Nay Win Thant Lawfirm

Nay Win Thant Lawfirm ���

၁၉-၅-၂၀၂၅ (တနင်္လာနေ့)ရက်နေ့တွင် ရုံးခန်းလေး ဖွင့်လှစ်သွားပါမည်အကြောင်းအမျိုးမျိုးကြောင့်ဖွင့်လှစ်ရက် နောက်ကျ သွားပါသဖြင...
16/05/2025

၁၉-၅-၂၀၂၅ (တနင်္လာနေ့)ရက်နေ့တွင် ရုံးခန်းလေး ဖွင့်

လှစ်သွားပါမည်

အကြောင်းအမျိုးမျိုးကြောင့်

ဖွင့်လှစ်ရက် နောက်ကျ သွားပါသဖြင့်

အနူးညွန့် တောင်းပန် အပ်ပါသည်။

23/04/2025
25-4-2025ရက်နေ့ ပြန်လည်ဖွင့်လှစ်သွားပါမည်
19/04/2025

25-4-2025ရက်နေ့ ပြန်လည်ဖွင့်လှစ်သွားပါမည်

19/06/2024

ဦးမြင့်ဝင်း တရားလွှတ်တော်ရှေ့နေ

အသက် (၆၈)နှစ် သည် ချမ်းမြသာစည်မြို့နယ်၊မြ

ရည်နန္ဒာ ၊၅၄လမ်း & ၁၁၅ G လမ်းနေအိမ်၌

၁၉-၆–၂၀၂၄ ရက်နေ့တွင် ကွယ်လွန်သွားပါသဖြင့်

မိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိပါသည်။

🚨၅၄လမ်း & ၁၁၅ G လမ်းဒေါင့်
မြရည်နန္ဒာရပ်ကွက် နေအိမ်မှ
တောင်အင်းမြောက်အင်းသုဿန်သို့
၂၁-၆-၂၀၂၄ (သောကြာနေ့) မနက် ၁၀နာရီတွင်ပို့ဆောင် သဂြိုလ်မည်။

04/11/2023

ပညာရှင်တွေနဲ့ လက်တွဲအလုပ်လုပ်တဲ့အခါ ဒီလို အကျင့်ကို ရှောင်ပေးပါ။

လက်မတွဲခင်မှာ သူ့ကို စိတ်ကြိုက်လေ့လာပါ။ သူ့ပညာကို ယုံပြီဆိုမှ အပ်ပါ။

သံသယ ပိစိလေး ရှိနေရင်ကို မအပ်ဘဲ ကြိုက်တဲ့နေရာအပ်ပါ။

ဒါClient ရဲ့ Customer Rightပါ။ ဘယ်သူ့ကို အပ်မယ် စိတ်ကြိုက်ရွေးပါ။

အပ်ပြီးရင်တော့ နွားရှေ့ ထွန်မကြူးပါနဲ့။ မကြိုက်ကြပါဘူး။

ခြင်္သေ့က တောထဲမှာ သဘာဝအတိုင်းနေရင် တောဘုရင်ပါ။

လှောင်အိမ်ထဲ ထည့်လိုက်ရင် ကြောင်ပါ။

စီးပွါးရေးမှာ ခြင်္သေ့မွေးထားပြီး လှောင်အိမ်ထဲ ထည့်ထားလို့ အကျိုးမရှိပါ။

အထူးသဖြင့် ဉာဏလုပ်အားဟာ ကာယလုပ်အား မဟုတ်ပါဘူး။

ကန်စွန်းရွက် တစ်စည်း ဘယ်လောက် သတ်မှတ်ဖို့ လွယ်ကူပေမယ့် Creation တစ်ခုကို သတ်မှတ်ရတာက ကျယ်ပြန့်ပါတယ်။

ပညာရှင်မှာ ပညာမာန ရှိပါတယ်။ အထူးသဖြင့် Creator တွေက သူတို့ရဲ့ Creation တွေနဲ့ ပတ်သက်လာရင် Sensitive ဖြစ်ကြပါတယ်။

ရှေ့နေတစ်ယောက်က ထိုက်သင့်ပြီးသား ပညာကြေးကို စျေးဆစ်တဲ့ အမှုသည်ကို ပြုံးပြုံးလေး လျော့ပေးလိုက်လို့ ရပါတယ်။

စာချုပ်ထဲမှာ စာလေးတစ်ကြောင်း လျော့လိုက်တာ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ ပြဿနာဖြစ်လာမှ ချန်ပေးခဲ့တဲ့ စာကြောင်း တန်ဖိုး သိလာပါလိမ့်မယ်။

ဒါပညာပါပဲ။ ပညာကို စျေးမဆစ်ပါနဲ့။ မတတ်နိုင်ရင် တခြားရွေးလိုက်ပါ။ ပညာကို စျေးဆစ်တာ ရိုင်းပါတယ်။ စေတနာပျက်စေပါတယ်။

နောက်တချက်က ခဏခဏ သံသယတွေနဲ့ လိုက်မပြောပါနဲ့။

တကယ်အလုပ်လုပ်တဲ့ ပညာရှင်မှာ သင့်သံသယတွေကို ဖုန်းထိုင်ဖြေပေးနေဖို့ အချိန်မရှိပါ။ ဖုန်းထိုင်ဖြေနေလို့ အလုပ်တွေ အလိုလို မပြီးလာပါ။

အထူးသဖြင့် Freelancer တွေ Agency တွေက သင့်ဝန်ထမ်းတွေ မဟုတ်တာကြောင့် သင့်တစ်ယောက်တည်းကို အချိန်တွေ ပုံပေးထားလို့ မရပါဘူး။

အချိန်ရှိရင်လည်း အလွန်အကြူး အချိန်ကုန်ရတဲ့ Clientကို လက်တွဲဖြုတ်ပြီး ရှင်းပြနေမယ့် အချိန်မှာ အလုပ်ဖြစ်သွားမယ့် တခြားစိတ်ချမ်းသာရတဲ့ Client 10ဦးကို ရွေးပါလိမ့်မယ်။

Freelancer တိုင်း တရားလွန် အမေးအမြန်းထူ၊ အရစ်ထူ၊ ငါသိငါတတ်၊ အားနေဖုန်းပြောချင်၊ အားနေ Replyခံချင်၊ နားချိန်တွေအထိ လိုက်မေးနေတဲ့ Client ကို မုန်းကြပါတယ်။ စာတွေချည်း ထိုင်ဖြေနေရမှတော့ ဘယ်ချိန်သွား အလုပ်လုပ်ရမှာလဲနော်။

အဲ့လောက် စိတ်ကင်ဆာပေးနေပြီး ငွေကျ မသုံးချင်ဘဲ ရလဒ်က ရှယ်မှ လိုချင်တာဆိုရင်တော့ Client ကို လက်ဘက်ရည်တိုက်လိုက်တယ် တပိုင်းတည်းအပြီးတွေ ထွက်လာပါလိမ့်မယ်။

ပြီး ကောင်းပြီးသား အဆင်ပြေပြီးသား Creation တွေကို တမျိုးလုံး ဝင်ပြင်လို့ အောလီ ဖြစ်သွားတာမျိုးကို အရမ်းမုန်းကြပါတယ်။ ဒါပေမယ့် အောလီတွေ သုံးပြီး တိုက်ဂေါသွားတာ ငါမှမဟုတ်တာလေဆိုပြီး စိတ်ဖြေထားကြတာပါ။

ပညာရှင်နဲ့ လက်တွဲတဲ့အခါ ငါက ငွေပေးအပ်တာဆိုတဲ့ Mindsetရှိနေရင် တိုးတက်လာမှာ မဟုတ်ပါ။

စေတနာဟာ ငွေပေးဝယ်လို့ မရတာမို့ စေတနာကို မစော်ကားမိပါစေနဲ့။

ကျေးဇူးပါ။
Crd


•Chu•

❤️ကျေးဇူးပါ ဇွဲထက် စိန်ရွှေရတနာဆိုင် မိသားစု❤️ဇွဲထက်စိန်ရွှေရတနာဆိုင် မိသားစုဆတက်တပိုးအောင်မြင်ကြီးပွါးပါစေ
03/11/2023

❤️ကျေးဇူးပါ ဇွဲထက် စိန်ရွှေရတနာဆိုင် မိသားစု❤️

ဇွဲထက်စိန်ရွှေရတနာဆိုင် မိသားစု

ဆတက်တပိုးအောင်မြင်ကြီးပွါးပါစေ

🏣📝🏣
04/09/2023

🏣📝🏣

28/06/2023

#ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။ လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊ လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ ဂရန်မဟုတ်ပါဘူး၊ နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊ အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။ မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။ မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊ မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။ မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။ မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊ အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။ အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။ မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။ စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။
တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ ကွင်းအ မည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။ ၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊ အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။


- Myanmar Daily News

26/06/2023

အရက်ဆိုင် နဲ့ တရားပွဲ

တခါက...လူတစ်ယောက်ဟာ ဘာသာရေးတရားပွဲတစ်ခုကို တက်ရောက်နေသတဲ့။ဖြစ်ချင်တော့...သူ့ဖုန်းကို ဆိုင်းလင့် (silent) လုပ်ဖို့ မေ့သွားတယ်။

ရှေ့က တရားဟောဆရာ တရားဟောနေတုန်းမှာ သူ့ဖုန်းက Ring သံ အကျယ်ကြီး မြည်သွားတယ်။သူ ကမန်း
ကတန်း ပိတ်တော့ ပိတ်လိုက်နိုင်ပေမယ့်... တရားဟောဆရာ အပါအဝင် အားလုံးသော ပရိတ်သတ်တွေရဲ့ မျက်လုံးတွေက သူ့ကို ဝိုင်းကြည့်ကြတယ်။

သူတို့ရဲ့ မျက်လုံးတွေထဲမှာ...
- အလိုမကျမှုတွေ - အထင်သေးမှုတွေ - ပြစ်တင်ရှူံ့ချမှုတွေ အပြည့်နဲ့ပေါ့။

တရားဟော ဆရာက ပြောသတဲ့...
"လူကြီးမင်း အနေနဲ့ ဒီလိုမြင့်မြတ်တဲ့ တရားပွဲကိုလာရင် ဖုန်းသံကို ပိတ်ခဲ့သင့်တယ်ဆို မသိဘူးလား"

သူ ခေါင်းငုံ့ရင်း ဖြေတယ်...
"ကျနော်သိပါတယ်၊ ဒါပေမယ့် မေ့သွားလို့ပါဗျာ"

ဘေးက အမျိုးသမီးတစ်ယောက်ကလည်း ဝင်ပြောတယ်...
"အားလုံးရဲ့စိတ်တွေဟာ ဒီတရားထဲမှာ နှစ်မြောနေကြတာ ရှင့်၊ ရှင့်ဖုန်းသံကြောင့် ကျမတို့ အားလုံး အာရုံပျက်ရတယ် ရှင်က လူရှုပ်တစ်ယောက်ပဲ" "ဟုတ်ကဲ့၊ တောင်းပန်ပါတယ်ဗျာ" ဆိုပြီး သူ အဲ့တရားပွဲက ထွက်လာခဲ့တော့တယ်။

သူ့ရဲ့ သတိမေ့လျော့တတ်မှု အတွက်လည်း နောင်တရနေတယ်။စိတ်ညစ်ညစ်နဲ့ လမ်းမှာတွေ့တဲ့ ဘားတစ်ခုထဲ ဝင်ပြီး အရက်သောက်ပစ်ဖို့ စိတ်ကူးလိုက်တယ်။
သူ့အတွက် အရက်တစ်ခွက်မှာပြီး သောက်မယ်လို့လုပ်နေတုန်း...သူ့လက်နဲ့ တိုက်မိပီး အရက်ခွက်ဟာ ကျကွဲ သွားသတဲ့။

သူ သူ့မျက်နှာကို လက်နဲ့ အုပ်လိုက်ရင်း ခေါင်းမဖော်ဝံ့တော့ဘူး။ ခေါင်းငုံ့ရင်း တွေးနေတာက...သူပြစ်တင် ခံရဦးတော့မယ် သူ ရှူံ့ချ ခံရဦးတော့မယ် လို့ပေါ့။

သူရဲ့အကြိမ်ကြိမ်မှားယွင်းတတ်မှုတွေ ပေါ့တီးပေါ့ဆနိုင်မှုတွေအတွက် သူ ဘယ်လိုဖြေရှင်းရမှန်း မသိအောင် ဖြစ်နေတော့သတဲ့။

အဲ့အချိန်မှာ...စားပွဲထိုးတစ်ယောက် ရောက်လာပြီး ပြောတယ်...
"ဆရာ ခဏလေး ဖယ်ပေးပါခမျ၊ ကျနော် စားပွဲခုံကို သန့်ရှင်းပေးမလို့ပါ"

ဆိုင်က မန်နေဂျာ ရောက်လာပြီးလည်း ပြောသတဲ့...
"လူကြီးမင်း စိတ်ညစ်စရာတွေ ရှိနေသလား၊ ကျကွဲသွားတဲ့ ခွက်အတွက် စဉ်းစားမနေပါနဲ့၊ ကျနော် တစ်ခွက် အစားထပ်ပေးပါမယ်" ... တဲ့။

ဘေးက အရက်သမားတွေကလည်း လက်ခုပ်တီးအားပေးရင်း ပြောတယ်...
"ငါ့ကောင်ကြီး ဘာကိုမှ တွေးမနေနဲ့၊ ငါတို့ ပျော်ပျော်ကြီး ဆက်သောက်ကြစို့ ချီးယာယာ စ် စ် စ်"

အရက်ဆိုင်ထဲက လူတွေရဲ့ တုန့်ပြန်မှုကို တွေ့ရတော့...
သူ့မှာ အံ့ဩမှုတွေ မယုံကြည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေ အပြည့်နဲ့။

credit #သန်း၄ကို
via zawzaw nyein

1-1-2023  မှ စတင်၍
13/12/2022

1-1-2023 မှ စတင်၍

Address

63st 23&24btn, Maharzayyarbon, Aungmyaytharzan Township
Mandalay

Telephone

+9592038786

Website

Alerts

Be the first to know and let us send you an email when Nay Win Thant Lawfirm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share