Lamyothu-LL.B

Lamyothu-LL.B LAW

ပြစ်ဒဏ်လွတ်ငြိမ်း
17/04/2025

ပြစ်ဒဏ်လွတ်ငြိမ်း

Cardဥပဒေအတိုင်း (၂)                           "ရာဇဝတ်"ဟုသုံးနှုန်းခေါ်ဆိုကြခြင်း နှင့်  တရားမှုဟု သုံးနှုန်း ခေါ်ဝေါ်မှ...
05/09/2024

Card
ဥပဒေအတိုင်း (၂)


"ရာဇဝတ်"ဟုသုံးနှုန်းခေါ်ဆိုကြခြင်း နှင့် တရားမှုဟု သုံးနှုန်း ခေါ်ဝေါ်မှု (၂)ခုကို သဘောတရားသိနိုင်ရန် အတွက် ပြောပြလိုသည်မှာ ရာဇဝတ်မှုတွင် ထိခိုက်နစ်နာသူ၏ကိုယ်စား နိုင်ငံတော်အစိုးရက တရားစွဲဆိုရပါသည်။
တရားမမှုတွင် နစ်နာသူတစ်ဦးတစ်ယောက်(ဝါ) ပုဂ္ဂလိကထိခိုက်နစ်နာသူ ကိုယ်တိုင်က တရားလိုပြုလုပ်၍ တရားရုံးတွင် တရားစွဲဆိုရပါသည်။
ရာဇဝတ်မှုများအနက် ရာဇဝတ်ကျင့်ထုံးဥပဒေပြဌာန်းချက်အရ"ရဲအရေးပိုင်သောအမှု"များဖြစ်ပါကတရားရုံးကုန်ကျစရိတ်ကို နိုင်ငံတော်အစိုးရကကျခံပေးရပါသည်။
တရားမမှုများတွင် နှစ်ဘက်အမှုသည်များကိုယ်တိုင်မှတရားရုံးကုန်ကျစရိတ်များကို မိမိဘာ သာကျခံရပါသည်။
ရာဇဝတ်မှုတွင် အမှုများကျေအေးခြင်း၊ အမှုများ ရုပ်သိမ်းခြင်းတို့ကို ဥပဒေအရလည်း ကောင်း၊ နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ရမှသာလျှင် ကျေအေးခြင်း၊ရုပ်သိမ်းခြင်းများ ပြုနိင်ပါသည်။
တရားမမှုများတွင် နှစ်ဘက်အမှုသည်များ၏ညှိနှိုင်းသဘောတူညီမှုအရ ဝန်ခံချက်ရယူရုပ်သိမ်းခြင်း၊ ခြွင်းချက်ဖြင့်ရုပ်သိမ်းခြင်း၊ ခြွင်းချက်မရှိရုပ်သိမ်းခြင်းများ ပြုနိုင်ပါသည်။
ရာဇဝတ်မှုများတွင် ရာဇဝတ်မကင်းသောရည်ရွယ်ချက်၊အကြံအစည်၊ မရိုးမဖြောင့်သောသဘောဖြင့်"ပြုလုပ်မှု" "ပျက်ကွက်မှု"များ ရှိရပါမည်။
တရားမမှုများတွင် ရာဇဝတ်မှုများကဲ့သို့ ရည်ရွယ်ချက်၊အကြံအစည်၊မရိုးမဖြောင့်သောသဘောပါရှိရန်မလိုအပ်ပါ။ နစ်နာမှုရှိ/မရှိ၊ ပေးရန်/ရရန်တာဝန်ရှိ/မရှိသာ လိုအပ်ပါသည်။
ရာဇဝတ်မှုများတွင် စွပ်စွဲခံရသူတရားခံသည်ရာဇဝတ်မှုကျူးလွန်ကြောင်းကိုသက်သေပြရန်တာဝန်သည် ယေဘူယျအားဖြင့် စွပ်စွဲသူတရားလိုဘက်တွင် ကျရောက်ပါသည်။
တရားမမှုများတွင် စွပ်စွဲတိုင်တန်းချက်ပါအကြောင်းအရာ မှန်ကြောင်း/မမှန်ကြောင်း ထင်ရှားစေလိုသောအမှုသည်ဘက်မှ သက်သေထင်ရှားပြရန် တာဝန်ရှိပါသည်။
ရာဇဝတ်မှုများတွင်ပြစ်မှုထင်ရှားကျူးလွန်သူတရားခံတို့အား သေဒဏ်၊ ကျွန်းဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် စသည့်ပြစ်ဒဏ်များ ချမှတ်စီရင်နိုင်ပါသည်။
တရားမမှုများတွင် အမှုသွားအမှုလာအရ စွပ်စွဲချက်ခိုင်မာပါက နစ်နာသူတရားလိုဘက်သို့ တောင်းဆိုသည့်သက်သာခွင့်အတိုင်း တရားစရိတ်ဖြင့် ဒီကရီချမှတ်ပေးခြင်း၊ တောင်းသည့်သက်သာခွင့်တစိတ်တစ်ပိုင်း ခွင့်ပြု၍ တရားစရိတ်နှင့်တကွ ဒီကရီချမှတ်ပေးခြင်း၊ စွပ်စွဲတောင်းဆိုချက်မခိုင်မာပါက အမှုအား တရားစရိတ်နှင့်တစ်ကွ ပလပ်ခြင်းများ ပြုရပါသည်။
ရာဇဝတ်မှုများ၏ စီရင်ချက်အမိန့်တို့သည်"ပိုင်ဆိုင်မှု"အတွက် ချမှတ်ပေးခြင်း မဟုတ်ပါ။ "ပြုလုပ်မှု""ပျက်ကွက်မှု"တို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းသာဖြစ်ပါသည်။
တရားမမှုများ၏ စီရင်ချက်ဒီကရီအရသာ"ပိုင်ဆိုင်မှု" "မပိုင်ဆိုင်မှု"တို့နှင့်ပတ်သက်၍ သက်ဆိုင်အကြုံးဝင်ပါသည်။

မှတ်ရန်။ ။ ကလေးစရိတ်၊ မယားစရိတ်တို့နှင့်ပတ်သက်၍ ရာဇဝတ်မှု၊ တရားမမှုနှစ်မျိုးစလုံးဖြင့် လျှောက်ထားဆောင်ရွက်နိုင်ပါသည်။ ဆရာဦးမြ ၊ ဦးသက်ဖေနှင့် ဦး××တို့ ရေးသာခဲ့သော စာအုပ်များမှ လမ်းညွှန်မှုအရသိရှိရပါသည်။ လမျိုးသူ (ဥပဒေဘွဲ့)

Cardဥပဒေအတိုင်း (၁)                      လူဟာ တစ်ဦးတည်းနေထိုင်ခြင်မဟုတ်တဲ့အခါ အနှောက်အယှက်မဖြစ်စေရေးအတွက် အဓိက လက်စွဲကက...
05/09/2024

Card
ဥပဒေအတိုင်း (၁)
လူဟာ တစ်ဦးတည်းနေထိုင်ခြင်မဟုတ်တဲ့အခါ အနှောက်အယှက်မဖြစ်စေရေးအတွက် အဓိက လက်စွဲကကော့ ဥပဒေပဲ လူတိုင်း လွတ်လပ်မှုကို ကြိုက်တယ် အဲ့လွတ်လပ်မှုက အနှောက်အယှက်မဖြစ်စေတဲ့ လွတ်လပ်မှုပဲ ဖြစ်ရမယ် ဒီတော့ အရာရာတိုင်းမှာ ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ကြမယ်ဆိုရင် သင်နှစ်သက်သော လွပ်လပ်မှုနဲ့ ဝေးမည်မဟုတ်။ အခြေခံအားဖြင့် ကိုယ့်အိမ်မဟုတ်တဲ့ တစ်ပါးသူရဲ့အိမ်ထဲကို ခွင့်ပြုချက်မရပဲဝင်ခြင်းဟာ ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း မဟုတ် သင်ဟာ သူတစ်ဦးအပေါ် အနှေက်အယှက် ပေးခြင်းသာဖြစ်သည်။ တစ်ဦး​၏ နှစ်လိုဖွယ်မရှိသော အကြောင်းအချက်အပေါ် ဆန့်ကျင်သည်မှာ ထိုသူ​၏ လွဲမှားမှုဟု မှတ်ယူရမည်။ ထိုဖြစ်စဉ်ကို မလိုလားသောသူများ​၏ လက်စွဲမှာ ဥပဒေသာဖြစ်ဟု ကျွန်ုပ် ယုံကြည်ပါသည်။
သင်သည် ဥပဒေကို လက်စွဲအဖြစ် တန်ဖိုးထား အသုံးပြုတဲ့အခါ ဥပဒေက သင်အပေါ် အနှေက်အယှက်ဖြစ်သောအရာ အလုံးစုံကို ကာကွယ်ပေးပါလိမ့်မည် ( သို့တည်းမဟုတ် ) သင်သည် ဥပဒေကိုပယ် စည်းမျဉ်းကျော် စည်းကမ်းကို မလိုက်နာသည့်အခါ ဥပဒေက သင့်ကို စစ်ဆေးခြင်း၊ဖြေရှင်းခြင်းနှင့်အတူ ပေါ်ပေါက်မှုတစ်ရပ်အတွက် သင့်သည့် အမိန့်များလည်း ချမှတ်ပါလိမ့်မည်။
သို့မှသာ လူမှုဘဝ သာယာအေးချမ်းမှု ပြည့်ဝနိုင်သည်။
ဤနေရာတွင် စည်းမျဉ်း စည်းကမ်းကို သင် အလွယ်တကူ သိနိုင်မည်ဟု ကျွန်ုပ် ယုံကြည်သော်လည်း ဥပဒေနှင့် အညီဆောင်ရွက်ရာဝယ် လိုအပ်သော တိုင်ပင် ဆွေးနွေးမှုများလိုပါသည်။
ဥပဒေကြောင်းအရ တရားစွဲဆိုလိုသူသည် ဥပဒေပညာရှင်နှင့် ဦးစွာဆွေးနွေးပြီး ထိုသူ​၏ လမ်းညွန်မှုတွင် မိမိမှကျေနပ်အားရမှုရှိမှသာ ရာဇဝတ်ဖြစ်စေ တရားမဖြစ်စေ အခြား ဥပဒေအရ ဆောင်ရွက်ရန်ဖြစ်စေ ကိုယ်စားလှယ်လွဲစာတွင် လက်မှတ်ရေးထိုး၍ အပ်နှံဆောင်ရွက်ရမည်။
သင်က တရားစွဲဆိုခံရသူဖြစ်သည့်အခါ အလားတူ ဥပဒေပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပြီး မတရားမှုဖြစ်က ဖြေရှင်းဆောင်ရွက်ပြီး၊သင်​၏ပျက်ကွက်မှုကြောင့်ဖြစ်က ဥပဒေနှင့်အညီ ကုစားရန်သာဖြစ်သည်။
ဥပဒေပညာရှင်များသည် ဥပဒေပြဌာန်းချက်များအတိုင်း ဖြေရှင်းဆောင်ရွက်ရခြင်းအပေါ် ပြဌာန်းဥပဒေအတိုင်း နှင့် တည်ဆဲ ဥပဒေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်မှသာ လူမှုဘဝ သာယာအေးချမ်းမှု ပြည့်ဝ နိုင်မည်ဖြစ်သည်ကို မျှဝေဖော်ပြရပါသည်။



လမျိုးသူ (ဥပဒေဘွဲ့)

သက်သေ အထောက်အထားအပြင် ကြုံတွေ့ရတဲ့ ဖြစ်ရပ်အတွက် အခြားသော ဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားလို့ ရပါတယ်။ ဒါနဲ့ ယူနစ်ကိစ္စလေးတ...
13/06/2024

သက်သေ အထောက်အထားအပြင် ကြုံတွေ့ရတဲ့ ဖြစ်ရပ်အတွက် အခြားသော ဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားလို့ ရပါတယ်။
ဒါနဲ့ ယူနစ်ကိစ္စလေးတွေလည်း ကြားရတယ် မီးတော့မှန်ပါတယ် 😃😃😃

30/05/2024

အမွေပုံပစ္စည်း ခွဲဝေပေးစေလိုမှုများစွဲဆိုကြရာတွတွင် အမှုသည်အဖြစ် အမွေဆိုင်များ စုံလင်အောင် ထည့်သွင်းရန်လည်း အရေးပါသောအချက်ဖြစ်တယ်✍️
အမှုသည်များ စုံလင်ခြင်းရှိ/မရှိဆိုသော အချက်ကို
ဆန္ဒသဘောထားများပါဝင် ခြင်း ရှိ/မရှိ ဆိုသော စီရင်ထုံးနဲ့ နှိုင်းယှဉ်ချိန်ဆမှ ပြီးပြည့်စုံပါလိမ့်မယ်✍️
အမွေပုံကို မိသားစုစီမံခန့်ခွဲမှုအရ ညှိနှိုင်းခွဲဝေ ယူကြရာတွင် အမွေဆိုင်အချင်းချင်း သဘောတူ ညီညွတ်မှုက အဓိကဖြစ်ကြောင်း၊ အမွေဆိုင်တို့သည် တစ်ရပ်တစ်ကျေးစီတွင် သီးခြားနေထိုင်ကြရာဝယ် တစ်နေရာတည်း၌ စုစည်းဆုံတွေ့ကြရန် လွယ်ကူ မည်မဟုတ်ပေ။ ထိုသို့ တညီတညွတ်တည်းစုံစည်း ဆုံတွေ့မှသာ မိသားစုစီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှုတစ်ခုဖြစ်ရန်ခဲယဉ်း ပေလိမ့်မည်။ သို့ဖြစ်၍ အမွေဆိုင်အစုံအလင်ပါဝင်ရ မည်ဆိုရာတွင် ၎င်းတို့အားလုံး၏ ဆန္ဒသဘောထား များပါဝင်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူ သင့်သည်ဟူ၍ ဦးထွန်းရင်ပါ၂နှင့် မဝင်းရီပါ ၈ အမှု၊ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၇၄ တွင် ထုံးပြုထားသည်။

အမိန်ကြော်ငြာစာ အမှတ် - ၂၀၅/၂၀၂၄
14/02/2024

အမိန်ကြော်ငြာစာ အမှတ် - ၂၀၅/၂၀၂၄

🏛️🏛️🏛️
31/01/2024

🏛️🏛️🏛️

🏛️🏛️🏛️ဖြောင့်ချက်ပေးခြင်း🎗️တရားခံထံမှ ဖြောင့်ချက်ရယူရာတွင် ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၄ နှင့် ၃၆၄ တို့အရ  တရားသ...
26/01/2024

🏛️🏛️🏛️ဖြောင့်ချက်ပေးခြင်း🎗️

တရားခံထံမှ ဖြောင့်ချက်ရယူရာတွင် ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၄ နှင့် ၃၆၄ တို့အရ တရားသူကြီး ရှေ့‌တွင် နည်းလမ်းတကျ ရေးမှတ်ယူရမည်ဖြစ်ပါသည်။

ရေးမှတ်ယူသည့် တရားသူကြီးသည် တရားရုံးများ လက်စွဲ အပိုဒ် ၆၀၂ တွင် ‌ပါရှိသည့် ဖြောင့်ချက်ရေးမှတ်ယူရာတွင် လိုက်နာရသည့် နည်းဥပဒေ များ ကိုလိုက်နာရမည် ဖြစ်ပါသည်။

ထိုကဲ့သို့ နည်းလမ်းတကျ ရေးမှတ်ထားကြောင်း ပေါ်ပေါက်လျင် ဖြောင့်ချက်ယူသူ တရားသူကြီးကို ခေါ်ယူ စစ်ဆေးခြင်း မပြုဘဲ သက်သေခံ ဥပဒေ ပုဒ်မ ၈၀ အရ အဆိုပါဖြောင့်ချက်ကို တရားရုံးက စစ်မှန်သည်ဟု မှတ်ယူနိုင်ပါသည်။

‌ဖြောင့်ချက်ယူရာတွင် နည်းလမ်းမကျမှု ၊ ချွတ်ယွင်းကြောင်း ပေါ်ပေါက်မှသာ ဖြောင့်ချက်ရယူသူ တရားသူကြီးကို ခေါ်ယူစစ်ဆေးပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၃ ပုဒ်မခွဲ ၁ အရ ကုစားရန်ဖြစ်ပါသည်။

ယင်းတရားသူကြီးကိုယ်စား အခြားတရားသူကြီးကို သက်သေ အဖြစ်ခေါ်ယူစစ်ဆေးခြင်းသည် ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၃ ပုဒ်မခွဲ ၁ ပါ ပြဌာန်းချက်နှင့် ဆန့်ကျင်နေကြောင်သတိပြုရမည်ဖြစ်ပါသည်။

တရားခံ အနေဖြင့်‌ဖြောင့်ချက်ရေးမှတ် ယူစဉ်အခါကဖြောင့်ချက်ပေးလိုသော ဆန္ဒမရှိခြင်း၊ ရဲကအတင်းဖြောင့်ချက်ပေးခိုင်း၍ သော်လည်းကောင်း အခြားအကြောင်းများကြောင့် သော်လည်းကောင်း အကြောင်းပြ၍ ဖြောင်ချက်ကို ပြန်လည်ရုတ်သိမ်းနိုင်ပါသည်။

သို့သော် တရားခံသည် ဖြောင့်ချက်ကို ရုတ်သိမ်းပြီး ဖြစ်သော်လည်း တရားခံ ပေးခဲ့သည့် ဖြောင့်ဆိုချက်ပါ‌အကြောင်းရာများသည် ပြစ်မှု ကျုးလွန်ကြောင်း ထောက်ခံ သည့် သက်သေများနှင့် ထပ်တူကျနေပါက တရားခံ၏ပြန်လည်ရုတ်သိမ်းပြီးသော ဖြောင့်ချက်ဖြင့် အပြစ်ပေးနိုင်ပါသည်

16/05/2022

မိဘပြည်သူများ
အမေးများလာသော အိမ်နီးချင်းပြဿနာများ

ရပ်ကွက်ထဲမှာ အိမ်နီးချင်း ဆူညံပူညံ၊ ဆဲဆိုသံ၊ စိတ်ဆင်းရဲစရာများ ကြုံတွေ့လာလျှင် ရဲစခန်းကို ဘယ်လိုတိုင်ရမှာလဲဆိုပြီးမေးမြန်းလာကြတယ်

ရာဇသတ်ကြီး ပုဒ်မ ၅၀၄ ​၏ အဓိပ္ပါယ်ဖွင့်ဆိုချက်က♦️မည်သူမဆို သူတဦးအားတမင်စော်ကား၍ ဒေါသထွက်စေမှုကို
ပြုက 🔗

(၁)ထိုသို့ဒေါသထွက်စေမှု ပြုခြင်းသည် ထိုသူကအများပြည်သူ အေးချမ်းသာယာရေးကိုဖျတ်ဆီးစေရန် အကြံ သို့ သိလျှက်နှင့်၎င်း၊

(၂)အခြားပြစ်မှုတခုခုကိုထိုသူက ကျူးလွန်စေရန်အကြံ သို့ သိလျှက်နှင့်၎င်း၊ ပြဌာန်းထားပြီး...
(ပြစ်ဒဏ် အနေနဲ့ကတော👉့ နှစ်👈နှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရက်လုံးဖြစ်စေ ချမှတ်ရမည်

17/01/2022

Address

Kengtung

Opening Hours

Monday 10:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9592022506

Website

Alerts

Be the first to know and let us send you an email when Lamyothu-LL.B posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lamyothu-LL.B:

Share