MSR Solicitors - မြန်မာဘာသာ

MSR Solicitors - မြန်မာဘာသာ MSR Solicitors- ထူးချွန်မှုအသွင်သစ်
အကောင်းဆုံးသော ဝန်ဆောင်မှု
အကောင်းဆုံးသော ဥပဒေရေးရာအသိပညာ
အကောင်းဆုံးသော အလုပ်ကျင့်ဝတ်
အထွေထွေသော ဘာသာစကားဝန်ဆောင်မှု

14/05/2026

လူဝင်မှုကြီးကြပ်ရေး၊ အိမ်ခြံမြေ၊ တရားစီရင်ရေးနှင့် မိသားစုကိစ္စများအပါအဝင် ဥပဒေဝန်ဆောင်မှုများအား ယုံကြည်စိတ်ချစွာဖြင့် တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနေပါသည်။
သင့်အတွက် မှန်ကန်သော ဥပဒေအကြံပေးမှုကို ယနေ့ပဲ ရယူလိုက်ပါ။

⭐ Job Offer ရရှိပြီးနောက် ပြန်လည်ရုပ်သိမ်းခံရပါက (Offer Withdrawn) ၃ လစာ Claim လို့ရပါသလား?၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်လိုက်...
13/05/2026

⭐ Job Offer ရရှိပြီးနောက် ပြန်လည်ရုပ်သိမ်းခံရပါက (Offer Withdrawn) ၃ လစာ Claim လို့ရပါသလား?
၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်လိုက်သော တရားရုံးဆုံးဖြတ်ချက်တစ်ရပ်အရ —
Job offer ကို လက်ခံပြီးနောက်၊ အလုပ်စတင်မပြုမီပင် ဖြစ်စေ၊ အဆိုပါကမ်းလှမ်းချက်ကို ကုမ္ပဏီမှ ပြန်လည်ရုပ်သိမ်းပါက လစာဖြင့်လျော်ကြေးရရှိနိုင်ခြင်း ရှိကြောင်း သတ်မှတ်ပေးထားသည်။

🧾 ဖြစ်စဥ်အကြောင်းအရာ
Senior Project Manager တစ်ဦးသည် စာဖြင့်ရေးသားထားသော အလုပ်ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။
ထိုကမ်းလှမ်းချက်တွင် အောက်ပါအခြေအနေများကို ပါဝင်သတ်မှတ်ထားသည်—

References သည် ကျေနပ်ဖွယ် ဖြစ်ရမည်
Probation period ကို အောင်မြင်ရမည် ...

ထိုသို့ လက်ခံပြီးနောက်၊ ၎င်းသည် နိုင်ငံခြားခရီးစဉ်များကို စီစဉ်၍ အလုပ်အသစ်အတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် အလုပ်စတင်ရန် နီးစပ်ချိန်တွင် ကုမ္ပဏီဘက်မှ စီမံကိန်းတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လာသောကြောင့် အလုပ်ကမ်းလှမ်းချက်ကို ပြန်လည်ပယ်ဖျက်ခဲ့သည်။
အလုပ်ရှင်ဘက်မှ —

အတည်ပြုမှုလုပ်ငန်းစဉ်များ မပြီးစီးသေးခြင်း
အလုပ် မတက်သေးခြင်း

တို့ကြောင့် စာချုပ်မဖြစ်သေးဟု ဆိုခဲ့သည်။

⚖️ တရားရုံး၏ ဆုံးဖြတ်ချက်
1. ကမ်းလှမ်းချက် (Conditional Offer) သည်လည်း စာချုပ်ဖြစ်နိုင်သည်
အလုပ်ကမ်းလှမ်းချက်ကို လက်ခံခြင်းသည် —
ရည်ညွှန်းချက်များ သို့မဟုတ် စမ်းသပ်ကာလ စသည့် အခြေအနေများ ပါဝင်သော်လည်း —
ဥပဒေအရ binding contract (တရားဝင် စာချုပ်) ဖြစ်နိုင်သည်။

2. ကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းခြင်းသည် စာချုပ်ချိုးဖောက်မှု ဖြစ်နိုင်သည်
အကယ်၍ စာချုပ်တစ်ရပ် တည်ရှိနေပါက
ကမ်းလှမ်းချက်ပြန်လည်ရုပ်သိမ်းခြင်းသည် အလုပ်ြဖုတ်ခြင်းနှင့် တူညီသည် ဟု သတ်မှတ်နိုင်သည်။

3. Notice Period အတွက် လစာရရှိနိုင်ခြင်း
အလုပ်စာချုပ်တွင် Notice Period မသတ်မှတ်ထားပါက —
တရားရုံးမှ “reasonable notice period” (သင့်လျော်သော ကြိုတင်အသိပေးကာလ) ကို သတ်မှတ်ပေးနိုင်သည်။
၎င်းကို ဆုံးဖြတ်ရာတွင် —

အလုပ်အရာထမ်းရာထူးအဆင့်
အလုပ်ပြောင်းရွှေ့ခြင်းနှင့် ကုန်ကျစရိတ်
ကအခြေအနေများ

တို့ကို ထည့်သွင်းစဉ်းစားသည်။

ဆုံးဖြတ်ချက်အနှစ်ချုပ်
ဤဖြစ်ရပ်တွင် တရားရုံးမှ —
၃ လတာ Notice Period သည် သင့်လျော်သောကာလဖြစ်သည် ဟု ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် အလုပ်ရှင်အား —
၃ လစာနှုန်းနှင့်ညီမျှသော လက်ခံလျော်ကြေး ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

🛡️ သင့်ကိုယ်သင် ကာကွယ်ရန် အကြံပြုချက်များ
1. စာရွက်စာတမ်းများကို သိမ်းဆည်းထားပါ

Email များ
Offer Letter များ
Onboarding Documents များ

တို့အားလုံးကို သက်သေခံအဖြစ် သိမ်းဆည်းထားသင့်သည်။

2. စည်းကမ်းချက်များကိုစိစစ်ပါ
လက်ခံမီ —
Notice Period၊ Withdrawal Conditions စသည့် အချက်များကို သေချာစွာ ပြန်လည်သုံးသပ်ပါ။

3. သင့်အခွင့်အရေးများကို နားလည်ပါ
အလုပ်စတင်ခြင်း မရှိသေးလျှင်တောင်
Offer ကိုလက်ခံပြီးပါက ဥပဒေအရ ကာကွယ်မှုရှိနိုင်သည်။

📞 ဥပဒေရေးရာ အကူအညီ
အလုပ်ကမ်းလှမ်းချက် ပြန်လည်ရုပ်သိမ်းခံရသည့် အတွေ့အကြုံရှိပါက သို့မဟုတ် အလုပ်အကိုင်ဥပဒေဆိုင်ရာ မေးခွန်းများရှိပါက —
MSR Solicitors သို့ ဆက်သွယ်နိုင်ပါသည်။

Can You Get 3 Months’ Pay If a Job Offer Is Withdrawn?

A 2026 legal ruling has made it clear: you may be entitled to compensation if a job offer is withdrawn - even before your first day.

What Happened?

A senior Project Manager accepted a written job offer. The offer stated it was “subject to satisfactory references and a successful probation period.” After accepting, he arranged international travel and prepared to move for the job. Shortly before his start date, the company withdrew the offer due to project delays. The employer claimed there was no contract because checks were incomplete and the employee had not started work.

What Did the Court Decide?

- A conditional offer can still be legally binding
Accepting a job offer can create a contract, even if it includes conditions like references or probation.
- Withdrawing the offer can be a breach of contract
If a contract exists, withdrawing the offer is treated like dismissing an employee.
- You may be entitled to notice pay
If no notice period is stated, the law may apply a “reasonable” one. This depends on factors such as the role’s seniority and relocation costs.

The Outcome

The court decided that a 3-month notice period was reasonable in this case. The employer was ordered to pay compensation equal to three months’ salary.

How to Protect Yourself

1. Keep all records
Save emails, offer letters, and onboarding documents.
2. Check the terms carefully
Review clauses about notice periods and withdrawal conditions before accepting.
3. Understand your rights
Even if you haven’t started work, you may still have legal protection once you accept an offer.

If you have experienced a withdrawn offer or have questions regarding employment law, please contact MSR Solicitors for a free professional legal consultation.

Contact us at 📞 020 3900 0888 ✉️ [email protected]
📖 Read the full article for more: https://www.msrs.co.uk/conditional-offers-and-implied-notice/?utm_source=facebook&utm_medium=EN&utm_campaign=23%2F04%2F2026&utm_term=employment&utm_content=insight

“Indefinite” ဟုစာချုပ်တွင်ဖော်ပြထားခြင်းသည် စာချုပ်ကို အမြဲတမ်း မပြီးမြောက်နိုင်သည့်အရာဟု မဆိုလိုပါပြဿနာစာချုပ်တစ်စောင်တ...
12/05/2026

“Indefinite” ဟုစာချုပ်တွင်ဖော်ပြထားခြင်းသည် စာချုပ်ကို အမြဲတမ်း မပြီးမြောက်နိုင်သည့်အရာဟု မဆိုလိုပါ
ပြဿနာ
စာချုပ်တစ်စောင်တွင် “long‑term” သို့မဟုတ် “indefinite” ဟုဖော်ပြထားလျှင် အဆိုပါစာချုပ်သည် အမြဲတမ်းတည်ရှိပြီး ပယ်ဖျက်၍ မရနိုင်ကြောင်း ယုံကြည်သည့်သူများ များစွာရှိသည်။

ဖြစ်ပွားခဲ့သည့်အမှု

Zaha Hadid Ltd v Zaha Hadid Foundation [2026] EWCA Civ 192 အမှုတွင် UK Court of Appeal သည် ဤပြဿနာကို တိတိကျကျ ဆန်းစစ်ခဲ့သည်။
Zaha Hadid Limited သည် “Zaha Hadid” အမည်ကို အသုံးပြုခွင့်ရပြီး Foundation သို့ အခကြေးငွေ ပေးဆောင်နေသူ ဖြစ်သည်။
စာချုပ်တွင် “indefinitely” ဟုဖော်ပြထားသော်လည်း ပယ်ဖျက်ခွင့်ကို Foundation ဘက်ကိုသာအထူး သတ်မှတ်ထားပြီး ကုမ္ပဏီဘက်မှ ပယ်ဖျက်ခွင့် ရှိ/မရှိကို မဖော်ပြထားခဲ့ပါ။
နောက်ပိုင်းတွင် ဆက်ဆံရေး ပျက်ကွက်လာသဖြင့် ကုမ္ပဏီဘက်မှ စာချုပ်မှ ထွက်လိုကြောင်း ပြောကြားရာ Foundation သည် စာချုပ်သည် အမြဲတမ်းတည်ရှိရမည့် စာချုပ်ဟုဆိုကြားခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်
တရားရုံးက အောက်ပါအချက်ကို အထူးသဖြင့် အတည်ပြုခဲ့သည်—
* “Indefinite” ဟုဆိုသည်မှာ “အမြဲတမ်း” ဟု မဆိုလိုပါ
* ၎င်းသည် သတ်မှတ်ထားသည့် အပြီးသတ်ရက်မရှိကြောင်းသာ ဆိုလိုသည်
* စာချုပ်တွင် အမြဲတမ်းတည်ရှိရမည်ဟု တိတိကျကျ မဖော်ပြထားလျှင်
တရားဥပဒေအရ “reasonable notice” ဖြင့် ပယ်ဖျက်နိုင်သည်
သင်လုပ်သင့်သည့်အရာများ
* စာချုပ်မှ ထွက်ခွင့်ရှိလိုပါက ပယ်ဖျက်ခွင့်ကို တိတိကျကျ ထည့်သွင်းရေးသားပါ
* စာချုပ်ကို အမြဲတမ်းတည်ရှိစေလိုပါက အလွန်ရှင်းလင်းပြတ်သားသော စာသားဖြင့် သတ်မှတ်ထားရမည်
* စာသားမရှင်းလင်းလျှင် ဥပဒေသည် reasonable notice ဖြင့် ပယ်ဖျက်ခွင့်ရှိသည်ဟု သဘောထားမည်
အကြံပြုချက်
Trademark licensing၊ brand‑use စာချုပ်များ၊ long‑term cooperation agreements များတွင် “indefinite” စာသားများကြောင့် ပယ်ဖျက်ခွင့် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက
MSR Solicitors သို့ အခမဲ့ တိုင်ပင်ဆွေးနွှေးနိုင်ပါသည်။

Does “indefinite” in a contract mean it can never be terminated?

The problem
Many people think that if a contract says “long-term” or “indefinite,” it means the agreement will last forever and cannot be ended.

What happened
In Zaha Hadid Ltd v Zaha Hadid Foundation [2026] EWCA Civ 192, the UK Court of Appeal considered this exact issue. Zaha Hadid Limited had permission to use the “Zaha Hadid” name and paid fees to the Foundation. The contract stated it would continue “indefinitely,” but only gave the Foundation an express right to terminate. It did not say whether the company could end the agreement. Later, the relationship broke down, and the company wanted to exit. The Foundation argued the contract was effectively permanent. The court disagreed

The key point
The court confirmed:
“Indefinite” does not mean “forever.”
It simply means there is no fixed end date.
If a contract does not clearly state that it is permanent, it can usually be terminated by giving reasonable notice.

What you should do I
- If you want the freedom to leave, include a clear termination clause.
- If you intend the contract to last permanently, this must be stated in very clear terms.
- If the wording is unclear, the law will usually allow termination on reasonable notice.

If you encounter similar "indefinite" clauses or termination rights disputes in trademark licensing, brand use, or long-term cooperation agreements, please contact MSR Solicitor for a free consultation.

Contact us at 📞 020 3900 0888 ✉️ [email protected]
📖 Read the full article for more: https://www.msrs.co.uk/forever-is-a-long-time-zaha-hadid-and-the-limits-of-indefinite-trade-mark-licences/?utm_source=facebook&utm_medium=EN&utm_campaign=27%2F04%2F2026&utm_term=commercial&utm_content=insight

Refugee Status နှင့် လူသားချင်းစာနာထောက်ကူမှု (Humanitarian Protection) အကြား ကွာခြားချက်ယူကေမှ မိမိနိုင်ငံသို့ ပြန်သွား...
07/04/2026

Refugee Status နှင့် လူသားချင်းစာနာထောက်ကူမှု (Humanitarian Protection) အကြား ကွာခြားချက်

ယူကေမှ မိမိနိုင်ငံသို့ ပြန်သွားလျှင် အန္တရာယ်ကြုံတွေ့နိုင်သူများအတွက် ကာကွယ်စောင့်ရှောက်ရေးအမျိုးအစား နှစ်မျိုး ရှိပါသည်—

🔹Refugee Status 1951 Refugee Convention အရ ထားရှိသည့် တရားဝင်အခွင့်အရေးဖြစ်ပြီး—လူမျိုးရေး၊ ကိုးကွယ်ယုံကြည်ချက်၊ နိုင်ငံသားရေး၊ နိုင်ငံရေးအယူအဆ သို့မဟုတ် လူ့အဖွဲ့အစည်းအချို့၏ အဖွဲ့ဝင်ဟု ဆက်စပ်၍ပုဂ္ဂိုလ်ရေးအနေနဲ့ သီးသန့်နှိပ်စက်အပြုအမူ များကို ခံနိုင်ရနိုင်‌ေချ ရှိသူများအား ချမှတ်သည်။

📘ခရီးသွားလာ‌ရေးအတွက် Refugee Travel Document ထုတ်ပေးထားသည်။

🔹Humanitarian Protection (လူသားချင်းစာနာထောက်ကူမှုအမျိုးအစား)Refugee Status အတွက် စံနှုန်းမပြည့်မီသော်လည်း—ပြန်သွားလျှင် ညှင်းပန်းနှိပ်စက်အကြမ်းဖက်ခံရမှု ဖြစ်ပွားပြီး အသက်ဘေးကြုံရနိုင်မည့် သူများအား ချမှတ်ပေးသည်။

📘ခရီးသွားလာ‌ရေးအတွက် Certificate of Travel အသုံးပြုနိုင်သည်။

တူညီသည့် အချက်မျာ:မှာ

Refugee Status နှင့် Humanitarian Protection နှစ်မျိုးစလုံးတွင်—

✔ယူကေတွင် တရားဝင်နေထိုင်ခွင့် (လ ၃၀ အကန့်အသတ်ဖြင့်)

✔အလုပ်လုပ်ခွင့်

✔NHS ဝန်ဆောင်မှုများ

✔ထောက်ပံ့ငွေ လျှောက်ထားခွင့်

✔မိသားစု ပြန်လည်ပေါင်းဆုံခွင့်

✔အမြဲနေထိုင်ခွင့်အတွက် လမ်းကြောင်း

Original Source: https://www.msrs.co.uk/refugee-status-vs-humanitarian-protection-in-the-uk-understanding-the-differe...

ယူ ကေ ၏ Fair Work Agency (FWA) သည် ၂၀၂၆ ပြည့်နှစ် ဧပြီလ ၇ ရက်နေ့တွင် တရားဝင်ချမှတ်မည်ဖြစ်ပြီး၊ ဤကိစ္စသည် အဖွဲ့အစည်းအမည်ပ...
25/03/2026

ယူ ကေ ၏ Fair Work Agency (FWA) သည် ၂၀၂၆ ပြည့်နှစ် ဧပြီလ ၇ ရက်နေ့တွင် တရားဝင်ချမှတ်မည်ဖြစ်ပြီး၊ ဤကိစ္စသည် အဖွဲ့အစည်းအမည်ပြောင်းလဲခြင်းတစ်ခုသာမက အကျိုးသက်ရောက်မှုကြီးမားသော ထိရောက်မှုမြင့်အချက်အလက်ကြီးကြပ်ဆောင်ရွက်မှုစနစ်သို့ ပြောင်းလဲခြင်း ဖြစ်ပါသည်။

အလုပ်ရှင်များအနေဖြင့် မဖြစ်မနေ သိထားရန်လိုအပ်သည့် အဓိကပြောင်းလဲမှု ၃ ချက်မှာ—

၁။ ဒဏ်‌ ငွေ ချမှတ်ခံရမှုများ (Escalated Penalties)
လုပ်ခလစာနှောင့်နှေးပေးချေမှု (payment arrears) သက်ဆိုင်ရာ ဒဏ်ကြေးများသည် သတ်မှတ်ပမာဏ၏ ၂၀၀% အထိ ချမှတ်နိုင်မည်ဖြစ်ပြီး၊
ထို့အပြင် “named and shamed” စာရင်းထုတ်ပြန်ခြင်းကြောင့် ဂုဏ်သိက္ခာပိုင်းဆိုင်ဟာ ထိခိုက်မှု အလွန်မြင့်မားနိုင်ခြင်း ကိုလည်း ကြုံတွေ့နိုင်ပါသည်။

၂။ ပြန်လည်စစ်ဆေးခွင့် တိုးချဲ့ခြင်း (Retrospective Scrutiny)

FWA သည် သင့်အလုပ်ကြေးဆိုင်ရာမှတ်တမ်းများနှင့် လိုက်နာမှုစာရင်းများကို ၆နှစ်အထိ နောက်ပြန်သွား၍ စစ်ဆေးခွင့် ပိုင်ဆိုင်ပါသည်။

၃။ ညှိနှိုင်းအုပ်ချုပ်မှု Pပowers တိုးချဲ့ခြင်း (Broadened Enforcement Powers)

အလုပ်သမားဘက်မှ တိုင်ကြားစာ တင်သွင်းရန် မလိုအပ်ပဲ
FWA သည် —

လုပ်ငန်းနေရာများကို တိုက်ရိုက် စစ်ဆေးခြင်း
အလုပ်ခွင့်အရေးဆိုင်ရာ စံနှုန်းချိုးဖောက်မှုများအတွက် Employment Tribunal တွင် အလုပ်ရှင်ဆီသို့ တိုက်ရိုက်တင်အမှုစဉ်ဆောင်ရွက်ခြင်း
စသည်တို့ကို အမိန့်၍ ဆောင်ရွက်နိုင်ပါသည်။

UK Fair Work Agency (FWA) launches 7th April: penalties up to 200% for payment arrears

On 7 April 2026, the newly formed FWA officially launches. This isn't just a name change; it is a fundamental shift from reactive complaint-handling to a highly proactive, interventionist regime.

As an employer, here are the 3 core changes you must be aware of:

-Escalated Penalties: Fines for payment arrears can reach up to 200%, coupled with the severe reputational risk of being publicly "named and shamed".
- Retrospective Scrutiny: The FWA will have the authority to review your payroll and compliance records for up to 6 years.
- Broadened Enforcement Powers: Even without a formal employee complaint, the FWA can conduct workplace inspections and bring Employment Tribunal claims directly against employers.

Don't wait for an inspection to find out your compliance has gaps. Click the link to read our legal briefing and discover the 7 essential audit steps you must take.

Contact us at 📞 020 3900 0888 ✉️ [email protected]
📖 Read the full article for more:https://www.msrs.co.uk/the-fair-work-agency-a-fundamental-shift-in-uk-employment-law-enforcement/

Join Us Today
23/03/2026

Join Us Today

📢 2026 အပြည်ပြည်ဆိုင်ရာ ဗီဇာကြေးအပြောင်းအလဲများ – ဧပြီ ၈ ရက်မှစ၍ အကျုံးဝင်မည်...ယူကေအစိုးရက ဗီဇာအမျိုးမျိုးအတွက် ဗီဇာကြေ...
19/03/2026

📢 2026 အပြည်ပြည်ဆိုင်ရာ ဗီဇာကြေးအပြောင်းအလဲများ – ဧပြီ ၈ ရက်မှစ၍ အကျုံးဝင်မည်...

ယူကေအစိုးရက ဗီဇာအမျိုးမျိုးအတွက် ဗီဇာကြေးများကို ပြောင်းလဲသတ်မှတ်ထားပြီး အောက်ပါအတိုင်း အကြောင်းကြားလိုပါသည်👇

✈️ လည်ပတ်ခရီးသွား ဗီဇာများ (ယူကေပြင်ပမှ လျှောက်ထားမှုများ)

၆ လ ဗီဇာ £127 ➜ £135 (+£8)
၂ နှစ် ဗီဇာ £475 ➜ £506 (+£31)
၅ နှစ် ဗီဇာ £848 ➜ £903 (+£55)
၁၀ နှစ် ဗီဇာ £1,059 ➜ £1,128 (+£69)
💼 အလုပ်ဗီဇာ – Skilled Worker (ယူကေပြင်ပမှ)

Skilled Worker

၃ နှစ်အထက် COS: £1,519 ➜ £1,618 (+£99)
Immigration Salary List တွင်ပါတဲ့ အလုပ်အမျိုးအစားများ

၃ နှစ်အောက်: £590 ➜ £628 (+£38)
၃ နှစ်နှင့်အထက်: £1,160 ➜ £1,235 (+£75)

Health & Care Visa

၃ နှစ်အောက်: £304 ➜ £324 (+£20)
၃ နှစ်အထက်: £590 ➜ £628 (+£38)

⚡ ပရီမီယံ ဝန်ဆောင်မှုများ (ယူကေပြင်ပမှ)

Priority Visa – Settlement: £500 (ပြောင်းလဲခြင်းမရှိ)
Priority Visa – Non‑Settlement: £500 (ပြောင်းလဲခြင်းမရှိ)
Super Priority Visa: £1,000 (ပြောင်းလဲခြင်းမရှိ)

ယူကေ နိုင်ငံသားလျှောက်ထားခြင်း (Naturalisation)

Naturalisation: £1,605 ➜ £1,709 (+£104)

ဗီဇာလျှောက်ထားရန် စီစဉ်နေသူများအတွက် ဤစျေးနှုန်းများပြောင်းလဲခြင်း မတိုင်မီ ပြင်ဆင်ထားသင့်ပါတယ်။

Source: https://www.gov.uk/government/publications/visa-regulations-revised-table/home-office-immigration-an...

ယူကေ Partner Visa လျှောက်ထားခြင်းနှင့် ပါတ်သက်သည့် လမ်းညွှန်ချက်ယူကေတွင် မိမိ၏ အိမ်ထောင်ဖက် (သို့)  ပါတနာနှင့် အတူ  နေထိ...
18/03/2026

ယူကေ Partner Visa လျှောက်ထားခြင်းနှင့် ပါတ်သက်သည့် လမ်းညွှန်ချက်

ယူကေတွင် မိမိ၏ အိမ်ထောင်ဖက် (သို့) ပါတနာနှင့် အတူ နေထိုင်လိုသူများအတွက် UK Partner Visa လျှောက်ထားခြင်းသည် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ ဤလျှောက်ထားခြင်း လုပ်ငန်းစဉ်သည် စနစ်ကျပြီး သေချာပြင်ဆင်မှုများ လိုအပ်ပါသည်။

Partner Visa လျှောက်ထားရန် အထူးသဖြင့် လျှောက်ထားသူသည်

ယူကေနိုင်ငံသား (သို့) ယူကေ တွင် အမြဲနေထိုင်ခွင့်ရထားသူ
နှင့် “Genuine Relationship” ရှိကြောင်း သက်သေပြနိုင်ရမည် ဖြစ်ပါသည်။

ထို့အပြင်

(i)Financial Requirements
(ii) Accommodation Requirements
(iii) English Requirements
တို့ကို ပြည့်မှီကြောင်း သက်သေပြစာရွက်စာတမ်းများ ထည့်သွင်းရပါမည်။

လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာ မတင်သွင်းခြင်း (သို့) သက်သေအထောက်အထား မလုံလောက်ပါက လျှောက်ထားစောင့်ဆိုင်းချိန်ရှည်နိုင်မှု သို့မဟုတ် ဗီဇာငြင်းပယ်ခြင်းဖြစ်ပေါ်နိုင်သည်။

📌 မိမိ၏ ကိုယ်ပိုင်အခြေနေသီးသန့်အပေါ် အမိန့်ပေးနိုင်သော ဥပဒေပညာရှင်တစ်ဦးနှင့် တိုင်ပင်လိုပါက MSR Solicitors မှ လည်း ဝန်ဆောင်မှုပေးအပ်နိုင်ပါသည်။

🇬🇧 UK Partner Visa Applications – A Practical Guide

Applying for a UK Partner Visa can be an important step for couples who wish to live together in the United Kingdom. However, the application process can be complex and requires careful preparation.

To qualify for a Partner Visa, applicants generally need to demonstrate that they are in a genuine and subsisting relationship with a British citizen or a person who is settled in the UK. In addition, applicants must meet several key requirements, including the financial requirement, accommodation requirement, and English language requirement.

Preparing the correct supporting documents is also essential. Applicants are usually required to provide evidence of their relationship, proof of income, and documentation confirming suitable accommodation in the UK.

Incomplete applications or insufficient evidence may result in delays or refusals. For this reason, it is important to understand the requirements clearly before submitting an application.

⚖️ If you would like professional advice regarding your personal circumstances, our team would be happy to assist.

Contact us at 📞 020 3900 0888 ✉️ [email protected]

ခိုလှုံခွင့် ပေးချိန်ကာလ လျှော့ချခြင်း (အဓိကပြောင်းလဲမှု)၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့နှင့် ထိုနေ့နောက်ပိုင်း တင်သွင်းသည့် ခ...
09/03/2026

ခိုလှုံခွင့် ပေးချိန်ကာလ လျှော့ချခြင်း (အဓိကပြောင်းလဲမှု)

၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့နှင့် ထိုနေ့နောက်ပိုင်း တင်သွင်းသည့် ခိုလှုံခွင့် သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်ပေးရေး တောင်းဆိုမှုများအတွက်၊ ယခင်ပေးအပ်နေသာေ နေထိုင်ခွင့်ကာလကို ၅ နှစ်မှ ၃၀ လသို့ လျှော့ချလိုက်သည်။ ၅ နှစ် နေထိုင်ခွင့် ကို မိဘမဲ့ ခိုလှုံသည့် ကလေးများနှင့် ခိုလှုံခွင့်တောင်းဆိုမှုဆုံးဖြတ်ချက်မချမီ အသက် ၁၈ နှစ် ပြည့်သွားသူများအတွက်သာ ဆက်လက်ထိန်းသိမ်းထားသည်။

အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်များ မြင့်တင်ခြင်း

၂၀၂၇ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ စတင်၍ အမြဲနေထိုင်ခွင့်နှင့် နေထိုင်ခွင့် ရရှိရန်အတွက် လိုအပ်သော အင်္ဂလိပ်ဘာသာ အဆင့်ကို B1 မှ B2 သို့ မြှင့်တင်မည်ဖြစ်သည်။ Skilled Worker, Scale-Up, Global Talent, Innovator Founder, International Sportsperson, Minister of Religion, UK Ancestry, Long Residence, Private Life, Bereaved Partner, Settlement Family Life နှင့် Child Relative အစရှိသော လမ်းကြောင်းများ ပါဝင်သည်။

နိုင်ငံသားအလိုက် ဝင်ခွင့်ကန့်သတ်မှုများ

အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနိုင်ငံ နှင့် ဆူဒန် နိုင်ငံသားများသည် ကျောင်းသားဗီဇာ (Student) ဖြင့် ဝင်ခွင့်လျှောက်ထားရန် တားမြစ်ခံရမည်။ အာဖဂန်နစ္စတန် နိုင်ငံသားများသည် Skilled Worker ဗီဇာဖြင့်လည်း ဝင်ခွင့်လျှောက်ထားရန် တားမြစ်ခံရမည်။

Settlement Protection လမ်းကြောင်း

၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်မတိုင်မီ လျှောက်ထားသူများနှင့်သာ ဆိုင်သည့်ဆိုသောကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်ပြီး Settlement Protection လမ်းကြောင်းကို ပိုမိုကျယ်ပြန့်စွာ ဖွင့်ပေးလိုက်သည်။ သို့သော် အမြဲနေထိုင်ခွင့် လျှောက်ထားချိန်တွင် safe return review ပြုလုပ်မည်ဖြစ်သည်။

Source:https://assets.publishing.service.gov.uk/media/69a9a1f58fd807b03bbe92e5/E03553349_-_HC_1691_-_Immigration_Rules_Changes__Web_Accessible_.pdf

ယူကေသည် အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံသားများအတွက် ဗီဇာများပေါ် “Emergency Brake” တစ်ခုကို မိတ်ဆက်တေ...
04/03/2026

ယူကေသည် အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံသားများအတွက် ဗီဇာများပေါ် “Emergency Brake” တစ်ခုကို မိတ်ဆက်တော့မည်ဖြစ်သည်။ အကြောင်းမူကား ပညာသင်ကြားရေးနှင့် အလုပ်လမ်းကြောင်းများမှတဆင့် ရောက်ရှိလာသောသူများ၏ ခိုလှုံခွင့်တောင်းဆိုမှုများ ကြီးမားစွာတိုးလာသောကြောင့်ဖြစ်သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဤနိုင်ငံများမှ ခိုလှုံခွင့်လျှောက်ထားမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပြီး အစိုးရက ဤပြောင်းလဲမှုများသည် ဗီဇာအလွဲသုံးစားမှုကို တားဆီးရန်နှင့် ခိုလှုံခွင့်စနစ်အပေါ် ဖိအားကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ စတင်၍ နိုင်ငံလေးနိုင်ငံလုံးအတွက် ပေးအပ်သော ပညာသင်ဗီဇာများ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး၊ ပိုမိုကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖဂန်နိုင်ငံသားများအတွက် ကျွမ်းကျင်လုပ်သား ဗီဇာများလည်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။

Source: https://www.gov.uk/government/news/visa-brake-imposed-on-4-countries-after-widespread-visa-abuse

Address

15 New Bridge Street
London
EC4V6AU

Opening Hours

Monday 9:30am - 5:30pm
Tuesday 9:30am - 5:30pm
Wednesday 9:30am - 5:30pm
Thursday 9:30am - 5:30pm
Friday 9:30am - 5:30pm

Alerts

Be the first to know and let us send you an email when MSR Solicitors - မြန်မာဘာသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSR Solicitors - မြန်မာဘာသာ:

Featured

Share