Study Abroad for Myanmar

Study Abroad for Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study Abroad for Myanmar, Building (7), Room (34), Yangon–Insein Road, Thamine Junction, Mayangone Township, Yangon, Colombo.

Study Abroad Consultant for Germany , Spain , Hungary , China ,Thailand , Malaysia , Singapore , Canada ,Switzerland , New Zealand , Netherlands .....
Apply Pubic Universities from Thailand , Malaysia , China with us
Visa Service

လာမယ့် စနေနေ့မှာ “Study in Hungary”အတွက် Webinarလေး ရှိတယ်နော်❗️
26/05/2026

လာမယ့် စနေနေ့မှာ “Study in Hungary”အတွက် Webinarလေး ရှိတယ်နော်❗️

ကုန်ကျစရိတ်သက်သာစွာနဲ့ ဥရောပအိပ်မက်ကို အကောင်အထည်ဖော်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Webinar 🇭🇺

ဥရောပတစ်ခွင်နဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့အထိ ပညာရေးအဆင့်အတန်းမြင့်မားပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့အပြင် Schengen Country တစ်ခုဖြစ်တာကြောင့် Schengen အဖွဲ့ဝင်နိုင်ငံများကို လွယ်ကူစွား ခရီသွားနိုင်၊ အလုပ်လုပ်နိုင်တဲ့ထိ အခွင့်အလမ်းပေါများတဲ့ Hungary ပညာရေးအကြောင်းကို အစအဆုံး စုံလင်စွာ သိခွင့်ရမယ့် “All About Hungary 🇭🇺” Webinar ကို SAMမှ ပြုလုပ်ပေးသွားတော့မှာဖြစ်ပါတယ်။

Webinar Details

​🔷Date: 30 May 2026 (Sat)

​🔷Time: 7 PM to 8 PM

​🔷Platform: ZOOM

Webinarမှာ ဝေမျှပေးသွားမယ့် အကြောင်းအရာများ

✅ Top Universities: ဘယ်ကျောင်းတွေက နာမည်ကြီးလဲ?

✅ Scholarships: ဘယ်လို ပညာသင်ဆုတွေ ရှိမလဲ?

✅ Living Costs: နေထိုင်စားစရိတ် ဘယ်လောက်ကုန်မလဲ?

✅ Visa Process: ဗီဇာလျှောက်ဖို့ ဘာတွေလိုမလဲ?

✅ Career & Culture: ကျောင်းပြီးရင်ရော အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုရှိလဲ?

Webinar အဆုံးမှာ ကျောင်းသူ၊ ကျောင်းသားတို့ သိလိုတာမှန်သမျှကို မေးမြန်းလို့ရမယ့် Q & A Sectionလည်း ပါဝင်တာမလို့ Hungaryမှာ ကျောင်းသွားတက်ဖို့ စိတ်ကူးထားတယ်ဆိုရင် ဒီWebinarကနေတစ်ဆင့် ကိုယ့်ရဲ့အိပ်မက်တွေကို စတင်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုပဲ Registerလုပ်ထားပြီး Webinarမှာ ပါဝင်လိုက်ပါ။

📌Register Here: https://forms.office.com/r/3V3z45xxF9
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

စာရွက်စာတမ်းတွေလည်း စုံပြီ၊ ဘာသာပြန်တွေလည်း  ပြန်ပြီးပြီဆိုရင်တော့ Visa Appointment ယူရပါတော့မယ်✅📌လိုအပ်တဲ့စာရွက်စာတမ်းမ...
20/05/2026

စာရွက်စာတမ်းတွေလည်း စုံပြီ၊ ဘာသာပြန်တွေလည်း ပြန်ပြီးပြီဆိုရင်တော့ Visa Appointment ယူရပါတော့မယ်✅

📌လိုအပ်တဲ့စာရွက်စာတမ်းများ အကြောင်း
https://www.facebook.com/share/p/1HAEdafUWu/

📌အရေးကြီးတဲ့ Notary & Sworn Translationအကြောင်း
https://www.facebook.com/studyabroadformyanmar/posts/pfbid09qrfuFa2xwJ6trndYumfrRsASLabVwj1FZrNZjvmv2sDPhL57T4tEhKJ5v2ofQwcl

Spain Visa လျှောက်ဖို့အတွက် Thailand BLS Website မှာ အကောင့်ဖွင့်ပြီး Visa Appointment Slot ယူရပါတယ်။ Slot မယူခင် ကျောင်းသားတွေ သတိထာပြီး ကြိုပြင်ထားရမယ့် အပိုင်းတွေရှိပါတယ်။

🔷Visa Appointment ယူတဲ့အခါ 605 THB သွင်းရပါတယ်။ သွင်းတဲ့အခါမှာ Options တွေအနေနဲ့ (​SCB (Siam Commercial Bank), ​Krungsri (Bank of Ayudhya), UOB (United Overseas Bank), ​Krungthai Bank (KTB), ​ttb (TMBThanachart Bank), ​ShopeePay နဲ့ ​PromptPay ဆိုပြီး logo အသီးသီးပေါ်လာမှာဖြစ်ပြီး ကိုယ့်အနေနဲ့ အဆင်ပြေတဲ့ payment method နဲ့ ငွေပေးချေပြီး appointment ယူရမှာဖြစ်ပါတယ်။

🔷ပုံမှန် application fee သွင်းသလိုမျိုး website or link ကပေးရတာမျိုးမဟုတ်ပဲ အပေါ်ကပြထားသလိုမျိုး Thai payment application ကတစ်ဆင့်သွင်းရတာဖြစ်တဲ့အတွက် Thai က အသိမိတ်ဆွေတစ်ယောက်ရှာထားတာပဲဖြစ်ဖြစ် Third party ကနေသွင်းတာပဲဖြစ်ဖြစ် သွင်းဖို့အတွက် ကြိုပြီး research လုပ်ထားစေချင်ပါတယ်။

🔷 Visa Appointment date ယူတဲ့အခါ appointment slot ကို Program start date မတိုင်ခင် ၂ လအလိုလောက်ကို ကြိုပြီးယူထားဖို့ကို အကြံပေးချင်ပါတယ် ဘာလို့လဲဆိုတော့ Spain Embassy website မှာပြထားတဲ့ အတိုင်း Visa application တစ်ခုကို 1month ပဲအချိန်ယူတယ်ဆိုပေမဲ့ တစ်ခါတလေ Embassy တွေဘက်က required documents တွေပြန်တောင်းတာမျိုးနဲ့ visa application အရမ်းများလို့ workload ပိုတဲ့အခါမှာဆိုရင်လဲ delay ဖြစ်တတ်တာကြောင့်ပါ။

ဒီအချက်တွေကို သိထားပြီး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ Visa appointment ယူလို့ရပါပြီ။

Visa appointment link - (https://thailand.blsspainglobal.com/Global/account/RegisterUser)

Visa Process Timeline & Fees✅

🔷Visa Fee: 3,330 THB (BLS Center ကိုဝင်တဲ့အခါ Cash Onlyနဲ့ ပေးရမှာပါ)။

🔷Timeline: ပုံမှန်အားဖြင့် (၁) လ ဝန်းကျင် ကြာတတ်ပေမဲ့ Delay ဖြစ်နိုင်တာကြောင့် Program မစခင် (၂) လအလိုလောက်ကတည်းက ကြိုတင်လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။

🔷Interview: လူတိုင်း ဖြေရတာမျိုး မဟုတ်ပေမဲ့ မေးခွန်းအနည်းငယ် မေးတတ်တာကြောင့် ကိုယ့်ရဲ့ Study Plan ကို သေချာ သိထားဖို့ လိုပါတယ်။

Visa အခြေအနေကို စစ်ချင်တယ်ဆိုရင်တော့ website မှာ center ကပေးလိုက်တဲ့ receipt number နဲ့ဝင်စစ်လို့ပါတယ် အဲ့အတွက်လဲ ဝင်စစ်ဖို့အတွက်အောက်မှာ link ချပေးထားပါမယ်။

Track application link -https://thailand.blsspainglobal.com/Global/bls/VisaApplicationStatus

အရေးကြီးတဲ့ အသက်ကန့်သတ်ချက်✅

Spain ရဲ့ ဥပဒေသစ် (Real Decreto 1155/2024) အရ ကျောင်းသားတွေဟာ အနည်းဆုံး အသက် (၁၇) နှစ် ပြည့်ထားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင်က အသက် (၁၈) နှစ် မပြည့်သေးတဲ့ Minor Student ဆိုရင်ရော? စာရွက်စာတမ်းတွေက ပိုများလာပါပြီ။

နောက်နေ့တွေမှာ Minor Student Visa အတွက် ထပ်တိုးလိုအပ်ချက်တွေကို အသေးစိတ် ရှင်းပြပေးသွားပါမှာမလို့ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်!
—--------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

Spain Visa လျှောက်ဖို့ စာရွက်စာတမ်းပြင်တဲ့အခါ ဒါတွေကို ဂရုစိုက်ပါ🇪🇸📌Spain Visaလျှောက်ထားတဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေ...
15/05/2026

Spain Visa လျှောက်ဖို့ စာရွက်စာတမ်းပြင်တဲ့အခါ ဒါတွေကို ဂရုစိုက်ပါ🇪🇸

📌Spain Visaလျှောက်ထားတဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အောက်က Linkလေးမှာ ဖော်ပြပေးခဲ့ပြီးပြီဖြစ်ပါတယ််။
https://www.facebook.com/share/p/1Bi8UX9TNX/

📌ဒီနေ့မှာတော့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ "Notary and Sworn Translation" အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ ဒီအပိုင်းလေးက ဂရုတစိုက်ပြင်ဆင်ရမယ့် အပိုင်းလည်း ဖြစ်တဲ့အပြင် ကျောင်းသားအတော်များများ အမှားလေးတွေလုပ်တတ်ကြပြီး Visa အခက်အခဲနဲ့ ကြုံရတတ်တာကြောင့် သေချာ လေ့လာကြည့်ရအောင်နော်!

Notary & Sworn translation
🔷ရဲစခန်းထောက်ခံစာကို Notary လုပ်ပြီး sworn translation လုပ်ဖို့အပ်ပါတယ်။
🔷Medical Certificate ကတော့ official website မှာ provide လုပ်ပေးထားတဲ့အတွက် Spanish လို translate ထပ်လုပ်ဖို့မလိုအပ်ပါဘူး။ provide လုပ်ပြီးသား template ကိုပဲသုံးဖို့အကြံပေးချင်ပါတယ်။
🔷Sponsorship letter ကိုတော့ Notary ရော sworn translationပါ လုပ်ပေးရပါမယ်။
🔷 Birth Certificate (မွေးစာရင်း) ကိုလဲ Notary နဲ့ sworn translation လုပ်ပေးဖို့လိုအပ်ပါတယ်။
🔷Bank statement ထုတ်တဲ့အခါ Bank Certificate နဲ့ Bank Transaction file (၂)ခုထွက်လာမှာဖြစ်ပြီး Bank Certificate ကိုတော့ sworn translation လုပ်ဖို့လိုအပ်ပါတယ်

‼️Spanish translation အတွက် Spanish Ministry of Foreign Affairs က appointed ဖြစ်ထားတဲ့ Sworn Translators တွေဆီမှာပြန်ဖို့ အကြံပေးချင်ပါတယ်

စိတ်ချရတဲ့ Sworn Traslatorsတွေကိုတော့ ဒီ Websiteလေးမှာ သွားရှာနိုင်ပါတယ်။
https://www.exteriores.gob.es/es/ServiciosAlCiudadano/Paginas/Buscador-STIJ.aspx

MOFA တုံးထုရန် လိုအပ်သောစာရွက်စာတမ်းများ
🔷အရင်တုန်းကတက်ခဲ့တဲ့ကျောင်းတွေရဲ့ Pervious Certificate နဲ့ Transcript အားလုံး
🔷Birth Certificate
🔷ရဲစခန်းထောက်ခံစာ

စာရွက်စာတမ်းတွေ သေချာပြင်ဆင်ပြီးပြီဆိုရင်တော့ Thailand က BLS Center မှာ Appointment ယူပြီး Visa သွားတင်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ Appointment ယူရတာက ထင်သလောက် မလွယ်ဘူးနော်! Payment System ကစ သေချာသိထားဖို့လိုပါတယ်။

ဒါကြောင့် နောက်ရက်တွေမှာ Visa Appointment ဘယ်လိုယူရမလဲဆိုတာနဲ့ Interview အကြောင်းများကို ဆက်လက်ဖော်ပြပေးသွားမှာမလို့ Stay Tunedပါ!
—--------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

Spain Visa ကို ကိုယ်တိုင် ဘယ်လိုလျှောက်မလဲ❓🇪🇸Spain Visaကို ကိုယ်တိုင်လည်း လျှောက်ချင်တယ်။ ဘယ်လိုအစပြုရမလဲမသိဘူးဖြစ်နေသေး...
13/05/2026

Spain Visa ကို ကိုယ်တိုင် ဘယ်လိုလျှောက်မလဲ❓

🇪🇸Spain Visaကို ကိုယ်တိုင်လည်း လျှောက်ချင်တယ်။ ဘယ်လိုအစပြုရမလဲမသိဘူးဖြစ်နေသေးတယ်ဆိုရင် ဒီ postလေးကနေတစ်ဆင့် အစပြုလေ့လာလိုက်ပါ။ အသေးစိတ်လိုအပ်ချက်တွေကို အရှင်းလင်းဆုံး ပြောပြပေးသွားပါမယ်။

🇪🇸ပထမဆုံး သိထားရမယ့်အချက်က မြန်မာပြည်မှာ Spain သံရုံးရှိပေမဲ့ Visa ပိုင်းကို Support မလုပ်ပါဘူး။ ဒါကြောင့် Thailand မှာရှိတဲ့ BLS Spain Visa Application Centre မှာ သွားရောက် လျှောက်ထားရမှာဖြစ်ပါတယ်။

Visa တင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများ ✅

1. Visa appointment confirmation Letter

2. Passport Size Photo

3. University Final Acceptance Letter (in case အနေနဲ့ ကျောင်းဘက်က Unconditional offer letter နဲ့ conditional offer letter ထုတ်ပေးထားတာရှိရင် ယူသွားလို့ရပါတယ်)

4. Criminal record (ရဲစခန်းထောက်ခံစာ)

5. National Visa Application Form

6. Passport (အနည်းဆုံး ၁ နှစ်သက်တမ်းရှိဖို့လိုအပ်ပါတယ်)

7. Medical Certificate (ဆေးစစ်ဖို့လိုအပ်ပါတယ် စစ်ဖို့လိုအပ်တဲ့ဟာတွေအကုန်လုံးကို file attach လုပ်ပေးထားပါမယ်)

8. Health Insurance (Health Insurance ဝယ်တဲ့အခါ တစ်နှစ်စာဝယ်ထားဖို့လိုအပ်ပါတယ်။ Health Insurance ဝယ်ဖို့အတွက် ကျောင်းတွေဘက်ကိုမေးကြည့်ပြီး Suggestion တောင်းကြည့်လို့ရသလို Google မှာရှာကြည့်လို့လဲ ရပါတယ်။ Third party insurance provider တွေ တော်တော်များများရှိပါတယ်။)

9. Bank Statement (6 months transaction)

10. Sponsorship Letter (အကယ်၍ ကိုယ့်မိဘက sponsor ပေးမဲ့အခါမျိုးမှာဆိုရင် Sponsorship Letter လိုအပ်ပါတယ်)

11. Birth Certificate(မွေးစာရင်း)

12. Optional အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့သူတွေအတွက် လုပ်ငန်းလိုင်စင်နဲ့ အခွန်ဆောင်ထားတာတွေကိုပြလို့ရပါတယ်။ အကယ်၍ ဝန်းထမ်းဖြစ်တဲ့သူတွေဆိုရင် အလုပ်ကနေ Letter တောင်းပြီးပြလို့ရပါတယ်။ Letter တောင်းတဲ့အခါမှာဆိုရင် ဖြစ်နိုင်ရင် monthly or yearly income ပါ ထည့်ရေးရင်ပိုကောင်းပါတယ်။ ( အခုပြောသွားတဲ့ property (ပိုင်ဆိုင်မှူ) တွေက Website မှာတော့ မဖြစ်မနေလိုအပ်တယ်လို့ ပြမထားပေမဲ့ တစ်ခါတစ်လေကျရင်တော့ တောင်းတတ်တာမို့ ကြိုပြီးပြင်ဆင်ထားရင် ပိုကောင်းပါတယ်)

13. Accommodation letter (Accommodation letter အတွက်ကတော့ သံရုံးကတော့ visa approved မဖြစ်သေးခင် မဝယ်နဲ့ဆိုပြီးပြောထားပေမဲ့ အကယ်၍ ကိုယ့်အနေနဲ့ visa ပိုင်းနဲ့ပတ်သတ်ပြီး safe ဖြစ်ချင်တယ်ဆိုရင်တော့ School accommodation or third-party accommodation ရှာထားလို့ရပါတယ်)

‼️ဒီစာရွက်စာတမ်းတွေကတော့ အခြေခံလိုအပ်ချက်တွေဖြစ်ပြီး တကယ်တမ်း Visa အောင်မြင်အောင် လျှောက်ထားတဲ့နေရာမှာတော့ "တရားဝင် ဘာသာပြန်ဆိုခြင်း (Sworn Translation)" ဆိုတဲ့ အပိုင်းကို ကျော်ဖြတ်ရဦးမှာပါ။ ဒီအပိုင်းမှာ Visaလျှောက်ထားသူအများစုက အမှားလုပ်တတ်တာကြောင့် သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် နောက်နေ့တွေမှာ Visa Rejectမဖြစ်အောင် စာရွက်စာတမ်းတွေကို ဘယ်လိုအဆင့်ဆင့် ဘာသာပြန်ဆိုရမလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာမလို့ Pageကို Like & Followလုပ်ပြီး စောင့်ကြည့်နိုင်ပါတယ်။

Stay Tunedနော်....
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

ကုန်ကျစရိတ်သက်သာစွာနဲ့   ဥရောပအိပ်မက်ကို အကောင်အထည်ဖော်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Webinar 🇭🇺ဥရောပတစ်ခွင်နဲ့ တစ်ကမ္ဘ...
12/05/2026

ကုန်ကျစရိတ်သက်သာစွာနဲ့ ဥရောပအိပ်မက်ကို အကောင်အထည်ဖော်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Webinar 🇭🇺

ဥရောပတစ်ခွင်နဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့အထိ ပညာရေးအဆင့်အတန်းမြင့်မားပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့အပြင် Schengen Country တစ်ခုဖြစ်တာကြောင့် Schengen အဖွဲ့ဝင်နိုင်ငံများကို လွယ်ကူစွား ခရီသွားနိုင်၊ အလုပ်လုပ်နိုင်တဲ့ထိ အခွင့်အလမ်းပေါများတဲ့ Hungary ပညာရေးအကြောင်းကို အစအဆုံး စုံလင်စွာ သိခွင့်ရမယ့် “All About Hungary 🇭🇺” Webinar ကို SAMမှ ပြုလုပ်ပေးသွားတော့မှာဖြစ်ပါတယ်။

Webinar Details

​🔷Date: 30 May 2026 (Sat)

​🔷Time: 7 PM to 8 PM

​🔷Platform: ZOOM

Webinarမှာ ဝေမျှပေးသွားမယ့် အကြောင်းအရာများ

✅ Top Universities: ဘယ်ကျောင်းတွေက နာမည်ကြီးလဲ?

✅ Scholarships: ဘယ်လို ပညာသင်ဆုတွေ ရှိမလဲ?

✅ Living Costs: နေထိုင်စားစရိတ် ဘယ်လောက်ကုန်မလဲ?

✅ Visa Process: ဗီဇာလျှောက်ဖို့ ဘာတွေလိုမလဲ?

✅ Career & Culture: ကျောင်းပြီးရင်ရော အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုရှိလဲ?

Webinar အဆုံးမှာ ကျောင်းသူ၊ ကျောင်းသားတို့ သိလိုတာမှန်သမျှကို မေးမြန်းလို့ရမယ့် Q & A Sectionလည်း ပါဝင်တာမလို့ Hungaryမှာ ကျောင်းသွားတက်ဖို့ စိတ်ကူးထားတယ်ဆိုရင် ဒီWebinarကနေတစ်ဆင့် ကိုယ့်ရဲ့အိပ်မက်တွေကို စတင်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုပဲ Registerလုပ်ထားပြီး Webinarမှာ ပါဝင်လိုက်ပါ။

📌Register Here: https://forms.office.com/r/3V3z45xxF9
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

China Educationနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်တွေက မှားနေလဲ❓❌အမှား -ကျောင်းလခနဲ့ နေထိုင်စရိတ် အရမ်းမြင့်တယ်။ ✅အမှန် - S...
07/05/2026

China Educationနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်တွေက မှားနေလဲ❓

❌အမှား -ကျောင်းလခနဲ့ နေထိုင်စရိတ် အရမ်းမြင့်တယ်။

✅အမှန် - Scholarshipအခွင့်အလမ်းများစွာရှိပြီး Budget Friendly ဖြစ်တဲ့ Universities တွေလည်း အများကြီးရှိပါတယ်။

❌အမှား - Chinese Languageမရရင် ကျောင်းတက်လို့မရဘူး။

✅အမှန် - English Languageနဲ့ သင်တဲ့ Programတွေလည်းရှိတဲ့အပြင် ကျောင်းတွေဘက်ကနေလည်း Chinese Languageသင်ကြားပေးတာမလို့ ဘာသာစကားအတွက် အရမ်းစိတ်ပူစရာမလိုဘဲ Chinaမှာ ကျောင်းတက်လို့ရပါတယ်။

❌အမှား - Chinaမှာ ကျောင်းတက်ရင် တရုတ်လူမျိုးတွေနဲ့ပဲ အများဆုံးတွေ့ရမယ်။

✅အမှန် - နိုင်ငံပေါင်းစုံက နိုင်ငံတကာကျောင်းသားတွေအများကြီးရှိပြီး International Networkကိုလည်း တည်ဆောက်နိုင်မှာပါ။

China Educationနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုသူများအတွက် SAMမှ Free Webinarတစ်ခု စီစဉ်ပေးထားပါတယ်။ ဒီWebinarမှာ Chongqing Universityရဲ့ Drama and Television Literatureကို Full Scholarshipနဲ့တက်‌ရောက်နေတဲ့ Ma Aye Hsu Monမှ Guest Speakerအဖြစ် ပါဝင်ပေးသွားမှာမလို့ သိလိုရာများကိုလည်း သေချာမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Webinar Details
🔷Date: 8 May 2026 (Fri)
🔷Time: 7 PM to 8 PM
🔷Platform: ZOOM

Webinarမှာ ဝေမျှပေးသွားမယ့် အကြောင်းအရာများ
✅ကုန်ကျစရိတ်
✅နေထိုင်မှု အခြေအနေ
✅ပညာသင်ဆု ရယူနိုင်မယ့် လမ်းကြောင်းများ
✅အလုပ်အကိုင်အခွင့်အလမ်းများ

Webinarမှာ ဝင်ရောက်နားထောင်လိုသူများအနေနဲ့ အောက်ကLinkကိုနှိပ်ပြီး စာရင်းပေးနိုင်ပါတယ်။ မနက်ဖြန် ညနေမှာ ပြုလုပ်သွားတော့မှာ ဖြစ်လို့ မြန်မြန်လေး စာရင်းပေးဖို့တော့ လိုမယ်နော်။
📌Register Here: https://forms.office.com/r/ymz2yEBfCP
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

GED ပြီးထားရုံနဲ့ Hungaryမှာ ကျောင်းတက်လို့ရပြီလား❓📌အဖြေကတော့ ရပါတယ်။ Hungaryဟာ ဥရောပမှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ Qualit...
06/05/2026

GED ပြီးထားရုံနဲ့ Hungaryမှာ ကျောင်းတက်လို့ရပြီလား❓

📌အဖြေကတော့ ရပါတယ်။ Hungaryဟာ ဥရောပမှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ Quality Education ရနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အပြင် ကျောင်းဝင်ခွင့်လိုအပ်ချက်တွေလည်း Flexible ဖြစ်ပါတယ်။

📌GEDအပြင် မြန်မာအထက်တန်း ပြီးဆုံးထားသူများ IGCSE A level ပြီးဆုံးထားသူများကိုလည်း ကျောင်းဝင်ခွင့်လက်ခံပေးနေပါတယ်။ ကိုယ်ရွေးချယ်မယ့် ကျောင်းနဲ့ ဘာသာရပ်အပေါ်မှာ မူတည်ပြီး လိုအပ်ချက် အနည်းငယ် ကွဲပြားနိုင်သေးတာမလို့ Hungary ပညာရေး အသေးစိတ်အတွက် SAMမှာ လာရောက်ဆွေးနွေးလိုက်ပါ။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

တရုတ်ပြည်မှာ ကျောင်းတက်ချင်တဲ့အိပ်မက်ကို ဒီWebinarကနေ စတင်အကောင်အထည်ဖော်ပါ🇨🇳✨တရုတ်ပြည်ဟာ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု အမွ...
04/05/2026

တရုတ်ပြည်မှာ ကျောင်းတက်ချင်တဲ့အိပ်မက်ကို ဒီWebinarကနေ စတင်အကောင်အထည်ဖော်ပါ🇨🇳

✨တရုတ်ပြည်ဟာ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ပညာရေးအဆင့်အတန်း မြင့်မားမှုတွေနဲ့ သင့်တော်လျော်ကန်တဲ့ ကျောင်းလခ၊ နေထိုင်စရိတ်တွေကြောင့် မြန်မာကျောင်းသားအများစု ရွေးချယ်ချင်လာကြတဲ့ Destinationတစ်ခုပဲ ဖြစ်ပါတယ်။

✨ဒါကြောင့် တရုတ်ပြည်မှာ ကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် သိသင့်တဲ့ အကြောင်းအရာများအားလုံးကို Sharingလုပ်ပေးမယ့် Free Webinarတစ်ခုကို SAMကနေ ယူဆောင်လာခဲ့ပါပြီ။ ဒီ Webinarမှာ ပါဝင်သွားမယ့် Guest Speakerကတော့ World Ranking 504မှာ တည်ရှိနေတဲ့ Chongqing Universityမှာ Drama and Television Literatureကို Full Scholarshipနဲ့တက်‌ရောက်နေတဲ့ Ma Aye Hsu Mon ပဲ ဖြစ်ပါတယ်။

Webinar Details
🔷Date: 8 May 2026 (Fri)
🔷Time: 7 PM to 8 PM
🔷Platform: ZOOM

Webinarမှာ ဝေမျှပေးသွားမယ့် အကြောင်းအရာများ
✅ကုန်ကျစရိတ်
✅နေထိုင်မှု အခြေအနေ
✅ပညာသင်ဆု ရယူနိုင်မယ့် လမ်းကြောင်းများ
✅အလုပ်အကိုင်အခွင့်အလမ်းများ

Webinar အဆုံးမှာ ကျောင်းသူ၊ ကျောင်းသားတို့ သိလိုတာမှန်သမျှကို မေးမြန်းလို့ရမယ့် Q & A Sectionလည်း ပါဝင်တာမလို့ တရုတ်ပြည်မှာ ကျောင်းသွားတက်ဖို့ စိတ်ကူးထားတယ်ဆိုရင် ဒီWebinarကနေတစ်ဆင့် ကိုယ့်ရဲ့အိပ်မက်တွေကို စတင်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုပဲ Registerလုပ်ထားပြီး Webinarမှာ ပါဝင်လိုက်ပါ။

📌Register Here: https://forms.office.com/r/ymz2yEBfCP

—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

🎉✨Congratulationsပါ ညီမလေး Lun Bu! 🇨🇳Chinaမှာ  ပညာသင်ရင်း လစာရအလုပ်လုပ်နိုင်မယ့် Guilin University of Electronic Science...
29/04/2026

🎉✨Congratulationsပါ ညီမလေး Lun Bu!

🇨🇳Chinaမှာ ပညာသင်ရင်း လစာရအလုပ်လုပ်နိုင်မယ့် Guilin University of Electronic Science and Technologyကို တက်ရောက်ဖို့ SAMနှင့်အတူ လျှောက်ထားခဲ့တဲ့ ညီမလေး Lun Buဟာ သူ့ရဲ့ Student Visaကိုရရှိသွားပြီ ဖြစ်တဲ့အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ရပါတယ်။

✨အနာဂတ်ပညာရေး လမ်းခရီးမှာလည်း မိမိလိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီး အောင်မြင်မှုများ ရရှိဆွတ်ခူးနိုင်စေဖို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

✨SAMကို ယုံကြည်ပြီး အပ်နှံလျှောက်ထားခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ညီမလေးရဲ့ Study Abroad Journey မှာ SAM Team က အမြဲအတူရှိနေပါမယ်နော်။

ကျောင်းဝင်ခွင့်လျှောက်ထားဖို့နဲ့ Student Visa လျှောက်ထားဖို့ Guidanceလိုအပ်တယ်ဆိုရင်တော့ SAMမှ အစအဆုံး စီစဉ်ဆောင်ရွက်ပေးနေတာမလို့ လာရောက်ဆက်သွယ်နိုင်ပါတယ်။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09943366606

ထိုင်းမှာ ကျောင်းတက်ရင်း ကျောင်းလခနဲ့ နေထိုင်ဖို့ ကုန်ကျစရိတ်များမှာ စိုးရိမ်နေတဲ့ ကျောင်းသားများအတွက် သတင်းကောင်း🇹🇭✅ထို...
24/04/2026

ထိုင်းမှာ ကျောင်းတက်ရင်း ကျောင်းလခနဲ့ နေထိုင်ဖို့ ကုန်ကျစရိတ်များမှာ စိုးရိမ်နေတဲ့ ကျောင်းသားများအတွက် သတင်းကောင်း🇹🇭

✅ထိုင်းနိုင်ငံက Shinawatra Universityဟာ International Student တွေအတွက် Accommodation Free စီစဉ်ပေးနေတဲ့အပြင် Up to 50% Scholarshipလည်း ပေးထားသေးတာကြောင့် ကုန်ကျစရိတ်ကို လျှော့ချချင်သူတွေအတွက် ကျောင်းကောင်းတစ်ခုပါပဲ။

✅ထိုင်းမှာ International Studentတွေအတွက် အနည်းငယ်ရှားပါးတဲ့ Nursing Programကို သင်ယူနိုင်တာကတော့ Shinawatra Universityရဲ့ အားသာချက်ဖြစ်ပါတယ်။

Nursingအပြင် အခြားရွေးချယ်နိုင်မယ့် Facultyတွေကတော့
🔷Faculty of Management
🔷Faculty of Engineering and Technology
🔷Faculty of Education
🔷Faculty of Liberal Arts
🔷Faculty of Health Sciences
🔷Faculty of Politics Government and Administration တို့ပဲ ဖြစ်ကြပါတယ်။

အနီးဆုံးအနေနဲ့ August 2026 Intake ရှိတာမလို့ စိတ်ဝင်စားတယ်ဆိုရင် SAMမှာ အခုပဲ လာရောက်စုံစမ်းနိုင်ပါတယ်။

🔷Free Consultationအတွက် စာရင်းပေးရန်🔷
https://forms.office.com/r/NL4xkexWu7
—-------------------------------------------------------
✈️🌍Spain ,Hungary , Thailand , Malaysia , Singapore , Vietnam, U.K , Canada ,Switzerland , New Zealand နိုင်ငံများအတွက် Admission & Visa Servicesများကို SAMမှ အစဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

📌အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသူများအနေနဲ့လည်း Chat Boxမှာ လာရောက်ဆက်သွယ်နိုင်သလို အောက်ပါလိပ်စာများသို့လည်း လာရောက်ဆွေးနွေးနိုင်ပါတယ်။

🏢Office Address: တိုက် (၇) / အခန်း (၃၄)၊ ရန်ကုန်-အင်းစိန်လမ်းမ၊ သမိုင်းလမ်းဆုံ၊ မရမ်းကုန်း။
☎️Contact: 09751929280

Address

Building (7), Room (34), Yangon–Insein Road, Thamine Junction, Mayangone Township, Yangon
Colombo
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959942869217

Alerts

Be the first to know and let us send you an email when Study Abroad for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Study Abroad for Myanmar:

Share