Thiri Thukha အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Maymyo
  • Thiri Thukha အိမ်ခြံမြေအကျိုးဆောင်

Thiri Thukha အိမ်ခြံမြေအကျိုးဆောင် We're going to update living standard in Pyin Oo Lwin,Myanmar.

လုက်ငန်းကျွမ်းမှုအတွက်Action
24/10/2023

လုက်ငန်းကျွမ်းမှုအတွက်
Action

27/08/2022

မြေကွက်နှင့် အိမ် အရောင်းအဝယ်စာချုပ် ချုပ်ပြီးတာနဲ့… တရားဝင် မိမိအပိုင်ဖြစ်သွားပြီလို့ မထင်ပါနဲ့ မြေကွက်.....

21/08/2022

စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်ခေါင်းတန်ဖိုးကိစ္စ
=====================================

စာချုပ်ချုပ်လျှင် စာချုပ်ခေါင်းတန်ဖိုး မည်မျှအပေါ်တွင် ချုပ်ဆိုရပါမည်နည်း ဟူသော အချက်ကိုသိချင်ကြ လိမ့်မည် ထင်ပါသည်။ ယင်း အချက် အလက်ဆိုင်ရာ အချို့ကို တင်ပြပါမည်။

မိမိချုပ်ဆိုသော စာချုပ်၏ အကြောင်းအရာပေါ် မူတည်၍ စာချုပ်အခွန် တော် တန်ဖိုးသည် ကွဲပြားပါသည်။ ဥပမာ - ကိတ္တိမမွေးစားခြင်းစာချုပ်ချုုပ်မည် ဆိုပါက တန်ဖိုး ၁၅၀ ကျပ် ပေါ်တွင်ချုပ်ဆိုကြရပါမည်။ လက်ထပ်ထိမ်းမြားခြင်းစာချုပ် ၊ လင်မယား ကွာရှင်းပြတ်စဲ စာချုပ်ချုပ်မည်ဆိုပါက တန်ဖိုး ၂၅၀ ကျပ်ပေါ်တွင် ချုပ်ဆိုရပါမည်။

အိမ်မြေအရောင်းအဝယ် ရေစစ္စရီစာချုပ်ကြီး ချုပ်ဆိုသောအခါ ၄% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ ဥပမာ - ပစ္စည်းတန်ဖိုး တစ်သိန်းကျပ်ဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း လေးထောင်ကျပ် ထမ်းဆောင် ရပါသည်။ နှစ်သိန်းကျပ်ဖြစ်ပါက ရှစ်ထောင်ကျပ် ထမ်းဆောင်ရပါသည်။

အရပ်ဘက်တွင်အများဆုံးချုပ်ဆိုနေကြသော သဘောတူစာချုပ်မျိုးဖြစ်ပါက တန်ဖိုး ၃၀၀ ကျပ်တန်နှင့်ပင် လုံလောက်မှု ရှိပါသည်။ ၃၀၀ ကျပ်တန် စာ ချုပ်ခေါင်းတွင်ဖြစ်စေ ၊ ၂၀၀/- ၊ ၁၀၀/- စာချုပ်ချုပ်ခေါင်း နှစ်ရွက်ပေါ်တွင် ဖြစ်စေ သတ်မှတ်တန်ဖိုး ၃၀၀ ကျပ် ပြည့်မီအောင်ချုပ်ဆိုရပါသည်။

အရပ်ဘက်တွင် ချုပ်ဆိုလေ့ရှိသည့် ကားအရောင်းအဝယ်စာချုပ် ၊ မော် တော်ဆိုင်ကယ် အရောင်းအဝယ် စာချုပ်၊ အိမ်ငှားစာချုပ်၊ ငွေအပေး အယူစာချုပ် ၊သဘောတူကတိပြုစာချုပ် ၊ စရန်ပေးစာချုပ် စသည့်စာချုပ်များ အားလုံး ၃၀၀ ကျပ်တန်ဖြင့် ချုပ်ဆိုပါက လုံလောက်မှုရှိပါသည်။

အကယ်၍ မိမိချုပ်ဆိုခဲ့သည့် စာချုပ်သည် အခွန်တော် လုံလောက်မှု မရှိသော စာချုပ်ခေါင်းပေါ်တွင် ချုပ်ဆိုခဲ့မိ သည်ဆိုပါက ထိုစာချုပ်သည် တရားမဝင် ဖြစ်သလားဟူသော အချက်ကိုလည်း သိချင်ကြလိမ့်မည်ထင်ပါသည်။

စာချုပ်ပါအတိုင်း မဆောင်ရွက်မှုများကြောင့် တရားတဘောင်စွဲဆိုမှုများ ပေါ် ပေါက်တတ်ပါသည်။ တရားတ ဘောင်ဖြစ်၍ အမှုစစ်ဆေးရာတွင် သက်သာခွင့်ရလိုသူက စာချုပ်ကို တင်ပြရမြဲဖြစ်ပါသည်။ ထိုသို့ တင်ပြရာ တွင် အခွန်တော် တံဆိပ်ခေါင်း လုံလောက်စွာပါရှိခြင်းမရှိသည့် စာချုပ်များကို ရုံးတော်က လက်ခံမည်မဟုတ် ဆိုသည်ကို သတိပြုသင့်ပါသည်။ သက်သေခံ အက်ဥပဒေက ပိတ်ပင်တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။

သို့သော် ကုစား၍ မရနိုင်သော ချို့ယွင်းချက်တော့ မဟုတ်ဟု ဆိုရပါမည်။ သက်သေခံအဖြစ် လက်ခံနိုင်မည့် နည်းလမ်းရှိပါသည်။ ထိုနည်းမှာ အခွန် ဒဏ်ကြေးပေးသွင်းခြင်းဖြင့် ကုစားနိုင်သည့် နည်းဖြစ်ပါသည်။

ဤနေရာတွင် တရားမမှုနှင့် ရာဇဝတ်မှု ဆိုင်ရာ အကြောင်းကို တင်ပြလိုပါ သည်။ စွဲဆိုသော အမှုသည် တရား မမှုဖြစ်ပါက အခွန်တော် တံဆိပ် ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော စာချုပ်များကို သက်သေခံအဖြစ် လက်ခံ နိုင်မည် မဟုတ်၍ လက်ခံနိုင်ရန် အခွန်တော် ဒဏ်ကြေးပေးဆောင်သည့်နည်းကို ကျင့် သုံးရပါသည်။ ထိုနည်း ဖြင့် သက်သေခံအဖြစ်လက်ခံနိုင်ရန် ကုစားယူရပါသည်။

စွဲဆိုသော အမှုသည် ရာဇဝတ်မှုဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော်လည်း သက် သေခံအဖြစ် တင်သွင်းလက်ခံပါသည်။ တန်ဖိုးလုံလောက်မှုမရှိသည့် စာချုပ်ပင် မဆိုလင့်ဦး။ တံဆိပ်တော်ခေါင်း လုံးဝမပါရှိသည့် စာရွက်ပင်ဖြစ်စေဦး ရာဇဝတ်မှုတွင် သက်သေခံအဖြစ် တင်သွင်းနိုင်ပါကြောင်း လက်ခံနိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။

(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ ၂၀၁၉ တတိယအကြိမ် ၊ စာ- ၅၁ ) ။

(မှတ်ချက်- မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ နှုန်းထားအချို့ အပြောင်းအလဲရှိပါမည် ။)

09/08/2022

ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

စာ သား - စီ အာ ဒီ

09/08/2022

အိမ်ခြံမြေ အရောင်း၊အဝယ်ပြုလုပ်ကြတဲ့ လုပ်ငန်းရှင်မိတ်ဆွေများ အရောင်းမှား၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်းများ မဖြစ်စေရန် နှင့်အရောင်းမှန်၊ အဝယ်မှန်ပြီး ခိုင်မာအားကောင်းသော စာချုပ်စာတမ်း ဖြစ်စေရန်၊ငွေမလွန်ခင် ကြိုတင်သိရှိပြင်ဆင်ထား
ရမည့် အရေးကြီး အချက်အလက်များ---

၁။ မိမိဝယ်ယူမှီအိမ်ခြံမြေ၏ မြေရာဇဝင်ကို စည်ပင်ရုံးတွင်

မြေရာဇဝင်နှင့် မြေအမျိုးအစားကို

မေးမြန်နိုင်ပါသည်

-( မြို့မြေ၊ဂရမ်မြေ ဟုတ်၊မဟုတ်)

-(ရောင်းသူအမည်ပေါက် ဟုတ်၊မဟုတ်)

-(ကိုယ်စားလှယ်လွှဲထားခြင်း ရှိ၊မရှိ)

-ဝရမ်းကပ်ထားခြင်းရှိ၊မရှိ

-ကန့်ကွက်လွှာတင်ထားခြင်း ရှိ၊မရှိ

စသည့် အရူပ်အရှင်း ရှိမရှိ နှင့် လက်ရှိရောင်းမည့်သူ ရောင်းပိုင်ခွင့် ရှိ၊မရှိကို

ကနဦး အနေဖြင့် ငွေမလွန်ခင် အရင်စစ်ဆေးကြပါ။

၂။ မြေရာဇဝင်၏ အရူပ်အရှင်း နှင့် ပိုင်ရေးဆိုင်ခွင့်အရ မည်သို့ ရောင်းဝယ်လျင် ဥပဒေအရ အကျုံးဝင်မည်----

မလွဲသာ၊မရှောင်သာ တစ်ဖက်ဖက်မှ ဖောက်ပြန်ခဲ့သည်ရှိသော နစ်နာသူမှ နစ်နာသည့် အခကြေးငွေ ကို ပြန်လည်ရရှိရန် နှင့် အမူအခင်းဖြစ်လာပါက

သက်သေခံစာရွက်စာတမ်းတစ်ခုအနေဖြင့် ရုံးတော်သို့ တင်ပြခွင့်၊ တင်သွင်းခွင့် ရရှိစေရန်-

အသက်ရှိသည့် ပျက်ပြယ်မူမရှိသည့် ခိုင်မာအားကောင်းသည့် စာချုပ်စာတမ်းတစ်ခု ဖြစ်စေရန် - ရေးသားနိုင်သူများမှာ ဥပဒေအကျိုးဆောင်ရှေ့နေများသာ စွမ်းနိုင်သည့် ကိစ္စ ဖြစ်သည်ကို နားလည်းထားရပါမည်။

( "အတွေ့အကြုံရှိသော"

မိမိချုပ်ဆိုပေးသည့် စာချုပ်ပါ စကားရပ်များကို အဘယ်ကြောင့်ထိုသို့ရေးသားချုပ်ဆိုပေးရသည်ကို ၊ အသေးစိတ်ရှင်းလင်း‌ပြောပြ‌ ပေးနိုင်သော သူ)

၃။ မိမိအရောင်းအဝယ်ပြုလုပ်မိမြေအမျိုးအစားပေါ်မူတည်၍

ရပ်ကျေးအုပ်လက်မှတ် ပါရန်လို နှင့် ပါရန် မလို ကို

ကနဦ သိထားသင့်ပေသည်။

(အမည်မပေါက်သေး သည့် မြို့မြေ ဖြစ်ပါက ရပ်ကျေးအုပ်များ နှင့် ချုပ်ပါ)

ဂရမ်အမည်ပေါက်ထားသည့် မြေဖြစ်ပါက

မလိုအပ်ပါ။

တစ်ခုသိထားရမည်မှာ

မြေနှင့်ပတ်သက်လာလျှင်

မြေစာရင်းဦးစီးဌာန သည်သာ 100%

အဓိက ခရာဖြစ်သည်ကို

သဘောပေါက်ထာကြရပါမည်။

မည်သည့်မြေ အမျိုးအစားပင်ဖြစ်‌နေစေကာမူ

မြေစာရင်းဦးစီးဌာန မှ ကန့်ကွက်ထားပါက ရောင်းဝယ်ခွင့် မရှိပါ။

(တည်ဆဲဥပဒေများအရအရေးယူခြင်း ခံရမည်)

ထို့အတွက်ကြောင့်

ရပ်ကျေးရုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူများ၏ လက်မှတ်ထိုးခြင်း၊

လက်မှတ်မထိုးခြင်း မှာ

မြေယာ အရောင်း၊အဝယ်ပိုင်ဆိုင်မူ အတွက် 100% အထောင့်အပံ့

မဖြစ်နိုင်ပါ။

သို့သော်

ရပ်ကျေးအုပ် ‌အနေဖြင့်

"မောင်ဖြူ"- မှ - "မောင်မဲ" သို့

ကျွန်ုပ်၏ ရှေ့မှောက်တွင်

အောက်ပါအသိသက်သေများ ရှေ့၌

အမှန်တကယ် ငွေပေး၊ငွေယူ၍ အရောင်းအဝယ် ပြုလုပ်သွားသည်မှာ မှန်ကန်ကြောင်းသာ ---- သက်သေထွက်ဆိုပေးနိုင်ရန် - သက်သေတစ်ဦးအနေဖြင့်တော့ အားကိုးနိုင်သည်။

***အရေးကြီးသည် မှာ

အမှန်တကယ် ရောင်းဝယ်၍ ရ၊မရ ကို မြို့နယ်မြေစာရင်းရုံးတွင် အတည်ပြုပြီး-

ခိုင်မာအားကောင်းသည့်၊ အသက်ရှိနေသည့် စာချုပ်၊ စာတမ်း တစ်စောင် ဖြစ်ဖို့ရန် မှာ ပို၍ အရေးကြီးလှပါသည်။

ခိုင်မာအားကောင်းသည့်

စာချုပ်စာတမ်းမဖြစ်ဘဲ၊

ပျက်ပြယ်ပြီးတာ စာချုပ်စာတမ်းဖြစ်နေပါက

ရပ်ကျေးအုပ် သည်လည်း

ကယ်နိုင်မည်မဟုတ်ပါ။

Credit #ဥပဒေရေးရာ

12/02/2022

မေး ။ ။ လယ်မြေပုံစံ 7 ဆိုတာ ဂရံလျှောက်လို့ရလား
ရှင့်။ဆိတ်ငြိမ်တဲ့နေရာလေးမို့ကြိုက်နေလို့ပါ။

ဖြေ။။ ။

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်ထားခြင်း
============================

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်လို့ရပါတယ်။ တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇ၀င်လို့ခေါ်သည့် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။ မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ ပုံစံ (၇) စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။ လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရား၀င် ဆောင်ရွက်လို့ ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါသည်။ လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။

လ/ယ ပုဒ်မ-၃၁ အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင် သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။ ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။

ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။ ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသည့် မြေဧရိယာသည် (၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။ (၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏မှ ၀န်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍ ၀န်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်


----------------------------------------

✅ ဖိုးလမင်းအိမ်ခြံမြေကုမ္ပဏီ
🏠 72x32x33 လမ်းကြား၊ မန္တလေးမြို့
☎️ 09 773 773 022

ပြင်ဦးလွင်ခြံရောင်းမည် (ပိုင်ရှင်ကိုယ်တိုင်)🥳❣️မေမြို့ရဲ့ ရှုခင်းလှတဲ့ တောင်ကုန်းပေါ်က မြင်ကွင်းနဲ့ ကိုယ့်ရဲ့မနက်ခင်းကို စ...
30/10/2021

ပြင်ဦးလွင်ခြံရောင်းမည် (ပိုင်ရှင်ကိုယ်တိုင်)🥳

❣️မေမြို့ရဲ့ ရှုခင်းလှတဲ့ တောင်ကုန်းပေါ်က မြင်ကွင်းနဲ့ ကိုယ့်ရဲ့မနက်ခင်းကို စတင်ချင်ပါသလား။🥰
😍အေးချမ်းတဲ့ရာသီဥတုနဲ့အတူ အိမ်လေးနဲ့ ခြံလေးမှာ သစ်ပင်ပန်းမန်တွေ စိုက်ရင် နေချင်သူတွေအတွက် အကွက်အကွင်းလည်း လှ၊ လမ်းလည်း သာတဲ့ မြေနေရာလေးကို ပြောပြပေးပါမယ်။🌷

🏠မန္တလေး - လားရှိုးလမ်းမကြီး ပြင်ဦးလွင်စင်တာအနီး၊ ရပ်ကွက်ကြီး ၁၂၊ အေးငြိမ်းချမ်းသာလမ်း မှာ တည်ရှိပါတယ်။ (မြေပုံထည့်ပေးထားပါတယ်။)

🔷 အကျယ်အဝန်းကတော့ (40×60)လမ်းမကြီးဘေး ရှေ့ခြံ 310 သိန်း (ကျပ်) နဲ့

🔷 အကျယ်အဝန်း (40×60 ) အနောက်က 290 သိန်း (ကျပ်) 2 ကွက် ပါ။

🔷 (ရွာမြေ) မြေအမျိုးအစား ပါ။

👉စာရွက်စာတမ်းလည်း စိတ်ချရလို့ လက်ထဲကို ငွေမကိုင်ထားချင်တဲ့ လူကြီးမင်းတို့အတွက် အဆင်ပြေစေမယ့် ဈေးနှုန်းနဲ့ ရောင်းချပေးမှာပါ။ လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်သလို တခြားသိလိုတာတွေကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ် ☎ 09781436039

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Thiri Thukha အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category