Sharing Legal Education

Sharing Legal Education ဥပဒေ ဗဟုသုတ ရှာဖွေသူများအတွက်
(1)

28/01/2026

ပြည်ထောင်စုတရားလွှတ်တော်ချုပ် အကြောင်း
သိကောင်းစရာ

နိဒါန်း

တရားစီရင်ရေးအာဏာသည် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်၏ အခြေခံအင်အားတစ်ရပ်ဖြစ်ပြီး ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းပေးသည့် အရေးပါဆုံးသော အဖွဲ့အစည်းတစ်ခုမှာ တရားရုံးစနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးသော တရားစီရင်ရေးအဖွဲ့အစည်းအဖြစ် တည်ရှိနေသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် တရားစီရင်ရေးစနစ်၏ အထွတ်အထိပ်အာဏာကို ကိုယ်စားပြုကာ တရားမျှတမှုကို အာမခံပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သမိုင်းကြောင်းကို လေ့လာခြင်းသည် မြန်မာ့တရားစီရင်ရေးစနစ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို နားလည်သိရှိနိုင်မည်ဖြစ်ပါသည်။

သမိုင်းနောက်ခံ
ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင် ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ရာဇသတ်ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့်ပြန်တမ်းနှင့် တစ်ချက်လွှတ် အမိန့်များ ဖြစ်ပြီး ၎င်းတွင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်း သာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ် ဥပဒေများ ပါဝင်ပါသည်။

ဓမ္မသတ်ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ် စုစည်းထားသော မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိများ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစား ဆင်ခြင် ကောက်ယူပုံ အကြောင်းအချက်များ၊ သဘောတူ ဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။

အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရားဥပဒေမူများ၊ စည်းမျဉ်း စည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်း အစရှိသည့် ကိစ္စရပ်များနှင့် နှီးနွယ်သည့် တရားမဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်း ဖြစ်ပြီး အဆိုပါ မူကို ယနေ့တိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တရားရုံးများတွင် ဆက်လက် လိုက်နာ ကျင့်သုံးလျက် ရှိပါသည်။

ဖြတ်ထုံးဆိုသည်မှာ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ထုံးများကဲ့သို့ တရားရုံးများ၊ ခုံရုံးများနှင့် ဘုရင့်လွှတ်တော်၏ တရားစီရင်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။

ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမ တရားစီရင်ရေး ဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်း သာယာမှုကို အလုံးစုံ ထိခိုက် ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ် အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမ တရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက် အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက် စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက် နောက်ဆုံးအဆင့် ဘုရင်ထံ အယူခံ ဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိ လူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့် မရှိပါ

ကိုလိုနီခေတ်ကာလနှင့် တရားစီရင်ရေးစနစ်၏ အစပြုဖွဲ့စည်းမှု

မြန်မာနိုင်ငံ၏ တရားရုံးစနစ်သည် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကာလတွင် စနစ်တကျစတင်ဖွဲ့စည်းလာခဲ့သည်။ ဗြိတိသျှအာဏာပိုင်များသည် အင်္ဂလိပ် Common Law စနစ်နှင့် ဥပဒေအုပ်ချုပ်ရေးပုံစံများကို မြန်မာနိုင်ငံအတွင်း ထည့်သွင်းကျင့်သုံးခဲ့ကြသည်။ ထိုကာလတွင် တရားရုံးများကို အဆင့်လိုက်ဖွဲ့စည်းကာ တရားစီရင်ရေးလုပ်ငန်းများကို ကိုလိုနီအုပ်ချုပ်ရေး၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ခဲ့သည်။

ကိုလိုနီခေတ်တရားရုံးစနစ်သည် မြန်မာ့ရိုးရာတရားစီရင်မှုနှင့် ကွဲပြားသော ပုံစံအသစ်တစ်ရပ်ဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံအုတ်မြစ်အဖြစ် သက်ရောက်ခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေးစနစ်အား ဆိုရှယ်လစ် တရားစီရင်ရေးစနစ်သို့ အသွင် ပြောင်းလဲခဲ့ပါသည်။ တော်လှန်ရေး ကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့အစား တရားရုံးချူပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေးစနစ်၏ ထူးခြားချက်မှာ တရားရုံးအဆင့်ဆင့်တွင် လုပ်သားပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။

မျက်မှောက်ခေတ် တရားစီရင်ရေး စနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပင်မအဆောက်အအုံ၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားခွင်များကို ဇေယျာသီရိခရိုင်တရားရုံးသို့ ပြောင်းရွှေ့ရုံးထိုင်လျက်ရှိပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူများ၏ ဥပဒေပါအခွင့်အရေးများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရုံးဖွင့်ရက်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့် အမှုများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အမှုလက်ခံကောင်တာ၌ ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်သတိပေးအမှုခေါ်စာရင်းနှင့် ရုံးခန်းတွင်း ဆောင်ရွက်ချက်၊ ရုံးထိုင်ဆောင်ရွက်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများတွင်လည်းကောင်း၊ ဇေယျာသီရိခရိုင် တရားရုံးကြော်ငြာ သင်ပုန်းတွင်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် www.unionsupremecourt.gov.mm တွင်လည်းကောင်း ကြည့်ရှုနိုင်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင် တရားရုံး ဖုန်း-၀၆၇-၄၅၁၀၂၄၂ ၌ တရားခွင်များဖွင့်လှစ်ပြီး ကြားနာခြင်း၊ အမိန့်ချမှတ်ခြင်းများကို ရုံးထိုင်ဆောင်ရွက်လျက်ရှိပါသည်။

အချုပ်အားဖြင်ဆိုသော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေစိုးမိုးရေး၊ တရားမျှတမှုနှင့် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါဆုံးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်ကြောင့်
ကောင်းစွာသိရှိ နာလည်းထားသင့်ပါသည်။

ဥပဒေဗဟုသုတများ ရရှိစေရန်အလိုငှာ စုစည်းဖော်ပြခြင်းဖြစ်ပါသည်


ရှေ့နေကောင်လေးအား ရည်စားတော်ထားရသော်အခါ 😂
27/01/2026

ရှေ့နေကောင်လေးအား ရည်စားတော်ထားရ
သော်အခါ 😂

ရာဇဝတ်မှုများတွင်တရားစွဲဆိုခြင်းလုပ်ငန်းအဆင့်ဆင့်၁။ 👨‍✈️  ရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်ခြင်း(ရဲအရေးပိုင်သော အမှုများတွင် ...
16/12/2025

ရာဇဝတ်မှုများတွင်တရားစွဲဆိုခြင်းလုပ်ငန်းအဆင့်ဆင့်

၁။ 👨‍✈️ ရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်ခြင်း

(ရဲအရေးပိုင်သော အမှုများတွင် ရဲစခန်း၌ အမှုဖွင့်၍ တိုင်ကြားနိုင်ပါတယ်။ ရဲစခန်းမှ အမှုနံပါတ်ပေး၍ တိုင်ချက်ကိုလက်ခံရပါတယ်။)

၂။ 🕵️‍♀️ ရဲအရာရှိမှ စုံစမ်းစစ်ဆေးခြင်း

(အမှုနံပါတ် နဲ့ အမှုအမျိုးအစားပေါ်မူတည်၍ လိုအပ်သည့် စစ်ဆေးမှုများကို စတင်ဆောင်ရွက်ရပါတယ်၊ တရားလိုအားစစ်ဆေးခြင်း၊သက်သေပစ္စည်းများ အားရှာဖွေခြင်းသိမ်းဆည်းခြင်း၊ တရားခံဖြစ်သူအား ရှာဖွေဖမ်းဆီးခြင်းစတာတွေကို ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်)

၃။ 👩‍⚖️ စွပ်စွဲခံရသူအား ဖမ်းဆီးခြင်း အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(အချို့အမှုများသည် ရဲထံတွင် အာမခံရယူနိုင်ပြီး၊ အာမခံမပေးနိုင်သောအမှုများကို တရားရုံးတွင် ချုပ်မိန့်တောင်းရပါတယ်။ အမှုစစ်ဆေးစဉ်ဆဲကာလတွင် ချုပ်ထားနိုင်ရန် တောင်းခြင်းဖြစ်ပါတယ်)

၄။ 👩‍🎓သက်ဆိုင်ရာဥပဒေရုံး၌ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဥာဏ်ရယူခြင်း

(ဒီအဆင့်ကတော့ ရဲက စစ်ဆေးထားတာတွေ ဥပဒေ နှင့်ညီမညီ၊ စွဲဆိုရန် လုံလောက်ခြင်း ရှိ/မရှိစတာတွေကို စိစစ်ပေးရပါတယ်။ ဒီအဆင့်ဟာ လည်း အမှုတစ်ခုအတွက် အရေးကြီးတဲ့ အဆင့်ထဲမှာလည်းပါပါတယ်။)

၅။👨‍✈️👩‍⚖️ အမှုစစ်ရဲအရာရှိက ဥပဒေရုံးမှတဆင့် သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲ တင်ပို့ခြင်း

(ဥပဒေအရာရှိက စစ်ဆေးပြီးလျှင်တော့ တရားစွဲဆိုဖို့ တရားရုံးသို့ တင်ပို့ရတာပဲဖြစ်ပါတယ်)

၆။👩‍⚖️တရားရုံးက အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(တရားရုံးက တင်လာတဲ့ အမှုဟာ အာမခံပေးနိုင်ခြင်းရှိ/မရှိ ဆင်ခြင်သုံးသပ်ပြီး အာမခံ လျှောက်ထား လုပ်ထုံးလုပ်နည်းနဲ့အညီအာမခံပေးရပါတယ် စွပ်စွဲခံရသူဟာ အချုပ်လွတ်ဖြင့် အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာမခံပေးခွင့်မရှိလျှင်တော့ ချုပ်မိန့် ပေးရပါတယ်။ စွပ်စွဲခံရသူဟာ အချုပ်သားအဖြစ်နဲ့ အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ထောင်ကျသွားတာမဟုတ်ပါဘူး။ အာမခံမရတဲ့ အမှုဖြစ်လို့ အချုပ်နဲ့ ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။)

၇။👥 တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးခြင်း

(ရာဇဝတ်မှုခင်းများတွင် စွပ်စွဲသူ တရားလိုလုပ်သူကို စတင်၍ စစ်ဆေးပါတယ် စွပ်စွဲသူ မှ ရုံးရှေ့ရှိ စွပ်စွဲခံရသူ အပြစ်ကျူးလွန်ကျောင်း ထင်ရှားအောင်သက်သေပြရပါတယ်)

၈။👨‍⚖️ စွဲချက်တင်ခြင်း (သို့မဟုတ်) စွဲချက်မတင်ဘဲ တရားရှင်လွှတ်ခြင်း

(ဤအဆင့် တွင်တရားလိုလုပ်သူ၏ စွပ်စွဲချက်များသည် ခိုင်မာမှုမရှိလျှင် သက်သေခိုင်မာခြင်းမရှိလျှင် မပြည့်စုံလျှင် တရားရှင်လွှတ်နိုင်ပါတယ်။ စွပ်စွဲချက်များ ခိုင်မာလျှင် သက်သေပြည့်စုံလျှင် တော့ စွဲချက်တင်ပါတယ်။ စွဲချက်တင်တယ်ဆိုတာကာတော့ စွပ်စွဲခံရသူအနေဖြင့် မိမိကိုစွပ်စွဲထားတဲ့အမှုကို အပြစ်ရှိ/မရှိ ရှင်းလင်းရမယ်လို့ ဆိုလိုတာပါ။ အကယ်၍ အပြစ်ရှီကြောင်း ဝန်ခံလျှင် အမှုကို ဆက်လက်မစစ်ဆေးတော့ဘဲ၊ ထိုက်သင့်သောကို တရားရုံးမှ ချမှတ်ပေးမှာဖြစ်ပါတယ်။ အပြစ်မရှိဘူးဟု ဆိုလျှင်တော့ အပြစ်မရှိကြောင်းသက်သေပြနိုင်ရန်အတွက် အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။)

၉။👥တရားခံ နှင့် တရားခံပြ
သက်သေများကိုစစ်ဆေးခြင်း

(တရားခံမှ မိမိတွင် အပြစ်မရှိကြောင်း စွပ်စွဲထားသူ တရားလို၏ စွပ်စွဲချက်များကို ခုခံခြေပခြင်း၊ သက်သေပြရခြင်းပဲဖြစ်ပါတယ်။)

၁၀။⚖️ ပြစ်ဒဏ်ချမှတ်ခြင်း (သို့) တရားသေလွှတ်ခြင်း

(နှစ်ဖက် လျှောက်လဲချက် ၊ ထွက်ကိုဆိုချက်များကို တရားသူကြီးမှ သုံးသပ်ပြီး တရားဥပဒေနှင့် အညီ ဆင်ခြင်သုံးသပ်ပြီး အမှုကိုစီရင်ဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။)

အားလုံးတရားဥပဒ အကာအကွယ်ကိုရရှိနိုင်ကြပါစေ။

ပုံ။ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လက်ကမ်းစာစောင်
Shwe Yamin Aye - ဥပဒေ Pageမှ ကူးယူးဖော်ပြပါသည်။

Sharing Legal Education

#တရားစွဲဆိုခြင်း

21/11/2025

✨ VOX Batch 4၏ ဒုတိယအကြိမ်မြောက်
အထူးဥပဒေစကားဝိုင်းကို ကြေငြာခြင်း📣

VOX Family မှ ကျင်းပမည့် ဒုတိယ
အကြိမ်မြောက် ဥပဒေစကားဝိုင်းမှာတော့
"ဥပဒေလောကအစ အလုပ်သင်ဘဝ"
ခေါင်းစဉ်ဖြင့် ဆရာ ဦးကျော်အောင်ထက် မှ
ပညာ​ဒါန ဟောပြော ဆွေးနွေးပို့ချသွားမှာပဲ
ဖြစ်ပါတယ်ရှင်။

ဆရာ ဦးကျော်အောင်ထက်ဟာ မကွေး
တက္ကသိုလ်မှ LL.B ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်ပြီး
လက်ရှိတွင် ဒဂုံတက္ကသိုလ်
ဥပဒေပညာဌာနတွင် Master of Laws
(LL.M) တက်ရောက်နေသူတစ်ဦးဖြစ်ပါတယ်။

Experiences & Participation
• 2020 Jessup International Moot
Court Competition (Participant)
• 2020 CLE Moots Trial Myanmar
(Participant)
• 2021 CLE Moots Trial Vietnam
(Participant)
• Former Ambassador of Magway
Region in Peace and Youth Program

Current Position)
• Internship Lawyer, Justice Tagun
Legal Office

🤝ဆရာ‌ ဦးကျော်အောင်ထက် အနေဖြင့်
VOX Member များအတွက် အကျိုးရှိစေမည့်
✅တက္ကသိုလ်ပညာနှင့် လက်တွေ့
အလုပ်ခွင် ကွာခြားချက်များ
✅အလုပ်သင်ဘဝ၏ စိန်ခေါ်မှုများနှင့်
အခွင့်အလမ်းများ♥
✅အလုပ်သင်ရှေ့နေများမဖြစ်မနေ
ပြင်ဆင်ထားသင့်သည့် အခြေခံ
အချက်များနှင့် လမ်းညွှန်ချက်များကို
ရှင်းလင်းဆွေးနွေးပေးသွားမှာဖြစ်လို့
မပျက်မကွက် တက်ရောက်ကြဖို့
ဖိတ်ခေါ်အပ်ပါတယ်ရှင်။

🗓️ အစီအစဉ် အသေးစိတ်
နေရာ: Zoom Meeting (Link ကို
Member Group တွင် ကြိုတင်ပေးပို့ပါမည်။)
ရက်စွဲ: ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်
အချိန်: ည ၇ နာရီ မှ ည ၉ နာရီ
VOX – Voice of Justice Legal Network
“တရားမျှတမှု၏ အသံ - ဥပဒေရေးရာကွန်ယက်”



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အလုပ်ခေါ်စာ
20/11/2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အလုပ်ခေါ်စာ


19/11/2025


✨ VOX Batch 4၊ ပထမဆုံးအကြိမ်မြောက် စကားဝိုင်း မိတ်ဆက် 📣
VOX Family မှ Batch 4 ၏ ပထမဆုံးအကြိမ်မြောက် စကားဝိုင်းကို Member များအတွက် ကျင်းပပြုလုပ်တော့ည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်

ယခုတစ်ကြိမ်တွင် "Member အသစ်များကို ကြိုဆိုမိတ်ဆက်ခြင်းနှင့် တရားဥပဒေ မိတ်ဆက်" ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်

🤝 VOX Family ၏ Main Speaker အနေဖြင့် ဥပဒေ
ကျောင်းသား/သူ များအတွက် သိထားသင့်သည့်
အခြေခံအချက်များအပြင်
✅ နိုင်ငံနှင့်ဥပဒေပေါ်ပေါက်လာပုံ
✅ ခေတ်အဆက်ဆက်ဥပဒေစနစ်များကျင့်သုံးလာပုံ
✅ဥပဒေအကြောင်းအဓိဟ္ပယ်ဖွင့်ဆိုချက်များနှင့်
✅ဥပဒေအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဤစကားဝိုင်းသည် VOX Member အသစ်များအကြား ချစ်ခင်ရင်းနှီးစေရန်နှင့် ဥပဒေ ကျောင်းသား/သူများအတွက် သိသင့်သိထိုက်သည့် ဗဟုသုတများ ရရှိစေနိုင်မည့် အစီအစဉ်တစ်ခုဖြစ်တာကြောင့် မပျက်မကွက် တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်

🗓 အစီအစဉ် အသေးစိတ်
နေရာ: Zoom Meeting (Link ကို Member Group တွင် ကြိုတင်ပေးပို့ပါမည်။)
ရက်စွဲ: ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၂ ရက်
အချိန်: ည ၇ နာရီ မှ ည ၉ နာရီ
VOX – Voice of Justice Legal Network
“တရားမျှတမှု၏ အသံ - ဥပဒေရေးရာကွန်ယက်”




fans

18/11/2025

#ဥပဒေစိတ်ဝင်စားသူများအတွက်

ဥပဒေကျောင်းသား/သူများအနေ့ဖြင့် ဥပဒေနဲ့ ပတ်သက်တဲ့ စကားဝိုင်းတွေမှာ ဝင်ရောက်နားထောင်ချင်တယ်ဆွေးနွေးလိုတယ်ဆိုရင် ဒီအစီအစဉ်လ...
11/11/2025

ဥပဒေကျောင်းသား/သူများအနေ့ဖြင့် ဥပဒေနဲ့ ပတ်သက်တဲ့
စကားဝိုင်းတွေမှာ ဝင်ရောက်နားထောင်ချင်တယ်
ဆွေးနွေးလိုတယ်ဆိုရင် ဒီအစီအစဉ်လေး ရှိတယ်နော်

Sharing Legal Education
- Voice of Justice Legal Network
#ဥပဒေစိတ်ဝင်စားသူများအတွက်

📢 VOX-Legal Network ရဲ့ Batch-4
စတင်မည်ဖြစ်ကြောင်း ကြေငြာခြင်း
💡 ဥပဒေကျောင်းသား/ကျောင်းသူများအနေဖြင့်
ဥပဒေနှင့်ပတ်သက်သော အခြေခံအသိပညာများ
ပိုမိုတိုးတက်လာစေရန်နှင့် အချင်းချင်းကြား
ချစ်ခင်ရင်နှီးမှု ပိုမိုရှိလာစေရန် ရည်ရွယ်၍
VOX-Legal Network ၏ Batch-4 ကို
မကြာမှီ အချိန်အတော့အတွင်းမှာ
စတင်မှာဖြစ်လို့ Member ဝင်ချင်သူများအနေဖြင့်
လာရောက်လျှောက်ထားနိုင်ပါပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးပါရစေ။

VOX-Legal Network ၏
🎯 Member များ အနေဖြင့်ရရှိနိုင်မည့်
အခွင့်အရေးများ
✔️ ဥပဒေနယ်ပယ်မှ သူငယ်ချင်း
မိတ်ဆွေအသစ်များ ရရှိနိုင်ခြင်း
✔️ ဥပဒေသမားများနှင့် ဆက်သွယ်
မေးမြန်နိုင်ခြင်း
✔️ Legal discussion များတွင် ပါဝင်
ဆွေးနွေးနိုင်ခြင်း
✔️ VOX မှ လုပ်ဆောင်မည် Legal Activities
များတွင် ပါဝင်နိုင်မည့် အခွင့်အရေးများ
ရရှိနိုင်မှာဖြစ်ပါတယ်

📌 ဘယ်သူတွေက အဖွဲ့ဝင်အဖြစ်
လျှောက်ထားနိုင်မလဲ?
✅ ဥပဒေပညာ သင်ကြားနေသော
ဥပဒေကျောင်းသား/ကျောင်းသူတိုင်း
လျှောက်ထားနိုင်မည်ဖြစ်ပါတယ်
✅Zoom Application မှ တဆင့်
အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်
ည ၇နာရီမှ ၉ နာရီအထိ ပြုလုပ်သော
စကားဝိုင်းများသို့ တက်ရောက်ပေးနိုင်သူ
ဖြစ်ဖို့တော့ လိုပါတယ်ခင်ဗျ
📩 Member ဖြစ်လို့သူများ အနေဖြင့်
VOX-Legal Network ၏ Offical Page နှင့်
VOX ၏ Fonder & CEOဖြစ်သော
Shwe Yamin Aye - ဥပဒေ Pageများတွင်
review ရေးထားသော Screenshot အား
ပြသ၍ အမည်၊ ပညာအရည်အချင်း၊
ဆက်သွယ်ရမည့် Viber Phone Number
များ နှင့် အတူ ယခု Page Messenger မှ
တဆင့်ပေးပို့၍ လျှောက်ထားနိုင်ပါတယ်
🚨အရင်ဦးဆုံး စာရင်းပေးသွင်းထားတဲ့
သူတွေကို အဓိက ဦးစားပေးသွားမှာဖြစ်ပြီး
လူဦးရေကန့်သတ်ထားတာမို့လို့
အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်တော့နော်။
💛 We are Together. 💛
VOX – Voice of Justice Legal Network
“တရားမျှတမှု၏ အသံ - ဥပဒေရေးရာကွန်ယက်”



တရားရေးဝန်ထမ်းအဆင်(၄) ခေါ်နေပါပြီးအသက်ကန့်သတ်ချက် ( ၂၅ )မဟာ ဘွဲ့ရ (၂၈) ဝန်ထမ်း (၂၇)ပါလျှောက်လွှာပိတ်ရက် November - 24ရေး...
25/10/2025

တရားရေးဝန်ထမ်းအဆင်(၄) ခေါ်နေပါပြီး

အသက်ကန့်သတ်ချက် ( ၂၅ )

မဟာ ဘွဲ့ရ (၂၈) ဝန်ထမ်း (၂၇)ပါ

လျှောက်လွှာပိတ်ရက်
November - 24
ရေးဖြေစာမေးပွဲရက်
December 6

Sharing Legal Education
ေါ်စာ

24/10/2025

ပါမောက္ခဌာနမှူးနှင့်တကွ ဆရာ/ဆရာများအားလုံး
ကျန်းမာချမ်းသာ၍ ကိုယ်စိတ်နှလုံး ရွင်ပြုံးကြပါစေ
အခန်းစောင့် ဆရာ/ဆရာမများ သဘောကောင်းပါစေ😁

စာမေးပွဲဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူ များအနေဖြင့်မြန်မာဝတ်စုံဖြင့်သာ သွားရောက်ဖြေဆိုကြရန် နှိုးဆော်အပ်ပါသည်။အခက်အခဲမ...
23/10/2025

စာမေးပွဲဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူ များအနေဖြင့်
မြန်မာဝတ်စုံဖြင့်သာ သွားရောက်ဖြေဆိုကြရန် နှိုးဆော်အပ်ပါသည်။

အခက်အခဲမရှိ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

ချစ်ခင်စွာဖြင့်
Sharing Legal Education
fans

"ဘုရားပေးတဲ့ စာကျက်နည်း"📚📖📚📖📚📖📚📖📚မနေ့က ကိုယ်တော်လေးတစ်ပါးက ပြောလာပါတယ်။ စာကျက်လို့ မရလို့ပါ။ စာအမြန်ရအောင် ကျက်နည်းရှိလျ...
22/10/2025

"ဘုရားပေးတဲ့ စာကျက်နည်း"
📚📖📚📖📚📖📚📖📚

မနေ့က ကိုယ်တော်လေးတစ်ပါးက ပြောလာပါတယ်။
စာကျက်လို့ မရလို့ပါ။
စာအမြန်ရအောင် ကျက်နည်းရှိလျှင် ပေးပါလားတဲ့။

တခြားနည်းတွေကိုတော့ ဦးဇင်း မသိပါ။
ဘုရားပေးတဲ့ စာကျက်နည်းကိုတော့
လက်ဆင့်ကမ်းပေးချင်ပါတယ်။

စာပေကျက်မှတ်မှုနဲ့ ဆက်စပ်ပြီး ဘုရားရှင်က သုတ္တန်ဒေသနာတော်တစ်ပုဒ်မှာ ညွှန်ပြဟောကြားထားပါတယ်။

အခါတပါး သင်္ဂါရဝပုဏ္ဏားကြီးဟာ ဘုရားရှင်ဆီ ရောက်လာပြီး ``အရှင်ဂေါတမ ရံခါရံခါ ရထားပြီး စာတွေလည်း အစဖော်မရ မေ့ပျောက်နေတတ်ပါတယ်။
ရံခါရံခါ မရွတ်မအံဘဲ
ပစ်ထားတဲ့ စာများလည်း
ရနေတတ်ပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ´´ မေးလျှောက်ပါတယ်။

ဘုရားရှင်က ဥပမာများဆောင်ပြီး
နီဝရဏတရား ၅ပါးဖြစ်တဲ့
၁။ ကာမစ်ဆန်ဒနီဝရဏ
၂။ ဗျာပါဒနီဝရဏ
၃။ ထိနမိဒ်ဓနီဝရဏ
၄။ ဥဒ်ဓစ်စကုက်ကုစ်စနီဝရဏ
၅။ဝိစိကိစ်ဆာနီဝရဏ
တရားငါးမျိုးမှာ
တစ်မျိုးမျိုးရှိနေရင် -

-ရပြီးစာများလည်း မေ့
ပျောက်တတ်ကြောင်း၊
-မရသေးတဲ့ စာများလည်း
မရတတ်ကြောင်းနဲ့
ထိုတရားငါးပါး ရှိမနေတဲ့အခါ
-မရသေးတဲ့စာများလည်း ရလာတတ်ကြောင်း၊
-ရပြီးစာများလည်း ကောင်းစွာခိုင်မြဲကြောင်း...
ဟောကြားတော်မူခဲ့ပါတယ်။

တစ်ပါးချင်းစီကို ပြန်ပြီး
ပြောပြပါမယ်။

၁။ "ကာမစ်ဆန်ဒ"နီဝရဏ
ဆိုတာ
ကာမဂုဏ်အာရုံတွေကို လိုလားတောင်းတမှုပါပဲ။

ခေတ်ကာလအခြေအနေနဲ့ ပြောရင်တော့
ဂိမ်းကစားချင်နေတာ၊ တီဗီ၊ ဗွီဒီယိုကြည့်ချင်နေတာ၊
သီချင်းဆိုချင်/သီချင်းနားထောင်ချင်နေတာ၊
ဖေ့ဘုတ်/ဘီတော့/ဘိုင်ဘာ သုံးချင်နေတာ စသဖြင့်
ဖြစ်နေတဲ့ (ချင်)တွေဟာ ကာမစ္ဆန္ဒပါပဲ။

ဒီကာမစ်ဆန်ဒတရားက
စိတ်ကို ကျက်မှတ်နေတဲ့ စာအာရုံကနေပြီး
အာရုံအမျိုးမျိုးဆီကို ဆွဲထုတ်တတ်ပါတယ်။
လူကောင်ကြီးကသာ စာအုပ်ရှေ့ထိုင်ပြီး ကျက်နေပေမယ့်
စိတ်က တခြားတပါးမှာဖြစ်နေတော့ ကျက်သမျှစာလည်း
အသိဉာဏ်ထဲ မရောက်တော့ပါဘူး။

ဒါကြောင့် စာကျက်တဲ့အခါ ကျက်သလောက်ခရီးရောက်ဖို့ စာမြန်မြန်ရဖို့ဆိုရင် စာကျက်နေဆဲကာလမှာ စိတ်ထဲက (ချင်)ကလေးတွေကို ရှင်းထားဖို့ လိုပါလိမ့်မယ်။

လူငယ်လူရွယ်တို့ရဲ့ သဘာဝ ဂိမ်းကစားခြင်းတွေ၊
ရုပ်ရှင်ဗွီဒီယိုကြည့်ခြင်းစတာတွေဟာ မကင်းကြပါဘူး။
သို့သော် ကဏ္ဍပိုင်းခြားကန့်သတ်ထားတတ်ဖို့တော့ လိုပါတယ်။

ကဏ္ဍပိုင်းခြားကန့်သတ်နိုင်ဖို့ စာကျက်ချိန်နဲ့၊
ကစားချိန်၊ ဖေ့ဘုတ်/ဘီတော့/ဘိုင်ဘာသုံးချိန်စတာတွေကို
တိတိကျကျသတ်မှတ် ပိုင်းခြားထားဖို့တော့ လိုပါတယ်။

သူ့အချိန်နဲ့သူ ကစားပျော်ပါးမယ့်အချိန်မှာလည်း
ဘာမှမတွေးဘဲ အားရပါးရ ကစားပျော်ပါးပါ။

စာကျက်မှတ်ရမယ့် အချိန်ရောက်ရင်လည်း
ကစားပျော်ပါးခဲ့သမျှ အကုန်မေ့ဖျောက်ပြီး
စာတစ်စိတ်ထဲထားပြီး ကျက်မှတ်ပါ။

ပြောရရင်တော့ ပစ္စုပ္ပန်တည့်တည့် လုပ်နေတဲ့အလုပ်မှာ တစ်စိတ်ထဲထားပြီး လုပ်နိုင်အောင် လေ့ကျင့်ပါ။

၂။" ဗျာပါဒနီဝရဏ"
ဆိုတာ
အကြောင်းတစ်ခုခု အာရုံတစ်ခုခုကို စွဲပြီး
စိတ်တို၊စိတ်ပျက် စိတ်ညစ်နေမှုပါပဲ။

စိတ်တို၊ စိတ်ပျက်၊ စိတ်ညစ်မှုတွေ ဖိစီးနေရင်လည်း
စာထဲမှာ စိတ်မရောက်နိုင်ပါဘူး။
ဒါကြောင့် စိတ်တို၊စိတ်ညစ်နေတဲ့အချိန်မှာ စာမကျက်ပါနဲ့။

နည်းလမ်းတစ်ခုခုနဲ့ စိတ်ညစ်နေ၊ စိတ်တိုနေတာတွေကို
ရှင်းသွားအောင်၊ပျောက်သွားအောင် ပြုလုပ်ပြီးမှ၊
စိတ်အေးငြိမ်းတဲ့အခါမှ စာကျက်ပါ။

တစ်ခုတော့ရှိပါတယ်။ စိတ်ညစ်ပြေပျောက်အောင်ဆိုပြီး
မူးယစ်ဆေးဝါးတွေနဲ့ စိတ်ဖြေတာမျိုးတော့
မလုပ်သင့်ဘူးပေါ့။

၃။ "ထိနမိဒ်ဓနီဝရဏ"
အဲ့ဒီထိနမိဒ္ဓကတော့
စာပေကျက်မှတ်ရာမှာ
အဆိုးဆုံးအနှောင့်အယှက်ပေးတတ်တဲ့
အိပ်ချင်ငိုက်မျည်းမှုပါပဲ။

အိပ်ချင်ငိုက်မျည်းမှု ဖိစီးနေရင်
အသိဉာဏ်ထဲကို ဘာမှထည့်လို့ မရတော့ပါဘူး။
ထိနမိဒ္ဓက မိမိရဲ့ အသိဉာဏ်ကို ပိတ်ဆို့ထားလိုက်ပါတယ်။

ဒါကြောင့် စာပေကျက်မှတ်တော့မယ်ဆိုရင်
အိပ်ချင်ငိုက်မျည်းမှုကင်းပြီး
စိတ်ကြည်လင်နေတဲ့ အခါမှာ ကျက်မှတ်ပါ။

ကျက်မှတ်နေရင်း အိပ်ချင်ငိုက်မျည်းမှုက နှိပ်စက်လာရင်လည်း ဆက်ပြီး မကျက်ပါနဲ့။ အိပ်ရေးဝပြီး လန်းဆန်းစိတ်ကြည်တာနဲ့ စာပြန်ကျက်မယ်ဆိုတဲ့ နှလုံးသွင်းလေးနဲ့ အိပ်လိုက်ပါ။

အိပ်ရာကနိုးပြီး လန်းလန်းဆန်းဆန်းဖြစ်တဲ့အခါ
ဘယ်အချိန်ပဲဖြစ်ဖြစ် ထပြီး ကျက်မှတ်ပါ။
အမြန်ဆုံး စာရပါတယ်။

၄။ "ဥဒ်ဓစ်စကုက်ကုစ်စ နီဝရဏ"
ဆိုတာက
အတွေးတွေများပြီး စိတ်မငြိမ်သက်မှု၊
အရေးအကြောင်းတစ်ခုခုကြောင့် စိတ်ပူပန်နေမှုပါ။

စိတ်က စာအာရုံထဲမှာ တည်တည်တံ့တံ့ မရှိရင်ဘဲဖြစ်ဖြစ်၊
စာမေးပွဲစတာတွေကို အကြောင်းပြုပြီး ပူပန်နေရင်ပဲဖြစ်ဖြစ်၊
စာရဖို့ မလွယ်ကူပါဘူး။

၅။" ဝိစိကိစ်ဆာနီဝရဏ"
ဆိုတာက
သံသယတွေးတွေ
ဝင်နေမှုပါ။
စာကျက်မှတ်ဆဲမှာ
သံသယတွေးနဲ့
တွေးနေရင်လည်း စာမရနိုင်ပါဘူး။

ဒါကြောင့် စာကျက်မှတ်တဲ့အခါ အတတ်နိုင်ဆုံးစိတ်ကို
တည်တည်ငြိမ်ငြိမ်ဖြစ်အောင်
ကြိုးစား မရောက်လာသေးတဲ့၊ ရောက်လာတော့မယ့်၊
စာမေးပွဲစတာတွေကို
လည်း မစဉ်းစားဘဲ
လတ်တလောကျက်နေတဲ့စာ
ရဖို့သာအရေးကြီးတယ်လို့
နှလုံးသွင်းပြီး တစ်စိတ်ထဲထားပြီး ကျက်မှတ်ပါ။

မရသေးတဲ့ စာတွေ အမြန်ဆုံးရနိုင်သလို ရပြီးသားစာတွေလဲ
မမေ့မပျောက် ကောင်းစွာ မှတ်မိပါတယ်။

အချုပ်ပြောရရင်တော့ စာပေကျက်မှတ်တဲ့ အခါမှာ
၁။ (ချင်)ကလေးတွေကို
ဖယ်ထားပြီးမှ စာကျက်ပါ။

၂။ စိတ်အေးချမ်းချိန်မှာ
စာကျက်ပါ။

၃။ အိပ်ရေးဝပြီး စိတ်ကြည်လင်ချိန်မှာ စာကျက်ပါ။

၄။ စိတ်ငြိမ်သက်တည်ကြည်
အောင် ထားပြီး စာကျက်ပါ။

၅။ သံသယအတွေးတွေကို ဖယ်ရှားပြီးစာကျက်ပါ။

ဒီငါးချက်နဲ့ ပြည့်စုံအောင်လေ့ကျင့်ပြီး နေရင်
စာပေကျက်မှတ်တဲ့အခါ
အလျင်အမြန်ရနိုင်သလို
တခြားသော အလုပ်ကိစ္စတွေမှာလည်း
အမှားအယွင်းမရှိ ပြီးစီးပါတယ်။

တရားအားထုတ်တဲ့အခါမှာ
လည်း စိတ်တည်ငြိမ်ပြီး
တရားတွေ့နိုင်ပါတယ်။

ဘာပဲလုပ်လုပ် လုပ်နေဆဲ
အလုပ်ထဲမှာ စိတ်ကိုနှစ်မြုပ်ပြီး
စိတ်ဝင်စားမှု အပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်
အမှုခပ်သိမ်း ပြီးမြောက်အောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

အရှင်နာယက (ဗုဒ္ဓတက္ကသိုလ်)

လေးစားစွာဖြင့်ကူးယူဖော်ပြပါသည်
Sharing Legal Education

Address

Mandalay

Alerts

Be the first to know and let us send you an email when Sharing Legal Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category