26/08/2026
"အသစ်ထွက်ရှိလာတဲ့ အခွန်ဥပဒေ စည်းကြပ်မှုတွေကြောင့် အိမ်ခြံမြေ မဝယ်ခင် ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မလဲ?"
လက်ရှိ အိမ်ခြံမြေ စျေးကွက်အတွင်း အခွန်ဥပဒေဆိုင်ရာ စိစစ်မှုများ ပိုမို တင်းကြပ်လာသည့်အတွက် ဝယ်ယူသူများအနေဖြင့် အနာဂတ်တွင် အမည်ပြောင်းခြင်း၊ တရားဝင် ပိုင်ဆိုင်မှု ခိုင်မာစေခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရမည့် အဓိက အချက် (၃) ချက် ရှိပါတယ်နော်
၁။ ဝင်ငွေရလမ်း ပြနိုင်အောင် ကြိုပြင်ထားပါ
အခွန်ရုံးမှာ အခွန်ဆောင်တဲ့အခါ အခွန်နှုန်း အနည်းဆုံးနဲ့ သက်သာအောင်လို့ မိမိရဲ့ တရားဝင် ဝင်ငွေရလမ်း အထောက်အထားတွေကို စနစ်တကျ စုထားပေးရပါမယ်နော်။ (ဥပမာ - ကုမ္ပဏီ လစာစာရွက်၊ စီးပွားရေးလုပ်ငန်း အခွန်ဆောင်ထားတဲ့ ပြေစာ သို့မဟုတ် စိုက်ပျိုးရေး/မွေးမြူရေး ဝင်ငွေအထောက်အထား စတာတွေရှိရမည်။)
၂။ အခွန်စရိတ်ကို ကုန်ကျငွေထဲ ကြိုတင်ထည့်တွက်ထားပါ
အိမ်ခြံမြေ တန်ဖိုးအပြင် အမည်ပေါက် ပြောင်းတာနဲ့ စာချုပ်ချုပ်ဖို့အတွက် ဒီအခွန်စရိတ်လေးတွေကို အပိုဆောင်း ဘတ်ဂျက်အနေနဲ့ ကြိုတွက်ထားပေးရပါမယ်နော် -
စာချုပ် တံဆိပ်ခေါင်းခွန် (Stamp Duty): စာချုပ်တန်ဖိုးရဲ့ ၂% (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဆိုရင်တော့ စည်ပင်အခွန် ၂% ပါ ပေါင်းပြီး စုစုပေါင်း ၄% ပေးရပါတယ်)။
ဝင်ငွေရလမ်း မပြနိုင်တဲ့ ဝင်ငွေအပေါ် အခွန် (Income Tax):
💵 သိန်း ၃,၀၀၀ အထိ ➔ ၃%
💵 သိန်း ၃,၀၀၀ မှ သိန်း ၆,၀၀၀ အထိ ➔ ၅%
💵 သိန်း ၆,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိ ➔ ၁၀%
💵 သိန်း ၁၀,၀၀၀ မှ သိန်း ၃၀,၀၀၀ အထိ ➔ ၁၅%
💵 သိန်း ၃၀,၀၀၀ အထက် ➔ ၃၀%
၃။ ရောင်းချသူရဲ့ စာရွက်စာတမ်းနဲ့ အခွန်ပြေစာတွေကို သေချာစစ်ပါ
ဝယ်တော့မယ့် အိမ်၊ ခြံ၊ မြေက ရောင်းသူဘက်မှာ အခွန်ပြေစာတွေ၊ အမည်ပေါက် ဂရန်/စလစ် စာရွက်စာတမ်းတွေ အရှုပ်အရှင်း ကင်းရဲ့လားဆိုတာကို ရှေ့နေ သို့မဟုတ် ကျွမ်းကျင်သူတွေနဲ့ သေချာ စစ်ပြီးမှ စရံပေး စာချုပ်ချုပ်ဖို့ ပြင်သင့်ပါတယ်နော်။
အခွန်ဥပဒေတွေ ပြောင်းထားတာမို့လို့ အိမ်ခြံမြေ ဝယ်ပြီးရင် အမည်မပြောင်းဘဲ ဒီအတိုင်း ပစ်ထားရင် နောင်ကျရင် ဒဏ်ကြေးတွေ ပေးရတာ၊ အရှုပ်အရှင်း ဖြစ်တာတွေ ကြုံရတတ်ပါတယ်နော်။ ဒါကြောင့် ဝယ်တည်းက စာရွက်စာတမ်းနဲ့ အခွန်ကိစ္စတွေကို တစ်ပါတည်း စနစ်တကျ လုပ်ထားတာ အကောင်းဆုံးပါပဲ✨
အိမ်ခြံမြေ အရောင်းအဝယ် လုပ်တာ၊ အခွန် တွက်ပေးတာနဲ့ စာရွက်စာတမ်း စစ်ဆေးပေးတာတွေအတွက် စိတ်အေးချမ်းရအောင် May Mahar ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော် 📲
📞 ဆက်သွယ်ရန် ဖုန်း: 09696144562
#အိမ်ခြံမြေဗဟုသုတ #အိမ်ခြံမြေအခွန်ဥပဒေ #ကြိုတင်ပြင်ဆင်ရန်များ #အိမ်ခြံမြေအရောင်းအဝယ်