Nyein Law Firm

Nyein Law Firm Legal Profession is a Noble Profession

Let Ten Thousand Worlds Hear-76In 8.4.2016 ,Madaya Township Court pronounced Verdicts on 22 Criminal Regular Trials rega...
22/07/2016

Let Ten Thousand Worlds Hear-76
In 8.4.2016 ,Madaya Township Court pronounced Verdicts on 22 Criminal Regular Trials regarded with 108 farmers.They have been
charged with penal code section 447
trespass and 427 mischief.
In good for nothing military junta's
term especially in bald headed Thein Sein
administration ,these notorious penal sections are tools of repression.
These are the darkest days for
farmers in Myanmar history regardless of peasant revolution in British Colonial rule.
But the colonial ruler adopted the meritorious 1894 Land Confiscation Act which has been still enforced.The devil empire never abode law which was inconsistent with their bloodshed interest.
Our beloved State Councilor ,Daw Aung San Suu Kyi hi lighted the principle of Judicial thinking in her New year speech in 18.4.2016.She exposed that in terms of punishment even found guilty,judiciary should adopt sympathetic and compassionate way of thinking .
Madaya Township Court experienced judge Daw Win Win Htein has abode the idea.The farmers who were real owners of the land and being dismissed ,have been found guilty for trespass and mischief but only to pay for compensation .
The disputed lands were robbed and confiscated by the military junta without a penny of compensation illegally and unfairly.
Obviously the genuine convicts are the military junta.Wow!what a shame to be a merciless ruler.
So newly elected people 's government has the duty to solve the land issue fairly.
Down with military monopolized Landlordism.!

22/07/2016

သောင်းတိုက်ကကြားစေသား-၇၇
'အာဇာနညိဆိုတာ..ပြည်သူကရွေးချယ်တာဖြစ်တယ်'
**
ငါ့အကိုကြီးဟာ
တိုင်းပြည်အတွက်
စစ်မျက်နှာတနေရာမှာ
ကျဆုံးသွားရှာပြီလို့..
သတင်းစာထဲမှာပါလာတော့..
**
အမေ့ခမျာ
ချုံးပွဲချငိုရှာတယ်..
အဖေက..
ခပ်မဆိတ်..
အံကြိတ်ပြီးအဝေးကိုငေးနေရဲ့
**
သူငယ်ငယ်တုန်းက
ကျနော်ကြီးလာရင်
စစ်ဗိုလ်ကြီးလုပ်ချင်တယ်လို့
ရင်ကော့ပြီးပြောခဲ့တဲ့စကား..
ငါ့နားထဲပေါက်ကွဲနေ..
**
သူ့ဆန်စားရဲမှ..
ဘဝအဘိဓမ္မာအတွက်
ဘဝရှင်မင်းတြားဘက်က
ဒါးနှစ်လက်နဲ့ကာကွယ်သူ
လူငယ်လေး'ငထင်ငယ်'ဟာ
သစ္စာရှိသူရဲကောင်း..တဲ့
ကျောင်းနေစဉ်သင်ခဲ့ရ...
**
တံခါးကိုလက်နဲ့လျို
ကြည်ညိုသူဧကရီ
မေရီအင်တွိုင်းနက်အတွက်
အသက်စွန့်ခဲ့သူဟာ
အာဇါနည်တဦး..တဲ့
ဦးနုရေးတာဖတ်ဖူးခဲ့

**
ဟေး..ဟစ်တလာ!
မဟာအာရိယန်ဝါဒ
အဖနိုင်ငံအဓွန့်ရှည်ပါစေ...!
ရေခဲနှင်းထု
အံတုထိုးဖေါက်
စတာလင်ဂရက်ရောက်'နာဇီ'များဟာ
အာဇါနည်တဲ့လား...
ပြည်သူများ..ကြားနေရ..ကြားမိရ

**
ညှိုးနွမ်းတဲ့..
လျှို့ဝှက်တဲ့
သင်္ချိုင်းရဲ့တနေရာမှာ..
"သခင်ဗဟိန်း"ဟာ
လဲလျောင်းနေပါတယ်..
ဒါနဲ့ဘဲ..
'မြင်းခွါတချက်ပေါက်ရင်..
မီးဟုံးဟုံးတောက်စေမတဲ့'
သူ့ရဲ့
နီရဲတဲ့စကား
နီရဲတဲ့နှလုံးသား
ညှိုးနွမ်းရော..တိမ်မြုပ်ရောတဲ့လား

**
ဘယ်သူကဖုံးဖုံး
ဘယ်သူကဖိဖိ
သံမဏိပြည်သူများ
သူ့အားဂုဏ်ပြု..
မျက်ရည်ဥကိုသုတ်
မြေမြှုပ်သင်္ဂြိုလ်..
သူ့လိုရဲရင့်စွာ
တိုက်ပွဲကိုဆက်တိုက်ပြီး
သူ့ကို
ကောင်းချီးပေးလိုက်ကြတယ်..
တကယ်တော့..အာဇာနည်ဆိုတာ
ပြည်သူကရွေးချယ်တာသာဖြစ်တယ်
ပြည်သူကရွေးချယ်တာသာဖြစ်တယ်
တာကောဒီ

***
ဒီကဗျာလေးကို ၁၉၇၆နှစ်တက္ကသိုလ်ကျောင်းသားဘဝ မှိုင်းရာပြည့်အရေးတော်ပုံကြီးဖြစ်အံ့ဆဲဆဲ
ရေးခဲ့ပြီးကျနော်တို့ရဲ့"မုန်တိုင်းဂျာနယ်"တတိယတွဲ
မှာထည့်သွင်းဘို့ပါဘဲ။မထုတ်ရသေးခင်အဖမ်းခံခဲ့ရလို့ဒီကဗျာကို၁၉၉၀ ဝါးရမ်းပြေးဘဝထုတ်ခဲ့တဲ့
"ဒီလှိုင်း The Deluge"မြေအောက်ဂျာနယ်မှာဖေါ်ပြ
ခဲ့ပါတယ်။ခု ၆၉နှစ်မြောက်အာဇါနည်နေ့မှာပြည်သူများရဲ့ဂုဏ်ပြောင်လှတဲ့ရပ်တည်ချက်ကိုလေးစား
ရလွန်းလို့ ၆၄နှစ်'"ဖိုးကြီးအို"ရဲ့ငယ်လက်ရာကိုတင်
လိုက်ပါတယ်..။
"ပြည်သူကြားက..ရွှင်လန်းအားတက်စေ..
ရန်သူကြားက..ချောက်ခြားသွေးပျက်စေ.."

သီရိလင်္ကါ ရှေ့နေကွန်ဖရင့်မှာ
22/04/2016

သီရိလင်္ကါ ရှေ့နေကွန်ဖရင့်မှာ

သောင်းတိုက်ကကြားစေသား-၆၇ဒီနှစ်၁၀.၄.၂၀၁၆ မှာ  မြစ်သားမြို့နယ်ရေဝန်းရွာမှာသမီးကြီးအလှူရှိလို့မြေးများနဲ့ညောင်ကုန်းကျောင်းမ...
18/04/2016

သောင်းတိုက်ကကြားစေသား-၆၇
ဒီနှစ်၁၀.၄.၂၀၁၆ မှာ မြစ်သားမြို့နယ်ရေဝန်းရွာမှာ
သမီးကြီးအလှူရှိလို့မြေးများနဲ့ညောင်ကုန်းကျောင်းမှာ
သင်္ကန်းဆည်းဒုလ္လဘရဟန်းဝတ်ပါတယ်။
ကျောင်းကအရိပ်မရှိတဲ့အပြင်အပေါ်ထပ်သွပ်မိုး
ကျောင်းမှာနေရလို့၄၄°cအောက်မှာအလွန်ပူပါတယ်
ညကျတော့မန်းကျီးပင်ရင်းသစ်သားကွပ်ပြစ်မှာသွားအိပ်
မှအိပ်ပျော်နိုင်ပါတယ်။မနက်လင်းတော့တောင့်တင်းနေ
တယ်။တရားထိုင်တာ အတော်ကြိုးစားရပါတယ်။ဒါကြောင့်မြတ်ဗုဒ္ဓကပဌာန်းဒေသနာတော်''ဥပနိဿ
ယ''ပစ္စည်းမှာ"ဥတုဘောဇနမ္ပိ"ရာသီဥတုနဲ့ဆွမ်းဘော
ဇဉ်ဟာ အားကြီးသောမှီရာလို့ဟောတာပါ။
နေ့လည်ဆွမ်းစားပြီးရင်ရေတွင်းနားကဗန်ဒါပင်ရိပ်
မှာရေစိမ့်နေအောင်ပက်ပြီးသစ်သားကွပ်ပြစ် မှာပဌာန်း
ပဉ္စမတွဲပူဇော်ပါတယ်။၂၀၁၄နိုဝင်္ဘာလ ဟောင်ကောင်
AHRCကပေးလိုက်တဲ့"Locust Effect"စာအုပ်ကို
အခုမှပြီးအောင်ဖတ်ရပါတယ်။သိတ်ပြီးတုန်လှုပ်ချောက်
ခြားစရာကောင်းလှပါတယ်။
နှစ်ဆန်းတရက်နေ့မှာပဌာန်းပဉ္စမတွဲပူဇော်ပြီးလို့
ကျမ်းမြတ်ပဌာန်း၅ကျမ်းလုံး၃ကြိမ်တိုင်တိုင်ပူဇော်နိုင်ခဲ့ပါ
ပြီခင်ဗျား။ပဌာန်း၅ကျမ်းပူဇော်ဘို့အိမ်တိုင်ရာရောက်
နည်းပြပေးခဲ့သူ ထောက်လှမ်းရေးကြီးစိုးတဲ့ခေတ်မှာ
ထောင်ထဲကကျနော့်ဆီကိုလယ်တီဒီပနီတွေပို့ပေးခဲ့သူ
ရှေ့နေကြီးဆရာဦးသိန်းတိုးနဲ့ဇနီး မိတ်ဆွေများရဲဘော်
များပြည်သူအများ(ပြည်သူကိုညှဉ်းပမ်းသတ်ဖြတ်ခဲ့သူများမပါ)ကိုပြုသမျှကုသိုလ်အစုစုကိုအမျှပေးဝေပါတယ်
သာဓုခေါ်ကြပါခများ။

နှစ်ဆန်းနှစ်ရက်နေ့ ရုံးခန်း သန့်ရှင်းရေးလုပ်အပြီး
18/04/2016

နှစ်ဆန်းနှစ်ရက်နေ့ ရုံးခန်း သန့်ရှင်းရေးလုပ်အပြီး

18/03/2016
ပုသိမ်ကြီးတရားရုံးမှာ
16/03/2016

ပုသိမ်ကြီးတရားရုံးမှာ

Address

60th Street, Between 38 & 39
Mandale

Telephone

+959976818134

Website

Alerts

Be the first to know and let us send you an email when Nyein Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share