Studying Legal Knowledge by JME

Studying Legal Knowledge by JME Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Studying Legal Knowledge by JME, Legal Service, Mandalay.

" အရင်ကဆို ကိုယ်က ဒီလောက်ကောင်းပေးခဲ့တာ...ဘာလို့များ ငါ့အပေါ်မှာလုပ်ရက်ရတာလဲ"လို့ ခဏခဏခံ​ပြင်းပြီး ဒေါသထွက်ဖူးတယ်။သွေးအေ...
19/01/2024

" အရင်ကဆို
ကိုယ်က ဒီလောက်ကောင်းပေးခဲ့တာ...
ဘာလို့များ ငါ့အပေါ်မှာလုပ်ရက်ရတာလဲ"လို့
ခဏခဏခံ​ပြင်းပြီး ဒေါသထွက်ဖူးတယ်။

သွေးအေးသွားလို့ ပြန်စဥ်းစားကြည့်ပြီဆိုရင်
" ဘယ်သူကမှ မတောင်းဆိုဘဲ
ကိုယ့်သဘောနဲ့ကိုယ်
စိတ်လိုလက်ရပေးပြီးတော့မှ...
တဖက်လူဆီကနေ တစ်စုံတရာပြန်လိုချင်မိတဲ့
ကိုယ့်ရဲ့မျှော်လင့်ချက်ကြောင့်ဖြစ်နေတာချည်းပဲ"ဆိုတာ
သဘောပေါက်လာခဲ့ရတယ်လေ။

လူလူချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း
လူတိုင်းကို ကိုယ့်စိတ်နဲ့
သွားနှိုင်းလို့မရဘူးဆိုတာလည်း သိလာခဲ့ရတယ်။

#ဂျူး

💢မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ💢၁ ဧက  = ၄၃,၅၆၀ စတုရန်းပေ ၁ ဧက  = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ၁ ဧက  = ၆၆ ပေ × ၆၆၀ ပေ၁ ...
04/10/2023

💢မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ💢

၁ ဧက = ၄၃,၅၆၀ စတုရန်းပေ
၁ ဧက = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ
၁ ဧက = ၆၆ ပေ × ၆၆၀ ပေ
၁ ဧက = ၁ သံကြိုး (အလျား) × ၁ ဖာလုံ (အနံ)
၁ ဧက = ၄၀,၄၇ စတုရန်းမီတာ

၁ စတုရန်းပေ = ၀.၀၉၂၉ စတုရန်းမီတာ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ မီတာ = ၃.၂၈၁ ပေ

Sqft ကို ဧကဖြင့် သိလိုလျှင်...
Sqft ÷ 43,560 = ( ) ဧက
ဥပမာ: 20,000 Sqft ကို ဧကဖြင့် သိလိုရင်
20,000 ÷ 43,560 = 0.459 ဧက

ဧကကို Sqft ဖြင့် သိလိုလျှင်...
ဧကအကျယ် × 43,560 = ( ) Sq.ft
ဥပမာ - 0.5 ဧကကို Sq.ft ဖြင့် သိလိုရင်
0.5 × 43,560 = 21780 Sqft

၁ ဧက = ၄၃,၅၆၀ စတုရန်းပေ ဆိုတာက လက်မ၊ ပေ၊ ကိုက်၊ သံကြိုး၊ ဖာလုံ၊ မိုင် စတဲ့ အတိုင်းအတာ ယူနစ်များနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်။

၁၂ လက်မ = ၁ ပေ
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး ( ၆၆ ပေ )
၁၀ သံကြိုး = ၁ ဖာလုံ ( ၆၆၀ ပေ )
၈ ဖာလုံ = ၁ မိုင် ( ၅,၂၈၀ ပေ )

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၁ ဟက်တာ = ၂.၄၇၁ ဧက
၁၀၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

#တဆင့်ပြန်လည်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်

18/05/2023

အလုပ်ထဲမှာ
ငါလဲကျသွားလို့မဖြစ်ဘူးဆိုပြီး
အားတင်းနေနေရတယ်
လဲကျသွားတာနဲ့ ငါသိတယ်
ငါအိပ်ပျော်သွားမယ်ဆိုတာ

မြန်မာနိုင်ငံမှာ ပိုင်ဆိုင်မှုနဲ့ပတ်သက်သည့်မြေ အမျိုးအစား (၁၈)မျိုးနဲ့စိုက်ပျိုးမြေ (၁၁)မျိုးရှိပါတယ်။သစ်တောကြိုး၀ိုင်း ...
27/03/2023

မြန်မာနိုင်ငံမှာ ပိုင်ဆိုင်မှုနဲ့
ပတ်သက်သည့်
မြေ အမျိုးအစား (၁၈)မျိုးနဲ့
စိုက်ပျိုးမြေ (၁၁)မျိုးရှိပါတယ်။

သစ်တောကြိုး၀ိုင်း နဲ့
မြေလွတ် ၊ မြေလပ်၊ မြေရိုင်း မပါသေးပါ။

ဗဟုသုတ. အလို့ငှာ ကူးယူဖော်ပြသည်
crd အများပြည်သူများ အမှန်တရား မြင်နိုင်အောင် ဗဟုသုတ ပညာ ဘဝအရေးအတွက် သူများအလိမ်မခံရအောင် လေ့လာရန် အတွက် တင်ပေးရခြင်း ဖြစ်ပါသည်။
Credit to ဥပဒေရေးရာ

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာစာနာတတ်ခြင်း ရှိတဲ့သူကပိုပြီး လူသားဆန်တယ် မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှ...
01/03/2023

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်

မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်

လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်

အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်
အများအကျိုးအတွက် အသက်ကိုစတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်

ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်

အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်။

Credit...Org.writer.

17/01/2023

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း❓❓
*******************************************

ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။

ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် ‘‘အမှတ်မှား’’ ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကျွန်ုပ်လည်း ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။

ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲ…ဒါပေမဲ့ ‘‘ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် ’’ မဟုတ်လား။ မမျှော်လင့်ဘဲ …ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာ‘‘မျောက်မီးခဲ ကိုင်မိသလို’’ ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး …ရန်ကုန် မြို့တော် ခန်း မမှာ ‘‘အရောင်းအဝယ်စာချုပ်ရန် ’’ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ ‘‘ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။

နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။

ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ ( Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။

မူရင်းတင်ပြသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

မြေငှားဂရန်လျှောက်ရာတွင်ပါရှိရမည့်စာရွက်စာတမ်းများ...
08/01/2023

မြေငှားဂရန်လျှောက်ရာတွင်
ပါရှိရမည့်စာရွက်စာတမ်းများ...

ဟန်ဆောင်စာချုပ် -        ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို  ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်...
08/01/2023

ဟန်ဆောင်စာချုပ် -
ကျွန်တော်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ငွေချေးငှားခြင်းကို ခိုင်မာအောင်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေရှင် နှင့် ငွေချေးသူတို့သည် အမျိုးမျိုး
သော စာချုပ်များအား ပြုလုပ်ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေရပါသည်။
ထိုစာချုပ်များထဲတွင် အိမ်မြေ၊ စသည်တို့ကို အပေါင်စာချုပ်ချုပ်ဆိုရမည့် အစား အရောင်း စာချုပ်ပြုလုပ်၍ လက်မှတ်ထိုးထားသည့်စာချုပ်များ ၊ စာချုပ်စာတမ်းရုံးတွင်မှတ်ပုံတင်နိုင်ရန်အထူးကိုယ်စားလှယ်စာ ၊ အထွေထွေ ကိုယ်စားလှယ်စာ နှင့် ပစ္စည်းကိုပါ လက်ရောက်ရယူထားသည့် အရောင်းအ၀ယ်စာချုပ်များစသည်ဖြင့် ငွေချေးငှားခြင်းအား
ဖုံးကွယ်၍ ဟန်ဆောင်စာချုပ်များအား နည်းမျိုးစုံဖြင့် ပြုလုပ်လေ့ရှိကြသည်။
တနည်းဆိုရသော် ဥပဒေအားလက်တစ်လုံးခြားသည့် စာချုပ်များကို ပြုလုပ်ချုပ်ဆိုလေ့ရှိကြပါသည်။

ထိုသို့အိမ်ခြံမြေကို အရာင်းအ၀ယ်ပုံစံပြုလုပ်၍ ငွေချေးငှားသည့် ကိစ္စများမှာ ဥပဒေနှင့် ညီညွှတ်မှန်ကန်မှု မရှိသဖြင့် မမှန်မကန် သောနည်းလမ်းဖြင့်
ဆောင်ရွက်၍ အိမ် ၊ မြေကို လက်ရောက်ရယူထားသည့် (သို့) အိမ်မြေနှင့် ပတ်သက်သော စာရွက်စာ
တမ်းများကို လက်ရောက်ရယူထားသည့် ငွေချေးပေးသူတို့သည် တရားရုံးတွင် အမှု ရှုံးနိမ့်မည်သာ ဖြစ်
သည်။
စာချုပ်တစ်ခုသည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချက်မရှိ ၊ ဟန်ဆောင်စာချုပ်မျှသာ ဖြစ်ခဲ့လျှင်၊ (သို့) ငွေတိုးချသူတို့ အက်ဥပဒေတွင် ပညတ်ထားသည့် ကိစ္စများကို ကွင်းရှောင်ကျော်နင်းရန် ရည်ရွယ်ချက် ဖြင့်ပြုလုပ်ခဲ့ လျှင် ထိုစာချုပ်သည် တရားဥပဒေအရ ပဋိညာဉ် မြောက်သည့် သဘောတူစာချုပ်မဟုတ်ချေ။
ဟန်ဆောင်ချုပ်ဆိုခဲ့သည့် စာချုပ်နှင့်ပတ်သက်၍ နုတ်သက်သေခံချက်တင်ပြ ခွင့်အား ဥပဒေက ခွင့်ပြုထားသဖြင့် မှုလ ငွေချေးငှားစဉ်က ပြုသမျှနုပြ၍ အလိုလိုက်အကြိုက်ဆောင်ခဲ့သော ငွေချေးယူသူသည် စာချုပ်မှာ ဟန်ဆောင်ဖြစ်ကြောင်း ၊ ငွေချေးငှားခြင်းဖြစ်ကြောင်း အကြောက်အကန် ငြင်းဆန်ပါတော့သည်။
ထိုအခါ မှုလငွေရှင်သည် ဖွတ်မရ ဓါးမရှုံးသည့် ကိန်းဆိုက်ရပါတော့သည်။
အောက်တွင်၂၀၁၂ ( စာ ၁၂၇)
စီရင်ထုံးကိုပူးတွဲဖော်ပြလိုက်ပါတယ်။ စာ နှင့် photo Credit
Photo crd

ဒီလူ ၆ ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ..၁။ သင့်ကိုငွေချေးပေးသူ- ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။...
03/01/2023

ဒီလူ ၆ ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ..

၁။ သင့်ကိုငွေချေးပေးသူ
- ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။ တန်ဖိုးထားပါ။

၂။ သင့်ကို ပစ္စည်း ရက်ရက်ရောရော ပေးတတ်သူ
- ပစ္စည်းပေါ်လွန်းလို့တော့ မဟုတ်ဘူး။ ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။

၃။ အတူတူအလုပ်လုပ်တဲ့အချိန်မှာ သင့်ကို ဦးစားပေးတတ်သူ
- "အ" လို့တော့မဟုတ်ဘူး။ မျှဝေခံစားတတ်လို့ပါ။

၄။ အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ
- နုံအ လို့တော့မဟုတ်ဘူး။ တာဝန်သိတတ်သူမို့လို့ပါ။

၅။ ဘေလ်ကို အရင်ရှင်းတတ်သူ။
- ငွေပေါနေလို့မဟုတ်ဘူး။ ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။

၆။ သင့်ကို ကူညီတတ်သူ
- သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။ သင့်ကို သူငယ်ချင်း အရင်းလို သတ်မှတ်လို့ပါ။



ဘဝအတွက်ခွန်အားဖြစ်စေသောစာပေ_

တစ်ချို့က....(ဓာတ်ဗူး) နဲ့ တူတယ်အပြင်မှာသာ အေးတာအတွင်းက ပူလောင်နေတတ်တယ် ..တစ်ချို့က....(ထန်းပင်) နဲ့ တူတယ်....ကိုယ်တိုင်...
02/01/2023

တစ်ချို့က....
(ဓာတ်ဗူး) နဲ့ တူတယ်
အပြင်မှာသာ အေးတာ
အတွင်းက ပူလောင်နေတတ်တယ် ..

တစ်ချို့က....
(ထန်းပင်) နဲ့ တူတယ်....
ကိုယ်တိုင်ပဲ အမြင့်တက်သွားချင်တာ
ဘယ်သူ့ကိုမှ အရိပ်ပြန်မပေးချင်ဘူး ..

တစ်ချို့က...
(ပုတ်သင်ညို) နဲ့ တူတယ်....
ပြောသမျှ ခေါင်းငြိမ့်ပြီး
အခြေအနေပေါ်မူတည် အရောင်ပြောင်းတယ်..

တစ်ချို့က...
(တံမြက်စည်း) နဲ့ တူတယ်....
အားလုံးအတွက် အမြဲရှင်းလင်းပေးပေမယ့်..
သူကိုယ်တိုင်ကျ ချောင်ထိုးခံထားရတယ် ..

တစ်ချို့က...
(Price Tape) နဲ့ တူတယ်....
သူများကိုသာ တန်ဖိုးလိုက်ဖြတ်နေတာ
သူတို့ကိုယ်တိုင်ကျ ၂၀၀/-ကျပ်ထဲ.....

#သည်းခံတယ်...
လူပါးဝလာတယ်..

#နားလည်ပေးလိုက်တယ်...
ပိုပြီးရောင့်တက်လာတယ်..

#လိုက်လိုက်လျောလျောဆက်ဆံတယ်...
ခေါင်းကိုပါ တက်နင်းချင်လာတယ်..

#မျက်နှာသာပေးတယ်....
မလေးမစားလုပ်လာတယ်..

#စေတနာထားတယ်...
စော်ကားမော်ကား လုပ်လာတယ်..

#နေရာပေးတယ်
မာန်တွေ တက်လာတယ်..

#အဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရပြီဆိုရင်
ကိုယ့်စိတ်ကို သက်သာရာရအောင်
လုပ်စရာက တစ်ခုပဲရှိတော့တယ်..
အဲ့ဒါကတော့ ဥပေက္ခာပြုထားခြင်း
(လျစ်လျူရှုခြင်း)ပဲပေါ့..

အစဥ်လေးစား ချစ်ခင်နေလျှက် ....... Credit

30/12/2022

ငါနဲ့ 1 year တွဲနိုင်ရင် တစ်သိန်း

2 year ဆို နှစ်သိန်း

26/12/2022

လယ်ယာမြေ ကနေ အိမ်ရာမြေသို့ ပြောင်းလဲလို့ရပါသလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🔹ဒီ မေးခွန်းက အခုတလော ရုံးက ဖုန်းနဲ့ Page Messenger ကနေ အမေးအများဆုံးမေးခွန်းတစ်ခု ဖြစ်ပါတယ်။ မြို့ပြမြေရာတွေမှာ အိမ်ရာမြေတွေဈေးနှုန်းမြင့်မားလာတာကြောင့် လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ လူနေထိုင်ဖို့အတွက်ဖြစ်စေ အိမ်ရာမြေတွေဖော်ဆောင်ဖို့အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ-လယ်ယာမြေဆိုတဲ့ မြေအမျိုးအစားသတ်မှတ်ချက်မှာ အကျုံးဝင်တဲ့ လယ်မြေ၊ ဥယျာဉ်ခြံမြေတွေကို အိမ်ရာအဖြစ် အကွက်ရိုက်ဖော်ဆောင်လာကြပါတယ်။ ဒီလိုလယ်မြေကနေ အိမ်ရာမြေအဖြစ် ဖော်ဆောင်ရာမှာ ဥပဒေကြောင်းအရ ဘယ်လိုအချက်တွေရှိသလဲဆိုတာကို ဥပဒေရှုထောင့်ဘက်က ပြောပြချင်ပါတယ်။
🔹လယ်ယာမြေထဲမှာ အကျုံးဝင်တဲ့ လယ်မြေ၊ ဥယျာဉ်ခြံမြေတို့ကို အိမ်ရာမြေဖြစ်စေ၊ အခြားစီးပွါးရေးလုပ်ငန်းများဖြစ်တဲ့ စက်သုံးဆီဆိုင်၊ ထမင်းဆိုင်၊ ဟိုတယ်စသည်ဖြင့် #စိုက်ပျိုးရေးလုပ်ငန်းမဟုတ်တဲ့ ကိစ္စရပ်တွေမှာ အသုံးပြုလိုတယ်ဆိုရင် လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ-၃၀ အရ ခွင့်ပြုတာကြောင့် လယ-၃၀ လို့လည်းခေါ်ကြပါတယ်။ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားမြေကိုတော့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အထိတင်ပြလျှောက်ထားရပြီး ခွင့်ပြုချက်ရမှ တရားဝင်အသုံးပြုခွင့်ရပါမယ်။ ကျန် လယ်ယာမြေတွေဖြစ်တဲ့ ဥယျာဉ်ခြံမြေ၊ ယာမြေ၊ ဓနိမြေ စတဲ့ မြေတွေကိုတော့ ပြည်နယ်တိုင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကို လျှောက်ထားရပါတယ်။ #ခွင့်ပြုချက်ရတာနဲ့မြေငှါးဂရန်ပါဆက်လျှောက်လို့ရပြီးတရားဝင်ခိုင်မာစွာအသုံးပြုလို့ရတဲ့မြေဖြစ်သွားပါပြီ။

🔹အဲသလို လျှောက်ထားရာမှာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန က တဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ်။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် ခရိုင်၊ ပြည်နယ် လယ်စီအဖွဲ့ အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ပုံစံ-၇ မရသေးတဲ့ လယ်ယာမြေဟာ အခြားနည်း လျှောက်ထားလို့ မရနိုင်ပါဘူး။ ဥပဒေရဲ့ ပုဒ်မ ၃ (ဃ)မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့ ဆိုပါတယ်။ ပုံစံ (၇) ရှိသူမှာ အခွင့်အရေး (၃) ရပ်ရပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတာ ပုံစံ (၇) ရသူ၊ သူ့မှာသာ ဒီအခွင့်အရေး (၃) ခုရတဲ့အတွက် ပုံစံ (၇) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ်။

🔹သတိထားစရာ ၂ ချက်ရှိပါတယ်။
#ပထမတစ်ချက်က - ၂၀၂၁ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းသုံးစွဲရင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ရရှိထားမြေဖြစ်ရင် ပုံစံ-၇ လက်မှတ်သိမ်းဆည်းခံရပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ဆုံးရှုံးသွားနိုင်ပါတယ်။ ထို့အတူ ယင်းလယ်ယာမြေပေါ်မှာ ရှိနေတဲ့ အဆောက်အဦတွေနဲ့ ဆက်လက်အသုံးပြုခွင့်တွေပါ ရပ်ဆိုင်းဖယ်ရှားခံရနိုင်ပါတယ်။
#ဒုတိယတစ်ချက်က - လယ်ယာမြေကို စိုက်ပျိုးဖို့အတွက် မဟုတ်ဘဲ အခြားနည်းသုံးဖို့အတွက် ခွင့်ပြုချက်ရဖို့က ခက်ခဲပါတယ်။ လယ်ယာမြေဥပဒေအရ - အများပြည်သူအကျိုးအတွက် ဆိုတဲ့ စကားရပ်ပါတဲ့အတွက် ရရှိဖို့ကတော့ ခက်ခဲပါတယ်။ နောက်တစ်ခုက စိုက်ပျိုးမြေ အဖြစ်ကနေ လူနေထိုင်အသုံးပြုရန်အဖြစ် မြေအမျိုးအစား ပြောင်းလဲသွားတဲ့အတွက် လယ်ယာမြေတွေ လျော့နည်းသွားပါတယ်။ လယ်ယာမြေဆိုတာက စိုက်ပျိုးဖို့ပါ။ ဒါပေမဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူ၏ အခွင့်အရေးများအရ လည်းကောင်း၊ ဗဟိုညွှန်ကြားချက်အရလည်းကောင်း အခြားနည်းသုံးစွဲရန် ခွင့်ပြုနေတဲ့ သဘောဖြစ်ပါတယ်။
ဒါကြောင့် လယ်ယာမြေပေါ်မှာ အကွက်ရိုက် အိမ်ရာဖော်ဆောင်ကြသူတွေ၊ လယ်ယာမြေကို စီးပွါးရေးအရ စိုက်ပျိုးရေးလုပ်ငန်းအတွက်မဟုတ်ဘဲ သုံးလိုသူတွေက အရောင်းအဝယ်လုပ်ကြတဲ့အခါ သိရှိနိုင်အောင် ရေးသားရခြင်းဖြစ်ပါတယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Studying Legal Knowledge by JME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category