YAN MYO AUNG - Bangkok All Services

YAN MYO AUNG - Bangkok All Services ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก YAN MYO AUNG - Bangkok All Services, หนังสือเดินทางและบริการวีซ่า, 64/1 , Soi Ekkamai 23 Alley, Bangkok.

11 Dec 2026 တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့်နိုင်ငံခြားအလုပ်သမားများအနေဖြင့် သက်တမ်းတိုးကာလရောက်မှ အလောတကြီးမဖြစ်စေရန...
21/08/2026

11 Dec 2026 တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်မည့်

နိုင်ငံခြားအလုပ်သမားများအနေဖြင့် သက်တမ်းတိုးကာ

လရောက်မှ အလောတကြီးမဖြစ်စေရန် အောက်ပါအချက်

များကို ကြိုတင်စစ်ဆေး ပြင်ဆင်ထားသင့်ပါသည်။

☑️ 1. Passport

* နိုင်ငံကူးလက်မှတ် Passport သက်တမ်းရှိ/မရှိ စစ်ဆေး

ရန်

* Passport အမည်| မွေးသက္ကရာဇ်| Passport နံပါတ် မှန်ကန်

မှု စစ်ဆေးရန်

* Passport ပျောက်ဆုံး / ပျက်စီးပါက ကြိုတင်ဖြေရှင်းထား

ရန်

☑️ 2. လက်ရှိ Workpermit

* Workpermit သက်တမ်းကုန်ဆုံးရက် စစ်ဆေးရန်

*အလုပ်ရှင်အမည် မှန်/မမှန် စစ်ဆေးရန်

*အလုပ်နေရာနှင့် အလုပ်အမျိုးအစား မှန်/မမှန် စစ်ဆေး

ရန်

☑️ 3. အလုပ်ရှင်အချက်အလက်

* လက်ရှိအလုပ်ရှင်နှင့် အလုပ်လုပ်နေမှု မှန်ကန်မှု စစ်ဆေး

ရန်

* အလုပ်ရှင်ပြောင်းထားသူများအနေဖြင့် အလုပ်ရှင်

ပြောင်းလဲမှု စာရွက်စာတမ်းများ အပြည့်စုံ စစ်ဆေးရန်

* အလုပ်ရှင်အဟောင်း/အသစ် မတူပါက ကြိုတင် အလုပ်

ရှင်ပြောင်းထားကြပါရန်

⚠️အရေးကြီးဆုံး — အချက်အလက် စစ်ဆေးခြင်း

Passport၊ Work Permit၊ Visa၊ အလုပ်ရှင် အချက်အလက်

များတွင် အမည်| နံပါတ်| မွေးသက္ကရာဇ် စသည်တို့ မ

ကိုက်ညီပါက သက်တမ်းတိုးချိန်မရောက်မီ ကြိုတင်ပြင်

ဆင်ထားရန် အရေးကြီးပါသည်။

🚨11 Dec 2026 သက်တမ်းတိုးမည့်သူများ သတိပြုရန်

သူဌေးမတူပါက နောက်ဆုံးအချိန်မစောင့်ဘဲ ယခုကတည်းက ကြိုတင် သူဌေးပြောင်းထားကြပါ။


YAN MYO AUNG - Bangkok All Services

ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ဝန်ဆောင်မှု့ လုပ်နေသော မိမိအခြေအနေ😬🤭😎
18/08/2026

ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ဝန်ဆောင်မှု့ လုပ်နေသော မိမိအခြေအနေ😬🤭😎

ဘဏ်ဖွင့်ဝန်ဆောင်မှုလေး နေ့တိုင်းရှိပါတယ်ဗျ✅နေ့ချင်းပြီးရမယ်✅နယ်နီး / နယ်ဝေး✅Ed Visa (Ed/ Edplus)✅Non O✅Non Bစတဲ့ နှစ်ရှည...
13/08/2026

ဘဏ်ဖွင့်ဝန်ဆောင်မှုလေး နေ့တိုင်းရှိပါတယ်ဗျ

✅နေ့ချင်းပြီးရမယ်

✅နယ်နီး / နယ်ဝေး

✅Ed Visa (Ed/ Edplus)

✅Non O

✅Non B

စတဲ့ နှစ်ရှည် Visa ရှိသမားများ အကုန်ဖွင့်လို့ရပါမယ်ဗျာ

အသေးစိတ် Cb မှာမေးမြန်းနိုင်သလို 0626466746သို့ဖုန်းဆက်ပြီးလဲမေးမြန်းနိုင်ပါတယ်ဗျ
YAN MYO AUNG - Bangkok All Services

📢2026 ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ 11 Dec 2026 တွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံခြားသားအလုပ်သမ...
07/08/2026

📢2026 ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ အစိုးရအဖွဲ့၏

ဆုံးဖြတ်ချက်အရ 11 Dec 2026 တွင် သက်တမ်းကုန်

ဆုံးမည့် နိုင်ငံခြားသားအလုပ်သမားများအတွက် သက်

တမ်းတိုး လုပ်ငန်းစဉ် (၅) ဆင့်ကို တရားဝင် ထုတ်ပြန်ထား

ပါသည်။

📌သက်တမ်းတိုး လုပ်ငန်းစဉ် (၅) ဆင့်

🔸ကျန်းမာရေးစစ်ဆေးခြင်း နှင့် ကျန်းမာရေးအာမခံ

ဝယ်ယူခြင်း

🔸E-Workpermit စနစ်မှ အလုပ်လုပ်ခွင့် လျှောက်ထား

ခြင်း

🔸အလုပ်သမားရုံး၏ စစ်ဆေးအတည်ပြုချက်ကို စောင့်

ဆိုင်းခြင်း

🔸နိုင်ငံကူးလက်မှတ် Passport နှင့် နေထိုင်ခွင့် Visa သက်

တမ်းတိုးခြင်း

🔸90 Days Report တင်ပြခြင်း

⚠️ အလုပ်ရှင်ပြောင်းလိုသူများသည် သတ်မှတ်ထားသော

ရက် (၆၀) အတွင်း အလုပ်အသစ်ရှာဖွေပြီး သက်ဆိုင်ရာ

အလုပ်သမားရုံးကို မဖြစ်မနေ အကြောင်းကြားရပါမည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံဘဲ ငြိမ်းချမ်းရေးမလိုလားသည့် မင်းအောင် လှိုင်၏ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းရန် ထိုင်...
05/08/2026

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံဘဲ ငြိမ်းချမ်းရေးမလိုလားသည့် မင်းအောင် လှိုင်၏ ထိုင်းခရီးစဉ်ကို ဖျက်သိမ်းရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၅

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို လက်မခံဘဲ ငြိမ်းချမ်းရေး မလိုလားသော မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ထိုင်းအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ဖျက်သိမ်းသင့်ကြောင်း ထိုင်းအောက်လွှတ်တော်အမတ် Kannavee Suebsang က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်တောင်းဆိုလိုက်သည်။

ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ဇူလိုင်လ ၃၁ ရက်နေ့ ကြံ့ဖွတ်လွှတ်တော်တွင် မင်းအောင်လှိုင် ပြောကြားခဲ့သည့် ရက် ၁၀၀ မူဝါဒကြေညာချက်ကို အသေးစိတ်ဖတ်ရှုခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးလမ်းကြောင်းသို့ ဦးတည်စေမည့် အပြောင်း အလဲတစ်စုံတစ်ရာ မတွေ့ရကြောင်း၊ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း မြန်မာပြည်သူများ သေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ဆိုးကျိုး သက်ရောက်ခဲ့သည့် မူဝါဒများကိုသာ ဆက်လက်အကောင်အထည်ဖော်မည်ဟု အတည်ပြုထားသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

၎င်းအနေဖြင့် အထူးအံ့အားသင့်ခဲ့ရသည်မှာ မင်းအောင်လှိုင်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံကြောင်း အတိအလင်းပြောဆိုခဲ့ပြီး အာဆီယံက မြန်မာနိုင်ငံအပေါ် "ခွဲခြားဆက်ဆံသော အရေးယူဆောင်ရွက်မှုများ" ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း Kannavee Suebsang က ဆိုသည်။

"အာဆီယံခေါင်းဆောင်အားလုံး သဘောတူထားတဲ့ အခြေခံမူကို မြန်မာစစ်ခေါင်းဆောင်က ဆက် လက်ငြင်းပယ်နေမယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ ဘာကြောင့် သူ့ကို အရေးကြီးဧည့်သည်အဖြစ် လက်ခံကြိုဆိုရမှာလဲ" ဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က မေးခွန်းထုတ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ ထိုင်းနိုင်ငံ၏ လုံခြုံ ရေးအပေါ် တိုက်ရိုက်သက်ရောက်နေကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များကို ၄၂ နှစ်ကျော် လက်ခံထားရပြီး လက်ရှိတွင် ယာယီဒုက္ခသည်စခန်းများ၌ လူဦးရေ တစ်သိန်းနီးပါးရှိနေသည့်အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ သိန်းနှင့်ချီရှိကြောင်း၊ ထိုင်း-မြန် မာ နယ်စပ်တစ်လျှောက်ရှိ ဒေသခံများမှာလည်း ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် နယ် စပ် လုံခြုံရေးပြဿနာများကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရကြောင်း ၎င်းက ထောက်ပြသည်။

Kannavee Suebsang က မင်းအောင်လှိုင်၏ စကားများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း၊ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားကြောင်းနှင့် PDF များအား လက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း လက်တွေ့တွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများသည် ပစ်မှတ်များအဖြစ် ဆက်လက်ကျရောက်နေကြောင်း ဝေဖန်ပြောဆိုသည်။

ထို့ပြင် မင်းအောင်လှိုင်က မသင်မနေရ စစ်မှုထမ်းစနစ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုထားသည့်အတွက် လူငယ်များ နိုင်ငံမှ ထွက်ပြေးရမည့်အခြေအနေများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှု၊ ဒုက္ခသည်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ဆက်လက်ထမ်းဆောင်ရမည်ဟု ၎င်းက သုံးသပ်သည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်၍ မင်းအောင်လှိုင်က ကျူးလွန်သူ ၇၅ ရာခိုင်နှုန်းမှာ အိမ် နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် Kannavee Suebsang ကလည်း ဝေဖန်ခဲ့ပြီး ထိုင်းနိုင်ငံတွင် နယ်စပ်လုံခြုံရေး အားနည်းချက်များရှိခဲ့သည်ကို လက် ခံသော်လည်း အကြီးစား အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာများမှာ မြန်မာနိုင်ငံအတွင်း၌ တည်ရှိနေကြောင်းနှင့် ယင်းအပေါ် မြန်မာစစ်တပ်က တာဝန်ယူမှုမရှိကြောင်း ပြောဆိုသည်။

ထို့အပြင် မင်းအောင်လှိုင်က ဒီမိုကရေစီတောင်းဆိုသည့် လှုပ်ရှားမှုများသည် "ပညာရေးအရည် အသွေး နိမ့်ပါးခြင်း" နှင့် "ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းခြင်း" ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းကိုလည်း Kannavee Suebsang က ဝေဖန်ခဲ့ပြီး ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကလေးများနှင့် ဆရာ၊ ဆရာမများ နေရပ်စွန့်ခွာထွက်ပြေးရခြင်းတို့အတွက် တာဝန်ရှိသူမှာ မည်သူဖြစ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ရေးရာ၊ ဒုက္ခသည်အရေး၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကဲ့သို့သော ကိစ္စရပ်များတွင် ဆက်လက်ဆွေးနွေးရန် လိုအပ်သော်လည်း ဆက်သွယ်ရေးလမ်းကြောင်း ထိန်းသိမ်းခြင်းသည် မင်းအောင်လှိုင်အား နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ခြင်းမျိုး မဖြစ်သင့်ကြောင်း ထိုင်းလွှတ်တော်အမတ်က အလေးပေးပြောဆိုခဲ့သည်။

"ထိုင်းနိုင်ငံအနေနဲ့ အခြေခံမူတွေ၊ ငြိမ်းချမ်းရေး၊ အပြစ်မဲ့ပြည်သူတွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဘက်မှာ ရပ်တည်မလား၊ ဒါမှမဟုတ် အဲဒီဘုံသဘောတူညီချက်ကို ငြင်းပယ်ပြီး စစ်ပွဲဆက်လက်ဆင်နွှဲနေတဲ့ ခေါင်းဆောင်ဘက်မှာ ရပ်တည်မလားဆိုတာ ရွေးချယ်ရမယ့်အချိန် ရောက်နေပြီ" ဟု ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ပြောဆိုထားသည်။

အလုပ်သမားတွေကို အတင်းအကျပ်ပြန်မပို့ဖို့ ထိုင်းအမတ် တောင်းဆိုဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၆အာဏာသိမ်းသမ္မတ ထိုင်းခရီးစဉ်အတွင်း မြန်...
05/08/2026

အလုပ်သမားတွေကို အတင်းအကျပ်ပြန်မပို့ဖို့ ထိုင်းအမတ် တောင်းဆို

ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၆

အာဏာသိမ်းသမ္မတ ထိုင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ချုပ်ဆိုထားသော အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို ပြင်ဆင်ရန်စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ထိုသို့ပြင်ဆင်ရာတွင် နှိပ်စက်ညှဉ်းပန်းမှု၊ ဖိနှိပ်မှုနှင့် အန္တရာယ်ရင်ဆိုင်ရမည့်နေရာသို့ အတင်းအကျပ် ပြန်မပို့ရေးမူကို အပြည့်အဝ လေးစားလိုက်နာရန် မြန်မာ့အရေးနှင့် ဒုက္ခသည်များအရေး အဓိက လုပ်ဆောင်သူ ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တိုက်တွန်းလိုက်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ စီးပွားရေး၌ အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ MoU ကို ပြင်ဆင်ရာတွင် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားသည့် လက်တွေ့အခြေအနေများကို လျစ်လျူရှု၍ မရကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် MoU ကို ပြန်လည်သုံးသပ်ရန် အမှန်တကယ် ဆန္ဒရှိပါက ယခုအခွင့်အရေးကို အသုံးချ၍ လုပ်သားကာကွယ်စောင့်ရှောက်ရေး စံနှုန်းများကို တပြိုင်နက် မြှင့်တင်သင့်ကြောင်း၊ လုပ်သားခေါ်ယူမှုတင်မက အလုပ်သမားများအတွက်ပါ ပိုမိုဘေးကင်း စိတ်ချရအောင် ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

ထို့ပြင် အလုပ်ရှင်က စရိတ်စကများ ပေးချေရမည့်မူကို အာမခံပေးခြင်း၊ အခွင့်အရေး ချိုးဖောက်ခံရပါက အလုပ်ရှင် ပြောင်းလဲခွင့်ကို အသိအမှတ်ပြုခြင်း၊ အထောက်အထား စာရွက်စာတမ်း သိမ်းဆည်းထားမှုကို ပိတ်ပင်ခြင်း၊ လွတ်လပ်သော တိုင်ကြားရေးယန္တရားတခု ထူထောင်ပေးခြင်းနှင့် အန္တရာယ်ရှိနေရာကို အတင်းအကျပ် ပြန်မပို့ရေးမူအား အပြည့်အဝ လေးစားလိုက်နာခြင်းတို့ ပါဝင်ရမည်ဟု တိုက်တွန်းထားသည်။

ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို ဖွင့်လှစ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အာဆီယံ၏ ဘုံသဘော တူညီချက် ၅ ချက် အပြည့်အဝ အကောင်အထည်ဖော်ရန်၊နယ်စပ်ဖြတ်ကျော် ဥပဒေမဲ့ ရာဇဝတ်မှုများကို နှိမ်နင်းရန် ကြိုးပမ်းမှုများ တိုးမြှင့်ရန်၊ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာ ဖြေရှင်းရန်နှင့် MoU လုပ်သားမူဘောင်အောက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကာကွယ်စောင့်ရှောက်ရေး စံနှုန်းများကို မြှင့်တင်ရေး ဆွေးနွေးပေးရန် ၎င်းက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းပြီးနောက် စစ်မှုထမ်းဥပဒေအပါအဝင် လုံခြုံရေးစိုးရိမ်မှုများကြောင့် ပြည်ပထွက်ခွာသူများအနက် ၇၁ဒသမ၇ ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၃၄နှစ်ကြား လူငယ်များဖြစ်ကြောင်း အာဏာသိမ်းသမ္မတ၏ ရက် ၁၀၀ မိန့်ခွန်းတွင် ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ မနှစ်ကဘတ်အသစ်သမားများတွက်ကြေညာချက်ပါခင်ဗျာ မနှစ်က ကျွန်တော်နဲ့ဘတ်ရိုက်ထားသူများ ဒီနှစ် 2026 ...
31/07/2026

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ မနှစ်ကဘတ်အသစ်သမားများတွက်ကြေညာချက်ပါခင်ဗျာ

မနှစ်က ကျွန်တော်နဲ့ဘတ်ရိုက်ထားသူများ ဒီနှစ် 2026 ခုနှစ် 8 လပိုင်း 1ရက်နေ့ကစတင်ပြီး သက်တမ်းတိုးလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရမည်ဖြစ်ပါတယ်ခင်ဗျာ

အကြောင်းအရာ။ ။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ဝန်ကြီးများအဖွဲ့ (အစိုးရအဖွဲ့) ၏ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံသား နိုင်ငံခြားသားများအတွက် ထိုင်းဘုရင့်နိုင်ငံအတွင်း အထူးကိစ္စရပ်အဖြစ် အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း👇👇👇👇👇👇👇

#ဘတ်သမားသက်တမ်းတိုးခြင်း

 #ဘဏ်အကောင့် ခရွန်ထိုင်းဘဏ် ပိတ်ရက်မရှိနေ့တိုင်းဖွင့်ပေးပါတယ်✅❌သူဌေးထောက်ခံစာမလိုပါ❌✅ဝေါ့ပါမစ်နယ်ကျော်အကုန်ရပါတယ်✅📌ခရွန်...
26/07/2026

#ဘဏ်အကောင့် ခရွန်ထိုင်းဘဏ် ပိတ်ရက်မရှိနေ့တိုင်းဖွင့်ပေးပါတယ်✅

❌သူဌေးထောက်ခံစာမလိုပါ❌
✅ဝေါ့ပါမစ်နယ်ကျော်အကုန်ရပါတယ်✅

📌ခရွန်ထိုင်းဘဏ်လုပ်ရန်

#ပတ်စပို့စ်စာအုပ်နှင့် ဝေါ့ပါမစ်စာရွက်/ငွေချေစာရွက်ရှိရင်ရပါတယ်✅

#စာအုပ်မရှိသူများ ပန်းရောင်ကဒ်နှင့်ဖွင့်လို့ရပါတယ်✅

#ဝေါ့ပါမစ်ကဒ် ရှိသူများ Passport (သို့)
ပန်းရောင်ကဒ်ရှိရင်ရပါတယ်✅

ာအုပ် ရှိသူများလည်းဖွင့်လို့ရပါတယ်✅

သမားများလည်းရပါတယ်✅

ဗီဇာရှိသူများလည်းရပါတယ်✅

Business ဗီဇာသမားများလည်းရပါတယ်✅

ကျောင်းသားဗီဇာရှိသူများလည်းရပါတယ်✅

#ဘဏ်အကောင့်ဖွင့်ဖို့ အတွက်အခက်ခဲရှိသူများကျွန်တော့်ဆီကိုဆက်သွယ်လာလို့ရပါတယ်✅

📲0626466746
🟩Line ID yanlay1993

 #ဘဏ်အကောင့် ခရွန်ထိုင်းဘဏ် ပိတ်ရက်မရှိနေ့တိုင်းဖွင့်ပေးပါတယ်✅❌သူဌေးထောက်ခံစာမလိုပါ❌✅ဝေါ့ပါမစ်နယ်ကျော်အကုန်ရပါတယ်✅📌ခရွန်...
22/07/2026

#ဘဏ်အကောင့် ခရွန်ထိုင်းဘဏ် ပိတ်ရက်မရှိနေ့တိုင်းဖွင့်ပေးပါတယ်✅

❌သူဌေးထောက်ခံစာမလိုပါ❌
✅ဝေါ့ပါမစ်နယ်ကျော်အကုန်ရပါတယ်✅

📌ခရွန်ထိုင်းဘဏ်လုပ်ရန်

#ပတ်စပို့စ်စာအုပ်နှင့် ဝေါ့ပါမစ်စာရွက်/ငွေချေစာရွက်ရှိရင်ရပါတယ်✅

#စာအုပ်မရှိသူများ ပန်းရောင်ကဒ်နှင့်ဖွင့်လို့ရပါတယ်✅

#ဝေါ့ပါမစ်ကဒ် ရှိသူများ Passport (သို့)
ပန်းရောင်ကဒ်ရှိရင်ရပါတယ်✅

ာအုပ် ရှိသူများလည်းဖွင့်လို့ရပါတယ်✅

သမားများလည်းရပါတယ်✅

ဗီဇာရှိသူများလည်းရပါတယ်✅

Business ဗီဇာသမားများလည်းရပါတယ်✅

ကျောင်းသားဗီဇာရှိသူများလည်းရပါတယ်✅

#ဘဏ်အကောင့်ဖွင့်ဖို့ အတွက်အခက်ခဲရှိသူများကျွန်တော့်ဆီကိုဆက်သွယ်လာလို့ရပါတယ်✅

📲 0626466746

🟩 Line id 🪪 yanlay1993

YAN MYO AUNG - Bangkok All Services

*လာမဲ့ 11 Dec 2026 သက်တမ်းကုန်ဆုံးမည့် ဘတ်အဖွဲ့အတွက် သက်တမ်းတိုး လမ်းစဉ်ကို အလုပ်အကိုင်ဦးစီးဌာန DOE မှ ထုတ်ပြန်ကြေငြာ*ဇူ...
21/07/2026

*လာမဲ့ 11 Dec 2026 သက်တမ်းကုန်ဆုံးမည့် ဘတ်အဖွဲ့အ
တွက် သက်တမ်းတိုး လမ်းစဉ်ကို အလုပ်အကိုင်ဦးစီးဌာန DOE မှ ထုတ်ပြန်ကြေငြာ

*ဇူလိုင် ၁၄ |၂၀၂၆ ထိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်အရ
11 Dec 2026 သက်တမ်းကုန်ဆုံးမည့်အဖွဲ့ကို 11 Dec 2027
ထိ နေထိုင်အလုပ်လုပ်ခွင့်သက်တမ်း နောက်ထပ်(၁)နှစ်တိုး
ပေးသွားမည်

သက်တမ်းတိုးမည့်သူများအနေနဲ့ လာမဲ့ 11 Dec 2026
အတွင်း Workpermit သက်တမ်းတိုးချင်း လုပ်ငန်းစဉ်
ဝေါ့ပါမစ်ဖိုးသွင်းခြင်း / ပကန်အာမခံဝယ်ယူခြင်း / ကျန်း
မာရေးစစ်ဆေးခြင်း စသည့်တို့ကိုအပြီး လုပ်ဆောင်းရမည်

🔸နိုင်ငံကူးလက်မှတ် ပက်စ်ပို့ရှိထားသူများ နေထိုင်ခွင့်
Visa ကို 30 June 2026 အတွင်း တိုးထားရမည်

🔸နိုင်ငံကူးလက်မှတ် ပက်စ်ပို့လုံးဝမရှိသေးပါက 30
June 2027 အတွင်း ပက်စ်ပို့စာအုပ်ပြုလုပ်ပြီး နေထိုင်
ခွင့် Visa တိုးထားရမည်

🔸အလုပ်လုပ်ခွင့် Workpermit လျှောက်ထားခြင်းကို
11 Dec 2026 အတွင်း လုပ်ဆောင်းရမည်

🔸နေထိုင်ခွင့် Visa တိုးခြင်းကို 30 June 2027 အတွင်း
လုပ်ဆောင်းရမည်

🔸နိုင်ငံကူးလက်မှတ် ပက်စ်ပို့စာအုပ် ရှိသည်ဖြစ်စေမရှိ
သေးသည်ဖြစ်စေ အလုပ်လုပ်ခွင့် Workpermit ကိုကတော့
သတ်မှတ်ထားသည့် အချိန်အတွင်း လျှောက်ထားရမည်

ที่อยู่

64/1 , Soi Ekkamai 23 Alley
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YAN MYO AUNG - Bangkok All Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์