ThaZin Real Estate

ThaZin Real Estate Our services - (Buying, Selling & Agent) in New Dagon Townships. Such as; North Dagon, South Dagon, East Dagon and Dagon Seikkan.

🙏မင်္ဂလာရှိ​သော နှစ်သစ်​လေးဖြစ်ပါ​စေခင်ဗျ။🙏
31/12/2023

🙏မင်္ဂလာရှိ​သော နှစ်သစ်​လေးဖြစ်ပါ​စေခင်ဗျ။🙏

3.8.2023….136/….137/…..ဟာလဝါ
03/08/2023

3.8.2023….136/….137/…..ဟာလဝါ

မြေငှါးဂရန်ပျောက်လို့ စိတ်မညစ်ပါနှင့် မြေငှါးဂရန်မိတ္တူ မှန် ထုတ်ယူလို့ရတယ်*********************************************...
04/06/2023

မြေငှါးဂရန်ပျောက်လို့ စိတ်မညစ်ပါနှင့် မြေငှါးဂရန်မိတ္တူ မှန် ထုတ်ယူလို့ရတယ်
*****************************************************************************************************************************************************************************************

လွှတ်တော်ရှေ့နေ “မောင်ကောင်းဖေ”

☎️ 09251015089

အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့
“””””””””””””””””””””””””””””””””””””””
စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ
“””””””””””””””””””””””””””””””””””””””

အမည်ပေါက် အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက ဘယ်လိုဆောင်ရွက်ရမည်ကို မသိရှိကြပေ။ ဟိုလူမေး၊ ဒီလူမေးရင်းနောက်ဆုံး မကျွမ်းကျင်သော ပွဲစားများဖြင့် တွေ့ဆုံပြီး အလိမ်ခံကြရတာကို များစွာ တွေ့ရပါတယ်။ ဒီအပတ်မှာတော့ အဲဒီလို မဖြစ်စေရန် ဂရန် မိတ္တူမှန် ရရှိမဲ့ နည်းလမ်းကောင်းကို "မောင်ကောင်းဖေ" က ရှာဖွေတင်ပြလိုက်ပါတယ်။

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့

အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ

(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)

(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း

(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)

(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ

(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။

(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။

(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ဒီနေရာမှာ "မောင်ကောင်းဖေ"အနေနဲ့ ထပ်လောင်းပြောပြချင်တာကတော့ ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ "မောင်ကောင်းဖေ" ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။

စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။

✍စာဖတ်သူပရိသတ်များ မြေငှါး (ဂရန်) မိတ္တူမှန် လက်ဝယ်ကိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေ ✍

#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
#မောင်ကောင်းဖေ
#အိမ်ခြံမြေစာချုပ်စာတမ်း
#တိုက်ခန်းစာချုပ်စာတမ်း
#အရောင်းမြေပုံ
#အရောင်းအဝယ်စာချုပ်
#စည်ပင်မြေယာဌါန
#အိမ်ခြံမြေပါမစ်
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေစာရေးဆရာ
#ယနေ့ရန်ကုန်အိမ်ခြံမြေအပြောင်းအလဲရောင်းကြဝယ်ကြကိုယ်တွေ့ကြုံရသည့်ဖြစ်ရပ်များ
#မြေရှင်သူဌေးကြီးဖြစ်ပါရစေ
#အိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ

Crd;အိမ်ခြံ​မြေစာချုပ်စာတမ်း​ ​ရှေ့​နေမောင်​ကောင်း​ဖေpageမှ ကူးယူ​ဖော်ပြပါသည်။

"သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း"

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

(25.5.2023  မှ 3.6.2023)အထိ (10) ရက်တာကာလအတွင်း 🏘 သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေး၏ ​​မြေကွက်​ရောင်း/ဝယ်မှုမှတ်တမ...
04/06/2023

(25.5.2023 မှ 3.6.2023)အထိ (10) ရက်တာကာလအတွင်း 🏘 သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေး၏ ​​မြေကွက်​ရောင်း/ဝယ်မှုမှတ်တမ်း​လေးများပါခင်ဗျ။

■ 25.5.2023
▪︎134ရပ်ကွက် မှ တစ်ကွက်အ​ရောင်း

■26.5.2023
▪︎121ရပ်ကွက်၊အင်းဝ တစ်ကွက်အ​ရောင်း
▪︎130ရပ်ကွက်မှ တစ်ကွက်

■27.5.2023
▪︎ဂရန်တစ်ကွက်၊ ပါမစ်တစ်ကွက်​ငွေ​ချေ
▪︎ဆိပ်ကမ်းတစ်ကွက် ဝယ်/​ရောင်း

■29.5.2023
▪︎134ရပ်ကွက်မှ ၁ကွက် အ​​​ရောင်း

■30.5.2023
▪︎121ရပ်ကွက်မှ တစ်ကွက်အဝယ်

■31.5.2023
▪︎132ရပ်ကွက်မှ တစ်ကွက်အ​ရောင်း

■2.6.2023
▪︎135ရပ်ကွက်မှ အ​ရောင်းတစ်ကွက်
▪︎121ရပ်ကွက်မှ တစ်ကွက်အ​ရောင်း

■3.2.2023
▪︎121ရပ်ကွက်မှ တစ်ကွက်အ​ရောင်းတို့ဖြစ်ပါတယ်ခင်ဗျ။

လူကြီးမင်းတို့၏ ​အိမ်၊ခြံ၊မြေ ၌ရင်းနှီးမှု တို့အတွက် ကျွန်​တော်များ သဇင်အိမ်ခြံ​မြေလုပ်ငန်းမိသားစုမှ အ​ကောင်းဆုံးဝန်​ဆောင်မှု​ပေးပါရ​စေခင်ဗျ။

💚💚💚 ကျွန်​တော်တို့ အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေးကို ဆက်သွယ်ချင်တယ်ဆိုလျှင်​တော့📌💓📞-

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်။

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှ...
27/05/2023

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ။ လယ ၃၀ ခွင့်ပြုချက် (အရင်က လ/န ၃၉) လျောက်တယ် ခေါ်ပါတယ်။ ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားကို ဗဟိုထိတင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာဖြစ်ပြီး လယ်မြေမဟုတ်တဲ့ ကျန်လယ်ယာမြေတွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန်ပါ ဆက်လျောက်လိုက်ပါ။ ဒါဆိုရင် တရားဝင်လဲ သုံးလို့ရသလို့ အမည်ပေါက် မြေပိုင်ဆိုင်မှုလည်း ခိုင်မာသွားပါပြီ။

လယ်ယာမြေမှာ မစိုက်ပျိုးပဲ အခြားနည်းသုံး (အိမ်ဆောက်၊ ဆိုင်ဆောက်၊ စီပွားရေး လုပ်ငန်းအတွက် စိုက်ပျိုးခြင်းမှအပ အသုံးပြု) ချင်ရင် မြို့နယ် မြေစာရင်းဦးစီးဌာနကတဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ်။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့ အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံစံ (၇)မရသေးတဲ့ လယ်ယာမြေကို လယ်ယာမြေဥပဒေပါ ပြဌာန်းချက်အရဆိုရင် လျောက်လို့ မရနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၃ (ဃ) လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့ ဆိုပါတယ်။ ပုံစံ (၇) ရှိသူမှာ အခွင့်အရေး (၃) ရပ်ရပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတာ ပုံစံ (၇) ရသူ၊ သူ့မှာသာ ဒီအခွင့်အရေး (၃) ခုရတဲ့အတွက် ပုံစံ (၇) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျောက်ထားလာရင် စိစစ်ရမယ့် စီစစ်ချက်မှာတော့ ပထမ ပုံစံ (၇) ရ/မရ စိစစ်ပါ။ မရရင် ဘာကြောင့် မရတာလဲ၊ ဘာကြောင့် ထုတ်မပေးတာလဲ ဆိုတာကို စီစစ်ပါ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်တွေ ရယူပါလို့ ဆိုတဲ့အတွက် ပုံစံ (၇) မရသေးလည်း လျှောက်နိုင်တဲ့ သဘောတွေ ပါနေတာ တွေ့ရပါတယ်။ လက်ရှိ မြေပြင်မှာလည်း ပုံစံ (၇) ရှိရှိ မရှိရှိ အခြားနည်းသုံးဖို့ လျှောက်ထား ကြပါတယ်၊ မြေစာရင်း ဌာနနဲ့ လယ်စီအဖွဲ့က စိစစ်တဲ့အခါ မရှိဘူး ဆိုရင်လည်း ဘာကြောင့် ပုံစံ (၇) မရှိတာလဲ ဆိုတာကိုဖော်ပြ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်ယူပြီး တင်ပြ လျှောက်ထားကြပါတယ်။ ခွင့်ပြုနေတာလဲ ရှိပါတယ်။

အချုပ်အားဖြင့် တင်ပြချင်တာက မိမိအသုံးပြုနေတဲ့ လယ်ယာမြေကို တရားဝင် အခြားနည်းသုံးလို့ရအောင် ပုံစံ ၇ ရှိရှိ မရှိရှိ လယ ၃၀ လျောက်လိုက်ပါ။ ခွင့်ပြုချက် ရရင် သုံးလို့ရပါပြီ။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန် ဆက်လျောက်ပြီး ဂရန်အမည်ပေါက်ယူလိုက်ပါ။ စိတ်ချလက်ချ ခိုင်ခိုင်မာမာ သုံးနိုင် ငှားနိုင် ရောင်းနိုင်ပါပြီ။

ပူးတွဲ....

၁။ လျှောက်လွှာပုံစံ

၂။ လျောက်ထားနည်း/ဆောင်ရွက်ပုံ

၃။ ဗဟိုလယ်စီ၏ ညွှန်ကြားချက်

၄။ ခွင့်ပြုချက်ပုံစံ

Crd; ဒေါ်နိုင်နိုင်ဝင်း
တရားလွှတ်တော်ရှေ့နေ

"သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း"

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

 #စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ? #သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ သိချင်ပါတယ်။ ပုဂ္ဂလိကမြေငှားဂရန် / စ...
26/05/2023

#စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေစတင်လုပ်ဆောင်ရမှာလဲ? #

သူ့ရဲ့လုပ်ငန်းစဉ်တွေကဘာလဲ သိချင်ပါတယ်။

ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များ

--------------------------------------

ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များဖော်ပြပါရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပါသည်-

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်၊

(ခ) လျှောက်ထားသော မြေတည်ရှိရာ ရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊

(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်(အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)၊

(ဃ) လျှောက်ထားသောမြေပေါ်တွင် ဆောက်လုပ်မည့်အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက် လုပ်မည့် ပစ္စည်းအမျိုးအမည်များ၊ (ဥပမာ - တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားသောမြေကို မည်ကဲ့သို့အသုံးချရန် ရည်ရွယ်ချက်၊ (ဥပမာ- အဆောက်အအုံ ဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်ထားသောမြေ၏ နယ်နိမိတ် သတ်မှတ်တိုင်းတာထားခြင်း ရှိ/မရှိ၊ (အောက် မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ-၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂)

(ဆ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ မြေပုံ(၂)ပုံ၊ မြေပုံတွင် လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား(၄)ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန်၊ ထိုမြေပုံ (၂)ပုံအနက် (၁)ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ် ခေါင်းကပ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၀၅) မြေပုံ(၂)ပုံဖြစ်ရမည်၊

(ဇ) လျှောက်ထားသည့်မြေ၏ ရာဇဝင်မြေစာရင်းပုံစံ(၁၀၆) (လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁-က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူမှန် တစ် စောင်)၊

(ဈ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၂)ပုံ/ ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation ဖြစ်ရမည်၊

(ည) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်၊

(ဋ) ဂရန်၊ အငှားဂရန်၊ စက်မှုမြေငှားဂရန်နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ် ခေါင်းကပ်ထားပါရှိရမည်၊

(ဌ) လျှောက်ထားမြေသည် လယ်ယာစိုက်ပျိုးမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်(လ/ န - ၃၉၊ လယ - ၃၀ - က)၊ လယ - ၃၀ - ခ)၊

(ဍ) မြေငှားဂရန်သက်တမ်းတိုး/အသစ်လဲလျှောက်ထားခြင်း ဖြစ်ပါက မူရင်းမြေငှားဂရန် စာချုပ်ပူးတွဲပါရှိရမည်၊

(ဎ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိ ရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင် အထောက်အထားစာချုပ်စာတမ်းများပါရှိရ မည်။ (အရောင်းအဝယ်ပြုလုပ်ရယူခဲ့ ပါကတရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။)

ပုဂ္ဂလိကဂရန်/စက်မှုမြေငှားဂရန်အတွက် ဌာနမှဆောင်ရွက်ပေး ရမည့် လုပ်ငန်းစဉ်များ

------------------------------

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံစာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည် ဖြစ်ပါသည်။ အချက်အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၁၅)

အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင်ပါရှိသော လျှောက်ထားသူတင်ပြသည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော် အရာရှိ)ထံ ပေးပို့ရမည်ဖြစ်ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ရမည်-

(က) လျှောက်ထားမြေရာဇဝင်၊ (၁ - က စာရင်းအရ)

(ခ) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသောမြေ ဟုတ်/ မဟုတ်၊

(ဂ) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရကအသုံးပြုရန် သတ်မှတ်လျာထားခြင်း ရှိ/ မရှိ၊

(ဃ) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ/ မရှိ၊

(င) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည့်များ ထုတ်ပေးခဲ့ခြင်း ရှိ/ မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်ပါသည်၊

(စ) လျှောက်ထားမြေကို လျှောက်ထားသူအပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ/ မရှိ၊

(ဆ) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊

(ဇ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ရ၅ % ကျသင့်ငွေကို ဖော်ပြရန်၊

(ဈ) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို ဖော်ပြရန်ဖြစ်ပါသည်၊ (စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန်)

(ည) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန် ဖြစ်ပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အထက်အပိုဒ်ပါ အချက်အလက်များ အပေါ် စိစစ်ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထားပေးခြင်းကို ကန့်ကွက်ရန် ရှိ/ မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅)ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။

သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီး အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိလျှင်သော် လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းမြေ နေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ�ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ (၁)ဧကအောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။ (အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ - ၅၁(ခ) နှင့် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၉)

လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧကအထက်မှ (၅)ဧကအထိဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ္တော်အရာရှိ)မှ မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။

မြေဧရိယာ(၅)ဧကအထက် လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ ခ(ဂ)အရ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၉(ဂ)အရ နှစ်ရှည် မြေငှားဂရန်ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ)အား လုပ်ပိုင်ခွင့် အပ်နှင်းရန် ဖြစ်ပါသည်။

Crd; စာ သား - စီ အာ ဒီ
နမူနာ ပုံ-ဥပဒေရေးရာ

"သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း"

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

(20.5.2023  မှ 23.5.2023)အထိ4ရက်တာကာလအတွင်း 🏘 သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေး၏ ​​မြေကွက်​ရောင်း/ဝယ်မှုမှတ်တမ်း​လ...
25/05/2023

(20.5.2023 မှ 23.5.2023)အထိ4ရက်တာကာလအတွင်း 🏘 သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေး၏ ​​မြေကွက်​ရောင်း/ဝယ်မှုမှတ်တမ်း​လေးများပါခင်ဗျ။

■ 20.5.2023
▪︎157ရပ်ကွက်၊မင်းရဲ​​ကျော်စွာလမ်းမ တစ်ကွက်အ​ရောင်း

■21.5.2023
▪︎158ရပ်ကွက် မှ တစ်ကွက်အ​ရောင်း

■22.5.2023
▪︎အ​ရှေ့ပိုင်းတစ်ကွက်အ​ရောင်း
▪︎135ရပ်ကွက်မှ တစ်ကွက်အဝယ်
▪︎134ရပ်ကွက်မှ တစ်ကွက်အဝယ်

■23.5.2023
▪︎အ​ရှေ့ပိုင်းတစ်ကွက်အ​ရောင်း
▪︎132ရပ်ကွက်မှ ၁ကွက် အ​ဝယ်တို့ဖြစ်ပါတယ်ခင်ဗျ။

လူကြီးမင်းတို့၏ ​အိမ်၊ခြံ၊မြေ ၌ရင်းနှီးမှု တို့အတွက် ကျွန်​တော်များ သဇင်အိမ်ခြံ​မြေလုပ်ငန်းမိသားစုမှ အ​ကောင်းဆုံးဝန်​ဆောင်မှု​ပေးပါရ​စေခင်ဗျ။

💚💚💚 ကျွန်​တော်တို့ အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း​လေးကို ဆက်သွယ်ချင်တယ်ဆိုလျှင်​တော့📌💓📞-

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်။

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

ကျွန်တော် ဝယ်ချင်သောအိမ်၏မူလဂရန်ပိုင်ရှင်သည် သေသွားပါပြီ၊ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင်ဂရန်အမည်ဖောက်၍ ရနိုင်ပါလား...
25/05/2023

ကျွန်တော် ဝယ်ချင်သောအိမ်၏
မူလဂရန်ပိုင်ရှင်သည် သေသွားပါပြီ၊
ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင်
ဂရန်အမည်ဖောက်၍ ရနိုင်ပါလားခင်ဗျာ။

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။

( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။
အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။
သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။
Crd.
#ဒေါ်နိုင်နိုင်ဝင်း
တရားလွှတ်တော်ရှေ့နေ

"သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း"

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

🏡 မင်္ဂလာပါ ခင်ဗျ 🙏🙏🙏 ကျွန်​တော်တို့ သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း မိသားစုမှ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျ။ လူ...
21/05/2023

🏡 မင်္ဂလာပါ ခင်ဗျ 🙏🙏🙏

ကျွန်​တော်တို့ သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း မိသားစုမှ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျ။

လူကြီးမင်းတို့၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ ဒဂုံမြို့သစ် (​မြောက်ပိုင်း)နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ​မြေကွက်များကို ​ဝယ်ယူချင်ပါသည်။

☆☆☆သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်းမမိသားစု၏ ​ဆောင်ပုဒ်​လေးက​တော့☆☆☆-
🟢စျေးနှုန်းတူလျှင် ဝန်​ဆောင်မှုပို​စေရပါ့မယ်၊

🟢ဝန်​ဆောင်မှုတူရင် ​စေတနာ ပို​စေရပါ့မယ်၊ ​

🟢စေတနာ တူရင် ယုံကြည်စိတ်ချရမှု ပို​စေရပါ့မယ်ခင်ဗျ။

💰ဝယ်ယူလို​သော မြို့နယ်နှင့် ရပ်ကွက်များကို ​အောက်မှာ​ဖော်ပြလိုက်ပါတယ်ခင်ဗျ။

🏡 ဒဂုံအရှေ့မြိုနယ် 1 .2 .3 .4 .5 .6.7.8

9. 10. 52. 11 .12 .13. 14 .15.130.131

132.133 .134 .135 .136.137.138

139. 155 . 156.157.158.120.121

122.123.124.125 .126.127.128.

129.118.119.108 ရပ်ကွက်များရှိမြေကွက်များ

🏙 ဒဂုံမြို့သစ်(တောင်ပိုင်း )နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ
145 .146.147.148.149.150.151.152
153.154.105.106.107.140.70.71.72
73.74.75.76.77.78.79.18.19.20.80.81
82.83.84.85.86.87.88.89.60.61.62.63
66.67.68.90.91.92 .93 .93.95.96.97.98ရပ်ကွက်များရှိမြေကွက်များ

🏘 ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ 28.29.30.31.32.33

34 .35.36.37.38.39.40.41.42.43.44.45

46.47.48.ရပ်ကွက်များရှိမြေကွက်များအထူးဝယ်လိုပါသည် ။

💲​ကျွန်​တော်တို့၏ဝယ်ယူမှုများအတွက်

🚘လူကြီးမင်းတို့အိမ်အရောက်မှစိတ်ချမယ်ဆိုလျှင်လည်းအိမ်​အ​​ရောက် ငွေလာချေပေးပါတယ်​ခင်ဗျ။

🚍နယ်မြို့များမှမိတ်​​ဆွေများလည်း နယ်အထိ အိမ်အရောက်ငွေချေပေးပါတယ်ခင်ဗျာ့ ။

📌 ကျွန်​တော်တို့ သဇင်အိမ်ခြံ​မြေ ရုံးခန်း​လေးအထိ လာ​ရောက်​ရောင်းချချင်တယ်ဆိုလျှင်​တော့-

***သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း***
🔍၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။
သို့ကြွ​ရောက်ခဲ့ဖို့ ဖိတ်​ခေါ်ပါတယ်ခင်ဗျ။
🚍စည်ပင်ရုံးမှတ်တိုင်။

Google mapမှာလည်း ThaZin Real Estateဟု ရိုက်ရှာ၍လည်း လာ​ရောက်နိုင်ပါတယ်ခင်ဗျ။

🤝🤝🤝ဆက်သွယ်ချင်သူမိတ်​ဆွေများအ​နေနဲ့

▶️▶️ThaZin Real Estate massenger (သို့မဟုတ်)

​➡️➡️ရောင်းဝယ်မှုမြန်ဆန်ချင်တယ်/စျေးနှုန်း

များအမြန်သိချင်တယ်ဆိုလျှင်​တော့ ဖုန်းလေးနဲ့

ဆက်သွယ်စုံစမ်း နိုင်ပါတယ်ခင်ဗျာ.။

ဆက်သွယ်ရန်📲 09-5077806
📲 09-777188803

​🏞မြေကွက်ဝယ်ယူချင်သူ မိတ်​ဆွေများလည်း
အထက်ပါ လိပ်စာ၊ ThaZin Real Estate massenger နှင့် ဖုန်းနာမ်ပါတ်များသို့ ဆက်သွယ် ​မေးမြန်းနိုင်ပါတယ်ခင်ဗျ။

Massenger မှ မေးမြန်းသော ​မိတ်​ဆွေများကိုလည်း ကြိုတင်​မေတ္တာရပ်ခံပါရ​စေခင်ဗျ။ cb မှ စာများကို ချက်ချင်းမပြန်နိုင်လျှင်၊ ကျန့်ကြာ​မှုများရှိလျှင် ခွင့်လွှတ်​ပေး​စေချင်ပါတယ်ခင်ဗျ။
အ​ကောင်းဆုံးနှင့်အမြန်ဆုံးက​တော့ ဖုန်း​လေးတိုက်ရိုက်​ခေါ်ဆိုတာပဲ ဖြစ်ပါတယ်ခင်ဗျ။

အားလုံးကို ​ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်ဝပါ​စေ​ကြောင်း သဇင်အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်းမိသားစုမှ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်ခင်ဗျာ။

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

◾""လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်ရသွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရသလား""❓-------...
21/05/2023

◾""လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်ရသွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရသလား""❓
------------------------------------

◾လန ၃၉ ကျပြီးနှင့် ပုံစံ ၁၀၅၊ ၁၀၆ ရပြီး ဆိုတာ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ ပြချင်တာနဲ့ ရောသုံးတဲ့ စကားရပ်လို့ ထင်ပါတယ်။ အမှန်က အဓိပ္ပာယ်ချင်း မတူပါဘူး။

◾၁၀၅ ဆိုတာက မကြာခဏ ရှင်းပြပြီး ဖြစ်လို့ အသေးစိတ် ထပ်မရှင်းတော့ပါ ။ မြေအသုံးပြု ခွင့် လျှောက်ထားနိုင်ရန်၊ မြေနှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းခံရန်၊ အိမ်ဆောက်ရန်၊ စာချုပ် မှတ်ပုံ တင်ရန်၊ စသည့်ကိစ္စရပ်များတွင် တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ တင်ပြရန် အတွက် အဆိုပါ မြေ တည်နေရာ အကြောင်းအရာပြ သက်သေခံ မြေပုံ မိတ္တူ ဖြစ်ပါ တယ်။

◾ပုံစံ ၁၀၆ ကတော့ ယင်းမြေနှင့်ပတ်သက်သည့် မြေရာဇဝင် ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ဖေါ်ပြပါမြေ၏ အကြောင်းအရာများကို ဌာနရှိ နေ့အထိ မှန်ကန်စွာ ပြင်ဆင်ထားသော စာရင်း မြေပုံမှ မှန်ကန်စွာ ကူး ယူ ဖေါ်ပြထားခြင်း ဖြစ်ကြောင်းကိုသာ အဓိ က ဝန်ခံ လက်မှတ်ရေးထိုးေ ပးသော မိတ္တူများ ဖြစ်ပြီး မြေပုံ စာရင်း ကူးယူ လက်ကိုင်ထားသူသည် ထိုမြေအား ပိုင်ဆိုင်သူ ဟု သက်သေခံချက် မဟုတ်ပါ။

◾လန ၃၉ ဆိုတာကတော့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေမှ အခြားနည်းသုံး ပြောင်းလဲအသုံးပြုရန် ဆင့်ဆိုသည့် ခွင့်ပြု အမိန့်ရရှိပြီးမြေ ဟု အဓိပ္ပါယ်သက် ရောက် ပါတယ်။ လယ်ယာမြေဟူသော အမျိုးအစားမှ နုတ်ပယ် လိုက်သောမြေဟု ဆိုရပါမည်။ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ ဓနိ ဟူသည့် လယ်ယာမြေ ဟူ သော စကားရပ်တွင် အကျုံးဝင်သော မြေ အမျိုး အစားတစ်ရပ်မှ လန ၃၉ ခွင့်ပြုမိန့်အရ အခြားနည်း အသုံးပြုခွင့် ဆင့်ဆိုလိုက်သောမြေသည် မူလ လယ်ယာမြေအမျိုးအစားမှ ဆင့်ဆို သတ်မှတ်သည့် မြေ အမျိုူအစား အဖြစ်သို့ ပြောင်းလဲ သွားပါ သည်။ လန ၃၉ အမိန့်ရသည့်အခါ မြေစာရင်း ဌာနရှိ စာရင်း မြေပုံများ၊ အခွန် စည်းကြပ်မှု လုပ်ငန်းများ တွင် လယ်ယာမြေအဖြစ်မှ ဆင့်ဆိုသော နည်းလမ်းအရ မြေအဖြစ်သို ပြောင်းလဲ မှတ် သားရပါသည်။ လယ်မြေမှ ဆန်စက်မြေ၊ ဥယျာဉ် မြေမှ ရွာမြေ၊ ယာမြေမှ သုဿန်စသည်ဖြင့် စိုက်ပျိုးလက်ရှိထား ဧရိယာမှ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ Other Area O.A သို့ စာရင်းပြင်ဆင်ရပါသည်။

◾ထိုအခါ လန ၃၉ ရသောမြေကို ဂရန်ပေး၍ ရသလားဆိုသည့် အမေးများ ပေါ်ထွက်လာပါသည်။ ယင်း မြေအမျိုးအစားသည် ဌာန ၂ ခု၊ ဥပဒေ ၂ ရပ်ဖြင့် ပတ်သက် ဆက်စပ်ပါတယ်။ လယ်ယာ မြေဥပဒေ နှင့် မြို့နှင့်ကျေးရွာမြေများ ဥပဒေ ဖြစ်ပါတယ်။ ပထမ လယ်ယာမြေဥပဒေအရဆိုက လန ၃၉ ချမှတ် သည်နှင့် ယင်းမြေသည် လယ်ယာမြေ မဟုတ်တော့ပါ။ ယင်းမြေပေါ်တွင် စိုက်ပျိုးမှု ရှိနေပါကလည်း ခွင့်ပြုနည်းလမ်းပေါ်မူ တည်၍ ဆန်စက်ကျူးကျော်၊ ရွာမြေကျူးကျော်၊ တပ်မြေ ကျူးကျော်၊ ကျောင်း မြေကျူးကျော် ဟုသာ မှတ်တမ်း ပြုရပါတယ်။။ လန ၃၉ ခွင့်ပြုပြီးသည့်အခါ ထိုမြေသည် လယ်ယာမြေ မဟုတ်တော့သည့်အတွက် Disposal Land အစိုးရမှ စီမံ ခန့်ခွဲ နိုင်သည့်မြေဖြစ်လာပြီး ယင်း ၃၉ ခွင့်ပြု အမျိုးအစားအတိုင်း ဂရန်ပေးနိုင်သည်ဟု ယခင်အခါက ဘဏ္ဍာတော် မင်းကြီးမှ ဖွင့်ဆိုထားပါသည်။

◾ သို့သော် Disposal Land ဖြစ် မဖြစ် ဂရန်ကိစ္စအတွက် မြေစာ ရင်းဌာနသို့မှတ်ချက်တောင်းသည့်အခါ ထိုမြေသည် မြို့ရွာအတွင်း သို့မဟုတ် မြို့ရွာနှင့် တစ်ဆက်တည်း တည်ရှိ မရှိ၊ ဂရန်လျှောက်ထားသည့် မြေအား လန ၃၉ ခွင့်ပြုမိန့်ပေးစဉ်က ဆင့်ဆိုသည့်နည်လမ်းအတိုင်း ဂရန်လျှောက်ထားခြင်း ဟုတ် မဟုတ် (ဥပမာ-ဆန်စက်တည်ရန်ဟု လန ၃၉ ချမှတ်ထားမြေကိုမြေစ ာရင်းဌာနတွင် စက်ရုံမြေအဖြစ် မှတ်ထားရာ ယခု လူနေထိုင် ဂရန်လျှောက်ခြင်း၊ သာသနာအတွက် လန ၃၉ ချထားမြေကို စက်ရုံ အတွက် ဂရန်လျှောက် ခြင်း ) စသည်များအတွက် မှတ်ချက်ပြုရသည့်အတွက် လန ၃၉ ခွင့်ပြုသည့် နည်းလမ်းနှင့်အညီသာ ဂရန်အတွက် လျှောက်ထားနိုင်ပါတယ် ။

◾ယခု လန ၃၉ ကျပြီး မြေကိုအကွက်ရိုက်ရောင်းပြီး ဂရန်လျှောက်ထားမှုများ နိုင်ငံ အနှံ့ ဖြစ်ပေါ်နေရာ မည်သို့ စနစ်တကျ ထိန်းချုပ်မည်ဆိုသည်မှာ ပြဿနာ ဖြစ်ပါတယ်။ ယင်း မြေသည် လယ်ယာမြေ မဟုတ်တော့ သည်မှာ မှန်သော်လည်း မူလ လန ၃၉ အသုံးပြုခွင့်တွင် မည်သည့် နည်းလမ်းအတိုင်း အသုံးချရန်ဟု ဆင့်ဆိုသတ်မှတ်ခဲ့ပါသလဲ၊ အိမ်ရာမြေအတွက်လား၊ စက်ရုံ အတွက်လား၊ သာသနာ၊ ကျောင်း၊ ကန်၊ လမ်းအတွက်လား၊ ချပေးတဲ့ နည်းလမ်းနဲ့ အသုံးပြုမှု မကိုက်ညီပါက လယ်ယာမြေ ဥပဒေ အရ အရေးယူနိုင်သလို ဂရန်ချပေးမှု နည်းလမ်းလည်း မမှန်ကန်ဟု ဆိုရပါမည်။ အရေးယူလို့ ရပါသေးတယ်။ အခု လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ် ကာလတွင် မဆောင်ရွက်ပါ်က လုပ်ပိုင်ခွင့် ပြန်ရုပ်သိမ်းရန် ပြဋ္ဌာန်းချက် ပါရှိပါတယ်။

◾အချို့နေရာများတွင် လန ၃၉ ကျပြီးမြေကို ဂရန်တိုက်ရိုက်ပေးနေမှုများ တွေ့ရပြီး အချို့နေရာများ တွင်မူ ပါမစ်လျှောက်ခိုင်းပြီးမှ ဂရန်ပေးခြင်းမျိုးတွေ့ရပါသည်။ အောက်မြန်မာပြည် မြို့နှင့် ့ကျေးရွာ မြေများဥပဒေတွင် ဂရန်မပေးမီ ပါမစ်ပေးရန်ဟု ပြဋ္ဌာန်းချက် မတွေ့မိပါ။ သို့သော် ဂရန်ချ ထားရန် အခွင့်အာဏာ ပေးအပ်ထားသော ဌာနအတွက် သက်ဆိုင်ရာ ဌာန ညွှန်ကြားချက် ရှိချင် ရှိနိုင်ပါတယ်။

Crd - DVBLawLab နှင့် ဆရာ ဦးဇော်မင်း နတ်မောက်

"သဇင်အိမ်ခြံ​မြေ အကျိုး​ဆောင်လုပ်ငန်း"

📲Ph- 09-5077806/ 09-777188803

🔍🚘၁၃၂ရပ်ကွက်/အမှတ်-၄၅၆ - မင်းရဲ​ကျော်စွာလမ်းမ၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)၊ ရန်ကုန်။ 🚍စည်ပင်ရုံးမှတ်တိုင်

#အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ငန်း

Real Estate
#အ​ရှေ့ဒဂုံ

Address

Dagon
11451

Telephone

+9595077806

Website

Alerts

Be the first to know and let us send you an email when ThaZin Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ThaZin Real Estate:

Share

Category