Atar

Atar ဥပဒေသုတ ရစေလိုသော ဆန္ဒဖြင့်👏

11/06/2024

ယခင် မြို့နယ်တရားရုံး ငွေကျပ်သိန်း ၁၀၀ထိ့ တရားမမှုလမှုများကိုသာ စွဲနိုင်၊ယခု(၂၀၂၄ခုနှစ် ဧပြီလ ၁)ရက်နေ့မှစ၍ ငွေကျပ်သိန်း ...
17/02/2024

ယခင် မြို့နယ်တရားရုံး ငွေကျပ်သိန်း ၁၀၀ထိ့ တရားမမှုလမှုများကိုသာ စွဲနိုင်၊
ယခု(၂၀၂၄ခုနှစ် ဧပြီလ ၁)ရက်နေ့မှစ၍ ငွေကျပ်သိန်း ၅၀၀ ထိ့ တရားမမှုလမှုများကို စွဲဆိုနိုင်မည်။

 #ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ပြီးနောက်တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား၎င်းတို့ လက်ရှိတာဝန်ယူထားရသောတိုင...
12/02/2024

#ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ပြီးနောက်
တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား
၎င်းတို့ လက်ရှိတာဝန်ယူထားရသော
တိုင်းဒေသကြီး / ပြည်နယ်
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ အဖြစ်မှ
အနားပေးပြီး အရပ်သားများဖြင့် အစားထိုးခန့်အပ်

 #ပုံစံ၇ #မြေစလစ် #မြေစာရင်းပုံစံ၁၀၆ #မြေစာရင်းပုံစံ၁၀၅
03/02/2024

#ပုံစံ၇
#မြေစလစ်
#မြေစာရင်းပုံစံ၁၀၆
#မြေစာရင်းပုံစံ၁၀၅

 #သုံးဘီးTaxi
05/03/2023

#သုံးဘီးTaxi

    Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးထားပြီး​ငွေသိန်း၅၀၀၀ခန့်ရှိဘဏ်အ​ကောင့်များပါယာယီပိတ်ထားOnl...
28/02/2023


Online မှတရားမဝင်လုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား ဖမ်းဆီးထားပြီး​ငွေသိန်း၅၀၀၀ခန့်ရှိဘဏ်အ​ကောင့်များပါယာယီပိတ်ထား

Online အသုံးပြု၍ တရားမဝင်လောင်းကစားလုပ်ငန်းများလုပ်ကိုင်သူ ၇၁ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဇန်နဝါရီ ၂၉ ရက်ညပိုင်းမှစတင်ကာ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် Online အသုံးပြု၍ လောင်းကစားလုပ်ငန်း၊ကံစမ်းမဲဖောက်လောင်း ကစားလုပ်ငန်းနှင့်တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်ည ၇ နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်းရှိ အမှတ်(O-178)နေအိမ်မှ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသည့် မို့မို့စံ(ခ)Yuki အပါအဝင် ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ FMI CITYI ၊ ချင်းတွင်းလမ်းရှိ အိမ်အ မှတ်(FG-98)တွင် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်၊ထင်အောင်ကျော်(ခ)အယ်လစ် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-95)မှ TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူ၊စိုင်းသီဟဇော် တို့အပါအဝင် ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်နံနက် ၂ နာရီခွဲတွင်လည်း TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးစီမံခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖု၊ ဖေဖော်ဝါရီ ၄ ရက်နေ့လည် ၃ နာရီခွဲတွင် ကျော်ဆန်းလင်း(ခ)အားချန် အပါအဝင် ၂၂ ဦး၊ ဖေဖော်ဝါရီ ၅ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ကျော်မျိုးအောင် တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး(စုစုပေါင်း ၇၁ ဦး)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ၎င်းတို့အသုံးပြုသည့် လက်တော့ ၁၆၄ လုံး၊လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 65-8888 Mercedes Benz အနက်ရောင် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ၁ စီးတို့အားသိမ်းဆည်းရမိခဲ့သည်။

ပြစ်မှုကျုးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့ကိုလည်း ယာယီတားဆီးထိန်း သိမ်းထားကာ အကောင့်များအတွင်းရှိ ငွေများအား စိစစ်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူများအား ဥပဒေအရအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 #ရာဇဝတ်အမူများတွင်(ပြစ်မူ) တရားခံအပေါ် အရေးယူအပြစ်ပေးရာ၌ ကွင်းဆက်မပြတ်ခိုင်လုံသည့် အထောက်အထားလိုအပ်ကြောင်း၊ ကွင်းဆက်ပြတ...
26/02/2023

#ရာဇဝတ်အမူများတွင်(ပြစ်မူ) တရားခံအပေါ် အရေးယူအပြစ်ပေးရာ၌ ကွင်းဆက်မပြတ်ခိုင်လုံသည့် အထောက်အထားလိုအပ်ကြောင်း၊ ကွင်းဆက်ပြတ်သည်ကို ထင်မြင်ချက်ဖြင့် ဆက်၍မရကြောင်း၊ ထင်ကြေးဖြင့် အပြစ်ပေး၍ မရကြောင်း၊ (မောင်ငြိမ်းမောင် ပါ၃ နှင့် ပြည်ထောင်စု ၁၉၇၀ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး၊ စာ-၁၁)၊ (မောင်သောင်းကြည် နှင့် ပြည်တောင်စု ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး စာ-၁၄) တွင် စီရင်းထုံးပြုထားသည်။

ဖြစ်စဉ်က-
၂၀၀၂ ခုနှစ်အတွင်းက မုံရွာမြို့၊ ညောင်ပင်ရွာနေ ဦးတင်ဆန်းနှင့်ဇနီးဖြစ်သူ မဌေးနွယ် လင်မယားနှစ်ဦးမှာ နို့စို့အရွယ်ကလေး တစ်ဦး၊ အသက်(၄) နှစ် အရွယ် သမီးမိန်းကလေးတစ်ဦးတို့ အတူနေထိုင်ကြတယ်။

ဦးတင်ဆန်းက ၂၈.၈.၂၀၀၂နေ့ ညက တောင်ပေါ်ရွာဘုရားပွဲသို့ ဇာက်ပွဲသွားရောက် ကြည့်စဉ် ဇနီးဖြစ်သူ မဌေးနွယ်မှာ ကလေးနှစ်ဦးကို အိမ်တွင် သိပ်ထားပြီး၊ ည ၁၁နာရီ အချိန်၌ ပွဲခင်းသို့ သွားရောက်ကာ ဦးတင်ဆန်းကို အိမ်သို့ပြန်ရန် ခေါ်ဆောင်ခဲ့တယ်။ ည ၁၁နာရီ ခွဲ အိမ်သို့ ပြန်ရောက်ချိန် နေအိမ် တံခါး ပတ္တားပျက်စီးနေပြီး အသက် ၄နှစ်အရွယ် သမီးဖြစ်သူ မဝင်းလဲ့မူ ပျောက်ဆုံးနေကြောင်းတွေ့ရ၍ ပွဲခင်းရှိ လူကြီးများထံ သွားရောက် သတင်း ပိုခဲ့ကြောင်း၊ ပွဲခင်းတွင် ကလေးပျောက်ကြောင်း ကြေငြာပြီး ရပ်ရွာလူကြီးများနှင့် ရဲ(၂)ဦးတို့မှ လိုက်လံရှာဖွေသော်လည်းမတွေ့ရပဲ-နောက်နေ့မနက် ၅နာနီ၊ အချိန် မှ မဝင်းလဲ့မူကို ရွာအရှေ့ဘက်ဘောလုံးကွင်းမြောက်ဘက်တွင် တွေ့ရကြောင်း၊
ကလေးဖြစ်သူအား ပြန်တွေ့ချိန်တွင် တစ်ကိုယ်လုံးအေးစက်ပြီး မျက်နှာဖူးယောင်ဒဏ်ရာဖြင့် တွေ့ရှိခြင်းဖြစ်သည့်အပြင် ဆရာဝန်၏ ဆေးစစ်ချက်အရ မဝင်းလဲ့မူ၏မိန်းမကိုယ်တွင် အပျိုးအမှေးပါးစုတ်ပြဲနေပြီး၊ စုတ်ပြဲဒဏ်ရာသည် မိန်းမကိုယ်နောက်ဆက်နံရံကိုကျော်လွန်ပြီး စအိုအထိစုတ်ပြဲနေကာ ၁လက်မခွဲခန့်နက်ပြီး မိန်းမကိုယ်အတွင်းသို့ မိန်းမိကိုယ်ထက်အရွယ်ကြီးသည့်အရာဖြင့် ထိုးသွင်းပါက ထိုဒဏ်ရာမျိုးရနိုင်ကြောင်း မှတ်ချက်ပေးပြီး၊ မဝင်းလဲ့မူ၏ မိန်းမကိုယ်တွင် သုတ်ရည်သုတ်ပိုး ရှိ/မရှိ စစ်ဆေးရာ ဓာတုဗေဒရုံးမှ သုတ်ရည် သုတ်ပိုးမတွေ့ရကြောင်း ပြန်ကြားခဲ့သော အမူဖြစ်ပါသည်။

၎င်းဖြစ်စဉ်နှင့်ပက်သက်၍ တစ်ရပ်တည်းနေ ဦးလှဝင်းဆိုသူကို တရားခံအဖြစ် စွပ်စွဲပြီး၊ မူလတရားရုံးက ပုဒ်မ ၃၇၆(မုဒိမ်းမူ) အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀)၊ ပုဒ်မ ၃၆၃(လူခိုးမူ)အရ အလုပ်နှင့်ထောင်ဒဏ် ၇နှစ်၊ ပုဒ်မ ၄၅၀(တစ်သက်တစ်ကျွန်းဒဏ်ထိုက်သင့်သည့် ပြစ်မူကို ကျူးလွန်ရန် #အိမ်ကျော်နင်းမူ)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်တို့ကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်။

မူလရုံးက တရားခံဖြစ်သူအား ထိုသို့ချမှတ်ရာတွင် အောက်ပါ စွပ်စွဲချက်များအပေါ် ချမှတ်ခဲ့ခြင်းဖြစ်တယ်၊
၁ ကလေးပျောက်သည့် ညက တရားခံဦးလှဝင်းသည် ကလေးအမေဖြစ်သူ မဌေးနွယ်အိမ်သို့ရောက်လာပြီး၊ အပြင်သို့လိုက်ရန်လက်ဆွဲခေါ်ရာ မဌေးနွယ် မှ ငြင်းဆန်းခဲ့ကြောင်း၊
၂ အဆိုပါ လက်ဆွဲသည့် ကိစ္စကို မဌေးနွယ်မှာ နောက်ရက်တွင် ရပ်ရွာလူကြီးများ ထံ တိုင်တန်းဖြေရှင်းကြရာ တရားခံလှဝင်းက ကနဦးငြင်းဆန်းပြီး နောက် လူကြီးတွေဆုံးဖြက်တာ နာခံပါမည်ဟု ပြေသဖြင့် ကျပ်ငွေ(၅သောင်း) ပေးလျော်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊
၃ အဆိုပါ ထွက်ဆိုချက်များအရ တရားခံမှာ ပြစ်မူကျူးလွန်နိုင်သည်မှာ ပေါ်ပေါက်ကြောင်း။
၄ အချင်းဖြစ်ညက တရားခံလှဝင်းဝတ်ဆင်ခဲ့သည် ပုဆိုးတွင် သုတ်ပိုးတွေ့ရှိရ ကြောင်း။
၅ အချင်းဖြစ်ညက တံခါးအားဖျက်ရာတွင်အသုံးပြုသော တူရွင်းပြားကိုတရားခံ မှ အပ်ပေးခြင်း (ရဲအချုပ်တွင်ရှိနေစဉ် ရဲများမှ စစ်ဆေးမူအရ အပ်နှံပေးခြင်းဖြစ်)
၆ အခင်းဖြစ်ပြစ်မူကျူးလွန်စဉ်က လုပ်ဆောင်ချက်ကို သရုပ်ပြစေသည့်အချက်( ရဲအချုပ်၌ရှိနေစဉ် စစ်ဆေးပေါ်ပေါက်ချက်အရ ဟုဆိုကာ တရားခံအား သရုပ်ပြခိုင်ခြင်းဖြစ်တယ်)

ထိုသို့သော် အချက်များအရ တရားခံဦးလှဝင်းကို အထက်ပါ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့မူလရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် တရားခံဦးလှဝင်းမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ချုပ်က အမူဖြစ်စဉ်နှင့်သက်သေထွက်ချက်များအား အောက်ပါအတိုင်း စီစစ်ခဲ့ပါတယ်။

တရားခံဦးလှဝင်းသည် မဝင်းလဲ့မူကို ခိုးယူခဲ့ကြောင်း ယင်းသို့ ခိုးယူပြီးနောက် မုဒိမ်းမူကျူးလွန်ခဲ့ကြောင်း မူလအမူတွဲတွင် ထွက်ဆိုနိုင်သူ မျက်မြင်သက်သေ မရှိကြောင်း။(မျက်မြင်သက်သေ မရှိသော အမူဖြစ်ပါတယ်)

အချင်းဖြစ်ညက မဝင်းလဲမူ၏မိခင်ဖြစ်သူမဌေးနွယ်ကို တရားခံမှ လက်ဆွဲသည် ကိစ္စနှင့်ပက်သက်၍ လူကြီးများရှေ့ညှိနှိုင်းပေးရသည်ဆိုသော်လည်း အဆိုပါ လူကြီးများမှ ရုံးရှေ့ထွက်ဆိုရာတွင် ထိုသို့ညှိနှိုင်းပေးခဲ့ခြင်းမရှိကြောင်း ထွက်ဆိုထားကြောင်း။

တရားခံဦးလှဝင်းမှာ အချင်းဖြစ်ညက ပွဲခင်းလုံခြုံရေးအဖွဲဝင်တစ်ဦးဖြစ်ပြီး၊ အချင်းဖြစ်ညက ပွဲခင်းထဲတွင် ခဲကျသည့် ကိစ္စနှင့်ပက်သက်၍ ပွဲဆက်ကရန် ဇာတ်အဖွဲ့နှင့်ညှိနှိုင်စဉ်က တရားခံဦးလှဝင်းပါရှိကြောင်းကို၊ ထိုဇာက်ပွဲရှိ အခြား လုံးခြုံရေးအဖွဲများက ထောက်ခံထွက်ဆိုထားကြောင်း။( တရားခံသည် အချင်းဖြစ်ချိန်က မည်သည့်နေရာတွင် ရှိနေကြောင်းကို ကောင်းမွန်စွာ သက်သေပြနိုင်ခဲ့ပါတယ်)

တရားခံ၏ ပုဆိုးတွင် သုတ်ရည်ပိုးတွေ့သည်မှာ ထင်ရှားသော်လည်း အမူဖြစ် သည့်နေက၂၆.၈.၂၀၀၂နေ့က ဖြစ်ပြီး၊ တရားခံ ဦးလှဝင်းထံမှ ပုဆိုးသိမ်းဆည်သည့်နေ့မှာ (၁၂.၁၂.၂၀၀၂) နေ့ဖြစ်၍ တရားခံဦးလှဝင်းသည် ၂၆.၈.၂၀၀၂နေ့က မဝင်းလဲ့မူအား ၁၂.၁၂.၂၀၀၂ နေ့တွင် အပ်နှံသည့် ပုဆိုးဝတ်စဉ်ထားစဉ် အဓမ္မမူ့ ကျူးလွန်သည်ဟု မှက်ယူရန် အလှမ်းကွာဝေးကြောင်း။

ပြစ်မူကျူးလွန်သည့် ပုံစံကို သရုပ်ဖော်စေခိုင်သည်မှာလည်း ရဲအချုပ်တွင်ရှိစဉ် သရုပ်ပြစေသည့်အချက်ဖြစ်ကြောင်း( သက်သေခံ-၂၄၊၂၆ တို့အရ ရဲအချုပ်တွင် ရှိစဉ် ဖြောင့်ဆိုချက်ရယူသည့်အချက်တွင် အကျုံးဝင်ပြီး သက်သေခံဉပဒေအရ သက်သေခံမဝင်ပါ)

မဝင်းလဲမူကဲ့သို့သော် အသက်(၄)နှစ်အရွယ်သာရှိသေးသည့် ကလေးတစ်ဦးအပေါ် လူမဆန်စွာပြုကျင့်သောအမူတွင် တရားခံအားထိရောက်ဟန့်တား သော ပြစ်ဒဏ်ကို ချမှတ်သင့်သည်မှာ မှန်သော်လည်း၊ တရားခံအပေါ်ပြစ်ဒဏ်ချမှတ် နိုင်လောက်သည့် ခိုင်လုံသည့် သက်သေအထောက်အထားရရန် အထူးလိုအပ်ကြောင်း။ ရာဇဝတ်မူများတွင် တရားခံပေါ် အရေးယူ အပြစ်ပေးရာ၌ ကွင်းဆက် မပြတ်သော ခိုင်လုံသည့် အထောက်အထားရရန် လိုအပ်ကြောင်း၊ ကွင်းဆက်မပြတ်သည်ကို ထင်မြင်ချက်ဖြင့် ဆက်၍မရကြောင်း၊ ထင်ကြေးဖြင့် အပြစ်ပေး၍ မရကြောင်းသုံးသပ်၍ မူလရုံးက တရားခံ ဦးလှဝင်းအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒစ်များအားလုံးကို ပယ်ဖျက်၍၊ တရားခံဦးလှဝင်းအား အမူမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

#၂၀၁၁ခုနှစ်၊ ပြစ်မူဆိုင်ရာအထူးအယူခံမူအမှတ်-၇၊
လှဝင်း(ခ)လဝင်း နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါ ၂

photo: Crd
24/02/2023

photo: Crd

( #ယဉ်တိုက်မူများတွင် လူသေဆုံးမူရှိပါက၊ သေဆုံးသူမိသားစုဝင်များ ၏ ကျေးအေးပေးမူ(ဥပဒေသဘော/ရုပ်သိမ်းပေးမူ) ကြောင့်၊ ယဉ်မောင်...
23/02/2023

( #ယဉ်တိုက်မူများတွင် လူသေဆုံးမူရှိပါက၊ သေဆုံးသူမိသားစုဝင်များ ၏ ကျေးအေးပေးမူ(ဥပဒေသဘော/ရုပ်သိမ်းပေးမူ) ကြောင့်၊ ယဉ်မောင်းသူသည် ပြစ်ဒဏ်လုံးဝ မကျနိုင်ဟု တစ်သက်မှက်ထဲ ယူဆရန် မဟုက်ပါ။

ယဉ်တိုက်မူ ဖြစ်စဉ် ၊ ယဉ်းမောင်း၏ အရမ်း(သို့)ပေါ့လျော့မူ မည်မျှ အတိုင်းအတာထိ ရှိ/မရှိပေါ် မူတည်ကာ ဉပဒေအရ ဆုံးဖြက်ပါသည်။

#ယခုအမူတွင် မူလတရားစွဲဆိုသည့် ရုံးက တရားခံကို၊ အပြီးပြက်လွတ်ပေး သည့် အမိန့်ကို ၊ ဉပဒေချုပ်ရုံးမှ အယူခံတင်သွင်းခဲ့ရာ ယဉ်မောင်းသည် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံခဲ့ရသော အမူမျိုးဖြစ်ပါသည်။)

#ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းခင် ယာဉ်ကိုသေချာစွာစစ်ဆေးမှုမရှိဘဲ မောင်းနှင်ခဲ့ခြင်းမှာ ပေါ့လျော့သော ပြုလုပ်မှုဖြစ်ခြင်း။

အမူဖြစ်စဉ်-

ဘုတလင်မြို့နယ်တရားရုံး၏ ၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၄ တွင် တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁) အရ အမှုမှအပြီးအပြတ်လွှတ်သည့်အမိန့်ချမှတ် ခဲ့သည်။ အဆိုပါအမိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံးက စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်သို့ ၂၀၁၆ ခုနှစ်၊ ရာဇဝတ်အယူခံမှုအမှတ် ၂၁၂ ဖြင့်အယူခံရာ အောင်မြင်မှုမရရှိသဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဤအယူခံမှု တင်သွင်းခြင်းဖြစ်သည်။

အမှုမှာ ၁၃-၁၁-၂၀၁၅ ရက်နေ့ ၂၀:၃၀ အချိန်ခန့်တွင် မုံရွာ-ရေဦးကားလမ်း မိုင်တိုင်အမှတ် ၉၈/၁ နှင့် ၉၈/၂ အကြား တောင်မှမြောက်သို့ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်လာသော 6G/8460 ခရီး သည်တင် အဖြူရောင်အံစာတုံးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ထိုးကျကာ လမ်းဘေးရှိ သစ်ပင်ကို တိုက်မိ၍ ယာဉ်ပေါ်ပါလာသူ ဒေါ်မူမူကြည်မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဦးကိုဦး၊ ဦးချစ်ဦး၊ မငြိမ်းငြိမ်းစိုး၊ လှိုင်ဝင်းထွဋ်နှင့် တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိ သောကြောင့် ယာဉ်မောင်း ဖိုးလုံး (ခ) သန့်ဇင်ဦးအပေါ် ဥပဒေအရ အရေးယူပေးရန် ရဲအုပ်မျိုးကျော်က တိုင်တန်းသော အမှုဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးက မုံရွာမြို့မှ ပင်လယ်ဘူးမြို့သို့ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်သော 6G/8460 အံစာတုံးအဖြူရောင် ခရီးသည်တင်ယာဉ်သည် ဘုတလင်မြို့နယ်၊ ကံသစ်ရွာအနီးအရောက် လမ်းကွေ့ဂငယ်ကွေ့နေရာတွင် ကွေ့ရမည်ဖြစ်သော်လည်း ယာဉ်ကိုမကွေ့နိုင်ဘဲ တဖြောင့်တည်းမောင်းနှင်လာသောကြောင့် လမ်းဘေးတွင်ရှိသော ကုက္ကိုပင်ကို တိုက်မိခဲ့သဖြင့် ကား၏ဦးခေါင်းပိုင်းကြွေမွပျက်စီးခဲ့သည့်ပြင် ယာဉ်ပေါ်ပါသော ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး၊ ဦးချစ်ဦးနှင့် ကိုလှိုင်ဝင်းထွဋ်တို့ လေးဦးသေဆုံးခဲ့ကြောင်း၊ ဦးကိုဦးတွင် ယာလက်ကောက် ဝတ်ကျိုး၊ ဂုတ်ရိုးကျိုးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တရားခံဖိုးလုံး (ခ) သန့်ဇင်ဦး ဘယ်လက် မောင်းကျိုး၊ ယာပေါင်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပေါ်ပေါက်သဖြင့် တရားခံသည် ယာဉ်ကို ထိုက်သင့်သည့် သတိပြုမှုမရှိဘဲ အရှိန်ပြင်းမောင်းနှင်ခဲ့ခြင်း၊ ပေါ့လျော့စွာမောင်းနှင်ခဲ့ခြင်းကြောင့် ဖြစ်ပွားရသည်ဟု ပေါ်ပေါက်ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ယာဉ်ကို ပုံမှန်ကီလိုမီတာ ၄၀ ခန့်သာ မောင်းနှင်ခဲ့ရာ တိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရချိန်တွင် ၎င်းအနေဖြင့် ခုန်ထွက်၍ရနိုင်ပါ လျက် ခုန်မထွက်ဘဲ ခရီးသည်များ၏ အသက်အန္တရာယ်ကိုစောင့်ရှောက်ရန် စတီယာရင်ကို ဆက်လက် ထိန်းထားကြောင်း ထုချေတင်ပြသော်လည်း နောက်မှအကြံရ၍ ထုချေချက်သာဖြစ်ကြောင်း၊ ကား တိုင်းရော့ပြုတ်၍ ထိန်းမရဘဲ သစ်ပင်ဝင်တိုက်ခြင်းဖြစ်ကြောင်း ထုချေတင်ပြသော်လည်း ယာဉ်မောင်းသူ တစ်ဦးအနေဖြင့် ယာဉ်မထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှုအတွက် စစ်ဆေးရန်တာဝန်ရှိပါလျက် စစ်ဆေးမှုမပေါ် ပေါက်ကြောင်း၊ ဦးကိုဦး၏ ထွက်ချက်အရပင်အချင်းမဖြစ်မီက ကားမှာရမ်းခါနေ၍ အရှိန်လျော့ရန် ပြောခဲ့ ရကြောင်း တွေ့ရှိရသဖြင့် ကားမှာအရှိန်ဖြင့်မောင်းနှင်ခဲ့ကြောင်း၊ ထိုက်သင့်သည့်သတိဖြင့် မောင်းနှင် ခဲ့ခြင်းမရှိကြောင်း ပေါ်ပေါက်နေလျက် တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးကို အမှုမှအပြီးအပြတ်လွှတ်သည့် အမိန့်မှာ ဥပဒေအရလည်းကောင်း၊ အကြောင်းခြင်းရာအရလည်းကောင်း၊ မှန်ကန်မှုမရှိသဖြင့် ပြင်ဆင် တည့်မတ်ပေးရန် စီရင်ထုံးအကိုးအကားဖြင့် လျှောက်လဲတင်ပြသည်။

အယူခံတရားခံ၏ရှေ့နေက မူလရုံးတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး၏ အရမ်း(သို့မဟုတ်) ပေါ့လျော့စွာ ပြုလုပ်မှုကြောင့် ယာဉ်ပေါ်ပါသူ ၄ ဦးသေဆုံးပြီး ကျန်သူမှာ ပြင်းထန်ဒဏ်ရာများ ရရှိခြင်း ဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားရှိသည့် သာမန်အသိဉာဏ်ရှိသောသူ၏ ပြုလုပ်မှုမျိုးမဟုတ်ဘဲ ပျက်ကွက်ကြောင်း၊ တရားခံမှာ ကားအားပုံမှန်ကီလိုမီတာ ၄၀ ခန့်သာမောင်းနှင်ရာမှ တိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရကာ လမ်းဘေးရှိ သစ်ငုတ်တိုအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်စဉ် တရားခံမှာ ခုန်ထွက်လျှင်ရပါလျက် ခုန်မထွက်ဘဲ ခရီးသည်များ၏ အသက်အန္တရာယ်အား စောင့်ရှောက် ပေးရန်အတွက် စတီယာရင်အား ဆက်လက်ထိန်းထားခဲ့သေးကြောင်း၊ အရက်သေစာသောက်စားခြင်း လည်းမရှိကြောင်း၊ ကားပေါ်ပါ သေဆုံးသည့်ခရီး ၄ ဦး၏ ဆေးကုသမှုကိစ္စအဝဝအား တာဝန်ယူခဲ့ ကြောင်း၊ ၎င်းတို့ဂိတ်မှ IKBZ ဘဏ်သို့ အသက်အာမခံပေးသွင်းခဲ့သည့်အတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီကို အသက်အာမခံကြေးပေးခဲ့ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးသည် သေဆုံးသူများနှင့် ဒဏ်ရာရသူများအပေါ် သေစေရန် အရမ်း သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုမျိုးပြုလုပ်ခဲ့ခြင်း မရှိ ကြောင်း၊ ကံဆိုး၍သာဖြစ်ခဲ့ရကြောင်းနှင့် ပြစ်မှုမကင်းသောအကြံနှင့် ပြုလုပ်ခြင်းမဟုတ်သဖြင့် ဤအယူခံမှုအား ပလပ်ပေးရန် လျှောက်လဲတင်ပြသည်။

အမှုတွဲအား စိစစ်ကြည့်ရှုရာတွင် အချင်းဖြစ်သည့်နေ့ ၁၂:၃၀ အချိန်တွင် မုံရွာမြို့၊ အာကာမန်း ခရီးသည်ပို့ဆောင်ရေးကားအသင်းဝင် 6G/8460 ခရီးသည်တင် အံစာတုံးအဖြူရောင်ယာဉ်ကို တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ခရီးသည် ဦးကိုကိုဦး၊ ဦးချစ်ဦး၊ ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး နှင့် ကိုလှိုင်ဝင်းထွဋ် တို့ကို တင်ဆောင်လျက် မုံရွာ- ရေဦးကားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ဘုတလင် မြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရှိသော ကုက္ကိုပင်ကို တိုက်မိ ခဲ့သဖြင့် ကားဦးခေါင်းပိုင်း ကြေမွပျက်စီးခဲ့ပြီး ကားပေါ်တွင်ပါလာသော ဒေါ်မူမူကြည်၊ မငြိမ်းငြိမ်းစိုး၊ ဦးချစ်စိုးနှင့် ကိုလှိုင်ဝင်းထွဋ်တို့ လေးဦးသေဆုံးကာ ဦးကိုကိုဦး (လိုပြ-၆) တွင် ယာလက်ကောက်ဝတ် ကျိုး၊ ဂုတ်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးတွင် ဘယ်လက် မောင်းကျိုး၊ ယာပေါင်ကျိုးသည့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းမှာ အငြင်းမပွားပေါ်ပေါက်နေသည်။

တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ကားကိုပုံမှန် ၄၀ ကီလိုမီတာခန့်သာ မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မောင်းနှင်လာစဉ် ကားတိုင်းရော့ပြုတ်၍ စတီယာရင်ထိန်းမရသောကြောင့် လမ်းဘေးရှိ သစ်ငုတ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ သစ်ပင်ကိုဝင်တိုက်စဉ် ကားအပြင်သို့ ခုန်ထွက်ရန် အချိန်ရသော်လည်း ထိုသို့မပြုလုပ်ဘဲ ကား၏ စတီယာရင်ကို ကြိုးစားထိန်းသော်လည်းမရဘဲ ဝင်တိုက် မိခြင်းဖြစ်ကြောင်း၊ ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာဖြင့် အရှိန်ပြင်းစွာမောင်းနှင်ခဲ့ခြင်းမရှိသဖြင့် အပြစ်မရှိ ကြောင်း ထုချေတင်ပြသည်ကို တွေ့ရသည်။

လူသတ်မှုအရသော်လည်းကောင်း၊ လူသေမှုအရသော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းမခံ ထိုက်သော အရမ်းပြုလုပ်မှု သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုကိုပြု၍ လူကိုသေစေလျှင် ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အပြစ်ပေးနိုင်မည်ဖြစ်သောကြောင့် တရားခံ၏ ပြုမူချက်သည် အရမ်းပြုလုပ်မှု ဟုတ် မဟုတ် သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှု ဟုတ် မဟုတ် စီစစ်ရန်ဖြစ်သည်။

တရားခံ၏ပြုမူချက်မှာ အရမ်းပြုလုပ်မှု (သို့မဟုတ်) ပေါ့လျော့သောပြုလုပ်မှုဖြစ်ကြောင်း ပေါ်ပေါက်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အပြစ်ပေးနိုင်ပြီး ယင်းသို့ပြုလုပ်မှုကြောင့် ယာဉ်ပေါ် ပါသူများ အပြင်းအထန်နာကျင်စေမှုဖြစ်ကြောင်း ပေါ်ပေါက်လျှင် ယင်းဥပဒေပုဒ်မ ၃၃၈ အရ အပြစ် ပေးနိုင်မည်ဖြစ်သည်။

အမှုမှ ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးချမ်း (ခံပြ-၆)က ၎င်း၏ စစ်ဆေးတွေ့ရှိချက်အရ ကား တိုင်းရော့ပြုတ်သည်ကိုသာတွေ့ရပြီး ကျန်စက်ပစ္စည်းအင်္ဂါရပ်များ လုံးဝပျက်စီးခြင်းမရှိကြောင်း၊ ကား တိုင်းရော့မှာ ယာဉ်ကိုမောင်းနှင်စဉ် အများဆုံးဖြစ်တတ်ပြီး တိုင်းရော့ကိုဆွဲထားသည့် ဝက်အူမကောင်း လျှင် သို့မဟုတ် လျော့နေလျှင် ပြုတ်ထွက်တတ်ကြောင်း ထွက်ဆိုထားသည်။

ကိုဖိုးချမ်း (လိုပြ-၆) ၏ ထွက်ဆိုချက်အရ တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး မောင်းနှင်သော ယာဉ်သည် တိုင်းရော့ပြုတ်၍ သစ်ပင်အားဝင်တိုက်မိပြီး ကားပေါ်ပါခရီးသည် ၄ ဦးသေဆုံးကာ ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်နေသည်။

ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းမီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြံ့ခိုင်မှု ရှိ မရှိ သေချာစွာစစ်ဆေးရန် တာဝန်ရှိမည်ဖြစ်သည်။ တရားခံဖိုးလုံး (ခ) သန့်ဇင်ဦးသည် မုံရွာမှပင်လယ် ဘူးသို့ ခရီးဝေးသွားရမည့်ယာဉ်ဖြစ်ပေရာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကိုသေချာစွာ စစ်ဆေးပြီးမှ မောင်းနှင်ရန် လိုအပ်မည်ဖြစ်သည်။

တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးက ယာဉ်မောင်းတစ်ဦးအနေဖြင့် ယာဉ်မမောင်းခင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ယာဉ်ကိုသေချာစွာစစ်ဆေးပြီးမှ မောင်းနှင်ရန်တာဝန်ရှိသည်ဆိုလျှင်မှန်ကြောင်း၊ အခင်းဖြစ်နေ့က ယာဉ်မမောင်းခင် ယာဉ်ကို သေချာစွာစစ်ဆေးခြင်းမရှိဆိုလျှင် မှန်ကြောင်း ပြန်လှန် မေးရာ၌ ဝန်ခံထွက်ဆိုထားရာ တရားခံသည် ၎င်း၏ပေါ့လျော့သောပြုမူချက်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်သေဆုံးရသည်မှာ ထင်ရှားသည်။

ဦးကိုကိုဦး (လိုပြ-၆) ၏ ထွက်ချက်အရပင် အချင်းမဖြစ်မီကပင် ကားမှာရမ်းခါနေ၍ အရှိန်လျော့ ရန်ပင် ပြောခဲ့ရကြောင်း တွေ့ရှိရသဖြင့် တရားခံသည် ထိုက်သင့်သော သတိဖြင့် မောင်းနှင်ခြင်းမရှိသည် ကို တွေ့ရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မောင်ဘိုကြည်ပါ ၂ အမှု (၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၆၅။) တွင် အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်းဆိုသည်မှာ ဆင်ခြင်တုံတရားရှိသည့် သာမန် အသိဉာဏ်ရှိသောသူ၏ ပြုလုပ်မှုမျိုးမဟုတ်ဘဲ ပျက်ကွက်ခြင်း သို့တည်းမဟုတ် တစ်ခုခုကို လုပ်ကိုင် ဆောင်ရွက်ရာ၌ ထိုကဲ့သို့သောသူမျိုး ပြုလုပ်လိမ့်မည်မဟုတ်သည့် ပြုမူမှုများကို ပြုလုပ်ခြင်းကိုဆိုလို ကြောင်း လမ်းညွှန်ထုံးဖွဲ့ထားရာ ယခုအမှုတွင် တရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး သည် ယာဉ်၏ကြံ့ခိုင်ရေး ကို စစ်ဆေးခဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ထိုက်သင့်သည့်သတိဖြင့် မောင်းနှင်ခဲ့ခြင်းပြုရန်ပျက်ကွက်ခဲ့ပြီး ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့ဆစွာမောင်းနှင်ခဲ့၍ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါသူများ အသက်ဆုံးရှုံးကာ အပြင်းအထန်နာကျင်ဒဏ်ရာရရှိစေခဲ့ရကြောင်း ထင်ရှားပေါ်ပေါက်ပါလျက် ဘုတလင် မြို့နယ်တရားရုံးက တရားခံအား အမှုမှအပြီးအပြတ်လွှတ်ခဲ့ပြီး ယင်းအမိန့်ကို ဆက်လက်အတည်ပြု သည့် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်တို့မှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရ သည်။

ထို့ကြောင့် ဤအယူခံမှုကို ခွင့်ပြုသည်။ အယူခံတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွှတ်သော ဘုတလင်မြို့နယ်တရားရုံး၏ အမိန့်နှင့် ယင်းအမိန့်ကို ဆက်လက်အတည်ပြုသည့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်တို့ကို ပယ်ဖျက်လိုက်သည်။ အယူခံတရားခံ ဖိုးလုံး (ခ) သန့်ဇင်ဦး အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ယင်းဥပဒေပုဒ်မ ၃၃၈ အရ အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ကျခံစေရန်နှင့် ထောင်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန်၊ ချုပ်ရက်ရှိပါက ထောင်ဒဏ်မှ ထုတ်နုတ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

#ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် ဖိုးလုံး (ခ) သန့်ဇင်ဦး(၂၀၁၈ ခုနှစ်၊ မတစ၊ စာ - ၁၁)

ရာဇဝတ်ပြင်ဆင်မှုပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးအောင်ဇော်သိန်းရှေ့တွင်မအိမ့်သက်ပိုင်မှူးနှင့်ပြည်ထောင်စုသမ္မတမြ...
23/02/2023

ရာဇဝတ်ပြင်ဆင်မှု

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး

ဦးအောင်ဇော်သိန်းရှေ့တွင်

မအိမ့်သက်ပိုင်မှူး

နှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါ ၃

(၂၀၂၀ ပြည့်နှစ်၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၁(ခ))

(၇) နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကိုကျူးလွန်စဉ် ဝင်ရောက်ကာကွယ်သူကို သေစေခြင်း၊ လူတစ်ယောက်အပေါ် သေစေသည့်ပြစ်မှုကို ကျူးလွန်စဉ် အချင်းဖြစ်နေရာ၌ပင် အခြား တစ်ယောက်ကို တစ်ပြိုင်တည်း မသေမချင်း ထုရိုက်သေစေအောင်ပြုလုပ်မှုသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) ပါ လူသတ်မှုအမျိုးအစားတွင် ငြိစွန်းအကျုံးဝင်ကြောင်း ရှေးဦးအမြင်အရ ပေါ်ပေါက်ခြင်း ရှိ မရှိ။

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်)

ဆုံးဖြတ်ချက်။ ။ တရားခံရဲဝင်းသည် ဦးစိုးလင်းသန်းအပေါ် (၇) နှစ်အထိ ထောင်ဒဏ် ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကျူးလွန်စဉ် ဝင်ရောက်ကာကွယ်သူ ဒေါ်ချောစုစုလင်းကိုလည်း တစ်ဆက်တည်း ထပ်မံထုရိုက်၍ သေစေကြောင်း ပေါ်ပေါက်သည်။ လူတစ်ယောက်အပေါ် သေစေသည့် ပြစ်မှုကျူးလွန်စဉ် အချင်းဖြစ်နေရာ၌ပင် အခြားတစ်ယောက်ကို တစ်ပြိုင်တည်း မသေမချင်း ထုရိုက်သေစေခြင်းဖြစ်သဖြင့် ရဲဝင်း၏ပြုလုပ်မှုသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) ပါ လူသတ်မှု အမျိုးအစားတွင် ငြိစွန်းအကျုံးဝင်ကြောင်း ရှေးဦးအမြင်အရ ပေါ်ပေါက်သည်။

လျှောက်ထားသူအတွက် - ဒေါ်ဥမ္မာစော၊

တရားလွှတ်တော်ရှေ့နေ

လျှောက်ထားခံရသူအတွက် - (၁) ဒေါ်ဥမ္မာအောင်၊

ဒုတိယညွှန်ကြားရေးမှူး၊

ပြည်ထောင်စုရှေ့နေချုပ်ရုံး

(၂) (၃) ကိုယ်တိုင် (မလာ)

တောင်ငူခရိုင်တရားရုံး၊ ၂၀၁၉ ခုနှစ် ရာဇဝတ်ကြီးမှုအမှတ် ၂၀ တွင် တရားခံရဲဝင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)၊ ၃၀၂ (၂)၊ ၃၂၃ ဖြင့်လည်းကောင်း၊ တရားခံ ဦးတိုးကြည်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)/ ၁၁၄၊ ၃၀၂ (၂)/ ၁၁၄၊ ၃၂၃/ ၁၁၄ ဖြင့်လည်းကောင်း စွဲချက်တင်သည့် အမိန့်ချမှတ်ရာ အဆိုပါ စွဲချက်များအပေါ် သေသူများ၏ သမီးဖြစ်သူ မအိမ့်သက်ပိုင်မှူးက မကျေနပ်၍ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ ၂၀၁၉ ခုနှစ်၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၂၃ (ခ) ဖြင့် တင်သွင်းရာ၌ အောင်မြင်မှုမရသဖြင့် ဤရာဇဝတ်ပြင်ဆင်မှုကို တင်သွင်းသည်။

အမှုမှာ တောင်ငူမြို့၊ မြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်လင်းက ၂၁-၂-၂၀၁၉ ရက်နေ့၊ ၀၇:၄၅ နာရီအချိန်ခန့် စခန်းမှူးတာဝန်ဆောင်ရွက်စဉ် ကိုသိန်းထိုက်ဆိုသူမှ မင်းကြီးဆွေ ရပ်ကွက်၊ ဇွဲဆိုင်ကယ်ပြင်ဆိုင်အနီး ခိုက်ရန်ဖြစ်ပွားပြီး ကြွေသီးနှင့် ထုနှက်နေကြောင်း သတင်းပေးပို့ လာ၍ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြောင်း၊ မင်းကြီးဆွေရပ်ကွက်၊ အိမ်အမှတ် (၃၁၉) နေ ဦးရဲဝင်းနှင့် ဖခင်ဦးတိုးကြည်တို့နေအိမ်သို့ ရန်ကုန်မြို့နေ ဦးစိုးလင်းသန်း၊ ဇနီး ဒေါ်ချောစုစုလင်းနှင့် သမီးမသော်တာထက်စံတို့ ရောက်ရှိလာပြီး ၎င်းတို့ဝယ်ယူထားသည့် အိမ်ခြံမြေ အတွက် ဂရန်သက်တမ်းတိုးမြှင့်ရန် စကားပြောဆိုစဉ် တစ်ဖက်နှင့်တစ်ဖက် အဆင်မပြေ ပဋိပက္ခ ဖြစ်ပြီး ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့ ပြန်ထွက်အလာ၌ ဦးတိုးကြည်နှင့် ရဲဝင်းတို့သားအဖက နောက်မှလိုက်လာပြီး စကားများရန်ဖြစ် နပန်းလုံးကြောင်း၊ ထိုစဉ် ရဲဝင်းက လမ်းဘေးမီးတိုင် အောက်၌ အသင့်တွေ့ရှိရသော ဓာတ်မီးတိုင်သုံး ကြွေသီးဖြင့် ထုရိုက်လိုက်၍ ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့၏ ဦးခေါင်းနှင့် မျက်နှာတို့ ကွဲကြေဒဏ်ရာရရှိပြီး မသော်တာထက်စံ၌ ဘယ်ဘက် ဂျိုစောင်းဖူးရောင်ဒဏ်ရာ၊ ဘယ်တံတောင်ဆစ်ပွန်းခြစ်ဒဏ်ရာ၊ ညာလက်မထိပ် နာကျင်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း၊ ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့အား ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်းဖော်ပြ၍ ရဲဝင်းနှင့် ဦးတိုးကြည်တို့ သားအဖအား အရေးယူပေးရန် တိုင်ချက် ရေးဖွင့် တိုင်တန်းမှုဖြစ်သည်။

လျှောက်ထားသူ၏ရှေ့နေက ပြစ်မှုကျူးလွန်သူတို့က စတင်ပြီး သေသူများအား ဟန်ချက်ညီညီ ထိုးနှက်တိုက်ခိုက်ခြင်းကို သေသူများနှင့်တရားခံတို့ စကားပြောအဆင်မပြေဖြစ်ပြီး လုံးထွေးသတ်ပုတ် ကြောင်း သုံးသပ်ချက်သည် ပြစ်မှုကျူးလွန်သူအပေါ် သက်ညှာရာကျကြောင်း၊ မျက်မြင်သက်သေ ထွက်ချက်များအရ ရဲဝင်းအနေဖြင့် ဧည့်သည်အမျိုးသားနှင့် အမျိုးသမီးကို သေအောင်သတ်မည်ဟု အချိန်ယူစဉ်းစားဆုံးဖြတ်ပြီး ကြွေသီးဖြင့် ဦးခေါင်းပိုင်းကို လိုက်ရိုက်နေခြင်းဖြစ်ကြောင်း၊ ဦးခေါင်းပိုင်း ဒဏ်ရာများမှာ ဦးနှောက်များထွက်၍ မုချသေဆုံးရမည့်ဒဏ်ရာများ ဖြစ်ခြင်းကြောင့် သေသူများကို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ ပထမကြွေသီးကို ဦးမျိုးညွှန့် (လိုပြ-၉) မှ လုယူသွားသော်လည်း ကိုရဲဝင်းသည် သေသူတို့ကို သေအောင်သတ်မည်ဟု စဉ်းစားဆုံးဖြတ်ထားသည့် အတိုင်း နောက်ထပ်ကြွေသီးတစ်လုံးကို ယူဆောင်လာပြီး ဦးခေါင်းပိုင်းကို အချက်ပေါင်းများစွာ ထုရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကြွေသီးရှိ သံချောင်းပြုတ်သည်အထိ ရိုက်ခဲ့ခြင်းဖြစ်၍ ပတ်ဝန်းကျင် အကြောင်းခြင်းရာပြဿနာကို ထည့်သွင်းသုံးသပ်ပါက တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ပြီးနောက် သေသူများအနီးတွင် ထမင်းစားနိုင်သော ကိုရဲဝင်း၏ အပြုအမူမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထိုက်သည့် ပြစ်မှုမျိုးမဟုတ် ကြောင်း၊ ဦးတိုးကြည်၏ ပြုလုပ်မှုမှာလည်း ကိုရဲဝင်းနှင့်မခြား အကြံတူတစ်ခုကို ပူးပေါင်း ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေရာမှာ လူစည်းကားရာနေရာဖြစ်ပြီး မြင်မြင်ထင်ထင်ရှိသည့် အချိန်မျိုးတွင် ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခြင်းဖြစ်ပြီး သေသူများ၏သမီး ၂ ဦးမှာလည်း အတိုင်းအဆမရှိ နစ်နာဆုံးရှုံးနေရကြောင်း၊ သို့ဖြစ်၍ မူလခရိုင်တရားရုံး၏ စွဲချက်အမိန့်ကို အတည်ပြုသည့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်ကိုပယ်ဖျက်ပြီး (၁) တရားခံ ရဲဝင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)၊ ၃၂၃ ဖြင့်လည်းကောင်း၊ (၂) တရားခံ ဦးတိုးကြည်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)၊ ၃၂၃/ ၃၄ ဖြင့်လည်းကောင်း ပြောင်းလဲစွဲချက်တင်သည့် အမိန့်တစ်ရပ်ချမှတ်ပေးရန် လျှောက်လဲတင်ပြသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးက တရားခံရဲဝင်းသည် ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့အား သက်သေခံကြွေသီးဖြင့် အချက်ပေါင်းများစွာရိုက်၍ မုချသေစေနိုင်သော ဒဏ်ရာများ ရရှိသေဆုံးခဲ့ကြောင်း၊ ရဲဝင်းက ယင်းသို့သတ်ဖြတ်ရာတွင် ဦးတိုးကြည်သည် အနီးတွင် ရှိနေပြီး အားပေးကူညီကြောင်း၊ သေသူနှင့် တရားခံတို့ အချေအတင်ဖြစ်ပြီး လုံးထွေးကြပြီး တရားခံ ရဲဝင်းက အနီးတွင်ရှိနေသော အလေးချိန် ၁ ပိဿာ ၉၅ ကျပ်သားရှိ ကြွေသီးဖြင့် ဦးစိုးလင်းသန်းကို အချက်ပေါင်းများစွာရိုက်ခြင်း၊ ဝင်ရောက်ကာကွယ်ပေးသည့် ဒေါ်ချောစုစုလင်းကိုလည်း ကြွေသီးဖြင့် အဆက်မပြတ် ရိုက်နှက်မှုကြောင့် ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့သည် အခင်းဖြစ်နေရာတွင် ပင် ဦးခေါင်းခွံရိုးကျိုးကာ ဦးနှောက်စုတ်ပြဲ၍ သေဆုံးခဲ့ရကြောင်း၊ တရားခံများက ၎င်းနေအိမ်သို့ ရောက်လာပြီး ပြန်ထွက်သွားသည့် သေသူတို့ကို သတ်ရန်အကြံဖြင့် အနောက်မှ တုတ်ကိုင်၍ လိုက်သွားပြီး အသက်သေဆုံးသည်အထိ ကြွေသီးဖြင့် ဦးခေါင်းကိုရိုက်၍ သေဆုံးစေခဲ့သဖြင့် သေစေရန်အကြံဖြင့် သတ်ခဲ့ကြောင်း ညွှန်ပြသည့် သက်သေခံချက်များ ပေါ်ပေါက်သဖြင့် သင့်မြတ်သော အမိန့်ချမှတ်ပေးရန် လျှောက်လဲတင်ပြသည်။

လျှောက်ထားခံရသူတို့သည် အကြောင်းကြားစာ အတည်ဖြစ်သော်လည်း ကိုယ်တိုင် လျှောက်လဲချက်တင်ခြင်း၊ ၎င်းတို့ကိုယ်စား ရှေ့နေမှလာရောက်ခြင်း၊ တင်ပြခြင်းမရှိပေ။

အမှုတွဲကိုစိစစ်ရာ မျက်မြင်သက်သေထွက်ချက်များနှင့် စာမှတ်စာတမ်းသက်သေခံ အထောက်အထားများအရ အခင်းဖြစ်နံနက်က ဦးစိုးလင်းသန်း၊ ဒေါ်ချောစုစုလင်းတို့သည် တရားခံများ နေအိမ်သို့ရောက်ရှိလာပြီး တရားခံတို့ထံမှ ဝယ်ယူခဲ့သည့်ခြံမြေကို ဂရန်သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူကို တောင်းခံရာမှ စကားပြောအဆင်မပြေဖြစ်ပြီး ကားရှိရာသို့ ပြန်ထွက်လာစဉ် ရဲဝင်းနှင့် ဦးတိုးကြည်တို့က နောက်မှလိုက်သွားကာ တရားခံရဲဝင်းက ဦးစိုးလင်းသန်းကို လက်သီးဖြင့်ထိုးရာ ပါးကိုထိုးမိပြီး လုံးထွေးစဉ် ဦးတိုးကြည်နှင့် ဒေါ်ချောစုစုလင်း တို့က သူ့ဘက်ကိုယ့်ဘက် ဝင်ရောက်ကူညီပြီး အပြန်အလှန် လုံးထွေးကြသည်။ ဘေးလူများက ဝင်ရောက်ဖျန်ဖြေကြသဖြင့် လူချင်းကွဲသွားချိန်တွင် တရားခံရဲဝင်းသည် အခင်းဖြစ်နေရာအနီး၌ ရှိနေသော လျှပ်စစ်မီးတိုင်သုံး ကြွေသီးဟောင်းကိုယူ၍ ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့ကို ထုရိုက်သည်။ ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့က တိမ်းရှောင်ပြီး ရဲဝင်းကို ပြေးတွန်းရာ ရဲဝင်းသည် ကြွေသီးကိုင်လျက်လဲကျစဉ် သေသူတို့က တက်ဖိထားသဖြင့် ဘေးလူများက ဖျန်ဖြေပြီး ရဲဝင်းထံမှ ကြွေသီးကို လုယူ၍ လွှင့်ပစ်ခဲ့သည်။ လူချင်းကွဲသွားချိန်တွင် ရဲဝင်းသည် အနီးရှိ အခြားကြွေသီးတစ်လုံးကို ကောက်ယူ၍ ဦးစိုးလင်းသန်းကို ထုရိုက်သည်။ ဒေါ်ချောစုစုလင်းကိုလည်း လိုက်ရိုက်သည်။ ဦးစိုးလင်းသန်းက လက်ဖြင့်ကာကွယ်သော်လည်း အရိုက်ခံရ၍ ထိသွားပြီး ဒူးထောက်လျက်လဲကျစဉ် ထပ်မံရိုက်နှက်နေခဲ့ရာ ဒေါ်ချောစုစုလင်းက ဝင်ရောက်ကာကွယ်ပေးသည်။ သို့သော် ရဲဝင်းက ကြွေသီးဖြင့် ထပ်မံထုရိုက်သည့်အတွက် ဦးစိုးလင်းသန်းမှာ အောက်မှပက်လက် လဲကျပြီး ဒေါ်ချောစုစုလင်းမှာ ဦးစိုးလင်းသန်း၏ ခန္ဓာကိုယ်အပေါ်မှ မှောက်လျက်ထပ်ပြီး လဲကျခဲ့သည်။

ထိုသို့လဲကျစဉ် ရဲဝင်းသည် ပက်လက်ဖြစ်နေသူ ဦးစိုးလင်းသန်း၏ ဦးခေါင်းနေရာကို ကြွေသီးဖြင့် လွှဲကာလွှဲကာ ဆက်တိုက်ထုရိုက်သကဲ့သို့ ဒေါ်ချောစုစုလင်း၏ ဦးခေါင်းနောက်စေ့ နေရာကိုလည်း ကြွေသီးဖြင့် အဆက်မပြတ်အချက်ပေါင်းများစွာ ထုရိုက်ခြင်းကြောင့် လင်မယားနှစ်ဦး စလုံးမှာ ဦးခေါင်းများကြေမွ၊ ဦးခွံရိုးကျိုးပြီး ဦးနှောက်များအပြင်သို့ထွက်ကျကာ အခင်းဖြစ်နေရာ တွင်ပင် သေဆုံးခဲ့ရကြောင်း ပေါ်လွင်သည်။

သို့ဖြစ်ရာ အမှုတွင် တရားလိုဘက် သက်သေထွက်ဆိုချက်များအရ တရားခံရဲဝင်းသည် ဦးစိုးလင်းသန်းအပေါ် ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်စဉ် ဝင်ရောက်ကာကွယ်သူ ဒေါ်ချောစုစုလင်းကိုလည်း တစ်ဆက်တည်း ထပ်မံထုရိုက်၍ သေစေခဲ့ကြောင်း ပေါ်ပေါက်သည်။ လူတစ်ယောက်အပေါ် သေစေသည့်ပြစ်မှုကျူးလွန်စဉ် အချင်းဖြစ်နေရာ၌ပင် အခြားတစ်ယောက်ကို တစ်ပြိုင်တည်း မသေမချင်းထုရိုက်သေစေချင်းဖြစ်သဖြင့် ရဲဝင်း၏ ပြုလုပ်မှု သည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) ပါ လူသတ်မှုအမျိုးအစားတွင် ငြိစွန်းအကျုံးဝင်ကြောင်း ရှေးဦးအမြင်အရ ပေါ်ပေါက်သည်။

သို့ဖြစ်၍ တရားခံရဲဝင်းအပေါ် ဦးစိုးလင်းသန်းကို သေစေသည့်ပြစ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်သည့်အမိန့်သည် ဥပဒေနှင့်အညီဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဦးစိုးလင်းသန်းကို သေအောင်ပြုနေစဉ် တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် တစ်ဆက်တည်း ဦးစိုးလင်းသန်း၏ ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်းကို သေစေသည့်ပြစ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) ဖြင့်ပင် စွဲချက်တင်ခြင်းသည် အမှုတွဲပေါ်ပေါက်ချက်အရ သက်ဆိုင်သည့် ပြစ်မှုအင်္ဂါရပ်နှင့် ညီညွတ်မှန်ကန်သည်ဟုမဆိုသာ၍ ယင်းအမိန့်ကို ပယ်ဖျက်ပြင်ဆင်ရပေမည်။

(၂) တရားခံ ဦးတိုးကြည်နှင့်ပတ်သက်၍ ပေါ်ပေါက်ချက်မှာ ဦးတိုးကြည်သည် အချင်း ဖြစ်ပွားစဉ်တစ်လျှောက်လုံး အချင်းဖြစ်နေရာ၌ ရှိနေသော်လည်း တရားခံရဲဝင်းက ဦးစိုးလင်းသန်းအား လက်သီးဖြင့် ထိုးစဉ်က ဦးစိုးလင်းသန်း ခြေထောက်ကို ဝင်ဆွဲခြင်း၊ ဦးစိုးလင်းသန်းလင်မယားက ရဲဝင်းကို တက်ဖိထားစဉ် ရဲဝင်းဖက်မှ ဝင်ရောက်ကူညီခြင်း၊ နောက်ပိုင်းရဲဝင်းက ကြွေသီးဖြင့် ထုရိုက်ချိန်တွင် ရပ်ကြည်နေခဲ့ခြင်းတို့ကို တွေ့ရှိရ၍ ၎င်း၏ပြုမူချက်များသည် ရဲဝင်း၏ လုပ်ဆောင်ချက်အပေါ် အားပေးကူညီခဲ့ကြောင်း ရှေးဦးအမြင်အရ သုံးသပ်တွေ့ရှိရသည်။ သို့ဖြစ်၍ ဦးတိုးကြည်အား ဦးစိုးလင်းသန်းကို သေစေမှုတွင် အားပေးကူညီခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ ဖြင့် စွဲချက်တင်ခြင်းအပေါ် ပြင်ဆင်ရန် အကြောင်းမရှိသော်လည်း ဒေါ်ချောစုစုလင်းကို သေစေမှုတွင် အားပေးကူညီသည့်ပြစ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ)/ ၁၁၄ ဖြင့် ပြောင်းလဲစွဲချက် တင်ရန် ဖြစ်သည်။

မသော်တာထက်စံကို သာမန်နာကျင်စေမှုအတွက် တရားခံ ၂ ဦးအပေါ် ချမှတ်သော စွဲချက်အမိန့်နှင့်စပ်လျဉ်းပြီး ပြင်ဆင်ရန် မရှိပေ။

တရားခံ ၁ ဦးအပေါ် စွဲချက်တင်ထိုက် မတင်ထိုက်နှင့်ပတ်သက်၍ စဉ်းစားရန်ရှိသော အချက်အလက်မျိုးသည် တရားခံအား အပြစ်ပေးထိုက် မပေးထိုက်စသည့် စဉ်းစားရန်ရှိသော အချက်အလက်မျိုးနှင့် ဥပဒေအရ မတူညီပေ။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် အွန်ချင်ရင် (ခ) ဦးဘိုးရင် အမှု (၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၉၂၁) ကိုကြည့်ပါ။

တရားခံတစ်ဦးအား ရာဇဝတ်မှုဖြင့် ရုံးတင်တရားစွဲဆိုသဖြင့် ရုံးမှစွဲချက်တင်သည့်အချိန်တွင် တရားခံအား အပြစ်ရှိသည်ဟု အဆုံးအဖြတ်ပြုခြင်းမဟုတ်သေးဘဲ စွဲချက်တင်ရန် အကြောင်း လုံလောက်သည်ဟု ယူဆထားခြင်းသာဖြစ်သည်။ စွဲချက်တင်ပြီးနောက် တရားခံအနေဖြင့် ကျေနပ်အောင် ဖြေရှင်းနိုင်လျှင် စွဲချက်တင်ခဲ့စေကာမူ တရားသေလွှတ်နိုင်ပေသည်။ ဤမူသဘောကို မောင်ကိုလေးပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမှု (၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၁၄၈ (၁၄၉) ) တွင် တွေ့မြင်နိုင်သည်။

ဤပြင်ဆင်မှုတွင် လျှောက်ထားသူ၏ ရှေ့နေက တရားခံတို့၏ ပြုလုပ်မှုသည် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် ပြောင်းလဲစွဲချက်တင်ပေးရန် လျှောက်ထားခြင်းဖြစ်သည်။

သို့ရာတွင် အမှုတွင်ပေါ်ပေါက်သော စစ်ဆေးပြီး တရားလိုဘက် သက်သေထွက်ဆိုချက်များနှင့် ပတ်ဝန်းကျင်သက်သေခံချက်များအရ ဒေါ်ချောစုစုလင်းကို သေစေမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) ပြစ်မှုအင်္ဂါရပ်များနှင့် ငြိစွန်းကြောင်း သုံးသပ်တွေ့ရှိရသဖြင့် တရားမျှတမှုအလို့ငှာ ပြင်ဆင်မှု အာဏာကို သုံးစွဲ၍ ဝင်ရောက်စွက်ဖက်ရပေမည်။

ထို့ကြောင့် ဤရာဇဝတ်ပြင်ဆင်မှုကို ခွင့်ပြုသည်။ ဦးစိုးလင်းသန်းကို သေစေမှုနှင့် မသော်တာထက်စံကို နာကျင်စေမှုများအတွက် တရားခံရဲဝင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)၊ ၃၂၃၊ တရားခံဦးတိုးကြည်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)/ ၁၁၄၊ ၃၂၃/ ၁၁၄ တို့ဖြင့် စွဲချက်တင်သည့် အမိန့်များကို အတည်ပြုသည်။ ဒေါ်ချောစုစုလင်းကို သေစေမှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) နှင့် ပုဒ်မ ၃၀၂ (၂)/ ၁၁၄ တို့အရ စွဲချက်တင်သော အမိန့်အသီးသီးကို ပယ်ဖျက်ပြီး ယင်းအမိန့်အစား တရားခံရဲဝင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့်လည်းကောင်း၊ တရားခံ ဦးတိုးကြည်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ)/ ၁၁၄ ဖြင့်လည်းကောင်း ပြောင်းလဲစွဲချက်တင်၍ အမှုကို ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်သည်။

Address

Nan Oo Lwin Qtz, Pathein Gyi Township
Mandalay

Alerts

Be the first to know and let us send you an email when Atar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Atar:

Share