Travel Ease Asia Visa, Tickets, Travel - Made Easy

Travel Ease Asia
25/04/2026

Travel Ease Asia

🚨 April လမှာ Visa သက်တမ်းကုန်မယ့်သူတွေ သတိ!ထိုင်းနိုင်ငံတွင် နေထိုင်နေပြီး April လအတွင်း Visa သက်တမ်းကုန်မယ့်သူများအတွက်...
29/03/2026

🚨 April လမှာ Visa သက်တမ်းကုန်မယ့်သူတွေ သတိ!

ထိုင်းနိုင်ငံတွင် နေထိုင်နေပြီး April လအတွင်း Visa သက်တမ်းကုန်မယ့်သူများအတွက် ဒီ Post လေးက အရမ်းအရေးကြီးပါတယ်။

💡 အပိုကုန်ကျစရိတ်တွေ ထပ်မကုန်ချင်ဘူးဆိုရင်
👉 April လမှာ အထူးသတိထားရပါမယ်!

📅 April 10 ရက်မှ 20 ရက်အတွင်း သက်တမ်းကုန်မယ်ဆိုရင်
ပိတ်ရက် Calendar ကို သေချာစစ်ပြီး

✔️ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ အရေးကြီးပါတယ်

❗️ မပြင်ဆင်ထားရင် ဘာတွေဖြစ်နိုင်လဲ?

💸 Overstay ကြေး တစ်ရက် 500 ဘတ် ပေးဆောင်ရနိုင်
📄 သံရုံးထောက်ခံစာ ထုတ်ရာတွင် အခက်အခဲများ ကြုံနိုင်ပြီး
🛂 Passport တွင် Overstay မှတ်တမ်း ကျန်ရှိနိုင်တာမို့...

✨ အခက်အခဲတွေ မဖြစ်အောင် ကြိုတင်ပြင်ဆင်လိုက်ပါ!

❗️ကြိုတင်ထောက်ခံစာထုတ်ထားဖို့နဲ့ ပိတ်ရက်နဲ့ မိမိ Visa သက်တမ်းကုန်မယ့်ရက်တိုက်နေတာမျိုးဆိုရင်တော့ မဖြစ်မနေကြိုတင်ပြင်ဆင်ကြဖို့ လိုပါတယ်..

📩 Visa သက်တမ်းတိုးခြင်း၊ စာရွက်စာတမ်းများအတွက် အကူအညီလိုအပ်ပါက
Travel Ease Asia ကို ဆက်သွယ်နိုင်ပါတယ်။

Ph - 0807075138

Fast Track Service Vs VIP Pass---------------------------------စာအများကြီး မဖတ်ချင်တဲ့ Travel Ease Asia ကို ယုံကြည်သူတွေ...
11/03/2026

Fast Track Service Vs VIP Pass
---------------------------------
စာအများကြီး မဖတ်ချင်တဲ့ Travel Ease Asia ကို ယုံကြည်သူတွေအတွက်
တိုတိုနဲ့ လိုရင်းကိုပဲ ရှင်းပြပါရစေခင်ဗျာ။

တခါတလေ Fast Track Service နဲ့ VIP Pass ကို
မှားယွင်းနားလည်နေကြတာတွေ တွေ့ရလို့ပါ။

Fast Track Service ကတော့
မိမိရောက်ချင်တဲ့နေရာကို မြန်မြန်ရောက်အောင် သွားနိုင်တဲ့
ပြိုင်ကားတစ်စီးနဲ့ တူပါတယ်။
အချိန်ကို သက်သာစေနိုင်ပါတယ်။
ဒါပေမယ့် အခြေအနေအချို့မှာတော့ မမျှော်လင့်ထားတဲ့
အခက်အခဲလေးတွေ ကြုံတတ်ပါတယ်။

VIP Pass ကတော့
မိမိသွားချင်တဲ့နေရာကို ကျိန်းသေရောက်စေမယ့်
အဆက်အသွယ်ကောင်းတစ်ခုနဲ့ တူပါတယ်။
တခါတလေမှာ Fast Track Service ကို ရွေးချယ်ပြီး
Immigration မှာ အခက်အခဲလေးတွေ ကြုံနေရတာတွေ တွေ့ဖူးတာမို့
မြန်တာထက် သေချာမှု ပိုရှိတဲ့ VIP Pass ကို ယူဖို့
Travel Ease Asia အနေနဲ့ တိုက်တွန်းပေးချင်ပါတယ်ခင်ဗျာ။

10/03/2026

Visa, Tickets, Travel - Made Easy

Visa သက်တမ်းတိုးဖို့ အချိန် ဘယ်လောက်ကြာမှာလဲ? ⏳------------------------------------------------------ထိုင်းမှာ ရောက်နေပြ...
09/03/2026

Visa သက်တမ်းတိုးဖို့ အချိန် ဘယ်လောက်ကြာမှာလဲ? ⏳
------------------------------------------------------
ထိုင်းမှာ ရောက်နေပြီး နေထိုင်ဖို့ သက်တမ်းတိုးရာမှာ
စာရွက်စာတမ်းပြင်ဆင်ချိန်ကို ဖယ်ထားလိုက်ရင်
သက်တမ်းတိုးတဲ့နေ့မှာ ကြာချိန်က မတူနိုင်ပါဘူး။

ဒါကြောင့် သက်တမ်းတိုးမယ့်နေ့မှာ
ဘယ်လောက်အချိန်ခန့် ကြာနိုင်လဲဆိုတာကို မျှဝေလိုက်ပါတယ်ခင်ဗျာ —
ဥပမာအားဖြင့်
ထိုင်းကို အလည်ဗီဇာနဲ့ လာပြီး (၁) လ သက်တမ်းတိုးမယ်ဆိုရင်
ပုံမှန်အခြေအနေမျိုးမှာ —
• IT Square (Laksi) မှာ တိုးမယ်ဆိုရင် — ၁ မှ ၃ နာရီခန့် ကြာနိုင်ပါတယ်
• Government Complex (Chaengwattana) မှာ တိုးမယ်ဆိုရင် — ၁ နာရီခွဲခန့်အထိ အများဆုံး ကြာနိုင်ပါတယ်
• E-Extension ဖြင့် တိုးမယ်ဆိုရင် — မိနစ် ၂၀ ခန့်သာ အချိန်ပေးရုံနဲ့ ရနိုင်ပါတယ်
(လူအရေအတွက်နှင့် ရုံးလုပ်ငန်းအခြေအနေအပေါ်မူတည်ပြီး အချိန်ကွာခြားနိုင်ပါတယ်)
အလုပ်ကိစ္စများရှိတဲ့နေ့မျိုးဆို
သက်တမ်းတိုးဖို့ အချိန်တွက်ချက်နိုင်စေရန်
အခုလို မျှဝေလိုက်တာပါခင်ဗျာ။
လိုအပ်ချက်အရလည်း အဆင်အပြေဆုံးဖြစ်မယ့်နည်းကို အကြံပြုပေးနိုင်တာမို့ အသေးစိတ်ကိစ္စများအတွက် Travel Ease Asia ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ..

တခါတလေ ခရီးဆိုတာလည်ဖို့သွားတာမဟုတ်ဘူး…ကိုယ့်ကိုယ်ကို ပြန်ရှာဖို့ သွားတာပါ။နေ့စဉ်ဘဝရဲ့ အလုပ်တွေ၊ တာဝန်တွေ၊ စိတ်ဖိစီးမှုတွ...
08/03/2026

တခါတလေ ခရီးဆိုတာ
လည်ဖို့သွားတာမဟုတ်ဘူး…
ကိုယ့်ကိုယ်ကို ပြန်ရှာဖို့ သွားတာပါ။

နေ့စဉ်ဘဝရဲ့ အလုပ်တွေ၊ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေကြားမှာ
ကိုယ့်အတွက် အချိန်လေးပေးဖို့ မမေ့ပါနဲ့။

ပင်လယ်လှိုင်းသံကြားမှာ
စိတ်အေးအေးလေး ထိုင်နေရတာကလည်း ကုသခြင်းတစ်မျိုးပါ။ 🌊

တောင်တန်းလေတိုက်သံထဲမှာ
ကိုယ့်အတွေးတွေကို ပြန်လည်စီစဉ်နိုင်ပါတယ်။ 🌄

မြို့ပြရဲ့ အလင်းရောင်တွေကြားမှာ
အသစ်တစ်ခု စတင်နိုင်ပါတယ်။ 🌆

ဘယ်နေရာကိုပဲ ရွေးချယ်ရွေးချယ်
အရေးကြီးတာက — သင်ကိုယ်တိုင် ပျော်ရွှင်ဖို့ပါ။

✨ Ready for your next chapter?

Visa Approved Success Story------------------------------------ထိုင်းနိုင်ငံအတွက်ရော မလေးရှားနိုင်ငံမှာပါ 1 လလောက်နေဖို့...
06/03/2026

Visa Approved Success Story
------------------------------------
ထိုင်းနိုင်ငံအတွက်ရော မလေးရှားနိုင်ငံမှာပါ 1 လလောက်နေဖို့ရှိတဲ့အခါ Free Visa နဲ့ ဝင်တာထက်စာရင် ကြိုတင်ပြီး ဗီဇာလျှောက်လာခဲ့ရင် အချိန်ကုန်၊ ငွေကုန် သက်သာစေပါတယ်… ထိုင်းနိုင်ငံအတွက်ဆို 2 လထိ နေထိုင်ခွင့် လျှောက်လို့ရပြီး မလေးနိုင်ငံ အတွက်ဆို 1 လ နေထိုင်ခွင့် လျှောက်လို့ရပါတယ် ခင်ဗျ... အဝင်အထွက်များမယ့်သူများအတွက်လည်း Tourist Visa ကိုမှ သတ်မှတ်ထားသောအချိန်အတွင်း ဝင်လိုက် ထွက်လိုက်လုပ်နေရင်တောင် သုံးလို့ ရမယ့် Tourish Visa ( Multiple ) ကို လျှောက်ထားနိုင်ပါတယ်ခင်ဗျ... Visa ကိစ္စများအတွက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်ပြီး... လေယာဉ်လက်မှတ်များကိုလည်း အလွန်သက်သာသောဈေးဖြင့် ဝယ်ယူပေးလျက်ရှိပါတယ် ခင်ဗျ...

✈️ Trip Planning ServicePlan မရှိဘဲ ခရီးမသွားပါနဲ့…ခရီးသွားမယ်ဆိုပြီးFlight ဘယ်လိုရွေးမလဲ?Hotel ဘယ်နားကောင်းလဲ?ဘယ်နေရာတွ...
04/03/2026

✈️ Trip Planning Service
Plan မရှိဘဲ ခရီးမသွားပါနဲ့…

ခရီးသွားမယ်ဆိုပြီး
Flight ဘယ်လိုရွေးမလဲ?
Hotel ဘယ်နားကောင်းလဲ?
ဘယ်နေရာတွေ လည်သင့်လဲ?
ကိုယ်တိုင် စီစဉ်ရင် အချိန်ကုန်၊ စိတ်ရှုပ်၊ အမှားဖြစ်နိုင်ပါတယ်။
Travel Ease Asia ကတော့ —
✔️ Flight Booking
✔️ Hotel Reservation
✔️ Airport Transfer Arrangement
✔️ Daily Itinerary Planning
✔️ Tour & Activity Booking
✔️ Budget Planning Guidance

အစအဆုံး စနစ်တကျ စီစဉ်ပေးပါတယ်။
🎯 မိမိရဲ့ Budget နဲ့ အကြိုက်အလိုက် Customize လုပ်ပေးနိုင်ပါတယ်။
🎯 တာဝန်ယူပြီး ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်သည့် အရေအတွက်သာ လက်ခံဆောင်ရွက်ပါတယ်။

အချိန်မပေးနိုင်သူများ၊ စိတ်ရှုပ်မခံချင်သူများအတွက်
📩 Trip Plan လိုချင်ရင် Travel Ease Asia ကို ယခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။
နောက်ပိုင်းမှာလည်း Trip Plan လေးတွေ Free မျှဝေပေးသွားဦးမှာ ဖြစ်ပါတယ်။

ဟန်ဂေရီကနေ ဘန်ကောက်လာဖို့ကို ကြိုတင်စီစဉ်ထားခဲ့ပေမဲ့ လက်ရှိ‌ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းကတဆင့်လ...
02/03/2026

ဟန်ဂေရီကနေ ဘန်ကောက်လာဖို့ကို ကြိုတင်စီစဉ်ထားခဲ့ပေမဲ့ လက်ရှိ‌ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းကတဆင့်လာမယ့် လေယာဉ်တွေ ဖျက်သိမ်း(cancel) လိုက်ရတာတွေ ရှိနေပါတယ်... အဲ့ဒါကြောင့် ရက်ကပ်မှ အဆင်ပြေဆုံးဖြစ်မယ့် လေယာဉ်လေးကို ဝယ်လိုက်ရတာမျိုးတွေ ရှိနေပါတယ်... ဒီထက် အချိန်ပိုသက်သာမယ့် လေယာဉ်မျိုးတွေ ရှိနေပေမဲ့ ဈေးနှုန်း ၂ ဆ လောက်ဖြစ်နေတာမို့ အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းလေးကိုပဲ ဝယ်ယူပေးခဲ့ပါတယ် ခင်ဗျ...

နိုင်ငံခြားသွားဖို့အတွက်ဖြစ်ဖြစ် ပြည်တွင်းသွားဖို့အတွက်ဖြစ်ဖြစ် လေယာဉ်လက်မှတ်ဝယ်ချင်ပါက Travel Ease Asia ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျ...

ထိုင်းကို အလည်လာမယ့်သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေ 👇🌶️ Food (အစားအသောက်)• Street food က အရမ်းနာမည်ကြီး အရမ်းစားလို့ကေ...
01/03/2026

ထိုင်းကို အလည်လာမယ့်သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေ 👇

🌶️ Food (အစားအသောက်)
• Street food က အရမ်းနာမည်ကြီး အရမ်းစားလို့ကောင်း— Pad Thai, Tom Yum, Mango Sticky Rice မဖြစ်မနေ စားကြည့်စေချင်ပါတယ် 🍜
• အစားအစာတချို့က စပ်နိုင်ပါတယ် — “Mai Phed” (အစပ်မထည့်ဘူး) လို့ ပြောနိုင်ပါတယ်
• Drinking water ကတော့ 7 က Mineral Water ဆိုတာလေးတွေက ကျွန်တော်တို့နဲ့ ပိုအဆင်ပြေပါတယ်...
🌤️Weather (ရာသီဥတု)
• ထိုင်းမှာ ပူတတ်လို့ light clothes ယူဖို့အကြံပေးပါရစေ
• Sunscreen ကတော့ မဖြစ်မနေ လိုပါတယ်...
• မိုးတွင်းဆိုရင်တော့ ဒီရောက်တာနဲ့ ထီးပြေးဝယ်ထားတော့...
🛡️ Safety (လုံခြုံရေး)
• Tourist area တွေမှာ လုံခြုံပေမယ့် အရေးကြီး စာရွက်စာတမ်းတွေကိုတော့ ပိုသတိထားစေချင်ပါတယ်...
• Taxi သုံးမယ်ဆိုရင် Grab လို App သုံးတာ ပိုအဆင်ပြေပါတယ်.. (Bolt ကတော့ ပိုသက်သာတယ်)
• Passport ကို အမြဲမသယ်ထားဘဲ Copy ထားတာ ပိုကောင်းပါတယ်. ဓာတ်ပုံပြရင် လက်မခံဘဲ passport copy ပြလို့တော့ ရပါတယ်...

ထိုင်းမှာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့ ဆုတောင်းပေးရင်း... တခြားနိုင်ငံများအတွက်လည်း ဆက်လက်မျှဝေနိုင်အောင် ကြိုးစားနေပါတယ်...

✈️ Visa, Ticket, Travel Planning အစအဆုံး လိုအပ်ရင် Travel Ease Asia ကို ဆက်သွယ်နိုင်ပါတယ်နော် 💙

ที่อยู่

Bangkok

เวลาทำการ

จันทร์ 10:00 - 16:00
อังคาร 10:00 - 16:00
พุธ 10:00 - 16:00
พฤหัสบดี 10:00 - 16:00
ศุกร์ 10:00 - 16:00
เสาร์ 10:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel Ease Asiaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์