WYP Justic Law Firm

WYP Justic Law Firm ဥပဒေ ဗဟုသုတများ ဝင်ရောက်လေ့လာနိုင်သည်

(၂၀၂၄-၂၀၂၅) ခုနှစ် ချမ်းမြသာစည်မြို့နယ်အတွက်အိမ်ခြံမြေ/အဆောက်အဦးတန်ဘိုးဖြတ်နှုန်းထားများ
10/04/2024

(၂၀၂၄-၂၀၂၅) ခုနှစ်
ချမ်းမြသာစည်မြို့နယ်အတွက်
အိမ်ခြံမြေ/အဆောက်အဦး
တန်ဘိုးဖြတ်နှုန်းထားများ

(၂၀၂၄-၂၀၂၅) ခုနှစ် ချမ်းအေးသာစံ မြို့နယ်အတွက်အိမ်ခြံမြေ/အဆောက်အဦးတန်ဘိုးဖြတ်နှုန်းထားများ
10/04/2024

(၂၀၂၄-၂၀၂၅) ခုနှစ်
ချမ်းအေးသာစံ မြို့နယ်အတွက်
အိမ်ခြံမြေ/အဆောက်အဦး
တန်ဘိုးဖြတ်နှုန်းထားများ

(၂၀၂၄-၂၀၂၅) ခုနှစ် ပုသိမ်ကြီးမြို့နယ် အတွက်အိမ်ခြံမြေ/အဆောက်အဦးတန်ဘိုးဖြတ်နှုန်းထားများ
10/04/2024

(၂၀၂၄-၂၀၂၅) ခုနှစ်
ပုသိမ်ကြီးမြို့နယ် အတွက်
အိမ်ခြံမြေ/အဆောက်အဦး
တန်ဘိုးဖြတ်နှုန်းထားများ

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက်လူနေတိုက်ခန်း/ကွန်ဒို/ရောင်းဝယ်ခြင်းများအပေါ်အခွန်စည်းကြပ်ရန် နှုန်းထားများနှင့်အဆောက်အဦဆောက်လု...
04/04/2024

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အတွက်
လူနေတိုက်ခန်း/ကွန်ဒို/ရောင်းဝယ်ခြင်းများအပေါ်အခွန်စည်းကြပ်ရန် နှုန်းထားများနှင့်
အဆောက်အဦဆောက်လုပ်ခြင်းအပေါ်အခွန်စည်းကြပ်ရန်နှုန်းထားများ။

ပြည်သူ့ စစ်မှုထမ်းဥပဒေ 2010/နိုဝင်ဘာလ/4ရက်နေ့ကပြဌာန်းခဲ့တဲ့ ဥပဒေကို10.2.2024 မှာ အာဏာ အတည်ပြု #ဖတ်ကြည့်ကြပါ
11/02/2024

ပြည်သူ့ စစ်မှုထမ်းဥပဒေ
2010/နိုဝင်ဘာလ/4ရက်နေ့က
ပြဌာန်းခဲ့တဲ့ ဥပဒေကို
10.2.2024 မှာ အာဏာ အတည်ပြု
#ဖတ်ကြည့်ကြပါ

မိဘက သားသမီးတစ်ယောက်အား ပစ္စည်းအားလုံးပေးခြင်းသည် တရားဝင်သလား?က။    အသက် ၇၂ နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူသည် မသေမီ ကိုးရက...
04/01/2024

မိဘက သားသမီးတစ်ယောက်အား ပစ္စည်းအားလုံးပေးခြင်းသည် တရားဝင်သလား?

က။ အသက် ၇၂ နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူသည် မသေမီ ကိုးရက်အလိုတွင် မှတ်ပုံတင်အရာရှိကို အိမ်သို့ခေါ်ယူပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရှိသမျှ ပစ္စည်း အားလုံးကို ၎င်းအား နှစ်ပေါင်းများစွာ ပြုစုသူအား ပေးကမ်းခဲ့သည်။ ဒေါ်ရွှေရီသည် နှစ်ပေါင်း အတော် ကြာ ကိုယ်ရေပြားရောဂါဖြစ်ပြီး မှတ်ပုံတင်စာချုပ်သည့် အချိန်တွင် မမာမကျန်းဖြစ်နေသည်။ ထို့ကြောင့် အဆိုပါ စာချုပ်ကို မြန်မာဓလေ့ထုံတမ်းဥပဒေနှင့်အညီ မညီညွတ်၍ တရားလွှတ်တော်မှ အတည်မပြုပေ။ တရားလွှတ်တော်မှ အကြောင်းနှစ်ရပ် ပြသည်။ ပထမ အကြောင်းမှာ သေခါနီးဆဲဆဲ ပေးကမ်းခြင်း ဖြစ်သည်။ ဒုတိယ အကြောင်းပြချက်မှာ သေသူသည် ရှိသမျှ ပစ္စည်းအားလုံးကို ပေးကမ်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်သိုင်း နှင့်ဒေါ်ငွတ် ( ၁၉၄၉ မတစ လွှတ်တော် ၄၇၁ )

ခ။ မြန်မာ ဗုဒ္ဓဘာသာ တစ်ဦးသည် မိမိပိုင်ပစ္စည်းကို ပေးကမ်းခွင့် မရှိဟု တားမြစ်ချက် မရှိပေ။ သို့ရာတွင် ဓမ္မသတ် သုံးဆယ်ခြောက်စောင်တွဲ အခန်း ၈၊ ပုဒ်မ ၇၅ အရ မြန်မာ ဗုဒ္ဓဘာသာတစ်ဦးသည် အမွေခံများ အတွက် ဝေခြမ်းစရာ အမွေပစ္စည်း မရှိခြင်း ဖြစ်သည့်အခါ ထိုသို့ ပေး ကမ်းခြင်းသည် မြန်မာဓလေ့ ထုံးတမ်း ဥပဒေ နှင့် ဆန့်ကျင်သည်ဟု မှတ်ယူကြရမည်ဖြစ်ပြီး ပေးကမ်းခြင်းကြောင့် ရရှိထားသည့်ပစ္စည်းကို အမွေပုံတွင် ထည့်သွင်း၍ ခွဲဝေယူကြရမည် ဖြစ်ပေသည်။
[ ဦးတင်ဝင်း ပါ- ၂နှင့် ဦးတင်ညွန့် ပါ -၃ ၁၉၈၃ မတစ ၁၉၁ ]။

ဂ။ မိခင်က သမီးနှစ်ယောက်အနက် တစ်ယောက်ကို အချင်းဖြစ်မြေနှင့် တိုက်ကို မှတ်ပုံတင်စာချုပ်ဖြင့် ပေး ကမ်းခဲ့သည်။ ယင်းသို့ ပေးကမ်းချိန်၌ အမွေဆိုင်ပစ္စည်းများအဖြစ် စိန်ရွှေရတနာ ပစ္စည်း ငါးမျိုးနှင့် ပရိဘောဂ များ ကျန်ရစ်ကြောင်း အမှုတွဲတွင် ပေါ်ပေါက်သည်။ တရားရုံးချုပ်က ဆုံးဖြတ်ရာ၌ မြန်မာဓလေ့ထုံတမ်းဥပဒေအရ အမွေဆိုင်ပစ္စည်း အားလုံကို ပေးကမ်းမှသာလျှင် ထိုပေးကမ်းခြင်းမှာ တရားမဝင် အထမမြောက်ခြင်း ဖြစ် သည်။ ဤအမှုတွင် မိခင်သည် အချင်းဖြစ် မြေနှင့်တိုက်ကို သမီးတစ်ဦးအား မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းချိန်တွင် အမွေဆိုင်ပစ္စည်းတချို့ ချန်လှပ် ပေးကမ်းခြင်းဖြစ်၍ မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းခြင်းသည် တရားဝင် ပေသည်။ [ [ ဒေါ်ရီရီ နှင့် ဒေါ်တင်တင် တရားရုံးချုပ် ၁၉၈၇ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၅၀]။

ဃ။ အမွေပုံ စီမံခန့်ခွဲပေးစေလိုမှုတွင် တရားပြိုင်က အချင်းဖြစ်ပစ္စည်းကို မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းပြီး ဖြစ်သည်ဟု ခုခံသည်။ မြန်မာ ဗုဒ္ဓဘာသာဝင်များသည် မိမိပိုင်ပစ္စည်းများကို သားသမီးများအနက်မှ တစ်ဦး တစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ်ချက် မရှိသော် လည်း ယင်းသို့ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ်လွန်သည့်အခါ အခြား အမွေဆိုင်များတွင် ဝေခြမ်းစရာ အမွေပစ္စည်း မကျန်တော့လျှင် အဆိုပါ ပေးကမ်းခြင်းမှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုပစ္စည်းကို အမွေပုံတွင် ထည့် သွင်း၍ ခွဲဝေကြရမည်သာ ဖြစ်သည်။
[ဦးတင်ဝင်း ပါ- ၂ နှင့် ဦးတင်ညွန့် ပါ-၃ ၁၉၈၃ မတစ ၁၉၁]

အပေး စာချုပ် ပယ်ဖျက်စေလိုကြောင်း သီးခြားစွဲဆိုရန် မလိုအပ်ချေ။
[ဒေါ်ဌေးဌေး နှင့် ဒေါ်သန်းတင် ၁၉၉၁ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၂၃၅၊ တရားရုံးချုပ် ( မန္တလေး )]

င။ ဦးရွှေဆင့်သည် ဒေါ်သန်းသန်း ( အမှတ် ၃ အယူခံတရားပြိုင် ) အား ရှိသည့် ပစ္စည်းအားလုံး ပေး ကမ်းခြင်းမဟုတ်ဘဲ ထိုက်သည့်အား လျော်စွာ ပေးကမ်းခြင်းသာဖြစ်ကြောင်း တွေ့ရှိရပေသည်။ မြန်မာဗုဒ္ဓဘာ သာဝင်များသည် မိမိပိုင် ပစ္စည်းများကို သားသမီးအနက်မှ တစ်ဦးတစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ် ချက် မရှိသော်လည်း ယင်းသို့ ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ်လွန်သည့်အခါ အခြားအမွေဆိုင်များတွင် ဝေ ခြမ်းစရာပစ္စည်း မကျန်တော့လျှင် အဆိုပါပေးကမ်းခြင်းမှာ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည် ဟု မှတ်ယူရမည်ဖြစ်သည်။
( ဦးတင်ဝင်း ပါ ၂ နှင့် ဦးတင်ညွန့်ပါ ၃ ၊ ၁၉၈၃ မတစ၊ ၁၉၁ )ကို ရည်ညွှန်းသည်။ ထို့ကြောင့် မန္တလေး တိုင်းတရားရုံးက ဒေါ်သန်းသန်းအား ပေးကမ်းသည့် အပေးစာချုပ်သည် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း တွေ့ရှိရပေသည်။
( ဦးအောင်မြင့် နှင့် ဒေါ်ခင်စိန်မေ ပါ ၃၊ တရားရုံးချုပ် ( မန္တလေး) တရားမ ပထမအယူခံမှု အမှတ် ၁၅၆/၂၀၀၁( ၁၇-၁၂-၂၀၀၁ )။

စ။ ဥပဒေနှင့်အညီ ချုပ်ဆိုထားသည့် မေတ္တာဖြင့်ပေးကမ်း စာချုပ်ကို အနိုင့်အထက်ပြုမှု၊ မတရား သြဇာလွှမ်းမိုးမှု၊ လိမ်လည်မှု သို့မဟုတ် အလွဲ ပြောဆိုမှု တစ်ခုခုကြောင့် ချုပ်ဆိုခဲ့ရခြင်းဖြစ်၍ တရားမဝင်ဟု စွပ်စွဲ ပြော ဆိုလာပါက ထိုစွပ်စွဲချက်ကို ထင်ရှားအောင် သက်သေပြရန် ထိုသူတွင် တာဝန်ရှိသည်။ မိဘသည် သားသမီးတစ်ဦးအား ပစ္စည်းပေးကမ်းရာ၌ အမွေပစ္စည်းအားလုံး ပေးကမ်းခြင်း မဟုတ်လျှင် မြန်မာ့ဓလေ့ ထုံး တမ်းဥပဒေအရ အဆိုပါ ပစ္စည်း ပေးကမ်းခြင်းသည် တရားဝင်သည်။
[ဒေါ်တုတ်တုတ်ပါ-၄ နှင့် ဒေါ်စိန်စိန်ဝင်း ( ခ) ဒေါ်လှကြီး ပါ-၃ ၂၀၀၃ မတစ ၁၁၅]။
( အညွှန်း ဦးမြစိန် ၊ တရားမလမ်းညွှန်စီရင်ထုံးများ၊ စာ ၁၅၁ ) ။
#ပြန်လည်ကူးယူတင်ပြခြင်း

Phone ဆိုင် တွေ Phone accessories ဆိုင်တွေအတွက် သတိရှိကြဖို့ လိုပါမယ် ဥပဒေဆိုတာ လူတိုင်းနားလည်ထားသင့်ပါတယ် စာဖတ်ရမှာ ပျင...
04/01/2024

Phone ဆိုင် တွေ Phone accessories ဆိုင်တွေအတွက် သတိရှိကြဖို့ လိုပါမယ်
ဥပဒေဆိုတာ လူတိုင်းနားလည်ထားသင့်ပါတယ်

စာဖတ်ရမှာ ပျင်းရင်တော့ မတက်နိုင်ပါ 😂😂😂
သတိရှိစေဖို့ ထပ်တင်ပေးလိုက်ပါတယ်
ဝင်ဖတ်ကြည့်ပါ
09798848894
09984089400

, SP ဆိုတာဘာလဲ၊ ဘယ်လိုအသုံးပြုရမလဲအထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power )အထွေထွေကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်...
30/12/2023

, SP ဆိုတာဘာလဲ၊ ဘယ်လိုအသုံးပြုရမလဲ

အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှ အခြားလူတစ်ဦးသို့ ၎င်းပိုင်ဆိုင်သော မရွှေ့ မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အရပ်ရပ်ကိစ္စအားလုံးအတွက် ၎င်းကိုယ်တိုင် ဆောင်ရွက်ဘိသကဲ့သို့ ၎င်းကိုယ်စားလက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် ခန့်အပ်သည့် ကိုယ်စားလှယ်လွှဲခြင်းကို ဆိုလိုသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power)
အထူးကိုယ်စားလှယ်လွှဲစာဆိုသည်မှာ လူတစ်ဦးမှမိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။ (အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက်ပိုင်ဆိုင်သူမှ တစ်ဆင့်ဝယ်ယူသို့ ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာရုံးဌာနအသီးသီးတွင်လိုက်လံ ဆောင်ရွက်နိုင်ရန် အထူးကိုယ်စားလှယ်လွှဲစာကိုသာ ပေးကျခြင်းဖြစ်ပါသည်။

အထူးကိုယ်စားလှယ်လွှဲစာ SP (Special Power) သတိပြုရမည့်အချက်များ

- SP ပေးသည်ဆိုရာ၌ မြေအမည်ပေါက်သူကိုယ်တိုင်ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ SP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီးထပ်ဆင့် SP လွှဲပေးလို့မရပါ။
- SP ပေးလို့ရသော မြေများမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေတို့မှာ SP ပေးလို့မရပါ။
- လယ်မြေ နှင့် ဥယျာဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက SP ပေးလို့ရပါသည်။
- SP လွှဲအပ်ရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့်မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်လည်းကောင်း မှတ်ပုံတင်ပြီးပေးမှ တရားဝင်မည် ဖြစ်ပါသည်။
အထွေထွေကိုယ်စားလှယ်လွှဲစာ GP ( General Power ) သတိပြုရမည့်အချက်များ
- GP ပေးသည်ဆိုရာ၌ မိမိ၏ ပိုင်ဆိုင်သမျှအရာအားလုံးကို လွှဲအပ်ခံရသူအား မိမိကိုယ်စား လုပ်ခွင့်ပေးခြင်းဖြစ်ပြီး GP ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့်ပတ်သက်ပြီး ထပ်ဆင့် GP လွှဲပေးလို့မရပါ။

SP, GP ကို ဘယ်လိုလွှဲအပ်မလဲ။
- သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင်လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် လည်းကောင်း လွှဲအပ်သူ၊ သက်သေ (၂) ဦးတို့ လက်မှတ်ရေးထိုး၍ လူကိုယ်တိုင်လိုက်ပါဆောင်ရွက်ရန်လိုအပ်ပါတယ်။
- လွှဲအပ်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊ သတိကောင်းကြောင်း အထောက်အထားများရယူပြီး သက်ဆိုင်ရာရုံးကို ပြင်ပသို့လိုက်ပါ မှတ်ပုံတင်ပေးရန်(ကော်မရှင်နာ) လျှောက်ထားပါက သက်ဆိုင်ရာအရာရှိမှ နေအိမ်သို့ လိုက်ပါ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
- လွှဲအပ်မည့်သူက နိုင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိုင်ငံမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးရှိ တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်။ သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်။ သံရုံးရော၊ ကောင်စစ်ဝန်ရုံးရောမရှိတဲ့ ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရမှာဖြစ်ပါတယ်။
- လွှဲအပ်မည့်သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူးရှေ့မှောက်မှာ လွှဲရပါတယ်၊ ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်းမှူးရှေ့မှာလွှဲအပ်ရယူနိူင်ကြပါတယ်။
Special Power ၊ General Power တွေဟာ အခြေအနေ (၇) မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။အဲဒီအခြေအနေတွေကတော့ -

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။
(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူကအကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။
(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည် SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝ ပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။
(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း SP, GP တို့ကို လွှဲအပ်သူ(သို့) လွှဲအပ်ခြင်းလက်ခံသူ တစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထို SP, GP တွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ရောက်ပါတယ်။
(၅) ရူးသွပ်ကြခြင်း အလားတူပင် SP, GP တို့ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။
(၆) နှစ်ရှည်ထောင်ကျခြင်း SP, GP တို့ကို လွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည် အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။
(၇) လူမွဲအဖြစ်ခံယူကြခြင်း SP, GP တို့ကို လွှဲအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။

Credit လေးစားစွာဖြင့်

ပုံစံ၇ (အတု အစစ်) စစ်ဆေးလို့ရနိုင်မဲ့နည်းလမ်းမေး။ ပုံစံ (၇) ဟာ ပေါင်နှံရောင်းချခြင်း၊ ငှားရမ်းလဲလှယ်ခြင်း၊ ပေးကမ်းခြင်းတ...
30/12/2023

ပုံစံ၇ (အတု အစစ်) စစ်ဆေးလို့ရနိုင်မဲ့နည်းလမ်း

မေး။ ပုံစံ (၇) ဟာ ပေါင်နှံရောင်းချခြင်း၊ ငှားရမ်းလဲလှယ်ခြင်း၊ ပေးကမ်းခြင်းတွေ လုပ်လို့ရလာတဲ့အတွက် အတုပြုလုပ်ပြီး တလွဲအသုံးချနေတာကို မကြာခဏကြားရပါတယ်။ ကိုယ့်လက်ထဲရောက်လာတဲ့ ပုံစံ (၇) အတု၊ အစစ်ကို ဘယ်လိုစစ်ဆေးလို့ရမလဲ။ ဘယ်မှာ စစ်ဆေးလို့ရမလဲ။
ဖြေ။ ပုံစံ (၇) ပေးတဲ့ လုပ်ထုံးလုပ်နည်းက တော်တော် ရှုပ်ထွေးပါတယ်။ ရက်ပေါင်း ၁၀၀ကျော် ကြာပါတယ်။
ပုံစံ ၁
ကို ကျေးရွာမှာ အခမဲ့ဖြန့်ဝေပါတယ်။ ဒါကို တောင်းပြီးလျှောက်ရပါတယ်။ လျှောက်ကတည်းက ပုံစံ (၁)မှာ နာမည်၊ ဘယ်ကမြေဆိုတာက ပါပြီးသားပါ။ နောက် ကန့်ကွက်လွှာကို ခေါ်ပါတယ်။ နောက်တဆင့်
ပုံစံ ၃
မှာ လုပ်ပိုင်ခွင့် လျှောက်တဲ့သူတွေ တန်းစီပြီး မှတ်ပုံတင်ထားတာပါ။ ဘယ်သူတွေက၊ ဘယ်မြေတွေကို လျှောက်လဲဆိုတာ ထပ်တင်ရပါတယ်။ ပုံစံ ၁ မှာပါတဲ့သူတွေကဟာ ပုံစံ ၃ မှာဆက်ပြီး မှတ်ပုံတင် (Register) သွင်းရပါတယ်။
ပုံစံ ၄
က အစီရင်ခံစာပါ။ ဘယ်သူက၊ ဘယ်မြေဧက၊ ဘယ်ကမြေ၊ စစ်ဆေးတွေ့ရှိချက်က ဘယ်လို ဆိုတာတွေ စစ်ရပါတယ်။ နောက် မြို့နယ်မြေစာရင်းက စစ်ပြီးရင် မြို့နယ်လယ်စီရဲ့ သဘောထားမှတ်ချက်နဲ့ ခရိုင်လယ်စီ ဆီပို့ပါတယ်။ ခရိုင်လယ်စီက ကြည့်ပြီးတော့ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ပါတယ်။ ခရိုင်လယ်စီက ခွင့်ပြုတယ် ဆိုရင် မြို့နယ်မြေစာရင်းဌာနကို အကြောင်းကြားပါတယ်။ ပုံစံ (၇) ခွင့်ပြုတဲ့ စာပေါ့။ ဒီအကြောင်းကြားစာရမှ မြို့နယ်က
ပုံစံ ၅
ဆိုတဲ့ မှတ်တမ်းကြီးမှာ မှတ်တမ်းတင်ရပါတယ်။ အဲလိုမှတ်တမ်းတင်ပြီးမှ မှတ်ပုံတင်ကြေး ၅၀၀ ပေးရပြီး ပုံစံ (၇) ထုတ်ပေးပါတယ်။
*** ဒါကြောင့် ပုံစံ (၇) ရဖို့ဆိုရင် ပုံစံ ၁ မှာလည်း အမည်ပေါက်ရမယ်။ ၃ မှာလည်းပါမယ်၊ ၄ မှာတစ်ခါပါမယ်၊ ၅ မှာ လည်း ပါမယ်ပေါ့။ ပြီးမှ ပုံစံ (၇) ဖြစ်တာပါ။ ဒါကြောင့် ဒီပုံစံတွေမှာ နာမည်မပေါ်ပဲနဲ့ ပုံစံ (၇) တစ်ခုတည်းကိုင်ထားရင် (၇ မှာပဲ နာမည်ပေါက်နေရင်) ဒါက တရားမဝင်ပါဘူး။
နောက်ထပ် စိစစ်နိုင်တာတခုက ကျေးရွာမှာ ...
ပုံစံ ၁၁
ဆိုတာရှိပါတယ်။ အဲမှာ ပုံစံ (၇) ရသူတွေကို မှတ်တမ်းတင်ထားပါတယ်။ နောက်တခုက ပုံစံ (၇) ပွားနေတာက မြေယာမှုခင်းဖြစ်တယ်။ ကျေးရွာမှာဖြစ်တယ်။ နောက်မြို့နယ်ကို တက်လာတယ်။ တက်လာပြီဆိုရင် ပုံစံ (၇) ကို အဲဒီအဖွဲ့ကို အပ်ရပါတယ်။ တိုင်းအဆင့်ဆုံးဖြတ်ပြီးမှ ပြန်ပေးရပါတယ်။ လယ်သမားကလည်း ဒါလေးကိုပေါင်စားတော့ မအပ်တဲ့အခါမှာ အမှုကိုဆက်စစ်ပါတယ်။ တိုင်းဒေသကြီးပြည်နယ်အဆင့်က ဒါကို အပြီးသတ်ဆုံးဖြတ်ပါတယ်။
*********************************
*** ဆုံးဖြတ်ပြီးရင် နာမည်ပြောင်းပေးရတော့မယ်။ ရှုံးတဲ့သူကလည်း ပုံစံ (၇) လာမအပ်ဘူး။
*** မအပ်ရင် နိုင်တဲ့သူကို အသစ်ထုတ်ပေး ရပါတယ်။
*** ရှုံးတဲ့သူလက်ထဲမှာရှိတဲ့ ပုံစံ (၇) သည် တရားမဝင်ကြောင်း စာထုတ်တယ်၊ ဖျက်သိမ်းတယ်၊
*** လယ်စီအဆင့်ဆင့်ကို ပို့တယ်။
*** သက်ဆိုင်တဲ့ စိုက်ပျိုးစရိတ်ချေးတဲ့ ဘဏ်တွေအဆင့်ဆင့်ကို ပို့တယ်။
*** အုပ်ချုပ်ရေး အာဏာပိုင်တွေကို ပို့တယ်။
*********************************
ဒီတော့ မူလ ရှုံးထားတဲ့သူဆီမှာလည်း ပုံစံ (၇) ရှိတယ်။ နိုင် တဲ့သူဆီမှာ လည်းပုံစံ (၇) ရှိတယ်။ မူလ ရှုံးထားတဲ့သူဆီမှာလည်း ပုံစံ (၇) ကတရားမဝင်တော့ဘူး။ ဒါကို အတု လုပ်ပြီးရောင်းစားနေရင် အတုလားအစစ်လားဆိုတာ ကျေရွာမှာကပ်တဲ့ နို့တစ်စာ (Notices) တွေရှိမယ် ၊ နောက် သက်ဆိုင်ရာလယ်စီတွေမှာစုံစမ်းရင် ရနိုင်ပါတယ်ဆိုတာ ဖြေကြားချင်ပါတယ်။
Crd
လယ်ယာမြေပြဿနာ (ဥပဒေရေးရာ အမေးအဖြေ) မြေယာဥပဒေနှင့်မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ ဆရာဦးဇော်မင်းကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်း။

DVB မှ ကူးယူတင်ပြပါသည်။ By DVB 4 March 2019 #ဥပဒေရေးရာ

မြေခွန်ပြေစာမှာ မမြဲဦးပိုင် (N-1, N-2, N-3 စသည်ဖြင့်) ဦးပိုင်နံပါတ်ရေးထိုး ထားသော လယ်ယာမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွ...
30/12/2023

မြေခွန်ပြေစာမှာ မမြဲဦးပိုင် (N-1, N-2, N-3 စသည်ဖြင့်) ဦးပိုင်နံပါတ်ရေးထိုး ထားသော လယ်ယာမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ယူရရှိရေး...။

မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (မြေစာရင်း)၏ မြေပုံနှင့် မှတ်ပုံစာရင်းများတွင် မြေမျိုးအတန်းအစား Gn မမြဲဦးပိုင်၊ မြေခွန်ပြေစာတွင်(N-1, N-2, N-3) မြေစာရင်းပေါက်နေရာများနှင့် ပတ်သက်ပြီး ထိုမြေကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) (အရပ်ခေါ် စာအုပ်အစိမ်း) ရလိုကြပါသည်။ လယ်ယာမြေနှင့် စပ်ဆိုင်သော မြေမျိုးကြီးများ၌ လယ်ယာမြေဟူသော စကားရပ်တွင် အများအားဖြင့် အောက်ပါမြေမျိုးကြီးများ ပါ၀င်ပါသည်-
(၁) လယ်မြေ (R, RG, RP, P စသည်)
(၂) ယာမြေ ( Y )
(၃) ဥယျာဉ်ခြံမြေ (G)
(၄) ဓနိမြေ (D)
(၅) တောင်ယာ (TY)
(၆) ကိုင်း/ကျွန်းမြေ (K)
(၇) ရော်ဘာမြေ (RR)

မှတ်ချက်။ အိမ်ခြံဥယျာဉ် (သို့) သစ်ပင်၊ သစ်သီး၀လံ (သို့) ဝါးခြံလည်း ပေါက်ရောက်ပြီး အိမ်ယာဆောက်လုပ် နေထိုင်လျက်ရှိသောမြို့မြေ၊ ရွာမြေနှင့် ဆက်စပ်လျက်ရှိသည့် မြေများကိုမူ RG ဟု မှတ်သားလေ့ရှိသည်။ Gn မြေဆိုသည်မှာ မြေမျိုးအတန်းအစားကို Garden Land New ဟု အလွယ်တကူ ရေးမှတ်ကြသည်ဟု ဆိုပါသည်။

မြေခွန်ပြေစာမှာတော့ မမြဲဦးပိုင်အဖြစ် (ဥပမာ N-1, N-2, N-3 စသည်ဖြင့်) ဦးပိုင်နံပါတ်ရေးထိုးကြပါသည်။ ၎င်း Gn မြေမျိုးမှာ ဟိုရှေးပဝေသဏီကတည်းက ရှိခဲ့ပြီး ၎င်း Gn မြေမျိုးကို မကြားဖူးကြပါ။

ထို Gn ဟူသော မြေများသည် N ဦးပိုင်ဖြစ်၍ (ပုံစံ-၇) လျှောက်ထား၍မရဟု ပြောလေ့ရှိကြသည်။ (ပုံစံ-၇) မရပါက ထိုမြေကို ၀ယျယူသူ (သို့) လွှဲပြောင်း လက်ခံသူ (သို့) အမွေဆက်ခံ ရရှိသူသည် မည်သို့သောနည်းနှင့်မျှ နာမည်ပြောင်း၍မရ၊ အခြားနည်းအသုံးပြုခွင့်မရ၊ မြေအမျိုးအစားတစ်ခုမှ အခြားမြေ အမျိုးအစားတစ်ခုသို့ ပြောင်းလဲခွင့် မရနိုင်ကြောင်း သိရပြန်ပါသည်။ ထိုမြေတွင် လုပ်ကိုင်သည့် တောင်သူများမှာ ပိုင်ဆိုင်မှု (သို့) ခိုင်မာသည့် အထောက်အထားဟူ၍ ဌာနမှ နှစ်စဉ်စည်းကြပ် မြဲဖြစ်သော မြေခွန်ပြေစာ (မြေစာရင်းပုံစံ-၈) စာရွက်သာ ရှိပါသည်။

မမြဲဦးပိုင် N ဦပိုင်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မြေစာရင်း လက်စွဲဥပဒေ (လက်ရှိအသုံးပြုဆဲ) အပိုဒ် (၁၂၁၄ မှ ၁၂၁၉ အထိ) အရ ယခင်က မြေစာရင်း၀န်ထမ်းများသည် မမြဲဦးပိုင်များ၏ အတည်မကျသေးသော မြေနယ်ခြားများကို တိုင်းတာ၍ ခဲဖြင့်သာ မှတ်သားရသည်။ လက်ရှိ စိုက်ပျိုးကွက်များ တိုးချဲ့များပြားလာသော ကွင်းများနှင့် စပ်လျဉ်း၍ ထိုမြေပုံကို အသုံးပြုရန် ခရိုင်လယ်၀န်က သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုကွင်းများ၌ မမြဲဦးပိုင်များ၏ နယ်ခြား များကို ပထမနှစ်မြေပုံကို စတင် အသုံးပြုသောနှစ်တွင် ဦးပိုင်ခြားများကို ခဲစက်မျဉ်းကြောင်းဖြင့်လည်းကောင်း

ဒုတိယနှစ်တွင်
ဦးပိုင်နယ်ခြားပြောင်းလဲမှု မရှိလျှင် လွန်ခဲ့သောနှစ်ကအတိုင်း ထားရှိ၍ ဦးပိုင်ကို လုံး၀စွန့်လွှတ်ခဲ့လျှင် ထိုဦးပိုင်ကို မြေပုံပေါ်မှ ဖျက်ပစ်ရမည်။ ဦးပိုင်ခြားအသစ် လွှဲပြောင်းလာခြင်းကို ခဲမျဉ်းဖြတ်ဖြင့်ပြသ၍ ထိုသို့ပြောင်းလဲသွားသည့် လွန်ခဲ့သောနှစ်က နယ်ခြားဟောင်းကို ခဲဖြင့်ခြစ်ဖျက်ပစ်ရမည် ဟူ၍လည်းကောင်း၊

တတိယနှစ်တွင်လည်း ထိုနည်းများအတိုင်း လိုက်နာမှတ်သား၍ ရှိရင်းစွဲမမြဲဦးပိုင်နှင့် နောက်ထပ် မမြဲဦးပိုင်များ၏ နယ်မြေခြားကို ခဲစက်နှင့် ခဲမျဉ်းပြတ်နှစ်ခုကို ပြုလုပ်သည့်မျဉ်းကြောင်းဖြင့် ပြသရမည်ဟူ၍လည်းကောင်း ဖော်ပြ
ထားသည်။

စတုတ္ထနှစ်တွင်မူ မြေပုံတစ်ချပ် လဲလှယ်အသုံးပြုရပြီး ဤသို့လဲလှယ်ရာတွင် အထက်တွင်ဖော်ပြထားသော နည်းလမ်းအတိုင်း
လိုက်နာရမည်။ ဆိုလိုရင်းမှာ ရှိရင်းစွဲမမြဲဦးပိုင်များ၏ နယ်နိမိတ်ကို ခဲစက်မျဉ်းကြောင်းဖြင့် ပြရမည်ဖြစ်သည်။ ဤစည်းကမ်း၏ အဓိက ရည်ရွယ်ချက်မှာ မမြဲဦးပိုင်တစ်ခု၏ ရာဇ၀င်ကို အလွယ်တကူ ရှာဖွေတွေ့ရှိရန် ဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင်ဤနည်းလမ်းအတိုင်း ဆောင်ရွက်သော ကွင်းများတွင်သော်လည်းကောင်း၊ ဦးပိုင်အတွက် နောက်ဆက်တွဲမှတ်ပုံတင်စာရင်း (၁-က) ထားရှိသော ကွင်းများတွင်
လည်းကောင်း၊ ဦးပိုင်အမှတ်များကို နှစ်စဉ်ပြောင်းလဲခြင်းမပြုရ။ အကယ်၍ မမြဲဦးပိုင် တစ်ခုကို စွန့်လွှတ်ခဲ့လျှင်ဖြစ်စေ၊ အမြဲဦးပိုင်သို့ပြောင်းလဲပေးလိုက်သည်ဖြစ်စေ ၎င်း၏ မမြဲဦးပိုင်အမှတ်သည် မမြဲဦးပိုင် အမှတ်စဉ်မှ ကွယ်ပျောက်သွား လိမ့်မည်ဟု ဖော်ပြထားပါသည်။

မြေစာရင်းလက်စွဲဥပဒေအပိုဒ် - ၁၂၁၈ (င) တွင် ပြဋ္ဌာန်းထားသည်မှာ အခွန်တော်မြေတိုင်းစာရေ ပြုလုပ်ထားသော မမြဲဦးပိုင်၏ စာရင်းကို ကွင်းနှင့် အုပ်စုရုံးခန်းစစ်ဆေးသည့် အရာရှိများထံ သိသာရန်တင်ပြရမည်။ စစ်ဆေးသည့်အရာရှိသည် ၎င်းစာရင်းကို စစ်ဆေး၍
မြေစာရင်းလက်စွဲဥပဒေအပိုဒ် - ၁၁၁၇ အရ အရေးယူဆောင်ရွက် ရမည်ဟူသော အချက်ဖြစ်ပါသည်။

မြေစာရင်း လက်စွဲဥပဒေ အပိုဒ် (၁၁၁၇) အရ ကွင်းစစ်ဆေးစဉ်အတွင်း စစ်ဆေးသောဌာနဆိုင်ရာ အရာရှိ အားလုံးသည် မမြဲဦးပိုင်အားလုံးတို့ကို မြေပေါ်တွင် စစ်ဆေးကြည့်ရှုပြီးလျှင် အမြဲဦးပိုင်စာရင်းတွင် ထည့်သွင်းသင့် သည်ဟု ထင်မြင်ယူဆသောဦးပိုင်များကို ထိုသို့ ထည့်သွင်းရန် အမိန့်ချမှတ်ရမည်။ ထိုသို့ အမိန့်ချမှတ်သည့်အခါ မြေတိုင်းစာရေးသည် မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၉၃၀) တွင် ဖော်ပြထား ချက်များအရ ဒုတိယအကြိမ် ကွင်းဆင်းသည့် အချိန်ကာလအတွင်း မြေကို မှန်ကန်စွာတိုင်းတာ၍ အမြဲဦးပိုင်စာရင်းတွင် ထည့်သွင်းရ မည်ဟု ဖော်ပြပြဋ္ဌာန်းထားပါသည်။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် (၉၃၀) အရ အခွန်တော် မြေတိုင်းစာရေးသည် ကွင်းဆင်းသည့်အခါ မြေပုံများကို တည်ဆဲနေ့ရက်အထိ မှန်ကန်အောင် ပြုလုပ်ထားရှိရန် တာ၀န်ရှိကြောင်းနှင့် အမြဲဦးပိုင်အဖြစ် ပြောင်းလဲရမည့် မမြဲဦးပိုင်များကို တိုင်းတာ၍ မှတ်ပုံစာရင်း (၁-က) တွင် ရေးသွင်းရန် အထူးအရေးကြီးပါသည်ဟု ညွှန်ကြားထားပါသည်။ မမြဲဦးပိုင်များသည် လုပ်ကွက် တည်ငြိမ်ခိုင်မြဲပါက ဌာန၏ လုပ်ထုံးလုပ်နည်းအရ အနည်းဆုံး သုံးနှစ်ကျော်လွန်သော် အမြဲဦးပိုင် ဖြစ်ကိုဖြစ်ရပေမည်။ အမြဲဦးပိုင်ဖြစ်သွားလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) လျှောက်ထား ရယူ ကိုင်ဆောင်နိုင်မည် ဖြစ်ပါသည်။

ခြုံငုံ၍သုံးသပ်ရသော် နှစ်ကာလကြာမြင့်စွာ N ဦးပိုင်သတ်မှတ် ထားသော မမြဲဦးပိုင်များသည် မြေစာရင်း လက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း သက်ဆိုင်ရာဌာန ကွင်း၀န်ထမ်းများက တာ၀န်သိသိ၊ တာ၀န်ရှိရှိဖြင့် လိုက်နာဆောင်ရွက်ပါက ယခု အချိန်ဆိုလျှင် အမြဲဦးပိုင်များအဖြစ် တည်ရှိနေမည်ဖြစ်ပြီး ထိုအမြဲဦးပိုင်များ လက်၀ယ်ထားသူ တောင်သူ လယ်သမားများ အနေနှင့်လည်း မြေခွန်ပြေစာအစား သားစဉ် မြေးဆက် ခိုင်မာသည့် အထောက်အထားလက်မှတ် (ပုံစံ-၇) ကို ရယူကိုင်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
#ဥပဒေရေးရာ

ကျွန်မက တိုက်ခန်းတစ်ခန်းကို ရောင်းပေါင်စာချုပ်ချုပ်ပြီး ငွေချေးခဲ့ပါတယ် ။ ဒါပေမဲ့ မြေရှင်နှင့်ကန်ထရိုက် က ပေါင်ထားတဲ့ အခ...
30/12/2023

ကျွန်မက တိုက်ခန်းတစ်ခန်းကို ရောင်းပေါင်စာချုပ်ချုပ်ပြီး ငွေချေးခဲ့ပါတယ် ။ ဒါပေမဲ့ မြေရှင်နှင့်ကန်ထရိုက် က ပေါင်ထားတဲ့ အခန်းကို ပိုင်ဆိုင်မှု စာချုပ်အသစ်တွေ လုပ်ပြီး ပြန်မရွေးတော့တဲ့အတွက် ငွေလည်းဆုံး ၊ ပစ္စည်းလဲဆုံး ဆိုသလိုဖြစ်နေပါတယ် ။ ဥပဒေ အရအကာအကွယ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံ ဉာဏ်တောင်းခံပါရစေရှင် ။
=======================

အဲ့ဒီမှာ အရေးကြီးတာက ကိုယ်က အဝယ်ပြလိုက်တာကိုး။ အမှန်ကတော့ ငွေချေးလိုက်တာ။ ဒါကို တိုက်ခန်း ကို အဝယ်ပြတာ ။ အဝယ်ပြလု့ိ တကယ်ဝယ်တယ်ဆိုရင် မြေရှင်ကလက်မှတ်ထိုးရတယ်လေ။ မြေရှင်ရဲ့အသိ အမှတ်ပြုမူ လိုအပ်တယ်။ ပြီးတော့လည်း မြေရှင်ကို လခပေးရတယ်။ ပေးတော့မှ မြေရှင်က ကိုယ့်နာမည်နဲ့ ပြေစာပေးတာကိုး။ ဒီတော့မှ ကိုယ်က ဒီတိုက်ခန်းကို ဝယ်ထားတယ် ၊ ငှားထားတယ် ဆိုတဲ့အချက်ဟာ ပေါ် လွင်တာပေါ့။ သူက ဝယ်တော့ ဝယ်ထားတယ် ..အဝယ်တော့ပြထားတယ်.. မြေရှင်အသိမှတ်မပြုဘူး။ နောက် တစ်ခါ မြေရှင်ကိုလည်း လခမပေးဘူးဆိုရင် .. ဒါကတကယ်ဝယ်တဲ့သဘော မသက်ရောက်တော့ဘူး။ ဟန် ဆောင်ဝယ်တဲ့သဘော သက်ရောက်နေတယ်။ အဲ့ဒီလို ပြဿနာတွေကအများကြီးပဲ ။ ဒါကြောင့် မြေရှင်နဲ့ ကန်ထရိုက်တာက သူ့ဖာသာသူ နာမည်တွေပြောင်းပြီး ရောင်းလိုက်တယ်ဆိုတော့ ရောင်းလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင်.. မြေရှင်ကိုမှ လက်မှတ်ထိုးခိုင်းထားတာ မရှိပဲ။ သူဝယ်တဲ့စာချုပ်မှာ မြေရှင်ကသာ ထိုးထား ရင် မြေရှင်က နောက်လူကို ရောင်းလို့မရတော့ဘူး ။ ဒီမှာရောင်းထားပြီးသား ။ နောက်လူကို သူရောင်းလို့ မရတော့ဘူးလေ။ အဲဒါက ငွေထုတ်ပေးပြီးတော့ ဒီလိုရောင်းပေါင်လုပ်တဲ့လူတွေရဲ့ အားနည်းချက်ပဲ။ အဲဒီအား နည်းချက်ကြောင့် မြေရှင်လည်း သူဝယ်ထားတဲ့စာချုပ်မှာ လက်မှတ်မထိုးဘူး။ မြေရှင်ကိုလည်းသူက ဝယ်ပြီး တော့ နေတဲ့ကာလတွေမှာ လခမပေးဘူးဆိုတော့ .. သူက ဟန်ဆောင်ဝယ်ထားတဲ့ စာချုပ်အနေနဲ့ သာ ဖြစ်တဲ့အတွက် ဒီစာချုပ်ကို အခြေပြုပြီး အခန်းရဖို့ဆိုတဲ့ အခြေအနေအားဖြင့်တော့ မပေးဘူးဆိုတာ ဖြေကြား ချင်ပါတယ်။
credit လေးစားစွာဖြင့်ပြန်လည်မျှဝေသည်

#ပေါင်နှံခြင်း
ဖြေဆိုသူဆရာဦးကျော်ဇေယျ

Address

Patheingyi Township
Mandalay

Telephone

+959798848894

Website

Alerts

Be the first to know and let us send you an email when WYP Justic Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WYP Justic Law Firm:

Share

Category