20/09/2026
အများသိစေရန်ကြေညာခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဈေးရုံဘိုတဲရပ်ကွက်တွင်နေထိုင်သူ ဒေါ်ချစ်လွန်းခင် (ဘ) ဦးထွန်းဝင်း၊ နိုင်ငံသားစိစစ်ရေးအမှတ် (၅/ကလတ(နိုင်) ၁၃၃၄၈၃)၏ လွှဲအပ် ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် ကြေညာအပ်ပါသည်။
ဒေါ်ချစ်လွန်းခင်သည် ကောင်းမွန်သောဂုဏ်သတင်းဖြင့် နေလရောင်ဆန်စက်လုပ်ငန်းနှင့် သုခဒီပါ ကားအပိုပစ္စည်းဆိုင်လုပ်ငန်းကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါသည်။ သို့ရာတွင် မကြာသေးမီ ကာလအတွင်း TikTok လူမှုကွန်ရက်ပေါ်တွင် ဒေါ်ချစ်လွန်းခင်၏ ခွင့်ပြုချက်မရှိဘဲ ၎င်း၏ ဓာတ်ပုံများကို အသုံးပြု၍ ဒေါ်ချစ်လွန်းခင်၏ ဂုဏ်သိက္ခာနှင့် အမည်ကောင်းကို ထိခိုက် စေနိုင်သည့် မမှန်ကန်သော သတင်းအချက်အလက်များနှင့် ယှဉ်တွဲကာ ဖန်တီးရေးသားဖော်ပြခြင်း၊ စွပ်စွဲပြောဆို ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယင်းကဲ့သို့ မမှန်ကန်သော သတင်းအချက် အလက်များကို ရေးသားဖော်ပြခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် အဆိုပါလုပ်ရပ်များကို အားပေးကူညီခြင်း တို့သည် တည်ဆဲ ဥပဒေများနှင့် မညီညွတ်နိုင်သည့်အပြင် ဒေါ်ချစ်လွန်းခင်၏ ဂုဏ်သိက္ခာနှင့် အမည်ကောင်းအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် မည်သူမဆို ဒေါ်ချစ်လွန်းခင်၊ နေလရောင်ဆန်စက်လုပ်ငန်းနှင့် သုခဒီပါကားအပို ပစ္စည်းဆိုင် လုပ်ငန်းတို့၏ ဂုဏ်သိက္ခာနှင့် အမည်ကောင်းကို ထိခိုက်စေရန် ရည်ရွယ်၍ မမှန်ကန်သော သတင်းအချက် အလက်များကို ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ လူမှုကွန်ရက် စာမျက်နှာများတွင်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ် ဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း၊ ထုတ်လွှင့်ခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်း၊ ထပ်ဆင့်ပြန်လည်မျှဝေခြင်း သို့မဟုတ် ယင်းလုပ်ရပ်များကို အားပေးကူညီခြင်းတို့ကို ဆက်လက်မပြုလုပ်ကြပါရန် အထူးအသိပေး ကြေညာအပ်ပါသည်။
ထို့ပြင် ယခင်က ပြုလုပ်၊ ရေးသား၊ ဖော်ပြ၊ ပေးပို့၊ ဖြန့်ဝေထားသည့် မမှန်ကန်သော သတင်းအချက်အလက်များနှင့် ယင်းတို့နှင့် ဆက်စပ်သည့် အခြားသတင်းအချက်အလက်များ ရှိပါကလည်း ဆက်လက်ထားရှိခြင်း မပြုဘဲ ချက်ချင်းဖယ်ရှား၊ ဖျက်သိမ်းပေးပါရန် နောက်ဆုံးအကြိမ် အသိပေးကြေညာ အပ်ပါသည်။
အကယ်၍ ဤအသိပေးကြေညာချက်အား လိုက်နာခြင်းမရှိဘဲ အထက်ဖော်ပြပါ ပြုမူဆောင်ရွက်မှုများအား ဆက်လက်ပြုလုပ်ခြင်း သို့မဟုတ် အလားတူကျူးလွန်ဆောင်ရွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျူးလွန်သူများအား သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ဖော်ထုတ်၍ ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းအပါအဝင် သင့်လျော်သည့် ဥပဒေရေးရာ လုပ်ဆောင်ချက်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။
- လွှဲအပ်ညွှန်ကြားချက်အရ
ဦးစိုးညီညီဝင်း (စဉ် - ၁၃၆၀၀)
တရားလွှတ်တော်ရှေ့နေ
MBA, LL.B, DBL, DPS, D.Phil
ဖုန်း ၀၉-၄၀၂၆၀၁၅၅၈၊
ဒေါ်သီတာအောင် (စဉ် - ၁၄၇၁၄)
တရားလွှတ်တော်ရှေ့နေ
LL.M, MBA, LL.B, DBL, DIL, DPS, DOS, D.Phil,
ဖုန်း ၀၉-၄၃၁၈၄၁၉၀
မြန်မာ့အလင်းသတင်းစာ
(၂၀၂၆ခုနှစ်၊ စက်တင်ဘာလ၊ ၂၀ရက်နေ့)
စာမျက်နှာ - ၂၀
သတင်းစာ Download ယူရန်
👇https://www.moi.gov.mm/mal/sites/default/files/newspaper-pdf/2026-09/mal%2020.9.26.pdf