07/09/2015
အလုပ်ဖြင့်အခြေချခွင့်အသနားခံစာ ခွင့်ပြုချက်ရရှိ၍ ၁နှစ်ခန့်ကြာပါက work permit ဆက်လက်လျှောက်ထားနိုင်
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
I-140 ခွင့်ပြုချက်ရရှိပြီး ၁နှစ်ကြာလျှင် Work Permit လျှောက်ထားခြင်းနှင့် စပွန်ဆာပြောင်းလဲခြင်းကို ခွင့်ပြုမည်။
၁၀လပိုင်းအတွင်း ပထမအဆင့် မူကြမ်းရေးဆွဲကာ အကြံပြုချက်ရယူပြီးနောက် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲကာ လာမည့်နှစ်ဦးပိုင်းတွင် အကောင်အထည်ဖော်မည်။
အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားသူများသည် I-140 အခြေချနေထိုင်ခွင့် အသနားခံခြင်းကို ခွင့်ပြုချက်ရရှိပြီး ၁နှစ်နောက်ပိုင်းတွင် အခြေချခွင့်တံခါးပေါက်သို့ ၀င်ရောက်နိုင်ခြင်းမရှိသေးပါကလည်း Work Permit Card ကို ရယူ၍ စပွန်ဆာကိုပါ ပြောင်းလဲနိုင်သော စီမံချက်ကို လာမည့် ၁၀လပိုင်းနောက်ပိုင်းတွင် အဓိကထား အကောင်းအထည်ဖော်ပြမည်ဖြစ်ကြောင်း ကြေငြာထားသည်။
ပြည်ဝင်ခွင့်ဝန်ဆောင်မှုဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်သစ်စတင်သော ၁၀လပိုင်းနောက်ပိုင်းတွင် ပထမအဆင့်
စီမံချက်မူကြမ်းကို ကြေငြာကာ အကြံပြုချက်များရယူပြီးနောက်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်မူကြမ်းရေးဆွဲက လာမည်နှစ်ဦးပိုင်းမှစ၍ ပြဌာန်းဆောင်ရွက်ရန် မျှော်မှန်းထားသည်။
အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့် လျှောက်ထားသူများသည် အခြေချနေထိုင်ခွင့်လျှောက်ထားနေစဉ်အတွင်း ပိုမိုဆောလျှင်စွာ Work Permit ကိုရယူ၍ အလုပ်လုပ်ကိုင်ပြီး၊ အခြေချနေထိုင်ခွင့် စပွန်ဆာကိုလည်း အလွယ်တကူပြောင်းလဲနိုင်တော့မည်ကို မျှော်လင့်လျှက်ရှိကြသည်။
အိုဘားမား လက်ရှိအစိုးရမှ ကြိုတင်ကြေငြာထားခဲ့သော အခြေချနေထိုင်ခွင့် လျှောက်ထားမှုစနစ်ကို ခေတ်မီစေရေး၊ ရိုးရှင်းလွယ်ကူစေရေး စီမံချက်၏ အရေးပါသောခြေလှမ်းအနေဖြင့် လျှောက်ထားသူများထံသို့ သင့်တင့်သော အကျိုးခံစားခွင့်များပေးအပ်သွားမည့် စီမံချက်ကို ၂၀၁၆ခုနှစ် ဘဏ္ဍာရေးနှစ်သစ်စတင်မှုနှင့်အတူ အင်တိုက်အားတိုက် အကောင်အထည်ဖော်သွားရန် ပြင်ဆင်လျှက်ရှိသည်။
Department of Homeland Security နှင့် လူဝင်မှုကြီးကြပ်ရေးရုံး (USCIS) တို့သည် အလုပ်အကိုင်ဖြင့် အခြေချနေထိုင်ခွင့်လျှောက်ထားသူများကြားတွင် အချို့သော အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့်အသနားခံစာ(I-140) ခွင့်ပြုချက်ရရှိသူများနှင့်ပတ်သက်၍ Work Permit Card ကို ထုတ်ပေးပြီး အခြေချနေထိုင်ခွင့် စပွန်ဆာကို ပြောင်းလဲနိုင်အောင် ခွင့်ပြုပေးသော ပြုပြင်ပြောင်းလဲမှုတစ်ခုကို တွန်းအားပေးဆောင်ရွက်လျှက်ရှိသည်။
Department of Homeland Security အနေဖြင့် ၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်သော ၁၀လပိုင်းအတွင်းတွင် ပထမအဆင့် အဆိုပြုချက်မူကြမ်း(Proposed Rule)ကို ထုတ်ပြန်ကြေငြာပြီး ရက်(၆၀)အတွင်း အကြံဥာဏ်များတောင်းခံပြီးနောက် နှစ်ကုန်ပိုင်းတွင် အပြီးသတ်စီမံချက်ရေးဆွဲထုတ်ပြန်ကာ ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်ကြေငြာထားသည်။
ပထမဆုံးအကြိမ် အကျိုးခံစားခွင့်ရရှိမည့် အလုပ်အကိုင်ဖြင့်အခြေချနေထိုင်ခွင့် လျှောက်ထားသူများမှာ အလုပ်ဖြင့်အခြေချနေထိုင်ခွင့်အသနားခံစာ (I-140)ကို ခွင့်ပြုချက်ရရှိပြီးနောက် ၁နှစ်ကျော်ခန့် ကြာမြင့်စွာ စောင့်ဆိုင်းနေရသူများဖြစ်လိမ့်မည်ဟု သိရှိထားသည်။
ထိုသို့သော အခြေအနေမျိုးတွင် အလုပ်ဖြင့်အခြေချနေထိုင်ခွင့် အသနားခံစာကို ခွင့်ပြုချက်ရရှိပြီးနောက် ၁နှစ်ကျော်ခန့်ကြာမြင့်နေသော အခြေချနေထိုင်ခွင့်လျှောက်ထားသူများအနေဖြင့် ကြီးမားသော အကျိုးကျေးဇူး(၂)ခုကို ရရှိလိမ့်မည်ဖြစ်သည်။
ပထမအချက်အနေဖြင့် Work Permit ရရှိကာ အလုပ်ဝင်ရောက်လုပ်ကိုင်၍ ၀င်ငွေရှာနိုင်မည်ဖြစ်သည်။
လက်ရှိ၌ Visa Bulletin တနည်း အခြေချခွင့်တံခါးပေါက်တွင် cutoff date အတွင်း အကျုံးဝင်ပါမှ I-485(အခြေချခွင့် လျှောက်ထားလွှာ)ကို တင်သွင်းနိုင်ကာ Work Permit ကိုပါ လျှောက်ထားနိုင်သော်လည်း ယင်းအချက်ကို များစွာတိုးတက်၍ ခွင့်ပြုပေးထားခြင်းဖြစ်သည်။
နောက်တစ်ချက်အနေဖြင့် အခြေချနေထိုင်ခွင့် စပွန်ဆာ သို့မဟုတ် အခြေချနေထိုင်ခွင့်လျှောက်ထားသောဒေသကို ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။
လက်ရှိတွင် I-485 ကို တင်သွင်းပြီးနောက် ရက်ပေါင်း ၁၈၀ ကျော်လွန်မှသာ မိမိ၏ Priority Date စသည့် အခြေချခွင့်လျှောက်ထားမှု ရလဒ်များကို မူလအတိုင်းဆက်လက်ထိန်းသိမ်း၍ အလုပ်နေရာကို ပြောင်းလဲနိုင်သဖြင့် ဤအပိုင်းတွင်လည်း များစွာတိုးတက်သော အကျိုးခံစားခွင့်ကို ပေးထားခြင်းပင်ဖြစ်သည်။
လက်ရှိတွင် အလုပ်ဖြင့်အခြေချခွင့်ကိုလျှောက်ထား၍ Visa Bulletin ၏ cutoff date ကြောင့် အခြေချနေထိုင်ခွင့်ရရှိရန် စောင့်စားနေကြသော နိုင်ငံခြားသားဦးရေ ၄သိန်းခန့်ရှိကြောင်း သိရှိရပြီး၊ ယင်းတို့အနက် I-140 ခွင့်ပြုချက်ရရှိသည်မှာ ၁နှစ်ခန့်ကြာမြင့်နေကြသူများအနေဖြင့် Work Permit ကို ကြိုတင်ရယူကာ အခြေချခွင့်စပွန်ဆာကို ပြောင်းလဲခြင်းဖြစ်စေ၊ အခြေချနေထိုင်ခွင့် လျှောက်ထားသောဒေသကို ပြောင်းလဲနိုင်တော့မည်ဖြစ်ဟု ယူဆရသည်။
ရေးသားသူ - ** မီဆာမို လမ်းပြကြယ် **
http://misamomm.com/?p=2215 မှ ကူးယူဖော်ပြပါသည်။