06/08/2026
永住おめでとう 🍾🎉㊗️
ဂျပန်နိုင်ငံကြီးရဲ့နေထိုင်ခွင့်နဲ့ ပတ်သတ်ပြီး တစ်နေ့တခြားတင်းကြပ်လာတဲ့သတင်းတွေကြားက
🇷🇺Russia နိုင်ငံသားရဲ့ PR ရရှိကြောင်း Hagaki လေးရောက်လာမှပဲ သက်ပြင်းချနိုင်တော့တယ် 🎊
PRနဲ့ပတ်သတ်ပြီးနောက်ဆုံး update အကျဉ်းချုပ်
1. ဝင်ငွေသတ်မှတ်ချက် တိုးမြှင့်ခြင်း
အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများသည် ပုံမှန်အားဖြင့် ဂျပန်အိမ်ထောင်စုများ၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေထက် မနည်းသော ဝင်ငွေ စိစစ်မှု ရှိရပါမည်။ ထို့အပြင် အနာဂတ်တွင် လူမှုဖူလုံရေးစရိတ်အပေါ် မှီခိုမှုမရှိစေရန် မျှော်မှန်းပင်စင်ရရှိနိုင်မည့် ပမာဏကိုလည်း စိစစ်ပါမည်။
(ဒီနှစ် ၁၀ လပိုင်းကစပြီး အတည်ဖြစ်ဖို့များတယ်လို့လဲခန့်မှန်းနေကြ)
2025 ခုနှစ်မှာ ဂျပန်အိမ်ထောင်စုတွေရဲ့ပျမ်းမျှနှစ်စဉ်ဝင်ငွေကတော့
575万円ပါ။
2. မကောင်းသော မှတ်တမ်းများ
အခွန်၊ လူမှုဖူလုံရေးကြေး (Social Insurance) မပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း၊ သို့မဟုတ် ဂျပန်နိုင်ငံ၏ စနစ်များကို နားလည်မှုအားနည်းခြင်း စသည့် အချက်များရှိပါက စိစစ်ရေးတွင် အမှတ်လျှော့ခံရမည် ဖြစ်သည်။ (ဤအချက်ကို ၂၀၂၇ ခုနှစ် ဧပြီလမှ စတင်ကျင့်သုံးမည်)။
3.ဂျပန်လူမျိုး/ PRရရှိထားသူ၏ အိမ်ထောင်ဘက်များအတွက်
ယခင်က အိမ်ထောင်သက် (၃) နှစ်နှင့် ဂျပန်တွင် နေထိုင်ခွင့် (၁) နှစ်ရှိရုံဖြင့် လျှောက်ထားနိုင်ခဲ့သော်လည်း၊ အနာဂတ်တွင် အိမ်ထောင်သက် (၅) နှစ်နှင့် ဂျပန်တွင် နေထိုင်ခွင့် (၃) နှစ် အထိ သတ်မှတ်ချက် တိုးမြှင့်သွားမည် ဖြစ်သည်။ (ပုံမှန်လူများအတွက်ကတော့ ဂျပန်တွင် ၁၀ နှစ် နေထိုင်ရမဲ့ စည်းမျဉ်းက အတူတူပဲဖြစ်ပြီး အထူးကင်းလွတ်ခွင့်များကို ပြန်လည်ပြင်ဆင်မည်)။
4.အမြဲတမ်နေးထိုင်ခွင့် ပြန်လည်ရုပ်သိမ်းခြင်း
၂၀၂၇ ခုနှစ် ဧပြီလမှစ၍ အခွန် သို့မဟုတ် လူမှုဖူလုံရေးကြေးများကို တမင်မပေးဆောင်ဘဲ နေသူများ၏ အမြဲတမ်နေးထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်မည့် လမ်းညွှန်ချက်သစ်များကိုလည်း စတင်ကျင့်သုံးမည်ဖြစ်သည်။
#永住権 #永住許可
#日本経済新聞