12/02/2026
တရားမ၀င်ငွေတိုးချေးနေတာတွေ တရားမ၀င်ဘူး ၊ ဥပဒေနဲ့ မညီဘူးလို့ ပြောနေပေမယ့် တစ်နိုင်ငံလုံး ငွေတိုးချနေသူ နေရာတိုင်းမှာ ရှိနေပါတယ် ။ ဒါပေမဲ့ ငွေတိုးချသူတွေကို အရေးယူတာ တစ်ခါမှမတွေ့ဖူးဘူး။ ငွေတိုးချေးပြီး ပြန်မဆပ်ရင် တဲ့လူကိုကျတော့ လိမ်လည်မှုနဲ့ တရားစွဲတာတွေ ၊ အတိုးပေါ်အရင်းပေါင်းပြီး အိမ်ကိုပါ ပေးလိုက်ရတဲ့ ငွေချေးသူတွေကို တွေ့နေရပါတယ် ။ ဒီကိစ္စတွေက ဥပဒေနဲ့ ညီပါသလား ။
======================
အရှိအတိုင်း သုံးသပ်ပြရရင် ငွေတိုးချေးစားတယ်ဆိုတဲ့ လူတွေဟာ ဝါရင့်၊ အတွေ့အကြုံရှိနေတဲ့သူတွေ၊ အပြင် အသိုင်းအဝိုင်းကျယ်ပြန့်တယ်၊ လက်မခံချင်လို့ မရတဲ့ အရှိတရားတစ်ခုပါ။ နောက်အတိုးကြီးကြီးနဲ့ ငွေချေး တယ်။ အဲလိုဆိုရင် အရောင်းအဝယ် စာချုပ်ဆိုတာ တစ်ခုချုပ်တယ်။ အငှားနေထိုင်ပါတယ်ဆိုတာ တစ်ခုချုပ် တယ်။ ခွင့်ပြုချက်နဲ့နေပါတယ် ဆိုတာလည်း ထပ်ချုပ်သေးတယ်။ ဒီကြားထဲ ဂျီပီဆိုတာယူလိုက်သေးတယ်။ ဒါထက် Blank စာချုပ်တွေမှာတောင်မှ လက်မှတ်ထိုးခိုင်းလိုက်သေးတယ်။ တဖက်ကလည်း ယုံကြည်ရတာပဲ ဆိုပြီး အားလုံးထိုးပေးလိုက်တယ်။ ထိုးပေးလိုက်တော့ ငွေ တစ်သိန်းယူတယ်ဆိုပါဆို၊ အတိုးအတွက် ပေါင်းပြီး ၁သိန်းခွဲ ရေးတာကိုလည်း ခံလိုက်ရသေးတယ်။ အတိုးတွေမှန်မှန်ပေးတယ် ၊ အဲလိုအတိုးပေး ကြောင်းကျတော့ ဖြတ်ပိုင်းလည်းမပေးဘူး။ စလစ်လည်းမပေးဘူး။ လက်မှတ်လည်းမထိုးဘူး ။ ဒီအတိုင်းအပျောက် ယူလိုက် တယ်။
အဲဒီတော့ သူတို့ငွေတိုးချေးစားသူဘက် ချီပြီး၊တုတ်ပြီး လုပ်လိုက်တာ။ ပြည်သူလူထုဘက်က ပြောတာကျတော့ ဒို့က ငွေတိုးလေးနဲ့ ချေးတာကွာ အခုတော့အိမ်ပါ အသိမ်းခံရတယ်၊ သူတို့ ငွေတိုးချေးစားတာကျတော့ ဥပဒေ က ဘာမှ အရေးမယူပါ့လား။ ဒို့ကို အကာအကွယ်မပေးပါလားလို့ မေးတော့ ၊ အဲမှာ ဥပဒေမသိနားမလည်မှု ပြဿနာ၊ တရားခံက သူတို့ပေါ့၊ ဥပဒေကတော့ရှိတယ် တရားမဝင် ငွေတိုးချေးစားတဲ့သူကို ထောင်ဒဏ်သုံးနှစ် ထိချနိုင်တဲ့ ပြဋ္ဌာန်းချက်လည်းရှိတယ်။ သို့သော် ဘယ်သူကို တရားမဝငျေ ငွတိုးချေးစားသူလို့ သတ်မှတ်မှာလဲ ဆိုတော့၊ သူဟာ ငွေတိုးချေးစားခြင်းကို ထင်ထင်ရှားရှားလုပ်ကိုင်တဲ့သူ ဖြစ်ရမယ်။ အဲလို အထောက်အထားက မရနိုင်ဘူး၊ ခက်ခဲတယ်။ နောက်သူ့ဆီမှာ လုပ်ထားလိုက်တဲ့ စာချုပ်စာတမ်းတွေဟာ အနည်းဆုံးတော့ ထင်သာ မြင်သာ အားဖြင့်တော့ စာချုပ်စာတမ်း မှတ်တမ်းမှတ်ရာတွေဖြစ်နေတယ်။ ဂရမ်ရှိတာတို့၊ ပါမစ်ရှိတာတို့က သူ့ လက် ထဲရောက်နေလိမ့်မယ်။ အဲလိုအခါမျိုးမှာ ဥပဒေအရ အရေးယူဖို့ အခက်အခဲတွေရှိတယ်။
အဲတော့ မတရားငွေတိုးချေးစားလို့ ထောင်ချလိုက်တယ်ဆိုတာ မတွေ့ဖူးဘူးဆိုတာက ခုနကပြောတဲ့ အင်္ဂါရပ် တစ်ခု၊ သူဟာ ဒီလုပ်ငန်းပေါ်မှာ အမြဲအသုံးချနေကြောင်ြး ပဖို့ခက်တယ်။ တချို့ကျတော့ အမှန်ကူညီပေး လိုက် တာပဲ ။ ဟိုကလည်း မပြေလည်လို့ပြန်မဆပ်တာမျိုးပဲ။ အဲဒါသူကို ငွေတိုးချေးစားတယ်ဆိုပြီး အရေးယူလို့တော့ သင့်မှာမဟုတ်ပါဘူး။ နောက်ဟိုတုန်းက ဥပဒေရှိတာက ခင်ဗျားငွေတိုးချေးစားလိုက်၊ နောက်ပြဿနာဖြစ်ကြပြီ ။ ငွေတိုးချေးတဲ့သူဘက်က မှန်နေဦး၊ အနိုင် ဒီဂရီမရပါဘူး။ လိုင်စင်မရှိရင် သူငွေသူပြန်မရနိုင်ပါဘူး။ အဲတော့ အဲဒီဥပဒေအားနည်းချက်ရှိတယ်လို့ ယူဆနိုင်ပေမဲ့ ဒီနေ့ရှုပ်ထွေးနေတဲ့ လူမှုဆက်ဆံရေးအခြေအနေအရ ဒက် ထိဥပဒေကြီးပြဋ္ဌာန်းရင်လည်း တစ်ဖက်စောင်းနင်းဖြစ်နေမယ့် အနေအထားရှိတယ်။
ဒါကြောင့် နောက်ဆုံးအကြံပေးချင်တာက ဘယ်သူမဆို မလွဲရှောင်သာရင် ငွေတိုးချေးပါ။ သိုသော် ငွေချေးခြင်း အပီအပြင်ပဲလုပ်ပါ။ အားနာပြီး၊ ဒုက္ခရောက်နေလို့၊ တွေဝေပြီးတော့ ခုနကပြောတဲ့ စာချုပ်ပေါင်းစုံ မချုပ်မိပါ စေ နဲ့။ နောက်အချက်က သူ့ကို အတိုးပေးအရင်းပေးလုပ်နေတာတွေက အထောက်အထား ခိုင်ခိုင်မာမာရှိပါစေ။ အဲလိုဆိုရင် ခုဏပြောတဲ့ ဒုက္ခနည်းသွားမယ် ဆိုတာကို အကြံပေးချင်ပါတယ် ။
#ငွေတိုးချေး