MT - Legal Services and Consultancy

MT  - Legal Services and Consultancy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MT - Legal Services and Consultancy, Yangon.

တရားရုံးသို့ တင်ပြထားခြင်းမရှိသော သက်သေခံပစ္စည်းနှင့် ပတ်သက်၍တရားရုံးသည် အမှုအားစီရင်ဆုံးဖြတ်ပြီးပါက အမှုနှင့်ပတ်သက်သော ...
06/12/2025

တရားရုံးသို့ တင်ပြထားခြင်းမရှိသော သက်သေခံပစ္စည်းနှင့် ပတ်သက်၍

တရားရုံးသည် အမှုအားစီရင်ဆုံးဖြတ်ပြီးပါက အမှုနှင့်ပတ်သက်သော သက်သေခံပစ္စည်းများကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၁၇ အရ စီမံခန့်ခွဲသည့်အမိန့်ကို မလွဲမသေချမှတ်ရန် တာဝန်ရှိသည်။ သို့ရာတွင် တရားရုံးသိူ့တင်ပြလာခြင်းမရှိသော သက်သေခံပစ္စည်းနှင့်စပ်လျဥ်း၍ ယင်းကဲ့သို့အမိန့်ချမှတ်ရန် တာဝန်ရှိမည်မဟုတ်ပေ။

MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #တရားရုံး
#သက်သေခံပစ္စည်း
゚viralシfypシ゚

ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်လာသောတရားစွဲ ဆိုရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲပေါ်ပေါက်လာသည်ဖြစ်၍ ပစ္စည်းခွဲ...
06/12/2025

ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ပေါ်ပေါက်လာသောတရားစွဲ ဆိုရန် အချင်းဖြစ်အကြောင်းအရာသည် ထပ်တလဲလဲပေါ်ပေါက်လာသည်ဖြစ်၍ ပစ္စည်းခွဲမပေးသ၍ကာလပတ်လုံး တရားစွဲဆိုရန် နေ့စဥ်နှင့်အမျှ အကြောင်းပေါ်ပေါက်နေမည်သာဖြစ်သည်။

MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #တရားရုံး
#ဥပဒေ #ဥပဒေပညာရှင်များ
#ပစ္စည်းခွဲဝေပေးစေလိုမှု
゚viralシfypシ゚

စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်။ #ဥပဒေဝန်ဆောင်မှု  #ဥပဒ...
05/12/2025

စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉
၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်။

#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #တရားရုံး
#စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ
#စာချုပ် #စာချုပ်မှတ်ပုံတင်ခြင်း
゚viralシfypシ゚

မိသားစု စီမံမှုဖြင့် အမွေခွဲဝေရာတွင် စာဖြင့်ရေသားထားပါက ဤစာတမ်းတွင် တန်ဖိုးငွေကျပ် ၁၀၀ ထက်ပိုသည့်မရွှေ့မပြောင်းနိုင်သော ...
04/12/2025

မိသားစု စီမံမှုဖြင့် အမွေခွဲဝေရာတွင် စာဖြင့်ရေသားထားပါက ဤစာတမ်းတွင် တန်ဖိုးငွေကျပ် ၁၀၀ ထက်ပိုသည့်မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါဝင်နေလျှင် ဤစာတမ်းကိုမှတ်ပုံတင်ရန်လိုအပ်ခြင်း။
(ယခင် တန်ဖိုးငွေကျပ် ၁၀၀ အစား ယခုတွင်တန်ဖိုးငွေ ကျပ် ၁၀၀၀၀၀ အဖြစ်ပြင်ဆင်ထားပါသည်။)

MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #တရားရုံး
#အမွေမှု #မိသားစုစီမံမှု #အမွေ
゚viralシfypシ゚

ရာဇသတ်ကြီးပုဒ်မ ၄၁၀ အရ ခိုးရာပါပစ္စည်းဖြစ်ပြီး သက်သေခံ ငွေများမှာလည်း ခိုးရာပါပစ္စည်းအား အသွင်ပြောင်းထားသော ပစ္စည်းဖြစ်ပ...
04/12/2025

ရာဇသတ်ကြီးပုဒ်မ ၄၁၀ အရ ခိုးရာပါပစ္စည်းဖြစ်ပြီး သက်သေခံ ငွေများမှာလည်း ခိုးရာပါပစ္စည်းအား အသွင်ပြောင်းထားသော ပစ္စည်းဖြစ်ပါက မူလတရားလိုသာရထိုက်ခွင့်ရှိပြီး မစူးစမ်းမဆင်ခြင်ဘဲ ခိုးရာပါပစ္စည်းကို ဝယ်ယူသူသည် သက်သေခံပစ္စည်းကို ရယူပိုင်ခွင့်မရှိကြောင်း စီရင်ဆုံးဖြတ်ထားသော အမှုတခုအား ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါသည်။

MT - Legal Services and Consultancy
#ဥပဒေပြဿနာ #ဥပဒေဝန်ဆောင်မှု
#တရားရုံး #တရားလွှတ်တော်ရှေ့နေ
#ခိုးမှု #ခိုးရာပါပစ္စည်း
゚viralシfypシ゚

ယခုအခါ မော်တော်ကားများကို အရမ်းမောင်းမှုကြောင့် လမ်းအန္တရာယ်အများအပြား ရှိနေသည်မှာ မငြင်းနိုင်ပေ။ မြို့ကြီးများတွင်သာမက ...
01/12/2025

ယခုအခါ မော်တော်ကားများကို အရမ်းမောင်းမှုကြောင့် လမ်းအန္တရာယ်အများအပြား ရှိနေသည်မှာ မငြင်းနိုင်ပေ။ မြို့ကြီးများတွင်သာမက မြို့ပြင်လမ်းမများပေါ်၌
လည်း၊ မော်တော်ကားမောင်းသူများသည် မော်တော်ကားကို မောင်းရာ၌ မစူးစမ်းမဆင်ခြင်ဘဲ အရမ်းမောင်းလေ့မောင်းထ ရှိသည်မှာ အများအပြား ဖြစ်နေသည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ မစူးစမ်း မဆင်ခြင်ဘဲ အရမ်းမောင်းနှင်မှုကြောင့် လူမသေသင့်ဘဲ သေရခြင်း၊ အနာတရ မရသင့်ဘဲ ရရှိခြင်းမျိုးများ ခဏခဏ တွေ့ကြုံနေရသဖြင့် အပြစ်ဒဏ် ချမှတ်ရာတွင် ပြစ်မှုကျူးလွန်ခြင်းနှင့် ကိုက်ညီသော အပြစ်ဒဏ်တို့ ချမှတ်ရန် ရှိပေသည်။ ယင်းကိုက်ညီသော အပြစ်ဒဏ် ချမှတ်ခြင်းသည် နောက်နောင် မော်တော်ကား မောင်းသူများ ဆင်ခြင်တုံတရား ရှိလာပြီး မစူးစမ်း မဆင်ခြင်ဘဲ အရမ်းမောင်းနှင်ခြင်းကိုဟန့်တားဘွယ်ရာ ဖြစ်နိုင်ပေသည်။
MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #တရားရုံး
#မော်တော်ယာဥ်ဥပဒေ
#ယာဥ်မဆင်မခြင်မှု
゚viralシfypシ゚

ရဟန်းဝတ်ဖြင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခြင်းရဟန်းဘဝသည် အလှုခံပုဂ္ဂိုလ်မျှဖြစ်ရာ ရဟန်းတော်များအနေဖြင့် ...
29/11/2025

ရဟန်းဝတ်ဖြင့် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခြင်း

ရဟန်းဘဝသည် အလှုခံပုဂ္ဂိုလ်မျှဖြစ်ရာ ရဟန်းတော်များအနေဖြင့် ဝိနည်းတော်အရ ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ကျောင်း အစရှိသည့် ပစ္စည်းလေးပါးသာ ပိုင်ဆိုင်ခွင့်ရှိပေသည်။
ထာဝစဥ် ရဟန်းဝတ်ရန် မရည်ရွယ်ဘဲ ဒုလ္လဘရဟန်းဝတ်ခြင်းသာဖြစ်၍ ရဟန်းဘဝဖြင့်ပင် အမွေပုံစီမံခန့်ခွဲပေးရန် စွဲဆိုခြင်းဖြစ်သည်ဟု အကြောင်းပြချက်သည် သင့်မြတ်မှုမရှိသကဲ့သို့ လက်ခံထိုက်သဘ်လည်းမဟုတ်ပေ။ ခေတ္တရဟန်းဝတ်ခြင်းဖြစ်သည်ဟုဆိုလျှင်ပင် ရဟန်းဘဝဖြင့်ရှိနေစဥ်အတွင်း ဝိနည်းတေည်ဖြင့်အညီသာ ကျင့်ကြံနေထိုင်ရမည်ဖြစ်သည်။ အကယ်၍ အမှုစွဲဆိုမည်ဆိုပါက သာသနာဘောင်မှ လူ့ဘောင်သို့ ပြန်လည်ရောက်ရှိပြီးမှသာ စွဲဆိုသင့်ပေသည်။

MT - Legal Services and Consultancy
#ဥပဒေပြဿနာ #ဥပဒေဝန်ဆောင်မှု
#ဥပဒေအကြံပေး #တရားလွှတ်တော်ရှေ့နေ
#တရားရုံး #အမွေပုံစီမံခန့်ခွဲပေးစေလိုမှု
#ရဟန်း #အမွေမှု
゚viralシfypシ゚

ရှေ့နေကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုရှေ့နေကြီးအများသည်ပြည်သူအကျိုးပြုတရားစီရင်ရေးတွင် စေတနာဖြင့် ပါဝင်လုပ်ကိုင်နေကြသော်လည်း...
28/11/2025

ရှေ့နေကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှု

ရှေ့နေကြီးအများသည်ပြည်သူအကျိုးပြုတရားစီရင်ရေးတွင် စေတနာဖြင့် ပါဝင်လုပ်ကိုင်နေကြသော်လည်း၊ အမှန်တရားကိုထိမ်ဝှက်ခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ နာမည်ကိုအလွဲသုံးစားပြုခြင်း၊ မတရားစွပ်စွဲတိုင် တန်းခြင်း၊ အမှုပွါးများအောင် မဟုတ်မမှန်နှိုးဆော်လှုံဆော်ခြင်းပြုသောပုဂ္ဂိုလ်တို့လည်း ရှိတန်သရွေ့ရှိသေးဟန်တူသည်။ ယင်းသို့သော ပုဂ္ဂိုလ်အချို့နှင့် အဂတိတပါးပါးသို့တိမ်းပါးသောတရားသူကြီးအချို့တို့ကြောင့်၊ တရားစီရင်ရေးသည် ပြည်သူအကျိုးကို ဖြစ်ထွန်းစေသင့်သလောက် မဖြစ်ထွန်း၊ တရားစီရင်ရေးကို ပြည်သူတို့ယုံကြည်အားကိုးကြသင့်သလောက် ယုံကြည်အားကိုးခြင်းမရှိသေး။

MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#ဥပဒေအကြံပေး #တရားလွှတ်တော်ရှေ့နေ
#တရားရုံး #ရှေ့နေကျင့်ဝတ်
゚viralシfypシ゚

မဟာမေဒင်များကွာရှင်းမှု--မဟာရွှေပေးသည့်ကိစ္စမဟာရွှေပေးခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်းတို့မှာ တခုနှင့်တခုခွဲခြား၍မရနိုင်လေ...
27/11/2025

မဟာမေဒင်များကွာရှင်းမှု--မဟာရွှေပေးသည့်ကိစ္စ

မဟာရွှေပေးခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်းတို့မှာ တခုနှင့်တခုခွဲခြား၍မရနိုင်လောက်အောင် ဆက်စပ်လျက်ရှိသည်။ မဟာရွှေပေးခြင်းသည် လက်ထပ်ထိမ်းမြား ခြင်း၏ အဓိကအင်္ဂါရပ်တခုဖြစ်သည်။ ထိမ်းမြားခြင်းမြောက်ရန်အတွက် လိုအပ်သည့် အချက်လည်ဖြစ်သည်။ ထို့ကြောင့် မဟာရွှေ့ပေးခြင်းကို လက်ထပ်ထိမ်းမြားခြင်းမှ ခွဲထုတ်၍ မရနိုင်သည့်အလျောက် ထိုကိစ္စမှာလက်ထပ်ထိမ်းမြားခြင်းနှင့်စပ်လျဉ်းသည့် ပြဿနာသာလျှင်ဖြစ်လေရာ၊ ယင်းကိစ္စသည် (The Burma's Law Act ) ပုဒ်မ ၁၃ (၁) တွင် အကျုံးဝင်သဖြင့်၊ မဟာမေဒင်ဥပဒေအရ သာလျှင်အဆုံးအဖြတ်ပြုရမည်ဖြစ်သည်။

MT - Legal Services and Consultancy
#ဥပဒေပြဿနာ #ဥပဒေဝန်ဆောင်မှု
#ဥပဒေအကြံပေး #တရားလွှတ်တော်ရှေ့နေ
#တရားရုံး #လင်မယားကွာရှင်းခြင်း
#မဟာမေဒင်ဥပဒေ
゚viralシfypシ゚

လောင်းကစားမှုတွင် ပြစ်ဒဏ်ချမှတ်ခြင်းလောင်းကစားခြင်းမှာ တိုင်းပြည်အတွက် မည်သို့မျှ အကျိုးမပြုသည့်ပြင် လူမှုလုံခြုံရေးကိုပ...
26/11/2025

လောင်းကစားမှုတွင် ပြစ်ဒဏ်ချမှတ်ခြင်း

လောင်းကစားခြင်းမှာ တိုင်းပြည်အတွက် မည်သို့မျှ အကျိုးမပြုသည့်ပြင် လူမှုလုံခြုံရေးကိုပင် ထိခိုက်၍ အကျင့်စာရိတ္တ ပျက်ပြားစေသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် လမ်းစဉ်တို့ကို ထိခိုက်နိုင်စရာအကြောင်းရှိသောကြောင့် အပြစ်ဒဏ်တိုးမြှင့် ပေးသင့်သော နောင်ကြဉ်၍ ဟန့်တားစေလိုသော သဘောဖြင့် ဥပဒေဘောင်အတွင်းကျသည့် ပြစ်ဒဏ်ကို တိုးမြှင့်ရန်သင့်သည်ဟု ယူဆသည်။

MT - Legal Services and Consultancy
#ဥပဒေပြဿနာ #ဥပဒေဝန်ဆောင်မှု
#တရားလွှတ်တော်ရှေ့နေ #ဥပဒေအကြံပေး
#တရားရုံး #လောင်းကစားမှု
゚viralシfypシ゚

"ရာဇဝတ်မှုတခုတွင် တဦးတည်းသောသက်သေ ထွက် ချက်ဖြင့် အပြစ်ပေးရမည်ဟု တားမြစ်ထားခြင်းမရှိသော် လည်း၊ ထိုသက်သေအပေါ် အပြန် အလှန် ...
25/11/2025

"ရာဇဝတ်မှုတခုတွင် တဦးတည်းသောသက်သေ ထွက် ချက်ဖြင့် အပြစ်ပေးရမည်ဟု တားမြစ်ထားခြင်းမရှိသော် လည်း၊ ထိုသက်သေအပေါ် အပြန် အလှန် စွပ်စွဲချက်ရှိနေလျှင်၊ ၎င်းထွက်ချက်တခုတည်းဖြင့် အပြစ်မပေးသင့်၊ ၎င်း၏ထွက်ချက်အား ထောက်ခံသည့်သက်သေအထောက်အထားရှိမှသာ စိတ်ချလက်ချ အပြစ်ပေးနိုင်မည်။"

ဓားနှင့်ခုတ် ငွေလုယူပြီး မိမိဇနီးအား အဓမ္မပြုကျင့်၍ ဓားနှင့်ခုတ်ရကြောင်း လီဆည်တိုင်တန်းမှုနှင့်ပတ်သက်၍ စီရင်ထုံးတခုအား ဗဟုသုတ်အဖြစ်တင်ပြလိုက်ပါတယ်။

MT - Legal Services and Consultancy
#ဥပဒေဝန်ဆောင်မှု #ဥပဒေပြဿနာ
#တရားလွှတ်တော်ရှေ့နေ #ဥပဒေအကြံပေး
#လုယက်မှု #တရားရုံး
゚viralシfypシ゚

အာမခံအဖြစ် တင်သွင်းထားသောငွေ (စပေါ်ငွေ) ပြန်လည်ရရှိရန် တရားစွဲဆိုသော အမှုတင်သွင်းထားသည့်ငွေမှာ မြို့ပြဆိုင်ရာငှားရမ်းခကြ...
21/11/2025

အာမခံအဖြစ် တင်သွင်းထားသောငွေ (စပေါ်ငွေ) ပြန်လည်ရရှိရန် တရားစွဲဆိုသော အမှု

တင်သွင်းထားသည့်ငွေမှာ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၀ အရ ငှားရမ်းသူက တောင်းဆိုနိုင်သည့်တလအတွက် ငှားရမ်းခဖြစ်ရခြင်း။

MT - Legal Services and Consultancy
#ဥပဒေပြဿနာ #ဥပဒေဝန်ဆောင်မှု
#တရားလွှတ်တော်ရှေ့နေ #ဥပဒေအကြံပေး
#ငှားရမ်းခ #အိမ်ငှားခ
゚viralシfypシ゚

Address

Yangon

Telephone

+959448008206

Website

Alerts

Be the first to know and let us send you an email when MT - Legal Services and Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share