Hand in Hand Legal Service တွဲလက်ဥပဒေဝန်ဆောင်မှု

  • Home
  • Myanmar
  • Mawlamyine
  • Hand in Hand Legal Service တွဲလက်ဥပဒေဝန်ဆောင်မှု

Hand in Hand Legal Service တွဲလက်ဥပဒေဝန်ဆောင်မှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hand in Hand Legal Service တွဲလက်ဥပဒေဝန်ဆောင်မှု, Legal Service, အမှတ်(အမှတ်၉၇/A)အထက်လမ်းမကြီး၊ပန်းဘဲတန်းရပ်၊မော်လမြိုင်မြို့။(ကောင်းသစ်ကြေးအိုးဆိုင်ဘေး), Mawlamyine.

ရှေ့နေဘဝ (ထူးခြားဖြစ်ရပ်) အမှတ်တရ. အပိုင်း (၂၀)ယနေ့တရားခွင်တွင် အများပြည်သူများဖြစ်သည့် ကျောင်းဒကာ၊ ဒကာမများ ကျေးရွာသူ /...
14/07/2025

ရှေ့နေဘဝ (ထူးခြားဖြစ်ရပ်) အမှတ်တရ. အပိုင်း (၂၀)

ယနေ့တရားခွင်တွင် အများပြည်သူများဖြစ်သည့် ကျောင်းဒကာ၊ ဒကာမများ ကျေးရွာသူ /သားအတော်များများ အမိန့်လာရောက်နားထောင်ရန် လာရောက်ကြပါသည်။ အမိန့် ဟု သာမန်သိကြသူများ ဖြစ်၍ စိတ်ဝင်တစားလာကြခြင်းဖြစ်ဝည်။ စွဲချက်အမိနိ့သည် တရားခံ အပေါ် အပြစ် ရှိ/မရှ် အဆုူံအဖြတ်ပေးသည့် အမိန့်မဟုတ်ကြောင်းမသိကြပေ။ စွဲချက်တင်ခြင်းသည်တရားခံကိုအပြစ်ပေးခြင်းမဟုတ် တရားခံ အားခုခံချေပရှင်းလင်းခိုင်းခြင်းသာဖြစ်ကြောင်း ရွာသူ/သားများအနေဖြင့်မသိကြပေ။

မိမိလည်းတရားခံနှင့်တွေ့ဆုံ၍ ရုံးတော်မှစွဲချက်တင်ပါက အပြစ် ရှိ/မရှိမေးလျှင် အပြစ်မရှိကြောင်းနှင့် ဘာကြောင့် အပြစ်မရှိလဲမေးပါက ဘုန်းကြီးအားသတ်သည်ဆိုသည့်အချိန်က မိမိဘာမှမသိကြောင်းနှင့် ရဲစခန်းရောက်မှ ဘုန်းကြီးကို ဒါးနဲ့ခုတ်လိုက်တယ် ဟု ပြောပြသိရကြောင်း ဖြေရန်သင်ကြားပေးခဲ့ပါသည်။

တရားစီရင်ရေး အဖွဲ့ဥက္ကဌကြီးနှင်​့ အဖွဲ့ဝင် ၂ ဦးတို့ နံနက် ၁၀ နာရီ အချိန်တွင် တရားခွင်တက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် နိုင်ငံတော်တံဆိပ်အား ဂါရဝပြု ဦးညွှတ်၍ တရားခွင်ထိုင်ပေပြီ။

တရားခွင်ရှေ့တရားခံအား ရဲအချုပ်ဖြင့်ထုတ်လာခဲ့ပါသည်။ တရားလိုရှေ့နေ (ဥပဒေဝန်ထမ်း)မှတရားခွင်၏ညာဘက်၊ တရားခံ ၏ရှေ့နေ (မိမိ) မှ တရားခွင်၏ ဘယ်ဘက်တွင်ထိုင်စေခဲ့ပါသည်။

တရားခွင်စာရေး မှ အမှုတွဲအား ခေါ်ပြီးစွဲချက်တင်/မတင်သင်​့ အမိန့် ချမှတ်မည်ဖြစ်ကြောင်း နှင့် အမိန့် နာခံရန် အတွက်တရားခံအား မတ်တပ်ရပ်စေခဲ့ပါသည်။ အမှုလိုက်ရှေ့နေများဖြစ်ကြသည့် ဥပဒေဝန်ထမ်းနှင့်မိမိတို့မှလည်း မတ်တပ်ရပ်ကာ အမိန့် နားထောင်ကြ ပါသည်။

မြို့နယ် တရားစီရင်ရေးအဖွဲ့ဥက္ကဌမှ အမိန့်အားဖတ်ကြားပါသည်။

ကျိုက်မရောမြို့နယ်၊......... ကျေးရွာနေ (ဘ) ဦး........ ၏သားဖြစ်သူ ဦးငြိမ်း၊ သင်သည် ( . . ၈၄) ရက်နေ့က............... ရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် ဦး...........အား ဖြစ်စေတတ်သောသဘောအရ အမှန်အားဖြင့်သေစေလောက်သော ကိုယ်အင်္ဂါ နာကျင်မှုကို ဖြစ်စေရန် အကြံဖြင့် ပြုလုပ်မှုပြု၍ လူကို သေစေသည်ဖြစ်၍ သင့်အားရာဇသတ်ကြီးပုဒ်မ..... ၃၀၂ (၂) အရ စွဲချက်တင် လိုက်သည်။

မေး.........အပြစ်ရှိလား၊ မရှိဘူးလား
ဖြေ......... မရှိပါဘူးခင်ဗျာ
မေး......... ဘာလို့အပြစ်မရှိတာလဲ
ဖြေ......... ဘုန်းကြီးကိုသတ်လိုက်သည်ကိုမသိပါဘူး ဓားနှင်ခုတ်သည့် အချိန်တွင် မိမိဘာမှမသိ ပါဘူး၊ ရဲစခန်းရောက်မှ ပြောပြသိရပါတယ်။ ကျွန်တော် သတိလွတ်သွားလို့ ဖြစ်သွားတာပါ။

တရားခံ အားစွဲချက်ဖတ်ပြ ပြီး အပြစ်ရှိကြောင်းဝန်ခံပါက ထိုက်သင့်သောပြစ်ဒဏ်ပေးရန်ဖြစ်ပြီး အပြစ်မရှိကြောင်းငြင်းဆိုပါက တရားခံ၏ ထုချေချက် အကျဥ်းရေးမှတ်စေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ.....၂၅၆ အရ စစ်ဆေးပြီးသောတရားလိုပြသက်သေများအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး လိုခြင်း ရှိ/မရှိ အခွင့်အရေးပေး မေးမြန်းရပါသည်။ တရားခံမှ စစ်ဆေးလိုသော တရားလိုပြသက်သေအား စွဲချက်တင် သည့်နေ့တွင်ပင်လျှင် ချက်ချင်းတင်ပြရပြီး ရုံးတော်မှလည်း သက်သေအား ဆင့်စာချအပ် ခေါ်ဆောင်ပေးရပါသည်။ ပြန်ခေါ်သက်သေမရှိပါက တရားခံပြ သက်သေအမည်စာရင်းတင်ပြ ရပြီး ရုံးချိန်းရက်တွင် တရားခံအားစစ်ဆေးပါသည်။ ထိုသို့တရားခံအားစစ်ဆေးချိန်တွင်လည်း ရုံးတော်မှ ရိုးရိုးအစစ်ခံမည်လား တရားခံအဖြစ် အစစ်ခံမည်လားမေး၍ စစ်ဆေးရပါသည်။

ဦးငြိမ်းအား ရာဇသတ်ကြီးပုဒ်မ...၃၀၂ (၂) အရ စွဲချက်တင်ရာ တရားခံ မှ အပြစ်မရှိကြောင်းငြင်းဆိုသဖြင်​့ တရားခံ၏ ထုချေချက် အကျဥ်းအားရေးမှတ်ပြီး ပြန်ခေါ်သက်သေစစ်မေးလိုခြင်း ရှိ/မရှိ ရုံးတော်မှ မေးမြန်းခဲ့ပါသည်။

မိမိအနေဖြင့် တရားလို နှင့် တရားလိုပြသက်သေများအား စစ်ဆေးစဥ် တရားခံ၏ခုခံရေးလမ်းကြောင်းအား ပြန်လှန်မေးတွင် မေးမြန်းထားပြီး ထွက်ဆိုချက် များမှာလည်း အမှုအတွက် ရသင့်သမျှရရှိပြီး ဖြစ်၍ ထပ်မံစစ်ဆေးရန် မလိုအပ်တော့ပါ။

ထို့ကြောင့်တရားသူကြီးမှ စစ်ဆေးပြီးသောတရားလိုနှင်​့ တရားလိုပြသက်သေများအားစစ်ဆေးလိုခြင်း ရှိ/မရှိ မေးမြန်းရာ ပြန်ခေါ်သက်သေ မရှိကြောင်း တင်ပြခဲ့ပါသည်။

၄င်းနောက် တရားခံ ပြသက်သေအမည်နှင့်နေရပ်လိပ်စာ တင်ပြစေရာ တရားခံပြသက်သေများ အဖြစ် အိမ်နီးချင်း ၂ ဦး ခြံနီးချင်း ၁ ဦး ကျေးရွာကောင်စီဝင် ၁ ဦး ဗိန္ဒောဆရာ ၁ ဦး နှင့် မိသားစု ဝင် ၁ ဦးတို့အား တင်ပြခဲ့ပါသည်။

တရားခွင် လာရောက်ကြည့်ရှုနားထောင်ကြသည့် ရွာသူ / ရွာသား များလည်း စုတ် တသပ်သပ် မွန်းကြပ်ပင်ပန်းသောစိတ်များဖြင့် ရွာသို့ ပြန်သွားခဲ့ကြပေပြီ

အပိုင်း ၂၁ တွင် ဆက်လက်ဖတ်ရှုအားပေး ကြပါရန်........

ရှေ့နေ ဘဝ (ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၉)                      ကျိုက်မရော မြို့နယ် တရားရုံး                  ၁၉၈၄ ...
09/07/2025

ရှေ့နေ ဘဝ (ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၉)

ကျိုက်မရော မြို့နယ် တရားရုံး
၁၉၈၄ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ်....

နိုင်ငံတော် ............ တရားလို
နှင့်
ဦးငြိမ်း .......... တရားခံ

တရားခံ အပေါ် ငြိစွန်းသည့် ရာဇသတ်ကြီးပုဒ်မ အရ စွဲချက်တင် ဖြေရှင်းသင့်ကြောင်း ရေးသားလျှောက်လဲချက် တင်သွင်းခြင်း

အထက်အမှုတရားခံကိုယ်စားရိုသေစွာ
လျှောက်လဲတင်ဆက်အပ်ပါသည်။

အမှုဖြစ်စဥ်အကျဥ်းချုပ်

အမှုမှာ ကျိုက်မရော မြို့နယ်.........ရွာ ဘုန်းကြီးကျောင်းတွင် ဲကထိန်အလှူပွဲ ပြုလုပ်ရန် (အကြိုနေ့) အလုပ်အကိုင်နေ့ပြင်ဆင် ချက်ပြုတ်နေစဥ် နေ့............. နာရီ ခန့်၌ ဘုရားခန်း တွင် အသက်(၅၀)ကျော်ခန့်မွန်လူမျိုး(တရားခံ)မှ ဝတ်ပြုပြီးနောက် ဘုရားခန်းတွင် အိပ် (ကြိမ်း)နေသော အာဂန္တုရဟန်းအား မင်းလားကွ ဦးလာဘ ဟုအော်ဟစ်ပြောဆိုပြီး ပါလာသောကိုင်းခုတ်ဓားရှည်ဖြင်​့ ဝါးဆစ်ခေါင်းအုံး အပေါ်လည်ပင်း တင်ကာ ခုတ်သတ်ပြီး သွေးများအား အနားရှိ ဖလားဖြင့်ခံယူပြီး လှေခါးပေါ်မှဆင်းလာကာ ကျောင်းရှိ ရွာသူရွာသားများက ကြိုးကွင်းစွပ်ဖမ်းဆီးပြီး ရဲစခန်းပို့အပ်ကာ ကျောင်းထိုင်ဆရာတော်မှ တိုင်ချက်ရေးဖွင့်ခဲ့သောအမှုဖြစ်ပါသည်။

လျှောက်လဲချက်ကြားနာရန်ပေါ်ပေါက်လာပုံ
အမှု တွင်တရားလိုနှင့်တရားလိုပြသက်သေများအား စစ်ဆေးပြီးနောက်တရားခံအပေါ်စွဲချက်တင်သင့်/မသင့် လျှောက်လဲချက်ကြားနာရန် ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

တရားခံ အပေါ်စွဲချက်တင် ဖြေရှင်းသင့်ကြောင်း ဥပဒေအချက်အလက်များ

အမှုတွင်တရားလိုနှင့်တရားလိုပြသက်သေများ၏ထွက်ဆိုချက်များအရ အငြင်းမပွားပေါ်ပေါက်နေသည်မှာသေဆုံးသူသံဃာတော်အား တရားခံ ဦးငြိမ်းမှ ဓားဖြင့် ရုတ်တရက် ခုတ်လိုက်၍ သေဆုံးခဲ့ကြောင်း ဖြစ်ပါသည်။

စွဲချက်တင် ခြင်းနှင့်စပ်လျဥ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၄ တွင် .........
သက်သေခံ ချက်များရယူပြီးသည့်အခါ ဖြစ်စေ အမှု၏အရှေ့ပိုင်း မည်သည့်အဆင့်၌ ဖြစ်စေ၊ ရာဇဝတ်တရားသူကြီးက တရားခံအားစစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် ပြစ်မှုကျူးလွန်ခဲ့သည်ဟုယူဆရန် အကြောင်းရှိသည်ဟု ထင်မြင်ပြီး မိမိက စစ်ဆေးစီရင်ပိုင်ခွင့် ရှိသည့်အပြင် ပြစ်ဒဏ်ကိုလည်းလုံလောက်စွာ ချမှတ်နိုင်သည် ဟုထင်မြင်လျှင် ၄င်းတရားခံအပေါ်စွဲချက်တင်ရမည်....... ဟု ပြဌာန်းထားပါသည်။

တရားလိုနှင့် တရားလိုပြ သက်သေတို့၏ ထွက်ဆိုချက်၊သက်သေခံစာရွက်စာတမ်းများအရ တရားခံ မှသတ်လိုက်ကြောင်း ပေါ်လွင်နေသည့်အပြင် တရားခံ ဘက်ပြန်လှန်မေး ထွက်ဆိုချက် များအရ ပြုလုပ်မှုအား မည်သို့သဘောရှိသည်ကို မသိပဲ စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်၍ ရာဇသတ်ကြီးပုဒ်မ...၈၄ အရ ကင်းလွတ်ရမြဲအချက် ခုခံရေးလမ်းကြောင်း မေးမြန်းထားရာ တရားခံ ဘက်မှဖြေရှင်းရန်အကြောင်းများ ပေါ်ပေါက်လျှက်ရှိပါသည်ဟု သဘောရိုးဖြင့်ယုံကြည်သဖြင့် တရားခံ မှဖြေရှင်းရန်အတွက် ငြိစွန်းလျှက်ရှိသော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ စွဲချက်တင် ဖြေရှင်းသင့်ပါကြောင်း ရုံးတော်သို့ရိုသေစွာ လျှောက်လဲတင်ပြ အပ်ပါသည်။

လေးစားစွာဖြင့်

ဦးခင်အောင်
စဥ်..၆၂၁၈
ရက်စွဲ.... .. .. ၁၉၈၄. အထက်တန်းရှေ့နေ
ကျိုက်မရော မြို့ တရားခံ ၏ရှေ့နေ

မိမိသည် တရားခံ ရှေ့နေ ဖြစ်သော်လည်းတရားခံအားစွဲချက်တင်ဖြေရှင်းသင့်ကြောင်း တင်ပြလျှောက်လဲခြင်းမှာ တရားလိုရှေ့နေ တရားခံ ရှေ့နေများ အနေဖြင့် ဥပဒေနှင့်အညီ အမှန်အတိုင်း တင်ပြ ခြင်းဖြင့် တရားရုံး ကိုအကူအညီပေးရာရောက်စေသည်ဟု ခံယူသဖြင့် လည်းကောင်း၊ တရားခံ ဘက်မှလိုက်ပါယုံကာမျှဖြင့် မျက်စိမှိတ်စုံလုံး ငြင်းခြင်းသည်မှန်ကန်သောလုပ်ရပ်ဟု ခံယူယုံကြည်ခြင်းမရှိသောကြောင့်ဖြစ်ပါသည်။

(၁၉၈၀...၁၉၉၀) အဆိုပါကာလများက တရားလို (နိုင်ငံတော်) ဘက်မှလိုက်ပါဆောင်ရွက်ကြသော ဥပဒေဝန်ထမ်းတချို့သည် မိမိလိုက်ပါသောအမှု၌ ဥပဒေအရ ငြိစွန်းမှုမရှိသူ တရားခံ များအား အမှုမှ အပြီးအပြတ်တရားသေ လွှတ်ပေးသင့်ကြောင်း တရားခွင်တွင်တင်ပြ လျှောက်လဲခြင်းများလညိး ကြုံတွေ့ခဲ့ရဖူးပါသည်။ အလျဥ်းသင့်ပါက အဆိုပါ ဥပဒေဝန်ထမ်းများ၏ တည်ကြည်ဖြောင့်မတ်သော စိတ်ဓာတ် ဥပဒေနှင်​့ အညီရဲဝံစွာ တင်ပြခြင်းဖြင့် တရားရုံး အား ကူညီပေးခဲ့ခြင်းတို့အား အမှတ်တရ တင်ပြပေးသွားပါမည်။

အပိုင်း ၂၀ တွင်ဆက်လက် ဖတ်ရှုအားပေးပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း(၁၈)              တရားခံ အတွက်အမှုစစ်အား စစ်ဆေးခဲ့ပေပြီ........အမှုလိုက်လုပ်ငန်း...
05/07/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း(၁၈)

တရားခံ အတွက်အမှုစစ်အား စစ်ဆေးခဲ့ပေပြီ........အမှုလိုက်လုပ်ငန်းစဥ်အရတစ်ဝက်တော့ကျိုးပေပြီ..........တရားလိုနှင့်တရားလိုပြ သက်သေများအားစစ်ဆေးပြီးဖြစ်၍ နောင်ရုံးချိန်းရက်နွင့ တရားခံ အပေါ်စွဲချက်တင်သင့်/မသင့် ေလျှာက်လဲချက် ကြားနာရန် ချိန်းဆိုခဲ့ပါသည်။
ရုံးချိန်းရက်မတိုင်မီ လျှောက်လဲချက်အတွက် ကြိုတင်ပြင်ဆင်ရပေပြီ ။ ရေးသားလျှောက်လဲချက်တင်သွင်းနိုင်ရန်အတွက် အမှုဖြစ်စဥ်၊ စစ်ဆေးသည့်သက်သေများ၏ ထွက်ဆိုချက်များ ၊ ဥပဒေ ပြဌာန်းချက်ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ... ၃၀၂ ၊ လူသတ်မှု ပြစ်ဒဏ် ၊ ပုဒ်မ.. ၃၀၀၊ ကင်းလွတ်ရမြဲအချက်ပါ ပုဒ်မ.. ၈၄ နှင့် စွဲချက်တင်ခြင်းဆိုင်ရာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ...၂၅၃၊ ပုဒ်မ..... ၂၅၄ တို့အပြင် လူသတ်မှု နှင့် စပ်လျဥ်း ၍ ဆုံးဖြတ်ခဲ့သော စီရင်ထုံးများအား ကြိုတင် လေ့လာမှတ်သားရပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ.... ၂၅၃(၁) တွင် ...........
ပုဒ်မ...၂၅၂ တွင် ရည်ညွှန်းသည့် သက်သေခံ ချက်အားလုံးကို ရယူပြီးနောက် ထို့ပြင် ရာဇဝတ်တရားသူကြီးက လိုအပ်သည်ဟု ထင်မြင်၍တရားခံကို စစ်ဆေးမေးမြန်းခြင်း(ရှိခဲ့လျှင် ) ပြုပြီးနောက် တရားခံက မ​ဖြေရှင်းပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံထိုက်သည့် ပြစ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိကြောင်း ရာဇဝတ် တရားသူကြီးကတွေ့လျှင် ယင်းတရားခံကို စွဲချက်မတင်မီ လွှတ်ရမည်ဟု ပြဌာန်း ထားပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ...၂၅၄ တွင်....

သက်သေခံချက်များရယူခြင်း ၊ များ ပြုလုပ် ပြီးသည့်အခါ ဖြစ်စေ အမှု၏အရှေ့ပိုင်း မည်သည့်အဆင့်၌ ဖြစ်စေ၊ ရာဇဝတ် တရားသူကြီးက တရားခံ များ စစ်ဆေးစီရင်ပိုင်ခွင့် ရှိသည့်ပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယူဆရန်အကြောင်း ရှိနေသည်ဟု ထင်မြင်ပြီး မိမိကစစ်ဆေး စီရင် ပိုင်ခွင့် ရှိသည့် အပြင် ပြစ်ဒဏ် ကိုလည်း လုံလောက်စွာ ချမှတ်နိုင်သည်ဟု ထင်မြင် လျှင် ၄င်း တရားခံ အပေါ် စွဲချက် တင်ရမည် ဟု ပြဌာန်း ထားပါသည်။

ယခု အမှု တွင် တရားလိုနှင့် တရားလိုပြ သက်သေ အားလုံး ၏ထွက်ဆိုချက်အရ သေဆုံးသူ အား တရားခံ က ဓားနှင့်ခုတ်သတ် ခဲ့ကြောင်း ထင်ရှားသော သက်သေခံချက် များရှိပါသည်။
မိမိတရားခံ ဘက်မှ (line of difence)အရ ရာဇသတ်ကြီးပုဒ်မ.. ၈၄အရ ကင်းလွတ်ရမြဲအချက်နှင့် အညီပြစ်မှုမမြောက်ကြောင်း ထုချေတင်ပြသွားရန် ဖြစ်ပါသည်။
ရှေ့နေ ရှေ့ရပ် များသည်တရားရုံး ၏အရာရှိများ လည်းဖြစ်ကြသည်။ တစ်နည်း ဥပဒေနှင့်အညီ တရားရုံးသို့ တင်ပြ ခြင်းဖြင့်လညိး တရားရုံး သို့ကူညီပြီး အမှုမှန် ပေါ်ပေါက်ရေး နှင့် တရားမျှတမှု ရရှိရေး ဝိုင်းဝန်း ဖော်ဆောင် ပေးရန် တာဝန် လည်းရှိပေသည်။
ယခုအမှုတွင် စွဲချက် တင်သင့်/မသင့် လျှောက်လဲချက်ကြားနာရန် အဆင့်တွင်များသောအားဖြင့် တရားခံဘက်မှလိုက်ပါ သောရှေ့နေများသည် မိမိတရားခံ အား စွဲချက်မတင်တရားရှင်လွှတ်သင့်ကြောင်း လျှောက်လဲတင်ပြ ကြပေသည်။
ယခုအမှုလျှေက်လဲချက် ကြားနာမည့် ရုံးချိန်းချက်၌မိမိက အောက်ပါအတိုင်း ရေးသားလျှောက်လဲချက် တင်သွင်းပြီး နှုတ်ဖြင့်လည်း လျှောက်လဲတင်ပြခဲ့ပါသည်။

အပိုင်း (၁၉) တွင်ဆက်လက် အားပေးပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်)အမှတ်တရ အပိုင်း(၁၇) မေး........စစ်ဆေးခဲ့တဲ့ သက်သေအားလုံးဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဆရာတော် သံဃာတော်...
03/07/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်)အမှတ်တရ အပိုင်း(၁၇)

မေး........စစ်ဆေးခဲ့တဲ့ သက်သေအားလုံးဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဆရာတော် သံဃာတော်တွေနဲ့ မွန်လူမျိုး ဘာသာတရားကိုင်းရှိုင်းသူတွေ ဆိုတာမှန်တယ်ဟုတ်လား

ဖြေ.........မှန်ပါတယ်

မေး........မွန်လူမျိုး ဗုဒ္ဓဘာသာ ကိုးကွယ်သူ ကျေးရွာသူ/သား များဟာ သံဃာတော်တွေကိုလည်း အလွန်ကိုင်းရှိုင်း ရိုသေကြတယ် သံဃာတော်တွေကိုဆိုလျှင် အရိပ်တောင်မနင်းမိအောင် စောင်ထိန်းကြတယ် အဝေးကပင် ရှိခိုးကန်တော့ကြတယ်ဆိုလျှင် သိတယ်ဟုတ်လား မြင်လည်းမြင်ဖူးကြတယ် ဟုတ် လား

ဖြေ...... မှန်ပါတယ် ၊ လမ်းမှာ သံဃာတော်တွေနဲ့ တွေ့ရင် ဘေးမှာရပ်ပြီးကန်တော့ကြပါတယ် မြင်ဖူးပါတယ်

မေး.......သေဆုံးသူ ရဟန်းနဲ့တရားခံတို့ဟာ အရင်က သိမြင်ဖူးခြင်း မရှိ ဆိုလျှင် စစ်ဆေးချက်အရ သိတယ်ဟုတ်လား

ဖြေ.......ဟုတ် ပါတယ်

မေး.....စစ်ဆေးချက်တွေအရ အရင်ကမတွေ့ဖူးတဲ့ အိပ်နေ (ကြိမ်းနေ)တဲ့ ဦးဇင်းကို ဘုရားဝတ်ပြုပြီး ပြန်အထ ရုတ်တရက် ဓားရှည်နဲ့ ခုတ်သတ်ခဲ့တာဟာ သာမန်လူကောင်းတစ်ယောက်အနေနဲ့ ပြုလုပ်မှာမဟုတ်ဘူး အသိစိတ်မဲ့လို့ ပြုလုပ်ခဲ့တယ်ဆိုလျှင် မှန်ပါသလား.

ဖြေ.......စိတ်ကိုကျတော့မပြောနိုင်ပါဘူး ဆရာဝန်တွေစိတ်ပညာရှင်တွေပဲ သိနိုင်ပါတယ် သာမန်အားဖြင့်တော့ သံဃာတော်တစ်ပါးကို ခုလို ဓားနဲ့ခုတ်သတ်စရာ အကြောင်းမရှိပါဘူး

မေး.......အခင်းဖြစ်ပြီးပြီးချင်း တရားခံ ကိုဖမ်းဆီးပြီး ဆေးဆရာဝန်နဲ့ စစ်ဆေးခဲ့ခြင်း ရှိခဲ့လား

ဖြေ......မစစ်ဆေးခဲ့ပါဘူး

မေး.......ဒီလိုမစစ်ဆေးခဲ့တဲ့အတွက် အခင်းဖြစ်စဥ်ချိန်က တရားခံ ဟာသာမန်လူတစ်ဦး အသိစိတ်လို မရှိပဲ စိတ်ပေါ့သွပ်နေလို့သာ သူလုပ်လိုက်တာ ဘာဖြစ် မှန်းမသိလို့ ဓားနဲ့ခုတ်လိုက်တာ ဆို လျှင်ကော သိနိုင်ပါသလား

ဖြေ......... မသိနိုင်ပါဘူး

အပိုင်း (၁၈) တွင် ဆက်လက်အားပေးပါ ရန်

အပိုင်း(အပိုင်း၁၆)ဦးစွာဥပဒေဝန်ထမ်းမှ(အဓိကေမး)ဖြေကြားထွက်ဆိုရာတွင် းးးးး အမှုအား ######နေ့တွင်လက်ခံရရှိပြီးထိုနေ့တွင်ပင်တ...
01/07/2025

အပိုင်း(အပိုင်း၁၆)
ဦးစွာဥပဒေဝန်ထမ်းမှ(အဓိကေမး)
ဖြေကြားထွက်ဆိုရာတွင် းးးးး အမှုအား ######နေ့တွင်လက်ခံရရှိပြီးထိုနေ့တွင်ပင်တရားခံအားပထမအကြိမ်ရမာန်တောင်းခံခဲ့ကြောင်းထိုနေ့တွင်ပင်တရားလိုဆရာတော်အားစစ်ဆေးကြောင်းနောက်တနေ့တွင်အသိသက်သေအဖြစ်လိုက်ပါရန်ကျေးရွာကောင်စီဝင်၂ဦးအားခေါပြီးတရားခံဦးငြိမ်းနှင့်

အတူသက်သေခံဒါးနှင့်သွေးခံသည့်သွေးခွက်တို့အာရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲကြောင်းအပ်ပေးသူနေရာ၌တရားခံဦးငြိမ်း အသိသက်သေနေရာ၌ကောင်စီဝင်ဦးတင်ငြိမ်းနှင့်ဦးရဲနောင်တို့လက်မှတ်ရေးထိုးကြောင်း ထိုနေ့တွင်ပင်အခင်းဖြစ်နေရာအားမြေပုံကြမ်းရေးဆွဲခဲ့ကြောင်း သက်သေများလက်မှတ်ထိုးခဲဲ့ကြောင်း(###xx) နေ့တွင်မြင်တွေ့သက်သေဦးတင်ဝင်းနှင့်ဦးအောင်တို့အားစစ်ဆေးခြင်း တိုက်အုပ်ဆရာတော်အားစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သေသူဆရာတော်၏ Dead Body အါးစစ်ဆေးပြီးသေဆုံရသောအကြောင်းရင်းသိရှိနိုင်ရန်ကျိုက်မရောဆေးရုံကြီးသို့ရဲဆေးစာဖြင့်ပေးပို့ခဲ့ရာမှဆေးစာပြန်ကြားလာသဖြင့်ဆရာဝန်အားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ######xနေ့တွင်ဆေးစာပြန်ကြားရရှိခဲ့ကြောင်း သက်သေခံဒါးနှင့်သွေးခွက်တို့တွင်လူသွေးဟုတ်မဟုတ် ဓာတုဗေဒဝန်ရုံးသို့ပေးပို့ထားခဲ့ကြောင်း ###### နေ့တွင်ပြန်ကြားစာရရှိခဲ့ပြီး သက်သေခံဒါးနှင့်သွေးခွက်တို့တွင်လူသွေးတွေ့ရှိရသည်ဟုပြန်ကြားခဲ့ကြောင်း ဓာတုဗေဒဝန်ရုံးပြန်ကြားစာအားသက့်သေခံ(င)အဖြစ်တင်သွင်းလက်ခံပြီး######xနေ့တွင်တရားခံအားစစ်ဆေးခြင်းပြုလုပ်ပြီး###xx မြို့နယ်ဥပဒေရုံးသို့အကြံပြုချက်တောင်းခံခဲဲ့ကြောင်း.ကျိုက်မရောမြို့နယ်ဥပဒေရုံး###xxရက်စွဲပါစာအမှတ်###xအရရာဇသတ်ကြီးပုဒ်မ၃၀၂အရတရားစွဲဆိုရန်ပြန်ငြားလာသဖြင့် ###xx ရက့်နေ့တွင်တရားခံဦးငြိမ်းအားစွဲချက်အမှတ် ###x ရာဇသတ်ကြီးပုဒ်မ၃၀၂ အရတရားစွဲဆိုတင်ပို့ခဲ့ကြောင်းထွက်ဆိုအစစ်ခံခဲ့ပါသည်။
အမှုစစ်ရဲအရာရှိအားမိမိမှ(ပြန်လှန်မေးရန်ဖြစ်ပါသည်)အမှုတွင်တရားလိုအားစတင်စ်မေးခြင်းမပြုမီကပင်တရားခံ၏ခ့ခံရေးလမ်းကြောင်း(Line Of Defence)အဖြစ်ရာဇသတ်ကြီးပုဒ်မ၈၄ပါကင်းလွတ်ရမြဲအချက်ဖြင့်ထုချေသွားရန်ဆုံးဖြတ်ထားပြီဖြစ်၍လည်းကောင်း တရားလိုနှင့်သက်သေများစစ်မေးစဥ်မေးမြန်းထွက်ဆိုထားချက်များအရအောက်ပါမေးခွန်းများဖြင့်ပြန်လှ
န်မေးမြန်းခဲ့ပါသည်
အပိုင်း၁၇. ဆက်ရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်)အမှတ်တရ အပိုင်း(၁၅)ကျန်တရားလိုပြသက်သေ (၂)ဦးနှင့်ရဲအရာရှိတို့အား ဆက်လက်စစ်မေးပါသည်။             ...
28/06/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်)အမှတ်တရ အပိုင်း(၁၅)

ကျန်တရားလိုပြသက်သေ (၂)ဦးနှင့်ရဲအရာရှိတို့အား ဆက်လက်စစ်မေးပါသည်။

ဦးစွာ(လိုပြ) ဦးတင်ငြိမ်းအားစစ်ဆေးပါသည်။ ဥပဒေဝန်ထမ်းမှအဓိကစစ်မေးထွက်ဆိုရာတွင်.......... ၎င်းသည်ကျေးရွာကောင်စီဝင်တစ်ဦးဖြစ်ကြောင်း ၊အခင်းဖြစ်ပြီးနောက်တစ်နေ့တွင် ကောင်စီဝင်ဦးရဲနောင်နှင့်အတူ ကျိုက်မရော ရဲစခန်းမှရဲအုပ်ထွန်းဇော် လာရောက်ခေါ်ဆောင်သဖြင်​့ အခင်းဖြစ်ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ကြောင်း၊တရားခံဦးငြိမ်းကိုလည်း ခေါ်ဆောင်ခဲ့ကြောင်း၊ ရဲစခန်းမှူးက အခင်းဖြစ်စဥ်တရားခံကိုင်တွယ်အသုံးပြုခဲ့သည့် သွေးစွန်းနေသောဓားအားရှာဖွေပုံစံဖြင့်သိမ်းဆည်းရာတွင်အသိသက်သေအဖြစ် ဆောင်ရွက် ခဲ့ရကြောင်း၊ စခန်းမှူးကမိမိတို့အရှေ့တွင်ပင် ရှာဖွေပုံစံအားရေးသားဖြည့်စွက်ပြီး ဖတ်ပြကာ လက်မှတ်ရေးထိုးခဲ့ရကြောင်း အသိသက်သေအမှတ်(၁) ဦးတင်ငြိမ်းနေရာတွင်ရေးထိုးထားသောလက်မှတ်မှာ ၄င်း၏လက်မှတ်ဖြစ်ကြောင်း၊ တရားခံဦးငြိမ်းကိုလည်း မိမိအရှေ့တွင်ပင် အပ်ပေးသူနေရာ၌လက်မှတ်ရေးထိုးစေကာ လက်မှတ်မထိုးတတ်သဖြင့် ကြက်​ခြေခတ်ရေးပြီး ဘယ်ဘက်လက်မ လက်ဗွေ နှိပ်ခဲ့ကြောင်း၊ ထွက်ဆို၍ ရှာဖွေပုံစံအား သက်သေခံ(ဃ)အဖြစ် တင်သွင်းခဲ့ပါသည်။ဆက်လက်ပြီးစခန်းမှူးက မြေပုံကြမ်းရေးဆွဲ ပြီး သက်​ေသအဖြစ်လက်မှတ်​ရေးထိုးခဲ့ရကြောင်းထွက်ဆိုသည်။
မိမိပြန်လှန်မေးရန်ဖြစ်သော်လည်း သက်သေခံဓားဖြင့် သတ်ခဲ့ခြင်းအား အငြင်းမပွားသဖြင့် အထူးမေးမြန်းရန်မရှိသောကြောင့် ပြန်လှန်မေးခွန်းမေးရန်မရှိကြောင်း၊ တင်ပြခဲ့ပါသည်။
ဆက်လက်၍လိုပြဦးရဲနောင်အားစစ်မေးပါသည်။ ဥပဒေဝန်ထမ်းမှ အဓိကစစ်မေးထွက်ဆိုရာတွင်.............. ၎င်းသည်ကျေးရွာကောင်စီဝင်တစ်ဦးဖြစ်ပြီး ၊ အခင်းဖြစ်ပြီးနောက်တစ်နေ့ ၌ ကောင်စီဝင်ဦးတင်ငြိမ်းနှင့်အတူ စခန်းမှူး ရဲအုပ် ထွန်းဇော်မှလည်း အသိသက်သေအဖြစ် လိုက်ပါပေးရန်ခေါ်သဖြင့် အခင်းဖြစ်ဘုန်းကြီးကျောင်းသို့လိုက်ခဲ့ကြောင်း ၊ တရားခံ ဦးငြိမ်းလည်း ပါလာကြောင်း၊စခန်းမှူးက မိမိတို့ရှေ့တွင် ပင် ရှာဖွေပုံစံဖြင့်သက်သေခံဓားအားသိမ်းဆည်းခဲ့ကြောင်းတရားခံကိုလည်းအပ်ပေးသူနေရာ၌လက်မှတ်ရေးထိုးခိုင်းရာ ကြက်ခြေခတ်ပြီး ဘယ်ဘက်လက်မ လက်ဗွေ နှိပ်ယူခဲ့ကြောင်း၊ သက်သေခံ ( ဃ ) ရှာဖွေပုံစံပေါ်ရှိ သက်သေအမှတ်စဥ် (၂)နေရာ၌ရေးထိုးထားသောလက်မှတ်မှာ ၎င်း၏လက်မှတ်ဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည်။ စခန်းမှူး ရေးဆွဲသည့်မြေပုံကြမ်းတွင်လည်းသက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့ရကြောင်းထွက်ဆိုသည်။
မိမိပြန်လှန်မေးရန်ဖြစ်သော်လည်း သက်သေခံ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်းမိမိဘက်မှလည်း အငြင်းမပွားသဖြင့် ပြန်လှန်မေးရန်မရှိကြောင်းတင်ပြခဲ့ပါသည်။
အမှုစစ် ရဲအုပ်ထွန်းဇော် သက်သေခံ ရန် တရားခွင်သို့ လာခဲ့ပေပြီ............
Uniform အပြည့်ဖြင့် ဦးခေါင်းတွင် Peak cap ဆောင်းထားပြီး တရားခွင်သို့ ဝင်သည်နှင့် Peak cap ကိုချွတ်၍ နိုင်ငံတော် အလံအားသတိဆွဲ အလေးပြုကာ ကတိသစ္စာပြုပါသည်။ ပြီးနောက်သက်သေအဖြစ် စစ်ဆေးခဲ့ပါသည်။

အပိုင်း ၁၆ တွင်ဆက်လက်အားပေးကြပါရန်

အပိုင်း(၁၄)တရားလိုပြသက်သေဒေါက်တာဦးကျော်အောင့်(ကျိုက်မရောမြို့နယ်ဆေးရုံအုပ်ကြီး)အားစတင်စစ်ဆေးပါသည်။ဦးစွာတရားခွင်စာရေးမှ...
23/06/2025

အပိုင်း(၁၄)
တရားလိုပြသက်သေဒေါက်တာဦးကျော်အောင့်(ကျိုက်မရောမြို့နယ်ဆေးရုံအုပ်ကြီး)အားစတင်စစ်ဆေးပါသည်။
ဦးစွာတရားခွင်စာရေးမှသက်သေအားကတိသစ်စာပြုစေပါသည်
သက်သေမှာနိုင်ငံဝန်ထမ်းတစ်ဦးဖြစ်ပြီးဂုဏ်သရေရှိလူကြီးဖြစ်၍ကျမ်းကျိန်ဆိုခြင်းမပြုပဲကတ်ိသစ်စာသာပြုစေပါသည်။
ဤအမှုတွင်အလုံးစုံမှန်ကန်စွာထွက်ဆိုပါမည်ဟုကတိသစ်စာပြုပါသည် းးးဟုရွတ်ဆိုကတိသစ်စာပြုပါသည်။.ဒေါက်တာကျော်ဦးအားဥပဒေဝန်ထမ်းမှအဓိကစစ်မေးရာတွင်းးး၄င်းမှာကျိုက်မရောပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း အခင်းဖြစ်နေ့ကဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေစဥ်ကျိုက်မရောရဲစခန်းမှဒတပ်ကြပ်မျိုးမင်းထွေးဆေးစာနှင့်အတူရောက်ရှိလာပြီးသေဆုံးသူ းးးကျောင်းတိုက်မှ ဦးကုမာရ အသက်(၃၈)နှစ်ဝါတော် (၂၈) ဝါ
(Dead Body) အားစစ်ဆေးပေးရန်ရောက်ရှိလာကြောင်း.သေသူ၏ခန္ဓာကိုယ်အားစစ်ဆေးခဲ့ကြောင်း သေဆုံးသူတွင်ဒါးခုတ်ဒဏ်ရာတချက်လည်ပင်းပြတ်ဒဏ်ရာတွေ့ရပြီး သေဆုံးရခြင်းအကြောင်းရင်းမှာလည်ပင်းသွေးလွတ်ကြောပြတ်၍သွေးထွက်လွန်သေဆုံးရခြင်းဖြစ်ကြောင်း ရရှိသောဒဏ်ရာသည် မုချသေစေလောက်သောဒဏ်ရာဖြစ်ကြောင်း.စစ်ဆေးတွေ့ရှိချက်နှင့်သေဆုံးရသောအကြောင်းရင်းအားထင်မြင်ချက်ရေးသားပေးခဲ့ကြောင်း ဆေးစာပေါရှိလက်မှတ်မှာ၄င်း၏လက်မှတ်ဖြစ်ကြောင်းထွက်ဆိုကြီးဆေးစာအားသက်သေခံ(ဂ)အဖြစ်တင်သွင်းခဲ့ပါသည်။.တရားခံရှေ့နေမိမိက.ဘီးလစ်ကြီးရုံးခန်းတွင်သိမ်းဆည်းထားသောသက်သေခံဒါးအားရုံးခန်းရှေ့ထုတ်ယူစေပြီး(ပြန်လှန်မေး)စစ်ဆေးခဲ့ပါသည်။
မေးးးဆရာရဲ့ဆေးပညာအတွေ့အကြုံတွေအရ ဒီဒါးနဲ့တချက်တည်းခုတ်ရင်ဒီလိုဒဏ်ရာရရှိသေဆုံးနိုင်ပါသလား
ဖြေ းးးမုချသေစေနိုင်ပါတယ့်
မေးးးးးများသောအား့ဖင့်လူသတ်မှုတွေမှာမိမိနဲ့မသင့်မြတ်သူ.စကားများရန်ဖြစ်သူတွေကိုသာခုတ်သတ်လေ့ရှိတယ်ဆိုမှန်ပါသလား
ဖြေးးးများသောအားဖြင့်တော့မှန်ပါတယ် တခါတရံမိမိနဲ့မသိသူတစိမ်းပေမဲ့ စကားများရန်ဖြစ်ပြီးရုတ်တရက်ဒေါသမထိမ်းနိုင်ပဲ ဒါးခုတ်သတ်တာမျိုးလည်းရှိပါတယ်
မေး းးး အဲဒီအခင်းဖြစ်တဲ့နေ့ကသေသူဘုန့်းကြီးနဲ့တရားခံဟာသိလည်းမသိစကားလည်းမများခဲဲ့ကြဘူးဆိုရင်ဆရာသိပါသလား.
ဖြေးးးးကျွန်တော်မသိပါဘူးး
မေးးးလူတယောက်ဟာရုတ်တရက်စိတ်ရှူးပေါက်လို့ (စိတ်ပေါ့သွပ်)လို့.ဒါးခုတ် တုတ်ရိုက် ထိခိုက်နာကျင်သေဆုံးအောင်ပြုလုပ်ကြတာတွေလည်းရှိတယ့်ဆိုမှန်သလား
ဖြေးးးမှန်ပါတယ်
မေးးးးအခင်းဖြစ်တဲ့နေ့ကတရားခံဦးငြိမ်းကိုဆေးရုံမှာဆေးစစ်ဆေးမှုမလုပ်ခဲ့ ရဘူးဆိုမှန်တယ်ဟုတ်လား.
ဖြေးးးးးမှန်ပါတယ်မစစ်ဆေးခဲ့ပါဘူး
မိမိလည်းပြန်လှန်စစ်မေးအားရပ်နားလိုက်ပါတယ်
တရားလိုပြသက်သေထံမှမိမိလိုချင်သောအဖြေ (တနည်းတရားခံစစ်ဆေးပါကထုချေမည့်အချက်အားအထောက်ကူရရှိသောအဖြေဖြစ်သည့် းးအခင်းဖြစ်ပြီးခြင်းတရားခံအားဆေးစစ်ဆေးခဲ့ခြင်းမရှိ၍ ဖြစ်တတ်သည့်သဘောအရမိမိနှင့်မသိသူ စကားမများသူတစိမ်း သံဃာတော်တပါးအား.သာမာန်အသိရှိသူတယောက်အနေဖြင့် ရုတ်တရက်ဒါးနှင့်ခုတ်ရန်အကြောင်းမရှိကြောင်းရရှိစေရန်မေးမြန်းထားခြင်းဖြစ်ပါသည်။
အပိုင်း (၁၅) ဆက်လက်အားပေးပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၃)ယနေ့ တရားလိုပြသက်သေ များဖြစ်ကြသော  ရှာဖွေသက်သေ ၂ ဦး ဆေးဆရာဝန်နှင့် အမှုစစ်...
21/06/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၃)

ယနေ့ တရားလိုပြသက်သေ များဖြစ်ကြသော ရှာဖွေသက်သေ ၂ ဦး ဆေးဆရာဝန်နှင့် အမှုစစ်ရဲအရာရှိ စခန်းမှုးတို့အား စစ်ဆေးရန် ချိန်းဆိုထားပါသည် ။

အမှုသည် လူသတ်မှုဖြစ်ပြီး သံဃာတော်တစ်ပါး အား သတ်သောအမှုဖြစ် ၍ ပြည်သူအများ စိတ်ဝင်စားသောအမှုဖြစ်ခြင်း၊ သက်သေများအားအစောဆုံး မြန်မြန်စစ်ဆေးခြင်းဖြင့် အမှုမှန်ဖော်ထုတ်ဆုံးဖြတ်နိုင်မည်ဖြစ်၍ မြို့နယ်တရားသူကြီး မှ အမှုအား မှန်မှန်နှင့်မြန်မြန် ဆုံးဖြတ်နိုင်ရန်အတွက် ရုံးချိန်း နီးနီးကပ်ကပ်ချိန်းဆိုစစ်​ ဆေးမည်ဖြစ်ကြောင်း ၊တရားရုံးအားကူညီပေးသည့်အနေဖြင့် ရုံးချိန်းရက် များတွင် မပျက်မကွက် လာရောက်စစ်ဆေးပေးရန် မေတ္တာရပ်ခံသဖြင့် ရုံးချိန်းရက် တွင် မွန်ပြည်နယ် မိုးရာသီထုံးစံအတိုင်း မိုးသဲသဲ လေကြမ်းကြမ်းတွင် မော်လမြိုင်..... ကျိုက်မရော ကားလမ်းအတိုင်း လယ်ကွင်းပြင်နှင့် ထန်းပင်တန်း လမ်း အား မိုလေကိုအန်တုကာ တရားရုံး သို့ရုံးချိန်းအမှီ အရောက်လာခဲ့ ပေပြီ.....

တရားခွင် စပေပြီ.......

မြို့နယ်တရားသူကြီး ၊ဥက္ကဌ ၊ ဦးဆောင်၍ အချိန်ပိုင်း တရားသူကြီး ၂ ဦး ခြံရံကာ နံနက် ၁၀ နာရီတွင် တရားခွင် စထိုင်ပါသည်။

တရားခံ ဦးငြိမ်းအား ရဲအစောင့်အရှောက်ဖြင့် တရားခွင် ရုံးထုတ်လာပြီး အနောက်ဘက်ခုံတန်းတွင်ထိုင်စေပါသည်။ တရားခွင်စာရေး မှလက်နှိပ်စက်တပြင်ပြင်ဖြင့်.....စစ်ဆေးစဥ် ထွက်ချက် ရိုက်ရန်အဆင်သင့်
နိုင်ငံတော် ဘက်မှလိုက်ပါသည့် မြို့နယ်ဥပဒေအရာရှိ နှင့် တရားခံ ရှေ့နေ( နိုင်ငံတော်စရိတ် ဖြင့်ငှားရမ်းပေးသူ မိမိ) တို့လည်း နေရာယူပြီးလေပြီ.........
တရားခွင်စာရေး မှ ယနေ့ သမ္မာန်စာ ဆင့်ခေါ်ထားသော သက်သေများလာ/မလာ ဦးစွာအမှုခေါ်ပြီး သက်သေအမည်များကို အော်၍ ခေါ်ပါသည်။ သတင်းလာပို့ကြပါသည်။
တရားလိုပြသက်သေ ဦးတင်ငြိမ်း ၊ (ကျေးရွာကောင်စီဝင်) လာသလား ။
သက်သေတရားခွင်ဝင်ရောက်လာပြီး........လာပါတယ်
တရားလိုပြသက်သေ ဦးရဲနောင် (ကျေးရွာကောင်စီဝင်) လာသလား ။

သက်သေတရားခွင်ဝင်ရောက်လာပြီး........လာပါတယ်
တရားလိုပြသက်သေဒေါက်တာအောင်ကျော် လာသလား ။
သက်သေတရားခွင်ဝင်ရောက်လာပြီး........လာပါတယ်
တရားလိုပြသက်သေအမှုစစ် ရဲအုပ်ထွန်းဇော် လာသလား ။
သက်သေ ရဲအုပ်ထွန်းဇော် ရုံးတွင်းဝင်ရောက်လာပါသည်။

တရားခွင် အတွင်းဝင်သည်နှင့် နိုင်ငံတော်အား လက်တင် အလေးပြုပြီး .........ေရာက်ရှိကြောင်း သတင်းပို့ပါသည်။

ဆင့် ခေါ်ထားသောသက်သေများခေါ်ထားသောသက်သေ (၄) ယောက်လုံး သတင်းပို့ပြီးနောက် တရားသူကြီး မှ သက်သေများအနက် ဆရာဝန်မှာ မူလတာဝန်ဖြစ်သည့်ဆေးရုံကြီး၏ အုပ်ချုပ်မှု ကုသမှု တာဝန်များပြားသဖြင့် ၎င်းအားဦးစွာစစ်ဆေးမည်ဖြစ်ကြောင်း ကျန်သက်သေများမှာ တရားခွင်စစ်ဆေးစဥ် ထွက်ဆိုချက် မကြားရသည့်နေရာ ၌ နေကြရန်နှင့် တရားရုံးမှခေါ်လျှင် သက်သေအဖြစ် စစ်ဆေးခံရန် ညွှန်ကြားသတိပေးပါသည်။
( ယခင်ပြည်သူ့ကောင်စီခေတ်....ပြည်သူ့တရားစီရင်ရေးစနစ်တွင် ပြည်သူ့တရားသူကြီးများ ၏ တရားခွင်စနစ်တကျရှိပုံ တရားရုံးနှင့်အမှုလိုက်ရှေ့နေများအပြန်အလှန်လေးစားဆက်ဆံပုံ တရားခွင်စစ်ဆေးကြားနာမှု အဆင်ပြေစေရန် စီမံဆောင်ရွက်မှုတို့အား လက်လှမ်းမမှီကြသူ ရှေ့နေငယ်များနှင့် အများ ပြည်သူတို့အား ......တရားစီရင်ရရေး ရနံ့ သတိတရ ရရှိစေရန်ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

အပိုင်း ၁၄ တွင်ဆက်လက် အားပေးပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၂)              ယနေ့ရုံးချိန်းတော့ တရားခံဦးငြိမ်းနေထိုင်ရာရွာမှ ဦးအောင်ကို ...
17/06/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၂)

ယနေ့ရုံးချိန်းတော့ တရားခံဦးငြိမ်းနေထိုင်ရာရွာမှ ဦးအောင်ကို စစ်ဆေးရန် ဖြစ်ပါသည်။
တရားရုံးသို့ ဥ​ီးအောင်နှင့်အတူ ရွာမှရပ်မိရပ်ဖများလည်း လိုကိပါလာကြပါတယ် ။ မိမိတို့ရွာသားတစ်ဦး လူသတ်မှုဖြစ်ပွားခဲ့တာမို့ စိတ်ဝင်တစားရှိကြပြီး အခင်းဖြစ်ပွားစဥ် ကိုယ်တိုင်မြင်တွေ့ကြားသိခဲ့ရတဲ့ မျက်မြင်သက်သေကို စစ်ဆေးဖို့ဖြစ်တဲအတွက် ကြားသိချင်နေကြပြီဖြစ်ပါတယ်။.............တရားခွင်ပြင်ပ လူသွားလမ်းပင် ပိတ်လုမတတ်များ​ ပြားလှပါတယ်။
သက်သေဦးအောင်အား ဥပဒေဝန်ထမ်း မှ အဓိက မေးခွန်းများ စတင်မေးမြန်းခဲ့ပါတယ်။ ...............ဦးအောင်မှ တရားလိုဆရာတော် ၊တရားလိုပြသက်သေဦးတင်ဝင်းတို့ကဲ့သို့ပင် အခင်းဖြစ် နေ့ရက်က တရားခံဦးငြိမ်းကျောင်းပေါ်သို့ရောက်ရှိလာပြီး ဘုရားခန်းရှေ့တွင် ကိုင်းခုတ်ဓား အားဘေးချပြီး ဘုရားဝတ်ပြုပြီးနောက် အနီးတွင် ဝါးခေါင်းအုံးဖြင့် ကြိမ်း (အိပ်)နေသည့် ကိုယ်တော်တစ်ပါးအားခေါင်းကိုဆွဲလှန် ၍ ဝါးဆစ်ခေါင်းအုံးတွင်တင်ကာ နင် လားကွ ...ဦးလာဘဟု​ ပြောပြီး
ကိုင်းခုတ်ဓားရှည်ဖြင့်ခုတ်လိုက်ပြီး အနီးရှိဖလားတစ်လုံးယူကာ သွေးများခံ၍ လှေကားမှဆင်းလာရာ မိမိအပါအဝင် ကျောင်းရှိလူများက အော်ဟစ် ခြောက်လှန့်ပြီး ကြိုးကွင်းစွပ်၍ ဖမ်းဆီး ရဲလက်အပ်လိုက်ကြောင်း ထွက်ဆိုခဲ့ပါသည်။

တရားခံရှေ့နေပြန်လှန်မေးခွန်းစတင်ပြီ.....

မေး........တရားခံဦးငြိမ်းက ဦးတင်ဝင်း တို့တစ်ရွာတည်းသားဖြစ်သလို အိမ်နီးချင်းလည်းဖြစ်တယ်ဆို မှန်တယ်မဟုတ်လား
ဖြေ........မှန်ပါတယ် ။

မေး........သူက ရွာအပြင်နားမှာ နာနတ်ခြံပိုင်ပြီး နာနတ်ပင်တွေစိုက်ထားတယ်ဆို မှန်တယ်မဟုတ်လား။
ဖြေ......... မှန်ပါတယ်။

မေး.........နေ့စဥ်လိုလို ဦးငြိမ်းဟာ ခြံထဲသွား ခြံရှင်းတောခုတ် သွားလေ့ရှိတယ်ဆို မှန်တယ်မဟုတ်လား။
ဖြေ.......... မှန်ပါတယ်၊။

မေး........ အဲ့ဒီလို သွားရင် ကိုင်းခုတ်ဓား ယူသွားလေ့ရှိတယ် မြင်တွေ့နေကျပဲ ဟုတ်လား။
ဖြေ.........မှန်ပါတယ်၊ ခြံထဲတောခုတ်ခြုံရှင်းသွားရင် ကိုင်းခုတ်ဓားရှည်မပါမဖြစ်ပါရပါတယ်။

မေး........ဦးငြိမ်းဟာ ရွာမှာဘာသာရေး၊လူမှုရေးကိစ္စတွေမှာပါဝင်လုပ်ဆောင်တယ် အပတ်စဥ်ဥပသကာအဖွဲ့တွေမှာ ပါတယ်ဟုတ်လား
ဖြေ......... ဟုတ်ပါတယ် ။

မေး........ ဦးငြိမ်းနာနတ်ခြံမှာ ခြံစောင့်မထားဘူး ၊ ဒီအတိုင်း ခြံအရိုင်းပဲထားတယ်ဆို မှန်တယ်မဟုတ်လား
ဖြေ........ မှန်ပါတယ်။.................. ဟု ထွက်ဆို ခဲ့ပါသည်။

( တရားလိုပြသက်သေ ထံမှ တရားခံ ထုချေချက်အတွက် အကောင်းဆုံး အထောက်အကူ ရရှိပြီး ဖြစ်၍ မေးခွန်းများ အားရပ်နားခဲ့ခြင်း ဖြစ်ပါသည်။)

ဥပဒေဝန်ထမ်း မှ အဓိကမေး ထွက်ဆို ချက်နှင့် ပြန်လှန်မေး ထွက်ဆိုချက် တို့တွင် ကွဲလွဲချက် မရှိသဖြင်​့ ပြန်ရှင်းမေး ခြင်းမရှိခဲ့ပါ။

တရားခွင်သို့ လာရောက်နားထောင်ကြသည့် ရွာသူ/ရွာသား များကတော့...... စုတ် တသတ်သတ် နှင့်.....................

သေဆုံး.....ပျံလွန်တော်မူသော...... ရဟန်း အတွက်လော ...........
လူသတ်မှုဖြင့် ဖြေရှင်းနေရသော...... တရားခံ ဦးငြိမ်း အတွက်လော...........

အပိုင်း ၁၃ တွင်ဆက်လက် ဖတ်ရှု အားပေးပါရန်..............

ရှေ့နေ ဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၁)တရားလိုပြသက်သေ ဦးတင်ဝင်းအား ပြန်လှန်မေးမြန်းခြင်း မေး.......တရားခံ ဦးငြိ...
15/06/2025

ရှေ့နေ ဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း (၁၁)

တရားလိုပြသက်သေ ဦးတင်ဝင်းအား ပြန်လှန်မေးမြန်းခြင်း
မေး.......တရားခံ ဦးငြိမ်းဟာ တဖက်ရွာမှာနေပြီး နာနတ်ခြံစိုက်တယ်ဆို မှန်တယ်ဟုတ်လား
ဖြေ........မှန်ပါတယ်

မေး........ဦးတင်ဝင်းလည်းမွန်လူမျိုးဗုဒ္ဓဘာသာ ကိုးကွယ်သလို တရားခံဦးငြိမ်းလည်း မွန်လူမျိူး ဗုဒ္ဓဘာသာ ကိုးကွယ်သူပဲဆိုလျှင် မှန်တယ် ဟုတ်လား
ဖြေ........ မှန်ပါတယ် ။

မေး........ မွန်လူမျိုး ဗုဒ္ဓဘာသာဝင် တွေဟာ ဘာသာတရားကိုင်းရှိုင်းပြီး ရဟန်းသာမဏေ တွေကို မြင်တွေ့တာနဲ့ အရိပ်ပင်မနင်းပဲ ရှိခိုးဦးတင်ကြတယ်ဆို မှန်တယ် ဟုတ်လား ။
ဖြေ........ဘုန်းကြီးတွေကို အရမ်းကြည်ညို ကြတယ်

မေး......သံဃာတော်တွေကို စိတ်နဲ့တောင်မပြစ်မှား ကြဘူးဆို မှန်တယ်ဟုတ်လား ။
ဖြေ...... မှန်ပါတယ်

မေး...... လူကောင်းတစ်ယောက်ဆိုလျှင်ဘုန်းကြီးကို အခုလိုမျိုး.သတ်. မှာမဟုတ်ဘူးဆိုလျှင် မှန်တယ် ဟုတ်လား
ဖြေ....... မှန်ပါတယ်၊ အရူးတစ်ယောက်၊စိတ်မနှံ့ စိတ်ဖောက်ပြန်တဲ့သူပဲ ဘုန်းကြီးကို.သတ်.. မှာပါ။

မေး ....... ဦးတင်ဝင်းမြင်တွေ့ ကြားသိ ရတဲ့အခြေအနေအရ တရားခံက သာမန်လူကောင်းတစ်ယောက်ဆိုမလုပ်ဝံ့တဲ့ ဓားခုတ် ၊သွေးခံ ၊ အော်ဟစ်တာတွေကို လုပ်ခဲ့တယ်ဆိုလျှင်ကော မှန်တယ်ဟုတ်လား။
ဖြေ.......မှန်ပါတယ် ။

မေး........ တရားခံ ဦးငြိမ်းဟာ သူ့ရွာမှာ ဘယ်လိုနေထိုင်တယ် ဘာတွေလုပ်တယ်ဆိုတာ သူနေတဲ့ရွာကသူတွေက ဦးတင်ဝင်းထက်စာရင် ပိုသိနိုင်တယ် ဆို မှန်တယ် ဟုတ်လား ။
ဖြေ........ မှန်ပါတယ်၊ ကျွန်တော် တို့ချက်ပြုတ်ရေးအဖွဲ့မှာ သူတို့ရွာက ဦးအောင်လည်းရှိနေပါတယ် သူလည်း သိပါတယ် ။

ပြန်လှန်မေး ပြီးပါပြီ

ဥပဒေအရာရှိ မှလည်း အဓိကစစ်မေးချက်တွင် ထွက်ဆိုထားချက်များနှင့် ကွဲလွဲမှုမရှိ၍ ပြန်ရှင်းမေး မပြုလုပ်တော့ပါ

မိမိအနေဖြင့် ပြန်လှန်မေးခွန်းနည်းသော်လည်း အမှူအတွက် မိမိလိုချင်သော ၊ ပြုလုပ်စဥ်က သာမန်လူတစ်ဦးကဲ့သို့ အမှား အမှန် မခွဲခြားနိုင် ချိန် လူ......သတ်မိခြင်းအား အကြောင်းချင်းရာ မျက်မြင်သက်သေအပေါ် မေးမြန်းခဲ့ခြင်းသာဖြစ်ပြီး တရားလိုပြသက်သေ တစ်ဦးဖြစ်သော ဦးငြိမ်း နေထိုင်ရာ ရွာမှ ဦးအောင်အား စစ်ဆေးချိန်တွင် တရားခံ၏အခြေအနေအားအသေးစိတ်မေးမြန်းပြီး မိမိတရားခံအတွက် အကောင်းဆုံး သက်သေခံ ချက်ရရှိနိုင်မည်ဟု ယုံကြည်၍ တရားလိုပြသက်သေ ဦးတင်ဝင်း ထက်စာလျှင်
တရားခံနေထိုင်သည့်ရွာမှ သက်သေဦးအောင်က ပိုမိုသိရှိနိုင်မည်ဖြစ်ကြောင်း ကြိုတင်၍ နှစ်ထပ်ကွမ်း သက်သေခံချက်ကောင်း ရရှိရန် မေးမြန်းထားခြင်း ဖြစ်ပါသည်။

အပိုင်း (၁၂)တွင် ဆက်လက်ဖတ်ရှုပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း ( ၁၀ )                      တစ်နေ့တာပင်ပန်းသဖြင့် နေအိမ်ပြန်ရောက်ခေတ္တနားကာ ရေခ...
12/06/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ်) အမှတ်တရ အပိုင်း ( ၁၀ )

တစ်နေ့တာပင်ပန်းသဖြင့် နေအိမ်ပြန်ရောက်ခေတ္တနားကာ ရေချိုး ထမင်းစားသောက်ပြီးထိုညက စောစောအိပ်ရာဝင်ဖြစ်ပေသည်။ သို့သော်......အိပ်မပျော်.... မျက်စိထဲနေ့လည်က စစ်ဆေးခဲ့ သည့် လူသတ်မှုမှသွေးစွန်းနေသည့် ကိုင်းခုတ်ဓား ရှည်ကြီးကို မြက်ယောင်နေပေသည်။
ညနက်လာသဖြင့်မှေးကနဲအိပ်ပျော်သွားပါသည်။ အိပ်မောကျနေချိန် အိမ်မက်လိုလို လှုပ်ရှားသံနှင့်လူသံများကြားရပြီး အိပ်၍မရတော့ပေ။ ဘုရားစင်ရှေ့ ဘုရားရှင်အားဝတ်ပြုပြီး သရဏဂုံ (၃) ပါး ၅ပါးသီလဆောက်တည်ကာ မေတ္တာသုတ်နှင့် ပဌာန်းတရားတော်များရွတ်ဖတ်၍ မေတ္တာပို့အမျှပေးဝေပြီးမှ အေးချမ်းစွာဖြင့် အိပ်စက် နိုင်ခဲ့ပါသည်။
နောင်ရုံးချိန်းနေ့သို့ရောက်ပေပြီ ၊ ဆရာတော်ကျောင်းရှိရာကျေးရွာသား ဦးတင်ဝင်းနှင့်တရားခံနေထိုင်သည့် ရွာမှ ဆွမ်းလာချက်သူ ဦးအောင်တို့အား စစ်ဆေးရန် ဖြစ်ပါသည်။
လိုပြသက်သေ ဦးတင်ဝင်းအား စတင်စစ်ဆေးပါသည်။ ဥပဒေဝန်ထမ်း မှ ဦးစွာ အဓိက စစ်မေးရာ သက်သေမှ အခင်းဖြစ်နေ့ နံနက်ပိုင်းကတည်းက ကျောင်းသို့ရောက်နေကြောင်း ကထိန်အလှူအတွက်အလုပ်အကိုင်နေ့ဖြစ်၍ စျေးဝယ်အဖွဲ့ ၊ သားငါးချက်ပြုတ်ရေးအဖွဲ့ ၊ ငြုပ်၊ ကြက်သွန် အသီးအရွက်ပြင်ဆင်သော မိန်းကလေးအဖွဲ့တို့ရှိကြောင်း ကျောင်းဘုရားခန်းတွင် ကထိန်ခင်းအတွက် ပင့်ကျောင်းများအနက် ခရီးဝေးသည့် ကျောင်းတိုက်များမှခရီးဝေးသည့် သံဃာတော်များ လည်းရောက်ရှိနေကြပြီဖြစ်ကြောင်း၊ ဘရားခန်းရှေ့တွင် တန်းစီပြီး ဝါးခေါင်းအုံးဖြင့် ကြိမ်း(အိပ်)နေကြကြောင်း၊ မိမိတို့သားငါးများချက်ပြုတ်ရေးအဖွဲ့မှ သားငါးများခုတ်ထစ်နေကြကြောင်း၊၎င်း တို့သားငါးခုတ်သည့်နေရာနှင့် ဘုရားခန်း သိပ်မဝေးကြောင်း ၊ လှမ်းပြီးမြင်နေရကြောင်း၊ မနက် ၉: ၀၀ နာရီလောက်မှာ ရုံးရှေ့တရားခံ ဟာ ကိုင်းခုတ်ဓားတစ်လက်ကိုင်ပြီး ဘုရားခန်းသို့သွားကာ ဘုရားဝတ်ပြုနေသည်ကို တွေ့ရကြောင်း၊ ချက်ချင်းဆိုသလိုအနားတွင် ကြိမ်း(အိပ်)နေသော သံဃာတစ်ပါးအား ဝါးဆစ်ခေါင်းအုံးတွင်တင်၍ ဘုရားရှိခိုးစဥ်ချထားသော ဓားရှည်ဖြင့် ခုတ်လိုက်ကြောင်း၊ ၎င်း၏နှုတ်မှလည်း..... နင်လားကွ... ဦးလာဘ.....ဟု အော်ပြောပြီးခုတ်လိုက်ရာ သွေးအလိမ်းလိမ်း ဖြစ်သွားကြောင်း၊ ဘုရားဝတ်ပြုချိန်နှင့် ဓားဖြင့်ခုတ်သောအချိန်သည် တခဏချင်းဖြစ်၍ အားလုံးကြောင်သွားကြကြောင်း၊ ချက်ချင်းပင်ရေကန်အနားမှဖလားကိုသွားယူပြီး လည်ပင်းမှသွေးများကို ခံယူကြောင်း ၊ မိမိတို့အားလုံးမှင်သက်သွားမိကြောင်း ၊တရားခံလက်ထဲတွင် သွေးစွန်းနေသောဓားနှင့် တစ်ဖက်တွင်သွေးများခံယူထားသည့် ဖလားကိုကိုင်ပြီး လှေခါးအတိုင်းဆင်းလာကြောင်း မိမိတို့လည်း တရားခံ အနားမကပ်ရဲ၍ အားလုံးတိုင်ပင်ကာ ကြိုးကွင်းစွပ်၍ ဖမ်းဆီးပြီး ဆရာတော် နှင့်အတူ ရဲစခန်းအပ် ပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။

အပိုင်း၁၁တွင်ဆက်လက် ဖတ်ရှု အားပေးပါရန်

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ် )အမှတ်တရ အပိုင်း (၉)            အမှုနှင့်ပက်သက်၍  တရားလို၏ ထွက်ဆိုချက်အား တရားရုံးမှ ချိန်ဆနိုင်...
08/06/2025

ရှေ့နေဘဝ(ထူးခြားဖြစ်ရပ် )အမှတ်တရ အပိုင်း (၉)

အမှုနှင့်ပက်သက်၍ တရားလို၏ ထွက်ဆိုချက်အား တရားရုံးမှ ချိန်ဆနိုင်ရန်နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုတွင် ရှာဖွေပုံစံ ဖြင့်သိမ်းဆည်းထားသော သက်သေခံဓားအား ဘ်လစ်မှတစ်ဆင့် တရားခွင်သို့ တင်ပြပေးစေရန် လျှောက်ထားရာ ရုံးတော်မှ ခွင့်ပြုပြ​ီး သက်သေခံဓားအား တရားခွင် သို့ တင်ပြစေခဲ့ပါသည်။

မိမိလည်း ပြန်လှန်မေးခွန်းဆက်လက်မေးမြန်းနိုင်ရန် သက်သေခံဓားအား ကိုင်တွယ်ချိန်ဆပြီး တရားလိုဆရာတော်အား ဆက်လက်စစ်ဆေးခဲ့ပါသည်။ ဓားမှာအသွား ၂ပေ အရိုး၆လက်မ အရိုးအသွား ၂ပေ ၆ လက်မရှိသော ကိုင်းခုတ်ဓားဖြစ်ပါသည်။ သွေးစွန်း (သွေးခြောက်ရာ) များ ရှိနေပါသည်။ ဓားကိုကိုင်၍...........

မေး...........ဒီသက်သေခံဓားနဲ့ ခုတ်ခဲ့တယ် ဆို မှန်တယ်မဟုတ်လား ဘုရား။
ဖြေ........... မှန်ပါတယ် ။

မေး.........ဒီဓားတွေဟာ ခြံ သမားတွေ ခြံရှင်းတဲ့အခါ အသုံးပြုကြတဲ့ ဓားဆိုရင် လည်း မှန်တယ်မဟုတ်လားဘုရား ။
ဖြေ..........မှန်ပါတယ်။

မေး........ စွပ်စွဲခံရသူဦးငြိမ်းမှာ ရွာမှာ ၂ ဧကလောက်ရှိတဲ့ နာနတ်သီးခြံကြီး ရှိတာသိပါသလားဘုရား။
ဖြေ..........မသိပါဘူး။

မေး..........အခင်းဖြစ်တဲ့နေ့မနက်ဦးငြိမ်းက သူ့နာနတ်ခြံကိုသွားပြီး ဒီဓားနဲ့ မြက်တွေခြုံတွေကို သွားရှင်းခဲ့တယ်ဆိုတာ သိပါသလားဘုရာ့။
ဖြေ..........မသိပါဘူး။

တပည့်တော်ပြန်လှန်မေးခွန်း မေးမြန်းပြီးပါပြီ ဘုရား။ ဟု ပြောပြီး လက်အုပ်ချီမိုး ကန်တော့ ခဲ့ပါသည်။
ဆက်လက်၍....... တရားလိုပြသက်သေ.....အဆိုပါကျောင်းမှ တိုက်အုပ်ဆရာတော်အား စစ်ဆေးခဲ့ ပါသည်။
တရားလိုပြသက်သေ တိုက်အုပ်ဆရာတော်မှ အဓိကစစ်မေးရာတွင်... တရားလိုထွက်ဆိုသကဲ့သို့ ၎င်းမြင်တွေ့ /ကြားသိ သမျှကို ထွက်ဆိုခဲ့ပါသည်။

သက်သေ တိုက်အုပ်ဆရာတော်အား ပြန်လှန် စစ်မေးရန် မိမိအလှည့်ရောက်ပေပြီ............
သံဃာတော်တစ်ပါး ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကဲ့သို့ပင် အဓိကစစ်ဆေးစဥ် ထွက်ဆိုခဲ့သဖြင့် မိမိကလည်းတရားလိုအား ပြန်လှန် စစ်မေးသကဲ့သို့ ေမးခွန်းများမေးမြန်းရာ ၎င်းမှလည်း တရားလိုကဲ့သို့ပင် ဖြေကြားထွက်ဆို ခဲ့ပါသည်။
ရုံးတော်မှ နောက်ရုံးချိန်းရက်တွင် တရားလိုပြသက်သေ ၂ ဦး ဘုန်းကြီးကျောင်းတွင် ဆွမ်း/ဆွမ်းဟင်းများချက်နေသူ
အချင်းဖြစ်ရွာမှ တစ်ဦး နှင့် ဦးငြိမ်းနေထိုင်ရာရွာမှ တစ်ဦးတို့အား စစ်ဆေးရန် ချိန်းဆိုခဲ့ပါသည်။

ရုံးချိန်းပြီးလေပြီ........
မိမိလည်း နေထိုင်ရာ မော်လမြိုင်မြို့သို့ ဆိုင်ကယ် ဖြင့်ပြန်ခဲ့လေပြီ

အပြန်လမ်းတွင် ရီတဝေဝေ ခေါင်းကညီးစီစီ ဖြင့် ပြန်လာခဲ့ပေပြီ.... ကျိုက်မရော....... မော်လမြိုင် ကားလမ်း တလျှောက် ထန်းပင်တန်းနှင့် စပါးစိုက်ခင်း၊ လယ်ကွင်းများဆီမှ လေတဖြူးဖြူး ကလည်း ခေါင်းတစ​ီစီ ဖြစ်နေသည်ကို မပြေပျောက်နိုင်ခဲ့ပေ။................ အတွေးနှင့်အတူ မမြင်ရသော နာမ်တစ်ခုက လိုက်ပါလာသည့်နှယ် ခံစားရပေပြီ ။..........

အပိုင်း ၁၀ တွင်ဆက်လက် ဖတ်ရှု အားပေးပါရန်...........

Address

အမှတ်(အမှတ်၉၇/A)အထက်လမ်းမကြီး၊ပန်းဘဲတန်းရပ်၊မော်လမြိုင်မြို့။(ကောင်းသစ်ကြေးအိုးဆိုင်ဘေး)
Mawlamyine

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959255814900

Website

Alerts

Be the first to know and let us send you an email when Hand in Hand Legal Service တွဲလက်ဥပဒေဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category