LexPro Services

LexPro Services ဥပ​ဒေနှင့်ပတ်သက်သည့်ကိစ္စရပ်များအားလုံး​​ဆောင်ရွက်​​ပေးသည်။စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆို​ပေးသည်။တရားရုံးတွင်အမှုများလိုက်ပါ​ဆောင်ရွက်​ပေးသည်။

📌LexPro Services မှဥပဒေနှင့်အညီဝန်ဆောင်မှုပေးသောလုပ်ငန်းများမှာ✍️စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များ📌ဥပဒေဆိုင်ရာ ကိစ္စရပ်မ...
17/09/2026

📌LexPro Services မှဥပဒေနှင့်အညီဝန်ဆောင်မှုပေးသောလုပ်ငန်းများမှာ

✍️စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များ

📌ဥပဒေဆိုင်ရာ ကိစ္စရပ်များဖြစ်သော GP (အထွေထွေကိုယ်စားလှယ်လွှဲစာ)

📌SP( အထူးကိုယ်စားလှယ်လွှဲစာ) ပြုလုပ်ပေးခြင်း နှင့် ပယ်ဖျက်ပေးခြင်း

📌ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း

✍️စာချုပ်စာတမ်းအမျိုးမျိုးမှတ်ပုံတင်ပေးခြင်း

📌ဂရန်လျှောက်၊ ဂရန်ပျောက်ခြင်းကိစ္စရပ်များဆောင်ရွက်ပေးခြင်း

📌အိုးအိမ်တိုက်ခန်းအမည်ပေါက်ကိစ္စနှင့်အမည်ပြောင်းကိစ္စဆောင်ရွက်ပေးခြင်း

📌အိမ် ၊ခြံ ၊ မြေ ၊ တိုက်ခန်း ၊ ကွန်ဒို ၊ ဆိုင်ခန်း ရောင်း/ ဝယ်/ ငှါးရမ်းခြင်း စာချုပ်များကို ဥပဒေနှင့်အညီ ရေးသားချုပ်ဆိုပေးခြင်း။

📖မိသားစုစီမံမှုစာချုပ်၊ ပိုင်ဆိုင်ကြောင်းမြွက်ဟစာချုပ်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်၊ စွန့်လွှတ်စာ
ချုပ်၊ အမှားပြင်ဆင်ခြင်းစာချုပ်၊ အကျိုးတူပူးပေါင်းခြင်းစာချုပ်၊ ကိတ္တိမမွေးစားခြင်းစာချုပိ၊ ပေးကမ်းခြင်းစာချုပ် ၊ ဝန်ခံကတိစာချုပ် အမျိုးမျိုးချုပ်ဆိုပေးခြင်း၊

👩‍❤️‍👨လက်ထပ်စာချုပ်နှင့်ကွာရှင်းစာချုပ်များရေးသားချုပ်ဆိုပေးခြင်း၊

👩‍❤️‍👨နိုင်ငံခြားသားဗုဒ္ဓဘာသာဝင်နှင့်မြန်မာအမျိုးသမီးတို့တည်ဆဲဥပဒေနှင့်အညီ လက်ထပ်မှတ်ပုံတင်ပေးခြင်း၊

📖တရားရုံးတွင် ကျမ်းကျိန်ဆိုခြင်း၊ နိုတြီအမျိုးမျိုးဘာသာပြန်ပေးခြင်း၊

📌ရာဇဝတ်မှုများ၊ တရားမမှုများနှင့် တရားမဇာရီမှုများအား လိုက်ပါဆောင်ရွက်ပေးခြင်း၊

📌ဥပဒေရေးရာအခက်အခဲကိစ္စရပ်များအားအကြံပေးဆွေးနွေးပေးခြင်း၊

📝နို့တစ်စာ( Notice) ပေးပို့ခြင်း၊

📌သတင်းစာကြော်ငြာအမျိုးမျိုးကြေညာပေးခြင်း၊
စသည့်ဥပဒေကိစ္စရပ်များနှင့် စာချုပ်စာတမ်းဆိုင်ရာကိစ္စရပ်များကို ဝါရင့်တရားလွှတ်တော်ရှေ့နေများ မှဥပဒေနှင့်အညီဝန်ဆောင်မှုပေးလျက်ရှိပါသည်။

📌လူကြီးတို့အနေဖြင့်လိုအပ်ပါက LexPro Services
သို့ယုံကြည်စိတ်ချစွာဖြင့်ဆက်သွယ်ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါသည်။

Hotline ph 📞09799035027


#ဥပဒေဆွေးနွေးမှုများ

#ဥပဒေအကြံပေး

14/09/2026

ဩရသ သားသမီး...

မိဘအမွေဆက်ခံထိုက်သော သားသမီးနဲ့ မဆက်ခံထိုက်သောသားသမီးများအကြောင်းကို ရေးသားပြီးဖြစ်ပါတယ်။ မိဘအမွေဆက်ခံထိုက်တဲ့ သားသမီးများအထဲကမှ ဩရသသားသမီး ဖြစ်ရန်လိုအပ်ချက်နဲ့ အခွင့်အရေးတွေကိုဖော်ပြပါမယ်။

(၁) ဩရသ -ရင်၌ဖြစ်သောသား
ဩရသ ဖြစ်ရန် လိုအပ်တဲ့အချက်တွေကတော့

-တရားဝင် သား (သို့) သမီးဖြစ်ရပါမယ်။
-သားရင်း၊သမီးရင်းဖြစ်ရပါမယ်။
-သားဖြစ်လျှင် အဖမကွယ်လွန်မီ၊သမီးဖြစ်လျှင် အမိမကွယ်လွန်မီ အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ (၂-ရန်ကုန် ၂၉၂) ထွန်းမြိုင်နှင့် ဘထွန်းစီရင်ထုံး၊(၇-ရန်ကုန်၅၆၉) မအေးရင်နှင့် မမိမိစီရင်ထုံး တို့တွင်ဖော်ပြထားသော်လည်း (၈-ရန်ကုန် ၃၉၆) မောင်ကြင်နှင့် မကြာခိုင် စီရင်ထုံးတွင်မူမိဘနှစ်ပါး အသက် ရှိစဉ်အရွယ်ရောက်ရန်မလိုလို့ အတိအကျဆိုထားပါတယ်။

-သားသမီးများထဲမှာ အကြီးဆုံးဖြစ်ရပါမယ်။
သားဖြစ်ရင် ဖခင်၊သမီးဖြစ်ရင် မိခင်တို့ရဲ့ ၀တ္တရားတွေကိုကူညီစောင့်ရှောက်နိုင်စွမ်းရှိရပါမယ်။

-ရူးသွပ်သူ၊စိတ်ပေါ့သွပ်သူ၊ချိနဲ့သူမဖြစ်ရပါဘူး
-သားဖြစ်ရင် ဖခင်ရဲ့ ပစ္စည်းရှာဖွေရေး၊သမီးဖြစ်ရင် မိခင်ရဲ့ အိမ်ထောင်ထိန်းသိမ်းရေး ၀တ္တရားများကို ကူညီလုပ်ကိုင်ဆောင်ရွက်ရပါမယ်။

-သားဦးသမီးဦးဖြစ်ရမယ်ဆိုပေမဲ့ အရွယ်မရောက်မီသေဆုံးသွားတဲ့သားသမီးတွေအစားဒုတိယသားသမီးက ဩရသဖြစ်နိုင်ပါတယ်။

-သားသမီးထဲမှ တစ်ဦးဦးက ဩရသအဖြစ်ရောက်ပြီးသေဆုံးသွားရင် ကျန်သားသမီးက ဩရသမဖြစ်နိုင်တော့ပါ။

အခွင့်အရေး
-သားဖြစ်ရင် ဖခင်၊သမီးဖြစ်ရင် မိခင် သေဆုံးတဲ့အခါ မိဘရဲ့ အမွေ ပစ္စည်းတွေထဲက လေးပုံ တစ်ပုံတောင်းဆိုခွင့်ရှိပါတယ်။

-ဩရသ သားဟာ မိခင်ကွယ်လွန်ရင် ဖခင်ထံက ဝေစုတောင်းခွင့်မရှိ

-ဩရသ သမီးဟာ ဖခင်ကွယ်လွန်ရင် မိခင်ထံက ဝေစုတောင်းခွင့်မရှိ

-မိဘနှစ်ဦးအနက် တစ်ဦးဦးသေဆုံးပြီးနောက် ကျန်မိဘတစ်ဦးက နောက်အိမ်ထောင်ပြုချိန်တွင် ဩရသသား (သို့) သမီးက အမွေ လေးပုံတစ်ပုံတောင်းခွင့်ရှိပါတယ်။ (မသိန်းနှင့် မမြစီရင်ထုံး ၇ ရန်ကုန် ၁၉၃)၊ မောင်ကြင်နှင့် မကြာခိုင် (၈ ရန်ကုန် ၃၉၆)

- ဩရသဟာ ဝေစုမတောင်းမီ သေဆုံးခဲ့ရင်
သူ့ရဲ့သားသမီးတွေက အခွင့်အရေးကိုဆက်ခံခွင့်၊တောင်းဆိုခွင့်ရှိပါတယ်။ (မအေးမြနှင့်ဦးဖေထေး ၃ရန်ကုန် ၂၈၁) ၊ (မောင်နိုးနှင့် မောင်ဘိုးသိန်း ၁ရန်ကုန် ၃၆၃ )

အမွေတောင်းဆိုနိုင်သောကာလစည်းကမ်းသတ်အချိန်ဩရသဟာ မိဘတစ်ဦးဦးသေဆုံးချိန်မှ (၁၂)နှစ်အတွင်း ရသင့်ရထိုက်တဲ့ဝေစုကိုတောင်းခံခွင့်ရှိပါတယ်။

ကိုးကား- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
Crd.

🎗ပြစ်မှု/တရားမမှုများ တင်သွင်းရာတွင် ဖြည့်စွက်ပေးရမည့်ကနဦးအချက်အလက်  #ဥပဒေ  #ရှေ့နေ #အမိန့်  #ညွှန်ကြားချက်
14/09/2026

🎗ပြစ်မှု/တရားမမှုများ တင်သွင်းရာတွင် ဖြည့်စွက်ပေး
ရမည့်ကနဦးအချက်အလက်
#ဥပဒေ #ရှေ့နေ
#အမိန့် #ညွှန်ကြားချက်

💢အထက်တန်းရှေ့နေဆရာ/ဆရာမများ တစ်နှစ်တစ်ကြိမ် မိမိတို့၏ လိုင်စင်အား အချိန်မီသက်တမ်းတိုးနိုင်ကြရန်အသိပေးအပ်အ​ကြောင်းကြားအပ်...
08/09/2026

💢အထက်တန်းရှေ့နေဆရာ/ဆရာမများ တစ်နှစ်တစ်ကြိမ် မိမိတို့၏ လိုင်စင်အား အချိန်မီသက်တမ်းတိုးနိုင်ကြရန်
အသိပေးအပ်အ​ကြောင်းကြားအပ်ပါသည် 💢

#အထက်တန်းရှေ့နေများအနေဖြင့် နှစ်စဉ်ဆောင်ရွက်ရမည့် လိုင်စင်သက်တမ်းတိုးခြင်းအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါတယ်ရှင်။

💢 လိုင်စင်သက်တမ်းတိုးခြင်း

ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေ #ပုဒ်မ၁၈ အရ အထက်တန်းရှေ့နေများသည် တစ်နှစ်တစ်ကြိမ်
လိုင်စင်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သက်တမ်းတိုးဆောင်ရွက်ရာတွင် နှစ်စဉ်
အောက်တိုဘာလ (၁) ရက်နေ့ကို နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် မိမိတို့၏ လိုင်စင်သက်တမ်းတိုးခြင်းကို အချိန်မီဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါသည်ရှင့်။ 🤍

💢လိုင်စင်သက်တမ်းတိုးခြင်းနှင့် Enroll
လုပ်ဆောင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ

1️⃣ လိုင်စင်မိတ္တူ — (၂) စောင်
2️⃣ လျှောက်လွှာများတွင် ကပ်ရမည့် [(၁၀၀) တန် တံဆိပ်ခေါင်း (၂) ခု]
3️⃣ မှတ်ပုံတင်မိတ္တူ — (၁) စောင်
4️⃣ လိုင်စင်မူရင်း
5️⃣ လိုင်စင်မူရင်းတွင် ကပ်ရမည့် [(၃၀၀) တန် အထူးကပ်တံဆိပ်ခေါင်း(၁) ခု]

📌 အရေးကြီး အသိပေးချက်

လိုင်စင်သက်တမ်းတိုးခြင်းနှင့် Enroll သွင်းခြင်း / ထုတ်ယူခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်စားဆောင်ရွက်ခြင်းခွင့်မပြုထားပါ။

ထို့ကြောင့် လိုအပ်သော စာရွက်စာတမ်းများကို
မိမိကိုယ်တိုင် ပြည့်စုံစွာ ကြိုတင်ပြင်ဆင်ထားပြီး
သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များကိုဆောင်ရွက်
နိုင်ရန် အသိပေးအပ်ပါသည်

#အင်းစိန်ခရိုင်တရားရုံး
#မင်္ဂလာဒုံခရိုင်တရားရုံး
#မရမ်းကုန်းခရိုင်တရားရုံး
#သင်္ဃန်းကျွန်းခရိုင်တရားရုံး
#ခရိုင်တရားရုံးများ

🎗ရန်ကင်းစာချုပ်စာတမ်းမှတ်ပုံတင်ရုံး --------------------------------7.9.2026ရက်နေ့ မှစ၍ မှတ်ပုံတင် စာချုပ်စာတမ်းရုံးတွင်...
04/09/2026

🎗ရန်ကင်းစာချုပ်စာတမ်းမှတ်ပုံတင်ရုံး
--------------------------------
7.9.2026ရက်နေ့ မှစ၍ မှတ်ပုံတင် စာချုပ်စာတမ်းရုံးတွင် သက်ဆိုင်သူများ သာ ဝင်ခွင့်ပြုမှာပါ။မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်းများကိုလဲ ပြည့်စုံစွာ တင်ပြနိုင်မှသာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုပေးမှာဖြစ်ပါတယ်

🎗၄၆ လမ်း စည်ပင်ရုံး
-----------------
မြေယာကိစ္စများဆောင်ရွက်ရန်အတွက်ယနေ့ ၃.၉.၂၀၂၆ ရက်နေ့မှစ၍လျှောက်ထားသူကာယကံရှင်မှအပ မည်သူမှ ရုံးအတွင်းသို့ ဝင်ခွင့်မရှိပါ

ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရုပ်သိမ်းခြင်းပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်အမှတ် (၂၅၄/၂ဝ၂၆) ၁၃၈၈ ခုနှစ်၊ နယုန်လပြည့...
25/08/2026

ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရုပ်သိမ်းခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်အမှတ် (၂၅၄/၂ဝ၂၆) ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် (၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်အမှတ် (၂၅၅/၂၀၂၆) ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်

အမိန့် (၂၅၄/၂၀၂၆) နဲ့ (၂၅၅/၂၀၂၆) ကိုကြည့်ရင် ခရစ်ယာန်ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရုပ်သိမ်းတဲ့အမှု ၂ ခုရဲ့ အကြောင်းရင်းနဲ့ ဥပဒေရေးရာအကျိုးဆက် ကို အတော်လေးရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
အဓိကဥပဒေရေးရာအချက်
၁။ ပုဒ်မ ၆ လိုင်စင်
ခရစ်ယာန်ဘာသာဝင်အချင်းချင်း၊ သို့မဟုတ် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အခြားဘာသာဝင်တစ်ဦးတို့၏ ထိမ်းမြားမှုကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် လိုင်စင်ဖြစ်ပါတယ်။
၂။ ပုဒ်မ ၉ လိုင်စင်
နိုင်ငံရင်းသား ခရစ်ယာန်ဘာသာဝင်အချင်းချင်း ထိမ်းမြားပေးနိုင်ရန် လိုင်စင်ဖြစ်ပါတယ်။
အမိန့် (၂၅၄/၂၀၂၆) မှာ ဘာကြောင့် ရုပ်သိမ်းတာလဲ
ဒေါက်တာ ဇော်တောင် (ခ) ခေါင်လွမ်းက—
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားနှင့်
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီး
တို့ကို ခရစ်ယာန်ယုံကြည်သူများဖြစ်ကြောင်း သင်းအုပ်ဆရာ၏ ထောက်ခံချက်ဖြင့် ခရစ်ယာန်ထိမ်းမြားမှု ပြုလုပ်ပေးခဲ့ပါတယ်။
အထူးသဖြင့် အမျိုးသမီးဘက်က ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေအရ တရားဝင်ဘာသာကူးပြောင်းထားခြင်းမရှိဘဲ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကိုးကွယ်ကြောင်း ဝန်ခံချက်ကို အခြေခံပြီး ထိမ်းမြားပေးခဲ့တာကို ပြဿနာအဖြစ် ယူထားပါတယ်။
ဒါကြောင့် လိုင်စင်ရရှိထားသူက မိမိလိုင်စင်အောက်မှာ ခွင့်ပြုထားတဲ့ ဘောင်ထက်ကျော်လွန်ပြီး ထိမ်းမြားမှုဆောင်ရွက်ခဲ့တယ် ဆိုတဲ့သဘောနဲ့ လိုင်စင်ကို ရုပ်သိမ်းထားတာဖြစ်ပါတယ်။
အမိန့် (၂၅၅/၂၀၂၆) က ပိုပြီး ထင်ရှားတဲ့အချက်
ဦးဂျိုးဇက် (ခ) ဦးဇော်လင်းက—
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားများ၏ ထိမ်းမြားမှုများကို ပြုလုပ်ပေးခဲ့ကြောင်း
ဖြေရှင်းချက်အရ ပေါ်ပေါက်ခဲ့ပါတယ်။
အမိန့်မှာ အဆိုပါအမျိုးသမီးများ၏ ထိမ်းမြားမှုကို မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ သက်ဆိုင်ရာ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများကသာ ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စ လို့ သဘောထားထားပါတယ်။
ဒါကြောင့် ခရစ်ယာန်ထိမ်းမြားပေးခွင့်လိုင်စင်ရှိတာနဲ့ အခြားဥပဒေအရ သီးခြားတာဝန်ပေးထားတဲ့ ထိမ်းမြားမှုကိုပါ ဆောင်ရွက်ခွင့်ရှိတယ်လို့ မယူဆနိုင်ဘူး ဆိုတဲ့ အရေးကြီးတဲ့ဥပဒေသဘောတရား ထွက်လာပါတယ်။
အရေးကြီးဆုံး Legal Principle
ဒီအမိန့် ၂ ခုကနေ အောက်ပါသဘောတရားကို အထူးသတိပြုနိုင်ပါတယ်—
“ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရှိခြင်း” ≠ “မည်သည့်ဘာသာဝင်များကိုမဆို မည်သည့်ဥပဒေအောက်တွင်မဆို ထိမ်းမြားပေးနိုင်ခြင်း”
လိုင်စင်မှာ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်အမျိုးအစား၊ ဘာသာရေးအခြေအနေ၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း တို့ကို လိုက်နာရပါမယ်။
ထို့အပြင် သင်းအုပ်ဆရာက “ဒီလူက ခရစ်ယာန်ဖြစ်ပါတယ်” လို့ ထောက်ခံပေးခြင်းတစ်ခုတည်းနဲ့ ဥပဒေအရ ဘာသာကူးပြောင်းမှုကို အစားထိုးလို့မရဘူး ဆိုတဲ့အချက်လည်း အမိန့် (၂၅၄/၂၀၂၆) မှာ အလွန်အရေးကြီးပါတယ်။
အမှုတွေကို ဆက်စပ်ကြည့်မယ်ဆိုရင်
အမိန့် (၂၅၄) က ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေလိုအပ်ချက်ကို မလိုက်နာဘဲ ခရစ်ယာန်ထိမ်းမြားမှု ပြုလုပ်ပေးခြင်း ကို အဓိကထားပြီး၊
အမိန့် (၂၅၅) က ခရစ်ယာန်ထိမ်းမြားပေးခွင့်လိုင်စင်ရှိသူက အခြားသီးခြားဥပဒေအရ သတ်မှတ်ထားသော ထိမ်းမြားမှုကို ဆောင်ရွက်ပေးခြင်း ကို အဓိကထားပါတယ်။
နှစ်ခုစလုံးရဲ့ နောက်ဆုံးအကျိုးဆက်ကတော့ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၆ နှင့် ၉ အရ ရရှိထားတဲ့ လိုင်စင်များကို ရုပ်သိမ်းခြင်း ဖြစ်ပါတယ်။

16/08/2026

📝50ည ပါဖူးပြီး အမှုပ/လှပ်ခံရသူများ ခရီးသွားရာသီတွင် ပြင်ဆင်လို့ရအောင် 🥰

📝*၁။ တရားရုံး ဝရမ်းရုပ်သိမ်းမိတ္တူ ရယူရန် အဆင့်များ**

* **တရားလွှတ်တော်ရှေ့နေ/အထက်တန်းရှေ့နေ ငှားရမ်းခြင်း:** မူလ တရားစွဲဆိုခဲ့သည့် သက်ဆိုင်ရာ မြို့နယ်/ခရိုင် တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်ရန် ရှေ့နေတစ်ဦးအား ပါဝါ (Power) ပေးအပ်ရပါမည်။ (အဖမ်းမခံရသေးသူ ကိုယ်တိုင် ရုံးရှေ့သို့ သွားရောက်ရန် မလိုပါ)။
* **အမှုတွဲ လျှောက်ထားကြည့်ရှုခြင်း:** ရှေ့နေမှတစ်ဆင့် မူလစွဲဆိုထားသော အမှုတွဲကို တရားရုံးတွင် လျှောက်ထားကြည့်ရှုပြီး အစိုးရ၏ အမိန့်အရ အမှုရုပ်သိမ်း/ပိတ်သိမ်းကြောင်း မိန့်ခွန်းနှင့် ဝရမ်းရုပ်သိမ်းအမိန့် (Warrant Recall Order) ပါမပါ စစ်ဆေးရပါမည်။
* **အမိန့်စာ မိတ္တူ ကူးယူခြင်း (Certified Copy):** အမှု ပိတ်သိမ်းကြောင်း သို့မဟုတ် ဝရမ်းရုပ်သိမ်းကြောင်း တရားရုံး အမိန့်စာ မိတ္တူမှန်ကို တရားရုံးရုံးအဖွဲ့ထံမှ တရားဝင် ကူးယူရပါမည်။

📝၂။ PSMS စနစ်တွင် နာမည် ကျန်/မကျန် သိရှိနိုင်မည့် နည်းလမ်းများ**
50ည ပါဖူးပြီး အမှုပ/လှပ်ခံရသူများ ခရီးသွားရာသီတွင် ပြင်ဆင်လို့ရအောင် 🥰

📝၁။ တရားရုံး ဝရမ်းရုပ်သိမ်းမိတ္တူ ရယူရန် အဆင့်များ**

* **တရားလွှတ်တော်ရှေ့နေ/အထက်တန်းရှေ့နေ ငှားရမ်းခြင်း:** မူလ တရားစွဲဆိုခဲ့သည့် သက်ဆိုင်ရာ မြို့နယ်/ခရိုင် တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်ရန် ရှေ့နေတစ်ဦးအား ပါဝါ (Power) ပေးအပ်ရပါမည်။ (အဖမ်းမခံရသေးသူ ကိုယ်တိုင် ရုံးရှေ့သို့ သွားရောက်ရန် မလိုပါ)။
* **အမှုတွဲ လျှောက်ထားကြည့်ရှုခြင်း:** ရှေ့နေမှတစ်ဆင့် မူလစွဲဆိုထားသော အမှုတွဲကို တရားရုံးတွင် လျှောက်ထားကြည့်ရှုပြီး အစိုးရ၏ အမိန့်အရ အမှုရုပ်သိမ်း/ပိတ်သိမ်းကြောင်း မိန့်ခွန်းနှင့် ဝရမ်းရုပ်သိမ်းအမိန့် (Warrant Recall Order) ပါမပါ စစ်ဆေးရပါမည်။
* **အမိန့်စာ မိတ္တူ ကူးယူခြင်း (Certified Copy):** အမှု ပိတ်သိမ်းကြောင်း သို့မဟုတ် ဝရမ်းရုပ်သိမ်းကြောင်း တရားရုံး အမိန့်စာ မိတ္တူမှန်ကို တရားရုံးရုံးအဖွဲ့ထံမှ တရားဝင် ကူးယူရပါမည်။

📝၂။ PSMS စနစ်တွင် နာမည် ကျန်/မကျန် သိရှိနိုင်မည့် နည်းလမ်းများ**

PSMS စနစ်သည် ရဲတပ်ဖွဲ့နှင့် လဝက (လူဝင်မှုကြီးကြပ်ရေး) တို့၏ ပြည်တွင်း/ပြည်ပ စစ်ဆေးရေးဂိတ်များတွင် သုံးသည့် သီးသန့်စနစ်ဖြစ်သဖြင့် မိမိဘာသာ အွန်လိုင်းမှ ဝင်ရောက် စစ်ဆေး၍ မရနိုင်ပါ။ ထို့ကြောင့် အောက်ပါအတိုင်း တည်အတည်ပြုနိုင်ပါသည်။

* **ရဲစခန်း/မှုခင်းကွပ်ကဲရေးဌာနသို့ အကြောင်းကြားစာ စစ်ဆေးခြင်း:** တရားရုံးမှ အမှုရုပ်သိမ်းပြီးပါက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် ရဲတပ်ဖွဲ့ စနစ်ပိုင်းသို့ "ဝရမ်းရုပ်သိမ်းကြောင်း အကြောင်းကြားစာ" ထုတ်ပေးရပါသည်။ ရှေ့နေမှတစ်ဆင့် အဆိုပါ အကြောင်းကြားစာ စခန်းသို့ ရောက်ရှိပြီး စနစ်ထဲတွင် Update လုပ်ပြီး မလုပ် မေးမြန်းစုံစမ်းနိုင်ပါသည်။
* **နီးစပ်ရာ ရှေ့နေ သို့မဟုတ် လဝက/ရဲအသိုင်းအဝိုင်းမှတစ်ဆင့် စုံစမ်းခြင်း:** PSMS Database အတွင်း စာရင်းမှ ပယ်ဖျက်ပြီးခြင်း ရှိမရှိကို အမှုလိုက် ရှေ့နေ သို့မဟုတ် ရဲ/လဝက တာဝန်ရှိသူများထံ အချက်အလက် (အမည်၊ မှတ်ပုံတင်၊ အဖအမည်) ဖြင့် သီးသန့် စုံစမ်းမေးမြန်းနိုင်သည်။

လက်တွေ့တွင် တရားရုံးမှ အမှုရုပ်သိမ်းလိုက်သော်လည်း ရဲတပ်ဖွဲ့၏ PSMS Database ထဲသို့ သတင်းအချက်အလက် ပေးပို့ရန် ကြန့်ကြာနေတတ်သဖြင့် တရားရုံး မိတ္တူမှန် (Certified Copy) နှင့် ရဲစခန်းအကြောင်းကြားစာ အထောက်အထားကို သီးသန့် ကူယူသိမ်းဆည်းထားခြင်းက အလုံခြုံဆုံး ဖြစ်ပါသည်။
PSMS စနစ်သည် ရဲတပ်ဖွဲ့နှင့် လဝက (လူဝင်မှုကြီးကြပ်ရေး) တို့၏ ပြည်တွင်း/ပြည်ပ စစ်ဆေးရေးဂိတ်များတွင် သုံးသည့် သီးသန့်စနစ်ဖြစ်သဖြင့် မိမိဘာသာ အွန်လိုင်းမှ ဝင်ရောက် စစ်ဆေး၍ မရနိုင်ပါ။ ထို့ကြောင့် အောက်ပါအတိုင်း တည်အတည်ပြုနိုင်ပါသည်။

* **ရဲစခန်း/မှုခင်းကွပ်ကဲရေးဌာနသို့ အကြောင်းကြားစာ စစ်ဆေးခြင်း:** တရားရုံးမှ အမှုရုပ်သိမ်းပြီးပါက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် ရဲတပ်ဖွဲ့ စနစ်ပိုင်းသို့ "ဝရမ်းရုပ်သိမ်းကြောင်း အကြောင်းကြားစာ" ထုတ်ပေးရပါသည်။ ရှေ့နေမှတစ်ဆင့် အဆိုပါ အကြောင်းကြားစာ စခန်းသို့ ရောက်ရှိပြီး စနစ်ထဲတွင် Update လုပ်ပြီး မလုပ် မေးမြန်းစုံစမ်းနိုင်ပါသည်။
* **နီးစပ်ရာ ရှေ့နေ သို့မဟုတ် လဝက/ရဲအသိုင်းအဝိုင်းမှတစ်ဆင့် စုံစမ်းခြင်း:** PSMS Database အတွင်း စာရင်းမှ ပယ်ဖျက်ပြီးခြင်း ရှိမရှိကို အမှုလိုက် ရှေ့နေ သို့မဟုတ် ရဲ/လဝက တာဝန်ရှိသူများထံ အချက်အလက် (အမည်၊ မှတ်ပုံတင်၊ အဖအမည်) ဖြင့် သီးသန့် စုံစမ်းမေးမြန်းနိုင်သည်။

လက်တွေ့တွင် တရားရုံးမှ အမှုရုပ်သိမ်းလိုက်သော်လည်း ရဲတပ်ဖွဲ့၏ PSMS Database ထဲသို့ သတင်းအချက်အလက် ပေးပို့ရန် ကြန့်ကြာနေတတ်သဖြင့် တရားရုံး မိတ္တူမှန် (Certified Copy) နှင့် ရဲစခန်းအကြောင်းကြားစာ အထောက်အထားကို သီးသန့် ကူယူသိမ်းဆည်းထားခြင်းက အလုံခြုံဆုံး ဖြစ်ပါသည်။

31/07/2026

🎗အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ?

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါကတည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၄။ အဆောက်အအုံပြီးစီးကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိမည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာCreditပေးပါသည်

Credit to original uploader with respect

Online မှလုပ်ငန်းရှင်များမ​ပေါ့ဆသင့်​တော့ပါ
14/07/2026

Online မှလုပ်ငန်းရှင်များမ​ပေါ့ဆသင့်​တော့ပါ

14/07/2026

📚မိသားစု စီမံမှု📚

ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ တရားဝင် သေတမ်းစာရေးခွင့် မရှိတဲ့ နောက်မှာ မိသားစုရေးရာ အမွေပြဿနာတွေဟာ မောင်နှမသားချင်း၊ ဆွေမျိုးများနဲ့ မိဘနဲ့ သားသမီးကြားမှာပါ မွှေနှောက်တတ်တဲ့ အပူမီးတစ်ခုလို တောက်လောင်တတ်ပါတယ်။
ဒါ့ကြောင့် သင်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်မယ် သင်မရှိတော့တဲ့နောက် ကျန်ရစ်ခဲ့မယ့် မိသားစုဝင်တွေ အချင်းချင်း သင့်မြတ်အေးချမ်းစွာ အမွေကိုခွဲဝေရယူစေချင်တဲ့ ဆန္ဒရှိမယ် ဆိုရင် “မိသားစု စိမံမှု” ကို ဥပဒေနဲ့ အညီ လုပ်ဆောင်နိုင်ပါတယ်။

မိသားစု စီမံမှု ဆိုတာ အမွေရှင် (ပစ္စည်းရှင်) မကွယ်လွန်မီ သို့မဟုတ် ကွယ်လွန်ပြီးနောက် အမွေဆက်ခံခွင့်ရှိသူ မိသားစုဝင်အားလုံးက မိမိတို့၏ သဘောဆန္ဒအလျောက် အမွေပစ္စည်းများကို မည်သို့ခွဲဝေယူကြမည်ဟု တိုင်ပင်ညှိနှိုင်း၍ စာချုပ်စာတမ်း အနေနဲ့ ရေးသား အတည်ပြုထားတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။

မိသားစုစီမံမှု တစ်ခုကို ပြုလုပ်ကြမယ်ဆိုရင် အမွေဆိုင်အားလုံးရဲ့သဘောတူညီချက် ရရှိဖို့ကတော့ အထူးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အမွေဆိုင်တွေထဲက တစ်ယောက် ယောက် ကျန်ခဲ့ရင်လည်း စီမံမှု ကို လုပ်လို့မရပါဘူး။
သို့သော် လူမစုံပေမယ့် လာရောက်နိုင်ခြင်း မရှိတဲ့သူတွေက သဘောတူညီမှု ရှိတယ် ဆိုရင်တော့ လုပ်ဆောင်နိုင်ပါတယ်။
သဘောတူညီကြောင်းကိုတော့ စာနဲ့လက်မှတ်ရေးထိုးပေးပို့ရင်လည်း ရသလို ဖုန်းဖြင့် ပြည့်စုံစွာ ပြောမယ်ဆိုရင်လည်း အမွေဆိုင်ထဲက လက်ခံ နားထောင်သူကတရားရုံးကျမ်းကျိန်လွှာနှင့်ဖော်ပြပြီး မိသားစု စီမံမှုမှာ ပါဝင်ချုပ်ဆိုလို့ ရပါတယ်။
(သတိထားရမှာကတော့ ထိုစာချုပ်မှာ အမွေဆိုင်မဟုတ်သူ ပါဝင်ချုပ်ဆိုလို့ မရပါဘူး။ စာချုပ်စာတမ်းပြုလုပ်ချုပ်ဆိုကြတဲ့အခါမှာ တရားဝင် အမွေဆိုင် မဟုတ်သူ တစ်ဦးတစ်ယောက်က ပါဝင်ချုပ်ဆို အမွေခွဲဝေမှု ခံယူခြင်း ပြုလုပ်ခဲ့ရင် မိသားစုစီမံမှု (သဘောတူစာချုပ်) ဟာ ပျက်ပျယ်ပါတယ်။)

ဒါဆို ခိုင်မာမှုရော ရှိပါသလား??????
မိသားစုစီမံမှုဆိုတာ မိမိမိသားစု အချင်းချင်း ကျေနပ်သဘောတူကြ၍ မိသားစုတစ်စုအတွင်း ပြုလုပ်ကြသည့် စီမံမှု(ခွဲဝေမှု)သာဖြစ်ပါသည်။ သို့ပါ၍ ဥပဒေအရ ဥပဒေပညာရှင်များဖြင့် ခွဲဝေသည့်အမွေပုံ အချိုးကျရရှိခြင်းနှင့်တော့ တူညီမှာ မဟုတ်ပါဘူး။ မဖြစ်မနေ တူညီမှုရှိနေဖို့လည်း မလိုပါဘူး။ မိသားစုတစ်စုအတွင်း ကျေနပ်စွာ ခွဲဝေမှု ပြုလုပ်ပြီး ဖြစ်သည့်အတွက် "မိသားစုစီမံ"မှာ ခိုင်မာမှုအပြည့်အဝရှိပါတယ်။

စာချုပ် လုပ်ပြီးတာနဲ့ အမွေတန်းတောင်းလို့ ရပြီလား????

အမွေရှင်မသေမီတော့ တောင်းဆိုလို့ မရပါဘူး။ " မိသားစု စီမံမှု " တစ်ခုတွင် ပါရှိချက်များကို အမွေရှင်သေဆုံးပြီးမှသာ စီမံခန့်ခွဲကြရမှာ ဖြစ်ပါတယ်။ အမွေရှင် မသေမီ အချိန်မှာ အမွေဆိုင်ထဲက တစ်ဦးတစ်ယောက်ဖြစ်စေ တစ်ဦး တစ်ယောက် ထပ်ပိုပြီးဖြစ်စေ၎င်းတို့က မိမိရရှိမယ့် အမွေပုံကို ကြိုတင်တောင်းခံပိုင်ခွင့် မရှိပါဘူး။

အမွေရှင် သေဆုံးပြီးချိန်မှာ တစ်ယောက်ယောက်က ဒီစီမံမှုကို ပယ်ဖျက်ခွင့် ရှိလား?????
ဒီအချက်က အရေးကြီးပါတယ်။ အမွေဆိုင်အားလုံးသဘောတူညီထားပြီးလည်းဖြစ်၊ အမွေရှင်က ကျေနပ်ထားပြီးလည်း ဖြစ်တဲ့ " မိသားစုစီမံမှု" တစ်ခုကို အမွေရှင် ကွယ်လွန်ပြီးချိန်မှ ပယ်ဖျက်လိုပါသည်ဟု တင်ပြတောင်းဆိုခွင့်လုံးဝ မရှိတော့ ပါဘူး။
အမွေရှင်ကွယ်လွန်ပြီး မိသားစုစီမံမှုအရ အမွေဆိုင်များကို အမွေခွဲဝေပြီး ဖြစ်လျှင် ထိုခွဲဝေမှုကို မကျေနပ်ပါဟူ၍ ဖောက်ဖျက်လိုခြင်း၊ ငြင်းဆိုခြင်းစသည်တို့လည်း ပြုလုပ်ခွင့် မရှိတော့ပါ၊ ကိုယ့်မိသားစုတစ်စုထဲမှာ မိမိတို့ သဘောဖြင့် ပြုလုပ်ထားသော " မိသားစုစီမံမှု" တစ်ခုသာဖြစ်သော်လည်း တရားဥပဒေအရ အလွန်ခိုင်မာသော အစီအမံတစ်ခု ဖြစ်ပါတယ်။

ဒါ့ကြောင့် " မိသားစုစီမံမှု" အရ ခွဲဝေပြီးလျှင် မိသားစုအတွင်း အမွေမှု ပြသနာတွေ မဖြစ်တော့ တဲ့အတွက် မိမိမှာ ခွဲဝေပေးရမယ့် အမွေဆိုင်တွေ များတယ် ဆိုရင် ကြိုတင်ပြီး မိသားစုစီမံမှု စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ချုပ်ဆိုထားဖို့ သတိချပ်စေချင်ပါတယ်ခင်ဗျာ။

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when LexPro Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category