Royal မန်းလေး အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • Royal မန်းလေး အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း

Royal မန်းလေး အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း 🏡အိမ်၊ ခြံ၊ မြေ အကျိုးဆောင်နှင့်
⚖️စာချုပ် စာတမ်းအမျိုးမျိုး ချုပ်ဆိုပေးခြင်း

ဘိုးဘွားပိုင်မြေကို အမည်ပြောင်းတဲ့အခါ တရားဝင်ဖို့လုပ်ရမယ့် အချက်များဘိုးဘွားပိုင်မြေဆိုတာဟာ ဘိုးစဉ်ဘောင်ဆက် အမွေ ဓားမဦးခ...
20/02/2024

ဘိုးဘွားပိုင်မြေကို အမည်ပြောင်းတဲ့အခါ တရားဝင်ဖို့လုပ်ရမယ့် အချက်များ

ဘိုးဘွားပိုင်မြေဆိုတာဟာ ဘိုးစဉ်ဘောင်ဆက် အမွေ ဓားမဦးချ ဆက်ခံနေထိုင်လာကြတဲ့မြေဖြစ်ပြီး ဥပဒေအရ ပြောရရင်လည်း ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘွားမိဘလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့၊ လွှဲပြောင်းဆက်ခံခွင့်ရှိတဲ့ မြေအမျိုး အစားဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေတွေဟာ အိမ်ခြံမြေလောကမှာ လူကြိုက်များပြီး ဈေးလည်းကောင်းပါတယ်။

ဒီနေ့ခေတ် အခြေအနေအရ အခြားမြေတွေဖြစ်တဲ့ လယ်မြေ၊ ယာမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ မြေငှားဂရမ်မြေ၊ ကျူးကျော်မြေ၊ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်း၊ အခွန်လွတ် သာသနာ့မြေ၊ အခွန်လွတ်ဗဒ္ဓသိမ်မြေ စတဲ့ မြေတွေထက် ဘိုးဘွားပိုင်မြေဟာ ခိုင်မာမှု ရှိနေဆဲပါ။

ဘိုးဘွားပိုင်မြေကို အမွေဆက်ခံရခြင်းကြောင့်ဖြစ်စေ၊ ရောင်းချဝယ်ယူလိုက်ခြင်းကြောင့်ဖြစ်စေ အမည်ပြောင်းလဲမှုတွေ လုပ်ရပါတယ်။ အမည်ပြောင်းလဲမှုအတွက် ဘယ်လိုလျှောက်ထားရမလဲဆိုတာ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ်။

ဘိုးဘွားပိုင်မြေကို အမည်ပြောင်း လျှောက်ထားတဲ့အခါ အောက်ပါအတိုင်း အမျိုးအစားခွဲပါတယ်။

- အမည်ပြောင်း
- ဦးပိုင်းအမည်ပြောင်း ( ဦးပိုင်တစ်ခုကို ခွဲစိတ်ပြီး အမည်ပြောင်း လျှောက်ထားခြင်း )
- အမည်ဖြည့်စွက်ခြင်း (မူလအမည်ပေါက်အပြင် နောက်ထပ် လူတစ်ဦး၊ နှစ်ဦးကို ပိုင်ဆိုင်သူအဖြစ် ထပ်ထည့်ခြင်း)
- အမည်ပယ်ဖျက်ခြင်း (မူလနှစ်ဦး၊ သုံးဦး အမည်ပေါက်မှ တစ်ဦးဦးကို ပယ်ဖျက်ပေးဖို့ လျှောက်ထားခြင်း)

ဘိုးဘွားပိုင်မြေ အမည်ပြောင်းလျှောက်ထားရာမှာ အောက်ဖော်ပြပါ စာချုပ်စာတမ်းနဲ့ အထောက်အထားများ လိုအပ်ပါတယ်။

- လျှောက်ထားသူရဲ့ မှတ်ပုံတင် မိတ္တူမှန်
- မြေပုံ၊ မြေရာဇဝင်မူရင်း
- အမွေဆက်ခံခြင်း ဖြစ်ပါက အဆင့်ဆင့် အမွေဆက်ခံမှု စာချုပ်စာတမ်း၊ မိတ္တူ
- အရောင်းအဝယ် ဖြစ်ပါက အဆင့်ဆင့် အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင်စာချုပ် မိတ္တူမှန်
- တရားရုံး ဒီဂရီ (သို့မဟုတ်) တရာမပုံစံ (၁၀၆)၊ တရားရုံးမှ အမည်ပြောင်းပေးရန် အကြောင်းကြားစာ
- အမည်ပေါက် သေဆုံးပါက သေစာရင်း မိတ္တူမှန်
- အိမ်ထောင်စုဇယား မိတ္တူမှန်
- အဆောက်အဦး ဓာတ်ပုံ
- ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်

အထက်ဖော်ပြပါ အထောက်အထားတွေနဲ့ အမှုတွဲ တည်ဆောက်ပြီး သတင်းစာမှာ ထည့်ကြော်ငြာရပါမယ်။ ကြောငြာလို့ ကန့်ကွတ်မှု အရှုပ်အရှင်း မရှိရင်တော့ ၁ လ အတွင်း အမည်ပေါက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကတော့ အိမ်ခြံမြေဥပဒေရေးရာ ဖော်ပြချက်များထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

စာဖတ်သူ မိတ်ဆွေများအားလုံး အိမ်ကောင်း၊ မြေကောင်းများ ပိုင်ဆိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဘဏ်မှာငွေချေးချင်ရင်အရင်ကတော့ ကိုယ့်အိမ်ကို ဘဏ်ပေါင်ပီးငွေချေးရတယ်ဆိုရင် ရှက်စရာကြီးလို့ထင်ကြပါတယ်။ခုတော့ခေတ်ပြောင်းနေပါ...
08/02/2024

ဘဏ်မှာငွေချေးချင်ရင်

အရင်ကတော့ ကိုယ့်အိမ်ကို ဘဏ်ပေါင်ပီးငွေချေးရတယ်ဆိုရင် ရှက်စရာကြီးလို့ထင်ကြပါတယ်။ခုတော့ခေတ်ပြောင်းနေပါပီ ခေတ်မီသူတိုင်း ဘဏ်ပေါင်ပီး ငွေချေးနေကြပါပီ။ဘဏ်မှာအိမ်ပေါင်ပီး ငွေချေးကြတာကိုက ဂုဏ်ယူစရာဖြစ်နေလို့ပါ။

ဘာလို့လဲဆိုတော့ အိမ်ခြံမြေတွေပိုင်တိုင်း ဘဏ်ကငွေချေးလို့မရလို့ပါ။ခိုင်မာတဲ့လုပ်ငန်းတစ်ခုရှိရမယ်၊တိုက်ကလည်းဖြစ်ရအုံးမယ်၊နာမည်ပေါက်ပီးသား မြေကွက်လည်းဖြစ်ရမယ် နိုင် ငံတော် ကို အခွန်ထမ်းဆောင်နေတဲ့သူလည်းဖြစ်ပီး၊ကောင်းသတင်းနဲ့စီးပွားရေးလုပ်ကိုင်နေတဲ့သူလည်း ဖြစ်ရမှာဆိုတော့ ဘဏ်ပေါင်ပီးငွေချေးရတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ။

အထက်ပါအချက်တွေပြည့်စုံတဲ့သူဆိုတာကလည်း အနည်းဆုံး လုပ်ငန်းရှင်/ သူဌေးလေးစာရင်း တော့ဝင်နေပီလေ။သူဌေးမှပဲ ဘဏ်မှာငွေချေးနိူင်တာမို့ ရှက်စရာမဟုတ်တော့ဘဲ ဂုဏ်ယူစရာဖြစ်နေပါပီလို့၊ ဘာလို့လဲဆိုတော့....,

ဘဏ်မှာငွေချေးချင်ရင်...

(၁) မိမိ (သို့)မိမိရဲ့ မိသားစုဝင် အမည်ပေါက် ဂရန်မြေ၊ဘိုးဘပိုင်မြေကွက်ရှိရပါမယ်။ တစ်ချို့ဘဏ်တွေကတော့ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လယ-၃၀(က)၊လယ-၃၀(ခ)၊ပုံစံ(၁၅-က) ကျပီးသားမြေတို့ကိုလည်း လက်ခံပါတယ်။

(၂) အဲဒီအမည်ပေါက်မြေပေါ်မှာ အနည်းဆုံး အုတ်ခံ နံကပ် အဆောက်အဦး ရှိရပါမယ်။အမည်ပေါက် အိမ်ခွန်ပြေစာရှိရပါမယ်။
**ကြီးတာသေးတာ မရှိပေမဲ့ အဆောက်အဦးနဲ့တူတဲ့ သင့်တော်တဲ့ အကျယ်အဝန်းတော့ရှိရင်ရပါတယ်။

(၃) နိုင် ငံတော် အသိအမှတ်ပြု သက်တမ်းရှိ လုပ်ငန်းလိုင်စင် လည်း ရှိရပါမယ်။မိမိ(သို့)မိမိရဲ့မိသားစုဝင် အမည်ဖြင့်
** စည်ပင်လိုင်စင်၊ ကသ လိုင်စင်၊စက်မှုလုပ်ငန်းလိုင်စင်၊ကုမ္ပဏီလိုင်စင်...စသည့်**

(၄) အဲဒီ မိမိလုပ်တဲ့လုပ်ငန်းအတွက် နိုင်ငံတော်ကို နှစ်စဉ် ဆောင်ထားတဲ့ အခွန်ပြေစာ တွေလည်း လိုအပ်ပါတယ်။များလေကောင်းလေပေါ့။ဝင်ငွေခွန်၊ကုန်သွယ်ခွန်၊အထူးကုန်စည်ခွန် ၊အမြတ်ခွန်...။
** တစ်ချို့ဘဏ်က အနည်းဆုံး ၂ နှစ်စာ၊တစ်ချို့ ၃နှစ်စာ၊တစ်ဆက်တည်းပေါ့ဥပမာ-၂၀၁၇/၁၈၊၂၀၁၆-၁၇၊၂၀၁၅/၁၆.....စသည့်**

(၅) လုပ်ငန်းရဲ့ နှစ်စဉ် အရှုံးအမြတ်စာရင်း ရှင်း တမ်း ၃ နှစ်စာ။
ပြည်သူ့စာရင်းကိုင်(CPA) လက်မှတ်ရရဲ့ အသိအမှတ်ပြု လက်မှတ်ပါ

(၆) တစ်ချို့ လုပ်ငန်းကြီးတွေဆိုရင်တော့ Master Plan, Future Plan တို့တင်ပြရပါသေးတယ်။

(၇) မိမိတင်မဲ့ဘဏ်သို့ တင်ပြရန် ရေးကူးရယူထားသည့် ဘဏ်တင်ပြရန် မြေပုံ၁၀၅၊မြေရာဇဝင်၁၀၆၊ဦးပိုင်မှတ်ပုံတင်စာရင်း ၁-က တို့လည်းလိုအပ်ပါသေးတယ်။
**သက်ဆိုင်ရာ စည်ပင်သာယာ၊မြေစာရင်းရုံးတွေမှာလျှောက်ထားထုတ်ယူရပါတယ်**
မိမိမြေအမည်ပေါက်ပိုင်ဆိုင်မှု့ စာချုပ်စာတမ်း အဆက်အဆက် အပြည့်အစုံ။
** မှတ်ပုံတင် အရောင်းအဝယ်စာချုပ်/အပေးစာချုပ်/စွန့်လွှတ်စာချုပ်/အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်/လဲလှယ်စာချုပ်/ပိုင်ဆိုင်ကြောင်းကြေညာစာတမ်းစာချုပ်/တရားရုံးအမိန့်/ဒီကရီ/ကျမ်းကျိန်ချက်.....စသည့်။

(၈) ကျန်တာတွေကတော့ တစ်ခုခုလျှောက်တိုင်းလိုအပ်တဲ့ မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ရပ်ကွက်ထောက်ခံစာ၊ပတ်စ်ပို့ ဓာတ်ပုံ၊တို့ ဖြစ်ပါတယ်။
**အရှုပ်အရှင်းကင်းစွာ နေထိုင်ပိုင်ဆိုင်လျှက်ရှိကြောင်း၊ ဘဏ်ပေါင်မှာဖြစ်ကြောင်း ကျမ်းကျိန်ချက် ကို အချို့ဘဏ်တွေက တောင်းပါတယ်**

(၉) လုပ်ငန်းလည်ပတ်ဆောင်ရွက်လုပ်ကိုင်နေပုံ လုပ်ငန်းဓာတ်ပုံများနဲ့ အာမခံ အပေါင်အဖြစ်ပေးမယ့် အိမ်ရဲ့ ရှေ့၊နောက်၊ဘေး ဘယ်ညာ ၊အခန်းဖွဲ့စည်းပုံအလိုက် ဓာတ်ပုံများ လိုအပ်ပါသေးတယ်။

(၁၀) ကုမ္ပဏီ၊ အစုစပ် လုပ်ငန်းများနဲ့ တင်ပြလျှောက်ထားတယ်ဆိုရင်တော့ ကုမ္ပဏီလက်မှတ်၊သွင်းကုန်ထုတ်ကုန်လိုင်စင်(ရှိလျှင်)သင်းဖွဲ့စည်းမျည်း၊သင်းဖွဲ့မှတ်တမ်း၊ပုံစံ-၆၊ပုံစံ-၂၆ ၊ပုံစံ-င(ရှိလျှင်)၊ဘဏ်မှချေးငွေရယူလျှောက်ထားရန်၊ငွေသွင်းငွေထုတ်လုပ်ငန်းများ ဒါရိုက်တာ အဖွဲ့ဝင် ဘယ်သူကို တာဝန်ပေးအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်၊အစုစပ်လုပ်ငန်းအတွက် ငွေချေးယူခွင့်၊တာဝန်သတ်မှတ်ချက်၊ချေးငွေပြန်လည်ပေးဆပ်ရေး အစီအစဉ် တွေ လိုပါလိမ့်မယ်။

အသေးစိတ်ကိုတော့ မိမိလျှောက်မယ့် ဘဏ်ရဲ့ ချေးငွေဌာနမှာအသေးစိတ် မေးမြန်းနိုင်ကြပါတယ်။

အထက်ပါအချက်တွေပြည့်စုံပီဆိုရင်တော့ မိမိချေးငွေလျှောက်ထားမယ့်ဘဏ်မှာ လျှောက်လွှာနှင့်အကွ အခြားလိုအပ်တဲ့စာရွက်စာတမ်းများပြင်ဆင်ပီး လျှောက်ထားတဲ့အခါ--
ဘဏ်တာဝန်ရှိသူများမှ အာမခံအပေါင်ပေးမဲ့ အိမ်၊မြေနဲ့ လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးပီး၊သိချင်တဲ့အချက်အလက်တွေကိုမေးမြန်းပါတယ်၊ပီးနောက်ဘဏ်တာဝန်ရှိသူများမှ အာမခံအပေါင်ပေးမဲ့ အိမ်မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို ဘဏ်သို့အပ်နှံစေပီး၊ဘဏ်မှခန့်အပ်ထားတဲ့ ဘဏ်ရှေ့နေထံကို ပိုင်ဆိုင်မှု Title Clearဖြစ်/မဖြစ် အစီရင်ခံ မေးမြန်းကြပါတယ်၊ အဲနောက် ဘဏ်ကခန့်အပ်ထားတဲ့ ဘဏ်ရာဖြတ် ထံလည်း အိမ်မြေအဆောက်အဦးတွေရဲ့ ကာလတန်ဘိုး၊ဈေးကွက်ပေါက်ဈေး၊အတင်းအကြပ်ရောင်းဈေး တို့ကို ကွင်းဆင်းစစ်ဆေး အစီရင်ခံ တင်ပြရန် တောင်းခံစာပို့ပီး အားလုံးပြည့်စုံပီဆိုရင် ချေးငွေစိစစ်ချထားတဲ့ အဖွဲ့ထံဘဏ်မှတင်ပြပီး သင့်တော်တဲ့ချေးငွေ ကို ခွင့်ပြုချထားခံရပါတယ်။

ချေးငွေခွင့်ပြုပီးရင်တော့ မီးအာမခံဆက်ထားရပါတယ်။ အာမခံကုမ္ပဏီတွေကလည်း သူ့ဘဏ်နဲ့သူရှိပါတယ်

မြန်မာ့အာမခံလုပ်ငန်း
IKBZ၊ဧရာမြန်မာ၊အောင်သစ္စာဦး၊ဂရင်းဂါးဒီးယမ်း၊FNI....စသည့်။
ချေးငွေမှာလည်း ပုံစံကအမျိုးမျိုးရှိတော့ လုပ်ထုံးလုပ်နည်းလေးတွေတော့ နည်းနည်းကွာမှာပေါ့။။ဥပမာ
Loan ချေးငွေ
Over Draft စာရင်းပိုထုတ်ချေးငွေ
Small Loan
SME Loan
Home Loan
JICA Loan
ဂျာမဏီ Loan
Project Loan......စသည့်
အိမ်ဝယ်ဖို့/စက်ပစ္စည်းဝယ်ဖို့ ..ပညာရေးအတွက်..အစုံပါပဲ။

ချေးငွေကျလာတဲ့အပေါ် သုံးသုံး/မသုံးသုံး အတိုးပေးနေရတဲ့ ချေးငွေနဲ့။သုံးသလောက်အပေါ် ၁၂%၊မသုံးဖြစ်သေးတဲ့ အပေါ် ထိန်းသိမ်းခ ၁% ပေးနေရတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။

SME Loan အတိုး ၁၀၀ကို ၈.၅% ကလွဲရင်

ဘဏ်တိုးပေးရတာ ၁၀၀ ကို တစ်နှစ်လျှင် ၁၃% ဘဏ်တိုင်း အတူတူပေမဲ့ အတိုးပေးရတဲ့လ ၁လ၁ကြိမ်၊၃လ၁ကြိမ် ၊အရစ်ကျစနစ်... အမျိုးမျိုးရှိပီး၊ချေးငွေသက်တမ်းမှာလည်း ၁နှစ်တစ်ခါပြန်ဆပ်ပြန်လျှောက်၊ ၃နှစ်ဆက်တိုက် သတ်မှတ်ရာခိုင်နံှုးနဲ့ အရစ်ကျပြန်ခွဲသွင်း၊၅နှစ်၊၆နှစ်၊၁၅ နှစ် ...ဘဏ်နဲ့ ချေးငွေ အမျိုးအစားအပေါ်မူတည်ပီး အမျိုးမျိုးရှိပါတယ်။
ဘဏ်ဟာ အပေါင်ဆိုင်မဟုတ်ဘူး။လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဆောင်ရွက်ဖို့ ချေးငွေထုတ်ချေးပေးတယ်လို့ဆိုပေမယ့်.....

လုပ်ငန်းမှာ အမှန်တကယ်လိုအပ်လို့ ချေးတဲ့သူက ခပ်နည်းနည်းပါ။အမှန်တကယ် အများစုကတော့ ခေတ်မီ ချင်လို့ဘဏ်မှာ ငွေချေးထားကြတာပါ။

Author : Tin Aung Moe

2023 နှစ်ဟောင်းကုန်လို့2024 နှစ်သစ်ကူးလို့ ရောက်လာပါပြီနှစ်သစ်မှစ၍ (၇)ရက်သား/သမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပ...
01/01/2024

2023 နှစ်ဟောင်းကုန်လို့

2024 နှစ်သစ်ကူးလို့ ရောက်လာပါပြီ

နှစ်သစ်မှစ၍ (၇)ရက်သား/သမီးများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ🙏🏻

အလုပ်အကိုင်တွေ အဆင်ပြေပြီး ဝင်ငွေတိုးပွါး
အိမ် ခြံ မြေ တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်🙏🏻

မန်းလေးအိမ်ခြံမြေ အကျိုးဆောင်
crd

သဘောကျမိသော❤️💕❤️photos -Crd
26/12/2023

သဘောကျမိသော❤️💕❤️

photos -Crd

11/10/2023

🔺 ရောင်းမည့် ဧကကွက် မြေကွက်များ🔺
1. ရန်ကင်းတောင်အနီး ၁ဧကခွဲ အာလုံးသိန်း(၈၅၀၀)

2. ရန်ကင်းတောင်အရှေ့ MITကျောင်းအနီး (၁)ဧက သိန်း(၃၀၀၀/၃၅၀၀) လမ်းတင် သိန်း(၅၀၀၀) (ရွာမြေ)

3. ရန်ကင်းတောင်အရှေ့ဘက်ကပ်ရပ် ပြင်ဦးလွင်အတက်လမ်း လမ်းတင် (1)ဧကသိန်း (၁၂၀၀၀)(ဥယျာဉ်ခြံမြေ)

4. ရန်ကင်းတောင်အနီး နှစ်(၃၀)ဂရန်ရပြီး (၁)ဧက သိန်း (၂၀၀၀၀/၂၅၀၀၀)

5. ပုသိမ်ကြီးနာရီစင်အနီး (၁)ဧက သိန်း(၈၀၀၀)
မြေဖို့ပြီး

🔺ဆက်သွယ်မေးမြန်းရန်🔺

🏡Royalမန်းလေးအိမ်ခြံမြေ
📲09-773201979
📲09-423732256

🏡   #ဂရံမြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်🏡   #ဘိုးဘွားပိုင်မြေဆိုရင်သင်္ကေတ B နဲ့ပြပြီး မြေပ...
16/09/2023

🏡 #ဂရံမြေဆိုရင်
သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်

🏡 #ဘိုးဘွားပိုင်မြေဆိုရင်
သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲပါတယ်

🏡 #အစိုးရမြေဆိုရင်
သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲပါတယ်

🏡 #ရွာမြေဆိုရင်
လိမ္မော်ရောင်နဲ့ ဆွဲပြီး
သာသနာ့မြေဆိုရင်
အစိမ်းရောင်နှင့် ဆွဲပါတယ်

🏡🏡🏡
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

🙋🙋🙋
တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ 💚မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် C

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။🏡🏡🏡

မူရင်း ရေးသားသူအား
Credit ပေးပါတယ်ခင်ဗျာ

်းလေးအိမ်ခြံမြေ
☎️:09-423732256

05/09/2023

🔺သတိပြုရန်🔺

(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။

© ဆရာဦးခင်ဇော် (မရမ်းကုန်း)
#© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)

27/08/2023

🔶ရန်ကင်းတောင်အရှေ့ဘက် ရန်ကင်းအိမ်ရာစီမံကိန်းအနီး MIT ကျောင်း အနီး သရက်ခြံ (7)ဧကရောင်းမည် 🍀💚

🔶ခြံဝယ်ရင် အပိုဆုအနေနဲ့ ခြံထဲက စိန်တစ်လုံး သရက်ပင် အပင်ပေါင်း(၃၀၀)ကျော် ပတ္တမြား ငမောက်သရက်ပင်၊ ဇီးသီးပင် ၊ပိန္ဒဲသီးပင် မာလကာပင် လျှောက်ပင်စသော သီးပင်စားပင် အမျိုးပေါင်းများစွာလည်း (၁၂)လရာသီ တစ်မျိုးပြီးတစ်မျိူး ချက်ချက်းခူးစားလို့ရမှာပါ 🥭🍋🌿🍀

🔶ငွေမကိုင်ထားချင်တဲ့ ဘောစိတွေဝယ်အောင့်ထားသင့်တဲ့ မန္တလေးမြို့နဲ့အနီးဆုံးမှာရှိတဲ့ အချက်အချာကျတဲ့ နေရာလေးပါနော် 💚

🔶(၁)ဧကကို သိန်း(၅၀၀၀)ခေါ်ထားပါတယ် စျေးနှုန်း ညှိနှိုင်းလို့ရပါတယ်ရှင့် ပိုင်ရှင်တိုက်ရိုက်ပါ

🔺စိတ်ဝင်စားလို့ ဆက်သွယ်ချင်ရင်🔺
Royal မန်းလေးအိမ်ခြံမြေ
09-773201979
09-423732256
အချိန်မရွေး ဆက်သွယ် မေးမြန်းပါတယ်ရှင့်🤝

21/08/2023

🔺Edit🔺
🔶 ၃၃လမ်းအတင် မြို့ပတ်လမ်းအနီး ၂ဧက ရောင်းရန်ရှိသည် (၁)ဧက သိန်း(၂၀၀၀၀) ညှိနှိုင်း
ပိုင်ရှင်တိုက်ရိုက်ပါ

🔶ကွေးကျီးကုန်း ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းအနီး အခြားနည်းပါပြီး မြေဖို့ပြီး (၆)ဧက ရောင်းရန်ရှိသည်
(၁)ဧက သိန်း(၂၀၀၀၀) ညှိနှိုင်း
၁/၂ ဧကလည်း ခွဲရောင်းပေးပါတယ်ရှင့်

🔺ဆက်သွယ်ရန် 🔺
Royalမန်းလေးအိမ်ခြံမြေ
☎️09-423732256
09-974453666
အချိန်မရွေး ဆက်သွယ်မေးမြန်းပါရှင့်🤝

🔺အခုချိန်မှာ သိန်း(၁၀၀၀)အောက် ဂရန်မြေကွက်ရှာနေသူများအတွက် သတင်းကောင်းလေး🔺သိန်း (၇၅၀)ရှိရုံနဲ့ ဂရန်မြေကွက် (၃၀&၄၀)ပေမြေကွ...
20/08/2023

🔺အခုချိန်မှာ သိန်း(၁၀၀၀)အောက် ဂရန်မြေကွက်ရှာနေသူများအတွက် သတင်းကောင်းလေး

🔺သိန်း (၇၅၀)ရှိရုံနဲ့ ဂရန်မြေကွက် (၃၀&၄၀)ပေမြေကွက်တစ်ကွက် ပိုင်ဆိုင်နိုင်မယ်ရှင့်

🔺လမ်းမကြီးနီး စျေးနီး ကျောင်းနီး နေရာကောင်းလေးပါရှင့်

🔺ပေအကျယ်ကတော့ ဧရိယာ(၀.၂၁၁)ဧက အကုန်ဝယ်မယ်ဆိုလည်း အဆင်ပြေပါတယ် အနည်းဆုံး (၃၀&၄၀)ပေ ခွဲရောင်းပေးပါတယ်ရှင့်

🔺စျေးနှုန်းကတော့ ညှိနှိုင်းလို့ရပါတယ် ပိုင်ရှင်တိုက်ရိုက်ပါရှင်

🔺နေရာကတော့ မန္တလေးတိုင်း ၊ရေထွက်ရပ်ကွက်
ပုသိမ်ကြီး မြို့မစျေးအနီး

🔺ဆက်သွယ်ရန် royalမန်းလေးအိမ်ခြံမြေ
📲09.423732256
09.773201979
အချိန်မ၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်💚

မင်္ဂလာပါ (၁)၃၇/၁၂၀ပေ အနောက်လှည့်၊ဂရန်သိန်း၁၃၀၀၀(၂၆အနီး ၅၇အနီး)(၂)၅၀/၁၀၀ပေမြောက်လှည့်၊ဂရန်သိန်း၁၀၀၀၀(၂၆အနီး ၅၇အနီး)(၃)၅၀...
16/08/2023

မင်္ဂလာပါ

(၁)၃၇/၁၂၀ပေ
အနောက်လှည့်၊ဂရန်
သိန်း၁၃၀၀၀(၂၆အနီး ၅၇အနီး)

(၂)၅၀/၁၀၀ပေ
မြောက်လှည့်၊ဂရန်
သိန်း၁၀၀၀၀(၂၆အနီး ၅၇အနီး)

(၃)၅၀/၁၁၀ပေ
အရှေ့လှည့်၊ဂရန်
သိန်း၁၈၀၀၀(၅၈အနီး ၁၉အနီး)

(၄)၄၀/၁၅၀ပေ
အနောက်လှည့်၊ဂရန်
သိန်း၁၅၀၀၀(၅၈အနီး ၂၂အနီး)

(၅)၆၀/၈၀ပေ
အနောက်/မြောက်၊ဂရန်
သိန်း၂၀၀၀၀(၅၈အနီး ၂၂အနီး)

📲09-773201979

18/07/2023

မဂ်လာပါ
19လမ်းတင်
19/65ပေ
သိန်း7500ညှိနိုင်း
#၁၉လမ်း
#၆၂လမ်း အနီး

☎️09- 423732246
09- 773201779

Address

19 Street Between 57*58
Mandalay

Telephone

+959974453666

Website

Alerts

Be the first to know and let us send you an email when Royal မန်းလေး အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal မန်းလေး အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း:

Share

Category