12/09/2022
ကော်ဖီဆိုင်မှာကော်ဖီသောက်ရင်း ကျနော့်သူငယ်ချင်းတစ်ယောက်မေးတယ် "ငါ့ကကုမ္ပဏီတစ်ခုမှာအစုရှယ်ယာရှင်တစ်ယောက်ဖြစ်ကြောင်းသက်သေပြဖို့ ဘယ်စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိရမလဲ"တဲ့ ဟာဒီကောင်ကတော့ငါ့လာစားနေပြီလို့ကျွန်တော်ကရယ်ကာြပန်ဖြေလိုက်ပါတယ်။ သေချာတာကတော့ သူ့မှာ ဘာစာရွက်စာတမ်းမှ သူ့ကုမ္ပဏီကအစုရှယ်ယာြဖစ်ကြောင်းမပေးထားလို့ပါပဲ။ အစုရှယ်ယာရှင်တစ်ယောက်ဖြစ်တယ်လို့ သိသာနိုင်တဲ့စာရွက်စာတမ်းတွေအများကြီးပါပဲ။ (ဥပမာ-Company Extract, Company Register Book, Corporate Secretary file ကြည့်ပြီးသိနိုင်ပါတယ်။) ဒါပေ့မယ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ-၂၀၁၇ အရ မဖြစ်မနေပြုလုပ်ရမဲ့ စုရှယ်ယာအာမခံလက်မှတ် အကြောင်းမျှဝေချင်ပါတယ် ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေမှာအဲသလို အစုရှယ်ယာအာမခံလက်ကိုအစုရှယ်ယာထံထုတ်ဝေပေးထားတာမရှိသလောက်ရှားလို့ပဲ။
စုရှယ်ယာအာမခံလက်မှတ် (SHARES CERTIFICATE)
ကျွန်တော့်တို့မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ-၂၀၁၇ ကိုလေ့လာဖတ်ရှုတဲ့အခါ အစုရှယ်ယာအာမခံလက် မှတ်နှင့်ပတ်သက်ပြီးပြဌာန်းထားတဲ့ပုဒ်မတွေအများကြီးပါပဲဗျ။ အစုရှယ်ယာအာမခံလက်မှတ်နဲ့ပတ်က်ပြီးတော့တစ်ချို့ကတော့သိပြီးဖြစ်ပါလိမ့်မည်။ မသိသေးတဲ့လူကြီးမင်းများအားလုံးသိအောင် ဒီနေရာမှာကျွန်တော်ရှင်းပြမျှဝေခြင်းဖြစ်ပါတယ်-
၁။ ကုမ္ပဏီတစ်ခုမှ ကုမ္ပဏီမှာပါဝင်သူ (သို့) အစုရှယ်ယာရှင် ထံသို့ထုတ်ပေးထားသော စုရှယ်ယာအာမခံလက်မှတ်သည် မှန်ကန်ကြောင်းထင်းရှားသော ပိုင်ဆိုင်ခွင့်အထောက်အထားဖြစ်စေရမည်။
၂။ စုရှယ်ယာအာမခံလက်မှတ် တစ်ခုတွင် အခြေခံအားဖြင့် ပါဝင်ရမည့်အချက်တွေရှိပါတယ် ဥပမာ- ကုမ္ပဏီအမည်၊ရုံးခန်းလိပ်စာ၊ အစုရှယ်ယာရှင်အမည်၊ အစုရှယ်ယာစုစုပေါင်း၊ ရှယ်ယာအမျိုးအစား စသည်တို့ကိုဖော်ပြပါရှိရမည်ဖြစ်ပါသည်။
၃။ ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီမှာပါဝင်သူ (သို့) အစုရှယ်ယာရှင် အားမှတ်ပုံတင်စာရင်းတွင်ရေးသားပြီး DICA မှာ သက်ဆိုင်ရာ ပုံစံဖြင့်မှတ်ပုံတင်ပြီးနောက် ၂၈ ရက်အတွင်း အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့်အညီအစုရှယ်ယာရှင်အားပေးအပ်ရန်အတွက်အသင့်ပြုလုပ်ထားရှိရမည်ဖြစ်ပါသည်။
၄။ စုရှယ်ယာအာမခံလက်မှတ်ကို ကုမ္ပဏီမှဒါရိုက်တာတွေလက်မှတ်ရေးထိုးပြီနောက် သို့မဟုတ် လက်မှတ်ရေးထိုးခြင်းမပြုမီ အပေါ်က (နံပါတ်-၃) မှာပြောထားသလို အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့်အညီဆိုတဲ့အတိုင်း တံဆိပ်ခေါင်းခွန်အက်ဥပဒေနှင့်အညီ စုရှယ်ယာအာမခံလက်မှတ်ကို တံဆိပ်ခေါင်းခွန်ကပ်ရမှာဖြစ်ပါတယ်။
၅။ အပေါ်ကပြဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းသည် အစုရှယ်ယာ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လက်ဝယ်ထားရှိသူတစ်ဦးဦး၏ အခွင့်အရေးများကိုအကျိုးသက်ရောက်ခြင်းမရှိစေရဟုမြန်မာနိုင်ငံကုမ္ပဏီများဥပဒေ-၂၀၁၇မှာပြဌာန်းထားကြောင်းအသိပေးလိုက်ပါတယ်ခင်ဗျား။
အနှစ်ချုပ်ပြောရရင် လူကြီးမင်းတို့ အထူးသဖြင့် အစုရှယ်ယာရှင်တို့က ကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာအနေဖြင့်ပါဝင်မယ်ဆို ကုမ္ပဏီစတည်ထောင်ပြီး သို့မဟုတ် ကုမ္ပဏီမှာအစုရှယ်ထုတ်ဝေခြင်းပြုလုပ်ပြီး ၂၈ ရက်အတွင်းမိမိပိုင်ဆိုင်သော အစုရှယ်ယာအာမခံလက်မှတ်ကို ကုမ္ပဏီကထုတ်ပေးရန်အသိပေးဖို့လိုအပ်ပါတယ်။
အားလုံးလေးစားလျှက်ပါ
U Kyaw Yee Smith
Crd: