ဆု - ပြင်ဦးလွင် အိမ်ခြံမြေ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Maymyo
  • ဆု - ပြင်ဦးလွင် အိမ်ခြံမြေ ရောင်းဝယ်ရေး

ဆု - ပြင်ဦးလွင် အိမ်ခြံမြေ ရောင်းဝယ်ရေး ပြင်ဦးလွင် အိမ်ခြံမြေ ရောင်းဝယ်ရေး

07/12/2025

09699362893

19/05/2025

40' x 60' နှင့် မြေတစ်ဧက

🍀တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ
☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ
🍀၄၃၆၀၀ စတုရန်းပေ​= ၄၀ ပေ x ၆၀ ပေ (၁၈ကွက်)
​ = ၂၀ ပေ x ၆၀ ပေ (၃၆ကွက်)
​= ၂၅ ပေ x ၅၀ ပေ (၃၄ကွက်)

🍀၄၀ ပေ x ၆၀ ပေ​= ၀.၀၅၅ ဧက
🍀၂၀ ပေ x ၆၀ ပေ​= ၀.၀၂၇ ဧက
☘️၂၅ ပေ x ၅၀ ပေ​= ၀.၀၂၉ ဧက

အကြမ်းတွက်
၂၀၀ ပေ x ၂၀၀ ပေ​= ၁ ဧက
၁၀၀ ပေ x ၂၀၀ ပေ​= ၁/၂ ဧက ( ၅မူး)
၁၀၀ ပေ x ၁၀၀ ပေ​= ၁/၄ ဧက (၁မတ်)
၅၀ ပေ x ၁၀၀ ပေ​= ၁/၈ ဧက ( ၁မူး)

to ဆရာကြည်စိုး IC ( အိမ်ဘုရင် )

☘️​ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်ကြီးပေါင်း ၂၁ ခုအားဖော်ပြလိုက်ပါတယ်။

(ညံတော/ ထုံးဖို/ယူဂိုဆလပ်)
(မြမာလာ)
(ပုလဲခန်းမရှေ့/စတသအပါ)
(ပြည်တော်သာ/ပြည်သူ့ဆေးရုံတဝှိုက်)
(အောင်သုခ)
(ကန်တော်ကြီးပတ်လည်)
(ရွာသစ်ကလေး)
(ပဒေသာမြို့သစ်)
( နန္ဒဝန်/ကျောက်တောင်)
(ပဒေသာမြို့သစ်)
(ရေငယ်)
(ရေချမ်းအိုး)
(ဆင်ခေါင်းလေး)
(ညောင်နီ/ကုလားစု)
(ဖောင်းတော)
(စည်သာ/နှီးဘုရား/ကံကြီးကုန်း)
( အနီးစခန်း/ဈေးကုန်း/ဆင်းဂေါင်းကြီး/နွယ်နင်း)
( ဒိုးကွင်)
(ငရံ့ချောင်း/ဆင်လမ်း/ရွာသာယာ)
(နောင်ခမ်းကြီး)
(မိုးကြိုးပစ်/သိမ်အင်း/သဲဖြူချောင်း)

to Owner

ကဲ ကဲ စာပြန်ကျက်ကြ
11/04/2025

ကဲ ကဲ စာပြန်ကျက်ကြ

 #မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက် ( ၅ ) ချက်.....နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ခင်ဗ...
07/02/2025

#မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့
အချက် ( ၅ ) ချက်.....

နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ခင်ဗျ။ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊စလစ်မြေ၊ရွာမြေ၊လယ်မြေလား၊ ယာမြေလား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

ထပ်ဆင့်ကူးယူဖော်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်.......

22/01/2025

Modern Minimalist Look . . . ကို ရရှိစေဖို့ တည်ဆောက်ဖန်တီး ပုံဖော်ထားတဲ့ အိမ်လေး တဲ့ . . .

အိမ်လေးကို ပုံဖော်ပေးနိုင်ဖို့ . . .
လိုအပ်နေသူတွေ ကြည့်ရှုလို့ ရရှိနိုင်စေဖို့ . . . ကြိုးစားပေးရင်း . . .

Minimalist ဆိုတဲ့ သဘောတရားကို တဖြည်းဖြည်း နားလည်လာစေခဲ့တဲ့ အိမ်လေးပေါ့။

မိတ်ဆွေတို့ရဲ့ ဘဝမှာ လူတစ်ယောက် ကိုယ့်အနား ရှိနေရုံနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်ကို ရရှိဖူးကြမယ်ထင်ပါတယ်။
အလားတူပါပဲ . . . Minimalist သဘောတရားတွေ အပြည့်ပါဝင်နေတဲ့ သည်အိမ်လေးက

မြင်တွေ့နေရတာထက်ကို ပိုပြီး ပြည့်စုံစေတဲ့ ခံစားမှုကို ရရှိစေနိုင်တဲ့ . . . "ပြီးပြည့်စုံတဲ့ အိမ်လေး" ပါလို့ မှတ်ချက်ပြုလိုပါတယ်။

Minimalist သဘောတရားအရ ပြောရရင် . . . ပုံဖော်ချိန်မှာ ပင်ပန်းခဲ့ပေမယ့် ပြီးဆုံးသွားချိန်မှာတော့ အတွေ့အကြုံကောင်းတွေ အပြည့်ရခဲ့လို့လည်း ကျေနပ်ရပါတယ်ဗျာ။

ပိုင်ရှင်အသစ် လက်ထဲ အမြန်ဆုံး ရောက်ရှိသွားနိုင်ပါစေလို့ ရိုးရိုးလေး ဆုတောင်းလိုက်ပါရစေ။

ပြင်ဦးလွင်အိမ်ခြံမြေ
09790320210

01/12/2024

🥰🥰🥰

#09790320210

28/11/2024

HSU
ဆု
09790320210

မန္တလေး - လားရှိုးလမ်းမကြီးနဲ့ ပြင်ဦးလွင် ရေငယ်ရပ်ရှိ ဘုရားကြီးအတက်လမ်း ၂ ခုကို ဆက်သွယ်ထားသောလမ်းမတင်နေရာ😍🥰 တည်နေရာ🥰ရပ်က...
18/11/2024

မန္တလေး - လားရှိုးလမ်းမကြီးနဲ့ ပြင်ဦးလွင် ရေငယ်ရပ်ရှိ ဘုရားကြီးအတက်လမ်း ၂ ခုကို ဆက်သွယ်ထားသောလမ်းမတင်နေရာ😍
🥰 တည်နေရာ🥰
ရပ်ကွက်ကြီး (၁၁)၊ ရေငယ်၊ ပြင်ဦးလွင်မြို့
မန္တလေး-လားရှိုးလမ်း မှ တစ်မိနစ်မကြာ ရောက်သည်။
🔲 အကျယ်အ၀န်း 🔲
ပေ ၃၀*၃၂*၈၃*၈၀
အုတ်တံတိုင်း၊ သံပန်းတံခါးများ

🌲 မြေအမျိုးအစား 🌲
ရွာမြေ (စာရွက်စာတမ်း စုံလင်ပြီး ခိုင်မာသည်)

💸 စျေးနှုန်း 💸
၂၅၀၀ သိန်း (ပိုင်ရှင်တိုက်ရိုက် ညှိနှိုင်းနိုင်သည်)
အကျိုးဆောင်များလည်း ကူညီရောင်းချပေးလို့ရပါတယ်နော်
#09790320210

#ပြင်ဦးလွင်

 ှကောက်နုတ်ဖော်ပြထားသည့်အတွက်တိုးချဲ့ကျေးရွာများနှင့်မှားယွင်းမှုများအားထပ်မံဖြည့်စွက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ #ဗဟုသ...
09/06/2024

ှကောက်နုတ်ဖော်ပြထားသည့်အတွက်တိုးချဲ့ကျေးရွာများနှင့်မှားယွင်းမှုများအားထပ်မံဖြည့်စွက်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

#ဗဟုသုတရစေရန်အလို့ငှာ(ခြံဝယ်တဲ့သူတေ ပြင်ဦးလွင်က ရွာလေးတေသိနေစေရန်)

စဉ် ကျေးရွာအမည် ကျေးရွာအုပ်စု
(က)
၁။ ကုန်းတော်ရွာ ပန်းဦးတောင်ကျေးရွာအုပ်စု
၂။ ကုန်းဘောရွာ ထုံးဘိုကျေးရွာအုပ်စု
၃။ ကုန်းသာကြီး(ရွာမ)ရွာ ကုန်းသာကြီးကျေးရွာအုပ်စု
၄။ ကုန်းသာလေးရွာ ရွှေသင်းကျေးရွာအုပ်စု
၅။ ကျင်ဂနိုင်ရွာ သုံးတောင်ကျေးရွာအုပ်စု
၆။ ကျားတွင်းရေရွာ သိုက်တောကျေးရွာအုပ်စု
၇။ ကျိုင်းတောင်းရွာ ဟိုလိပ်ကျေးရွာအုပ်စု
၈။ ကျောက်ခွက်ရွာ ဝက်ဝံကျေးရွာအုပ်စု
၉။ ကျောက်ဖျာဒိုးရွာ သုံးတောင်ကျေးရွာအုပ်စု
၁၀။ ကျောက်မဲလေးရွာ မဲမောက်(နောင်ပိန်) ကျေးရွာအုပ်စု
၁၁။ ကျွန်းတပင်ရွာ ဝက်ဝံကျေးရွာအုပ်စု
၁၂။ ကျွန်းတိုင်ရွာ မဲတောကျေးရွာအုပ်စု
၁၃။ ကျွဲနွားထောက်ရွာ ကျွဲနွားထောက်ကျေးရွာအုပ်စု
၁၄။ ကြက်တက်ရွာ နောင်လှိုင်ကျေးရွာအုပ်စု
၁၅။ ကြီးကိုင်ရွာ အင်းယားကျေးရွာအုပ်စု

(ခ)
၁။ ချိုင်းရွာ ဝက်ဝံကျေးရွာအုပ်စုကျေးရွာအုပ်စု
၂။ ချောင်းခြားရွာ နားလင်း(ပကင်း)ကျေးရွာအုပ်စု
၃။ ချောင်းဦးရွာ ပန်းဦးတောင်ကျေးရွာအုပ်စု
၄။ ခွန်လိန်ရွာ သပြေကျင်းကျေးရွာအုပ်စု

(ဂ)
၁။ ဂွေးပင်ရွာ လွန်ကောင်းကျေးရွာအုပ်စု

(င)
၁။ ငှက်ကြီးသိုက်ရွာ လွန်ကောင်းကျေးရွာအုပ်စု

(စ)
၁။ စခန်းရရွာ မဲမောက်(နောင်ပိန်) ကျေးရွာအုပ်စု
၂။ စည်သာရွာ သပြေကျင်းကျေးရွာအုပ်စု
၃။ စိန်ပန်းရွာ ဝက်ဝံကျေးရွာအုပ်စု
၄။ စိုးမိုးအိုင်(အနောက်)ရွာ စိုးမိုးအိုင်ကျေးရွာအုပ်စု
၅။ စိုးမိုးအိုင်(အရှေ့)ရွာ စိုးမိုးအိုင်ကျေးရွာအုပ်စု

(ဆ)
၁။ ဆင်ဖြူအင်းရွာ ပန်းဦးတောင်ကျေးရွာအုပ်စု
၂။ ဆင်လမ်းရွာ ဆင်လမ်းကျေးရွာအုပ်စု
၃။ ဆီဆုံရွာ ကုန်းသာကြီးကျေးရွာအုပ်စု
၄။ ဆေးတလုံးရွာ ဆေးတလုံးကျေးရွာအုပ်စု

(ဇ)
၁။ ဇီးခါးရွာ အောင်ချမ်းသာကျေးရွာအုပ်စု
၂။ ဇီးပင်ကြီးရွာ ဇီးပင်ကြီးကျေးရွာအုပ်စု

(ည)
၁။ ညောင်ကုန်းရွာ သက္ကံချိုင်းကျေးရွာအုပ်စု
၂။ ညောင်ပင်သာရွာ ဝက်ဝံကျေးရွာအုပ်စု
၃။ ညောင်ပေါရွာ ပေပင်ကျေးရွာအုပ်စု
၄။ ညောင်သာယာရွာ ဝက်ဝံကျေးရွာအုပ်စု
၅။ ညံညင်းသာရွာ အောင်ချမ်းသာကျေးရွာအုပ်စု

(တ)
၁။ တိုးကြီးကုန်းရွာ ကျွဲနွားထောက်ကျေးရွာအုပ်စု
၂။ တောင်ကျွန်းရွာ တောင်ကျွန်းကျေးရွာအုပ်စု
၃။ တောင်ကြီးရွာ သပြေကုန်းကျေးရွာအုပ်စု
၄။ တွင်းငယ်ရွာ အောင်ချမ်းသာကျေးရွာအုပ်စု

(ထ)
၁။ ထုံးဘိုရွာ ထုံးဘိုကျေးရွာအုပ်စု

(ဒ)
၁။ ဒါးသွေးကျောက်ရွာ အောင်ချမ်းသာကျေးရွာအုပ်စု

(န)
၁။ နမ့်ကပ်ရွာ ကျွဲနွားထောက်ကျေးရွာအုပ်စု
၂။ နားကူးရွာ ဟိုလိပ်ကျေးရွာအုပ်စု
၃။ နောင်ပိန်းလေး(မဲမောက်)ရွာ မဲမောက်(နောင်ပိန်) ကျေးရွာအုပ်စု
၄။ နောင်လုံးရွာ ထုံးဘိုကျေးရွာအုပ်စု
၅။ နောင်လှိုင်ရွာ နောင်လှိုင်ကျေးရွာအုပ်စု
၅။ နောင်ဝယ်ရွာ လက်ပံကုန်းကျေးရွာအုပ်စု

(ပ)
၁။ ပကင်း(နားလင်း)ရွာ နားလင်း(ပကင်း)ကျေးရွာအုပ်စု
၂။ ပင်စုတ်ရွာ သိုက်တောကျေးရွာအုပ်စု
၃။ ပင်တီးရွာ ကုန်းသာကြီးကျေးရွာအုပ်စု
၄။ ပင်လိန်(အရှေ့)ရွာ ပင်လိန်(အရှေ့)ကျေးရွာအုပ်စု
၅။ ပင်လိန်(အလယ်)ရွာ ပင်လိန်(အလယ်)ကျေးရွာအုပ်စု
၆။ ပန်းဦးတောင်ရွာ ပန်းဦးတောင်ကျေးရွာအုပ်စု
၇။ ပါအယ်ရွာ နောင်လှိုင်ကျေးရွာအုပ်စု
၈။ ပိတောက်ပင်ရွာ ဝက်ဝံကျေးရွာအုပ်စု
၉။ ပိန္နဲကုန်း(တောင်)ရွာ ပိန္နဲကုန်းကျေးရွာအုပ်စု
၁၀။ ပိန္နဲကုန်း(မြောက်)ရွာ ပိန္နဲကုန်းကျေးရွာအုပ်စု
၁၁။ ပုံကုန်းရွာ သိုက်တောကျေးရွာအုပ်စု
၁၂။ ပေပင်ရွာ ပေပင်ကျေးရွာအုပ်စု
၁၃။ ပေါက်တောရွာ ပေါက်တောကျေးရွာအုပ်စု
၁၄။ ပြင်ကြီးရွာ ဟိုလိပ်ကျေးရွာအုပ်စု
၁၅။ ပြင်စာရွာ ပြင်စာကျေးရွာအုပ်စု
၁၆။ ပွေးကောက်(ကုလားစု)ရွာ ပွေးကောက်ကျေးရွာအုပ်စု

(ဖ)
၁။ ဖောင်းတော(မြို့ဟောင်းကုန်း) ဖောင်းတောကျေးရွာအုပ်စု(ရကက​)

(ဘ)
၁။ ဘမ်းသာရွာ ဟိုလိပ်ကျေးရွာအုပ်စု
၂။ ဘိုးနေဒွန်းရွာ ဝက်ဝံကျေးရွာအုပ်စု
၃။ ဘူတာ(ကံပြင်)ရွာ ဇီးပင်ကြီးကျေးရွာအုပ်စု
၄။ ဘူတာရွာ ဝက်ဝံကျေးရွာအုပ်စု
၅။ ဘော်ရွာ သိုက်တောကျေးရွာအုပ်စု

(မ)
၁။ မန်ကျီးအင်းရွာ လွန်ကောင်းကျေးရွာအုပ်စု
၂။ မိုင်းလုံးရွာ နောင်လှိုင်ကျေးရွာအုပ်စု
၃။ မီးသွေးဖိုရွာ ပင်လိန် (အရှေ့) ကျေးရွာအုပ်စု
၄။ မဲတောရွာ မဲတောကျေးရွာအုပ်စု
၅။ မျှင်တောင်ရွာ မျှင်တောင်ကျေးရွာအုပ်စု
၆။ မြိုင်ကြီးရွာ ဝက်ဝံကျေးရွာအုပ်စု
၇။ မြေပုံရွာ ရွှေချောင်းကျေးရွာအုပ်စု

(ရ)
၁။ ရေခြံစုရွာ ကျွဲနွားထောက်ကျေးရွာအုပ်စု
၂။ ရေမောင်းကုန်းရွာ သင်္ဂတုန်ကျေးရွာအုပ်စု
၃။ ရေသရောက်ကုန်းရွာ ထုံးဘိုကျေးရွာအုပ်စု
၄။ ရွာမရွာ(ဇီးပင်ကြီး) ဇီးပင်ကြီးကျေးရွာအုပ်စု
၅။ ရွာမရွာ စိုးမိုးအိုင်ကျေးရွာအုပ်စု
၆။ ရွာသာယာရွာ ဆင်လမ်းကျေးရွာအုပ်စု
၇။ ရွှေကျားရွာ စိုးမိုးအိုင်ကျေးရွာအုပ်စု
၈။ ရွှေချောင်းရွာ ရွှေချောင်းကျေးရွာအုပ်စု
၉။ ရွှေသင်းရွာ ရွှေသင်းကျေးရွာအုပ်စု

(လ)
၁။ လက်ပံကုန်းရွာ၊ကျွဲနွားထောက် ကျွဲနွားထောက်ကျေးရွာအုပ်စု
၂။ လက်ပံကုန်းရွာ လက်ပံကုန်းကျေးရွာအုပ်စု
၃။ လယ်ပြောင်းပြန်ရွာ ဆင်လမ်းကျေးရွာအုပ်စု
၄။ လယ်မရွာ သိုက်တောကျေးရွာအုပ်စု
၅။ လိပ်ကျရွာ လိပ်ကျကျေးရွာအုပ်စု
၆။ လွန်ကောင်းရွာ လွန်ကောင်းကျေးရွာအုပ်စု

(ဝ)
၁။ ဝက်ဝံဈေးကုန်းရွာ ဝက်ဝံကျေးရွာအုပ်စု
၂။ ဝါးနက်ရွာ လွန်ကောင်းကျေးရွာအုပ်စု
၃။ ဝါးဘိုးရေရွာ အောင်ချမ်းသာကျေးရွာအုပ်စု

(သ)
သက္ကံကုန်း(မျှော့တော)ရွာ သက္ကံကုန်း(မျှော့တော) ကျေးရွာအုပ်စု
၁။ သက္ကံချိုင်းရွာ သက္ကံချိုင်းကျေးရွာအုပ်စု
၂။ သင်္ဂတုန်ရွာ သင်္ဂတုန်ကျေးရွာအုပ်စု
၃။ သပြေကုန်းရွာ သပြေကုန်းကျေးရွာအုပ်စု
၄။ သပြေကျင်းရွာ သပြေကျင်းကျေးရွာအုပ်စု
၅။ သပြေရေရွာ(နောင်လှိုင်) နောင်လှိုင်ကျေးရွာအုပ်စု
၆။ သပြေရေရွာ ပင်လိန်(အရှေ့)ကျေးရွာအုပ်စု
၇။ သရက်ကုန်းရွာ သင်္ဂတုန်ကျေးရွာအုပ်စု
၈။ သရက်ချောင်ရွာ ဟိုလိပ်ကျေးရွာအုပ်စု
၉။ သရက်ပင်အင်းရွာ နားလင်း(ပကင်း)ကျေးရွာအုပ်စု
၁၀။ သရက်ပြင်ရွာ ကျွဲနွားထောက်ကျေးရွာအုပ်စု
၁၁။ သိုက်တောရွာ သိုက်တောကျေးရွာအုပ်စု
၁၂။ သုံးတောင်ဘူတာရွာ အောင်ချမ်းသာကျေးရွာအုပ်စု
၁၃။ သုံးတောင်ရွာ သုံးတောင်ကျေးရွာအုပ်စု
၁၄။ သံတောင်ရွာ လိပ်ကျကျေးရွာအုပ်စု

(ဟ)
၁။ ဟိုလိပ်ရွာ ဟိုလိပ်ကျေးရွာအုပ်စု

(အ)
၁။ အင်သာရွာ အောင်ချမ်းသာကျေးရွာအုပ်စု
၂။ အင်းကြီးရွာ ပိန္နဲကုန်းကျေးရွာအုပ်စု
၃။ အင်းဆုံးရွာ အင်းယားကျေးရွာအုပ်စု
၄။ အင်းပုတ်ရွာ ရွှေသင်းကျေးရွာအုပ်စု
၅။ အင်းယားရွာ အင်းယားကျေးရွာအုပ်စု
၆။ အုတ်ဖိုရွာ ပန်းဦးတောင်ကျေးရွာအုပ်စု
၇။ အောင်ချမ်းသာရွာ အောင်ချမ်းသာကျေးရွာအုပ်စု

(၂)
၁။ ၂၁မိုင်ရွာ ပေပင်ကျေးရွာအုပ်စု

08/06/2024
Gold 🪙 Dollar 💵 အကုန်တက်နေချိန် ခိုင်မာတဲ့မြေကို ရင်နှီးမြှုပ်နှံလိုက်ပါ။🍀ပြင်ဦးလွင် အနီးစခန်း စည်ကား🍀မန္တလေး_လားရှိုးလ...
29/05/2024

Gold 🪙 Dollar 💵 အကုန်တက်နေချိန် ခိုင်မာတဲ့မြေကို ရင်နှီးမြှုပ်နှံလိုက်ပါ။

🍀ပြင်ဦးလွင် အနီးစခန်း စည်ကား

🍀မန္တလေး_လားရှိုးလမ်းမကြီးမှ ကတ္တရာလမ်းအတိုင်း ၂ မိနစ်ခန့်

🍀နေရာကောင်း၊ လမ်းသာ၊ ရပ်ကွက်သန့်၊ ဈေးတန်

🍀ပရိဘောဂ အပြည့်အစုံနဲ့

🍀မြေအကျယ် - ပေ ( ၇၀ x ၅ဝ )

🍀အရှေ့အရပ်လှည့်

🍀RC တစ်ထပ်တိုက် (၁)လုံး နှင့် SS နှစ်ထပ်တိုက် (၁) လုံးအပါ

🍀RC တစ်ထပ်တိုက် အတွင်း

🍀 MB (၂)ခန်း

🍀 ဧည့်ခန်းကျယ်

🍀SS နှစ်ထပ်တိုက် အတွင်း

🍀 MB (၁)ခန်း

🍀ဘုရားခန်း

🍀မီးဖိုခန်း၊ ထမင်းစားခန်း

🍀၀ရံတာ

🍀ကားပါကင်ကျယ်

🍀ရေအဝီစိတွင်း

🍀ရေတိုင်ကီ

🍀ကွန်ပရက်ဆာ

🍀မီးမီတာ

🍀ရေပူရေအေးစက်များ တပ်ဆင်ထားပြီး

🍀Landscaping ကောင်းကောင်း ပြင်ဆင်ထားပြီး

🍀အသင့်နေရုံ

🍀ရေမီးအစုံ

💰သိန်း (၄၅၀၀) (ညှိနှိုင်း)
#ဆု
09790320210

Address

Pyinoolwin
Maymyo
05085

Telephone

+959790320210

Website

Alerts

Be the first to know and let us send you an email when ဆု - ပြင်ဦးလွင် အိမ်ခြံမြေ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category