01/07/2026
Legal Training for Corporate Legal Practices” (Batch – 5)
*Online Class*
#ရှေ့နေငယ်များနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် - ကော်ပိုရိတ်ဥပဒေလုပ်ငန်းခွင်ထဲမှာ လမ်းမပျောက်စေဖို့
သိနားလည်ဖို့ မလွယ်ကူသလို၊ မသိထားလို့လည်း လုံးဝ (လုံးဝ) မရတဲ့ ကော်ပိုရိတ် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ယုံကြည်မှုအပြည့်နဲ့ ကိုင်တွယ်နိုင်ဖို့...
“Legal Training for Corporate Legal Practices” (Batch – 5) Online Class ကနေ ကြိုဆိုပါတယ်!
ဒီသင်တန်းက အခြားသင်တန်းတွေနဲ့ မတူတာက -
#သီအိုရီသက်သက် မဟုတ်ပါဘူး : လုပ်သက် (၁၅) နှစ်အတွင်း လက်တွေ့ရေးဆွဲအသုံးပြုခဲ့တဲ့ “စာမှတ်စာတမ်းများ၊ စာချုပ်နမူနာပုံစံ (Softcopies)” ကို ကြိုတင်ပေးပို့ပြီး Case Study များ၊ ဥပမာများနဲ့ စနစ်တကျ လေ့ကျင့်ပေးမှာပါ။
#တကယ်တတ်မြောက်ကြောင်း ဆန်းစစ်ပါတယ် : သင်တန်းပြီးရင် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်နိုင်ရန် Objective Questions & Short Questions Examination စာမေးပွဲအစီအစဉ် ပါဝင်ပါတယ်။
Knowledge ကို ပေးတာပါ: ဒီသင်တန်းက “Certificate (သင်တန်းဆင်းလက်မှတ်)” မပေးပါဘူး။ ဒါပေမဲ့... သင်တန်းဆင်းလက်မှတ်ထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ “လုပ်ငန်းခွင်လက်တွေ့အသုံးချ နမူနာပုံစံများနှင့် အသိပညာ” ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
#အဆင့် (၃) ဆင့်ဖြင့် စနစ်တကျ တည်ဆောက်ထားတဲ့ သင်ရိုးကျောရိုး
၁။ အခြေခံသဘောတရား ကို ပိုင်နိုင်အောင် လုပ်ပေးပါမယ်။ (သဘောတရားမသိရင် လက်တွေ့မှာ ဒုက္ခရောက်တတ်လို့ပါ)
၂။ လက်တွေ့လုပ်ငန်းစဉ် တွေကို အမှားအယွင်းမရှိ ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးပါမယ်။
၃။ လုပ်ငန်းခွင်မှာ အမှန်တကယ် ကြုံရမယ့် အခက်အခဲတွေကို ဖြေရှင်းကုစားနည်းတွေကို လေ့လာကြရင်းဖြေရှင်းပေးပါမယ်။
#မဖြစ်မနေ လေ့လာရမည့် သင်ရိုးညွှန်းတမ်းများ -
🔹 သင်ရိုး (၁) & (၂) [အခြေခံ Foundation] - ကော်ပိုရေးရှင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ သဘာဝ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ပဋိညာဉ်အက်ဥပဒေနှင့် အခွန်ဥပဒေများ။
🔹 သင်ရိုး (၃) & (၄) [လုပ်ငန်းခွင် Operation] -
ကော်ပိုရိတ် ရုံးပိုင်းဆိုင်ရာ စာပေးစာယူ/ရုံးစာရေးသားနည်းများ၊ လုပ်ငန်းတာဝန် စီမံခန့်ခွဲမှုနှင့် ဥပဒေများကို လက်တွေ့အသုံးချ ဆက်စပ်သုံးသပ်နည်းများ။
🔹 သင်ရိုး (၅) & (၆) [မဟာဗျူဟာ Strategy] -
ဥပဒေအကြံပြုခြင်း (Legal Advising)၊ ပြဿနာဖြေရှင်းခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များကို ကုစားခြင်း။
Bonus Modules (ထပ်တိုးမျှဝေမည့် လက်တွေ့ခေါင်းစဉ်များ) :
✅ Legal Due Diligence (သဘောတရားနှင့် လက်တွေ့)
✅ ကုမ္ပဏီဆန္ဒအလျောက် ဖျက်သိမ်းခြင်း (Company Voluntary Winding-up သဘောတရား)
✅ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း (Collaboration Agreement သဘောတရားနှင့် လက်တွေ့)
#ဘယ်သူတွေ တက်ရောက်သင့်လဲ❓
• ကော်ပိုရိတ်အကြံပေးရှေ့နေအဖြစ် အသက်မွေးဖို့ ခြေချချင်ကြတဲ့ ရှေ့နေများ
• ကုမ္ပဏီတွေမှာ Commercial Contracts တွေကို တာဝန်ယူကိုင်တွယ်နေရတဲ့ အရာထမ်း၊ ဝန်ထမ်းများ
• ဥပဒေကြောင်းအရ အမှားအယွင်းမရှိအောင် ကုမ္ပဏီကို မောင်းနှင်ချင်တဲ့ လုပ်ငန်းရှင်များ
TRAINER PROFILE
ဦးနေအောင် (ရှမ်းနေအောင်)
LL.B., D.B.L., D.M.L., M.A. (Business Law)
တရားလွှတ်တော်ရှေ့နေ
“ကော်ပိုရိတ်ရှေ့နေ အသက်မွေးမှုနှင့် ကော်ပိုရိတ် လက်တွေ့” စာအုပ်ကို ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး၊ ဆောက်လုပ်ရေး (Construction)၊ အိမ်ခြံမြေ (Real Estate)၊ ဟိုတယ် (Hotel)၊ F&B နှင့် Film & Broadcasting အစရှိသည့် လုပ်ငန်းစုံကဏ္ဍကြီးများမှာ (၁၅) နှစ်တိုင် လက်တွေ့ဥပဒေအကြံပေးနေသူ ဖြစ်ပါတယ်။
#သင်တန်းအချက်အလက်များ
📅 စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့
🗓️ သင်တန်းရက်:စနေ၊ တနင်္ဂနွေ (အပတ်စဉ်)
⏰ သင်တန်းအချိန်: ည ၀၇ : ၃၀ နာရီမှ ၀၉ : ၃၀ နာရီထိ
⏳ သင်တန်းကာလ: (၆) ပတ်
📍 သင်တန်းနေရာ: Online – Zoom Meeting
📱 သင်ရိုးမှတ်စု: Viber မှတစ်ဆင့် Softcopy များကို သင်ရိုးအလိုက် ပေးပို့သွားပါမည်။
💰 သင်တန်းကြေး: ၄၀၀,၀၀၀/- ကျပ်
တစ်ယောက်တည်း လေ့လာနေရင် နှစ်နဲ့ချီ ကြာနိုင်မယ့် ကော်ပိုရိတ်လုပ်ငန်းခွင် အတွေ့အကြုံတွေကို ဒီသင်တန်းကနေ လပိုင်းအတွင်း လေ့လာလိုက်ပါ။
သင်တန်းတက်ရောက်ရန် အောက်ပါ Link တွင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ -
https://forms.gle/Cw2dnkCwuRTBQ4Zq8
Lawyer,
Lawyer
Manager
Legal Practices
https://www.facebook.com/share/p/18ARDRBRnZ/