S&T Visa Services

โทร

S&T Visa Services ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก S&T Visa Services, หนังสือเดินทางและบริการวีซ่า, Phetchaburi 7 Alley, Thung Phaya Thai, Ratchathewi, Bangkok

ထိုင်းနိုင်ငံမှာ အချိန်ကြာကြာနေနိုင်ဖို့အတွက်
လိုအပ်တဲ့နေထိုင်ရေး ဗီဇာ အမျိုးမျိုးကိုတစ်နေရာထဲမှာ ယုံကြည်၊စိတ်ချ၊မြန်ဆန်၊မှန်ကန်မှု 𝐒&𝐓 မှအထူးဝန်ဆောင်မှုပေးနေပါပြီ။

📣Passport အမျိုးအစား အသီးသီး သို့ Passport သက်တမ်းတိုးတာအတွက် 19.08.2026 Updateလေးပါ။ 📣🔹အရင်ကမြန်မာ သံရုံးမှာ ပတ်စပို့သက...
19/08/2026

📣Passport အမျိုးအစား အသီးသီး သို့ Passport သက်တမ်းတိုးတာအတွက် 19.08.2026 Updateလေးပါ။ 📣

🔹အရင်ကမြန်မာ သံရုံးမှာ ပတ်စပို့သက်တမ်းတို့တဲ့အခါ PV ကနေ ကိုယ့်မှာရှိတဲ့ visa အလိုက် ပတ်စပို့ အမျိုးအစားခွဲခြားပြီးတော့ သက်တမ်းတိုးပေးပါတယ်။ ကြိုတင်ရက်ချိန်းယူစရာမလိူဘဲ walk-in သက်တမ်း တိုးလို့ရပါတယ်။
🔹ဒီနေ့ကစပြီးပြောင်းလဲလိုက်တဲ့ လုပ်ငန်းစဉ် update ရှိပါတယ်။ 19 August 2026ကစပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ PV အမျိုးအစားတစ်ခုတည်းအတွက်မဟုတ်ဘဲ passport အမျိုးအစားမတူတာကိုပြောင်းရင် သံရုံးမှာမိမိ အချက်အလက်တွေဖြည့်ပြီး အရင်formတင်ခဲ့ရပါမယ်။
🔹နေပြည်တော် ပြည်ထဲရေးက မိမိ အမည်စာရင်း အချက်အလက်ကို စစ်ဆေးပြီး သက်တမ်းတိုးဖို့ နာမည်စာရင်းပါကြောင်း သံရုံးဘက်က ထုတ်ပြန် အကြောင်းကြားမှသာ သက်တမ်းတိုးလို့ရမှာပါ။

✅ဘယ်သူတွေ ကကြိုတင် form ဖြည့်ရမဲ့အထဲမှာ အကျုံးဝင်လဲ?

အမျိုးအစားမတူတဲ့ Passport type မှန်သမျှ အကျုံးဝင်ပါတယ်။

📍ဥပမာ - PV ➡️ PE

ခုလက်ရှိ PV passport ကိုင်ထားတယ် Visa က student visaလက်ရှိ ကိုင်ထားတဲ့သူဆိုရင် သက်တမ်းတိုးရင် PEပြောင်းမှာဖြစ်ပါတယ်။ အဲ့အတွက် form တင်ရမဲ့အထဲအကျုံးဝင်ပါတယ်။

📍📍ဥပမာ - PE ➡️ PJ
ခုလက်ရှိ PE passport ကိုင်ထားတယ် ကျောင်းပြီးလို့အလုပ်ရလို့ Visa က Non-B Visa နဲ့နေနေတယ်။ ပတ်စပို့က ခုကုန်တော့မှာဆိုရင် ခုချိန် သက်တမ်းတိုးရင် PJဖြစ်မှာမလို့ ကြိုတင် formဖြည့်ရမဲ့သူတွေထဲမှာအကျုံးဝင်ပါတယ်။

📍📍📍ဥပမာ - PV ➡️ PJ

ခုလက်ရှိ passport က PV ကိုင်ထားတယ်။ ခုလက်ရှိ Non-LA Visa နဲ့နေထိုင်နေတယ်ဆိုရင် သက်တမ်းတိုးတဲ့အချိန်မှာ အရင်က PJကို ပြောင်းလို့လွယ်ပေမဲ့ ခုချိန်မှာတော့ ကြိုတင် ခွင့်ပြုချက်တောင်းခံရမဲ့အထဲပါဝင်ပါတယ်။

❓အဲတာဆိုရင် ဘယ်သူတွေ က form တင်စရာမလိုဘဲ ပုံမှန်အတိုင်းတိုးလို့ရလဲ?

PE ➡️ PE ✅
PJ ➡️ PJ ✅
PT ➡️ PT ✅
ခုလက်ရှိ ကိုင်ထားတဲ့ passport အမျိုးအစားက ကိုယ် လက်ရှိနေထိုင်နေတဲ့ visa အမျိုးအစားအလိုက် ထုတ်ပေးထားတဲ့ passport အမျိုးအစားဖြစ်နေမယ်ဆိုရင် ဒါ့အပြင် ခုချိန်သက်တမ်းတိုးတဲ့အချိန်မှာလည်း နေထိုင်တဲ့ visaကပြောင်းလဲတာမျိုးမရှိရင် formတင်စရာမလိုဘဲpassport သက်တမ်းတိုးလို့ရမှာပါ။

🔺ဥပမာ - အစကတည်းက ထိုင်းကိုကျောင်းတက်ဖို့ PEနဲ့ရောက်လာတယ်။ ခုသက်တမ်းကုန်လို့ ထပ်တိုးမဲ့အချိန်မှာလည်း နေနေတဲ့ visaကကျောင်းသား visa (ED Visa) ဖြစ်နေမယ်ဆိုရင် formတင်ဖို့မလိုပါဘူး။

🔹အဓိကကတော့ အရင်လို သက်တမ်းကုန်ခါနီးမှ ကပ်ပြီး သက်တမ်းတိုးလို့ရမှာမဟုတ်တော့ဘဲ အနည်းဆုံး သုံးလကြိုတင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပြည်ထဲရေးကနေ ခွင့်ပြုချက်ကျဖို့ အနည်းဆုံး 2 ပတ်ကနေ 3လထိကြာနိုင်ပါတယ်။ အဲ့တော့ သက်တမ်းတိုးမဲ့သူတွေက ပတ်စပို့သက်တမ်း 6လအောက်ကျန်မှမဟုတ်ဘဲ အနည်းဆုံး တစ်နှစ်ကနေ ကိုးလကျန်တဲ့အချိန်မှာ စပြီး သက်တမ်းတိုးဖို့ပြင်ဆင်ရမဲ့ အခြေအနေပါ။ ခုလက်ရှိ ကုန်ခါနီးသမားတွေအနေနဲ့လည်း ခုကတည်းကကြိုတင်ပြင်ဆင်ထား မှသာ visa သက်တမ်း အပြည့်မရမှာ/ သက်တမ်းကျော်မှာတွေ မဖြစ်မှာပါ။ 🙏

🔴Smart Card တောင်းတာမျိုးတော့မရှိသေးပါဘူး။

🙏ပတ်စပို့ကိစ္စအသေးစိတ်ကို page ဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🙏

📣PV ကနေ passport လဲမပေးတာက သံရုံးက အမိန့်ကြေငြာစာမထွက်သေးပါဘူး။ 📣မနက်ဖြန်မနက်မှ ပုံမှန်အတိုင်းလဲပေးမလား သတင်းထွက်နေသလိုမ...
18/08/2026

📣PV ကနေ passport လဲမပေးတာက သံရုံးက အမိန့်ကြေငြာစာမထွက်သေးပါဘူး။ 📣
မနက်ဖြန်မနက်မှ ပုံမှန်အတိုင်းလဲပေးမလား သတင်းထွက်နေသလိုမျိုး နေပြည်တော်ကခွင့်ပြုချက်ရမှတိုးပေးမှာလားဆိုတာ သိရမှာပါ။
သတင်းက ခုညထွက်တာမလို့ စောင့်ကြည့်မှသိရပါမယ်ရှင့်။ 🙏

🙏📣ခုရက်ပိုင်း ED Visa record ရှိဖူးတဲ့သူရော ED Visa language program ကိုင်ထားတဲ့သူတွေရော နိုင်ငံအဝင်အထွက်လေး ဖြစ်နိုင်ရင...
08/06/2026

🙏📣ခုရက်ပိုင်း ED Visa record ရှိဖူးတဲ့သူရော ED Visa language program ကိုင်ထားတဲ့သူတွေရော နိုင်ငံအဝင်အထွက်လေး ဖြစ်နိုင်ရင် ခဏ မထွက်ပါနဲ့ဦးရှင်။

VIP pass နဲ့တောင် reject caseတွေဖြစ်နေတာမလို့ visaကုန်လို့ နိုင်ငံအပြင်ထွက်ပြန်ဝင်လာမယ်ဆိုရင်လည်း သေချာစဉ်းစားပြီးမှထွက်ဖို့ recommend ပေစပါတယ်ရှင့်။ 📣🙏

အစ်မခုဂျပန်ရောက်နေတာမလို့ တစ်ခုခုဆို ရိုးရိုးဖုန်းမရရရင် Lineကနေဖုန်းခေါ်လို့ရပါတယ်ရှင့်။ 🙏

လက်ရှိ နိုင်ငံအလိုက် visa exemption ရတဲ့ update ပါရှင်။
22/05/2026

လက်ရှိ နိုင်ငံအလိုက် visa exemption ရတဲ့ update ပါရှင်။

🙏အစ်မဆီ ED-ED Extension တိုးမဲ့ကျောင်းသားတွေအတွက် Year 2 / Year 3 သမားတွေအတွက် Old Student Discountရှိပါမယ်နော်။🙏💕သက်တမ်...
28/04/2026

🙏အစ်မဆီ ED-ED Extension တိုးမဲ့ကျောင်းသားတွေအတွက် Year 2 / Year 3 သမားတွေအတွက် Old Student Discountရှိပါမယ်နော်။🙏💕

သက်တမ်းတစ်နှစ်ထပ်တိုးရင် နိုင်ငံပြင်ပထွက်စရာမလိုပါ။

✅Year 2 - 4500 Cash Back
✅✅Year 3 - 6000 Cash Back

သုံးယောက်အထက် စုအပ်ရင် extra 1000 စီထပ်လျော့ပေးပါမယ်ရှင့်။🙏

🤩ED-EDသမားတွေCancellation free of chargeလုပ်ပေးပါတယ်။

🙏ပတ်စပို့ကို ခုတိုးရတော့မလား ဘယ်ချိန်တိုးရမလဲအကြံဉာဏ်လာတောင်းကြလို့ ဒါလေးကိုတင်ပေးတာပါ။ 😇အားလုံးက အရမ်းလန့်နေကြလို့ တိုး...
19/03/2026

🙏ပတ်စပို့ကို ခုတိုးရတော့မလား ဘယ်ချိန်တိုးရမလဲအကြံဉာဏ်လာတောင်းကြလို့ ဒါလေးကိုတင်ပေးတာပါ။ 😇

အားလုံးက အရမ်းလန့်နေကြလို့ တိုးပါတိုးပါလို့ မလိုအပ်ဘဲတော့ မတိုးစေချင်ပါဘူး။ မတိုးနဲ့လို့ပြောဖို့ရာလည်း ခက်တဲ့အခြေအနေပါ။😅
အခြေအနေကတစ်ဦးနဲ့တစ်ဦးမတူတာမလို့ သေချာလေးစဉ်းစားပြီးမှ တိုးပါနော်။
ခုအခြေအနေကတော့ စောင့်ကြည့်နေရဆဲမလို တစ်ခုမဟုတ်တစ်ခု ဖြေရှင်းနည်းကတော့ရှိလာမှာပါ။
✅တကယ်ကုန်ခါနီးသမားတွေကတော့အချိန်မဆွဲသင့်တဲ့အချိန်ပါ။
😇လိုအပ်တာရှိရင် လုပ်ဖြစ်သည်ဖြစ်စေ ၊ မဖြစ်စေ လာမေးပြီးအကြံဉာဏ်တောင်းလို့ရပါတယ်။
‼️လမ်းကြောင်းနဲ့တိုးတဲ့အခါ စျေးလည်းမနည်းတာမလို့ ခုချိန် အားလုံးကတိုးဖို့ပြောနေကြတော့ သေချာ စဉ်းစားလို့ရအောင်ပါ။ ‼️
Visa တွေ service ပေးကတည်းက မလိုအပ်တာမကုန်အောင် ဖြစ်နိုင်ချေအားလုံးကို consult လုပ်ပြီးမှ အကောင်းဆုံးကိုအကြံပေးတာမလို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ serviceယူဖို့ ရည်ရွယ်ချက်နဲ့ အကြံမပေးပါဘူးရှင်။ အကောင်းဆုံးကိုသာ ရည်ရွယ်ပြီးအကြံပေးပါတယ်။ ✅
ယုံကြည်ပြီးသက်တမ်းတိုးလာအပ်ကြတာကိုလည်းကျေးဇူးတင်ပါတယ်ရှင့်။ ခုချိန်ကအားလုံးက စိုးရိမ်နေကြလို့ စာအဝင်လေးတွေလည်းများတာမို့ စာပြန်တာကြာနေရင် ဖုန်းဆက်လို့ရပါတယ်။ 🙏

📞ပတ်စပို့သက်တမ်းတိုးတာနဲ့ပက်သက်ပြီးအသေးစိတ်ဆွေးနွေးလိုပါက
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

📣Passport ကဘန်ကောက်သံရုံးမှာတော့လက်ရှိအချိန်ထိ အရင်စနစ်အဟောင်းတိုင်း UID မပါဘဲ သက်တမ်းတိုးပေးနေပါတယ်။📣UID နဲ့ epassport ...
19/03/2026

📣Passport ကဘန်ကောက်သံရုံးမှာတော့လက်ရှိအချိန်ထိ အရင်စနစ်အဟောင်းတိုင်း UID မပါဘဲ သက်တမ်းတိုးပေးနေပါတယ်။📣

UID နဲ့ epassport က 2027မှစမယ်လို့ရေးထားပါတယ်။ ✅
🔹လက်ရှိကတော့ ဥပဒေအသစ်ကို ထုတ်ပြန်ထားတာဖြစ်ပြီးတော့ စနစ်အတွက်ပြင်ဆင်နေတုန်းပါ။ နည်းဥပဒေအသေးစိတ်ထွက်လာဖို့ရှိမယ်ထင်ပါတယ်။
🔹ခုလက်ရှိအထိ အခြေအနေကမြန်မာနိုင်ငံမှာသက်တမ်းတိုးမယ်ဆိုရင်တော့ UID မရှိရင် လက်မခံပါဘူး။ ဘာလို့ဆို ကိုယ်တိုင် 13ရက်နေ့ကမှတိုးလာတာမလို့ပါ။
🔹ဘန်ကောက်သံရုံးတွေဘက်ကတော့ ဘယ်နေ့မှာ UIDစတင်ပြီး လိုအပ်ပါမယ် ပြောထာတာမရှိသေးပါဘူးရှင်။ လက်ရှိ သက်မှတ်ချက်အတိုင်း ကိုက်ညီရင်တော့ တိုးလို့ရပါမယ်ရှင့်။

🔹နည်းဥပဒေအသေးစိတ်ထွက်လာတာကိုစောသ့်ကြည့်ရပါမယ်ရှင့်။

ညကျရင်ဘယ်လို အခြေအနေမျိုးဆို ကြိုတိုရသင့်လဲ ဘယ်လိုမျိုးဆို မတိုးလည်းရလဲဆိုတာမျိုးကိုအသေးစိတ်ရေးပေးပါမယ်ရှင့်။ 🙏

🤔EID/e-ID ကဘာလဲ ?UID ကဘာလဲ? UID နဲ့Smart cardနဲ့တူတူပဲလား ဆိုပြီး pageမှာလာမေးကြလို့ပါ။ 🔹မိမိရဲ့ မှတ်ပုံတင်အချက်အလက်တွေ ...
19/03/2026

🤔EID/e-ID ကဘာလဲ ?UID ကဘာလဲ? UID နဲ့Smart cardနဲ့တူတူပဲလား ဆိုပြီး pageမှာလာမေးကြလို့ပါ။

🔹မိမိရဲ့ မှတ်ပုံတင်အချက်အလက်တွေ လဝကရဲ့ system ထဲကို ရေးသွင်းတာကို EID လို့ခေါ်ပြီး
🔹အဲ့လိုသွင်းပြီးရင် ကိုယ်ပိုင် ဂဏန်း (10)လုံး သတ်မှတ်ပေးပါတယ် အဲ့ဒီ ဂဏန်း (10)လုံးက UID (Unique Identification Number)လို့ခေါ်ပါတယ်။
📍ပိုရှင်းအောင်ပြောရရင် e-ID စနစ်ဆိုတာက နိုင်ငံသား ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ ကျား/မ စတဲ့Demographic အချက်အလက်တွေနဲ့ Biometrics အချက်အလက်တွေဖြစ်တဲ့ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်၊ မျက်နှာသွင်ပြင်တွေကို ကောက်ယူပေါင်းစပ်ပြီး ဂဏန်း ၁၀ လုံး ပါဝင်တဲ့ Unique Identification (UID) နံပါတ်ထုတ်ပေးတဲ့စနစ်ပါ

✅အဲ့ဒီ UID ရှိပြီးသားသူကို ကတ်ပြန်ထုတ်ပေးတာကို Smart Card ထုတ်ပေးတယ်ခေါ်ပါတယ်။
🔹Smart Card ဆိုတာက UID ကဒ်ရပြီးမှ နောက်ပိုင်းမှာ ပန်းရောင် မှတ်ပုံတင်ကတ်အစား ထုတ်ပေးမဲ့ဟာပါ။
‼️ခုလက်ရှိထုတ်ပေးနေတဲ့ အဖြူအမဲစာရွက်နဲ့ scanပါတဲ့ဟာက UID ပဲရှိပါသေးတယ်။ UID ကဒ်လို့ပဲပြောလို့ရပါသေးတယ်။ ‼️
📍UID or Smart Card လုပ်ဖို့ Biomatric ရိုက်ရန်အတွက်
EID အချက်အလက်များ ကြိုစစ်သင့်ပါတယ် ။
အချက်အလက်တွေကို အောက်က websiteမှာကြိုစစ်လို့ရပါတယ်။
https://service.eid.gov.mm

🔷UID အတွက် အချက်အလက်မမှန်ရင် လုပ်လို့မရပါဘူး။ အမှား အကြီး ကနေ အသေးလေးက အစ လဝကရဲ့ ကွန်ပျူတာထဲမှာ မတူရင်
အရင်ဆုံး အမှားပြင်ပေးရမှာ ဖြစ်ပါတယ်။ မိမိမှတ်ပုံတင်လုပ်ခဲ့တဲ့ လဝကရုံးတွေမှာပြင်လို့ရပါတယ်၊
ဒါကြောင့် EID ကြိုစစ်ရန်လိုတာပါ ။
UID number ရဖို့အတွက်က လဝကရုံးမှာ နိုင်ငံသားကဒ်ယူသွားပြီး UID ကိုလျှောက်လို့ရပါတယ်။
ခုလက်ရှိဘန်ကောက်မှာကတော့ UID မလိုဘဲ passport သက်တမ်းတိုးပေးနေသေးပေမဲ့ policyအပြောင်းအလဲအရ ဘာမဆိုပြောင်းနိုင်တာမလို့ passport ကုန်ခါနီးသူများ၊ ရိုးရိုးတိုးလို့အဆင်မပြေသူများ ခုချိန် ကြိုတိုးဖို့ recommend ပေးပါတယ်။

📞ပတ်စပို့သက်တမ်းတိုးတာနဲ့ပက်သက်ပြီးအသေးစိတ်ဆွေးနွေးလိုပါက
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

📣📍ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် passport ထုတ်ပေးရေး အတွက်ပြဌာန်းလိုက်တဲ့ ဥပဒေအသစ် အသေးစိတ်ပါ။ Electroni...
18/03/2026

📣📍ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် passport ထုတ်ပေးရေး အတွက်ပြဌာန်းလိုက်တဲ့ ဥပဒေအသစ် အသေးစိတ်ပါ။ Electronic Passport System ကို ပြောင်းတော့မှာပါ။ အတိုကောက်ကတော့ ePassport (chips)အဖြစ်စတင်သုံးတော့မှာပါ။ 📣📍

Suvarnbhumi လေဆိပ်မှာဆိုရင် တချို့နိုင်ငံသားတွေက immigration officer ဆီမှာ တန်းစီစရာမလိုဘဲ passport ကို Auto Laneကနေ ဖြတ်သွားတာတွေ တွေ့ဖူးကြမှာပါ။ အဲ့ဒီ လို Auto laneတွေ မြန်မာပတ်စပို့က နောက်ပိုင်းသုံးလိုရတော့မဲ့သဘောပါ။

ePassportဆိုတာက chips သုံးပြီး database တွေနဲ့ချိတ်ဆက်ထားတာမလို့ အရင်လို ပတ်စပို့ကို နာမည်ပြောင်းပြီး အသစ်လုပ်တာမျိုးတွေ လုပ်လို့မရနိုင်တော့ပါဘူး။

ဥပဒေ အသစ် ပုဒ်မ 29-30 အရ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွါး အတွက် ပြဌာန်းထားတဲ့အချက်တွေနဲ့ ငြိရင် ပတ်စပို့ထုတ်ပေးခွင့်ကို ငြင်းပယ်လို့ရပါတယ်။

အသစ်ပြဌာန်းထားတဲ့ဥပဒေအရ အောက်ပါအချက်တွေနဲ့ ငြစွန်းရင် passport ထုတ်ပေးမှာမဟုတ်တော့ပါဘူး။

🔹နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မခိုင်လုံခြင်း။
🔹နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သူလို့ ယူဆရခြင်း။
🔹တရားရုံးက ပြစ်ဒဏ်ကျခံနေရသူ သို့မဟုတ် တရားခံပြေးဖြစ်နေခြင်း။
🔹ပြည်ပနိုင်ငံတစ်ခုခု၏ တည်ဆဲဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း။ (ပြည်ပနိုင်ငံတွေမှာOverstay ဖြစ်နေရင် ဒါမှမဟုတ် ဥပဒေချိုးဖောက်ထားရင် မြန်မာဘက်က ပတ်စပို့ သက်တမ်းမတိုးပေးဘဲ နေလို့ရပါတယ်)။

📍ဥပဒေဟောင်းမှာ အရင်က ပတ်စပို့ ထုတ်မပေးတာမျိုး သိပ်မရှိသလို၊ ပယ်ဖျက်ဖို့ကလည်း ခက်ပါတယ်။

အောက်ပါအခြေအနေတွေမှာ ပတ်စပို့ကို ပြန်သိမ်းတာ (သို့မဟုတ်) ပယ်ဖျက်တာ ခံရနိုင်ပါ တယ်။

🔹ပတ်စပို့ပျောက်ဆုံးသွားလို့ အသစ်ပြန်လျှောက်တဲ့အခါ။
🔹နိုင်ငံသားအဖြစ်မှ ရပ်စဲခံရတဲ့အခါ။
🔹ပတ်စပို့စာအုပ်ဟာ သုံးစွဲလို့မရအောင် ပျက်စီးနေတဲ့အခါ။

📍ဥပဒေဟောင်း: အရင်က စာအုပ်ကိုပဲ အဓိကထားပြီး လူကိုယ်တိုင် စိစစ်တာမျိုးပါ။
🔹ဥပဒေသစ် (ပုဒ်မ ၃-စ၊ ဍ): အခုမှာတော့ UID (Unique Identification Number) နဲ့ e-Passport (Chip) စနစ်ကို အခြေခံလိုက်ပါပြီ။ ဆိုလိုတာက လက်ဗွေ၊ မျက်နှာသွင်ပြင် ဒေတာတွေက ဗဟိုစနစ်နဲ့ ချိတ်ဆက်ထားတဲ့အတွက် လူတစ်ယောက်က နာမည်ပြောင်းပြီး ပတ်စပို့ အုပ်ရေအများကြီး လုပ်တာမျိုး လုံးဝမရတော့ပါဘူး။

📍ဥပဒေဟောင်း: အရင်က ပြစ်ဒဏ်တွေက သိပ်မပြင်းထန်သလို၊ ဒဏ်ငွေကလည်း ခေတ်နဲ့မညီတော့ပါဘူး။
🔹ဥပဒေသစ် (ပုဒ်မ ၃၅ မှ ၄၂): ပတ်စပို့ထဲက အချက်အလက်ပြင်ရင်၊ အတုလုပ်ရင် ထောင်ဒဏ် ၆ လမှ ၃ နှစ် အထိ ကျနိုင်ပါတယ်။
ကိုယ့်ပတ်စပို့ကို သူများဆီ ရောင်းတာ၊ ပေါင်နှံတာ လုပ်ရင်လည်း ထောင်ဒဏ် ၁ နှစ် အထိ ရှိလာပါတယ်။
ဒဏ်ငွေတွေကလည်း သိန်းဂဏန်း (၅ သိန်းမှ ၁၀ သိန်းအထိ) တိုးသွားပါတယ်။

#ကိုးကား

📣တတိယနှစ် Extension တိုးမဲ့ ကျောင်းသားဟောင်း များတွက် Cancellation Free of charge + Cash Back 3500 B Promotion လေးလည်းရှ...
17/03/2026

📣တတိယနှစ် Extension တိုးမဲ့ ကျောင်းသားဟောင်း များတွက် Cancellation Free of charge + Cash Back 3500 B Promotion လေးလည်းရှိပါတယ်။ 😇

🤔ချင်းမိုင်မှာ ဒုတိယနှစ် University Language ED Visa ကုန်လို့ နိုင်ငံပြင်ပမထွက်ချင်သေးဘူး နောက်ထပ် တစ်နှစ်- တတိယနှစ်ကိုနိုင်ငံပြင်ပမထွက်ဘဲ နိုင်ငံတွင်းမှာပဲ ထပ်တက်ချင်တယ်ဆိုရင် 1 year stamp တစ်ခါတည်းရတဲ့ ကျောင်းလေးရှိပါတယ်။ ✅

Cancellationပါအပါ တစ်ခါတည်း လုပ်ပေးပြီး Transportation ပါတစ်ခါတည်းစီစဉ်ပေးပါတယ်။

📞အသေးစိတ်ကို
မဟေဇယ်ရဲ့ သက်ဆိုင်ရာ Line/Viber/CB ဒါမှမဟုတ် ဖုန်း
082-431-8657 ကိုဆက်သွယ်ပြီး တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
You can contact directly to my line
Hazel
Line number: +66824318657
Line ID : hazel_nuts_
Viber : +66824318657

ที่อยู่

Phetchaburi 7 Alley, Thung Phaya Thai, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+66824318657

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ S&T Visa Services โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์