တည်ဆောက်ထားသော
• ဂိုဒေါင်အကျယ်အဝန်း: 32' x 55' ပေ
• အခြေအနေ: ခိုင်ခံ့စွာ တည်ဆောက်ထားပြီး ကုန်ပစ္စည်းသိုလှောင်ရန် သို့မဟုတ် လုပ်ငန်းသုံးရန် အထူးသင့်တော်သည်။
💰 ငှားရမ်းမှုအခြေအနေ
• ငှားရမ်းခ: တစ်လလျှင် ၃၅,၀၀၀ ဘတ် (35,000 THB)
• စာချုပ်: နှစ်ချုပ်ဖြင့် ငှားရမ်းပေးပါမည်။
စိတ်ပါဝင်စား၍ အသေးစိတ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞 ဖုန်း - 09 777 455 988

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လ...
16/12/2025

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************
ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။
ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။
ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
©️ဥပဒေရေးရာ

၇-၁၁-၂၀၂၅ ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အား ဂုဏ်ပြုကြိုဆိုပါသည်။
07/11/2025

၇-၁၁-၂၀၂၅ ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

04/11/2025
 #မြေကွက်အရောင်းကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြန်မာနန်း(၃)လမ်းရှိ ဖော်ပြပါ မြေကွက် ၈၀*၆၀ (မြေပေးမိန့် ၂စောင...
20/10/2025

#မြေကွက်အရောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြန်မာနန်း(၃)လမ်းရှိ ဖော်ပြပါ မြေကွက် ၈၀*၆၀ (မြေပေးမိန့် ၂စောင်)မြေကွက်အား မြန်မာကျပ်ငွေ #သိန်း၇၀၀၀ ကျပ် ဖြင့် ရောင်းချမည်ဖြစ်သည်။

အုတ်တံတိုင်းခြံစည်းရိုးတန်ဘိုး သိန်းတစ်ထောင်ကျော်အကုန်အကျခံ ခတ်ထားပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ 689Ft မှာ တည်ရှိတဲ့ ခြံတစ်ခြံဖြစ်တာမို့ ‌ရေကြီးခြင်း၊ ရေနှစ်မြုပ်ခြင်းတို့အတွက် စိုးရိမ်စရာအကြောင်း မရှိပါဘူး။

ခြံ၏ တောင်ဘက်အရပ်၌ ဂရိတ်ဝမ်းဟိုတယ်တည်ရှိပြီး ခြံ၏မြောက်ဘက်အရပ်၌ Myawaddy City Villa တည်ရှိပါသည်။

စိတ်ပါဝင်စားသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်များနှင့်email သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

09777455988
09786493081
email; [email protected]

သင်္ကေတဖြင့်ခွဲခြားသောမြေအမျိုးအစား(Category of Lands by Symbols)
15/10/2025

သင်္ကေတဖြင့်ခွဲခြားသောမြေအမျိုးအစား(Category of Lands by Symbols)

12/10/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

 #ရွာမြေရွာမြေဆိုတာ ဘာလဲ၊ ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။တနည်း...
18/09/2025

#ရွာမြေ
ရွာမြေဆိုတာ ဘာလဲ၊ ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။
တနည်းအားဖြင့် ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။
ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ?
ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။
ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။
ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။
မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။
ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။
ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။
၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။
ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံ ချက် လက်မှတ် ကို 3 (A )လို့သုံးရမှာ ဖြစ်ပါတယ်။
သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
©ဉပဒေရေးရာ

 #ဂိုဒေါင်အငှားမြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွှေမြဝတီဈေး(၂)လမ်းရှိ မြေအကျယ်(၈၀)ပေ(၆၀)ပေပေါ်၌ တည်ဆောက်ထားသော ဖော်ပြပါဂိုဒ...
05/09/2025

#ဂိုဒေါင်အငှား

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွှေမြဝတီဈေး(၂)လမ်းရှိ မြေအကျယ်(၈၀)ပေ(၆၀)ပေပေါ်၌ တည်ဆောက်ထားသော ဖော်ပြပါဂိုဒေါင်အားငှါးရမ်းမည်ဖြစ်သည်-

ဂိုဒေါင် မျက်နှာဝ အကျယ်(၆၆)ပေ
အရှည်(၃၆)ပေ
အမြင့်(၂၀)ပေ
ရုံးခန်း(သို့မဟုတ်)လူနေအိပ်ခန်းပါ
ရေချိုးခန်း၊ အိမ်သာ ပါ

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ 652.9Ft မှာ တည်ရှိတဲ့ ခြံတစ်ခြံဖြစ်တာမို့ ‌ရေကြီးခြင်း၊ ရေနှစ်မြုပ်ခြင်းတို့အတွက် စိုးရိမ်စရာအကြောင်း မရှိပါဘူး။

ဖော်ပြပါ ဂိုဒေါင်အား နှစ်ချုပ် တစ်လ သိန်း(၂၀)ကျပ်ဖြင့် ငှားရမ်းမည်ဖြစ်သည်။

လိုအပ်သူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

09777455988
09786493081

၂၇၆၄ ခုနှစ်၊ (၂၄)ကြိမ်မြောက် ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာ အခမ်းအနားဒီနိုင်ငံမှာနေရင်_ဒိနိုင်ငံကို ချစ်...
08/08/2025

၂၇၆၄ ခုနှစ်၊ (၂၄)ကြိမ်မြောက် ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာ အခမ်းအနား

ဒီနိုင်ငံမှာနေရင်_

ဒိနိုင်ငံကို ချစ်ပါ
ဒီပြည်နယ်ကို ချစ်ပါ
ဒီမြို့ကို ချစ်ပါ
ဒီလူမျိုးကို ချစ်ပါ

အကျိုးမပြုရင်တောင် မစော်ကားပါနဲ့
#မြတ်ကို_ဒေါနမြေ

မိတ်‌ဆွေတို့ ....မြဝတီမြို့မှာ သင်နေထိုင်တယ်ဆိုရင်တော့ တစ်နှစ်တစ်ခါကြုံတွေ့နေရတဲ့ အခက်အခဲလေးတစ်ခုရှိမှာပေါ့အဲသည်အခက်အခဲက...
03/08/2025

မိတ်‌ဆွေတို့ ....

မြဝတီမြို့မှာ သင်နေထိုင်တယ်ဆိုရင်တော့ တစ်နှစ်တစ်ခါကြုံတွေ့နေရတဲ့ အခက်အခဲလေးတစ်ခုရှိမှာပေါ့

အဲသည်အခက်အခဲက တစ်နှစ်(၁)ခါ သို့မဟုတ် တစ်နှစ်(၂)ခါ ကြုံတွေ့ရတဲ့ ရေဘေးရင်ဆိုင်ရခြင်း အခက်အခဲပါဘဲ

ဒီအခက်အခဲကိုဖြေရှင်းဖို့နဲ့ လူဘဝသက်တမ်းအတွင်း စိတ်ချမ်းသာစွာနေထိုင်‌ဖို့အတွက် ရွေးချယ်စရာနေရာလေးတစ်ခု ပြပေးပါမယ်

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီး ဟိုတယ်ဇုန်၊ ဘားဇုန်အနီးတည်ရှိပြီး Golden Earth Hotel အရှေ့မျက်နှာချင်းဆိုင် ၊ အာရှလမ်းမကြီးနဲ့ အတွင်း (၄၂၀)ပေသာ ဝင်ရမယ့် “ရေလုံးဝမမြုပ်တဲ့”Villa ဝင်းထဲမှာ ဂရန်ကြီးခွဲစိတ်မြေကွက် (၆၀x၈၀)ပေ အကျယ်ရှိတဲ့ မြေကွက်လေးတစ်ကွက် ဖြစ်ပါတယ်။

မြေပုံထဲမှာ အနီလိုင်းနဲ့ ဘောင်ခတ်ထားတဲ့ အရောင်းကွက်ဖြစ်ပါတယ်။

မြဝတီမြို့ပေါ်က လုပ်ငန်းရှင်တော်တော်များများလည်း ထို villa ဝင်းထဲရောက်နေပါပြီး။

မြေကွက်လေးကို တန်ဘိုးအားဖြင့် သိန်း(၇၀၀၀)ကျပ် ဈေးနှုန်းဖွင့်ထားပါတယ်။

စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဟလို လုပ်လိုက်ပါနော်

09777455988
09786493081

Address

၅/၇၃၃၊ရွှေဝါထွန်းလမ်း၊မြဝတီမြို့
Myawadi
13051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959777455988

Alerts

Be the first to know and let us send you an email when ဘေဘီဝမ်းနှင့်ရွှေမြို့သူကုမ္ပဏီလီမိတက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဘေဘီဝမ်းနှင့်ရွှေမြို့သူကုမ္ပဏီလီမိတက်:

Share