MTKL Co.,Ltd. ပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်ကုမ္ပဏီ

  • Home
  • Myanmar
  • Hpa-an
  • MTKL Co.,Ltd. ပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်ကုမ္ပဏီ

MTKL Co.,Ltd. ပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်ကုမ္ပဏီ MTKLပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်လု?

07/05/2023

ထိုင်းကို 14 ရက်ဗီဇာ နဲလာပြီး အလုပ်ရှာ ရမလား ❓
Visa လျှောက်ပြီး လာရမလား ❓ Long Stay အတွက် ဘယ် လို Visa တွေရှိမလဲ ❓ ဆိုတဲ့ မေးလေ့မေးထရှိကြတယ်....
နောက်ပြီး PV နဲ့မရဘူးလား / PJ နဲ့မှ ရမှာလား ....
သို့လောသို့လော...လေးတွေရှိကြတဲ့အခါကြတော့
ကျမ သိသလောက်လေးပြောပြမယ်....
ခုလို ခက်ခဲနေချိန်မှာ တကယ်ကို သေချာ စဉ်းစားပြီး လုပ်ရမယ့်အရာတွေများပါတယ်။ ပထမ အချက် အနေ နဲ့ ကိုယ်က PV passport ၁၄ ရက် ဗီဇာ နဲ့သွားမယ် ဟိုမှာနေထိုင်စားသောက် ကုန်ကျစရိတ် ၊ ပြီးတော့ အခုက အရင်လို သက်တမ်း တိုးရတာ မလွယ်ကူတော့တဲ့အခြေအနေ မှာ ကိုယ်က ထပ်အကုန်ကျ ခံနိူင်လား မထင်မှတ်တဲ့ ကုန် ကျစရိတ်ပေါင်းများစွာခံနိူင်တယ်ဆိုရင် ၁၄ ရက် ဗီဇာ နဲသွားပါ။ အသွားအပြန် လေယာဉ်လက်မှတ် ၊နေမယ့်နေရာ ၊Covid Vaccine Notary၊ ဘတ်ငွေ သား ဆောင်ပြီး သွား လို့ရပါပြီ။

နည်းလမ်း (၂ ) သံရုံး ဗီဇာ လျှောက်သွားမယ်ဆိုရင် ကိုယ်မှာ ၂ လ သက်တမ်းတိုး ၁ လ ဆို (၃ လ) လောက်အချိန်ရတဲ့ အတွက် ကြိုးစားရှာ လို့ရတယ်။ အဲ့နောက်ကိုယ် မှာ အားသာချက် ရှာပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ် အလျင်းသင့်သလို ရှာဖွေ ချိန် ရတယ်။ ကုန်ကျစရိတ်က အရမ်း မကွာဘူး ။ တစ်ခုတော့ရှိတယ် သံရုံးဗီဇာက Bank စာအုပ် ပြရတာမို့ Bank စာအုပ်မရှိသေးရင် အခုကတည်းက ဖွင့်ထားပါ။ Bank စာအုပ်ရှိရင် ကြိုးစားလို့ရပါသေးတယ် ။

နည်းလမ်း (၃ ) ထိုင်းဖက်ရောက်လို့ Visa change ချင်ရင် ရပါတယ်။ Education Visa ( ED ) Visa က ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်း လျှောက်ပြီး MOE စာတင် စာပြန်ကျရင် ချိန်း လို့ရပါပြီ။ အဲ့မှာ အမျိုးအစားပြန် ခွဲရရင် (၂ ) မျိုးရှိတယ် ။ ကိုယ်က အမှန်အကန် University / Master/ Internship training / တက်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်း ကျောင်းက ထုတ်ပေး နိူင်ခဲ့ရင် မြန်မာထိုင်းသံရုံးမှာ Visa လျှောက်သွား လို့ရနိူင်ပါပြီ။ Embassy Visa fee -80 USD သာပေးဆောင်ရပါမယ်။ နောက်တစ်ခုက Tourist Visa လျှောက်သွားပြီး ဟိုဘက်ရောက်မှ ပြန်ချိန်းမယ် ဆိုရင် အချိန် / ဟိုသွား ဒီသွား ကုန်ကျစရိတ်ရှိနိူင်ပါတယ်။

နည်းလမ်း (၄ ) ထိုင်းကို TR Visa နဲ့ ရောက်ပြီး အလုပ်ရတဲ့အခါ အလုပ်ရှင် ဖက်က Visa အတွက် စာရွက်စာတမ်း အကုန် ထုတ်ပေး နိူင်ခဲ့ရင် ကိုယ်က NON-B ပြန်ချိန်းရပါမယ်။ ကိုယ်ရရှိတဲ့အလုပ်ပေါ်မူတည်ပြီး အခြေအနေ အများကြီးကွဲပြားသွားပါမယ်။ ကိုယ်က Professional skill ရှိထား လို့ White Card သမားဆိုရင် NON-B ရအောင် လုပ်ပါ။ ကိုယ်ရဲ့ Work Permit + Non B သာဆိုရင် ကိုယ့်ရဲ့ မိသားစု ကို မှီခို အနေ နဲ ခေါ်ခွင့်ရှိပါတယ်။ Company ဖက်က Visa လျှောက်ဖို့ စာရွက်စာတမ်း ပေးနိူင်ခဲ့ရင် မြန်မာ ထိုင်းသံရုံးမှာ လျှောက်သွားတာ အကောင်းဆုံးပါ။ Embassy Visa fee -80 USS( Single Entry) ။ တကယ်လို့ကိုယ်က TR Visa နဲ့သွား ပြီး ဟိုရောက်လို့အလုပ်ရတဲ့အခါ Visa change မယ်ဆိုရင် နိူင်ငံအပြင် ပြန်ထွက်ရတာမျိုး ရှိနိူင်ပါတယ်။ လာအို ဖက်သွားမလား မြန်မာ ပြန်မလား ကိုယ်ရဲ့ရွေးချယ်မူ့ဖြစ်သွားပါပြီ။ နောက်တခုက အခြား ဗီဇာ အတွက် Supporting မပေးနိုင်တဲ့အလုပ်မျိုးဆိုရင်တော့ Pink card (ဘတ်) လျှောက်ထားပြိး Pink card + Work Permit ဆိုရင် ထိုင်းနိူင်ငံမှာ တရားဝင်နေထိုင် လို့ရပါပြီရှင့်......

PJ ကတော့ အလုပ်အတွက် OWIC + Work Permit ပါရင် Visa လျှောက်လို့ရပါတယ်......

အဆင်ပြေချောမွေ့ကြပါစေ......

ဝန်ဆောင်မူ့တွေနဲ့ပတ်သက်ပြီးမေးမြန်းစုံစမ်းချင်ရင်တော့

အမှတ် 6/3 လွှာ ကြံခင်းလမ်း စမ်းချောင်း သို့ ကိုယ်တိုင်လာရောက် မေးမြန်းနိူင်သလို ....
☎️ 09785923328 / ( Viber ) Anna
☎️ 09666085333 / ( Viber ) Ma Mon စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင်။

31/12/2022
ပျော်ရွှင်စရာ❣ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေကြောင်း...တိုင်းရင်းသားညီအကိုကရင်မောင်နှမများထံ MTKL မိသားစု မှဆုတောင်းမေတ္တာ ပိ...
22/12/2022

ပျော်ရွှင်စရာ❣ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေ
ကြောင်း...တိုင်းရင်းသားညီအကိုကရင်မောင်နှမများထံ MTKL မိသားစု မှဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ❣

18/09/2022

အမေရိကန်နိုင်ငံသို့ ပို့ပေးမည့် ပွဲစားများအကြောင်း သတိပြု

အခုနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေမကောင်းတာကြောင့် နိုင်ငံခြားကို သွားချင်ကြတဲ့ မြန်မာတွေအများကြီးပါ။ ဒီ စိတ်အားထက်သန်မှုနဲ့ရှိသမျှအကုန် ရင်းပြီးသွားကြမဲ့သူတွေကို အိပ်မက်များပေးမဲ့ ပွဲစားများပေါ်ပေါက်ခဲ့ပါသည်။

အမေရိကန်အကြောင်းကို ရေးသားသောသူများတွင် မကြာသေခင်က အမေရိကားတွင် ၅ လ နှင့် နိုင်ငံသားဖြစ်အောင် ပေးမယ်ဆိုပြီး တင်ထားသော တစ်ယောက်ရှိပါသည်။

မူရင်စာအတိုင်း အောက်မှာ ကော်ပီပြပါမည်

အမေရိကန်နိုင်ငံသို့ကျောင်းတက်
ရန်ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့်”နိုင်ငံသားဖြစ်ခွင့်”
လျှောက်ထားနေကြရတဲ့ မြန်မာကျောင်းသားများအတွက် ..
အခွင့်ရေးကောင်းကြီးတခုရကြဖို့ ဝမ်းမြောက်စွာအသိပေးလိုက်ပါတယ်။
ခလေးတို့ရဲ့ကြိုးစားမှု၊ရုန်းကန်ရမှုတွေကိုအလေးနက် ထားပြီး ကူညီသွားပါမည်။
ဒီအစီစဉ်ကတော့
“၅/လအတွင်းနိုင်ငံသားဖြစ်ခွင့်ရရှိရေး “
အထူးကူညီမှုဖြစ်ပါတယ်။
မယုံနိုင်စရာပါနော်။တကယ်တင်ကြရပြီဆိုရင်တော့မေတ္တာနဲ့တကဲ့ကိုယုံကြည်စွာ
ဆက်သွယ်ပါ။

မဖြစ်နိုင်ပါ။ တကယ့်ကို မဖြစ်နိုင်ပါ။

Green Card (Permanent Residency) ကိုတောင် ၅ လ အတွင်းရဖို့ ခက်ပါသည်။

DV ပေါက်သူများ ၊ အမေရိကန်နိုင်ငံသားကိုလက်ထပ်သူများ ၊ အမေရိကန်နိုင်ငံသားကနေ မိသားစုဝင်ကို ခေါ်မှုများ ၊ ကုမ္ပဏီကနေ စပွန်ဆာ ပေးမှုများ အကုန် ၅လ မက ကြာပါသည်။ ဒုက္ခသည်များနှင့်နိုင်ငံရေးခိုလှုံသူများ အကုန် စောင့်ရပါသည်။

အမေရိကားမှာ မမွေးရင် အမေရိကန်နိုင်ငံသား ချက်ချင်း တန်းမဖြစ်ပါ။

အမေရိကားမှာ မမွေးဘဲနှင့် နိုင်ငံသား (citizen) ဖြစ်သူများကို Naturalization စနစ်ကနေ ဖြစ်သူများဟု Naturalized Citizen ဟုခေါ်ပါသည်။

“Green Card ရှိပြီးမှ နောက်တစ်ဆင့် နိုင်ငံသားကို တက်နိုင်သည်။”

အမေရိကန်အစိုးရရဲ့ ဆိုဒ်မှာ Naturalization ဖြစ်နိုင်သည့် နည်းပေါင်း(၄)ခု ရေးသားထားပါသည်။

၁။ အမေရိကန်နိုင်ငံသားရဲ့ ကလေးဖြစ်ခြင်း

၂။ အမေရိကန်နိုင်ငံသားကို လက်ထပ်ယူခြင်း

၃။ အမေရိကန်စစ်တပ်တွင် စစ်မှုထမ်းခြင်း

၄။ တရားဝင် Permanent Resident အဖြစ် ၅ နှစ်ကြာအောင် နေထိုင်ခြင်း

https://www.dhs.gov/become-citizen


၄။ ပထမဦးစွာ တရားဝင် Permanet Resident အဖြစ် ၅ နှစ်ကြာအောင် နေထိုင်ခြင်းကနေ ပြောပါမည်။

အမေရိကန်နိုင်ငံသားကို ဘယ်နည်းနဲ့မှ မဖြစ်ခင် ပထမဆုံးအဆင့်မှာ Green Card ရကို ရရပါမည်။

Green Card မရဘဲ နောက်တစ်ဆင့်ကို မရပါ။

Green Card ကို ရနည်းများတွင် DV ထိုးခြင်း ၊ အမေရိကန်နိုင်ငံသားကို လက်ထပ်ခြင်း ၊ အမေရိကန်နိုင်ငံသားကနေ မိသားစုဝင်အဖြစ်ခေါ်ခြင်းနှင့် ကုမ္ပဏီအဖွဲ့အစည်းတစ်ခုကနေ စပွန်ဆာပေးခြင်းတို့က များပါသည်။

နောက်တစ်ခုက နိုင်ငံရေးခိုလှုံခွင့် နှင့် ဒုက္ခသည် အနေနှင့် ရတာဖြစ်ပါသည်။

နောက်ထပ်တစ်ဆင့် အမေရိကားတွင် (၅)နှစ်ဆက်တိုက် နေထိုင်မှ နိုင်ငံသားဖြစ်ဖို့ဖောင်တင်ခြင်းကို ရတာဖြစ်ပါသည်။


၁။ အမေရိကန်နိုင်ငံသားရဲ့ကလေးဖြစ်ခြင်း

အမေရိကန်နိုင်ငံအတွင်း မွေးသည့်ကလေးမှန်သမျှ အမေရိကန်နိုင်ငံသားတန်းဖြစ်ပါသည်။

ဒါပေမဲ့ အမေရိကန်ပြင်ပမှာ မွေးသော ကလေးများအတွက်

Section 320, Immigrant and Nationality Act အရ

အမေရိကား ပြင်ပတွင် မွေးသောကလေးသည်

မိဘ တစ်ယောက်က (အဖေ or အမေ) / မွေးစား အမေ or အဖေ သည် အမေရိကန်နိုင်ငံသားဖြစ်ရမည်။

ကလေးသည် အသက်(၁၈)နှစ်အောက်ဖြစ်ရမည်။

ကလေးသည် lawful permanent resident - တစ်နည်းအားဖြင့် green card ရှိရမည်။

ကလေးသည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်ပြီး မိဘအုပ်ထိန်းသူအောက်တွင်ရှိသည်။

မူရင်းကို အသေးစိတ် ဖတ်ရန် - https://www.uscis.gov/citizenship/learn-about-citizenship/i-am-the-child-of-a-us-citizen


၂။ အမေရိကန်နိုင်ငံသားကို လက်ထပ်ယူခြင်း

အမေရိကန်နိုင်ငံသားကို လက်ထပ်ပြီးရင် တရားဝင်ဖောင်များနှင့်အဆင့်များကို ကျော်ဖြတ်ပြီးပါက green card ရရှိမည်ဖြစ်ပါသည်။

အတူတူပေါင်းသင်းနေထိုင်တာ (၃)နှစ်ပြည့်ပြီးရင် Naturalization ဆိုသည့် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို တင်နိုင်ပါသည်။

မူရင်းဖတ်ရန်- https://www.uscis.gov/citizenship/learn-about-citizenship/citizenship-and-naturalization/i-am-married-to-a-us-citizen

၃။ အမေရိကန်စစ်တပ်တွင် စစ်မှုထမ်းခြင်း

မူရင်း ဖတ်ရန် - https://www.uscis.gov/military/naturalization-through-military-service


အမေရိကန်ပြည်ထောင်စုမှာ ရှိသော ဥပဒေများကို လွှတ်တော်ကနေ မဲပေးပြီး အတည်ပြုပါသည်။

ပြီးရင် ရည်ညွှန်းရမည့် ဥပဒေကျမ်းများဖြစ်ပါသည်။

လွှတ်တော်က အတည်ပြုထားသော ဘယ်ဥပဒေ?

ဥပဒေကျမ်းတွင် ရှိသော ဘယ်ဥပဒေ?

ဘယ်တရားသူကြီး ဘယ်ဥပ‌ဒေ ကိုကိုးကား?

၅ လအတွင်း နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာကို အသေးစိတ် အကုန်ချပြ ရှင်းပြပေးပါ။

11/08/2022

ဝါခေါင်လပြည့်နေ့ကရင်တိုင်းရင်းသားများ၏လက်ချည်ပွဲကိုM T K Lကုမွဏီပတ်စပို့နှင့်ဗီဇာအကျိုးဆောင်လုပ်ငန်းမှဂုဏ်ပျြကျြိဆိုပါ၏09255951541

01/08/2022

Visa, Passport နဲ့ပတ်သက်၍သိရှိလိုတာများရှိပါက 09425041766 သို့ 9:00 am to 3:00 pm အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

အောင်သိဒ္ဓိကုန်း၊ သာမည၊ ကရင်ပြည်နယ်။
Hpa-an
13011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959255951541

Website

Alerts

Be the first to know and let us send you an email when MTKL Co.,Ltd. ပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်ကုမ္ပဏီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MTKL Co.,Ltd. ပက်စ်ပို့နှင့်ဗီဇာ အကျိုးဆောင်ကုမ္ပဏီ:

Share