Luminous Myanmar Law Firm

Luminous Myanmar Law Firm Legal Service
Legal Case
Copyright
Trademark Registration

 #ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွ...
30/07/2026

#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း ဆိုင်ရာ ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇူလိုင်လ ၃၀
ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများ လိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (၃/၂၀၂၆) အား ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ၃၀-၇-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ရရှိလာသောအွန်လိုင်းမှတ်ပုံတင်လက်မှတ်များ
11/01/2026

ရရှိလာသောအွန်လိုင်းမှတ်ပုံတင်လက်မှတ်များ

01/01/2026

စက်မှုဒီဇိုင်း၏ အဓိပ္ပာယ်သတ်မှတ်ချက်

စက်မှုဒီဇိုင်း ဆိုသည်မှာ မျဉ်းကြောင်းများ၊ ကောက်ကြောင်းများ၊ အရောင်အသွေးများ၊ ပုံသဏ္ဌာန်၊ မျက်နှာ ပြင်အနေအထား၊ ယက်ထည်အသား၊ ထုတ်ကုန်ပစ္စည်းတို့၏ သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အလှအပအဆင်တန်ဆာ သို့မဟုတ် ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပအဆင်တန်ဆာတို့မှ ပေါ်ထွက်လာသော စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတို့၏ အပြင်ပန်းပုံသဏ္ဌာန်ကို ဆိုသည်။

မှတ်ပုံတင်ရရှိနိုင်သော စက်မှုဒီဇိုင်း
အသစ် ဖြစ်ရမည်၊

တုပမှုကင်းစွာဖန်တီးထားရမည်။

၁။ စက်မှုဒီဇိုင်းတစ်ရပ်ရပ်သည် အသစ် ဖြစ်သည့်အပြင် တုပမှုကင်းစွာဖန်တီးထားခြင်းဖြစ်ပါက အကာ အကွယ်ရရှိမည်။

၂။ နိုင်ငံတော်တွင် စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသည့် နေ့မတိုင်မီ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုလျှောက်ထားပါက ယင်းဦးစားပေးအခွင့်အရေး တောင်းဆိုသည့် နေ့မတိုင်မီ ယင်းစက်မှုဒီဇိုင်းကို အများပြည်သူသိရှိစေရန် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ စာဖြင့် ဖော်ပြခြင်း၊ အသုံးပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ခင်းကျင်းပြသခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုတ်ဖော် အသိပေးခဲ့ခြင်း မရှိလျှင် ယင်းစက်မှုဒီဇိုင်းသည် အသစ်ဖြစ်သည်ဟု မှတ်ယူမည်။

၃။ စက်မှုဒီဇိုင်းသည် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်း၏သွင်ပြင်လက္ခဏာများ စုပေါင်းထား ခြင်းဖြစ်လျှင် သို့မဟုတ် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်းများနှင့် သိသာထင်ရှားစွာ ကွဲပြားခြားနားမှုမရှိလျှင် ယင်းစက်မှုဒီဇိုင်းသည် အသစ်ဖြစ်သည်ဟု မမှတ်ယူပါ။

မှတ်ပုံတင်ခွင့်မပြုနိုင်သော စက်မှုဒီဇိုင်း

(၁) နည်းပညာဆိုင်ရာ သို့မဟုတ် လုပ်ဆောင်ချက်ဆိုင်ရာ ဖန်တီးပြုလုပ်မှုများ၊

(၂) အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကို ဖြစ်စေ၊ နိုင်ငံတော်၏ အမွန်အမြတ်ထားအပ်သော ယဉ်ကျေးမှုကိုဖြစ်စေ ထိပါးမှုများ။

************************************************************************************************************************************************************************************************

အကာအကွယ်ပေးသည့်ကာလ
လျှောက်ထားချက်တင်သွင်းသည့် နေ့မှ ငါးနှစ်၊
ငါးနှစ်သက်တမ်းနှစ်ခု တိုးနိုင်သည်(စုစုပေါင်း ၁၅ နှစ် ဖြစ်သည်)။

မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း၏ မှတ်ပုံတင်သက်တမ်းသည် စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားချက် တင်သွင်းသည့်နေ့မှစ၍ ငါးနှစ်ဖြစ်သည်။ စက်မှုဒီဇိုင်းမှတ်ပုံတင်သက်တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်စီဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်သည်။

မည်သူ လျှောက်ထားနိုင်သလဲ?

၁။ ဖန်တီးသူ
၂။ ဖန်တီးသူ၏ တရားဝင်အမွေဆက်ခံ
၃။ ဖန်တီးသူ၏ တရားဝင်လွှဲပြောင်းပေးခြင်းခံရသူ

Address

68th Street, 34th×35th Between , ChanAyeTharSan Township
Mandalay
05033

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Luminous Myanmar Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Luminous Myanmar Law Firm:

Shortcuts

Share

Category