15/06/2026
ကုမ္ပဏီအနေဖြင့် ကြွေးမြီပေးဆပ်နိုင်၍ မိမိသဘောဆန္ဒအလျောက်ဖျက်သိမ်းခြင်း(သို့မဟုတ်) ကြွေးမြီကင်းရှင်းခြင်း အကြောင်း
ကုမ္ပဏီဖျက်သိမ်းတဲ့ အခါမှာနည်းလမ်း၃လမ်းနဲ့ဖျက်သိမ်းရပါမည်။
(၁ )မိမိသဘောဆန္ဒအလျောက်ဖျက်သိမ်းနည်း
(၂) တရားရုံးကဖျက်သိမ်းနည်း
(၃ )တရားရုံး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျက်သိမ်းနည်း
မိမိ၏သဘောဆန္ဒအလျောက်ဖျက်သိမ်းခြင်းဆိုသည်မှာ
(၁ )ကုမ္ပဏီရဲ့သင်းဖွဲ့စည်းမျဥ်းအရ ဖျက်သိမ်းရန်သတ်မှတ်ကာလကိုရောက်ရှိခြင်း (သို့မဟုတ်) ကုမ္ပဏီကိုဖျက်သိမ်းရန် အကြောင်းတရပ်တရပ်ပေါ်ပေါက်လာခြင်း။
(၂) ကုမ္ပဏီကိုဖျက်သိမ်းရန်ဆန္ဒအလျောက်အထူးဆုံးဖြတ်ချက်ဖြင့်ဆုံးဖြတ်ခြင်း
(၃) ကုမ္ပဏီအနေဖြင့် ပေးရန်တာဝန်ရှိသည်များကို ပေးဆောင်ရန်မတတ်နိုင်တော့သည့်အခြေသို့ရောက်ရှိပီး အထူးဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခြင်း
ကုမ္ပဏီသည် ကြွေးမြီပေးဆပ်နိုင်ခြင်းကြောင့်ဖျက်သိမ်းခြင်း(သို့မဟုတ်) ကြွေးမြီကင်းရှင်း ကြောင်း အတည်ပြုနိုင်သည့်အခါ လုပ်ဆောင်ရမည့်တာဝန်များ
ကုမ္ပဏီသည်စာရင်းရှင်းဖျက်သိမ်းခြင်းကိုလုပ်ဆောင်ရန် ဒါရိုက်တာအဖွဲ့BODက အစည်းအဝေးတရပ်ပြုလုပ်ပီး ကုမ္ပဏီစာရင်းရှင်တမ်းကို ပြုလုပ်ရမယ်။ ကြွေးမြီပေးဆပ်နိုင်တဲ့အခြေအနေဆိုရင် ကုမ္ပဏီကိုစာရင်းရှင်းလင်းဖျက်သိမ်းရန် ကုမ္ပဏီအဖွဲ့ဝင်များအားလုံးဖြစ်စေ ၊ ၄ပုံ၃ပုံကဖစ်စေ သဘောတူညီခဲ့လျှင် မိမိဆန္ဒအလျောက် ဖျက်သိမ်းခြင်းကိုစတင်နိုင်သည် ။
ကုမ္ပဏီတခုကိုဖျက်သိမ်းရန် ဒါရိုက်တာအဖွဲ့သည် မိမိဆန္ဒအလျောက် ဖျက်သိမ်းခြင်းကို အတည်ပြုရန်ဖျက်သိမ်းခြင်း စတင်သည့်နေ့မှ ၃နှစ်အတွင်း ကြွေးမြီများကိုပေးဆပ်နိုင်ကြောင်းကြေညာချက်တစောင်ကို ကုမ္ပဏီမှတ်ပုံတင်အရာရှိိထံ တင်သွင်းရမည်။ ထိုသို့ကြေညာခြင်းမရှိပါက မိမိဆန္ဒအလျောက်ဖျက်သိမ်းခြင်း မမည်ပဲ ကုမ္ပဏီကိုကြွေးမြီက ဖျက်သိမ်းတဲ့ ဖျက်သိမ်းခြင်းမျိုးဟုသာ သတ်မှတ်ရမည်။ ထိုအခြေအနေမျိုးတွင် ကုမ္ပဏီစာရင်းရှင်းဖျက်သိမ်းခြင်းကိုတရားရုံး၏ကြီးကြပ်မှုဖြင့် ပြောင်းလဲဆောင်ရွှက်နိုင်သွားပါလိမ့်မယ် ။
(အထက်ပါ ကုမ္ပဏီရဲ့ ကြွေမြီကင်းပေးနိုင်ခြင်း(သို့မဟုတ်) ကြွေးမြီကင်းရှင်းခြင်းအကြောင်းအရာနှင့်ပက်သက်၍ ရှင်းပြရန် လိုအပ်သည်များကို နောက်ပိုင်းမှာဆက်လက်ရှင်းပြပါမယ်ဗျာ
☎09-777751434