Esaka Immigration Law Office

Esaka Immigration Law Office 🇲🇲တွေအတွက် မြန်မာလူမျိုးက အသေးစိတ် ဘာသာပြန်ရှင်းပြပြီး ဂျပန်လဝကလက်မှတ်ကိုင်ထားသူက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်

24/04/2026

Rakuten Black Card အကြောင်း

💳 Gold Card ကနေ upgrade ဖြစ်ဖို့ အသုံးစရိတ်လိုအပ်ချက်ရှိတယ်
သာမန်အားဖြင့် နှစ်စဉ် card သုံးငွေ (ဥပမာ - ¥5,000,000 လောက်) မပြည့်မီရင် Black Card ကို အလွယ်တကူ မရနိုင်ပါဘူး။

✉️ Invitation (ဖိတ်စာ) လိုအပ်တယ်
Black Card က လူတိုင်း လျှောက်လို့မရဘဲ၊ Rakuten ကနေ Invitation Letter ပို့မှသာ လျှောက်နိုင်ပါတယ်။

🍽️ Restaurant Privilege (1人無料サービス)
အချို့စားသောက်ဆိုင်တွေမှာ2 ယောက်သွားစားရင်
1 ယောက်စာ အခမဲ့ (1人分無料)
လိုမျိုး VIP service တွေ ရရှိနိုင်ပါတယ်။

✈️ Travel & Lounge အထူးအခွင့်အရေးများ
လေဆိပ် lounge free, travel insurance ကောင်းကောင်း၊ hotel privilege တွေ ပါရှိပါတယ်။

👑 High Status & Credit Limit မြင့်တယ်
Black Card ဖြစ်တာကြောင့် limit မြင့်ပြီး service အရည်အသွေးလည်း VIP level ဖြစ်ပါတယ်။



👉 အကျဉ်းချုပ်
Rakuten Black Card က သာမန် card မဟုတ်ပဲ
အသုံးစရိတ်များပြီး trust ရှိတဲ့ customer တွေကိုသာ invitation နဲ့ပေးတဲ့ premium card တစ်ခု
Restaurant free service,
travel benefit,
high status အတွက် အရမ်းတန်ပါတယ်

📢 ဂျပန်အလုပ်ဗီဇာနဲ့ပတ်သက်ပြီး ပြောင်းလဲမှုအသစ်2026/4/15 နောက်ပိုင်း လျှောက်မယ့်သူများအတွက် (N2 လိုအပ်လာပြီ)1️⃣ ဘာတွေပြော...
10/04/2026

📢 ဂျပန်အလုပ်ဗီဇာနဲ့ပတ်သက်ပြီး ပြောင်းလဲမှုအသစ်
2026/4/15 နောက်ပိုင်း လျှောက်မယ့်သူများအတွက်
(N2 လိုအပ်လာပြီ)

1️⃣ ဘာတွေပြောင်းလဲသွားလဲ?
အခုအသစ်ပြောင်းလဲချက်က
Category 3・4 ကုမ္ပဏီတွေက
“ပြည်ပကနေ အလုပ်သမားအသစ်ခေါ်မယ်ဆိုရင်” သက်ဆိုင်ပါတယ်။

👉 ဆိုလိုတာက JLPT N2 (သို့) CEFR B2 အဆင့်ရှိတဲ့ ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို
အခြေခံလိုအပ်ချက်အဖြစ် သတ်မှတ်လာပါတယ်။

✔️ ဒါပေမယ့်
• ဂျပန်မှာ အလုပ်လုပ်နေပြီးသားသူတွေ
• ဗီဇာ update လုပ်နေသူတွေ
အတွက်တော့ ဒီစည်းမျဉ်းအသစ် များသောအားဖြင့် မသက်ရောက်ပါဘူး။



2️⃣ 通訳 (ဘာသာပြန်) တင်ပဲလား?
❌ မဟုတ်ပါဘူး — အလုပ်အမျိုးအစားအများစုကို သက်ရောက်ပါတယ်
• Sales (ရောင်းချရေး)
• Planning (စီမံကိန်း)
• General Affairs (အုပ်ချုပ်ရေး)
• Engineer (အင်ဂျင်နီယာ)
👉 ဂျပန်ဘာသာနဲ့ အလုပ်ညွှန်ကြားချက်နားလည်ရတဲ့ အလုပ်တွေ အားလုံးပါဝင်ပါတယ်

⚠️ “ဂျပန်ဘာသာမလိုပါဘူး” လို့တင်မယ်ဆိုရင်
ဘာကြောင့်မလိုတာလဲဆိုတာကို အသေးစိတ်ရှင်းပြရပြီး
👉 စစ်ဆေးချိန်ကြာနိုင်
👉 မခွင့်ပြုနိုင်ချေမြင့်ပါတယ်



3️⃣ Category 1・2 ကုမ္ပဏီတွေကလဲ?
👉 ဒီပြောင်းလဲမှုထဲ မပါပါဘူး
• Listed company (အများပိုင်ကုမ္ပဏီ) တို့လို Category 1・2 တွေက

အရင်လိုပဲ ဆက်လက်စစ်ဆေးသွားနိုင်ပါတယ်

📌 ဒါပေမယ့်
Category 3・4 ကုမ္ပဏီတွေကတော့
👉 ပြည်ပကနေ အလုပ်သမားအသစ်ခေါ်ဖို့ ပိုခက်လာတဲ့အတွက်
👉 hiring plan (အလုပ်ခန့်အစီအစဉ်) ပြန်စဉ်းစားရနိုင်ပါတယ်



💡 အကျဉ်းချုပ်
👉 အခုကစပြီး ဂျပန်အလုပ်လာမယ်ဆိုရင် N2 က မရှိမဖြစ်ဖြစ်လာပါပြီ
👉 အထူးသဖြင့် ပြည်ပကနေ လာမယ့်သူတွေ အတွက် အရေးကြီးပါတယ်
👉 အခုလက်ရှိ work visa နဲ့နေသူအတွက်ကော
သက်တမ်းတိုးမယ့်သူတွေအတွက်လည်း မသက်ဆိုင်ပါ

🔥✨  HOT UPDATE ✨🔥🍜 တိုကုတေးဂီနိုး (特定技能) – စားသောက်ဆိုင်VISAလိုင်း… STOP!? ဖွားဖွားလည်း buffet ကနေ… limited တွေလုပ်လာနေပ...
27/03/2026

🔥✨ HOT UPDATE ✨🔥

🍜 တိုကုတေးဂီနိုး (特定技能) – စားသောက်ဆိုင်VISAလိုင်း… STOP!?

ဖွားဖွားလည်း buffet ကနေ… limited တွေလုပ်လာနေပီး

မနေ့ကအထိတော့
“စားသောက်ဆိုင် လိုင်းလျှောက်မယ် ဆိုပြီး
စိတ်ထဲမှာ plan လုပ်ထားတဲ့သူတွေ…

ဒီနေ့ကစပြီး
👉 “အဲဒီလမ်း… ခဏပိတ်ထားပါတယ်” 🚧



🍜 特定技能 (စားသောက်ဆိုင်) အခြေအနေ

📅 4月13日 နောက်ပိုင်း
👉 COE မထုတ်တော့ဘူး
👉 Zairyu card လည်း မရတော့ဘူး

တစ်ခါတည်းပြောရရင်…
👉 “Gate Close” 🔒



ဘာဖြစ်လို့လဲ?

အကြောင်းပြချက်ကတော့ မရှုပ်ဘူး…

👉 “လူပြည့်သွားပြီ” တဲ့



⏳ ပြန်ဖွင့်မလား?

👉 အခုထိ မသေချာ
👉 တချို့ကတော့ “အချိန်ကြာမယ်” လို့ပဲ ခန့်မှန်းနေကြ



🤔 လျှောက်ထားပြီးသားသူတွေက?

👉 ပြည်ပကနေဆို
→ COE မရတော့ဘူး ❌

👉 ပြည်တွင်းကနေဆို
→ စစ်နေတုန်းပဲ
→ တစ်ချိန်ချိန် “Stop” လုပ်နိုင်တယ်

မရသွားရင်တော့
👉 4 လ visa ပေးပြီး
👉 “အလုပ်အသစ်ရှာပါ” ဆိုပြီး လွှတ်မယ် 😅



😵 အခုတင်ထားပြီးသားသူတွေကတော့…

👉 စောင့်ချိန်… ရှည်နိုင်ပါတယ်



🧠 အကြံပေးချင်တာက…

👉 လမ်းတစ်လမ်းတည်း မယုံပါနဲ့
👉 စားသောက်ဆိုင်မဟုတ်တဲ့ တခြားလမ်းတွေကိုရှာ ကြည့်ပါ

👉 လက်မှတ်တွေရ
→ များများကိုင်ထားတာ better 👍

#特定技能

🇯🇵 ဂျပန်နိုင်ငံသား (帰化) လျှောက်ခြင်းကို ၅နှစ်ကနေ ၁၀နှစ်ပြောင်းလဲ သတ်မှတ်ခြင်း‼️📢 နောက်ဆုံးသတင်းအရ👉 2026 ခုနှစ် 4 လ 1 ရက်...
27/03/2026

🇯🇵 ဂျပန်နိုင်ငံသား (帰化) လျှောက်ခြင်းကို ၅နှစ်ကနေ ၁၀နှစ်ပြောင်းလဲ သတ်မှတ်ခြင်း‼️

📢 နောက်ဆုံးသတင်းအရ
👉 2026 ခုနှစ် 4 လ 1 ရက်နေ့မှစပြီး
帰化申請 (နိုင်ငံသားလျှောက်ခြင်း) ကို
ပိုပြီး တင်းကျပ်စွာ စစ်ဆေးမယ် လို့ ပြောထားပါတယ်



🔍 ဘာတွေ ပြောင်းလဲမလဲ?

👉 အရင်က
5 နှစ် နေထိုင်ပြီး လျှောက်နိုင်တယ်

👉 နောက်ဆို
အခြေခံအားဖြင့် 10 နှစ် လောက် နေမှ လျှောက်ရမယ် လို့ ပြောနေပါတယ် 😳



⚠️ ဒါပေမယ့် အရေးကြီးတာက👇

👉 ဥပဒေ (Law) ကို တိုက်ရိုက်ပြောင်းတာ မဟုတ်ဘူး
👉 စစ်ဆေးတဲ့နည်းလမ်း (運用) ကို ပြောင်းမယ်ဆိုတာပါ



💡
စာရွက်စာတမ်း၊
အလုပ်၊
အခွန်၊
နေထိုင်မှု အခြေအနေတွေကို
ပိုပြီး တင်းကျပ်စွာ ကြည့်မယ် လို့ ခန့်မှန်းနိုင်ပါတယ်

📮 内容証明郵便って何?🇯🇵မှာ 内容証明郵便(ないようしょうめいゆうびん) ဆိုတာက👉 “ဒီစာကို ဒီနေ့ ဒီအကြောင်းအရာနဲ့ ပို့လိုက်တယ်” ကို စာတိုက်က အထဲမှာပါတယ့်အ...
23/03/2026

📮 内容証明郵便って何?

🇯🇵မှာ 内容証明郵便(ないようしょうめいゆうびん) ဆိုတာက
👉 “ဒီစာကို ဒီနေ့ ဒီအကြောင်းအရာနဲ့ ပို့လိုက်တယ်” ကို စာတိုက်က အထဲမှာပါတယ့်အကြောင်းအရာကို သိမ်းထားပြီး သက်သေခံပေးတဲ့ စာပို့နည်းပါ။

💡 ဘာအတွက် သုံးလဲ?
・お金返してほしい時の催告💴
ချေးငွေပြန်စေချင်တယ်ါအချိန်
・トラブルの通知 😥
ပြသနာဖြစ်တာတွေကို ရပ်စေချင်တယ့်အသိပေးစာ
・契約解除の通知📄
စာချုပ်ဖျက်တာကို ဆက်သွယ်တာ

👉 “ちゃんと伝えましたよ” ဆိုတာကို 証拠 သက်သေအဖြစ် သုံးလို့ရတယ်

🔥 နောက်ထပ်အရေးကြီးတယ့် point က
内容証明郵便 ကို
👉 တရားစွဲမယ့်အဆင့် မရောက်ခင်
“最終警告(さいしゅうけいこく)” အနေနဲ့လည်း သုံးကြတယ်
ဥပမာ👇
「〇日以内にお金を返してください」
「ဒီလိုဒီလို မလုပ်ရင် 応じられない場合、エスカレーションします。」
👉 အဲဒီလိုစာမျိုးက“最後通牒⚠️” ဆိုတဲ့意味ပါ

😳 相手からすると…တဖက်လူအပို့ခံရတယ့်သူအနေနဲ့
・無視できない
・プレッシャーがかかる
・本気だと思う

まとめအနေနဲ့
📩普通の手紙 ပုံမှန်စာတိုက်ကနေစာပို့တာ
→ ただの連絡📩 ဆက်သွယ်မှုသက်သက်သာ
📨内容証明
→ 証拠+最終警告⚡ သက်သေ+ နောက်ဆုံးသတိပေးချက်

日本မှာトラブルある時ပြသနာဖြစ်တယ့်အခါ
📮 内容証明は有効な手段です
သတိပေးစာပို့တာကလည်း ပြင်းထန်တယ့်လမ်း တခုပါ

ဘယ်သူတွေက လုပ်ပေးလို့ရလဲ?
ရှေ့နေ
ဂျပန်လဝက ရှေ့နေ တို့မှာ တောင်းဆိုလို့ရပါတယ်

08/03/2026

PR ကို နှစ်အနည်းငယ်နဲ့ အမြန်ဆုံး လျှောက်လို့ရတယ့် ဗီဇာ အမျိုးအစားက ဘာဖြစ်မလဲ? 🤔

✈️ ဂျပန်မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများအတွက်ဗီဇာ更新費 (在留資格更新費) တိုးလာရင် ဘာတွေဖြစ်မလဲ?帰化 (ဂျပန်နိုင်ငံသား လျှောက်ခြင်...
07/03/2026

✈️ ဂျပန်မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားများအတွက်

ဗီဇာ更新費 (在留資格更新費) တိုးလာရင် ဘာတွေဖြစ်မလဲ?
帰化 (ဂျပန်နိုင်ငံသား လျှောက်ခြင်း) ကရော ဘယ်လိုလဲ?

① Visa သက်တမ်းတိုးချိန်

💸 မိသားစုအသုံးစရိတ်အပေါ် သက်ရောက်မှု

📌 在留資格 更新・変更

➡️ အခု
6,000円

➡️ မကြာခင် (အဆိုပြုချက်)
30,000円〜40,000円

📌 永住申請 (PR)

➡️ အခု
10,000円

➡️ မကြာခင် (အဆိုပြုချက်)
100,000円〜

ဒီလို 費用 တိုးလာမယ်ဆိုရင်
ဂျပန်မှာ မိသားစုနဲ့ အတူနေထိုင်နေတဲ့ နိုင်ငံခြားသားများအတွက်

⚠️ စီးပွားရေးဖိအား အတော်ကြီးလာနိုင်ပါတယ်

👨‍👩‍👧‍👦 ဥပမာ

မိသားစုဖွဲ့စည်းပုံ

・ကိုယ်တိုင် ၁ ယောက်
・ဇနီး / ခင်ပွန်း ၁ ယောက်
・ကလေး ၂ ယောက်

➡️ စုစုပေါင်း ၄ ယောက်

💰 လူတစ်ယောက် 更新費

➡️ 40,000円

📌 တစ်ကြိမ်更新 လုပ်ရင်

40,000円 × 4 ယောက်

➡️ 160,000円 (၁၆ သောင်းယန်း)

📌 ဆိုလိုတာက

Visa 更新 တစ်ကြိမ်တင်ရုံနဲ့
💸 ၁၆ သောင်းယန်း လောက် ကုန်ကျနိုင်ပါတယ်

ဒီလိုဖြစ်လာရင် 👇

• 💸 မိသားစုအသုံးစရိတ်
• 🏠 အိမ်ဝယ်ဖို့ စုဆောင်းငွေ
• 👶 ကလေးပညာရေးအစီအစဉ်

တွေကို တိုက်ရိုက် သက်ရောက်နိုင်ပါတယ်

🟩 帰化 (ဂျပန်နိုင်ငံသား လျှောက်ခြင်း)

📌 国に払う手数料

➡️ 0円 (အခမဲ့)

帰化申請 ကတော့

• 法務局 မှာ လျှောက်ရပါတယ်
• 国 ကို ပေးရတဲ့ official fee မရှိပါ

💰 ကုန်ကျနိုင်တာတွေက

・住民票 စာရွက်ကြေး
・အမိနိုင်ငံက စာရွက်ယူတဲ့ကြေး
・ဘာသာပြန်ကြေး
・行政書士 ကို အပ်ရင် service fee

📌 ဒါပေမယ့်

帰化申請 ကို 国 に払う fee ကတော့

➡️ အခုထိ 0円 (အခမဲ့)

🟥 အကျဉ်းချုပ်

🛂 入管 手続 (Visa / PR)
➡️ 💸 費用 တိုးလာနိုင်တယ်

🇯🇵 帰化 手続 (Naturalization)
➡️ 💰 国への fee = 0円




#帰化申請
#永住申請

23/02/2026

🇲🇲PR နဲ့ 帰化🇯🇵 ကွာခြားချက်က ဘာလဲ ?

12/02/2026

🇯🇵 PR(永住権)လျှောက်ရင် 2 ယောက်မှာ 1 ယောက်က 不許可 (မအောင်မြင်) ဖြစ်နေပါတယ်

ဒါဆို ဘယ်လိုအကြောင်းတွေကြောင့် 不許可 ဖြစ်ကြသလဲ?👇

🇺🇸အမေရိကန်သမ္မတ ထရမ့် က🇲🇲 မြန်မာနိုင်ငံအပေါ် ကြေညာထားတဲ့ အရေးပေါ်အခြေအနေကိုနောက်ထပ် ၁ နှစ် ဆက်လက်တိုးချဲ့လိုက်ပါတယ်။ဒါ့အ...
10/02/2026

🇺🇸အမေရိကန်သမ္မတ ထရမ့် က
🇲🇲 မြန်မာနိုင်ငံအပေါ် ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို
နောက်ထပ် ၁ နှစ် ဆက်လက်တိုးချဲ့လိုက်ပါတယ်။

ဒါ့အပြင်
🤝 မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ်
ဒေါ်လာ ၁၂၁ မီလီယံ ထုတ်ပေးသွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။

⚠️ အရေးကြီးတာက
ဒီအကူအညီတွေကို စစ်ကောင်စီကို မပေးဘဲ
✅ NLD နဲ့
✅ မြန်မာပြည်သူများအတွက်သာ အသုံးပြုမယ် လို့ သိရပါတယ်။

🇯🇵 ပါတီများအလိုက် ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားမူဝါဒ ကွာခြားချက်များ 🌏🗳️ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာပါတီတိုင်းရဲ့ နိုင်...
03/02/2026

🇯🇵 ပါတီများအလိုက် ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားမူဝါဒ ကွာခြားချက်များ 🌏🗳️

ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ
ပါတီတိုင်းရဲ့ နိုင်ငံခြားသားဆိုင်ရာ မူဝါဒတွေ ဘယ်လိုကွာလဲ ဆိုတာက
မဲပေးတဲ့အခါ အရမ်းအရေးကြီးတဲ့ အချက် တစ်ခု ဖြစ်ပါတယ်💡



🟥 တင်းကြပ်မှု မြှင့်တင်မယ့် မူဝါဒများ 🛑

🔴 自由民主党(LDP)

• ⚖️ ဥပဒေချိုးဖောက်သူများကို တင်းကြပ်စွာ ဆောင်ရွက်
• 🛂 နိုင်ငံခြားသား နေထိုင်ခွင့် စိစစ်မှု တင်းကြပ်
• 🏠 အိမ်ခြံမြေ ဝယ်ယူခွင့် ကန့်သတ်



🔴 日本維新の会(Ishin)

• 🛂 နေထိုင်ခွင့် စိစစ်မှု တင်းကြပ်
• 📜 နိုင်ငံသားပြောင်းလဲခွင့် တင်းကြပ်
• 🔢 နိုင်ငံခြားသား အရေအတွက် ကန့်သတ်
• 🏠 အိမ်ခြံမြေ ဝယ်ယူခွင့် ကန့်သတ်



🔴 国民民主党(DPFP)

• 🏠 အိမ်ခြံမြေ ဝယ်ယူခွင့် ကန့်သတ်



🔴 参政党(Sanseitō)

• ⚖️ ဥပဒေချိုးဖောက်သူများကို တင်းကြပ်စွာ ဆောင်ရွက်
• 🛂 နေထိုင်ခွင့် စိစစ်မှု တင်းကြပ်
• 📜 နိုင်ငံသားပြောင်းလဲခွင့် တင်းကြပ်
• 🔢 နိုင်ငံခြားသား အရေအတွက် ကန့်သတ်
• 🏠 အိမ်ခြံမြေ ဝယ်ယူခွင့် ကန့်သတ်



🔴 日本保守党(Japan Conservative Party)

• 🛂 နေထိုင်ခွင့် စိစစ်မှု တင်းကြပ်
• 🔢 နိုင်ငံခြားသား အရေအတွက် ကန့်သတ်

———

ဘယ်ပါတီပဲ အနိုင်ရရ
နိုင်ငံခြားသား နေထိုင်ခွင့် စိစစ်မှုကတော့
တင်းကြပ်လာနိုင်ခြေ မြင့်ပါတယ်



🟩 လက်ရှိအတိုင်း ဆက်ထားမယ့် မူဝါဒများ 🤝🌱

🟢 中道改革連合

• 🌍 မတူကွဲပြားသော ယဉ်ကျေးမှုများနဲ့
အတူတကွ နေထိုင်နိုင်ရေး
(Multicultural Coexistence)



🟢 日本共産党(JCP)

• 👨‍👩‍👧 技能実習生 / 特定技能1 အလုပ်သမားများအတွက်
မိသားစုနဲ့ အတူ နေထိုင်ခွင့် ခွင့်ပြု
• 🗳️ ဒေသခံ မဲပေးခွင့် ခွင့်ပြု



🟢 れいわ新選組(Reiwa)

• 💰 နိုင်ငံခြားသား အလုပ်သမားများ၏
လစာနိမ့်တဲ့ ပြဿနာကို ပြင်ဆင်ရန်



🟢 社会民主党(SDP)

• 🌍 မတူကွဲပြားသော ယဉ်ကျေးမှုများနဲ့
အတူတကွ နေထိုင်နိုင်ရေး

🇯🇵 ဘာကြောင့် ဂျပန်မှာ ရွေးကောက်ပွဲတွေ ခဏခဏ လုပ်နေရတာလဲ? 🗳️🤔ဂျပန်မှာ နေတဲ့သူတွေက「ရွေးကောက်ပွဲတွေ များလွန်းတယ်နော်」လို့ ခံ...
03/02/2026

🇯🇵 ဘာကြောင့် ဂျပန်မှာ ရွေးကောက်ပွဲတွေ ခဏခဏ လုပ်နေရတာလဲ? 🗳️🤔

ဂျပန်မှာ နေတဲ့သူတွေက
「ရွေးကောက်ပွဲတွေ များလွန်းတယ်နော်」
လို့ ခံစားကြတာ များပါတယ်။

ဘာကြောင့်လဲဆိုတော့

🔵 ပထမဆုံး, ဂျပန်နိုင်ငံရဲ့ လွှတ်တော်က
လွှတ်တော် ၂ ခု စနစ် ဖြစ်ပြီး
ဒီအချက်က မြန်မာနဲ့ တူပါတယ် 🇲🇲🤝🇯🇵

လွှတ်တော် ၂ ခုကတော့
・အောက်လွှတ်တော်
・အထက်လွှတ်တော်
ဖြစ်ပါတယ်။

📌 အောက်လွှတ်တော် → သက်တမ်း ၄ နှစ်
📌 အထက်လွှတ်တော် → သက်တမ်း ၆ နှစ်
(မြန်မာကတော့ ၅ နှစ် ပါ)

🔵 ဒါပေမယ့်,
၄ နှစ်၊ ၆ နှစ်ကို အဆုံးထိ ပြည့်ပြည့်စုံစုံ လုပ်ပြီးမှ
ရွေးကောက်ပွဲလုပ်တာက အရမ်းရှားပါတယ် 😅

ဘာလို့လဲဆိုတော့…

👉 ဂျပန်မှာ
အစိုးရ (ဝန်ကြီးချုပ်) က ဆုံးဖြတ်ရင်
အချိန်မရွေး လွှတ်တော်ကို ဖျက်ပြီး
ရွေးကောက်ပွဲလုပ်လို့ရတဲ့ စနစ် ဖြစ်လို့ပါ။

😏 ဆိုတော့
ကိုယ်တို့ပါတီ အနိုင်ရနိုင်မယ်လို့ ထင်တဲ့အချိန်ကို ရွေးပြီး
ရွေးကောက်ပွဲကို လုပ်လိုက်တာပါ။

⚠️ ဒီလို
အစိုးရအကြိုက်အလိုက် လွှတ်တော်ဖျက်နိုင်တာက
ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူး
လို့ ပြောကြတဲ့ လူတွေလည်း ရှိပါတယ်။

🙇📉 လက်ရှိ ဝန်ကြီးချုပ် 高市氏 ကတော့,
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီရှုံးထားလို့
အစောပိုင်းမှာ
「လွှတ်တော် မဖျက်ဘူး၊ စီးပွားရေးကိုပဲ အာရုံစိုက်မယ်」
လို့ ပြောခဲ့ပါတယ်။
(၂၀၂၆ ဇန်နဝါရီ)

😎📈 ဒါပေမယ့် နောက်ပိုင်းမှာ
ပြည်သူတွေရဲ့ ထောက်ခံမှု တက်လာပြီး
“အခုဆိုရင် အနိုင်ရနိုင်ပြီ” လို့ ယုံကြည်လာတော့
အရင်ဆုံး လုပ်လိုက်တာက
👉 လွှတ်တော်ဖျက်ပြီး ရွေးကောက်ပွဲလုပ်တာ ပါပဲ။

ပြီးခဲ့တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲက
၂၀၂၄ အောက်တိုဘာ မှာပဲ လုပ်ထားတာဆိုတော့
သက်တမ်း ၄ နှစ်ထဲက
၁ နှစ်ခွဲလောက်ပဲ ကုန်သေးတာပါ 😲

👉 အဲ့ဒါကြောင့်
သက်တမ်းမပြည့်ခင် လွှတ်တော်ကို ဖျက်နိုင်တဲ့ စနစ် ကြောင့်
ဂျပန်မှာ
「ရွေးကောက်ပွဲတွေ မကြာခဏ လုပ်နေရတယ်」
လို့ ခံစားရတာ ဖြစ်ပါတယ် 🗳️✨

住所

広芝町4-34江坂第一ビル6F/4
Suita-shi, Osaka
564-0052

ウェブサイト

アラート

Esaka Immigration Law Officeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー