ApplyEase Visa Services

ApplyEase Visa Services From Application to Destination!

Apply Ease နဲ့အတူ လျှောက်ထားပြီး Destination Thailand Visa နှင့် Tourist Visa Approved ဖြစ်ထားတာလေးတွေပါ။DTV ကို ဗီယက်နမ...
10/08/2025

Apply Ease နဲ့အတူ လျှောက်ထားပြီး Destination Thailand Visa နှင့် Tourist Visa Approved ဖြစ်ထားတာလေးတွေပါ။

DTV ကို ဗီယက်နမ် မှတဆင့်၊ Tourist visa, Education Visa, Non-B Visa စသည်ဗီစာတို့ကို လာအို နှင့်ဗီယက်နမ် စသည့်နိုင်ငံများမှတဆင့်လျှောက်ထားနိုင်ပါသည်။

အသေးစိတ်ထပ်မံသိရှိလိုပါက
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀

မေး : ApplyEase Visa Services မှာဘယ်လို ဝန်ဆောင်မှုတွေရယူနိုင်သလဲ ? ဖြေ : ဟုတ်ကဲ့ ကျတော်တို့ ApplyEase မှာ ထိုင်းနိုင်ငံ...
29/07/2025

မေး : ApplyEase Visa Services မှာဘယ်လို ဝန်ဆောင်မှုတွေရယူနိုင်သလဲ ?

ဖြေ : ဟုတ်ကဲ့ ကျတော်တို့ ApplyEase မှာ ထိုင်းနိုင်ငံ Visa နဲ့ပတ်သက်တဲ့ ကိစ္စအကုန်လုံးကို ဝန်ဆောင်မှု ရယူနိုင်ပါတယ် ။

Visa ဆိုတဲ့ နေရာမှာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်တဲ့ ဘတ်ရိုက်ပြီး Non-LA ဗီဇာရယူတာကနေစလို့
ကုန်ကျစရိတ်အမြင့်ဆုံးဖြစ်တဲ့ Elite Visa အထိ ဝန်ဆောင်မှုရယူနိုင်ပါတယ် ။
အလည်ဗီဇာလို့ လူသိများတဲ့ Tourist Visa ကိုလည်း မြန်မာ/လာအို/Vietnam ကြိုက်ရာနေရာကနေ လျှောက်ထားပေးနိုင်ပါတယ် ။

မေး : Visa ကိစ္စအပြင် တခြားဘာဝန်ဆောင်မှုတွေရှိသေးလဲ ?

ဖြေ : Visa အပြင် ပက်စ်ပို့သက်တမ်းတိုး ဝန်ဆောင်မှုလည်း ရှိပါတယ် ။
ဒါ့အပြင်
မြန်မာကနေ ဘန်ကောက်ထိ အပြီးအစီး Package လိုက် ဝန်ဆောင်မှုအပ်နှံချင်တယ်‌ဆိုရင်လည်း
ပထမဆုံးလိုအပ်တဲ့ TR Visa ကနေစလို့ ရန်ကုန်-ဘန်ကောက်ရောက်သည်အထိ လူကြီးမင်းတို့ အနေနဲ့ ဘာတစ်ခုမှ လုပ်စရာမလိုပဲ ဘန်ကောက်ထိ ရောက်အောင် အစအဆုံးတာဝန်ယူ ဝန်‌ဆောင်မှုပေးပါတယ် ။
ဘန်ကောက်မှာနေထိုင်ဖို့ အခန်းလိုအပ်ရင်လည်း ရှာပေးဦးမှာ ဖြစ်လို့ အစအဆုံး အိတ်လေးဆွဲပြီး ခေါင်းအေးအေး နဲ့ ဘန်ကောက်အရောက် လာနိုင်မှာဖြစ်ပါတယ် ။
ဒီလို Package လိုက် ဝန်ဆောင်မှု ရယူထားသူများကို ဘန်ကောက်ရောက်ရှိပြီးနောက်ပိုင်း Visa Extension နဲ့ ရေရှည် Visa apply လုပ်ချိန်မှာလည်း တခြားသူများနဲ့မတူတဲ့ Special price တစ်ခုစီစဉ်ပေးဦးမှာပါပဲဖြစ်ပါတယ် ။

Work Permit (or) ဘတ်ရိုက်တယ်ဆိုတာဘာလဲ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်လိုသူတွေအတွက် အရေးအကြီးဆုံးကတော့ အလုပ်လုပ်ကိုင်ခွ...
19/07/2025

Work Permit (or) ဘတ်ရိုက်တယ်ဆိုတာဘာလဲ

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်လိုသူတွေအတွက် အရေးအကြီးဆုံးကတော့ အလုပ်လုပ်ကိုင်ခွင့် Work permit အထောက်အထားရှိဖို့ပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ White collar worker နဲ့ Blue Collar worker ဆိုပြီး workerတွေကို နှစ်မျိုးခွဲထားပါတယ် ။ ဒီနေ့ဝေမျှပေးသွားမှာကတော့ Blue collar သမားတွေအတွက် လိုအပ်တဲ့ work permit (or) ဘတ်ရိုက်ခြင်း ဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ် ။

Blue collar တွေအတွက် work permit ရဖို့လုပ်တာကို ဘတ်ရိုက်တယ်လို့ခေါ်ပါတယ် ။ work permit ရပြီးရင် ရလာမဲ့ဗီဇာကိုတော့ Non LA Visa လို့ခေါ်ပါတယ် (၁-၂နှစ် သက်တမ်းရှိပြီး အကယ်၍သက်တမ်းကုန်သွားခဲ့ရင်လည်း သက်တမ်းထပ်တိုးလို့ရပါတယ်) ။ Non LA ဗီဇာဆိုတာ လာအို/မြန်မာ/ ကမ္ဘောဒီးယား က နိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံမှာ အခြေခံ အလုပ်သမားအနေနဲ့ တရားဝင်အလုပ်လုပ်ခွင့် visa ပဲဖြစ်ပါတယ် ။ အဲ့ဒီလို blue collar သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့် ကဒ်လျှောက်တာကို ဘတ်ရိုက်တယ်လို့ခေါ်ကြပါတယ် ။ ဘတ် ဆိုတာ ထိုင်းလို ကဒ်ပြားလို့ အဓိပ္ပါယ်ရပါတယ် ။

ထိုင်းနိုင်ငံမှာ ရေရှည်နေလို့ရမဲ့ Visaတွေထဲမှာ ဘတ်ရိုက်တာဟာ စျေးအသက်သာဆုံးဖြစ်ပါတယ်။ နောက်ပြီး ဒီဗီဇာသမားတွေဟာ တရားဝင်အလုပ်လုပ်ခွင့်လည်းရှိတာဖြစ်လို့ မြန်မာအများစုကတော့ ထိုင်းမှာ ဘတ်ရိုက်ပြီး နေထိုင်ကြပါတယ်။

🔴ဘတ်ရိုက်တာကို ဘယ်သူတွေလုပ်သင့်လဲ

၁။ ထိုင်းနိုင်ငံကို Pv pasportနဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် visaသက်တမ်းသေသွားပေမယ့် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်လိုသူတွေ

၂။တရား မဝင်လာရောက်နေထိုင်သူတွေ

ဒီလူတွေအကုန် ဘတ်ရိုက်တာကိုလုပ်သင့်ပါတယ် ။ လုပ်လို့လည်းရပါတယ် ။

🔴ဆိုတော့ကာ ဘယ်လိုလူတွေက ဘတ်ရိုက်တာကို မလုပ်သင့်ဘူးလဲဆိုတာကို ဆက်ပြောပါမယ် ။

ဘတ်ရိုက်တယ်ဆိုတာက အခြေခံအလုပ်သမားကဒ်ဖြစ်တာကြောင့်မလို့ အကယ်လို့ visa status ကိုဂရုစိုက်တဲ့လူတွေ နောက်တစ်နိုင်ငံကို ကူးဖို့ Visa Tryနေသူတွေ မလုပ်သင့်ပါဘူး ။ white collar job တွေကိုလျှောက်တဲ့အခါမှာ လည်း ဘတ်ရိုက်ထားသူတွေဟာ အခြား ed visa / tr visa နေထိုင်သူများနဲ့ ယှဉ်ရင် ရနိုင်ခြေနည်းပါးပါတယ် ။ လုံးဝမရနိုင်တာမျိုးတော့မဟုတ်ပါဘူး ။ ဒီအချက်တွေကို ထည့်စဉ်းစားပြီး ဘတ်ရိုက်သင့်မရိုက်သင့်ဆုံးဖြတ်နိုင်ပါတယ် ။

ဘတ်ရိုက်ခြင်းကိုလုပ်ဆောင်ရာမှာ အလုပ်ရှင်သူဌေးရှိသူနဲ့ အလုပ်ရှင်သူဌေးမရှိသေးတဲ့သူဆိုပြီး နှစ်မျိုးထပ်ကွဲပါ သေးတယ် ။ သူဌေးမရှိသေးသူတွေ အလုပ်မရှိသေးသူတွေကတော့ အာမခံပေးမဲ့သူဌေးအငှါးနဲ့ ဘတ်ရိုက်လို့ရပေမယ့် ကုန်ကျစရိတ်ကတော့ ကွာဟမှာဖြစ်ပါတယ် ။

🔴ဘတ်ရိုက်တာကို အစိုးရကခွင့်ပြုထားတဲ့အချိန်မှာပဲ အချိန်မှီလျှောက်ထားရတာဖြစ်ပါတယ်။ ဘတ်ရိုက်တဲ့အခါ နယ်/အလုပ်ရှင်/အလုပ်ရှင်အကူးပြောင်းများကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

အခုဆိုရင် ထိုင်းအစိုးရအနေနဲ့ မကြာခင်မှာ work permit များကို တရားဝင်ဖွင့်ပေးဖို့ သေချာသလောက်ရှိနေပါပြီ။
work permit (ဘတ်ရိုက်ခြင်း) ကို မိမိဘာသာ ကိုယ်တိုင်လည်းလုပ်ဆောင်နိုင်သလို ယုံကြည်စိတ်ချရတဲ့ Agentတွေဆီမှာလည်း ဝန်ဆောင်မှု ရယူပြီး လုပ်ဆောင်လို့ရပါတယ် ။ ဒီနေရာမှာတော့ စိတ်ချယုံကြည်ရတဲ့အေးဂျင့်ကိုသေချာစုံစမ်းပြီးမှအပ်နှံသင့်ပါတယ်။

ဒါ့အပြင် ယခုလက်ရှိအချိန်ထိ ဘတ်ဖွင့်မဲ့နေ့ကို တရားဝင်ကြေညာထားတာမျိုးမရှိသေးလို့ စရံငွေကြိုသွင်းထားပြီး ဘတ်ရိုက်ပေးမယ်ဆိုတာမျိုးတွေကိုလည်း သေချာစုံစမ်းပြီးမှသာ လုပ်ဆောင်သင့်ပါတယ် ။ စရံငွေကို ၁၀၀၀-၂၀၀၀ ထက်ပိုပေးရတာမျိုးဆိုရင် ပြန်စဉ်းစားဖို့လိုပါမယ် ။ ဒါကတော့ ဘတ်ရိုက်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေဖြစ်ပါတယ် ။

ဘတ်ရိုက်ရင် လုပ်ဆောင်ရမဲ့အဆင့်တစ်ခုချင်းစီကိုတော့ နောက်ပို့စ်တစ်ခုမှာရှင်းပြပေးမှာမလို့ Page ကို Like & Follow လုပ်ထားဖို့တော့လိုမယ်နော် 🙏

ဘတ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ဆားဗစ်အပ်နှံချင်တာပဲ ဖြစ်ဖြစ် Visa နဲ့ပတ်သက်ပြီး အခြားသော အသေးစိတ် သိလိုသည်များရှိပါက
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀



#အားလုံးပဲအဆင်ပြေကြပါစေ ။

လက်ရှိ Ed Visa ကုန်ရင် ဘာVisa နဲ့ဆက်နေရမလဲတွေးပြီး ခေါင်းစားနေပြီလား ?? ဒါဆိုရင်တော့ နိုင်ငံပြင်ပကိုထွက်စရာမလိုပဲ လက်ရှိ...
14/07/2025

လက်ရှိ Ed Visa ကုန်ရင် ဘာVisa နဲ့ဆက်နေရမလဲတွေးပြီး ခေါင်းစားနေပြီလား ??

ဒါဆိုရင်တော့ နိုင်ငံပြင်ပကိုထွက်စရာမလိုပဲ လက်ရှိ ED Visa ကနေ နောက်ထပ် ED Visa တစ်နှစ်ထပ်မံရယူနိုင်မဲ့ Program လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

ဒီ Program လေးရဲ့အဓိကအားသာချက်ကတော့
နိုင်ငံပြင်ပကို ထွက်ခွာဖို့လုံးဝမလိုအပ်ပဲ Ed-Ed ဒုတိယနှစ် Visaထပ်မံသက်တမ်းတိုးနိုင်မှာဖြစ်လို့ အချိန်ကုန် ငွေကုန် သက်သာစေမှာပဲ ဖြစ်ပါတယ် ။

လက်ရှိအချိန်ထိလည်း ကျောင်းသားပေါင်းများစွာကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးပြီးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုအပ်နှံနိုင်ပါတယ်ခင်ဗျာ။

ဒီ Visa လေးအကြောင်းအသေးစိတ်ထပ်မံသိရှိလိုပါကလည်း
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀

ကျွန်တော်တို့ 𝗔𝗽𝗽𝗹𝘆𝗘𝗮𝘀𝗲 𝗩𝗶𝘀𝗮 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 နဲ့အတူ 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 (𝗡𝗼𝗻-𝗜𝗺𝗺𝗶𝗴𝗿𝗮𝗻𝘁 𝗢-𝗔) ကို မြန်မာနိုင်ငံမှ ဖြစ်စေ ထို...
07/07/2025

ကျွန်တော်တို့ 𝗔𝗽𝗽𝗹𝘆𝗘𝗮𝘀𝗲 𝗩𝗶𝘀𝗮 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 နဲ့အတူ 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 (𝗡𝗼𝗻-𝗜𝗺𝗺𝗶𝗴𝗿𝗮𝗻𝘁 𝗢-𝗔) ကို မြန်မာနိုင်ငံမှ ဖြစ်စေ ထိုင်းနိုင်ငံအတွင်းမှ ဖြစ်စေ လျှောက်ထားနိုင်ပါပြီခင်ဗျာ ❤️

ပထမဆုံးအနေနဲ့ 𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 ဆိုတာ ဘယ်လိုVisaမျိုးလဲဆိုတာကိုအရင်ရှင်းပြချင်ပါတယ်
𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 ဆိုတာကတော့ ထိုင်းနိုင်ငံမှာအငြိမ်းစားယူလိုသည့် အသက်(𝟱𝟬)နှစ်နှင့်အထက် နိုင်ငံခြားသား မည်သူမဆိုလျှောက်ထားနိုင်တဲ့ Visa တစ်မျိုးပဲဖြစ်ပါတယ် ။

ထိုင်းနိုင်ငံအတွင်းမှ လျှောက်ထားမယ်ဆိုရင်တော့ တစ်ရက်တည်း နေ့ချင်းပြီးး လျှောက်ထားလို့ရနိုင်မှာဖြစ်ပြီး ထိုင်းဘဏ်အကောင့်မရှိသေးပါကလည်း ထိုင်းဘဏ်အကောင့်ပါ တစ်ခါတည်း ဖွင့်ပေးမဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

𝗩𝗶𝘀𝗮 သက်တမ်းအားဖြင့်ကတော့
ပထမဆုံးအကြိမ် Visa ရရှိရင် 𝟭𝟱လ ရရှိမှာဖြစ်ပြီး 𝟱နှစ်အထိ တစ်နှစ်တစ်ခါ သက်တမ်းတိုးနေထိုင်နိုင်မှာဖြစ်ပါတယ် ။

ဗီဇာအတွက် သတ်မှတ်ချက်တွေအနေနဲ့ကတော့

◾𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 လျှောက်ထားသူသည် အနည်းဆုံး အသက် (𝟱𝟬) ရှိရပါမယ်
◾တစ်နှစ်ပတ်လုံး အနည်းဆုံး ထိုင်းဘတ်ငွေ 𝟴𝟬𝟬,𝟬𝟬𝟬 လက်ကျန်ရှိသော ထိုင်းဘဏ်အကောင့်
◾ နိုင်ငံခြားမှ လစဉ်ဝင်ငွေ (သို့) ပင်စင်လစာ အနည်းဆုံး ထိုင်းဘတ် (𝟲𝟱,𝟬𝟬𝟬) ရှိရပါမည် (သို့မဟုတ်) လစဉ်ငွေနှင့် ပေါင်းစပ်ပြီး ဘဏ်စာရင်းတွင် စုစုပေါင်း 𝟴,𝟬𝟬𝟬𝟬 ထိုင်းဘတ်ရှိရပါမယ် ။
◾ လက်ရှိကိုင်ဆောင်ထားသော 𝗧𝗼𝘂𝗿𝗶𝘀𝘁 𝗩𝗶𝘀𝗮 ကို ထိုင်းနိုင်ငံတွင်းမှာ 𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝘃𝗶𝘀𝗮 ပြောင်းရမည်ဖြစ်လို့ အနည်းဆုံး Visa လက်ကျန် (𝟭𝟱)ရက် ကျန်ရှိရပါမယ်ခင်ဗျာ

လိုအပ်တဲ့ စာရွက်စာတမ်းတွေအနေနဲ့ကတော့

✅Bank Statement (80000 THB)
✅Health Insurance
✅Police clearance certificate
✅Passport and Photos
✅Completed Visa Application Forms
✅ 4cm x 6cm size photo စတာတွေ လိုအပ်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ ဒါတွေအကုန်လုံးကို ခေါင်းရှုပ်ခံမပြင်ဆင်ချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ 𝗔𝗽𝗽𝗹𝘆𝗘𝗮𝘀𝗲 𝗩𝗶𝘀𝗮 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 ထံမှာအခုပဲ Service အပ်နှံနိုင်ပါတယ်ခင်ဗျာ ။

ကျွန်တော်တို့ဆီမှာ Service အပ်နှံမယ်ဆိုရင်
၁. Passport စာအုပ်
၂. ကိုယ်တစ်ပိုင်းဓာတ်ပုံ (နောက်ခံအဖြူ)
၃. အိမ်ထောင်စုစာရင်း
၄. မှတ်ပုံတင်မူရင်း နှင့် နိုတြီ စတာတွေသာ ပေးပို့ဖို့လိုအပ်ပါမယ် ။

𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 𝗩𝗶𝘀𝗮 ရဲ့ တစ်နှစ်သက်တမ်းတိုး ဝန်ဆောင်မှုကိုလည်းရယူနိုင်ပါတယ်ခင်ဗျာ ။

𝗩𝗶𝘀𝗮 နဲ့ပတ်သက်ပြီး အခြားသော အသေးစိတ် သိလိုသည်များရှိပါက
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့မဟုတ်)
𝗩𝗶𝗯𝗲𝗿 နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် 𝗔𝗽𝗽𝗹𝘆𝗘𝗮𝘀𝗲 နဲ့ လျှောက်🍀

ApplyEase Visa Services ဆီမှာ DTV Visa ကို rejected ဖြစ်မှာစိုးရိမ်ပူပန်စရာမလိုတော့ပဲ အဆင်ပြေလွယ်ကူစွာလျှောက်ထားနိုင်မယ်...
25/06/2025

ApplyEase Visa Services ဆီမှာ DTV Visa ကို
rejected ဖြစ်မှာစိုးရိမ်ပူပန်စရာမလိုတော့ပဲ အဆင်ပြေလွယ်ကူစွာလျှောက်ထားနိုင်မယ့်နည်းလမ်းရှိနေပါပြီ။🔔🔔🔔

မြန်မာ/လာအို/ဗီယက်နမ်နိုင်ငံတို့မှ တဆင့် လွယ်ကူချောမွေ့စွာ လျှောက်ထားနိုင်ပါပြီ။

(1) Destination thailand visa (DTV) ဆိုတာ ဘာလဲ❓

DTV Visa ဆိုတာ အလွယ်တကူပြောရရင် 5နှစ်သက်
တမ်းရမဲ့ Visa တစ်မျိုးဖြစ်တဲ့အပြင် Multiple Entry
ဖြစ်တဲ့အတွက် (၅)နှစ်အတွင်းမှာ အကြိမ်ရေအကန့်အသတ်မရှိ ဝင်ထွက်နိုင်ပြီး ထိုင်းနိုင်ငံ သို့ တစ်ကြိမ်ဝင်တိုင်း ရက်ပေါင်း(၁၈၀)အထိနေထိုင်ခွင့်ရမှာ ဖြစ်ပါတယ် ။

ရက်(၁၈၀)ပြည့်ပြီး နိုင်ငံအပြင်မထွက်ချင်ပါကလည်း Visa သက်တမ်းတိုးခွင့် ရှိပြီး တခါတိုးရင် ရက်ပေါင်း(၁၈၀)ရရှိမှာ ဖြစ်ပါတယ် ။

(2) DTV Visa ရဲ့ အားသာချက်ကဘာတွေလဲ / ဘယ်လိုလူမျိုးတွေလျှောက်ထားနိုင်လဲ ❓

ပထမဆုံးအနေနဲ့ DTV Visa ရဲ့ကုန်ကျစရိတ်ဟာ ကျောင်း‌ဗီဇာကုန်ကျစရိတ်နဲ့ မတိမ်းမယိမ်းပဲ ရှိပါတယ် ။ ဒါပေမယ့် DTV Visa ဟာ ၅နှစ်ရရှိမှာဖြစ်ပြီး Multiple Entry ပါရနိုင်တာမလို့ visa (၁)နှစ်ပဲ ရတဲ့ ကျောင်းဗီဇာထက် ပိုပြီးလူကြိုက်များ / ရေပန်းစာလာတာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် DTV Visa ကို အသက်(၂၀)ပြည့်ပြီးသူ Freelancer/ Digital Nomads သို့မဟုတ် Remote workerများ ၊ Muay Thai /Cooking Class သင်တန်းတက်သူများ အပြင် ထိုင်းမှာရေရှည်ဆေးကုသမှုခံယူသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ မည်သူမဆိုလျှောက်ထားနိုင်မှာဖြစ်ပါတယ် ။

(3) DTV Visa လျှောက်မယ်ဆိုရင် ဘာတွေလိုမလဲ ❓

DTV Visa လျှောက်မယ်ဆိုရင်

▪️ ပထမဦးဆုံးအနေနဲ့ လျှောက်ထားသူဟာ အသက်(၂၀)ပြည့်ပြီးသူ ဖြစ်ဖို့လိုပါမယ်

▪️ အနည်းဆုံး ဘတ်(၅)သိန်းနဲ့ညီမျှတဲ့ Bank Statement တစ်ခုပြနိုင်ရပါမယ်

▪️ မွှေထိုင်း (သို့) ထိုင်းCooking Class မှ သင်တန်းတက်ကြောင်းထောက်ခံစာ

▪️ Remote worker များတွက်ဆိုရင် Employment Contract, Employment certificate များလိုအပ်ပါမယ်။

▪️ Digital Nomads & Freelancer များအတွက်ဆိုရင်တော့ Professional Portfolio လိုပါမယ်။

▪️ ဆေးကုသမှုခံယူနေသူများအနေနဲ့ကတော့ Medical certificate & Appointment Letter တို့ လိုအပ်မှာ ဖြစ်ပါတယ် ။

(4) DTV Visa အတွက် ApplyEase က ဘယ်လိုဝန်ဆောင်မှုပေးမှာလဲ ?

▪️စာရွက်စာတမ်းပြည့်စုံပြီးဘယ်လိုလျှောက်ရမှန်းမသိသူများအတွက် စာရွက်စာတမ်းစိစစ်ပေးခြင်း၊ professional portfolio အတွက်လိုအပ်တဲ့အရေးအသား ကိုယ်နဲ့ကိုက်ညီတဲ့အချက်အလက်များပြင်ဆင်ပေးခြင်း၊

▪️စာရွက်စာတမ်းမရှိသူများအတွက် ကိုယ်နဲ့ကိုက်ညီမယ့် professional portfolioရေးသားပြင်ဆင်ပေးခြင်း၊ employment contract လိုအပ်ပါကပြင်ဆင်ပေးခြင်း။

▪️Bank Statement မရှိသူများအတွက်လဲ Bank Statement Service ဝန်ဆောင်မှု။

စသဖြင့် လိုအပ်တဲ့အချက်အလက်များကို လျှောက်ထားသူများအတွက်စီစဉ်ဆောင်ရွက်ပေးပါတယ် ။

(5) ဘယ်နိုင်ငံတွေကနေ လျှောက်ပေးမှာလဲ ? ဘယ်လိုလျှောက်ထားပေးမှာလဲ ?

အထူးသဖြင့် မြန်မာ/ဗီယက်နမ်/လာအို နိုင်ငံတို့မှ လျှောက်ထားပေးမှာဖြစ်ပြီး
💯လက်တလောအခြေအနေများအရ Visa ရရှိရန် သေချာမှုအများဆုံးရှိတဲ့ Cooking Class/Muay Thai ထောက်ခံစာတို့ဖြင့် အဓိက လျှောက်ထားပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ Service အပ်နှံနိုင်ပါတယ်ခင်ဗျာ ။

Visa နဲ့ပတ်သက်တဲ့ အခြားသော အသေးစိတ် သိလိုသည်များရှိပါကလည်း

Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀

ကျွန်တော်တို့ ApplyEase ရဲ့ အဆင်ပြေလှတဲ့ ဝန်ဆောင်မှုနဲ့အတူ 17/18 နှစ်ရက် မှာ Visa Approved ဖြစ်ခဲ့ကြတဲ့ ချစ်ရသော client ...
19/06/2025

ကျွန်တော်တို့ ApplyEase ရဲ့ အဆင်ပြေလှတဲ့ ဝန်ဆောင်မှုနဲ့အတူ 17/18 နှစ်ရက် မှာ Visa Approved ဖြစ်ခဲ့ကြတဲ့ ချစ်ရသော client များပါ 💯

ယုံကြည်စွာ Service အပ်နှံပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏

🤗 အလွယ်တကူခရီးရောက် ApplyEase နဲ့ Visa လျှောက် 🤗

ယခင်က ကျွန်တော်တို့ဝန်ဆောင်မှုပေးခဲ့တဲ့ Approved ဖြစ်ထား‌သော DTV/ED/TR / Non B Visa တချို့ နှင့် Visa Extension တချို့ပါ...
17/06/2025

ယခင်က ကျွန်တော်တို့ဝန်ဆောင်မှုပေးခဲ့တဲ့ Approved ဖြစ်ထား‌သော DTV/ED/TR / Non B Visa တချို့ နှင့် Visa Extension တချို့ပါ 🤗

ယုံကြည်စွာအပ်နှံပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးပါခင်ဗျာ 🙏🙏🙏

ကျွန်တော်တို့ ApplyEase Visa Services တွင် ရရှိနိုင်သောဝန်ဆောင်မှုများ___

1. Walk-in Extension / E extension
2. TR Visa (Myanmar / Laos / Cambodia / Vietnam)
3. Ed Visa
4. DTV Visa (Myanmar / Laos / Cambodia / Vietnam)
5. Non B Visa
6. Retirement Visa
7. Non O Visa
8. Elite Visa
9. ဘတ်ရိုက်ခြင်း
10. Myanmar Passport သက်တမ်းတိုးခြင်း
11. Vip Pass
12. တာချီလိတ်အဝင်လမ်းကြောင်း
13. ထိုင်းယာဉ်မောင်းလိုင်စင် လျှောက်ထားပေးခြင်း

ကျွန်တော်တို့ ApplyEase ဟာဆိုရင် Page မထောင်ခင် ယခင်တည်းက Visa နဲ့ပတ်သက်ပြီး ၁နှစ်ခွဲ အတွေ့အကြုံရှိ team member များနှင့် ဖွဲ့စည်းထားတာကြောင့် Visa မျိုးစုံကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ခင်ဗျာ 🙏

Visa နဲ့ပတ်သက်ပြီး အခြားသော အသေးစိတ် သိလိုသည်များရှိပါက
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် , ApplyEase နဲ့ လျှောက်🍀

ထိုင်းကို ၁၄ရက်နဲ့ပဲ လာလာ TR visa နဲ့ပဲလာလာ တစ်လသက်တမ်းတိုးမယ်ဆိုရင် ApplyEase မှ သက်တမ်းတိုးဝန်ဆောင်မှု ရယူနိုင်ပါတယ်ခင...
17/06/2025

ထိုင်းကို ၁၄ရက်နဲ့ပဲ လာလာ TR visa နဲ့ပဲလာလာ တစ်လသက်တမ်းတိုးမယ်ဆိုရင် ApplyEase မှ သက်တမ်းတိုးဝန်ဆောင်မှု ရယူနိုင်ပါတယ်ခင်ဗျာ ။

သက်တမ်းတိုးတဲ့အခါမှာ
1. ရိုးရိုး walk-in Extension(မနက်စောစောတန်းစီရ) နဲ့တိုးလို့လည်းရသလို
2. အချိန်ကုန်သက်သာစေမဲ့ Online E extension(တန်းစီစရာမလို၁၅မိနစ်ဝန်းကျင်နဲ့ပြီး) နဲ့လည်း တိုးလို့ရပါမယ်ခင်ဗျာ ။

✅ တိုးလို့ရမဲ့အကြိမ်အရေအတွက်ကတော့ ပုံမှန်အားဖြင့် အများဆုံး (၆) ကြိမ်ထိ တိုးလို့ရနိုင်မှာဖြစ်ပြီး
အကယ်၍ (၆)ကြိမ်ထက် ပိုတိုးချင်ခဲ့ပါကလည်း (၁၀) ကြိမ်ထိ တိုးလို့ရနိုင်တဲ့ VIP Extension ရှိပါဦးမယ်ခင်ဗျာ ။

ဝန်ဆောင်မှုမှာ ပါဝင်တာတွေကတော့
သက်တမ်းတိုးချိန်မှာလိုအပ်တဲ့ သံရုံးထောက်ခံစာ / Tm30 စတဲ့ စာရွက်စာတမ်းအကုန် ပြင်ဆင်ပေးမှာဖြစ်သလို Visa အတွက်ရုံးသွင်းငွေ 1900 (သို့) 2400 လည်း အပြီးအစီးပါဝင်မှာ ဖြစ်ပါတယ် ။

🔴 ဒါ့ကြောင့် ကျွန်တော်တို့ဆီမှာ သက်တမ်းတိုးဝန်ဆောင်မှုယူမယ်ဆိုရင်

1. Passport Bio စာမျက်နှာ
2. Visa အဝင်တုံး စာမျက်နှာ
3. ပက်စ်ပို့ဓာတ်ပုံ (နောက်ခံအဖြူ) စတဲ့ ၃ခုသာ ပေးဖို့လိုအပ်ပါမယ်ခင်ဗျာ ။

🤗 Visa ရရှိဖို့အတွက် လူကိုယ်တိုင် ဘေးကနေ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ လိုက်ပါဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် ရစ်ခံရမည်ကို စိုးရိမ်စရာမလိုပဲ မည်သည့်အခက်ခဲတစုံတရာမှ မရှိစေဖို့လည်း အာမခံပါတယ်ခင်ဗျာ ။

📌သံရုံးထောက်ခံစာ နဲ့ Tm30 အတွက်ကိုပဲ ဝန်ဆောင်မှု ရယူချင်တယ်ဆိုရင်လည်း ရနိုင်ပါတယ်ခင်ဗျာ 📌

Visa နဲ့ပတ်သက်ပြီး အခြားသော အသေးစိတ် သိလိုသည်များရှိပါက
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀

Visa အသစ်အတွက် နိုင်ငံပြင်ထွက်ဖို့ ခေါင်းရှုပ်နေပြီလား❓❓❓ဒါဆိုရင်တော့ လာအိုနိုင်ငံ🇱🇦 မှတဆင့် ထိုင်းဗီဇာလျှောက်ထားလိုသူမျ...
17/06/2025

Visa အသစ်အတွက် နိုင်ငံပြင်ထွက်ဖို့ ခေါင်းရှုပ်နေပြီလား❓❓❓

ဒါဆိုရင်တော့ လာအိုနိုင်ငံ🇱🇦 မှတဆင့် ထိုင်းဗီဇာလျှောက်ထားလိုသူများအတွက်လည်း ကျွန်တော်တို့ ApplyEase အနေနဲ့ Package လိုက် One Stop Service ဝန်ဆောင်မှုပေး‌လျက်ရှိကြောင်းသတင်းကောင်းပါးပါရစေခင်ဗျာ 🔔

လူကြီးမင်းတို့အနေဖြင့် လာအို နိုင်ငံ ဗီယန်ကျင်းက
နေတဆင့် ——-

▪️Tourist Visa (TR60)
▪️Education Visa (ED Visa)
▪️Destination Thailand Visa (DTV Visa)
▪️Non - Immigrant B Visa (Non B)
▪️Dependent Visa (Non O)

စတဲ့ Visa အမျိုးအစား အစုံအလင်ကို ApplyEase နဲ့အတူ သက်သာသော ဈေးနှုန်းဖြင့် အပြီးအစီးဝန်ဆောင်မှုရယူ လျှောက်ထားနိုင်ပါတယ် ။

✨ApplyEase ရဲ့ ထိုင်း ဗီဇာအမျိုးမျိုး Package ဝန်ဆောင်မှုမှာဆိုရင်

✅ Visa Fee
✅ လိုအပ်သော စာရွက်စာတမ်း ဖိုင်များစီစစ်ပြင်ဆင်ပေးခြင်း။
✅ Visa Submission
✅ ဘန်ကောက် - လာအိုနယ်စပ် အသွားအပြန် Express/Bus/Van/Flight Ticket များစီစဉ်ပေးခြင်း။
✅ နယ်စပ်အဝင်အထွက် အကြိုအပို့ (or) လေဆိပ်အကြိုအပို့ စီစဉ်ပေးခြင်း။
✅ Vientiane တွင် တည်းခိုဖို့ရာ Hotel Booking စီစဉ်ပေးခြင်း။
✅ သံရုံး အကြိုအပို့ စီစဉ်ပေးခြင်း။

စသဖြင့် အစအဆုံး ဝန်ဆောင်မှုများစွာ ပါဝင်မှာ ဖြစ်ပါတယ် ။

✨ဒါ့ကြောင့် Visa ကိစ္စကြောင့် ခေါင်းရှုပ်ခံမနေပဲ
အလွယ်တကူအဆင်ပြေသွားဖို့ဆိုရင် အခုပဲ
ApplyEase ကိုသာ ဆက်သွယ်လိုက်ဖို့ အကြံပြုချင်ပါ
တယ် ။✨

Visa နဲ့ပတ်သက်ပြီး အခြားသော အသေးစိတ် သိလိုသည်များရှိပါက
Page Messenger (သို့မဟုတ်)
Viber နံပါတ် : +66902615776 , +959401526871 တို့မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် ApplyEase နဲ့ လျှောက်🍀

Thailand E Visa (Tourist Visa) လျှောက်ချင်သူများအတွက် ကျွန်တော်တို့ ApplyEase Visa Services မှ အသက်သာဆုံး ဈေးနှုန်းဖြင့်...
14/06/2025

Thailand E Visa (Tourist Visa) လျှောက်ချင်သူများအတွက် ကျွန်တော်တို့ ApplyEase Visa Services မှ အသက်သာဆုံး ဈေးနှုန်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်ခင်ဗျာ ။

Thailand E Visa (TR60) ကို မြန်မာနိုင်ငံမှတဆင့် လျှောက်ထားမယ်ဆိုရင်တော့ ဒီ documents လေးတွေလိုအပ်ပါမယ်ခင်ဗျာ 🍀

- 6လအတွင်းရိုက်ကူးထားသော နောက်ခံအဖြူဓာတ်ပုံ Soft Copy
- အနည်းဆုံး သက်တမ်း 6လ ကျန်ရှိသော Passport Bio Page(Scan)
- အိမ်ထောင်စုဇယား (Scan)
- မှတ်ပုံတင် (Scan)
- Bank Statement

ကြာချိန် အားဖြင့် အမြန်ဆိုရင် အများဆုံး 7ရက်ဝန်းကျင်သာ ကြာမြင့်မှာဖြစ်ပြီး ရိုးရိုးဆိုရင်တော့ ၁၄-၁၈ ရက်ဝန်းကျင် ကြာမြင့်နိုင်ပါတယ်ခင်ဗျာ ။

✅ မှတ်ချက် ။ လာအို / Vietnam စတဲ့နိုင်ငံတွေကနေတဆင့် လျှောက်ထားလိုလျှင်လည်း လျှောက်ထားနိုင်ပါတယ် ။

ကျွန်တော်တို့ ApplyEase အနေဖြင့် လူကြီးမင်းတို့ရဲ့ Visa နဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို အဆင်ပြေလွယ်ကူချောမွေ့အောင် ဝန်ဆောင်မှုပေးနေတာကြောင့် အသေးစိတ် ထပ်မံသိရှိလိုပါက

✅Page Messenger (သို့မဟုတ်)
✅Viber နံပါတ် : +66902615776 / +959401526871 တို့မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

🍀 အလွယ်တကူခရီးရောက် — ApplyEase နဲ့ လျှောက် 🍀

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ApplyEase Visa Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์