Sky Land Myanmar

Sky Land Myanmar Investing in your Future. Sky Land Myanmar

"ခပ်သိမ်းသောဒုက္ခများ အမြန်ဆုံးကင်းပျောက်ပါစေ"သဘာဝဘေးကြောင့် ထိခိုက်ခံစားနေရတဲ့ မိဘပြည်သူများအတွက် Skyland Myanmar မှ ထပ...
03/04/2025

"ခပ်သိမ်းသောဒုက္ခများ အမြန်ဆုံးကင်းပျောက်ပါစေ"

သဘာဝဘေးကြောင့် ထိခိုက်ခံစားနေရတဲ့ မိဘပြည်သူများအတွက် Skyland Myanmar မှ ထပ်တူကြေကွဲဝမ်းနည်းရပါတယ်။

အခုရင်ဆိုင်နေရတဲ့ ဘေးဒုက္ခဆိုးကြီးတွေကနေလည်း အမြန်ဆုံးကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာအခါခါ ပို့သရသလို လက်လှမ်းမီရာနေရာကနေ Skyland Myanmar က ဖေးမရပ်တည်လျက်ရှိကြောင်းနဲ့ နေ့ရက်တွေရှိနေသ၍ မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတာကို အားပေးစကားပြောကြားလိုက်ရပါတယ်နော်။

"ကြွယ်ဝမှုပုံစံအသစ်တွေကို လိုလားတဲ့သူတွေဆိုရင် 5 Mile Logistics ကို မေ့ထားလို့မရပါဘူး..."ဧက (၅၀၀)အကျယ်ရှိတဲ့ 5 Mile Cons...
22/03/2025

"ကြွယ်ဝမှုပုံစံအသစ်တွေကို လိုလားတဲ့သူတွေဆိုရင် 5 Mile Logistics ကို မေ့ထားလို့မရပါဘူး..."

ဧက (၅၀၀)အကျယ်ရှိတဲ့ 5 Mile Construction Material Park & Logistic Hub ထဲမှာ လူကြီးမင်းတို့အနေနဲ့ ကိုယ်ပိုင် Wearhouse တွေကို ဖန်တီးလာနိုင်တော့မှာမို့ ကိုယ့်ရဲ့ကုန်စည်တွေကို ငှားရမ်းရတဲ့နေရာမှာ မထားချင်သူတွေအတွက်တော့ တကယ်နေရာကောင်းတစ်ခုဖြစ်တော့မှာ အသေအချာပါပဲ ✅

📍 တည်နေရာဟာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းနားမှာမို့ စီးပွားရေးအတွက် ဗဟိုအချက်အချာနေရာတစ်ခုလိုပါ ဖြစ်နေမှာပါ။

ဒါ့အပြင် Wearhouse အကြီးကြီးဆောက်ချင်တဲ့သူတွေအတွက်ပါ ဧကအလိုက် ဝယ်ယူ လို့ရအောင် စီစဉ်ပေးထားမယ်လို့ ကနဦး သိထားရပါတယ်။

ဒီစီမံကိန်းထဲမှာ Wearhouse ‌တွေသာမကဘဲ -
🔹Logistic Hub
🔹Rest Camp
🔹Petrol Station
🔹Showrooms
🔹 Machinery Yard စတဲ့ လုပ်ငန်းတွေကိုပါ လုပ်ကိုင်နိုင်မှာဦးမှာ ဖြစ်ပါတယ်။

🏙️ Infrastructure ဖြစ်တဲ့ ကွန်ကရစ်လမ်း၊ ရေမြောင်း၊ မီး တို့ ဆောင်ရွက်လျက်ရှိပြီး၊ 24hrs Security၊ Gated Compound System တွေပါဝင်မှာဖြစ်လို့ လုံခြုံရေးအတွက် စိတ်ချရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် Warehouse အတွက် ကျယ်ဝန်းတဲ့မြေကွက်တွေ ဝယ်ယူဖို့ရှိတယ်ဆိုရင်တော့ 5 Mile Construction Material Park & Logistic Hub အကြောင်းကို မျက်စိဖွင့် နားစွင့်ထားဖို့တော့ လိုပါလိမ့်မယ်နော် 🧐

Sky Land အိမ်၊ ခြံ၊ မြေ Project အကြောင်းတွေကို အောက်ပါ Channel တွေကနေလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
Telegram - https://t.me/skylandmyanmar
Viber - https://n9.cl/skylandmm

#အိမ်ရာ

"အမြန်လမ်းနားက မြေကွက်တွေ စိတ်ဝင်စားတဲ့သူတွေအတွက် အမြန်လမ်းနားက Sapphire Villa"မကြာတော့တဲ့အချိန်အတိုင်းအတာတစ်ခုရောက်ရင် ...
21/03/2025

"အမြန်လမ်းနားက မြေကွက်တွေ စိတ်ဝင်စားတဲ့သူတွေအတွက် အမြန်လမ်းနားက Sapphire Villa"

မကြာတော့တဲ့အချိန်အတိုင်းအတာတစ်ခုရောက်ရင် ရန်ကုန်-မန္တလေး အမြန်လမ်း (၄)မိုင် (၃)ဖာလုံအနီးမှာ Sapphire Villa ဆိုပြီး အလားအလာကောင်းတဲ့ မြေကွက်တွေရရှိလာနိုင်တဲ့ Villa Project တစ်ခု ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။

အဲ့ဒီအခါ ရွေးချယ်နိုင်မယ့် မြေကွက် အကျယ်အဝန်းတွေကတော့ -
📌 မြေအကျယ် (ပေ ၄၀ x ပေ ၆၀) - ၂၄၀၀ sqft
📌 မြေအကျယ် (ပေ ၅၀ x ပေ ၁၁၅) - ၅၇၅၀ sqft ဆိုပြီး

မတူတဲ့ မြေအကျယ်အဝန်းတွေနဲ့အတူ ရင်းနှီးမြှုပ်နှံချင်သူတွေ အခြေတကျနေချင်သူတွေအတွက် ရွေးချယ်စရာတွေ ပေါ်လာမှာဖြစ်ပါတယ်.

Sapphire Villa ရဲ့ အနီးအနားမှာဆိုရင်တော့

လှည်းကူးမြို့မဈေး

သူဌေးကျွန်း

တွေရှိပြီး

Villa အတွင်းမှာဆိုရင်တော့
📍 Life Time Facilities
📍 Club House
📍 24 Hours Security
📍 Gated Compound System
📍 Property Management Service တွေရှိပြီး...

Infrastructure တွေအနေနဲ့

📌 100’,80',60',50’,40’ အကျယ်ရှိ ကွန်ကရစ်လမ်းမကြီး
📌 မီး
📌 ရေမြောင်းတွေကိုပါ ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

နောက်ပြီး ငွေပေးချေမှုအပိုင်းတွေမှာလည်း Option တွေအများကြီးနဲ့ ရွေးချယ်နိုင်အောင် စီစဉ်ပေးသွားဦးမှာပါ။

ဒါကြောင့် အမြန်လမ်းနားက မြေကွက်တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတယ်ဆိုရင် အခု Page လေးကို Like and Follow လုပ်ထားပြီး အမြဲနားစွန့်နေဖို့ မမေ့လိုက်ပါနဲ့နော် 👍

#အိမ်ရာ

"Real estate investor ဆိုရင် မျက်ခြေမပြတ်သွားသင့်တဲ့ Jade Villa"Jade Villa ဆိုတာ Eco-Green City ထဲက Villa Project တစ်ခုဖ...
20/03/2025

"Real estate investor ဆိုရင် မျက်ခြေမပြတ်သွားသင့်တဲ့ Jade Villa"

Jade Villa ဆိုတာ Eco-Green City ထဲက Villa Project တစ်ခုဖြစ်ပြီး (ပေ ၄၀ x ပေ ၆၀) - ၂,၄၀၀ sq-ft, (ပေ ၅၀ x ပေ ၆၀) - ၃,၀၀၀ sq-ft မြေအကျယ်ရှိတဲ့ အိမ်ရာစီမံကိန်းတစ်ခုအဖြစ် Development လုပ်နေတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း 0 မိုင်နားက စီမံကိန်းတစ်ခုဖြစ်ပါတယ် 📍

အိမ်ရာစီမံကိန်းတစ်ခုဖြစ်တာမို့ Facility တွေ၊ Infrastructure တွေနဲ့ 24-Hour Security တွေပါဝင်ပါတယ်။ အသေးစိတ်ထပ်ပြီး ပြောပြရမယ်ဆိုရင် -

Facilities အနေနဲ့
📍 Club House
📍 24-Hour Security
📍 Gated Compound System
📍 Property Management Service တွေပါရှိပြီး...

Infrastructure တွေအနေနဲ့

📌 ကွန်ကရစ်လမ်းမကြီးများ
📌 မီး
📌 ရေမြောင်းတွေကိုပါ ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

အနီးအနားမှာဆိုရင်လည်း -

➤ Shophouse
➤ Shopping Mall
➤ Banking Zone
➤ Warehouse
➤ Park
➤ Property Management
➤ Commercial Zone
➤ ဆေးရုံ၊ ကျောင်းတွေ တည်ရှိနေပါတယ်။

ဒါကြောင့် ဖန်တီးမှုအားလုံးပြီးသွားတဲ့အချိန်မှာတော့ တန်ဖိုးအရှိန်တွေ မြင့်တက်သွားတော့မှာ အသေအချာပါပဲ 💸

တကယ်လို့ လူကြီးမင်းတို့အနေနဲ့ အခုပြောပြသွားတဲ့ Jade Villa အကြောင်းကို စိတ်ဝင်စားလို့ ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ Page လေးကို Like and Follow လေးလုပ်ထားပြီး နောက်တင်မယ့်အကြောင်းအရာတွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။

#အိမ်ရာ

"အမှတ်(၂)လမ်းမကြီးပေါ်မှာ (40’x60’)ဂရန်မြေတွေကို Facility ခံစားခွင့်တွေနဲ့အတူ ပိုင်ဆိုင်နိုင်တော့မယ်ဆိုရင် စိတ်ဝင်စားပါရ...
19/03/2025

"အမှတ်(၂)လမ်းမကြီးပေါ်မှာ (40’x60’)ဂရန်မြေတွေကို Facility ခံစားခွင့်တွေနဲ့အတူ ပိုင်ဆိုင်နိုင်တော့မယ်ဆိုရင် စိတ်ဝင်စားပါရဲ့လား?"

📌 အမှတ်(၂) လမ်းမကြီးပေါ်၊ ပင်လုံအိမ်ရာဝန်းနဲ့ ပင်လုံဆေးရုံကြီးတို့ အနီးမှာ တည်ရှိတဲ့
“Ruby Villa”အဆင့်မြင့် အိမ်ရာဝန်းဟာ Facility and Security တွေအပြည့်နဲ့ နေထိုင်ချင်သူတွေအတွက် သိပ်မကြာခင်မှာ အပြည့်အဝကြီး ပေါ်ပေါက်လာပါတော့မယ်။

ပါဝင်မယ့် Facilities တွေအနေနဲ့ -

▪ Private School
▪ Clinic
▪ Banking Zone
▪ 24-Hour Security
▪ Gated Compound System
▪ Property Management Service
▪ Commercial Zone တွေပါရှိမှာဖြစ်သလို ...

Infrastructure တွေအနေနဲ့

▪ 40’, 60’, 80’,100’အကျယ်ရှိတဲ့ ကွန်ကရစ် လမ်းမကြီးများ
▪ ရေမြောင်း
▪ မီးလိုင်း အစရှိတာတွေ ပါဝင်မှာပဲဖြစ်ပါတယ်။

📍 အနီးနားမှာဆိုရင်လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတို့ တည်ရှိပြီး လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။

Ruby Villa အကြောင်းကိုတော့ နောက်နေ့တွေမှာ ထပ်ပြီး မျှဝေပေးဦးမှာမို့ အိမ်၊ ခြံ၊ မြေချစ်တဲ့သူတစ်ယောက်ဆိုရင် Page ကို Like and Follow လေးလုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

"အေးအေးချမ်းချမ်းနေလိုသူတွေရဲ့ အိပ်မက် (သို့) Lavender Villa"အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမယ့် Lavender Villa Projec...
18/03/2025

"အေးအေးချမ်းချမ်းနေလိုသူတွေရဲ့ အိပ်မက် (သို့) Lavender Villa"

အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမယ့် Lavender Villa Project ဆိုတာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနားမှာတည်ရှိပြီး ပေ (30’x80’)အကျယ်ရှိတဲ့ မြေကွက်တွေကို စီစဉ်ပေးနေတာပဲဖြစ်ပါတယ်။

📌 ဒီ Project အတွင်းမှာဆိုရင် နေထိုင်သူတွေ စိတ်ချမ်းသာရမယ့် ရေ၊ မီး Facility အပြည့်အစုံအပြင် (၂၄)နာရီလုံး စောင့်ရှောက်ပေးမယ့် Security တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Lavender Villa Project အနီးနားမှာဆိုရင်လည်း -

▪ Green City အိမ်ရာ

▪ 5Mile Construction Material Park & Logistic Hub

▪ ကိုရီးယား - မြန်မာ စက်မှုဇုန် (KMIC)

▪ ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေးဇုန်

▪ မြို့ပြနှင့်အိုးအိမ်မှ အကောင်းအထည်ဖော်ဆောင်နေတဲ့ အိပ်ခန်းပေါင်း(3000)ခန့်ပါဝင်တဲ့ အိမ်ရာစီမံကိန်းတို့အပြင် ထောက်ကြံ့ ၊ လှည်းကူးမြို့မဈေးတို့လည်း တည်ရှိပါတယ်။

ဒါကြောင့် Lavender Villa ရယ်လို့ ရုပ်လုံးကြွလာတဲ့အခါမှာတော့ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်လို့ကောင်းမယ့် အိမ်ရာတစ်ခုအဖြစ် ထင်ထင်ရှားရှား ပေါ်လွင်လာတော့မှာ အသေအချာပါပဲ 🤗

Eco-Green City အောက်က အိမ်၊ ခြံ၊ မြေ Project အကြောင်းတွေကို အောက်ပါ Channel တွေကနေလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်နော် 🆓

Telegram - https://t.me/skylandmyanmar

Viber - https://n9.cl/skylandmm

#အိမ်ရာ

"အချိန်နဲ့အတူ ရင်းနှီးမြှုပ်နှံတာထက် ပိုပြီးခိုင်မာတာရှိဦးမလား..."ဒီနေ့မှာ အိမ်၊ ခြံ၊ မြေချစ်သူတွေကို သတင်းကောင်းတစ်ခုပေ...
17/03/2025

"အချိန်နဲ့အတူ ရင်းနှီးမြှုပ်နှံတာထက် ပိုပြီးခိုင်မာတာရှိဦးမလား..."

ဒီနေ့မှာ အိမ်၊ ခြံ၊ မြေချစ်သူတွေကို သတင်းကောင်းတစ်ခုပေးချင်တာက အချိန်ကြာလေ တန်ဖိုးတွေမြင့်တက်လေဖြစ်မယ့် 𝐅𝐥𝐨𝐫𝐚𝐥 𝐕𝐢𝐥𝐥𝐚 အကြောင်း မျှဝေပေးချင်တာပဲဖြစ်ပါတယ်။

📍 𝐅𝐥𝐨𝐫𝐚𝐥 𝐕𝐢𝐥𝐥𝐚 ဆိုတာ Eco-Green City အောက်က Project တစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနားက ဧက ၁၅၀ ရှိတဲ့ ဇုန်တစ်ခုပဲဖြစ်ပါတယ်။

အနီးနားဝန်းကျင်မှာလည်း အစိုးရ စီမံကိန်းတွေရှိနေတဲ့အပြင် ...

- Basic Education High School
- Special Clinic
- Bank
- Whole Sales Market
- Shopping Mall
- IT Park
- Golf Resort
- Amusement Park
- Media Village

အစရှိတဲ့ စီမံကိန်းတွေ၊ စက်မှုဇုန်တွေ နီးကပ်စွာရှိနေပါတယ် ✅

လက်ရှိမှာ ဖော်ဆောင်ဆဲစီမံကိန်းတစ်ခုဖြစ်တာမို့ အိမ်၊ ခြံ၊ မြေပေါ်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ မိတ်ဆွေတို့ကို အခုလို မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း Eco-Green City ထဲက Project တွေအကြောင်း မျှဝေပေးနေဦးမှာမို့ အိမ်၊ ခြံ၊ မြေချစ်တဲ့သူတွေဆိုရင် Page လေးကို Like and Follow တွေလုပ်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်နော် 🔔

📲 Telegram - https://t.me/skylandmyanmar

📲 Viber - https://n9.cl/skylandmm

နောက်ပြီး Sky Land Myanmar Page Messenger မှာလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

#အိမ်ရာ

"အိမ်၊ ခြံ၊ မြေ ချစ်သူတွေ သိထားသင့်တဲ့ Eco Green City ..."Eco Green City ဆိုတာ ရန်ကုန်-မန္တလေးအမြန်လမ်းမနားမှာ အိမ်ရာစီမ...
03/03/2025

"အိမ်၊ ခြံ၊ မြေ ချစ်သူတွေ သိထားသင့်တဲ့ Eco Green City ..."

Eco Green City ဆိုတာ ရန်ကုန်-မန္တလေးအမြန်လမ်းမနားမှာ အိမ်ရာစီမံကိန်း Project တွေကို တာဝန်ယူဆောင်ရွက်သွားမယ့် အိမ်၊ ခြံ၊ မြေ ရေရှည်စီမံကိန်းကြီးတစ်ခုပဲဖြစ်ပါတယ် ✅

ဒီစီမံကိန်းထဲမှာဆိုရင် Project Feature တွေအနေနဲ့ -

Residential Villa and Commercial Area

Hotel & Luxury Residential Area

DUHD staff housing Area

Golf Resort Area

Park & Media Village Area

Future Development Area

Residential တွေကတော့ -

Floral Villa

PadaukVilla

Lavender Villa

Cherry Villa

Jasmine Villa

Ruby Villa

Sapphire Villa

Jade Villa

Residential Villa

5 Mile Commercial & Residential Zone

Commercial Area တွေကတော့ -

International Wholesale Market

Shopping Malls

Warehouse

Banks

Showrooms

Green City

ထပ်ပြောရရင် ပြောမကုန်အောင် ကျန်ရှိနေသေးတာမို့ အသေးစိတ်အကြောင်းအရာတွေကို တဖြည်းဖြည်းချင်း ပြောပြပေးသွားမို့ Page ကို Like and Follow လေးလုပ်ထားဖို့ မမေ့လိုက်ပါနဲ့နော် 🤗

#လမ်းခင်းကျင်းမှုပုံရိပ်များ #အိမ်ရာ

22/02/2025

"ကြိုးကြိုးစားစား Villa Project အတွင်းက လမ်းခင်းကျင်းမှု ပုံရိပ်များ..."

🎬 Eco Green City Project ထဲက Padauk Villa & Lavender Villa အတွင်းက လမ်းခင်းကျင်းမှုဖော်ဆောင်နေတဲ့ ပုံရိပ်တွေကို အခုလို Video လေးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

အိမ်ရာစီမံကိန်းအနေနဲ့ ဖန်တီးပုံဖော်နေဆဲဖြစ်တဲ့ Eco Green City ရဲ့ Villa တွေထဲမှာ ရေ၊ မီး၊ လမ်း၊ မြောင်း၊ အမှိုက်သိမ်းစနစ်၊ လုံခြုံရေး စတဲ့ Facility တွေပါဝင်မှာဖြစ်ပြီး တစ်ချိန်ကျရင် မြေဈေးတွေထောင်တက်လာနိုင်တဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမနီးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် အိမ်၊ ခြံ၊ မြေ အပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီ Page လေးကို အမြဲစောင့်ကြည့်နေဖို့ နှိုးဆော်လိုက်ပါတယ်နော် 🤗

#လမ်းခင်းကျင်းမှုပုံရိပ်များ #အိမ်ရာ

"အဆောက်အအုံဆောက်ဖို့ ဘယ်လိုခွင့်ပြုချက်တွေ အရင်ယူရလဲ"အထူးသဖြင့် RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်လို အဆောက်အဦးတ...
15/02/2025

"အဆောက်အအုံဆောက်ဖို့ ဘယ်လိုခွင့်ပြုချက်တွေ အရင်ယူရလဲ"

အထူးသဖြင့် RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်လို အဆောက်အဦးတွေ ဆောက်လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာဌာနဖြစ်တဲ့ အဆောက်အအုံနှင့်ကုန်ရုံဌာနဆီကနေ ခွင့်ပြုမိန့် လျှောက်ထားရပါတယ်။

အဲ့ဒီအခါ အောက်ပါအတိုင်း စာရွက်စာတမ်းတွေလိုအပ်ပါတယ် 👇

(၁) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)
(၂) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ
(၃) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
(၄) လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်းဇယားမိတ္တူ
(၅) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက် (၁ စုံ)
(၆) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်
(၇) အဆောက်အဦးပုံစံ A1 size (၃) စုံနှင့် (AutoCAD Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)
- Location Plan
- Building Layout Plan
- Floor Plan
- Cross-section
- Beam, Column and Foundation Plan
- Elevation (Front, Back, side)
- Structure Design Detail
(၈) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ
(၉) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့် တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
(၁၀) Septic Tank Design (၃)စုံ (A-3)size
- Plan
- Section
- Design Calculation
- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။
(၁၁) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာ ပါဝင်သော သတင်းစာကြော်ငြာ)
(၁၂) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ
(၁၃) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ
(၁၄) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း

အထက်ပါ စာရွက်စာတမ်း စုံစုံလင်လင်နဲ့ သက်ဆိုင်ရာကို တင်ပြပြီးရင်တော့ အတည်ပြုချက်ခွင့်ပြုမိန့်ကို သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာ စောင့်ဆိုင်းပေးဖို့လိုပါတယ်။ ခွင့်ပြုချက်မရဘဲ အဆောက်အဦးကြိုဆောက်ထားမယ်ဆိုရင်လည်း ဒဏ်ကြေးပေးဆောင်ရတတ်ပါတယ် ❗

နောင်လည်း ဒီလိုမျိုး အိမ်၊ ခြံ၊ မြေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေမျှဝေပေးဦးမှာမို့ Page ကို Like and Follow လုပ်ထားဖို့ မမေ့လိုက်ပါနဲ့ဦးနော် 🤗

#အိမ်ခြံမြေဗဟုသုတ #အိမ်ရာ

"အိမ်၊ ခြံ၊ မြေဝယ်တဲ့အခါ မြေချပါမစ်၊ မြေဂရန် အတုအစစ်သေချာစစ်ဖို့ လိုပါတယ်..."လိမ်ညာရောင်းချတဲ့သူတွေက ဒီလိုအတုလုပ်ပြီး လိ...
13/02/2025

"အိမ်၊ ခြံ၊ မြေဝယ်တဲ့အခါ မြေချပါမစ်၊ မြေဂရန် အတုအစစ်သေချာစစ်ဖို့ လိုပါတယ်..."

လိမ်ညာရောင်းချတဲ့သူတွေက ဒီလိုအတုလုပ်ပြီး လိမ်လည်ရောင်းချတဲ့နေရာမှာ လုံးဝတူညီနေအောင်လုပ်တတ်ကြတာမို့ ခွဲခြားရခက်လှပါတယ်။ ဒါကြောင့် Sky Land Myanmar က မြေချပါမစ်၊ မြေဂရန်အတုအစစ်ခွဲနည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး မြေကွက်ပြေစာထုတ်ပေးတယ်ဆိုတဲ့ သက်ဆိုင်ရာရုံးဌာနကို မေးမြန်းစုံစမ်းရပါတယ်။ ကျေးရွာနဲ့ မြို့ပြဆင်ခြေဖုံးနေရာတွေမှာဆိုရင် နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းနိုင်ပြီး တခြားစုံစမ်းလို့ရတဲ့ နေရာတွေကတော့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းနိုင်ပါတယ်။

သွားရောက်စစ်ဆေးဖို့ တင်ပြတဲ့အခါမှာတော့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊ မြေဂရန်တွေကို သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ခြင်း ရှိ၊မရှိကို စစ်ဆေးပေးပါတယ်။

တကယ်လို့ ကိုယ့်မြေကွက်ကို တခြားသူက လိမ်လည်ရောင်းချနေတာမျိုးရှိရင် အရမ်းလန့်သွားစရာမလိုဘဲ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကို သွားရောက်တင်ပြပြီး အတုအပတွေကို ပယ်ဖျက်ကြောင်း ကြေညာချက်နဲ့အတူ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ အိမ်၊ ခြံ၊ မြေဝယ်တဲ့အခါ သေချာစီစစ်ဖို့လိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ Sky Land Myanmar မှာ ရောင်းချပေးနေတဲ့ မြေကွက်တွေကတော့ တရားဝင် အထောက်အထားခိုင်ခိုင်မာမာရရှိနိုင်မှာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူနိုင်ပါတယ်နော် 🤗

📞 09 406 000 477
📞 09 450 001 733

💬 Telegram - Sky Land Myanmar

💬 Viber - Sky Land Myanmar on Viber

#အိမ်ခြံမြေဗဟုသုတ #အိမ်ရာ

❝ မြင်ဖူးကြားဖူးကြုံဖူးကြမှာဖြစ်တဲ့ မြေကျူးကျော်ခြင်းပြဿနာ ❞တစ်ဖက်အိမ်က ခြံစည်းရိုးတွေပြင်ခတ်တဲ့အခါမှာ ကိုယ့်မြေဧရိယာအထဲ...
11/02/2025

❝ မြင်ဖူးကြားဖူးကြုံဖူးကြမှာဖြစ်တဲ့ မြေကျူးကျော်ခြင်းပြဿနာ ❞

တစ်ဖက်အိမ်က ခြံစည်းရိုးတွေပြင်ခတ်တဲ့အခါမှာ ကိုယ့်မြေဧရိယာအထဲထိရောက်လာတဲ့အဖြစ်မျိုးကို ကြားဖူးကြုံဖူးပါလိမ့်မယ်။ ဒီပြဿနာတွေဟာ အရင်ကလည်းရှိခဲ့ဖူးသလို နောင်လည်းကြုံတွေ့ကောင်းကြုံတွေ့နိုင်တာမို့ ဘယ်လိုဖြေရှင်းလို့ရလဲဆိုတဲ့ နည်းလမ်းတွေကို Sky Land Myanmar ကနေ မျှဝေပေးလိုက်ပါတယ် 🤗

ဒီလိုကိစ္စတွေကို ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းနိုင်ပြီး လတ်တလောကာလအတွင်းလေးမှာ မိမိမြေက တခြားသူဘက်ရောက်သွားတယ်ဆိုရင် အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အစီအမံတွေနဲ့ ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ဒါမှမဟုတ် ခြံစည်းရိုးကာရံခြင်း၊ မြေတိုင်းတာခွဲခြမ်းခြင်း၊ ဖောင်ဒေးရှင်းတူးခြင်း၊ နယ်နိမိတ်တိုင်စိုက်ထူခြင်းကိစ္စတွေမှာ အငြင်းပွားမှုတွေ ကြုံတွေ့နေရသူဆိုရင်တော့ သက်ဆိုင်ရာဌာတွေရဲ့ အဆုံးအဖြတ်နဲ့ ကွင်းဆင်းတိုင်းတာဖြေရှင်းမှုတွေနဲ့လည်း ပြေလည်အောင် ဖြေရှင်းနိုင်ပါတယ်

နောက်တစ်ချက်က သူ့မြေကိုယ့်မြေ သေချာခွဲခြားတာမျိုး စစ်ဆေးထားတာမျိုးမရှိဘဲ ကြာမြင့်စွာနေခဲ့မိတယ်ဆိုရင်တော့ အခုပြောမယ့် နည်းလမ်း(၂)ခုနဲ့ ဖြေရှင်းနိုင်ပါတယ် ✌️

(၁) ပထမနည်းလမ်းကတော့ ကြေးတိုင်နှင့် မြေစာရင်းဌာနကို ပုဂ္ဂလိကမြေတိုင်းတာမှုလျှောက်ထားဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။

✅ ကြေးတိုင်နှင့် မြေစာရင်းဌာနရဲ့ အမြဲအမိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးဖို့ ညွှန်ကြားရေးမှူးချုပ်ဆီ လျှောက်ထားမယ်ဆိုရင် မြေတိုင်းတာပေးဖို့ တာဝန်ပေးအပ်မှုနဲ့အတူ ခွင့်ပြုမိန့် ချမှတ်ဆောင်ရွက်ပေးပါတယ်။ အဲ့ဒီအခါမှာတော့ အငြင်းပွားနယ်နိမိတ်အမှန်ကို ရရှိလာနိုင်ပါတယ်။

(၂) နောက်တစ်နည်းကတော့ သက်ဆိုင်ရာ တရားရုံးရဲ့ မြေတိုင်းကော်မရှင်နဲ့ တိုင်းတာဖြေရှင်းဖို့ ဖြစ်ပါတယ်။

ပုဂ္ဂလိကတွေရဲ့ မြေပိုင်နက် နယ်နိမိတ်အငြင်းပွားမှုမှာ မိမိမြေကို မူလဧရိယာအတိုင်း လက်ရောက်ပေးစေလိုတဲ့အခါ ပိုင်ဆိုင်ကြောင်းမြွက်ဟ ကြေညာပေးစေလိုမှု၊ မိမိပိုင်နက် မြေအမှန်ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုက်နက်မြေအတွင်း ကျူးကျော်ဝင်ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှုစတဲ့အချက်တွေနဲ့ တရားမမှု စွဲဆွဲနိုင်ပါတယ်။

အဲ့ဒီအခါမှာမှ တရားရုံးက အချင်းဖြစ်နေရာမှာ ရနိုင်တဲ့ အချက်အလက်တွေကို စိစစ်ရှာဖွေဖို့အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ်ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေးကော်မရှင်လို့ ဆိုပေမယ့် အရပ်ခေါ်အရ မြေတိုင်းကော်မရှင်ပါပဲ။ ဒီမြေတိုင်းကော်မရှင်က နှစ်ဖက်နယ်နိမိတ်တွေကို သေချာစစ်ဆေးပိုင်းခြားသတ်မှတ်တွေ့ရှိမှုကို တရားရုံကို ပြန်ပြီးအစီအရင်ခံတင်ပြပြီး တရားရုံးက သင့်လျော်တဲ့အတိုင်း အမိန့်ချမှတ်မှာဖြစ်ပါတယ် ⚖️

❗ ဒီလို မြေတိုင်းကော်မရှင် ဖွဲ့စည်းတာဝန်ပေးမှုကို တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်ဆီ တရားရုံးမှပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်ရဲ့ အခွင့်ရပြီဆိုမှ မြေစာရင်းအရာရှိတွေအနေနဲ့ မြေတိုင်းကော်မရှင်မှာ ပါဝင်ဆောင်ရွက်ခွင့် ရှိပါတယ်။

❗ မူရင်းမြေပုံအတိုင်း ပြန်ရအောင် နယ်နိမိတ်ပြန်တောင်းတဲ့အခါ မိမိဆီမှာရှိတဲ့ ပုံစံ ၁၀၅ နဲ့တောင်းတာထက် တရားဝင် အသုံးပြုခွင့် ပေးထားတဲ့ ဂရန်၊ သို့မဟုတ် တရားဝင်အသုံးပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ်။ ပုံစံ ၁၀၅ ဟာ အဆိုပါ ပုံစံမှာ ဖေါ်ပြထားတဲ့ မြေကွက်ရဲ့ အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်) ကိုသာ သက်သေခံတာဖြစ်ပြီး ပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ် မဟုတ်တာကို သိထားရပါမယ်။

➡ နောက်ပြီး မြေကျူးကျော်ခံရတယ်လို့ တင်ပြတဲ့အပိုင်းမှာ မိမိကြာရှည်စွာ လက်ရှိမထား လက်မဲ့အနေအထားဖြစ်နေတဲ့ မြေအစိတ်အပိုင်းဖြစ်နေမယ်ဆိုရင် မိမိလက်လွတ်ဆုံးရှုံးနေတဲ့ ကာလစည်းကမ်းသတ်မှတ်ချက်ထက် မကျော်လွန်နေစေဖို့ အထူးသတိပြုရပါမယ်။

မြေကျူးကျော်ခံရတဲ့အခါ ဖြေရှင်းရမယ့်နည်းလမ်းတွေက ဒီလောက်ပါပဲ။ ကျူးကျော်ခံရတာကို ငြိမ်နေရင်လည်း တခြားလူအလွန်က ကိုယ့်အလွန်ဖြစ်တတ်တာမို့ ကြာကြာမနေဘဲ အမြန်ဖြေရှင်းဖို့လိုတာကိုတော့ သတိချပ်စေချင်ပါတယ်။ ဖတ်ရတာ အကျိုးရှိရင် Like and Share လေးလုပ်ပေးသွားဖို့ မမေ့လိုက်ပါနဲ့နော်။

#အိမ်ခြံမြေဗဟုသုတ #အိမ်ရာ

Address

Sky Star Hotel, 10th Floor, No. 51/B-1, E-Horse Race Course Road, Tamwe Township
Yangon
11091

Opening Hours

Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 12:00

Telephone

+959457494815

Website

Alerts

Be the first to know and let us send you an email when Sky Land Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sky Land Myanmar:

Share

Category