Comet Legal

Comet Legal Legal Knowledge network

စစ်မေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများသက်သေခံဥပဒေမှတ်စု၁။စပ်ဆိုင်သည့်အချက်ကိုသာမေးရမည်။(သက်​သေခံဥပဒေပုဒ်မ-၅၊၁၃၈)၂။မစပ်ဆိ...
15/06/2023

စစ်မေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
သက်သေခံဥပဒေမှတ်စု

၁။စပ်ဆိုင်သည့်အချက်ကိုသာမေးရမည်။
(သက်​သေခံဥပဒေပုဒ်မ-၅၊၁၃၈)

၂။မစပ်ဆိုင်သော်လည်းစပ်ဆိုင်သည့်အချင်းအရာကို
ပိုမိုခိုင်လုံစေသည့်အကြောင်းအရာများကိုမေးခွင့်ရသည်။
(သက်သေခံဥပဒေပုဒ်မ- ၁၅၆)

၃။နိမိတ်ပြမေးခွန်းကိုမေးခွင့်ရသည်။
(သက်သေခံဥပဒေပုဒ်မ-၁၄၂၊၁၄၃)

၄။သင့်လျော်သောအကြောင်းယုတ္တိမရှိသည့်မေးခွန်းကိုမမေးသင့်။
(သက်သေခံဥပဒေပုဒ်မ-၁၄၉)

၅။
(က)မတင့်တယ်သောမေးခွန်း
(ခ)အသရေယုတ်စေသောမေးခွန်း
(ဂ)အငြင်းထွက်အချင်းအရာနှင့်ဖြစ်စေ၊အငြင်းထွက်အချင်းအရာရှိမရှိ၊ဆုံးဖြတ်ရန်ချင့်ချိန်ရသည့်အကြောင်းအရာနှင့်ဖြစ်စေမသက်ဆိုင်သည့်မေးခွန်းတို့ကိုတရားရုံးကတားမြစ်နိုင်သည်။
(သက်သေခံဥပဒေပုဒ်မ-၁၅၁)

၆။မလေးမခန့်ပြုလိုသောဆန္ဒဖြင့်မေးသည့်မေးခွန်း၊
မေးသင့်သည့်မေးခွန်းဖြစ်သော်လည်းအကြောင်းမဲ့ထိခိုက်သည့်မေးခွန်းမျိုးကိုမမေးရ။
(သက်သေခံဥပဒေပုဒ်မ-၁၅၂)

ဆက်လက်ဖော်ပြပါမည်။

ဦးစစ်အေးပါ -၃ နှင့် ဦးကျင်ရွှေ၁၉၈၉ခုနစ်၊မတစ၊စာ-၂၄တံဆပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသောစာချုပ်တစ်ရပ်ကိုပစ္စည်းလွှဲပြေ...
15/06/2023

ဦးစစ်အေးပါ -၃ နှင့် ဦးကျင်ရွှေ
၁၉၈၉ခုနစ်၊မတစ၊စာ-၂၄

တံဆပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသောစာချုပ်တစ်ရပ်ကိုပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၅၃(က)
အလို့ငှာအသုံးပြုခွင့်မရှိချေ။

16/05/2023

ခုခေတ်က စာချုပ်ကို လူတိုင်းချုပ်တတ်ကြပါတယ်။
ရုံး၀င်ထွက်‌နေ ကျ အထာသိလို့ကတော့ အသင့်ရေးစာချုပ်တွေနဲ့ လိုအပ်တဲ့ အမည်တွေ ပစ္စည်းတွေနေရာကို အစားထိုးထည့်ချုပ်လိုက်ရုံပါပဲ။ ဥပဒေသိသူတွေတောင် စာချုပ်ရုံးမှာဆိုရင် သူတို့လောက်စာချုပ်ချုပ်ရတာ မလွယ်ပါဘူး။

ဒါကြောင့်လဲ စာချုပ်လောကမှာက ကြေးပျက်လာကြပါတယ်။
စာချုပ်ရုံးမှာ အသင့်စောင့်ပြီး ချုပ်နေကြသူတွေလဲ အများကြီးပါပဲ။

အဲ့တော့ စာချုပ်အတွက်ဆိုရင်
ရှေ့နေလိုသေးရဲ့လား?
ရှေ့နေတိုင်းရော ဥပဒေတွေ သိရန် လိုသေးရဲ့လား?

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးဆိုသလို
အသင့်စာချုပ်နဲ့ လက်ရှိအဖြစ်အပျက် တည့်သွားရင် အဆင်ပြေသွားပါတယ်။
နောက် ဘာပြဿနာမှ မတက်တဲ့အခါတွေဆိုရင်လဲ အဆင်ပြေသွားကြပါတယ်။

အဓိကက ကိုယ်စာချုပ်ချုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ချုပ်လိုက်တဲ့စာချုပ် ကွက်တိ ဖြစ်ဖို့လဲ လိုအပ်ပါတယ်။

ကျတော် ကုန်အမှတ်တံဆိပ်ကို မူပိုင်ခွင့်တင်တဲ့အခါ မြွက်ဟကြေညာထားတဲ့ စာချုပ်အမျိုးမျိုးတွေ့ရပါတယ်။ တချို့သုံးလို့ရတဲ့စာချုပ်ဆိုရင် ထည့်သုံးပေးတယ်။ တချို့ နဲနဲလေး ကိုးကားလို့ရတဲ့စာချုပ်ဆိုလဲ ထည့်သုံးပေးတယ်။
လုံး၀ကို သုံးလို့မရတဲ့စာချုပ်ဆိုရင်တော့
ကျန်တဲ့ လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်၊ လိုင်စင်တွေကိုပဲ ထည့်သုံးပေးပါတယ်။

တချို့က မိမိလုပ်ငန်းနာမည်ကို အကာအကွယ်ရလိုပေမဲ့ စာချုပ်တဲ့အခါ ဘာကိုအကာအကွယ်တောင်းထားမှန်းမသဲကွဲပါဘူး။ တံဆိပ်ကြီးသာကပ်ထားတာ သူ့လုပ်ငန်းရဲ့အမည်ကို လုံး၀ အကာအကွယ်မရဘူး။

ရုံးမှာ အမည်တူ ရှိ မရှိ သွားစစ်လိုက်တော့ အမည်တူမမရှိပါဘူး😢 ဆိုလိုတာက သူမြွက်ဟချင်တဲ့အမည်ကို မြွက်ဟထားခဲ့ခြင်း မရှိလို့ ဆိုလိုတာပါ။

(အဲ့အတွက် သူစာချုပ် ၄စောင်ချုပ်ထားတာပါ။ ဒါပေမဲ့ ချုပ်တာလိုအပ်ချက်ကြောင့် သူ့အမှတ်တံဆိပ်က ခုချိန်ထိ အကာအကွယ်မရတာပါ။)

နောက်တစ်ချက်က စာချုပ်ရုံးမှာ အမည်တူ ရှိ၊ မရှိ စစ်ပြီးရင်လဲ စာချုပ်ကိုတန်းချုပ်သင့်ပါတယ်။
တစ်ရက်ဆို တစ်ရက်ဆိုရအောင် ကိုယ်မချုပ်ဖြစ်တဲ့အချိန်အတွင်းမှာ အခြားအမည်တူက ကိုယ့်ထက်အရင် ချုပ်သွားနိုင်လို့ပါ။

ခုတလောစာချုပ်အကြောင်းပြောဖြစ်တယ်ဆိုတာက
တွေ့နေရလို့ပါ။
ဒါ့ကြောင့် ဘယ်သူပဲဖြစ်ဖြစ် စာချုပ်နဲ့အသက်မွေးတော့မယ်ဆိုရင် အသင့်ချုပ်စာချုပ်သုံးတာမျိုးမဟုတ်ဘဲ လေ့လာသင့်တာလေ့လာပြီးချုပ်ပေးကြရင် ပိုကောင်းပါတယ်။

ဥပဒေကတော့ မပြောရဲသေးပါဘူး။ ဥပဒေပို့စ်တင်မိလဲ စာသက်သက် တင်တယ်လို့ပဲ နားလည်ကြစေချင်ပါတယ်။

မူရင်းတင်သူအား crd ပေးပါသည်။

14.10.2021

14/05/2023
14/05/2023

ရခိုင်မြောက်ပိုင်း အရေးပေါ် အခမဲ့လူနာတင်ယာဉ်များ ကွန်ယက် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု

၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09450559011/ 09250242566 / 09421724020 / 09892527974
https://www.facebook.com/maungdawhealth/

၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/

၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133

https://www.facebook.com/103878008700801/posts/134480255640576/

၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254033646
https://www.facebook.com/shwe.keruna

၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694📞 (oxygen တာဝန်ခံ)
https://www.facebook.com/104410934280813/posts/628258428562725/

၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422383817,09422383827 https://www.facebook.com/pngdevyouth/

၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL

၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250830644,09260259115
https://www.facebook.com/580917072050244/

ဖုန်းနံပါတ်များ Update မဖြစ်ပါက Comment တွင်ဖြည့်စွပေးနိုင်ပါသည်။

သင်၏ Share ဖြင့် အသက်ကယ်ပါ ၊ ကုသိုလ်ယူပါ ။
Source - WDAB
(ကရုဏာ- သတင်းနှင့်ပြန်ကြားရေး)
☎️ - 09421762178 ထံမှ ထပ်ဆင့်ဖော်ပြသည်။

The official page of the Karuna Network Rescue . For emergencies , call KRN .

တရားမမှု စွဲဆိုစစ်ဆေးပုံ အဆင့်ဆင့်...အမိန့် - ၄၊ နည်း(၁) (၂) စီရင်ပိုင်ခွင့်ရှိသည့် အနိမ့်ဆုံး ရုံးမှစ၍ အဆိုလွှာတင်သွင်း...
11/05/2023

တရားမမှု စွဲဆိုစစ်ဆေးပုံ အဆင့်ဆင့်...

အမိန့် - ၄၊ နည်း(၁) (၂)
စီရင်ပိုင်ခွင့်ရှိသည့် အနိမ့်ဆုံး ရုံးမှစ၍ အဆိုလွှာတင်သွင်းခြင်း

အမိန့် - ၄၊ နည်း (၁) (၅)
ဆိုလွှာမိတ္တူတစ်စောင် ပူးတွဲ၍ သမ္မာန်စာထုတ်ခြင်း

အမိန့် - ၅၊ နည်း (၂၀)
ပြိုင် - မူလ လိပ်စာမရှိက အခြားနည်း (သတင်းစာ) ထုတ်ရန် လျှောက်ခြင်း

အမိန့် - ၉၊ နည်း (၄)
ပထမရုံးချိန်းနေ့တွင် "လို" နှင့် "ပြိုင်" ရုံးရှေ့ မလာ‌ရောက်က အမှု ပလပ်သည်။
(ထိုအမိန့်ကို "လို" မှ ပြန်လက်ခံပေးရန် လျှောက် နိုင် (သို့) အမှုသစ်စွဲဆို)

အမိန့် - ၉၊ နည်း (၆) (၁-က)
ပ- ရုံးချိန်းနေ့၊ "လို" လား၊ သမ္မန်စာ- တည်၊ ပြိုင်- မလာ၊ တစ်ဖက်သတ် စစ်ဆေးရန် လျှောက်ထားနိုင်သည်။

အမိန့် - ၉၊ နည်း (၇)
တစ်ဖက်သတ် စစ်ဆေးကြားနာပေးရန် အမိန့်ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း

အမိန့် - ၉၊ နည်း (၈)
ပ- ရုံးချိန်း၊ "ပြိုင်" လာ၊ လို- မလာ အမှုလပ်ပေးရန် လျှောက်ထားခြင်း

အမိန့် - ၉၊ နည်း (၉)
ထိုအမိန့်ကို ပယ်ဖျက်ပေးရန် "လို" - ခိုင်လုံအကြောင်းပြချက် လျှောက်ထားခြင်း

အမိန့် - ၉၊ နည်း (၁၃)
(ခွင့်မပြုလျှင် ပုဒ်မ - ၁၁၅ ဖြင့် အဆင့်မြင့် ရုံးပြင်ဆင်မှုတင်သွင်း)

အမိန့် - ၁၁၊ နည်း (၁၅)
လို/ ပြိုင်တို့မှ (ဆို/ ချေ) တွင်ပါသည့် ပူး/ အားကိုး- ကြည့်လျှောက်ထားခြင်း

အမိန့် - ၁၁၊ နည်း (၁)
"ပြိုင်" မှ "ဆိုလွှာ" ပါအချက်အပေါ် မေးခွန်းများမေးနိုင်

အမိန့် - ၁၁၊ နည်း(၈)
ရုံး၏ခွင့်ပြုချက်အရ "လို" မေခွန်းများ ကျမ်းကျိန်ဖြေဆိုခြင်း

အမိန့် - ၆၊ နည်း(၅)
အဆိုလွှာပါရှိချက်ကို အသေးစိတ် ဖော်ပြပေးရန် လျှောက်ထားခြင်း

အမိန့် - ၆၊ နည်း(၁၆)
ဆိုလွှာတွင် ဖော်ပြထားသည့် "ပြိုင်" အား ထိခိုက်မည့် စကားရပ် ပယ်ဖျက် လျှောက်ထားခြင်း

အမိန့် - ၈
ချေလွှာ တင်သွင်းခြင်း

အမိန့် - ၆၊ နည်း(၁၇)
အဆို/ အချေ - ပြင်ဆင်ရန် လျှောက်ထားခြင်း

အမိန့် - ၁၄
ရုံးတော်မှ ငြင်းချက်ထုတ်ခြင်း

အမိန့် - ၁၃ (၁)
စာရွက်စာတမ်း စာရင်းတင်သွင်းခြင်း

အမိန့် - ၁၄ (၅) (၁)
နောက်တိုး ငြင်းချက်လျှောက်ထားခြင်း
(ခွင့်မပြု- ပုဒ်မ- ၁၁၅ ပြင်ဆင်မှု ဝင်နိုင်သည်။)

အမိန့် - ၁၈
သက်သေပြရန် တာဝန်ရှိသူဘက်မှ စတင်စစ်ဆေးခြင်း

အမိန့် - ၁၃ (၂)
စာရွက်စာတမ်းများ ထပ်မံ တင်သွင်းခွင့် လျှောက်ထားခြင်း

အမိန့် - ၁၅၊ နည်း (၁)
"ပြိုင်" ဘက်မှ ငြင်းချက်မပါရှိ၍ စီရင်ချက်ချမှတ်ပေးရန် လျှောက်ထားခြင်း

အမိန့် - ၁၇၊ နည်း (၂)
"ပြိုင်" အမှုသည် လာ‌ရောက်ရန် ပျက်ကွက်၍ အပြီးသတ် လျှောက်လဲ ကြားနာပေးရန် လျှောက်ထားခြင်း

အမိန့် - ၁၇၊ နည်း (၂)
သက်သေ

အမိန့် - ၁၈၊ နည်း (၁၇)
"လိုပြ" အား ပြန်ခေါ်သက်သေအဖြစ် ‌ခေါ်ယူစစ်ဆေးပေးရန် လျှောက်ထားခြင်း

အမိန့် - ၂၃၊ နည်း (၁) (၁)
ခြွင်းချက်မရှိ အမှု ရုတ်သိမ်းခွင့်

အမိန့် - ၂၃၊ နည်း (၁)၊ (၂)
အမှုသစ် စွဲဆိုခွင့်နှင့်တကွ အမှုရုတ်သိမ်းခွင့်ပြုပါရန် လျှောက်ထားခြင်း

ကျင့် - ၂၄
ရုံး‌ပြောင်းပေးရန် လျှောက်ထားခြင်း

03/05/2023

အခွင့်ရကိုယ်စားလှယ်
( Recognized Agent)
တရားဝင်ကိုယ်စားလှယ်
( Legal representative)
************************
ရွှေမြန်မာ ဥပဒေ (မူရင်း)

တရားမကျင့်ထုံးဥပဒေအမိန့်၃းနည်း၂ အရ
ကိုယ်စားလှယ်စာရသူဆိုသည်မှာ
အသက်ရှင်လျှက်ရှိသည့် အမှုသည်တစ်ဦးဦး၏
ကိုယ်စား အမှုတွင်လိုက်ပါဆောင်ရွက်စေရန်
က်ုယ်စားလှယ်စာရသူကို ဆိုလိုသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၂(၁၁)အရ
တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ
အမှုအတောအတွင်းသေဆုံးသွားသော
အမှုသည်၏နေရာတွင် အမှုသည်၏ကိုယ်စား
ပါဝင်ခွင့်ရသူကို ဆိုလိုသည်။
[ ဒေါ်ရင်ရင်မေ နှင့် ဦးမင်းဒင် ၁၉၈၂ မတစ ၈၂]

အခွင့်ရကိုယ်စားလှယ်
(Recognized Agent)
*********************
အမိန့်၃ နည်း ၁နှင့်၂ အရ အခွင့်ရကိုယ်စားလှယ်
သည်တရားရုံးသို့လာရောက်ခြင်း(appearance)
လျှောက်ထားခြင်း(application) ဆောင်ရွက်ခြင်း
(act) ပြုနိုင်သော်လည်း ရှေ့နေကဲ့သို့ စစ်ဆေး
လျှောက်လဲချက်ပေးခြင်း(pleading or addressing)
ကို လိုင်စင်မရှိဘဲပြုလုပ်ခွင့်မရှိချေ။
[ ဦးကြင်စိန်ပါ၂ နှင့် ဒေါ်အေးစပယ်ဝင်း ၂၀၀၉ မတစ ၁၅]

အခွင့်ရကိုယ်စားလှယ်တစ်ဦးသည်
အသက်ရှင်လျှက်ရှိသူ အမှုသည်ကိုယ်စားသာ
ဆောင်ရွက်ခွင့်ရှိသည်။
[ ဒေါ်ရင်ရင်မေ နှင့် ဦးမင်းဒင် ၁၉၈၂ မတစ ၈၂]

အမိန့်၃းနည်း၁ အရ အခွင့်ရကိုယ်စားလှယ်တစ်ဦးသည်
သက်ဆိုင်ရာအမှုသည်၏ကိုယ်စား တရားရုံးတွင်
ဆောင်ရွက်ခွင့်ရှိခြင်း သက်သေခံခွင့်ရှိခြင်း။
အမိန့်၃ နည်း၁ ခြွင်းချက် အရ တရားရုံးသည်
အမှုသည်တစ်ဦးဦးကို တရားရုံးသို့ကိုယ်တိုင်လာရောက်ရန်
ဆင့်ဆိုနိုင်သော်လည်း ကိုယ်တိုင်သက်သေခံရန်
ဆင့်ဆ်ုခွင့်ကို ဥပဒေ၌ပြဌာန်းထားခြင်းမရှိပေ။
[ ဦးငွေသိန်း နှင် ဦးအောင်ဖေ ပါ၂ ၁၉၈၄ မတစ ၁၅၁]

ကိုယ်စားလှယ်သည် တရားလို၏ မိတ်ဆွေရင်းချာ
သော်လည်းကောင်း ဆွေမျိုးရင်းချာသော်လည်းကောင်း
လုပ်ငန်းတွင်ခန့်အပ်သည့်က်ုယ်စားလှယ်သော်လည်းကောင်း
မဟုတ်ခဲ့လျှင် အမိန့်၃ နည်း၁ပါခြွင်းချက်အရ တရားလို
ကိုယ်တိုင်လာရောက်စေရန် တရားမတရားသူကြီးတို့က
အကြပ်အတည်း အမ်ိန့်ပေးရမည်။
[ တရားရုံးများလက်စွဲ အပိုဒ် ၁၈၁(၁) ]

တရားဝင်ကိုယ်စားလှယ်
(legal representative)
**********************
အမှုစစ်ဆေးနေစဉ် ကာလအတွင်း အမှုသည်
တဦးဦးသေဆုံးသွားလျှင် အကျိုးသက်ဆိုင်သူ
တစ်ဦးဦးက တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်
အမ်ိန့်၂၂ နည်း ၃နှင့်၄ အရ ရက်(၉၀)အတွင်း
လျှောက်ထားနိုင်နိုင်သည်။
[ AIR 1923 mad 679 ]

အခြားသူ ( တရားပြိုင်သေဆုံး) က လျှောက်ထားခြင်း
မရှိလျှင် ရက်(၉၀) ကျော်က အမှုရပ်စဲနိုင်သည်။
တရားမမှုများတွင် တရားလိုဖြစ်စေ တရားပြိုင်ဖြစ်စေ
တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်အတွက်
လျှောက်ထားရန်တာဝန်သည် တရားလိုသာတာဝန်ရှိသည်။
အချိန်မီမထည့်၍ အမှုရပ်စဲလျှင် နစ်နာမည့်သူမှာတရားလိုဖြစ်သည်။
[ AIR 1951 nagapool 270 ]

တရားမနစ်နာမှုတစ်ခုတွှင် ပူးတွဲပြုလုပ်သူများအနက်
တစ်ဦးဦးသေဆုံးခြင်းကြောင့် ထိုသူအပေါ် အမှုရပ်စဲ
သွားပါက ကျန်သူအတွက်ပူးတွဲတာဝန်ရှိမှု ရပ်စဲ
သွားမည် ဖြစ်သော်လည်း တစ်ဦးချင်းအနေဖြင့်
တင်ရှိသည့်
တာဝန်သည်ရပ်စဲနိုင်ခြင်းမရှိပေ။
[ ဦးစောလှိုင် နှင့် ဦးရဲထွန်းလှပါ ၆ ၁၉၈၀ မတစ ၉]

အမွေပုံစီမံခန့်ခွဲရာ၌ ပဏာမဒီကရီချပြီးနောက် အမှုသည်
သေဆုံးသော်လည်း အမှုရပ်စဲခြင်းမရှိ။ တရားစွဲဆိုခွင့်
ပြဿနာမရှိတော့ပေ။ အမိန့်၂၂ နည်း ၃(၁)အရ
ရက်(၉၀)အတွင်း တရားဝင်ကိုယ်စားလှယ် မထည့်
သော်လည်း အမှုရပ်စဲခြင်းမရှိပေ။
[ ဒေါ်မြစန်း နှင့် ဒေါ်မိုးစိန်ပါ၄ မတစ ၁၆၄ ]

ပဏာမဒီကရီချပြီး တရားရှုံးသေသော်
တရားနိုင်ဘဏ်က
လျှောက်ထားခံရသူများအား တရားဝင်ကိုယ်စားလှယ်
အဖြစ် ထည့်သွင်းပေးရန် တရားမကျင့်ထုံးဥပဒေ
အမိန့်၂၂ နည် ၄ ကို ကိုးကား၍ လျှောက်ထားကြောင်း
တွေ့ရသည်။ ပဏာမဒီကရီ ချမှတ်ပြီးဖြစ်၍ အမ်ိန့်
၂၂ နည် ၁၀ အရ လျှောက်ထားရန်ဖြစ်သည်။
[ မြန်မာ့စီးပွါးရေးဘဏိခွဲ ပုသိမ် နှင့် ထွန်းဝင်းပါ ၅ ]
၁၉၈၆ မတစ ၁၂၄

crd : ရွှေမြန်မာ ဥပဒေ

မင်္ဂလာသတင်းလေး........
03/05/2023

မင်္ဂလာသတင်းလေး........

23/04/2023

ပတ်တရောင်ရဲအရာရှိက ရဲတပ်သားကိုမေးတယ်၊

"မင်း .. ဒီမိန်းခလေးကို ဘာအမှုနဲ့ဖမ်းလာတာလဲ?"

"ပြည့်တန်ဆာ အမှုနဲ့ပါ ဆရာ"

"သက်သေရှိလား?"

"ရှိပါတယ်ဆရာ .. ဒီမှာပါ" ဆိုပီး
စာအုပ်တစ်အုပ် ထုတ်ပြတယ်။

"ဒါဘယ်သူ့စာအုပ်လဲ?"

"ဒါသူ့စာအုပ်ပါ ဆရာ..သူ့လက်ထဲမှာ ဒီစာအုပ်ကိုင်ထားလို့
ပြည့်တန်ဆာအမှုနဲ့ ကျနော် ဖမ်းလိုက်တာပါ ..
စာအုပ် အဖုံးမှာ တစ်ညတစ်ထောင် လို့ရေးထားပါတယ်"

ရဲအရာရှိက စာအုပ်အဖုံးကိုကြည့်ပီး

"ဟေ့ကောင်.. ဒီမှာရေးထားတာ တစ်ထောင့်တစ်ညကွ ..
နင့်အမေ တစ်ညတစ်ထောင်"

"ကျနော်က ညလှည့်ကင်းဆိုတော့
ညပါတဲ့အခြမ်းကို အရင် ဖတ်မိလို့ပါ ဆရာ ဟီးဟီး"
😅😆😂


မောင်လှမျိုး ( ချင်းချောင်းခြံ )
ဝါးလုံးကွဲဟာသလေးများ မှ

22/04/2023

Address

အောင်မြေသာစံ
Mandalay
05061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959423368257

Website

Alerts

Be the first to know and let us send you an email when Comet Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Comet Legal:

Share

Category