K-Legal Consult

K-Legal Consult K-Legal Consult is established in 2019 with well known experienced lawyers in differenct sectors. We

ရန်ကုန်တိုင်းအတွက် ခရိုင်များ အသစ်ပြင်ဆင်ဖွဲ့စည်းခြင်း။
18/08/2022

ရန်ကုန်တိုင်းအတွက် ခရိုင်များ အသစ်ပြင်ဆင်ဖွဲ့စည်းခြင်း။

19/07/2022
05/05/2022

⚖ ပြည်သူတို့သိမှတ်ဖွယ်ရာ (အပိုင်း-၂)

ပြစ်မှုနှင့် တရားမမှုခြားနားချက်-

-ပြစ်မှု (သို့မဟုတ်) ရာဇဝတ်မှု
ထိခိုက်နစ်နာသူကိုယ်စား အစိုးရ (ဥပမာ၊ ရဲတပ်ဖွဲ့) က တရားလိုပြုလုပ်တရားစွဲဆိုရပါသည်။
၁။ ပြစ်မှုသဘောသက်ရောက်သည့်အမှုဖြစ်ရမည်။
၂။ ပြစ်မှုကြောင်းအရတရားစွဲဆိုရမည်။
၃။ ပြစ်မှုအလိုက် ငွေဒဏ်၊ ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်၊ သေဒဏ်အပြစ်ပေးပါသည်။
၄။ တရားရုံး၏ခွင့်ပြုချက်ဖြင့်အမှုကြေအေးနိုင်သည်။
၅။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဖြင့် အရေးယူဆောင်ရွက်သည်။
၆။ အမှုစွဲဆိုရာ၌ကာလစည်းကမ်းသတ်မရှိပဲ အချိန်မရွေးစွဲဆိုနိုင်သည်။

-တရားမမှု
ထိခိုက်နစ်နာသူကိုယ်တိုင်မှ ၄င်း၏နစ်နာမှုအတွက်မည်သို့ပြန်လည်ကုစားပေးရန်၊ မည်သို့သက်သာခွင့်ချမှတ်ပေးရန် တရားစွဲဆိုရသောအမှုမျိုးဖြစ်သည်။
၁။ တရားမသဘောသက်ဝင်သည့်အမှုမျိုးဖြစ်ရမည်။
၂။ တရားမကြောင်းအရတရားစွဲဆိုရမည်။
၃။ တရားရုံးမှ လျော်ကြေးပေးရန်၊ ပစ္စည်းလက်ရောက်ပေးရန်မြွက်ဟကြေငြာသည့် ဒီဂရီကိုချမှတ်ပေးသည်။
၄။ မိမိသဘောအလျောက် အချိန်မရွေးအမှုရုပ်သိမ်းနိုင်သည်။ နှစ်ဘက်ကြေအေးနိုင်သည်။
၅။ တရားမကျင့်ထုံးဥပဒေဖြင့်အရေးယူဆောင်ရွက်ရသည်။
၆။ အမှုစွဲဆိုရန်ကာလစည်းကမ်း သတ်မှတ်ချက်ရှိသည်။ ကာလစည်းကမ်း သတ်မှတ်ချက်ကျော်လွန်ပါက တရားစွဲဆို၍မရ။

အပိုင်း (၃) ကိုဆက်လက်ဖော်ပြပါမည်။

⚖ ပြည်သူတို့သိမှတ်ဖွယ်ရာ (အပိုင်း - ၁)မြန်မာနိုင်ငံ၏တရားစီရင်ရေးတွင် အဓိကစစ်ဆေးစီရင်ရသော အမှုအမျိုးအစား ( ၂ ) မျိုးသာရှိ...
02/05/2022

⚖ ပြည်သူတို့သိမှတ်ဖွယ်ရာ (အပိုင်း - ၁)
မြန်မာနိုင်ငံ၏တရားစီရင်ရေးတွင် အဓိကစစ်ဆေးစီရင်ရသော အမှုအမျိုးအစား ( ၂ ) မျိုးသာရှိပါသည်။
၁။ ပြစ်မှု (သို့မဟုတ်) ရာဇဝတ်မှု နှင့်
၂။ တရားမမှု
တို့ဖြစ်သည်။

၁။ ပြစ်မှု (သို့မဟုတ်) ရာဇဝတ်မှု
- တရားဥပဒေမှ မလုပ်ရန်တားမြစ်ထားချက်များ၊ မကျူးလွန်ရန်၊ မဖောက်ဖျက်ရန်၊ မပျက်ကွက်ရန် အတိအလင်းပြဌာန်းထားချက်များရှိသည်။ အဆိုပါအချက်များကို တစ်ဦးတစ်ယောက်ကို (သို့မဟုတ်) လူအများကို (သို့မဟုတ်) လူမှုအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်နစ်နာစေသောအခါ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုမျိုးဖြစ်သည်။

၂။ တရားမမှု
- လူတစ်ဦးချင်းစီ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လက်ရှိထားခွင့်၊ အမွေဆက်ခံခွင့်၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာရပ်တည်မြဲပိုင်ခွင့် အစရှိသောအခွင့်အရေးများကို ထိခိုက်နစ်နာစေသောအခါ နစ်နာသူကိုယ်တိုင် တရားလိုပြုလုပ်၍အမှုစွဲဆိုရသည့် အမှုမျိုးဖြစ်သည်။
အပိုင်း ( ၂ ) တွင်ဆက်လက်၍ဖော်ပြပါမည်။

၂၀၂၂ - ၂၀၂၃ ခုနှစ်၏ရန်ကုန်တိုင်းဒေသကြီးအတွက် အိမ်ခြံမြေရာဖြတ်နှုန်းထားများ။
29/04/2022

၂၀၂၂ - ၂၀၂၃ ခုနှစ်၏
ရန်ကုန်တိုင်းဒေသကြီးအတွက် အိမ်ခြံမြေရာဖြတ်နှုန်းထားများ။

ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေဥပဒေအမှတ်: ၅၁/၂၀၁၅ထုတ်ပြန်သည့်ရက်စွဲ: ၂၆/၈/၂၀၁၅အာဏာတည်သည့်ရက်: ၂၆/၈/၂၀၁၅ထ...
23/03/2022

ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေ

ဥပဒေအမှတ်: ၅၁/၂၀၁၅

ထုတ်ပြန်သည့်ရက်စွဲ: ၂၆/၈/၂၀၁၅

အာဏာတည်သည့်ရက်: ၂၆/၈/၂၀၁၅

ထုတ်ပြန်သည့်အဖွဲ့အစည်း: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံခန့်ခွဲသည့် ဗဟိုအဖွဲ့အစည်း/ဝန်ကြီးဌာန:
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

တည်ဆဲ/ရုပ်သိမ်း: တည်ဆဲဥပဒေဖြစ်သည်။

 #ဂရန်လျှောက်နိုင်သည့်မြေ1)လိုင်စင်မြေ2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ3)စကွာတာမြေ #ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ 1)နိုင်ငံသ...
22/03/2022

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။

ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊

ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။

-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။

-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။

-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။

-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။

-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။

-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။

-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။

-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊

စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။

-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo YCDC
-----------------------

15/02/2022

လူကြီးမင်း၊ မိတ်ဆွေများတို့၏
အိမ်၊ခြံ၊မြေနှင့် မြေကွက်များ၊ ဧကကျယ်ဥယျာဥ်ခြံနှင့် လယ်ယာမြေများကို ရောင်းချလိုခြင်း၊ ဝယ်ယူလိုခြင်းနှင့် စီးပွားရေးလုပ်ငန်းများတွင်ငှာရမ်းလိုခြင်းများပြုလုပ်လိုပါက၄င်း၊

အိမ်၊ခြံ၊ မြေ အပါအဝင် လယ်ယာ၊ဥယျာဥ်ခြံများကို အမည်လွှဲ​ပြောင်းခြင်း၊အမွေဆက်ခံပိုင်ဆိုင်ခြင်းနှင့် ​တရားဝင်အမည်ပေါက်ရရှိရန်ဆောင်ရွက်လိုပါက၄င်း၊
ကျွန်ုပ်တို့၏ K-Legal Consult နှင့်ချိတ်ဆက်၍​ ပြီးပြည့်စုံသောဝန်ဆောင်မှုအမျိုးမျိုးကို စိတ်ချမ်းသာစွာဖြင့်ရယူနိုင်ပါပြီ။

07/02/2022

မြေအမျိုးအစားများ၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံရာဇဝင် လျှောက်ထားခြင်းနှင့်ပက်သက်၍ သိထားသင့်သည့် အချက်များ။
==============================

( က ) မြန်မာမင်းလက်ထက် မြေလေးမျိုး

ရှေးမြန်မာမင်းလက်ထက်တွင် ရှင်ဘုရင်သည် လယ်ယာမြေတို့၏အရှင် ဖြစ်သည်။ ထိုခေတ်က မြေ အမျိုးအစားများကို အောက်ပါအတိုင်း လေးမျိုး ခွဲခြားထားပါသည်။
( ၁ ) အရာတော်မြေ ( နိုင်ငံပိုင်မြေ ) ( Royal Land )
( ၂ ) ဘိုးဘပိုင်မြေ ( ခ ) အမှုထမ်းမြေ ( Offical Land )
( ၃ ) လယ်ဝယ်ထား ပိုင်ဆိုင်ခွင့်ရှိသောမြေ ( Land holder right )
( ၄ ) ဝတ္ထကမြေ ( ဿသနာ့မြေ ) ဟူ၍ဖြစ်ပါသည်။

( ခ ) မူလမြေပိုင်ရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မဟာပထဝီမြေကြီးအားလုံး၏ မူလပိုင်ရှင်မှာ နိုင်ငံတော်ဖြစ် သည်။

( ဂ ) မြို့

မြို့ဆိုသည်မှာ မြူနီစီပယ်အက်ဥပဒေအရ မြို့အဖြစ် တည်ထောင်ထားသော ဧရိယာနယ်မြေဒေသကို ခေါ်ပါသည်။

( ဃ ) ကျေးရွာ

၁၉၀၇ ခုနှစ်၊ ကျေးရွာများ အက်ဥပဒေအရ ဖွဲ့စည်း၍ လူအများ စုပေါင်းနေထိုင်ကြသော ဧရိယာနယ်မြေ ဒေသများ ဖြစ်ပါသည်။

( င ) မြို့နှင့် ကျေးရွာများတွင် အကျုံးမဝင်သော မြေများ

အောက်မြန်မာနိုင်ငံ မြို့ရွာနှင့် ကျေးရွာများ အက်ဥပဒေပုဒ်မ ၃ ( ၂ ) ( ၃ ) တို့အရ မြို့နှင့် ကျေးရွာမြေ တွင် အကျုံးမဝင်သောမြေများမှာ ( ၁ ) မြစ်၊ ချောင်း၊ ရေကန်၊ တာတမံ၊ လမ်းမြေ၊ သဘာဝရေစီးကြောင်း
( ၂ ) တပ်မြေ
( ၃ ) ဘုရား၊ ကျောင်း၊ ကန် စသော ဿသနာရေးဆိုင်ရာ အသုံးပြုသော မြေ
( ၄ ) အင်းအိုင်မြေများ စသည်တို့ဖြစ်ပါသည်။

( စ ) မြေအမျိုးမျိုး
( ၁ ) မြို့မြေ

မြို့အဖြစ် သတ်မှတ်ထားသော ဒေသများတွင် မြို့တွင်မြေများကို အခွန်အရာရှိက ယာယီလိုင်စင် ထုတ်ပေးခြင်း၊ အငှားချထားခြင်း၊ ငှားရမ်းခ သတ်မှတ်ပေးသည့်မြေ ဖြစ်ပါသည်။

( ၂ ) လယ်ယာမြေ

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုး သောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ ဟုသော်လည်းကောင်း ၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုလိုသည်။ ယင်း စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်။ [ ပုဒ်မ-၃( က ) ]

( ၃ ) လယ်မြေ

လယ်မြေဆိုသည်မှာ သဘာဝအရ သော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်း ကောင်း စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိကစိုက်ပျိုးသော မြေကို ဆိုလိုသည်။ [ ပုဒ်မ-၃( ခ ) ] ( 3B )( မှတ်ချက် ။ ။ လယ်ယာမြေဥပဒေအသစ်ကို ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ( ၁၁ ) ဖြင့် ၃၀.၈.၂၀၁၂ ရက်နေ့တွင် ပြဌာန်းပါသည်။ )

လယ်ယာမြေကို အခြားနည်းအသုံးပြုခြင်း ( ပုဒ်မ-၃၀ )

အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ -
( က ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။
( ခ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းပြု လုပ်နိုင်သည်။ ထိုသို့ပြုလုပ်က သတ်မှတ်တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခ ပေးဆောင်ရ၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာရုံးတွင် မှတ်ပုံတင်ရမည်။ ( ပုဒ်မ -၁၂ )

သို့ရာတွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားသား ပါဝင် သည့် အဖွဲ့အစည်းကိုမျှ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း မပြုရ။ ( ပုဒ်မ -၁၄ )

( ၄ ) မြေပိုင်မြေ

၁၈၆၀ ခုနှစ်၌ ရန်ကုန်မြို့အား မြို့ကွက်များရိုက်၍ Town works fund အတွက် ရောင်းချ၍ ဝယ်ယူသူ များအား land Holder Right ရရှိသည့်မြေများ ဖြစ်ပါသည်။ ( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ်ခွင့် ရှိပါသည်။ )

( ၅ ) ဘိုးဘွားပိုင်မြေ

အောက်မြန်မာနိုင်ငံနှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ ၄ ( ၁၀ ) အရ ဘိုးဘွားမိဘများလက်ထက် ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသောမြေမျိုး ဖြစ်သည်။

( ၆ ) မြေငှားဂရန်မြေ ( မြေငှားစာချုပ်ရမြေ )

အင်္ဂလိပ်အစိုးရလက်ထက်က အစိုးရထံမှ မြေမဝယ်ယူနိုင်သောသူများအား မြေငှားခ သတ်မှတ်၍ စည်း ကမ်းချက်ဖြင့် နှစ်တို ( ၃လ ၊၁နှစ် ၊ ၅ နှစ် ) နှင့် နှစ်ရှည် ( ၃၀၊ ၆၀ ၊ ၉၀ ) နှစ်ကာလအပိုင်းအခြား သတ်မှတ်၍ အငှားချထားသည့်မြေမျိုးဖြစ်ပါသည်။ ၎င်းအပြင် စကွာတာမြေ၊ ရွာမြေ စသည်တို့မှ ပြောင်းလဲလာနိုင်သော မြေများ ပါဝင်ပါသည်။( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ်နိုင်သည်။ )

မြေငှားဂရန်ရရှိသူ၏ အခွင့်အရေး-

မူလမြေငှားဂရန်အခွင့်အရေးရရှိပြီး မြေငှားဂရန်စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် မြေကို လက်ဝယ် ထားရှိသူသည် မြေငှားဂရန် သက်တမ်းကုန်ဆုံးသောမြေသည် ( Reversionary Right ) အရ အလိုအလျောက် မူလချထားပေးသော ပိုင်ရှင် ( အစိုးရ ) လက်ဝယ်သို့ ပြန်လည်ရောက်ရှိပါသည်။ ၎င်းမြေကို နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ ( land at the disposal of government ) အဖြစ် မှတ်ယူရမည်။ ၎င်းမြေကို ပြန်လည်အပ်နှံရန် တာဝန်ရှိသည်။ နိုင်ငံတော်မှ ယင်းမြေကို အများပြည်သူအကျိုးအတွက် သိမ်းယူနိုင်သလို မြေငှားဂရန် ထပ်မံထုတ်ပေးနိုင်ပါသည်။ မူလမြေငှားဂရန်ရရှိသူသည် မြေငှားဂရန် သက်တမ်းကုန်ဆုံး နေပြီ ဖြစ်၍ ဂရန်သစ်ထုတ်ပေးရန် အခွင့်အရေးတစ်ရပ်အဖြစ် ဥပဒေအရ တောင်းဆိုခွင့်မရှိပါ။

( ၇ ) ပါမစ်မြေ ( ချထားမြေ )

မြေငှားစာချုပ်မရှိသော်လည်း မစည်ကားသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် အိမ်ဆောက်လုပ် နေထိုင်ခွင့်ချထားပေးသောမြေမျိုး ဖြစ်ပါသည်။ တစ်ချိန်ချိန်တွင် မြေငှားဂရန် ထုတ်ပေးပါသည်။ ( ရောင်း/ပေါင်/ လွှဲပြောင်းနိုင်ခွင့် ရှိပါသည်။ )

( ၈ ) လိုင်စင်မြေ

အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ ၄ ( ၇ ) အရ စည်းကမ်းချက် ( ၁နှစ်၊ ၃ နှစ် စသည်ဖြင့် ) ဖြင့် ယာယီသုံးစွဲခွင့်ပေးသည့်မြေ ဖြစ်သည်။ လွှဲပြောင်းခွင့်မရှိပါ။ လိုင်စင် ( သို့ ) ပါမစ်ရသူက နှစ်တိုနှစ်ရှည် မြေငှားဂရန် လျှောက်ထားပါက မြေငှားစာချုပ်ထုတ်ပေးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ။ လိုင် စင်ရထားသူသည် လိုင်စင်အခွင့်အရေးထက် ပိုတောင်းခွင့်မရှိပါ။
လိုင်စင် ( သို့ ) ပါမစ်ရသူ၏အခွင့်အရေး

၁- လိုင်စင်ရထားသူဟုဆိုရာတွင် လိုင်စင်ရသူနှင့် လိုင်စင်ရသူထံမှ တရားဥပဒေနှင့်အညီ ဆက်ခံသူများ လည်း ပါဝင်ပါသည်။
၂- လက်ရှိကိုယ်တိုင်နေထိုင်ခြင်းအပေါ် မြေငှားစာချုပ်ပေးရန် ဦးစားပေးစဉ်းစားပါသည်။

( ၉ ) ကျုးကျော်မြေ

အစိုးရမြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သည့်မြေ ဖြစ်သည်။

( ၁၀ ) စနစ်တကျ ကျူးလွန်မြေ

စနစ်တကျ မြို့ရပ်ကွက်ရိုက်ထားသော အိမ်ယာမြေကွက်၌ ကျူးလွန်ခြင်းပြေစာဖြင့်စည်းကြပ်ကောက်ခံ သောမြေ ဖြစ်သည်။

( ၁၁ ) ဂရန်ရှိ မြေပိုင်မြေ

ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ ) ကဲ့သို့မြေမျိုး ဖြစ်ပါသည်။

( ၁၂ ) အခွန်လွတ်ဿသနာ့ဂရန်မြေ

ဘာသာ၊ သာသနာအတွက် ချထားပေးသောမြေ ဖြစ်ပါသည်။ သာသနာမြေ သို့မဟုတ် ဝတ္တုကံမြေသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်များ၏ ကိလေသာရန်ကို ငြိမ်းအေးအောင် အားထုတ်ကျင့်ကြံရာ အောင်မြေဖြစ်သည်။

သာသနာ့မြေအမျိုးအစားများ

ရှေးမြန်မာမင်းများသည် အစဉ်အဆက်ကပင် သာသနာ့မြေ ( ဝတ္တုကံမြေ ) သုံးမျိုး ခွဲခြားထားပါသည်။
( ၁ ) သရီယဓတ်တော်များပူဇော်သည့် ဘုရား၊ စေတီ၊ ပုထိုး ဝတ္တုကံမြေ
( ၂ ) ပိဋကတ်ပေစာများထားရှိသည့် ပိဋကဝတ္တုကံမြေ။
( ၃ ) သံဃာတော်များအသုံးပြုရန် ရည်ရွယ်လှူဒါန်းသည့် သံဃာ့ဝတ္တုကံမြေ စသည်တို့ဖြစ်ပါသည်။

( ၁၃ ) သိမ်ဂရန်မြေ

ရန်ကုန်စည်ပင်သာယာ နည်းဥပဒေ ( ၁၇ ) တွင် သိမ်ဂရန် လူပုဂ္ဂိုလ်ကသာ လျှောက်ထားနိုင်သည့် အချက်မှအပ အခြားသတ်မှတ်ချက်မရှိပါ။

( ၁၄ ) စကွာတာမြေ

အင်္ဂလိပ်အစိုးရလက်ထက်က မြေငှားရမ်းခ မပေးနိုင်၍ ဂရန်မြေ မရသူများအား မပြောပလောက်သော မြေငှားခ ထမ်းဆောင်စေ၍ နေထိုင်ခွင့်ပေးထားသောမြေ ဖြစ်ပါသည်။ ၎င်းအပြင် ဂရန်သက်ကုန်၊ စည်းကမ်း ချိုးဖောက်၍ ဂရန်ဖျက်သိမ်းခံရသော်လည်း မြေပါ်၌ ဆက်လက်နေထိုင်စေပြီး စကွာတာကျုးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုး ဖြစ်သည်။ ဂရန်လျှောက်ထားနိုင်ပါသည်။ ( ရောင်း/ပေါင်/လွှဲပြောင်း/ ခွဲစိတ် ခွင့်မရှိပါ ) ။

(အညွှန်း- ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ ) ၊ စာချုပ်စာတမ်းအမျိုးမျိုး ချုပ်ဆိုနည်းလမ်းညွှန် ၊စာ ၈၅ မှ ၈၈ အထိ) ။

04/02/2022

#အမွေ
မေး။ ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်အား သာစဥ်နာစဥ် စောင့်ရှောက်ပြုစုခြင်းဖြင့် အမွေဆက်ခံခွင့်ရှိသလား။

ဖြေ။ ။မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေစားအမွေခံတစ်ဦးသည် အမွေရှင်တစ်ဦးအား သာစဥ်နာစဥ် စောင့်ရှောက်ရန် တမင်ပျက်ကွက်ပါက အမွေဆုံးရှုံးနိုင်သည်မှန်သော်လည်း အမွေဆက်ခံခွင့်မရှိသူတစ်ဦးက အမွေရှင်အားသာစဥ်နာစဥ် ပြုစုစောင့်ရှောက်ရုံမျှဖြင့် အမွေဆက်ခံခွင့်မရနိုင်ပါ။
(၁၉၈၄ ၊ မတစ ၂၈၇)

04/02/2022

K-Legal Consult မွ

အများပြည်သူတို့ အခြေခံသိရှိထားရမည့် ဥပဒေဗဟုသုတများကို အခါအားလျော်စွာ မျှဝေပေးသွားမည်ဖြစ်သောကြောင့်
ဤ page အား Like and Follow
ပြုလုပ်ထားခြင်းဖြင့် အလွယ်တကူလေ့လာနိုင်မည်ဖြစ်ပါသည်။

19/01/2022

တရားမဆိုင်ရာ သိမှတ်ဖွယ်ရာ ဥပဒေပြဿနာ။
ပြဿနာ-
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၅၈ (စ) တွင် " ပိုင်ဆိုင်မှုနှင့်ပတ်သက်သောစာချုပ်စာတမ်း ( Document of Title)" ဟုပါရှိရာ ယင်းစကားရပ်တွင်ပါရှိသော စာချုပ်စာတမ်း (၂) မျိုးကိုသိပါသလား။
ရှင်းချက်-
တစ်မျိုးမှာ " ပိုင်ဆိုင်ခွင့်ကိုသတ်မှတ်ပေးသည့် စာချုပ်စာတမ်း ( Documents creating title)"၊ နောက်တစ်မျိုးမှာ" ပိုင်ဆိုင်ခွင့်ကို သက်သေခံအထောက်အထားပြုသည့် စာချုပ်စာတမ်း ( Document evidencing title) " တို့ဖြစ်သည်။
[၁၉၇၅၊ မတစ၊ ဗဟိုတရားရုံး၊ ၅၇]
ဆရာကြီးဦးကျော်ဇေယျ၏ ဥပဒေပြဿနာ မေးခွန်းများနှင် အဖြေများစာအုပ်မှ။

Address

Insein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when K-Legal Consult posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K-Legal Consult:

Share