VV Travels & Tours

  • Home
  • VV Travels & Tours

VV Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VV Travels & Tours, หนังสือเดินทางและบริการวีซ่า, No. 293 Phetkasem Road Phasi Charoen Bangwa, .

မင်္ဂလာပါ ✨🍀
VV Travels and Tours မှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်။

မြန်မာနိုင်ငံသားများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက်
Consulting Service ၊ Visa Application Service များကို
အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါသည်။

𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐒𝐭𝐚𝐲 အတွက် ဘယ် 𝐕𝐢𝐬𝐚 က သင့်အတွက် သင့်တော်မလဲ? 🤔ထိုင်းနိုင်ငံမှာ ကြာရှည်နေထိုင်ချင်တဲ့ လူများစွာအတွက် မေးလေ့ရှိတ...
18/07/2026

𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐒𝐭𝐚𝐲 အတွက် ဘယ် 𝐕𝐢𝐬𝐚 က သင့်အတွက် သင့်တော်မလဲ? 🤔

ထိုင်းနိုင်ငံမှာ ကြာရှည်နေထိုင်ချင်တဲ့ လူများစွာအတွက် မေးလေ့ရှိတဲ့ မေးခွန်းကတော့ "𝐄𝐃 𝐕𝐢𝐬𝐚 လျှောက်ရမလား? 𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 လျှောက်ရမလား?" ဆိုတာပါပဲ
ဒီ𝐕𝐢𝐬𝐚 နှစ်မျိုးလုံးကတော့ 𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐒𝐭𝐚𝐲 အတွက် အသုံးပြုနိုင်ပေမယ့် ရည်ရွယ်ချက် (𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐨𝐟 𝐒𝐭𝐚𝐲) မတူညီတဲ့အတွက် မိမိနဲ့ကိုက်ညီတဲ့ 𝐕𝐢𝐬𝐚 အမျိုးအစားကို သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။
____________________________________

🎓 𝐄𝐃 𝐕𝐢𝐬𝐚 (𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐕𝐢𝐬𝐚)
𝐄𝐃 𝐕𝐢𝐬𝐚 ဆိုတာ ထိုင်းနိုင်ငံတွင် တရားဝင် ပညာသင်ယူမည့်သူများအတွက် ထုတ်ပေးတဲ့ 𝐕𝐢𝐬𝐚 ဖြစ်ပါတယ်။ ဒါဟာ 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 (ထိုင်းစာ၊ အင်္ဂလိပ်စာ)၊ တက္ကသိုလ်၊ 𝐌𝐮𝐚𝐲 𝐓𝐡𝐚𝐢 𝐀𝐜𝐚𝐝𝐞𝐦𝐲၊ ချက်ပြုတ်သင်တန်း စတာတွေအထိ ပါဝင်ပါတယ်။

💡 𝐄𝐃 𝐕𝐢𝐬𝐚 ရဲ့ အဓိက အချက်များ
🔹ထိုင်းနိုင်ငံကိုဝင်ရောက်ပြီးနောက် ၉၀ ရက် နေထိုင်ခွင့်ရရှိပြီး၊ ကျောင်း/သင်တန်းရဲ့ သက်တမ်းအလိုက် ၁ နှစ်အထိ 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧 လုပ်နိုင်ပါတယ်
🔹𝐄𝐃 𝐏𝐥𝐮𝐬 𝐕𝐢𝐬𝐚 လျှောက်ထားသူတွေအတွက်ကတော့ 𝐂𝐨𝐮𝐫𝐬𝐞 သင်ယူနေစဉ်အတွင်း 𝐑𝐞-𝐞𝐧𝐭𝐫𝐲 𝐏𝐞𝐫𝐦𝐢𝐭 မလိုဘဲ နိုင်ငံပြင်ပ ဝင်ထွက် လုပ်နိုင်ပါတယ်
🔹ဘွဲ့ရပြီးနောက် ၁ နှစ် အလုပ်ရှာဖို့/ခရီးသွားဖို့ ဆက်နေနိုင်ပြီး အလုပ်ရှိလာရင် 𝐕𝐢𝐬𝐚 အမျိုးအစား ပြောင်းလဲရမှာဖြစ်ပါတယ်။

⚠️ အရေးကြီးသတိပြုရန်
🔹ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လုံးဝမရှိပါ၊ မိပါက (𝐕𝐢𝐬𝐚 𝐑𝐞𝐯𝐨𝐜𝐚𝐭𝐢𝐨𝐧) 𝐕𝐢𝐬𝐚 ပယ်ဖျက်ခံရနိုင်ပါတယ်
🔹2026 ခုနှစ် စည်းကမ်းသစ်များအရ "𝐕𝐢𝐬𝐚 𝐌𝐢𝐥𝐥" လို့ခေါ်တဲ့ ကျောင်းအစစ်အမှန် မတက်ဘဲ 𝐕𝐢𝐬𝐚 ရရှိဖို့သက်သက် လျှောက်ထားသူများကို 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 က တင်းကျပ်စွာ စစ်ဆေးလာပါတယ်
🔹ကျောင်းတက်မှတ်တမ်းကို 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 ထံ လစဉ် တိုက်ရိုက်ပို့ရပါမည်။
_____________________________________

💼 𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 (𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐕𝐢𝐬𝐚)
𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 ဆိုတာ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်ခန့်အပ်ခံရသူ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဖွင့်လှစ်လိုသူ၊ 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐜𝐚𝐫𝐞𝐞𝐫 အနေဖြင့် ထိုင်းမှာ အခြေချ အလုပ်လုပ်ချင်သူများအတွက် ထုတ်ပေးတဲ့ 𝐕𝐢𝐬𝐚 ဖြစ်ပါတယ်။

💡𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 ရဲ့ အဓိက အချက်များ
🔹𝐕𝐢𝐬𝐚 သက်တမ်းက ၉၀ ရက်ဖြစ်ပြီးနောက် ၁ နှစ်စာ 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧 လျှောက်ထားနိုင်ပါတယ်
🔹တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် ထိုင်းဘဏ်အကောင့် ဖွင့်ရလွယ်ကူပါတယ်
🔹မိသားစုပါ ခေါ်ယူ နေထိုင်နိုင်ပြီး လုပ်ငန်းလည်ပတ်နေသရွေ့ နှစ်စဉ် 𝐕𝐢𝐬𝐚 ဆက်တိုက် တိုးသွားလို့ရပါတယ်။

⚠️ အရေးကြီးသတိပြုရန်
🔹𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 လျှောက်ပြီးရင် တရားဝင် 𝐖𝐨𝐫𝐤 𝐏𝐞𝐫𝐦𝐢𝐭 ကိုပါ ဆက်လက်လျှောက်ထားရပါမယ်
🔹𝐖𝐨𝐫𝐤 𝐏𝐞𝐫𝐦𝐢𝐭 မရှိဘဲ အလုပ်လုပ်ပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိငွေဒဏ် ရိုက်ခံရနိုင်ပါတယ်
_____________________________________

📍မမှန်ကန်တဲ့ 𝐕𝐢𝐬𝐚 အမျိုးအစားနဲ့ ဝင်ရောက်ပါက နောက်ပိုင်းမှာ ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။
ဘယ် 𝐕𝐢𝐬𝐚 နဲ့ လျှောက်သင့်လဲ မသေချာသေးဘူးဆိုရင် 𝐕𝐕 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 ကိုဆက်သွယ်ပြီး အခမဲ့ အကြံဉာဏ်ယူလိုက်ပါရှင့်....🙏

📩 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞၊ 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠၊ နဲ့ 𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭 ဝန်ဆောင်မှုများကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link : https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/

#ခရီးစဉ်လမ်းညွှန် #ထိုင်းဗီဇာ

အခုထိ ချစ်ရတဲ့သူတွေနဲ့ ပျင်းစရာကောင်းတဲ့𝙳𝚊𝚝𝚎မျိုး လုပ်နေတုန်းလား 🤷‍♂️"ဒီနေ့ ဘယ်သွားမလဲ" "ဘာစားမလဲ" ဆိုတဲ့ ပျင်းစရာကောင်း...
16/07/2026

အခုထိ ချစ်ရတဲ့သူတွေနဲ့ ပျင်းစရာကောင်းတဲ့𝙳𝚊𝚝𝚎မျိုး လုပ်နေတုန်းလား 🤷‍♂️
"ဒီနေ့ ဘယ်သွားမလဲ" "ဘာစားမလဲ" ဆိုတဲ့ ပျင်းစရာကောင်းတဲ့ ပုံစံခွက်ဟောင်းကြီးအတိုင်းပဲ ဖြတ်သန်းနေရတာကို ငြီးငွေ့နေပြီဆိုရင်တော့ ဘန်ကောက်မြို့မှာ ချစ်သူ/𝙱𝙵𝙵 နဲ့အတူ ပျော်စရာအပြည့်နဲ့ တစ်သက်တာအမှတ်တရဖြစ်စေမယ့် 𝚁𝚘𝚖𝚊𝚗𝚝𝚒𝚌 & 𝙲𝚛𝚎𝚊𝚝𝚒𝚟𝚎 𝙳𝚊𝚝𝚎 𝚂𝚙𝚘𝚝𝚜 (၅) ခုကို မျှဝေပေးလိုက်ပါတယ်နော်။ 👇

1️⃣ 𝙲𝚕𝚊𝚢 𝙲𝚒𝚛𝚌𝚕𝚎 𝙱𝚊𝚗𝚐𝚔𝚘𝚔 🎨
📍 𝙱𝚕𝚘𝚌𝚔 28 𝙲𝚛𝚎𝚊𝚝𝚒𝚟𝚎 & 𝚂𝚝𝚊𝚛𝚝𝚞𝚙 𝚅𝚒𝚕𝚕𝚊𝚐𝚎, 𝚂𝚊𝚖𝚢𝚊𝚗
𝙿𝚘𝚝𝚝𝚎𝚛𝚢 𝚂𝚝𝚞𝚍𝚒𝚘 လေးမှာ 𝚆𝚑𝚎𝚎𝚕 𝚝𝚑𝚛𝚘𝚠𝚒𝚗𝚐/ 𝙷𝚊𝚗𝚍 𝚋𝚞𝚒𝚕𝚍𝚒𝚗𝚐 နဲ့ ကိုယ်ပိုင် 𝙲𝚎𝚛𝚊𝚖𝚒𝚌 ပုံစံလေးတွေ ဖန်တီးလို့ရပါတယ်။ ချစ်သူ (သို့) သူငယ်ချင်းနဲ့ တွဲပြီး ဖန်ခွက်၊ ပန်းအိုးလေးတွေ ကိုယ်တိုင်ပုံပုံဖော်၊ ဆေးသုတ်ပြီး အထူးခြားဆုံး လက်ဆောင်အဖြစ် ပေးအပ်နိုင်ပါတယ်။ နှစ်ယောက်အတူ အနုပညာဆန်ဆန် အချိန်ကုန်ဆုံးချင်တဲ့ စုံတွဲတွေနဲ့ 𝙱𝙵𝙵 တွေအတွက် သွားသင့်တဲ့ နေရာလေးပါ👩‍❤️‍👨👭

2️⃣ 𝚂𝚖𝚒𝚝𝚑𝚎𝚛𝚒𝚎𝚜 𝚆𝚘𝚛𝚔𝚜𝚑𝚘𝚙 💍
📍 𝚃𝚑𝚘𝚗𝚐𝚕𝚘𝚛 20, 𝚂𝚞𝚔𝚑𝚞𝚖𝚟𝚒𝚝 𝚂𝚘𝚒 55
𝙹𝚎𝚠𝚎𝚕𝚛𝚢 𝚂𝚝𝚞𝚍𝚒𝚘 လေးမှာ 𝚜𝚒𝚕𝚟𝚎𝚛 ကနေ 𝚁𝚒𝚗𝚐၊ 𝙴𝚊𝚛𝚛𝚒𝚗𝚐 စတာလေးတွေ ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။ 𝙸𝚗𝚝𝚎𝚗𝚜𝚒𝚟𝚎 𝙾𝚗𝚎-𝚍𝚊𝚢 𝙲𝚕𝚊𝚜𝚜 က ၅ နာရီလောက် ကြာပြီး၊ 𝚂𝚒𝚕𝚟𝚎𝚛 15𝚐 နဲ့ လိုအပ်တဲ့ 𝚃𝚘𝚘𝚕 အားလုံး ပါဝင်ပါတယ်။ အချိန်ကုန်ရကျိုးနပ်ပြီး တကယ့်ကို တန်ဖိုးရှိတဲ့ အမှတ်တရပစ္စည်းတစ်ခုကို အတူတူ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလက်ဝတ်ရတနာ စတူဒီယိုကို လှမ်းခဲ့ဖို့ ညွှန်းပါရစေ💎✨

3️⃣ 𝙼𝚢 𝙾𝚗𝚕𝚢 𝙵𝚛𝚊𝚐𝚛𝚊𝚗𝚌𝚎 𝙱𝚊𝚗𝚐𝚔𝚘𝚔 🌸
📍 𝚂𝚘𝚒 𝙲𝚑𝚞𝚕𝚊 5 (𝚂𝚞𝚊𝚗 𝙻𝚞𝚊𝚗𝚐 𝚂𝚚𝚞𝚊𝚛𝚎), 𝚆𝚊𝚗𝚐 𝙼𝚊𝚒, 𝙿𝚊𝚝𝚑𝚞𝚖 𝚆𝚊𝚗
ဂျပန် 𝙺𝚢𝚘𝚝𝚘 ကနေ လာတဲ့ 𝙿𝚎𝚛𝚏𝚞𝚖𝚎 𝙱𝚛𝚊𝚗𝚍 ဖြစ်ပြီး၊ 𝚂𝚌𝚎𝚗𝚝 40-60 ကျော်ကို 𝚃𝚘𝚙/𝙼𝚒𝚍𝚍𝚕𝚎/𝙱𝚊𝚜𝚎 𝙽𝚘𝚝𝚎 အလိုက် ရွေးပြီး ကိုယ်ပိုင် 𝙵𝚛𝚊𝚐𝚛𝚊𝚗𝚌𝚎 ကို 𝙱𝚕𝚎𝚗𝚍 လုပ်နိုင်ပါတယ်။ ဗူးပေါ်မှာ ကိုယ့်နာမည်ရိုက်ပေးတာမို့ 𝚂𝚎𝚗𝚝𝚒𝚖𝚎𝚗𝚝𝚊𝚕 𝙶𝚒𝚏𝚝 အဖြစ် အကောင်းဆုံးပါ။ ကိုယ်ပိုင် အနံ့အရသာကို စူးစမ်းရှာဖွေရတာ ကြိုက်တဲ့သူတွေအတွက် အိုအေစစ်တစ်ခုပါပဲ🧪🍃

4️⃣ 𝚃𝚛𝚞𝚎𝙻𝚘𝚟𝚎@𝙽𝚎𝚟𝚎𝚛𝚕𝚊𝚗𝚍 🐶
📍 𝚂𝚘𝚒 𝙰𝚛𝚒 𝚂𝚊𝚖𝚙𝚑𝚊𝚗 2, 𝚂𝚊𝚖𝚜𝚎𝚗 𝙽𝚊𝚒, 𝙿𝚑𝚊𝚢𝚊 𝚃𝚑𝚊𝚒
𝙷𝚞𝚜𝚔𝚢 ခွေးလေးတွေနဲ့ ကစားရမယ့် 𝙱𝚊𝚗𝚐𝚔𝚘𝚔 ရဲ့ ထင်ရှားတဲ့ 𝙷𝚞𝚜𝚔𝚢 𝙲𝚊𝚏é ပါ။ 𝙵𝚕𝚞𝚏𝚏𝚢 𝙷𝚞𝚜𝚔𝚢 ၂၀-၃၀ ကျော်၊ 𝙰𝚔𝚒𝚝𝚊၊ 𝚂𝚊𝚖𝚘𝚢𝚎𝚍၊ 𝙾𝚕𝚍 𝙴𝚗𝚐𝚕𝚒𝚜𝚑 𝚂𝚑𝚎𝚎𝚙𝚍𝚘𝚐 စတာတွေပါ ရောနှောပြီး 𝙿𝚕𝚊𝚢𝚝𝚒𝚖𝚎 𝚂𝚎𝚜𝚜𝚒𝚘𝚗 ၂ ကြိမ်ပဲ ရှိတာမို့ အစောကြီး သွားရင် ကောင်းပါတယ်။ အင်မတန် ချစ်စရာကောင်းပြီး အမွှေးပွပွ 𝙷𝚞𝚜𝚔𝚢, 𝚂𝚊𝚖𝚘𝚢𝚎𝚍 ခွေးကြီးတွေ ဝိုင်းအုံနေတဲ့ ပျော်ရွှင်စရာ တစ်နေ့တာ 𝙲𝚑𝚒𝚕𝚕 𝙳𝚊𝚝𝚎 အနေနဲ့ အရမ်း သင့်တော်ပါတယ်🐕🐾

5️⃣ 𝚂𝚔𝚢𝚕𝚒𝚗𝚎 𝙵𝚒𝚕𝚖 𝙱𝚊𝚗𝚐𝚔𝚘𝚔 🎬
📍 𝚁𝚒𝚟𝚎𝚛 𝙲𝚒𝚝𝚢 𝙱𝚊𝚗𝚐𝚔𝚘𝚔, 5𝚝𝚑 𝙵𝚕𝚘𝚘𝚛 (𝚁𝚘𝚘𝚏𝚝𝚘𝚙)
𝚁𝚘𝚘𝚏𝚝𝚘𝚙 ပေါ်မှာ 𝙳𝚎𝚌𝚔 𝚌𝚑𝚊𝚒𝚛 နဲ့ 𝚆𝚒𝚛𝚎𝚕𝚎𝚜𝚜 𝚑𝚎𝚊𝚍𝚙𝚑𝚘𝚗𝚎 နဲ့ ရုပ်ရှင်ကြည့်ရတဲ့ 𝙾𝚞𝚝𝚍𝚘𝚘𝚛 𝙲𝚒𝚗𝚎𝚖𝚊 𝙴𝚡𝚙𝚎𝚛𝚒𝚎𝚗𝚌𝚎 လေးပါ။ 𝙱𝚊𝚗𝚐𝚔𝚘𝚔 𝙲𝚒𝚝𝚢 𝚅𝚒𝚎𝚠 ကို နောက်ခံထားပြီး 𝙽𝚒𝚐𝚑𝚝 𝙼𝚘𝚟𝚒𝚎 𝙳𝚊𝚝𝚎 လုပ်ရတာ 𝚁𝚘𝚖𝚊𝚗𝚝𝚒𝚌 𝚅𝚒𝚋𝚎 ကိုရစေပါတယ်။ 𝚅𝚊𝚕𝚎𝚗𝚝𝚒𝚗𝚎'𝚜 𝚆𝚎𝚎𝚔 မှာ 𝚂𝚙𝚎𝚌𝚒𝚊𝚕 𝙿𝚛𝚘𝚐𝚛𝚊𝚖တွေလည်း ရှိတတ်တာမို့ 𝙲𝚘𝚞𝚙𝚕𝚎 𝙳𝚊𝚝𝚎 အတွက် 𝙿𝚎𝚛𝚏𝚎𝚌𝚝 ပါနော်🎧🍿

🎁 ဘာကြောင့် ဒီလို 𝙰𝚌𝚝𝚒𝚟𝚒𝚝𝚢 တွေက 𝚂𝚙𝚎𝚌𝚒𝚊𝚕 ဖြစ်လဲ?
ချစ်သူ/သူငယ်ချင်းနဲ့ တွဲပြီး ကိုယ်တိုင် 𝙿𝚘𝚝𝚝𝚎𝚛𝚢 ပန်းအိုးလုပ်၊ 𝚂𝚒𝚕𝚟𝚎𝚛 𝚁𝚒𝚗𝚐 လုပ်၊ ကိုယ်ပိုင် 𝙿𝚎𝚛𝚏𝚞𝚖𝚎 𝙱𝚕𝚎𝚗𝚍 လုပ်၊ 𝙷𝚞𝚜𝚔𝚢 လေးတွေနဲ့ ကစား၊ 𝚁𝚘𝚘𝚏𝚝𝚘𝚙 မှာ 𝙼𝚘𝚟𝚒𝚎 ကြည့် — ဒါတွေအားလုံးက '𝚃𝚒𝚖𝚎' ကို 𝙶𝚒𝚏𝚝 အဖြစ် ပေးတာပါ ⏳💝
ဘန်ကောက်မြို့ရဲ့ (𝙷𝚒𝚍𝚍𝚎𝚗 𝙶𝚎𝚖𝚜) ကို စိတ်ဝင်စားတယ်ဆိုရင် နောက်ထပ်တင်မယ့် အလန်းစား 𝚁𝚎𝚟𝚒𝚎𝚠 တွေကို လက်လွတ်မခံရအောင် အခုပဲ 𝙻𝚒𝚔𝚎 & 𝙵𝚘𝚕𝚕𝚘𝚠 လုပ်ထားလိုက်တော့နော်! 🤩

📩 𝚅𝚒𝚜𝚊 𝚂𝚎𝚛𝚟𝚒𝚌𝚎၊ 𝙷𝚘𝚝𝚎𝚕 𝙱𝚘𝚘𝚔𝚒𝚗𝚐၊ နဲ့ 𝙵𝚕𝚒𝚐𝚑𝚝 𝚃𝚒𝚌𝚔𝚎𝚝 ဝန်ဆောင်မှုများကို 𝙿𝚊𝚐𝚎 𝙲𝚑𝚊𝚝 𝙱𝚘𝚡 မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link : https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/
#ခရီးစဉ်လမ်းညွှန်

𝐕𝐢𝐬𝐚 မလျှောက်ခင် ဒါလေးဖတ်သွားအုံး!!!ဗီဇာလျှောက်ထားတဲ့အချိန်မှာ စာရွက်စာတမ်း အချက်အလက် သေးသေးမွှားမွှား လွဲချော်မှုကြောင့...
14/07/2026

𝐕𝐢𝐬𝐚 မလျှောက်ခင် ဒါလေးဖတ်သွားအုံး!!!
ဗီဇာလျှောက်ထားတဲ့အချိန်မှာ စာရွက်စာတမ်း အချက်အလက် သေးသေးမွှားမွှား လွဲချော်မှုကြောင့် 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐫𝐨𝐯𝐚𝐥 နှောင့်နှေးခြင်း၊ 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 တောင်းခံရခြင်း၊ အချို့ကိစ္စများမှာ 𝐕𝐢𝐬𝐚 𝐑𝐞𝐣𝐞𝐜𝐭𝐢𝐨𝐧 ခံရခြင်းအထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် 𝐕𝐢𝐬𝐚 လျှောက်ထားရာတွင် အမှားအယွင်းမရှိစေရန်နှင့် အောင်မြင်စွာ ရရှိနိုင်ရန် အောက်ပါအမှားများကို ရှောင်ရှားထားဖို့ အရေးကြီးပါတယ်နော်

❌ နာမည်ကို 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 နှင့် မကိုက်ညီစွာ ဖြည့်စွက်ခြင်း🛂
𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 မှာ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 အချက်အလက်၊ အမည်၊ မွေးသက္ကရာဇ်၊ ခရီးသွားရက်စွဲ စတဲ့ အချက်အလက်တွေကို မှားယွင်းဖြည့်စွက်မိခြင်းက အများဆုံးတွေ့ရတဲ့အမှားတစ်ခုပါ။
✅𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 ကို မတင်သွင်းခင် အချက်အလက်တိုင်းကို နှစ်ကြိမ်ပြန်စစ်ပါ။

❌𝐁𝐚𝐧𝐤 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 မကိုက်ညီခြင်း💳
𝐁𝐚𝐧𝐤 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 ပေါ်ရှိ လက်ကျန်ငွေသည် သတ်မှတ်ချက်ထက် နည်းနေခြင်းသည် 𝐯𝐢𝐬𝐚 ငြင်းပယ်ခံရသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။ စာရွက်စာတမ်း မတင်ပြမီ ရက်ပိုင်းအလိုမှ ငွေအမြောက်အမြား ချက်ချင်းလွှဲထည့်ထားသည့် ဘဏ်စာရင်းများသည် ဗီဇာအရာရှိများကို သံသယဖြစ်စေပါတယ်။
✅လျှောက်လွှာတင်ရာတွင် လိုအပ်သော လက်ကျန်ငွေအနည်းဆုံးကို လျှောက်ထားချိန်မတိုင်မီ လအနည်းငယ် (၃ လခန့်) စောင့်ဆိုင်း ထိန်းသိမ်းထားပြီးမှ 𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 ကိုထုတ်ယူပါ။

❌𝐕𝐢𝐬𝐚 အမျိုးအစား မှားယွင်းရွေးချယ်ခြင်း🛄
ခရီးသွားရည်ရွယ်ချက်နှင့် မကိုက်ညီသော 𝐯𝐢𝐬𝐚 အမျိုးအစားကို ရွေးချယ်လျှောက်ထားခြင်းသည် ငြင်းပယ်ခံရခြင်း သို့မဟုတ် နောက်ဆက်တွဲ စာရွက်စာတမ်း တောင်းခံခံရခြင်းတို့ကို ဖြစ်စေတတ်သည်။
✅လျှောက်ထားမည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သတ်မှတ်ပြီးမှ 𝐯𝐢𝐬𝐚 အမျိုးအစား ရွေးချယ်ပါ။ မသေချာပါက ရုံးအရာရှိထံ သို့မဟုတ် ယုံကြည်ရသော 𝐯𝐢𝐬𝐚 𝐚𝐠𝐞𝐧𝐜𝐲 များနှင့် တိုင်ပင်ပါ။

❌လိုအပ်သော စာရွက်စာတမ်း မပြည့်စုံခြင်း📄
ပြည်ပရောက်ချိန် သတ်မှတ်ရက်အတွင်း ပြန်လည်ထွက်ခွာမည့် သက်သေအထောက်အထား 𝐑𝐞𝐭𝐮𝐫𝐧/𝐎𝐧𝐰𝐚𝐫𝐝 𝐟𝐥𝐢𝐠𝐡𝐭 𝐛𝐨𝐨𝐤𝐢𝐧𝐠 နှင့် 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠 အထောက်အထားများ မပြနိုင်ပါက လျှောက်လွှာသည် မပြည့်စုံဟု သတ်မှတ်ခံရနိုင်သည်။
✅လိုအပ်မည့် စာရွက်စာတမ်းအားလုံးကို ကြိုတင်စစ်ဆေးပြီး ပြည့်စုံစွာ ပြင်ဆင်ပါ။

❌𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐕𝐚𝐥𝐢𝐝𝐢𝐭𝐲 ကို မစစ်ဆေးခြင်း🪪
𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 သည် ပြည်ပနိုင်ငံသို့ ဝင်ရောက်မည့်ရက်မှစ၍ အနည်းဆုံး ၆ လ သက်တမ်းရှိရပါမည်။ ၎င်းထက် နည်းသော 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭များကို လေကုမ္ပဏီများက 𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠 ခွင့်မပြုတတ်ပါ။
✅ခရီးမစတင်မီ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭t သက်တမ်းကို အရင်စစ်ဆေးပါ၊ လိုအပ်ပါက 𝐫𝐞𝐧𝐞𝐰 လုပ်ပြီးမှ 𝐯𝐢𝐬𝐚 လျှောက်ထားပါ။

❌𝐋𝐚𝐬𝐭 𝐌𝐢𝐧𝐮𝐭𝐞 မှသာ လျှောက်ထားခြင်း📅
ခရီးထွက်မယ့်ရက်နီးမှ 𝐕𝐢𝐬𝐚 လျှောက်ထားခြင်းက 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐢𝐧𝐠 𝐓𝐢𝐦𝐞 ကြောင့် အချိန်မမီနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
✅ 𝐕𝐢𝐬𝐚 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐢𝐧𝐠 𝐓𝐢𝐦𝐞 ကို ထည့်သွင်းစဉ်းစားပြီး အနည်းဆုံး ၂–၄ ပတ်ခန့် ကြိုတင်လျှောက်ထားပါ။

𝐕𝐢𝐬𝐚 စည်းမျဉ်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့်၊ လျှောက်ထားမည့် သက်ဆိုင်ရာ 𝐄𝐦𝐛𝐚𝐬𝐬𝐲/𝐂𝐨𝐧𝐬𝐮𝐥𝐚𝐭𝐞 ၏ တရားဝင် 𝐖𝐞𝐛𝐬𝐢𝐭𝐞များတွင် 𝐥𝐚𝐭𝐞𝐬𝐭 𝐮𝐩𝐝𝐚𝐭𝐞 𝐩𝐨𝐥𝐢𝐜𝐲ကို အမြဲစစ်ဆေးရန် အကြံချင်ပြုပါတယ်။ မသေချာသော အချက်အလက်များရှိပါက 𝐕𝐢𝐬𝐚 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 နှင့် တိုင်ပင်ပြီး လျှောက်ထားခြင်းက အချိန်ကုန်၊ ငွေကုန် သက်သာစေပြီး အမှားအယွင်းများကိုလည်း လျှော့ချပေးနိုင်ပါတယ်နော်

📩 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞၊ 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠၊ နဲ့ 𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭 ဝန်ဆောင်မှုများကို 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link : https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/

#𝐕𝐢𝐬𝐚𝐓𝐢𝐩𝐬 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫 #𝐎𝐧𝐞𝐒𝐭𝐨𝐩𝐒𝐞𝐫𝐯𝐢𝐜𝐞 #𝐕𝐢𝐬𝐚𝐀𝐩𝐩𝐢𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 #𝐕𝐢𝐬𝐚𝐆𝐮𝐢𝐝𝐞 #𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝𝐕𝐢𝐬𝐚 #𝐓𝐫𝐚𝐯𝐞𝐥𝐒𝐦𝐚𝐫𝐭 #ခရီးစဉ်လမ်းညွှန် #ဗီဇာအကြံပြုချက်

ပိုက်ဆံလည်းသက်သာ၊ စိတ်လည်းအေးရတဲ့ ခရီးစဉ်တစ်ခုကို ပိုင်ဆိုင်ချင်ပါသလား?လေယာဉ်လက်မှတ်ဝယ်တဲ့အခါ "နောက်မှအေးဆေးဝယ်လည်း ရတာပ...
11/07/2026

ပိုက်ဆံလည်းသက်သာ၊ စိတ်လည်းအေးရတဲ့ ခရီးစဉ်တစ်ခုကို ပိုင်ဆိုင်ချင်ပါသလား?

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ "နောက်မှအေးဆေးဝယ်လည်း ရတာပဲ" ဆိုပြီး တွေးထားမိရင်တော့ သင့်ပိုက်ဆံအိတ်လေး အကြီးအကျယ် ငိုသွားရနိုင်ပါတယ်နော် 😢
အထူးသဖြင့် ခရီးသွားများတဲ့ အားလပ်ရက် အရှည်ကြီးတွေ ဒါမှမဟုတ် ပွဲတော်ရက်တွေမှာ ခရီးထွက်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ လက်မှတ်ကို အစောကြီး ကြိုတင်ဝယ်ယူထားခြင်းက သင့်အတွက် အကောင်းဆုံး နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ✨

✈️လေယာဉ်လက်မှတ် စောစီးစွာဝယ်ယူသင့်တဲ့ အကြောင်းရင်း ၅ ချက်ကိုမျှဝေပေးသွားမယ်နော်…..

1️⃣ စျေးနှုန်း သက်သာမှု (𝐵𝑒𝑠𝑡 𝑃𝑟𝑖𝑐𝑖𝑛𝑔)💸
လေကြောင်းလိုင်းများဟာ ခရီးစဉ်နီးလာသည်နှင့်အမျှ စျေးနှုန်းကို တဖြည်းဖြည်း တိုးမြှင့်လေ့ရှိပြီး အစောပိုင်းမှာ အသက်သာဆုံး ဈေးနှုန်း (𝑃𝑟𝑜𝑚𝑜 𝑅𝑎𝑡𝑒𝑠) တွေကို ပေးလေ့ရှိပါတယ်။ ခရီးသွားမည့်ရက် နီးကပ်လာလေလေ ဈေးနှုန်းက အဆမတန် မြင့်တက်လာနိုင်ပါတယ်

2️⃣ နေရာရွေးချယ်ခွင့် ပိုများခြင်း (𝑆𝑒𝑎𝑡 𝑆𝑒𝑙𝑒𝑐𝑡𝑖𝑜𝑛)💺
လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူပါက နှစ်သက်ရာထိုင်ခုံ (𝑤𝑖𝑛𝑑𝑜𝑤 𝑠𝑒𝑎𝑡, 𝑎𝑖𝑠𝑙𝑒 𝑠𝑒𝑎𝑡) များကို စိတ်တိုင်းကျ ရွေးချယ်ခွင့် ရနိုင်ပြီး၊ နောက်ကျမှဝယ်ပါက ကျန်ရှိသော နေရာများကိုပဲ ရနိုင်ပါမယ်

3️⃣ အချိန်ရွေးချယ်နိုင်ခြင်း(𝐹𝑙𝑒𝑥𝑖𝑏𝑙𝑒 𝑓𝑙𝑖𝑔ℎ𝑡 𝑡𝑖𝑚𝑖𝑛𝑔)🕐
မိမိအဆင်ပြေသော အချိန်ဇယား (နံနက်ပိုင်း၊ နေ့လည်၊ ညနေပိုင်း) များကို ကြိုတင်ရွေးချယ်နိုင်ပြီး၊ ခရီးစဉ်စီစဉ်ရာတွင် အထောက်အကူပေးနိုင်ပါတယ်

4️⃣ Visa နှင့် အခြားပြင်ဆင်မှုများအတွက် အချိန်ရရှိခြင်း(𝐴𝑚𝑝𝑙𝑒 𝑡𝑖𝑚𝑒 𝑓𝑜𝑟 𝑝𝑟𝑒𝑝𝑎𝑟𝑎𝑡𝑖𝑜𝑛𝑠)📋
လေယာဉ်လက်မှတ် စောစီးစွာရရှိခြင်းဖြင့် Visa လျှောက်ထားခြင်း၊ Hotel bookingယူခြင်း၊ Trip Plan ဆွဲခြင်းနှင့် အာမခံစသည့် အခြားပြင်ဆင်မှုများအတွက် လုံလောက်တဲ့ အချိန်ရရှိနိုင်ပါတယ်

5️⃣ စိတ်ဖိစီးမှု လျော့နည်းခြင်း(𝑃𝑒𝑎𝑐𝑒 𝑜𝑓 𝑀𝑖𝑛𝑑)😊
"လက်မှတ်ရအုံးပါ့မလား" ဆိုတဲ့ သောကတွေ ကင်းဝေးသွားပြီး 𝐿𝑎𝑠𝑡-𝑚𝑖𝑛𝑢𝑡𝑒 အလျင်လိုမှုကိုလည်း လျှော့ချနိုင်ပါတယ်

💡𝑇𝑖𝑝𝑠 များ
✅ ၂ လ - ၃ လ ကြိုတင်ဝယ်ယူပါ
✅ 𝑂𝑓𝑓-𝑝𝑒𝑎𝑘 𝑠𝑒𝑎𝑠𝑜𝑛 တွင် ခရီးထွက်ပါ
✅ အင်္ဂါနေ့ (သို့) ဗုဒ္ဓဟူးနေ့များတွင် ဝယ်ယူပါ
✅ 𝐴𝑖𝑟𝑙𝑖𝑛𝑒 𝑛𝑒𝑤𝑠𝑙𝑒𝑡𝑡𝑒𝑟 များကို 𝑆𝑢𝑏𝑠𝑐𝑟𝑖𝑏𝑒 လုပ်ပါ

မိတ်ဆွေရဲ့နောက်ခရီးစဉ်က ဘယ်တော့လဲ?🤔
ဒီနေ့ပဲ 𝑃𝑙𝑎𝑛 လုပ်ပြီး 𝑇𝑖𝑐𝑘𝑒𝑡ကို 𝑉𝑉 𝑇𝑟𝑎𝑣𝑒𝑙𝑠 & 𝑇𝑜𝑢𝑟𝑠နဲ့ ကြိုတင်ဝယ်ယူလိုက်ပါနော်✨

လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်ယူထားကြသောမိတ်ဆွေများအားလုံး စိတ်အေးချမ်းသာစွာနဲ့ အကောင်းဆုံး ပြင်ဆင်ထားတဲ့ ခရီးစဉ်လေးတစ်ခု ရရှိပါစေကြောင်း မင်မင်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🧳

📩 ခရီးစဉ်စီစဉ်ဖို့ 𝐹𝑙𝑖𝑔ℎ𝑡 𝑇𝑖𝑐𝑘𝑒𝑡၊ 𝐻𝑜𝑡𝑒𝑙 𝐵𝑜𝑜𝑘𝑖𝑛𝑔 နဲ့ 𝑉𝑖𝑠𝑎 𝑆𝑒𝑟𝑣𝑖𝑐𝑒 များ လိုအပ်ပါက 𝑃𝑎𝑔𝑒 𝐶ℎ𝑎𝑡 𝐵𝑜𝑥 မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link : https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/

#ခရီးစဉ်လမ်းညွှန် #လေယာဉ်လက်မှတ်

🇹🇭 ထိုင်းနိုင်ငံကို ခရီးထွက်ဖို့ ပြင်နေလား? ဒါဆိုရင်တော့ ဒါကို မဖြစ်မနေ ဖတ်သွားနော်! 🧳ထိုင်းနိုင်ငံကို လည်ပတ်ဖို့ ဝါသနာပ...
08/07/2026

🇹🇭 ထိုင်းနိုင်ငံကို ခရီးထွက်ဖို့ ပြင်နေလား? ဒါဆိုရင်တော့ ဒါကို မဖြစ်မနေ ဖတ်သွားနော်! 🧳

ထိုင်းနိုင်ငံကို လည်ပတ်ဖို့ ဝါသနာပါသူတွေနဲ့ 𝚃𝚛𝚊𝚟𝚎𝚕 𝙿𝚕𝚊𝚗 ဆွဲနေသူများအတွက် ထိုင်းနိုင်ငံရဲ့ အရေးကြီးဆုံးပိတ်ရက်များမှာ ရှောင်ကြဉ်ရန်နှင့်သ်ိထားသင့်တဲ့ လမ်းညွှန်ချက်တချို့ကို မျှဝေပေးချင်ပါတယ်။

၁။ 𝚂𝚘𝚗𝚐𝚔𝚛𝚊𝚗 𝙵𝚎𝚜𝚝𝚒𝚟𝚊𝚕💦 (သင်္ကြန်) ဧပြီလ ၁၃-၁၅ရက်
ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာ အကြီးမားဆုံး၊ အရေးကြီးဆုံး ပွဲတော်လို့ ဆိုနိုင်ပါတယ်။ ရေပက်ခံထွက်ပြီး အပျော်ဆုံး ပွဲတော်ယဉ်ကျေးမှုကို ခံစားချင်တယ်ဆိုရင်တော့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ 𝙱𝚊𝚗𝚐𝚔𝚘𝚔 (𝚂𝚒𝚕𝚘𝚖 𝚁𝚘𝚊𝚍 & 𝙺𝚑𝚊𝚘 𝚂𝚊𝚗 𝚁𝚘𝚊𝚍)၊ 𝙲𝚑𝚒𝚊𝚗𝚐 𝙼𝚊𝚒
နဲ့ 𝙿𝚊𝚝𝚝𝚊𝚢𝚊 𝙱𝚎𝚊𝚌𝚑 တို့လိုနေရာမှာ လူစည်ကားမှူကို တွေ့ရမှာ ဖြစ်ပါတယ်။

သိထားရန်💰 - ဒီကာလမှာ ခရီးစရိတ် အဆမတန် မြင့်တက်တတ်တာမလို့ ဟိုတယ်၊ ပြည်တွင်းလေယာဉ်နဲ့ ကားလက်မှတ်တွေကို အနည်းဆုံး ၃ လမှ ၄ လကြိုတင် 𝙱𝚘𝚘𝚔𝚒𝚗𝚐ယူထားရန် လိုအပ်ပါတယ်နော်

၂။ 𝚅𝚒𝚜𝚊𝚔𝚑𝚊 𝙱𝚞𝚌𝚑𝚊 𝙳𝚊𝚢 🪔✨(ကဆုန်လပြည့် ဗုဒ္ဓနေ့) မေလ/ဇွန်လ
ထိုင်းနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံးနဲ့ အရေးအကြီးဆုံး ဘာသာရေးပွဲတော်နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ဘုရားကျောင်းကန်တွေမှာ ထိုင်းရိုးရာ ဆီမီးလှည့်လည်ပူဇော်တဲ့ မြင်ကွင်းလှလှလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 🙏

ရှောင်ကြဉ်ရန်❌ - တစ်နိုင်ငံလုံး အရက်သေစာ ရောင်းချခွင့် ၂၄ နာရီ ပိတ်ပင်ထားခြင်းကြောင့် 𝙱𝚊𝚛တွေ၊ ကလပ်တွေနဲ့ ဖျော်ဖြေရေးနေရာတွေ ပိတ်ထားတတ်ပြီး 𝚂𝚞𝚙𝚎𝚛𝚖𝚊𝚛𝚔𝚎𝚝 တွေမှာပါ အရက်ရောင်းခွင့် မရှိပါ🍻

၃။ 𝙺𝚒𝚗𝚐'𝚜 𝙱𝚒𝚛𝚝𝚑𝚍𝚊𝚢 👑 ဇူလိုင်လ ၂၈ရက်
လက်ရှိ ထိုင်းဘုရင် 𝚁𝚊𝚖𝚊 10 (𝙷.𝙼. 𝙺𝚒𝚗𝚐 𝙼𝚊𝚑𝚊 𝚅𝚊𝚓𝚒𝚛𝚊𝚕𝚘𝚗𝚐𝚔𝚘𝚛𝚗) ရဲ့ မွေးနေ့အထိမ်းအမှတ်ဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေ၊ အထူးသဖြင့် 𝙶𝚛𝚊𝚗𝚍 𝙿𝚊𝚕𝚊𝚌𝚎 (နန်းတော်) အနီးတစ်ဝိုက်မှာ အဝါရောင်အလံတွေ၊ ဘုရင့်ဓာတ်ပုံတော်တွေနဲ့ ခမ်းနားထည်ဝါစွာ အလှဆင်ထားတတ်ပါတယ်။

သိထားရန်👕💛 - ထိုင်းနိုင်ငံမှာ အဝါရောင်ဟာ ဘုရင့်အရောင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပိတ်ရက်မှာ ဒေသခံ ထိုင်းလူမျိုး အများစုဟာ အဝါရောင် အင်္ကျီတွေကို ဝတ်ဆင်ကြပါတယ်။ ခရီးသွားတစ်ယောက်အနေနဲ့ အဝါရောင်အင်္ကျီ ဝတ်ဆင်ပေးခြင်းဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘုရင်ကို လေးစားရာရောက်ပြီး ရင်းနှီးမှုကို ရရှိစေပါတယ်

၄။ 𝙼𝚘𝚝𝚑𝚎𝚛'𝚜 𝙳𝚊𝚢 & 𝙵𝚊𝚝𝚑𝚎𝚛'𝚜 𝙳𝚊𝚢 💛💙 သြဂုတ်လ ၁၂ရက် နှင့် ဒီဇင်ဘာလ ၅ရက် မယ်တော်ကြီး 𝚀𝚞𝚎𝚎𝚗 𝚂𝚒𝚛𝚒𝚔𝚒𝚝ရဲ့ မွေးနေ့ဟာ ထိုင်းနိုင်ငံရဲ့မိခင်များနေ့ဖြစ်ပြီး ဘုရင်ကြီး 𝚁𝚊𝚖𝚊 9(𝙺𝚒𝚗𝚐 𝙱𝚑𝚞𝚖𝚒𝚋𝚘𝚕) ရဲ့ မွေးနေ့ဟာလည်း ထိုင်းနိုင်ငံရဲ့ဖခင်များနေ့ ဖြစ်ပါတယ်။ ဂုဏ်ပြုခြင်းအနေနဲ့ မိခင်များနေ့အတွက် မိခင်များကို စံပယ်ပန်း ပေးပြီး ဂါရဝပြုကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ရှိပြီး အပြာရောင်ဖြင့်အလှဆင်ထားကြပါတယ်။ ဖခင်များနေ့အတွက်တော့ အဝါရောင်အလှဆင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခမ်းနားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရှောင်ကြဉ်ရန်❌ - ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ပုတ်ခတ်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တွင် ဟာသလုပ်ခြင်း သို့မဟုတ် ပိုက်ဆံစက္ကူ/ဒင်္ဂါးပြားပေါ်ရှိ ဘုရင့်ပုံတော်ကို မလေးမစားပြုလုပ်ခြင်းရှိပါက ကြီးသော ဥပဒေပြစ်ဒဏ်ကို ကျခံရနိုင်ပါတယ်။ (နိုင်ငံခြားသားလည်း ကင်းလွတ်ခွင့်မရှိပါ)

✈️ ခရီးသွားခြင်းဟာ စိတ်လှုပ်ရှားစရာ ကောင်းသလို ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ စည်းကမ်းတွေကို လေးစားလိုက်နာတာဟာလည်း စမတ်ကျတဲ့ 𝚃𝚛𝚊𝚟𝚎𝚕 𝙻𝚒𝚏𝚎𝚜𝚝𝚢𝚕𝚎 တစ်ခုပဲ ဖြစ်ပါတယ်နော်

အားလုံးပဲ စိတ်ကူးယဉ်ထားတဲ့ ထိုင်းခရီးစဉ်လေးကို အဆင်ပြေပြေနဲ့ အမှတ်တရတွေ အများကြီး ဖန်တီးနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ဒီအချက်အလက်လေးတွေက အသုံးဝင်တယ်ဆိုရင်တော့ 𝙻𝚒𝚔𝚎 & 𝚂𝚑𝚊𝚛𝚎 လုပ်ဖို့ မမေ့နဲ့နော်! 🥰💙

📩 လေယာဉ်လက်မှတ်၊ 𝙷𝚘𝚝𝚎𝚕 𝙱𝚘𝚘𝚔𝚒𝚗𝚐၊ 𝚅𝚒𝚜𝚊 ဝန်ဆောင်မှု များအတွက် 𝙿𝚊𝚐𝚎 𝙼𝚎𝚜𝚜𝚎𝚗𝚐𝚎𝚛 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🚩 𝙰𝚍𝚍𝚛𝚎𝚜𝚜 - 𝙽𝚘.293, 𝙿𝚑𝚎𝚝𝚔𝚊𝚜𝚎𝚖 𝚁𝚘𝚊𝚍, 𝙱𝚊𝚗𝚐𝚠𝚊, 𝙿𝚑𝚊𝚜𝚒 𝙲𝚑𝚊𝚛𝚘𝚎𝚗, 𝙱𝚊𝚗𝚐𝚔𝚘𝚔, 10160, 𝚃𝚑𝚊𝚒𝚕𝚊𝚗𝚍.

☎️ 𝙷𝚘𝚝𝚕𝚒𝚗𝚎 - +66 808289310

📍 𝙵𝚊𝚌𝚎𝚋𝚘𝚘𝚔 𝙻𝚒𝚗𝚔 : 𝚑𝚝𝚝𝚙𝚜://𝚠𝚠𝚠.𝚏𝚊𝚌𝚎𝚋𝚘𝚘𝚔.𝚌𝚘𝚖/𝚜𝚑𝚊𝚛𝚎/1𝙿𝚖𝚑𝚜1𝚖𝚇𝚉3/ 📍𝙼𝚎𝚜𝚜𝚎𝚗𝚐𝚎𝚛 𝙻𝚒𝚗𝚔 : 𝚖.𝚖𝚎//𝚟𝚟𝚝𝚛𝚊𝚟𝚎𝚕𝚜2023/

#𝚃𝚑𝚊𝚒𝚕𝚊𝚗𝚍𝚃𝚛𝚒𝚙 #𝙾𝚗𝚎𝚂𝚝𝚘𝚙𝚂𝚎𝚛𝚟𝚒𝚌𝚎 #𝚃𝚑𝚊𝚒𝚕𝚊𝚗𝚍𝙷𝚘𝚕𝚒𝚍𝚊𝚢𝚜 #𝙲𝚞𝚕𝚝𝚞𝚛𝚎 #𝚃𝚛𝚊𝚟𝚎𝚕𝚃𝚒𝚙𝚜 #𝚃𝚛𝚊𝚟𝚎𝚕𝙿𝚕𝚊𝚗 #ထိုင်းခရီးစဉ်လမ်းညွှန်

𝐺𝑖𝑣𝑒 𝑢𝑠 1% 𝑜𝑓 𝑦𝑜𝑢𝑟 𝑡𝑟𝑢𝑠𝑡, 𝑎𝑛𝑑 𝑤𝑒'𝑙𝑙 𝑒𝑎𝑟𝑛 𝑡ℎ𝑒 𝑜𝑡ℎ𝑒𝑟 99% ⭐⭐⭐⭐⭐💙 VV Travels & Tours ရဲ့ ခရီးစဉ်အစကတည်းက အတူတကွ လျှောက်လှမ်း...
06/07/2026

𝐺𝑖𝑣𝑒 𝑢𝑠 1% 𝑜𝑓 𝑦𝑜𝑢𝑟 𝑡𝑟𝑢𝑠𝑡, 𝑎𝑛𝑑 𝑤𝑒'𝑙𝑙 𝑒𝑎𝑟𝑛 𝑡ℎ𝑒 𝑜𝑡ℎ𝑒𝑟 99%
⭐⭐⭐⭐⭐

💙 VV Travels & Tours ရဲ့ ခရီးစဉ်အစကတည်းက အတူတကွ လျှောက်လှမ်းပေးခဲ့တဲ့ Customer များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်💙

သင်တို့ရဲ့ ယုံကြည်မှုနဲ့ အားပေးမှုတွေကြောင့် ယနေ့အထိ တစ်ဆင့်ချင်း ကြီးထွားလာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အနာဂတ်ခရီးစဉ်များမှာလည်း ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုများနဲ့ အမြဲအတူရှိနေမှာပါနော် 🤗

📩 Visa Service၊ Hotel Booking၊ နဲ့ Flight Ticket ဝန်ဆောင်မှုများကို Page Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link: https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/

03/07/2026

🌊 ပင်လယ်လား? ⛰️ တောင်တန်းလား? ဘယ်ကိုသွားမလဲ?

ချစ်တို့ရေ….ခရီးထွက်ချင်ပေမယ့် ဘယ်လိုမျိုး Vibe လိုချင်လဲ ဆုံးဖြတ်လို့ မရသေးဘူးလား? 🙌
ဘယ်ဘက်ကိုပဲရွေးရွေး ရင်ခုန်စရာတွေ အပြည့်ရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ အလှတရားနှစ်ခုကို ယှဉ်ကြည့်လိုက်ရအောင်!🇹🇭

ပင်လယ်ချစ်သူများအတွက် → PHUKET 🏝️

ကြည်လင်နေတဲ့ ရေပြာပြာရောင်ရယ်၊ နူးညံ့ဖြူဖွေးနေတဲ့ သဲသောင်ပြင်ကို သဘောကျတယ်ဆိုရင်တော့ ထိုင်းတောင်ပိုင်းရဲ့ Phuket ဒါမှမဟုတ် Krabi ကျွန်းစုတွေက စောင့်ကြိုနေပါတယ်။
☀️အုန်းရည်အေးအေးလေးသောက်ပြီး နေပူဆာလှုံမလား…
🛥️ကျွန်းလှလှလေးတွေ Island Hopping သွားမလား...
🐠ရေငုပ်ပြီး ငါးလေးတွေကို ကြည့်ရှုမလား...
Phuket ဆိုတာ***relax ဖြစ်ဖြစ် စိတ်လှုပ်ရှားစရာဖြစ်ဖြစ် ၂ မျိုးစလုံးရနိုင်တဲ့နေရာပါ! စိတ်ဖိစီးမှုတွေ အကုန် ပင်လယ်ထဲ မျှောချလိုက်ရုံပဲနော်။

🕒 Bangkok ➜ Phuket
✈️ Flight ၁ နာရီ ၂၀ မိနစ်ခန့်
🚌 Bus ၁၂–၁၄ နာရီခန့်

တောင်တန်းချစ်သူများအတွက် → CHIANG MAI 🏞️

အေးမြတဲ့ ရာသီဥတုနဲ့အတူ မနက်ခင်း မြူနှင်းတွေကြားထဲ ကော်ဖီပူပူလေးတစ်ခွက်နဲ့ တောင်တန်းကြီးတွေကို ငေးချင်တယ်ဆိုရင်တော့ ထိုင်းမြောက်ပိုင်းက Chiang Mai နဲ့ Chiang Rai မြို့လေးတွေက အကောင်းဆုံးပါပဲနော်။
🌿စိမ်းစိုနေတဲ့ တောင်ယာစိုက်ခင်းတွေငေးမလား...
🏯တောင်ပေါ်တိုင်းရင်းသားရွာလေးတွေဆီ လည်မလား...
🐘ဆင်များကို သဘာဝနီးစပ်စွာ ကြည့်ရှုမလား...
Chiang Mai ဆိုတာ***Culture styleကို ခံစားရပြီး လန်းဆန်းတဲ့ သဘာဝလေထုကို ရနိုင်တဲ့နေရာပါ!

🕒 Bangkok ➜ Chiang Mai
✈️ Flight ၁ နာရီ ၁၅ မိနစ်ခန့်
🚆 Train ၁၀–၁၃ နာရီခန့်
🚌 Bus ၉–၁၁ နာရီခန့်

ဒါဆို ဘယ်vibeမျိုးကို ရွေးမလဲ?
Beach + Relax ဆိုရင် Phuket ကို ရွေးလိုက်ပါ
Nature + Culture ဆိုရင်တော့ Chiang Mai က ချစ်တို့အတွက်ပါပဲ

ဘယ်ဘက်ကိုပဲ ရွေးရွေး အမှတ်တရကောင်းတွေကတော့ သေချာပေါက် ရရှိမှာပါနော်။
တကယ်လို့ အချိန်ရှိရင် နှစ်နေရာစလုံး သွားလည်ကြည့်ဖို့ မင်မင်ကတော့ အကြံပေးချင်ပါတယ်။

📩 Hotel Booking၊ Flight Ticket နဲ့ Transportation ဝန်ဆောင်မှုများကို Page Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အခုလို ထိုင်းနိုင်ငံအတွင်းက စိတ်ဝင်စားစရာနေရာကောင်းလေးတွေကို ထပ်သိချင်တယ်ဆိုရင် page ကို Like & Follow လုပ်ထားခဲ့နော်🤗

💬 Comment မှာလဲ ပြောခဲ့ကြပါဦးရှင့်
🌊 လား?
⛰️ လား?

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link: https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/

🇲🇲 မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် Visa Free သွားလို့ရတဲ့ နိုင်ငံများ 🌍ခရီးသွားချစ်သူများအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်လ...
02/07/2026

🇲🇲 မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် Visa Free သွားလို့ရတဲ့ နိုင်ငံများ 🌍

ခရီးသွားချစ်သူများအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်လေးတွေ မျှဝေပေးလိုက်ပါတယ်ရှင့်။ ဗီဇာလျှောက်စရာ မလိုဘဲ၊ ပတ်စ်ပို့တစ်ခုတည်းနဲ့ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ (Visa Free) နိုင်ငံများကို စုစည်းတင်ပြထားပါတယ်။

✅ Visa Free နိုင်ငံများ
🇹🇭 ထိုင်း (Thailand) - 14 Days (Flight ဖြင့် ဝင်ရောက်မှုအတွက်သာ၊ ကုန်းလမ်းအတွက် ဗီဇာလိုအပ်)
🇸🇬 စင်ကာပူ (Singapore) - 30 Days
🇵🇭 ဖိလစ်ပိုင် (Philippines) - 30 days
🇮🇩 အင်ဒိုနီးရှား (Indonesia) - 30 Days

✅ Visa on Arrival / eVisa ရရှိနိုင်သော နိုင်ငံများ
🇰🇭 ကမ္ဘောဒီးယား (Cambodia) - 14 Days
🇱🇦 လာအို (Laos) - 14 Days
🇲🇻 မော်လ်ဒိုက် (Maldives) - 30 days

Visa Free, Visa on Arrival နဲ့ eVisa တွေက ဘာကွာလဲ???
✅ Visa Free – Visa ကြိုလျှောက်စရာမလိုဘဲ နိုင်ငံထဲသို့ ဝင်ရောက်နိုင်ခြင်း။

🛂 Visa on Arrival – နိုင်ငံကိုရောက်မှ လေဆိပ် (သို့) နယ်စပ်ဂိတ်တွင် Visa လျှောက်ပြီး ဝင်ရောက်ရခြင်း။

💻 eVisa – ခရီးမထွက်မီ Online မှတစ်ဆင့် Visa ကြိုလျှောက်ပြီး Approval ရရှိမှ ခရီးထွက်ရခြင်း။

💡 သတိပြုရန်အချက်များ
🔸 Passport သက်တမ်း အနည်းဆုံး ၆ လ ကျန်ရှိရပါမည်။
🔸Return Ticket, Hotel Booking နှင့် Show Money များ တောင်းခံနိုင်ပါသည်။
🔸 Visa Policy များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့်အတွက် ခရီးမထွက်မီ latest update စည်းမျဉ်းများကို စစ်ဆေးရန် လိုအပ်ပါသည်။

📩 လေယာဉ်လက်မှတ်၊ Hotel Booking၊ Visa ဝန်ဆောင်မှု များအတွက် Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🚩 Address - No.293, Phetkasem Road, Bangwa, Phasi Charoen, Bangkok, 10160, Thailand.

☎️ Hotline - +66 808289310

📍 Facebook Link : https://www.facebook.com/share/1Pmhs1mXZ3/

📍Messenger Link : m.me//vvtravels2023/


#ထိုင်းဗီဇာဝန်ဆောင်မှု

✈️ ထိုင်းလေဆိပ်ဝင်/ထွက် စစ်ဆေးမှုတွေ ဘာကြောင့် ပိုတင်းကြပ်လာတာလဲ?လတ်တလော ထိုင်းနိုင်ငံမှာ Scam Center, Transnational Cri...
27/06/2026

✈️ ထိုင်းလေဆိပ်ဝင်/ထွက် စစ်ဆေးမှုတွေ ဘာကြောင့် ပိုတင်းကြပ်လာတာလဲ?

လတ်တလော ထိုင်းနိုင်ငံမှာ Scam Center, Transnational Crime, Money Laundering, Call Center Gang စတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို အစိုးရက အရှိန်မြှင့်နှိမ်နင်းနေတဲ့အတွက် လေဆိပ် Immigration ရဲ့ စစ်ဆေးမှုတွေကလည်း ယခင်ထက် ပိုမိုတင်းကြပ်လာတာကို တွေ့မြင်နေရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားထွက်လာကြတဲ့ မြန်မာနိုင်ငံသားအများစုအနေနဲ့ စိုးရိမ်ပူပန်တာ၊ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းပိုင်းတွေကို နားလည်မှုအားနည်းတာတွေကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးရတာတွေ ရှိတတ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေကို နားလည်သလောက် မျှဝေပေးချင်ပါတယ်။ သဘောတရားကို သိထားရင် ဆောင်သင့်တာကို ဆောင်ပြီး ရှောင်သင့်တာကို ရှောင်နိုင်မှာ ဖြစ်ပါတယ်။

Immigration Officer တွေ အခု ဘာကို အဓိကကြည့်နေလဲ?

ယခင်ကလို ဘယ် Visa အမျိုးအစားနဲ့ ဝင်လာတာလဲ ဆိုတာတစ်ခုတည်းကို မကြည့်တော့ဘဲ Behavior Pattern ကို ပိုပြီး အရေးထားလာပါတယ်။

Behavior Pattern ဆိုတာ Passport ထဲက Visa History နဲ့ Travel History ကို ကြည့်ပြီး…

“ဒီလူက ပြောထားတဲ့ ရည်ရွယ်ချက်အတိုင်း တကယ်လာတာလား?”

ဆိုတာကို အကဲဖြတ်တာပါ။

ဒါကြောင့် Visa မှန်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ Visa History နဲ့ ကိုယ်ပြောတဲ့အကြောင်းအရာ မကိုက်ညီရင် မေးမြန်းခံရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ အထောက်အထားရှိရင် အေးအေးဆေးဆေး ရှင်းပြနိုင်ပါတယ်။ မဟုတ်တာ မလုပ်ထားရင် အလွန်အကျွံ စိုးရိမ်နေစရာ မလိုပါဘူး။

Visa အမျိုးအစားအလိုက် ပုံမှန် Pattern များ

🍀 Tourist Visa (TR)

ထိုင်းကို ၁၀ ရက်၊ ၂ ပတ်၊ ၁ လလောက် လာလည်ပြီး ပြန်ထွက်၊ နောက် လအတော်ကြာမှ ပြန်လာတာမျိုးက Tourist တစ်ယောက်ရဲ့ ပုံမှန် Pattern ဖြစ်ပါတယ်။ Officer တွေအတွက်လည်း “အလည်လာပြီး ပြန်သွားတာ” လို့ မြင်ပါတယ်။

🍀 Retirement Visa

အသက်အရွယ်ကိုက်ညီခြင်း၊ Bank Statement နဲ့ နေထိုင်မယ့်လိပ်စာ ရှင်းလင်းခြင်း၊ Long-term Stay အတွက် အကြောင်းပြချက် ခိုင်လုံခြင်းတို့ရှိရင် မေးခွန်းနည်းတတ်ပါတယ်။

🍀 Guardian Visa

ကလေးက တကယ်ကျောင်းတက်နေပြီး Parent-Child Relationship ရှင်းလင်းနေတယ်ဆိုရင် Risk နည်းပါတယ်။

🍀 Non-B Visa + Work Permit

အလုပ်ရှင်၊ Work Permit၊ Tax Record စတာတွေ ရှိပြီးသားဖြစ်လို့ ပုံမှန်အားဖြင့် မေးခွန်းနည်းပါတယ်။

🍀 DTV (Destination Thailand Visa)

Visa သက်တမ်းရှည်ပြီး အဆင်ပြေတယ်လို့ ပြောကြပေမယ့် အခုနောက်ပိုင်းမှာတော့…

* Remote Worker တကယ်ဟုတ်သလား?
* ဝင်ငွေဘယ်ကရလဲ?
* ထိုင်းနိုင်ငံထဲမှာ တရားမဝင် အလုပ်လုပ်နေတာလား?

စတဲ့ မေးခွန်းတွေ မေးလာတာတွေ ရှိပါတယ်။ ကိုယ့်မှာ အထောက်အထားပြည့်စုံပြီး ရှင်းပြနိုင်ရင် ပြဿနာမရှိပါဘူး။

🍀 ED Visa

အရင်နှစ်တွေက ED Visa ကို အလွဲသုံးစားလုပ်ခဲ့တဲ့ Case တွေ ရှိခဲ့တဲ့အတွက် အခု Immigration ရဲ့ စစ်ဆေးမှုက ပိုတင်းကြပ်လာပါတယ်။

Officer တွေက…

* တကယ်စာသင်နေတာလား?
* Attendance မှန်လား?
* Language School လား?
* ED Visa နဲ့ နှစ်ပေါင်းများစွာ နေနေတာလား?

ဆိုတာတွေကို သေချာကြည့်တတ်ပါတယ်။

အထူးသတိထားရမယ့်သူတွေ

အခုအချိန်မှာ စိုးရိမ်ရဆုံး Pattern ကတော့…

Tourist Visa (TR) သို့မဟုတ် Visa Exemption နဲ့ ခဏခဏဝင်၊ ခဏခဏ Stay Extension တိုးပြီး Long Stay နေသူတွေ ဖြစ်ပါတယ်။

ဥပမာ…

* ၆ လနီးပါးနေ
* ပြန်ထွက်
* ၁ ပတ်လောက်နဲ့ ပြန်ဝင်
* Stay Extension ထပ်တိုး
* ပြန်ထွက်၊ ပြန်ဝင်

ဒီလို Pattern မျိုးဆိုရင် Immigration Officer တွေအနေနဲ့ “Pure Tourist” လို့ မမြင်တော့ဘဲ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာလား ဆိုတဲ့ သံသယနဲ့ စစ်ဆေးနိုင်ပါတယ်။

Stay Extension ကို ခွင့်ပြုခဲ့တာလည်း Immigration ဖြစ်သလို၊ Entry ကို ငြင်းပယ်ပိုင်ခွင့်ရှိတာလည်း Immigration ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အတတ်နိုင်ဆုံး သတိထားပြီး စီစဉ်သင့်ပါတယ်။

လေဆိပ်မှာ သတိထားသင့်တဲ့ အချက်များ

✅ အဝင်အထွက်ကို မလိုအပ်ဘဲ ခဏခဏ မလုပ်ပါနဲ့။

✅ Tourist Visa နဲ့ Long Stay နေတာမျိုးကို ရှောင်ပါ။

✅ ကိုယ်ကိုင်ထားတဲ့ Visa အမျိုးအစားနဲ့ ကိုက်ညီတဲ့ အကြောင်းပြချက်ကို ယုံကြည်မှုရှိရှိ ရှင်းပြနိုင်အောင် ပြင်ဆင်ထားပါ။

✅ TDAC (Thailand Digital Arrival Card) မှာ ဖြည့်ထားတဲ့ အချက်အလက်တွေနဲ့ Officer ကို ဖြေတဲ့အဖြေတွေ တစ်ထပ်တည်း ဖြစ်နေဖို့ လိုပါတယ်။

✅ Passport ကို တုံးထုပြီး Entry ပေးလိုက်တာနဲ့ နောက်ပြန်မလှည့်ဘဲ ရှေ့ကိုပဲ ဆက်လျှောက်ပါ။ (ဒီအချက်ကြောင့် မလိုအပ်တဲ့ အခြေအနေတွေ ကြုံဖူးသူတွေလည်း ရှိပါတယ်။)

✅ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူကလည်း အရေးကြီးပါတယ်။ Thailand က Quality Tourist တွေကို အားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် သန့်ရှင်းသပ်ရပ်ပြီး ယုံကြည်မှုရှိတဲ့ Appearance ကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။

✅ မလိုအပ်ဘဲ မကြောက်ပါနဲ့။ ကြိုတင်လေ့လာပြီး ပြင်ဆင်ထားတာက အကောင်းဆုံး ကာကွယ်မှုပါပဲ။

နောက်ဆုံးအနေနဲ့…

ဒီတလော Media တွေမှာ မြန်မာ Passport ကိုင်ဆောင်သူတွေရဲ့ Image ထိခိုက်စေတဲ့ သတင်းတွေ မကြာခဏ တွေ့နေရပါတယ်။

နိုင်ငံခြားမှာ ကိုယ်က ဧည့်သည်ဖြစ်တာမို့ ဥပဒေကို လေးစားလိုက်နာပြီး သတိရှိရှိ သွားလာနေထိုင်ဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် Policy တွေ မကြာခဏ ပြောင်းလဲနိုင်တဲ့ နိုင်ငံတွေမှာဆိုရင် သတင်းအချက်အလက်ကို အမြဲ Update လုပ်ထားပြီး ကိုယ့်အခြေအနေကို ကိုယ်သေချာနားလည်ထားတာက အကောင်းဆုံး ဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်တွေဟာ ယေဘုယျအားဖြင့် တွေ့ကြုံရတဲ့ အခြေအနေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မျှဝေထားခြင်းသာ ဖြစ်ပြီး Immigration Officer ရဲ့ ဆုံးဖြတ်ချက်ကတော့ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

အားလုံးပဲ ခရီးသွားလာမှု အဆင်ပြေချောမွေ့ပြီး ကံကောင်းခြင်းတွေနဲ့ ကြုံဆုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🍀✈️

🚫 စနေ၊ တနင်္ဂနွေနေ့ အပြင်ထွက်ရန် အစီအစဉ်ရှိသူများ သတိပြုရန်ထိုင်းနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများကြောင့် ၂၀၂၆ ခုန...
26/06/2026

🚫 စနေ၊ တနင်္ဂနွေနေ့ အပြင်ထွက်ရန် အစီအစဉ်ရှိသူများ သတိပြုရန်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများကြောင့် ၂၀၂၆ ခုနှစ် ဇွန်လ ၂၇ ရက် (စနေနေ့) ညနေ ၆:၀၀ နာရီမှ ဇွန်လ ၂၈ ရက် (တနင်္ဂနွေနေ့) ညနေ ၆:၀၀ နာရီအထိ အရက်နှင့် အယ်လ်ကိုဟောပါဝင်သော ယမကာအမျိုးမျိုးကို ဥပဒေအရ ရောင်းချခွင့် ယာယီပိတ်ပင်ထားမည် ဖြစ်သည်။

အဆိုပါကာလအတွင်း ဘန်ကောက်၊ ပတ္တရား အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းရှိ ကုန်စုံဆိုင်များ၊ စူပါမားကတ်များ၊ ဘားများ၊ စားသောက်ဆိုင်များ၊ ပတ်ဘ်များနှင့် ကလပ်များတွင် အယ်လ်ကိုဟောပါဝင်သော ယမကာများကို ရောင်းချခွင့် မပြုကြောင်း သိရသည်။ ယင်းစည်းမျဉ်းသည် နိုင်ငံခြားသားများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက်လည်း အကျုံးဝင်သည်။

ထို့ကြောင့် အပြင်ထွက်အပန်းဖြေရန် သို့မဟုတ် အခမ်းအနားများ တက်ရောက်ရန် အစီအစဉ်ရှိသူများအနေဖြင့် လိုအပ်သော ဝယ်ယူမှုများကို ဇွန်လ ၂၇ ရက် ညနေ ၆:၀၀ နာရီမတိုင်မီ ကြိုတင်ပြင်ဆင်ထားရန် အကြံပြုထားသည်။

စည်းမျဉ်းကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ ၁၀,၀၀၀ ဘတ်အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Ref:Khaosod



Address

No. 293 Phetkasem Road Phasi Charoen Bangwa

10160

Telephone

+66808289310

Website

Alerts

Be the first to know and let us send you an email when VV Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VV Travels & Tours:

Shortcuts

  • Want your business to be the top-listed Law Practice?

Share