မန္တလေးအပြည်ပြည်ဆိုင်ရာဓမ္မကောလိပ်

မန္တလေးအပြည်ပြည်ဆိုင်ရာဓမ္မကောလိပ် Higher Education Platform (Online)

ပညာရှိသူတော်ကောင်းတို့ ပို.သအပ်သော မေတ္တာဓာတ်ကြောင့်အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာပါစေသတည်း။
21/09/2021

ပညာရှိသူတော်ကောင်းတို့

ပို.သအပ်သော

မေတ္တာဓာတ်ကြောင့်

အမိမြန်မာနိုင်ငံတော်ကြီး

အမြန်ဆုံး

ငြိမ်းချမ်းသာယာပါစေသတည်း။

🙏🙏ကုသိုလ်ဒါနပြုပါ၏ 🙏🙏🙏ပဋ္ဌာန်းမှာမမြင်နိုင်တဲ့စွမ်းအားတွေရှိတယ် 🙏________________________________ပဋ္ဌာန်းရဲ့သဘောတရားကိုသ...
19/07/2021

🙏🙏ကုသိုလ်ဒါနပြုပါ၏ 🙏🙏

🙏ပဋ္ဌာန်းမှာမမြင်နိုင်တဲ့စွမ်းအားတွေရှိတယ် 🙏
________________________________

ပဋ္ဌာန်းရဲ့သဘောတရားကို
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ နာပါ၊

အာရုံဆိုက်ပြီးတော့ရွတ်ပါ
အကျိုးရှိပါတယ် ။

မင်းတို့ ဂျာမဏီကလာတဲ့အားဆေး
ဂျာမဏီလိုရေးထားတဲ့ဆေးညွှန်းကို

မဖတ်တတ်ပေမဲ့အဲဒီအားဆေးစားရင်
အားရှိသလိုပဲ

ပဋ္ဌာန်းရဲ့သဘောတရားကို
ရွတ်ရင်နာရင်အကျိုးရှိတယ်

အဓိပ္ပါယ်နားလည်ရင်တော့
ပိုကောင်းတာပေါ့ကွာ

ပရိတ်တို့ပဋ္ဌာန်းတို့မှာ
မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်ကွ။

မင်းတို့ဝါယာကြိုးထဲမှာလျှပ်စီးရှိတယ်
အခုဒီကျိုးကိုကိုင်ရင်ဓာတ်လ်ိုက်ပါ့မလား
မလိုက်ဘူး ။

အဲဒါပလပ်စတစ်နဲ့အုပ်ထားလို့
(လျှပ်ကာပေါ့ကွာ)

လျှပ်ကာကိုခွာပြီးအထဲက
ကြေးကြိုးကိုကိုင်ရင် ဓာတ်လိုက်မယ်။

ဒါပေမယ့်လျှပ်စီးကိုမင်းတို့မြင်ရရဲ့လား
ကြေးကြိုးပဲမြင်ရတာ။

ပရိတ်တွေပဋ္ဌာန်းတွေမှာလည်းလျှပ်စီးလို
မမြင်ရတဲ့စွမ်းအားတွေရှိတယ်

( ကျေးဇူးတော်ရှင် ဆရာတော်ဦးရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်)
မန္တလေးမြို့
-------------------------------------------------------
Credit original Uploader

မေတ္တာ စမ်းရေ အေးမြပါစေ...
ကိုအောင်အောင်ဦး..
မနန်းမြတ်မင်းရွှေသာ..
ခေတ္တ.. Malaysia...

သီတဂူအဓိပတိဆရာတော်ကြီး၏ဗုဒ္ဓနေ့ သဝဏ်လွှာ (25-5-2021)ဗုဒ္ဓနှစ် ၂၅၆၄၊ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ (၂၅-၅-၂၀၂၁)၁။ရိုသေလေးစာ...
25/05/2021

သီတဂူအဓိပတိဆရာတော်ကြီး၏
ဗုဒ္ဓနေ့ သဝဏ်လွှာ (25-5-2021)

ဗုဒ္ဓနှစ် ၂၅၆၄၊ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ (၂၅-၅-၂၀၂၁)

၁။ရိုသေလေးစားအပ်ပါသော
သံဃာတော်များ အားလုံး

၂။ချစ်ခင်လေးစားအပ်ပါသော
ကမ္ဘာတစ်၀န်းလုံးရှိ ဗုဒ္ဓဘာသာ၀င်များအားလုံး

၃။အစဉ်သဖြင့် မေတ္တာကရုဏာထားရပါသော
ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး

၄။အထူးလေးစား မေတ္တာထားရပါသော
အိန္ဒိယအစိုးရ အဖွဲ့၀င်အားလုံးတို့ကို-

ရှေးဦးစွာ မေတ္တာပို့ဆုတောင်းပါတယ်။
အားလုံးပဲ ရောဂါအမျိုးမျိုးဘေး၊လက်နက်ဘေး၊
ငတ်မွတ်ဘေး ဟူသော ဘေးသုံးပါးမှ
ကင်းဝေးကြပါစေ။

၁။ လောဘထူပြောတဲ့ကမ္ဘာမှာ ငတ်မွတ်တဲ့ဘေး၊

၂။ ဒေါသထူပြောတဲ့ကမ္ဘာမှာ လက်နက်ဘေး၊

၃။ မောဟထူပြောတဲ့ကမ္ဘာမှာ ရောဂါဘေး ၊

ထို ​ေလာဘ၊ ဒေါသ၊ မောဟ
အကြောင်းသုံးပါးကြောင့် ဘေးကြီးသုံးပါး
ကျရောက်တယ်လို့ မြတ်ဗုဒ္ဓက ဟောထားပါတယ်။
ဒါကြောင့် ဘေးကြီးသုံးပါရဲ့
အကြောင်းရင်းဖြစ်သော လောဘ၊ ဒေါသ၊
မောဟ တရားသုံးပါးတို့ကိုလည်း
ကမ္ဘာသူ/ကမ္ဘာသားတွေ ထိန်းချုပ်နိုင်ပါစေလို့
ရှေးဦးစွာ ဆုတောင်းပါတယ်။

ဒီနေ့ဟာ ၂၆၁၀ နှစ်မြောက် ဗုဒ္ဓနေ့ဖြစ်ပါတယ်။
ဖွားတော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊
ပရိနိဗ္ဗာန်ပြုတော်မူခြင်းဟူသော
ဗုဒ္ဓ၏ ထူးခြားသော ဖြစ်ရပ်ကြီးသုံးခုဟု
ဝေသာခပုဏ္ဏိမ- Vesakhapunnima
တစ်နေ့ထဲမှာပဲဖြစ်ခဲ့တာမို့ ဒီနေ့ကို
ဗုဒ္ဓဘာသာလောကက - Vesakha နေ့ဟု
ခေါ်ကြပါတယ်။ ဗုဒ္ဓရဲ့ ထူးမြတ်တဲ့
အခါတော်နေ့မှာ အိန္ဒိယအစိုးရက
မှတ်မှတ်သားသား ဂုဏ်ပြု
ပူဇော်ပွဲလုပ်တယ်ဆိုတော့ အိန္ဒိယအစိုးရကို
အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

တကယ်တော့- ဗုဒ္ဓဓမ္မဟာ
အိန္ဒိယမှာမွေးဖွားတာ ဖြစ်ပါတယ်။
အခြားသော ဘာသာရေး
ခေါင်းဆောင်တွေ အားလုံးဟာလည်း
အာရှတိုက်သားဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။
ဒါကြောင့် အာရှတိုက်ကြီးကို
Noble Continentလို့တောင် ဆိုနိုင်ပါတယ်။

ဗုဒ္ဓကွယ်သွားတာ-နှစ်ပေါင်း ၂၅၆၄
ကျော်သွားပါပြီ။ မြတ်ဗုဒ္ဓညှိထွန်းသွားခဲ့တဲ့
တရား ဆီမီးတိုင် (ဓမ္မဒီပိကာ)တွေဟာ
သူ့ရဲ့မွေးဖွားရာ အိန္ဒိယပြည်ကြီးမှ ထွက်ပြီး
ကမ္ဘာတစ်၀န်း ပြန့်နှံ့ ထွန်းတောက်လျှက်
ရှိနေပါတယ်။ ကမ္ဘာတစ်၀န်းလင်းလျှက်
ထွန်းတောက်လျှက်ရှိနေတဲ့
တရားဆီမီးတိုင်များကို ချုပ်ငြိမ်းမသွားရအောင်၊
ပို၍ထွန်းတောက်လာအောင် အားထုတ်ဖို့
ကျွန်ုပ်တို့ အားလုံးမှာ တာ၀န်ရှိကြောင်းကို
ပြောကြားလိုပါတယ်။

ဗုဒ္ဓရဲ့ဒေသနာတွေမှာ-

၁။ သဗ္ဗောလောကော ပကမိ္ပတော

တစ်လောကလုံးမှာ တုန်လှုပ်နေတယ်။

၂။ သဗ္ဗောလောကော ပဓူပိတော

တစ်လောကလုံးမှာ အခိုးတလူလူ ထနေတယ်။

၃။ သဗ္ဗောလောကော အာဒီပိတော

တစ်လောကလုံးမှာ အတွင်းလှိုက်လောင်နေတယ်။

၄။ သဗ္ဗောလောကော ပဇ္ဇလိတော

တစ်လောကလုံး မီးဟုန်းဟုန်း တောက်နေတယ်။

၅။ သဗ္ဗောလောကော ဦနော

တစ်လောကလုံး လိုနေတယ်
စသဖြင့် ဟောထားပါတယ်။


ဒါကြောင့် နိဂုံးချုပ်အားဖြင့်-

၁။ တုန်လှုပ်နေသော ကမ္ဘာကြီး
တည်ငြိမ်မှုရအောင် မြတ်ဗုဒ္ဓ၏
ဓမ္မစွမ်းရည်ဖြင့် ဆောင်ရွက် ကြပါစို့။

၂။ တစ်လောကလုံး ဖုံးလွှမ်းနေသော
ကိလေသာ မီးခိုးတွေ ကင်းရှင်း၍
ကြည်လင်သွားအောင် ဆောင်ရွက်ကြပါစို့။

၃။ တစ်လောကလုံး တောက်လောင်နေတဲ့
အတွင်းမီး၊ အပြင် မီးတွေကို
ဝိုင်း၀န်းငြိမ်းသတ် ကြပါစို့။

၄။ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ လိုအပ်ချက်တွေကို
ဓမ္မဖြင့် ဖြည့်စွက်ကြပါစို့ဟူ၍
၂၆၁၀ နှစ်ပြည့် ဗုဒ္ဓနေ့ ဝေသာမ
ပုဏ္ဏိမ ဗုဒ္ဓဇယန္တိ နေ့မှာ တောင်းလိုက်ပါသည်။

“သူတော်ကောင်းတရား နေရာတိုင်းမှာ
ထွန်းတောက်ပါစေ”

သီတဂူအဓိပတိဆရာတော်

တွဲဘက်ရွှေကျင်သာသနာပိုင်

25/05/2021

Address

Airlie Beach, QLD

Telephone

+959792533792

Website

Alerts

Be the first to know and let us send you an email when မန္တလေးအပြည်ပြည်ဆိုင်ရာဓမ္မကောလိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မန္တလေးအပြည်ပြည်ဆိုင်ရာဓမ္မကောလိပ်:

Share