YTP legal service

Call Directions Website

YTP legal service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YTP legal service, Legal Service, Ansan.

We are providing you the required Legal services for your business, such as legal research, Litigation, legal advisory services, IP registration, Contracts and legal Due Diligence reports.

26/09/2026
ဆောင်းပါး၏ အဓိကအကြောင်းအရာဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄(ခ) အရ ကုန်ပစ္စည်းမ...
21/09/2026

ဆောင်းပါး၏ အဓိကအကြောင်းအရာ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄(ခ) အရ ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို အမိန့်ကြော်ငြာစာအမှတ် (၁၁၅/၂၀၂၆) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် -
၁။ ပို့ကုန်ဆိုင်ရာ လိုအပ်ချက်များ (အမိန့်ကြော်ငြာစာ အပိုဒ် ၄) – မည်သူမဆို ကုန်ပစ္စည်းများ တင်ပို့ရာတွင် အောက်ပါအချက်များကို လိုက်နာရမည် -
(က) တင်ပို့မည့်ကုန်ပစ္စည်းများသည် ပို့ကုန်လိုင်စင်နှင့် ပို့ကုန်ပါမစ်ပါ ခွင့်ပြုချက်များအပြင် ပို့ကုန်ကြေညာ လွှာပါ ဖော်ပြချက်များနှင့် ကိုက်ညီရမည်။
(ခ) ပို့ကုန်လိုင်စင် သို့မဟုတ် ပို့ကုန်ပါမစ်ပါ ခွင့်ပြုချက်တွင် ခွင့်ပြုထားသည့် ပမာဏ သို့မဟုတ် သတ်မှတ်ချက်များကို ကျော်လွန်၍သော်လည်း‌ကောင်း၊ ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည်ထက်ကျော်လွန်၍သော်လည်းကောင်း တင်ပို့ခြင်းမပြုရပါ။
(ဂ) ပို့ကုန်လိုင်စင်၊ ပို့ကုန်ပါမစ်၊ ပို့ကုန်ကြေညာလွှာနှင့်အတူ တင်ပို့ခြင်းနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများကို အတူတကွ ပူးတွဲတင်ပြရမည်။

၂။ သွင်းကုန်ဆိုင်ရာ လိုအပ်ချက်များ (အမိန့်ကြော်ငြာစာ အပိုဒ် ၅) – မည်သူမဆို ကုန်ပစ္စည်းများ တင်သွင်းရာတွင် အောက်ပါအချက်များကို လိုက်နာရမည် -
(က) ကုန်အမှတ်တံဆိပ်အမည်(Brand Name) သို့မဟုတ် ကုန်အမှတ်တံဆိပ် (Trademark) နှင့် ပင်ရင်းနိုင်ငံ(Country of Origin) ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ တင်သွင်းရမည်။
(ခ) ကုန်အမှတ်တံဆိပ်နှင့် သက်ဆိုင်သော လိုအပ်ချက်များအားလုံးသည် ပြည့်စုံပြီး မှန်ကန်မှုရှိရမည်။
(ဂ) ယာဉ်များ၊ စက်ယန္တရားများနှင့် စပ်လျဥ်း၍ ကုန်ပစ္စည်းများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်လုပ်သည့်ခုနှစ်အတွင်း အကျုံးဝင်ရမည်။
(ဃ) တင်သွင်းမည့်ကုန်ပစ္စည်းများသည် သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ပါမစ်ပါခွင့်ပြုချက်များအပြင် သွင်းကုန်ကြေညာလွှာပါ ဖော်ပြချက်များနှင့် ကိုက်ညီရမည်။
(င) ကုန်ပစ္စည်းများသည် ခွင့်ပြုထားသည့်နေ့ရက်မတိုင်မီ ကြိုတင်ရောက်ရှိခြင်း မရှိစေရ။ ကုန်ပစ္စည်းများ ရောက်ရှိပြီးနောက် သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ်ကို ပြင်ဆင်ခြင်းမပြုရ။
(စ) ကုန်ပစ္စည်းများသည် သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ် သက်တမ်းကုန်ဆုံးပြီးမှ ရောက်ရှိခြင်း မရှိစေရ။
(ဆ) သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ်ပါ ခွင့်ပြုချက်တွင် ခွင့်ပြုထားသည့် ပမာဏ သို့မဟုတ် သတ်မှတ်ချက်များကို ကျော်လွန်၍သော်လည်း‌ကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားသည်ထက်ကျော်လွန်၍သော်လည်းကောင်း တင်သွင်းခြင်းမပြုရပါ။
(ဇ) သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် သို့မဟုတ် သွင်းကုန်ကြေညာလွှာမရှိဘဲ ကုန်ပစ္စည်းများကို တင်သွင်းခြင်းမပြုရ။

ကုမ္ပဏီအပေါ် အရေးကြီးသည့် အကျိုးသက်ရောက်မှုများ
ဤအမိန့်ကြော်ငြာစာ၏ အခန်း (၃) တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည် - ပိတ်ပင်တားမြစ်ကုန်ပစ္စည်း နှင့်
📍ကုမ္ပဏီသည် ပိတ်ပင်တားမြစ်ထားသောကုန်ပစ္စည်းများ (Prohibited Goods) အဖြစ် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ။ ကန့်သတ်ကုန်ပစ္စည်း(Restricted Goods)များအဖြစ် ဖော်ပြထားသော ကုန်ပစ္စည်းများဖြစ်ပါက ၎င်းတို့ကို တင်ပို့/တင်သွင်းခြင်းမပြုမီ လိုအပ်သော ခွင့်ပြုချက်ကို ရယူရမည်။ လိုအပ်သော ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ကန့်သတ်ကုန်ပစ္စားများကို တင်ပို့ခြင်း/တင်သွင်းခြင်း ပြုလုပ်ပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူခံရမည်ဖြစ်သည်။
📍အကယ်၍ အကောက်ခွန်ဦးစီးဌာနမှ အောက်ပါ ကုန်စည်များကို ရှာဖွေတွေ့ရှိပြီး သိမ်းဆည်းရမိပါက –
❗ပိတ်ပင်တားမြစ်ကုန်ပစ္စည်း နှင့်
❗ တင်ပို့ခြင်း/တင်သွင်းခြင်းပြုရန် ခွင့်ပြုချက် ရယူထားခြင်းမရှိသည့် ကန့်သတ်ကုန်ပစ္စည်းများ၊
ထိုကုန်ပစ္စည်းများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနသို့ လွှဲပြောင်းပေးအပ်ရမည်။ လိုအပ်ပါက အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်အမှုဖွင့်လှစ်ဆောင်ရွက်နိုင်သည်။
📍ကုမ္ပဏီများသည် အမိန့်ကြော်ငြာစာ (၁၁၅/၂၀၂၆) ၏ အပိုဒ် ၄ နှင့် ၅ ပါ လိုက်နာရမည့်အချက်များအပြင် သက်ဆိုင်ရာ တင်ပို့/တင်သွင်းခြင်း ပြဋ္ဌာန်းချက်များတွင် ချမှတ်ထားသော လိုအပ်ချက်များအားလုံးကို လိုက်နာရမည်။
❗ဤအချက်များထဲမှ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇(၁) အရ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည်။
📍ကုမ္ပဏီတစ်ခုသည် ၎င်းအမှန်တကယ် တင်သွင်း/တင်ပို့နေသည့် ကုန်ပစ္စည်များမှာ အောက်ဖော်ပြပါ သက်ဆိုင်ရာအချက်အလက်များ၊ ခွင့်ပြုချက်များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်သည် –
✅ ပို့ကုန်/သွင်းကုန်လိုင်စင်၊
✅ ပို့ကုန်/သွင်းကုန်ပါမစ်၊
✅ ပို့ကုန်/သွင်းကုန်ကြေညာလွှာနှင့်
✅ အခြားသောစာရွက်စာတမ်းအထောက်အထားများ
📍ကုမ္ပဏီသည် ခွင့်ပြုထားသည့် သို့မဟုတ် ကြေညာလွှာတွင်ဖော်ပြထားသည့် ပမာဏ၊ သတ်မှတ်ချက်များထက်ကျော်လွန်၍သော်လည်းကောင်း သို့မဟုတ် အခြားအသေးစိတ်ဖော်ပြထားသည့် အချက်အလက်များနှင့်ကွဲလွဲ၍သော်လည်းကောင်း တင်ပို့ခြင်း/တင်သွင်းခြင်းမပြုရ။
📍 ကုမ္ပဏီသည် သက်ဆိုင်ရာ လိုက်နာရမည့်အချက်များကို ချိုးဖောက်ပါက ကုန်ပစ္စည်းများအား သိမ်းဆည်းခြင်းနှင့် အခြားသော ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ခံရနိုင်သည်။ သို့သော် အချို့သောကိစ္စရပ်များတွင် ကုန်ပစ္စည်းပိုင်ရှင်သည် ကုန်ပစ္စည်းအား ပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းခြင်းခံရမည့်အစား ရွေးယူဒဏ်ငွေပေးဆောင်၍ ပြန်လည်ရယူခွင့်လျှောက်ထားနိုင်သည်။
❗ဤရွေးယူဒဏ်ငွေ ပေးဆောင်၍ ပြန်လည်ရွေးယူခြင်းသည် ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများအတွက် သက်ဆိုင်ခြင်းမရှိပါ။

ကုန်ပစ္စည်းများကို တင်ပို့/တင်သွင်းခြင်းမပြုမီ အောက်ပါတို့ကို သေချာစေရမည် -

✅ကုန်ပစ္စည်းများသည် ပိတ်ပင်တားမြစ်ထားသောကုန်ပစ္စည်းအမျိုးအစားတွင် မပါဝင်ခြင်း၊
✅ကုန်ပစ္စည်းများသည် ကန့်သတ်ကုန်ပစ္စည်းဖြစ်ပါက လိုအပ်သော ခွင့်ပြုချက်ရရှိထားပြီးဖြစ်ခြင်း၊
✅ကုမ္ပဏီသည် လိုအပ်သော ပို့ကုန်/သွင်းကုန်လိုင်စင်နှင့် ပို့ကုန်/သွင်းကုန် ပါမစ်များရရှိထားခြင်း၊
✅အမှန်တကယ် တင်ပို့/တင်သွင်းမည့် ကုန်ပစ္စည်းများသည် သက်ဆိုင်ရာလိုင်စင်၊ ပါမစ်နှင့် ကြေညာလွှာများတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီခြင်း၊
✅ ပမာဏနှင့် သတ်မှတ်ချက်များသည် ခွင့်ပြုထားသည့် ပမာဏထက် မကျော်လွန်ခြင်း၊
✅လိုအပ်သော အကောက်ခွန်ကြေညာလွှာများနှင့် အခြားသော စာရွက်စာတမ်းများအားလုံး ပြည့်စုံမှန်ကန်စေခြင်း။





 #ပြည်ပမှအရက်တင်သွင်းခွင့် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ  #အရက်တင်သွင်ခြင်း #သွင်းကုန်  #ယစ်မျိုးလိုင်စင်
20/09/2026

#ပြည်ပမှအရက်တင်သွင်းခွင့် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
#အရက်တင်သွင်ခြင်း
#သွင်းကုန်

#ယစ်မျိုးလိုင်စင်

မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောကိုယ်စားလှယ်များ လိုက်နာရမည့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း #မ...
19/09/2026

မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောကိုယ်စားလှယ်များ လိုက်နာရမည့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း
#မူပိုင်ခွင့်ကိုယ်စားလှယ်
-2026

 #ပုဂ္ဂလိကကုသမှုအထောက်အကူပြုသင်တန်းကျောင်း #ပုဂ္ဂလိကပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းဆောင်ရွက်လိုပါက မြို့နယ်ကုသရေးဦးစီးထံ ...
10/09/2026

#ပုဂ္ဂလိကကုသမှုအထောက်အကူပြုသင်တန်းကျောင်း
#ပုဂ္ဂလိကပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်း
ဆောင်ရွက်လိုပါက မြို့နယ်ကုသရေးဦးစီးထံ လျှောက်ထားရမည်။
#ကျန်းမာရေး
#ကုသရေး
#သင်တန်း

လုပ်ငန်းအလိုက် သက်ဆိုင်ရာ ဥပဒေအရ မဖြစ်မနေ ဆောင်ရွက်လိုက်နာရမယ့် လိုင်စင်ဆိုင်ရာ သတ်မှတ်ချက်တွေ၊ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်တွေကို လုပ်ငန်းမစ တင်မီ လေ့လာသင့်ပါတယ်။ အသေးစိတ်သိရှိလိုပါက မေးမြန်းနိုင်ပါတယ်။

VICTORY YTP
Legal Service
09426159490
[email protected]

 #အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေ  ကို ပြင်ဆင်သည့် ဥပဒေ  #ရန်ကုန် #အသေးစား  #စက်မှုလက်မှုလုပ်ငန်း
04/09/2026

#အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ
#ရန်ကုန်
#အသေးစား #စက်မှုလက်မှုလုပ်ငန်း

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေမူကြမ်း
02/09/2026

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေမူကြမ်း



ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာ
31/08/2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာ



24/08/2026

လုပ်ငန်းတစ်ခုမှာ ရှယ်ယာဝင်မယ်ဆိုရင် အလိမ်မခံရအောင် ဘာတွေ လုပ်ရမလဲ???

အသေးစိတ်ဆွေးနွေးမေးမြန်းတိုင်ပင်လိုပါက YTP Legal Service page messenger မှဖြစ်စေ၊ 09426159490 မှ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ဗျာ......

#ရှယ်ယာဝင်မယ်ဆိုရင်
#ဘာတွေစစ်ဆေးရမလဲ

တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်...
24/08/2026

တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ
မြန်မာရင်နှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၂၆
#ရင်းနှီးမြှုပ်နှံမှု
#လုပ်ထုံးလုပ်နည်း

Address

Ansan
15588

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959426159490

Alerts

Be the first to know and let us send you an email when YTP legal service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category